#ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား
#အပိုင်း ၁၅; အနာဂတ်
ကောင်းစွာအိပ်စက်ရတဲ့ညတစ်ညဖြစ်ခဲ့သည်။
အပြင်မှာ နေက မြင့်ပြီး တောက်ပနေပေမယ့် မုရှောင်ယက တင်းကျပ်စွာပိတ်ထားတဲ့ လသာဆောင်ပေါ်က ကုလားကာတွေကြောင့် နေရောင်ခြည်ကို မခံစားနိုင်ခဲ့ဘူး။ လက်ကိုင်ဖုန်းကိုဖွင့်လိုက်ချိန်မှာ 9.30 လောက်ရှိနေပြီဆိုတာ သိလိုက်ရတော့ ချက်ချင်းထအော်ပြီး ထထိုင်လိုက်သည်။
"ငါသေတော့မယ်၊ ငါသေတော့မယ်၊ ဘာလို့ ကိုးနာရီကျော်နေပြီလဲ။" မွန်းတည့်အထိက သူမအိမ်မှာ အိပ်တာက အရေးမကြီးပေမယ့် ပိုင်ချွမ်းရဲ့ အိမ်မှာ ရှိနေတာလေ။
မုရှောင်ယက ဝမ်းနည်းပူဆွေးရင်း ကုတင်ပေါ်မှထကာ မနေ့က သူမဝတ်ထားသည့် အဝတ်အစားများကို ရှာဖွေဖို့ ကြံစည်ကာ ခြေဗလာနဲ့ ရေချိုးခန်းကိုပြေးသွားခဲ့သည်။ ရလဒ်ကတော့ နေ့တစ်ဝက်လောက် လိုက်ရှာခဲ့တာတောင် ကြိုးတစ်ချောင်းတောင် မတွေ့ခဲ့ပေ။
ငါ့အဝတ်တွေကော။
"နိုးပြီလား။" ထိုအချိန်တွင် ပိုင်ချွမ်းက သန့်ရှင်းသပ်ရပ်တဲ့ အသွင်အပြင်နဲ့ ရေချိုးခန်းတံခါးဘက် ရုတ်တရက် ပေါ်လာပြီး အလွန်လန်းဆန်းနေပုံရသည်။
"ရှောင်ချွမ်း။ ကျွန်မအဝတ်အစားတွေ ဘယ်ရောက်နေလဲ သိလား။ " မုရှောင်ယက မေးလိုက်သည်။
“အိမ်အကူက လျှော်ဖို့ ယူသွားတယ်” ပိုင်ချွမ်းက ပြန်ပြောလိုက်ပြီး မုရှောင်ယရဲ့ ခြေဗလာကို သူ့မျက်လုံးတွေက စိုက်ကြည့်နေသည်။
"လျှော်လိုက်တာ။ ဒါဆို ကျွန်မကဘာဝတ်ရမှာလဲ။ " မုရှောင်ယမှာ ခါးသီးတဲ့ မျက်နှာရှိနေပြီး ပိုင်ချွမ်းရဲ့ တီရှပ်ကို ဝတ်ထားရုံနဲ့ ထွက်မသွားနိုင်ဘူးဆိုတာ သေချာသည်။
ပိုင်ချွမ်းက ဘာမှပြန်မပြောလာဘူး။ သူက မုရှောင်ယဆီ လျှောက်သွားကာ ရုတ်တရက် သူ့ခါးကို ကိုင်းလိုက်ပြီး အလျားလိုက် သယ်ဆောင်သွားသည်။
"အာ့။ ရှောင်ချွမ်း ရှင်ဘာလုပ်နေတာလဲ။" မုရှောင်ယက ထိတ်လန့်တကြားနဲ့ ပိုင်ချွမ်းရဲ့လည်ပင်းကို သိုင်းဖက်ပြီး နောက်ဆုံးတွင် သူမခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းနိုင်ခဲ့သည်။
ပိုင်ချွမ်းက မုရှောင်ယကို ချီထားရင်း အပြင်ထွက်သွားကာ အိပ်ခန်းထဲ ပြန်ဝင်လာခဲ့သည်။ သူက သူမကို လသာဆောင်ရဲ့ ကြိမ်ကုလားထိုင်ပေါ်တွင် ချလိုက်ပြီးနောက် တိတ်တဆိတ်လှည့်ကာ အိပ်ခန်းထဲထပ်ဝင်သွားခဲ့သည်။
“…” မုရှောင်ယက မမျှော်လင့်ထားသော အလှည့်အပြောင်းများအပြီးတွင် အနည်းငယ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သော်လည်း မကြာမီမှာပင် သူမရှေ့မှ မြင်ကွင်းက စွဲဆောင်သွားခဲ့သည်။
ပိုင်ချွမ်းရဲ့အခန်းက လသာဆောင်နဲ့ ချိတ်ဆက်ထားတာကို မုရှောင်ယ သိသော်လည်း သူမမျှော်လင့်ထားသည့်အရာမှာ ဒီနေရာကရှုခင်းက ဘယ်လိုတောင်လှပတာလဲ။ တစ်ချက်ကြည့်လိုက်ရုံနဲ့ လှပစွာဖန်တီးထားတဲ့ ပိုင် မိသားစုရဲ့ ပန်းဥယျာဉ်ကနေ အနီးနားက သစ်တောပန်းခြံအထိ၊ သူမရဲ့ မြင်ကွင်းက အဆုံးမရှိ စိမ်းလန်းစိုပြေတဲ့ သစ်ပင်တွေနဲ့ ပြည့်နှက်နေပြီး ဟိုးအဝေးက မြစ်ကျယ်ကြီးအထိ မြင်နေရသည်။ ရံဖန်ရံခါတွင် သင်္ဘောတွေက တောက်ပသောရေကန်ကို ဖြတ်သွားလေ့ရှိသော်လည်း အဝေးမှ ဆူညံသံများကို မကြားရဘဲ စီးဆင်းနေပြီး ငြိမ်သက်နေသော ရှုခင်းပန်းချီကားတစ်ချပ်လိုပင်။
အခုချိန်မှာ ဒီယွင့်ချန် ရဲ့ အလွန်စျေးကြီးတဲ့ မြေကြီးက ရှားပါးတဲ့ ဇိမ်ခံနေရာတစ်ခုဖြစ်နေပြီဖြစ်သည်။ (ယွင့်ချန် = မြို့အမည်)
“ဒါကိုဝတ်လိုက်”
မုရှောင်ယက သူမရဲ့ မျောပါနေတာကသတိပြန်ဝင်လာချိန် ပိုင်ချွမ်းက ဖိနပ်တစ်ရံကို ကိုင်ကာ ခါးကိုကိုင်းပြီး သူမရှေ့တွင် ထိုင်ချလိုက်တာကို တွေ့လိုက်ရသည်။
"ရှင်က ကျွန်မအတွက် ဖိနပ်တစ်ရံသွားယူတာလား။" မုရှောင်ယ အနည်းငယ် အံ့သြသွားသည်။
"ဒါကို ဝတ်လိုက်၊ အအေးမိနိုင်တယ်" ပိုင်ချွမ်းက မုရှောင်ယ ဖိနပ်ဝတ်ဖို့ ကူညီခဲ့ပြီး "အဝတ်အစားတွေ ယူပေးမယ်" လို့ ပြောကာထွက်သွားခဲ့သည်။ ဒီလိုပြောပြီးနောက် ပိုင်ချွမ်းက လှည့်ပြီးဝရံတာကနေ ထွက်သွားသည်။
မုရှောင်ယက ထုတ်ပြောဖို့ အခွင့်အလမ်းကို ရှာမတွေ့တာကြောင့် ပိုင်ချွမ်းရဲ့ နွေးထွေးမှု ရှိနေသေးတဲ့ ဖိနပ်တစ်ရံကို ၀တ်ထားပြီး သူမ ခြေထောက်များကို မှင်တက်စွာ စိုက်ကြည့်နေသည်။
ပိုင်ချွမ်းရဲ့ လှုပ်ရှားမှုတွေက အနည်းငယ် အဆင်မပြေကာ သူ့စကားကလည်း အလွန် လိုက်လျောညီထွေ မရှိသော်လည်း မုရှောင်ယက သူ့ရည်ရွယ်ချက်ကို အမှန်တကယ် ခံစားနိုင်သည်။
ငါ... ပိုင်ချွမ်းက ဂရုစိုက်ခဲ့တာလား။
“ရှရက်…” စာအုပ်ပေါ်ရှိ စာမျက်နှာများကို မှုတ်ထုတ်လိုက်သော လေသံက သူမကို နိုးကြားစေခဲ့သည်။ မုရှောင်ယက သူမခေါင်းကို မော့လိုက်ပြီး လသာဆောင်ရဲ့ ပြတင်းပေါက်မှာ ပြုံးနေတဲ့ သူ့ကိုယ်ပိုင် အရိပ်အယောင်ကို မြင်လိုက်ရသည်။
"အဝတ်အစားတွေ " ပိုင်ချွမ်းက သူမအဝတ်အစားတွေနဲ့ ပြန်လာခဲ့သည်။
မုရှောင်ယက မတ်တပ်ထရပ်ပြီး ပိုင်ချွမ်းရဲ့လက်ထဲက အဝတ်တွေကို ယူလိုက်သည်။ သူမအဝတ်အစားတွေကို လျှော်ဖွပ်ထားပြီး ပိုင်ချွမ်း ခန္ဓာကိုယ်ပေါ်က ရနံ့လိုပဲ လာဗင်ဒါရနံ့ သင်းပျံ့နေသည်။
"အဝတ်အစားလဲလိုက်မယ်" မုရှောင်ယက ပြုံးလိုက်ပြီး ဒီနေ့ ရာသီဥတုက အထူးကောင်းမွန်တယ်လို့ ခံစားရသည်။
အဝတ်အစားလဲပြီးတာနဲ့ သူတို့ဆင်းသွားတော့ ၉ နာရီ ၅၀ ရှိနေပြီ။
ဒီနေ့က တနင်္ဂနွေပိတ်ရက်ဖြစ်ပြီး ပိုင်မိသားစုရဲ့ဝင်တစ်ယောက်မှ အိမ်ကမထွက်သွားဘူး။ အစတုန်းက ပိုင်ကျန့်အနေနဲ့ စီးပွားရေးကိစ္စအတွက် သွားရမှာဖြစ်ပေမယ့် အဲဒီနေ့မှာပဲ မုမိသားစုနဲ့ အတူ ထမင်းစားမှာကြောင့် သူ့အမေက သူ့အဖေကို သူတို့ရဲ့ အစီအစဉ်ကို ဖျက်ခိုင်းတဲ့အတွက် သူ့အစီအစဉ်ကို ဖျက်လိုက်သည်။ ညစာအတွက် ချိန်းသည်မှာ စနေနေ့ဖြစ်ပြီး သူက သူ့အချိန်ဇယားနဲ့ မကိုက်ညီကြောင်းကို နောက်ပိုင်းတွင် သိရှိခဲ့ရသော်လည်း ယခုအချိန်တွင် သူ့အချိန်ဇယားကို ပြန်ပြောင်းဖို့ အလွန်ပျင်းရိနေသည်။
“မောနင်း ” မုရှောင်ယ အောက်ထပ်တစ်ဝက်ရောက်မှ ပိုင် မိသားစုအားလုံး ဧည့်ခန်းထဲမှာ သပ်သပ်ရပ်ရပ်စုဝေးနေတာကို သူမတွေ့လိုက်ရပြီး သူမရဲ့မျက်နှာက ရှက်ရွံ့စွာနီမြန်းသွားခဲ့သည်။ ဆယ်နာရီထိုးခါနီးပြီဖြစ်သော်လည်း သူမက မောနင်းလို့ ပြောရဲသေးသည်။
“မောနင်း”
“မောနင်း”
“မောနင်း”
သို့သော်လည်း ပိုင် မိသားစုဝင် သုံးဦးစလုံးက သူမကို မျက်နှာပေးကာ မုရှောင်ယရဲ့ နှုတ်ခွန်းဆက်မှုကို တစ်ယောက်ပြီးတစ်ယောက် ပြန်ပေးခဲ့ကြသည်။
“…” အဲ့ဒါက ကမောက်ကမဖြစ်စေပြီး မုရှောင်ယရဲ့ မျက်နှာက ပိုနီလာကာ “တောင်းပန်ပါတယ် သမီး… သမီးအိပ်ယာထနောက်ကျသွားတယ်”
"အဲ့ဒါရပါတယ် အိပ်ရာထနောက်ကျတာ ကောင်းပါတယ် သမီးဒီမှာနေဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ ပြနေတာပဲ" လီရုံက နူးညံ့စွာရယ်ပြီး ပြောလာသည်။ "မနက်စာစားဖို့ မီးဖိုချောင်ကိုသွားလိုက် သမီး ရှောင်ချွမ်းနဲ့ သွားစားလို့ရတယ်"
"ရှင် မနက်စာ မစားရသေးဘူးလား။ " မုရှောင်ယ လန့်သွားပြီး ပိုင်ချွမ်းကို ကြည့်လိုက်တယ်။ ပိုင်ချွမ်းက သူမထက်စောပြီး နိုးနေတာကြောင့် မနက်စာစားပြီးပြီလို့ သူမထင်ခဲ့တာ။
" အတူတူစားရအောင် မင်းကိုစောင့်နေတာ" ပိုင်ချွမ်းက ပြန်ဖြေလာတယ်။
“မြန်မြန် မြန်မြန်စားကြ” လီရုံက အရမ်းပျော်သွားသည်။ သူမသားက မုရှောင်ယနဲ့ အတူစားဖို့ စောင့်ဆိုင်းနေရုံမျှမကဘဲ မနက်စာစားဖို့ တွေးနိုင်လောက်အောင်ထိဖြစ်နေပြီဖြစ်သည်။ ပြတင်းပေါက်ကိုဖွင့်လိုက်တာနဲ့ သူမသားက ထမင်းစားပွဲပေါ်မှာ မနက်စာခင်းထားပြီးသားကို မြင်နိုင်သည်။
ပိုင်ကျန့်က စိတ်လှုပ်ရှားနေတဲ့ မိခင်ကို ကြည့်လိုက်ပြီးနောက် သူ့ညီရဲ့ နီမြန်းနေတဲ့ မျက်နှာကို ကြည့်လိုက်သည်။ သူက ခေါင်းကို တိတ်တိတ်လေးလှဉ့်လိုက်ပြီး သတင်းစာဖတ်ဆက်ဖန်ဖို့ ခေါင်းငုံ့ထားလိုက်သည်။
"ဒါဆို.... မနက်စာ သွားစားရအောင်" ထိုစကားကိုပြောပြီးနောက်မှာ မုရှောင်ယနဲ့ ပိုင်ချွမ်းက ထမင်းစားခန်း အနီးအနားတွင် စောင့်နေသော ဦးလေးလီ နောက်လိုက်သွားခဲ့သည်။
"သူတို့ကိုကြည့်လိုက်" ပိုင်ကောယွိလည်း မြင်နိုင်တာကြောင့် လီရုံ ပြောဖို့ မလိုဘူး၊ တစ်ညလုံး စိုးရိမ်နေတဲ့ သူတို့ရဲ့ နှလုံးသားတွေက နောက်ဆုံးမှာတော့ တည်ငြိမ်သွားနိုင်ပြီ။ ပိုင်ချွမ်းရဲ့ ပြန်လည်ကောင်းမွန်လာမှုက အခြားသော အထီးကျန်ဝေဒနာရှင်များထက် များစွာသာလွန်ကောင်းမွန်ပြီး ၎င်း၏ စိတ်ကြွဝေဒနာ ဖောက်ထွက်နိုင်ခြေလည်း နည်းပါးသည်။ ဒါပေမယ့် ဘာလို့မှန်းမသိပေမယ့် ပိုင်ချွမ်းမှာ လမ်းခွဲမှုကနည်းပါးပေမယ့် လမ်းခွဲပြီးတိုင်း အချိန်အကြာကြီး သူစိတ်ဓာတ်ကျနေလိမ့်မည်။
အရေးပေါ်ခန်းရှေ့မှာ တိတ်တဆိတ်ရပ်နေတာက မနေ့ကလိုပါပဲ၊ သူဒီလိုဖြစ်တာ ပုံမှန်ပါပဲ။ ဒါပေမယ့် ပိုင်ချွမ်းက အခုစိတ်ဓာတ်မကျရုံတင်မကဘူး အဲ့ဒီအစား အရမ်းကောင်းသည်။
“ဒီတစ်ခါတော့ စိတ်သက်သာရာ ရသွားပြီ” လီရုံက သက်ပြင်းချလိုက်သည်။
ပိုင်ကျန့်က သူ့မိဘတွေလို အေးချမ်းတဲ့ ခံစားချက်ကို မဝေမျှဘဲ မျက်မှောင်ကြုတ်လိုက်သည်။ ပိုင်ချွမ်းဆီ မုရှောင်ယရဲ့ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုကို သူငြင်းဆိုခဲ့တာမဟုတ်ပေမယ့် ဒီအကျိုးသက်ရောက်မှုက အထူးဆေးတစ်မျိုးဖြစ်ပြီး ထူးခြားပြီး အစားထိုးလို့မရတဲ့ ဆေးအမျိုးအစားဖြစ်သည်။ သူကိုယ်တိုင် အိမ်ထောင်ရေးအဆင်မပြေတာကြောင့် ပိုင်ကျန့်က ခွဲမရနိုင်သော ဆက်ဆံရေးမှလွဲ၍ အခြားမည်သည့်ဆက်ဆံရေးရှိတာကို ယုံကြည်ဖို့ အမြဲတွန့်ဆုတ်နေခဲ့သည်။ ပိုင်ချွမ်းက မုရှောင်ယကို ပိုအားကိုးလေလေ ပိုင်ကျန့်က သူ့ကို ပိုစိုးရိမ်လေလေပဲ။ မုရှောင်ယသာ သူ့ကို တစ်နေ့မှာ ထားသွားခဲ့ရင် ပိုင်ချွမ်းရဲ့ ထိုးနှက်ခံရမှုက ပိုကြီးလာလိမ့်မည်။
ပိုင်ကျန့်က အဆိုးမြင်သူ မဟုတ်ဘူး ဒါပေမယ့် လူ့သဘောသဘာဝကို နားလည်လွန်းသည်။ အခုချိန်တွင် မုရှောင်ယက တက္ကသိုလ်မှ ဘွဲ့ရထားသူတစ်ဦးဖြစ်ပြီး သူမကမ္ဘာက ရိုးရိုးရှင်းရှင်းနှင့် ကြင်နာနေသေးသောကြောင့် ပိုင်ချွမ်းအတွက် ထိုကြင်နာမှုနဲ့ ကရုဏာဖြင့် သူမရှိနေနိုင်သော်လည်း နောက်ကျဘယ်လိုဖြစ်မှာလဲ။ ပိုင်ချွမ်းက သူမကို အကြိမ်အနည်းငယ် ကြောက်ရွံ့သွားစေမိတဲ့အထိစောင့်လိုက်၊ ပိုင်ချွမ်းက သူ့စကားတွေ မတည်နိုင်တာကိုစောင့်လိုက်၊ သူ့အပေါ် အဆုံးမဲ့ အားကိုးတကြီး တွန်းချလာတဲ့အချိန်ထိ စောင့်လိုက်၊ သူမ ပိုကောင်းတဲ့လူကို ရှာတွေ့တဲ့အထိ စောင့်လိုက်...
သူ သူ့မိဘတွေလောက် အကောင်းမြင်လို့ မရဘူး။ သေချာတာကတော့ သူ မုရှောင်ယကို ကျေးဇူးတင်မိပေမယ့် သူမကို ပိုကျေးဇူးတင်လေလေ၊ ပိုစိုးရိမ်လာလေလေ...
မုရှောင်ယက မနက်စာစားဖို့ အချိန်သိပ်မယူဘဲ အပြင်မထွက်ခင် နည်းနည်းသာကိုက်လိုက်သည်။
သူမက ပိုင်ချွမ်းကို လီရုံဆီ ခေါ်သွားပြီး "မား ရှောင်ချွမ်းကို ခဏလောက် ခေါ်သွားချင်တယ်" လို့ပြောလိုက်သည်။
"ပစ္စည်းတွေ သွားယူမလို့လား။ ကားသမားကို လိုက်ပို့ခိုင်းလိုက်မယ်" လီရုံက အန်ကယ်လီကို အရာအားလုံးကို ပြင်ဆင်ခိုင်လိုက်သည်။
"မဟုတ်ဘူး၊ မလိုပါဘူး၊ သမီးကားကို ကိုယ်တိုင်မောင်းလို့ရတယ်၊ မားဆီက ကားငှားချင်တယ်" မုရှောင်ယက ရှက်ရွံ့စွာ ပြောလိုက်သည်။
" "ငှားတယ်" ဆိုတာကဘာပြောတာလဲ။ ဒီအိမ်က ပစ္စည်းတွေအားလုံး သမီးပိုင်တာမဟုတ်ဘူးလား။ 'ငှားပါ' လို့ ထပ်ပြောရင် မား စိတ်ဆိုးလိမ့်မယ် " လီရုံက မပျော်မရွှင်ဟန်ဆောင်လိုက်သည်။
မုရှောင်ယက သူမ တစ်ခုခုမှားပြောမိလိုက်တာကို သိပြီး ရုတ်တရက် ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။
"ရှောင်ချွမ်း အသက် ဆယ့်ရှစ်နှစ်တုန်းက သူ့မွေးနေ့လက်ဆောင်အဖြစ် Audi ကားတစ်စီး ဝယ်ခဲ့တယ်။ ကားမမောင်းနိုင်တဲ့အတွက် မင်းကို ပေးလိုက်တာ အကောင်းဆုံးပဲ” ပိုင်ကျန့်က ရုတ်တရက် ပြောလာသည်။ "ဦးလေး လီ ကားဂိုဒေါင်ထဲက Audi ကို ပြင်ထားပါ"
ဦးလေးလီက လျင်မြန်စွာ ပြန်ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်" ပိုင်ကျန့်ရဲ့ စကားက မုရှောင်ယကို စိတ်သက်သာရာရစေခဲ့သည်။ အခု သူမက ပိုင် မိသားစုနှင့် လက်ထပ်ထားသော်လည်း ပိုင် မိသားစု ပစ္စည်းတွေက သူမဟာလို့ မဆိုလိုပေ ။ သူမက ၎င်းတို့ကို ပေါ့ပေါ့တန်တန် လက်ခံရုံဖြင့် မရနိုင်ပေ။ သို့သော် ချေးငှားခြင်းအကြောင်းပြောရာတွင် ကွဲကွာနေပုံရသောကြောင့် သူမမှာ အကျပ်ရိုက်နေသလို ခံစားရသည်။ ယခုအချိန်တွင် ပိုင်ကျန့်က ပိုင်ချွမ်း ကားကို သူမအသုံးပြုရန်အတွက် ပေးခဲ့သည်ဟုဆိုသည်။ ဒီကားက ပိုင်ကျန့် ရဲ့ ပိုက်ဆံနဲ့ ဝယ်ထားတုန်းဘဲ၊ ဒါပေမယ့် ပိုင်ချွမ်း ပိုင်သရွေ့တော့ သူမက ပိုပြီး စိတ်အေးလက်အေး အသုံးပြုနိုင်မှာပါ။
"ရပါတယ်" ပိုင်ကျန့်က ဖာသိဖာသာ ခေါင်းညိတ်လိုက်သည်။
မုရှောင်ယ ပြုံးလိုက်သည်။ ပိုင်ချွမ်း အစ်ကိုကြီးက အချိန်တိုင်း သူမအပေါ် အေးစက်ပြီး ဂရုမစိုက်ခဲ့သော်ငြားလည်း သူက ချစ်စရာကောင်းနေသေးသည်ကို သူမတွေ့ရှိခဲ့သည်။
"စကားမစပ် မား ရှောင်ချွမ်း ရဲ့ တာဝန်ခံဆရာဝန်ကို ဘယ်လိုဆက်သွယ်ရမလဲ သိချင်ပါတယ်" မုရှောင်ယက ပြောလိုက်သည်။
ပိုင် မိသားစုထဲက လူတိုင်းက သူ့ကို ဝိုင်းပြီး စိုက်ကြည့်နေကြတယ်။ ပိုင်ကောယွိက မေးလိုက်သည်။ "မင်း ပရော်ဖက်ဆာဖန်ကို ဆက်သွယ်ချင်တာလား။"
“အင်း ” မုရှောင်ယက ပိုင်ချွမ်းကိုကြည့်ရင်း ပြောလိုက်သည်။ "မနေ့က ဖြစ်ပျက်ခဲ့တာက ရှောင်ချွမ်းရဲ့ အခြေအနေအကြောင်း ပိုသိဖို့လိုတယ်လို့ သတိပေးနေသည်။ ပိုသိရင် အနာဂတ်မှာ ကြိုတင်ပြင်ဆင်မှုတွေ ပိုလုပ်နိုင်တဲ့အတွက် မနေ့ကလို အခြေအနေမျိုး ထပ်မဖြစ်တော့ဘူး”
သူမ မနေ့က ပိုင်ချွမ်း နဲ့ သဘောတူညီမှုရပြီးကတည်းက ပိုင်ချွမ်းရဲ့အခြေအနေ ထိန်းမနိုင်သိမ်းမရဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေအကြောင်း ပိုနားလည်ဖို့ လိုလိမ့်မည်။
ပိုင် မိသားစုမှ လူတိုင်း အံ့အားသင့်သွားကြပြီး မုရှောင်ယဆီ သူတို့အကြည့်တွေက ကျေးဇူးတင်စိတ်တွေ အပြည့်နဲ့ကြည့်မိလိုက်ကြသည်။ မုရှောင်ယက သူနှင့်အတူလိုက်နေရုံတင်မဟုတ်ဘဲ ပိုင်ချွမ်း ဘ၀တွင် သူမကိုယ်တိုင် အမှန်တကယ် ပေါင်းစည်းလိုကြောင်း သူတို့တို့အား ပြောပြဖို့ လုပ်ဆောင်ချက်ကို အသုံးပြုနေသည်။
"ငါ မင်းကို ရက်ချိန်းပေးမယ်" ပိုင်ကျန့် ပြောလာသည်။
"ကျေးဇူးတင်ပါတယ်"
ပိုင်ကျန့် ပရော်ဖက်ဆာဖန်နဲ့ ချိန်းပြီးချိန်မှာ ကားကို ပြင်ဆင်ပြီးသွားပြီ။
“ဒါဆို ကျွန်မတို့သွားပါတော့မယ် နောက်ကျမှ ပြန်လာမှာမို့ ညစာစားဖို့ စောင့်မနေပါနဲ့" ထိုစကားကိုပြောပြီးနောက် မုရှောင်ယက လှည့်ပြီး ပိုင်ချွမ်းကို ကြည့်လိုက်သည်။
ပိုင်ချွမ်းက ခဏလောက် အေးခဲသွားပြီး ဧည့်ခန်းထဲက လူသုံးယောက်ကို လှည့်ပြီးပြောလိုက်သည်။ "ငါတို့ သွားတော့မယ်"
"အိုကေ အိုကေ ပြန်လာမှတွေ့မယ်" ပိုင်ချွမ်းက သူတို့နဲ့ ပြန်စကားပြောဖို့ အစပြုလာပြီး ပိုင်မိသားစုက ချက်ချင်း စိတ်လှုပ်ရှားသွားသည်။ သူတို့လည်း ထပြီး ပိုင်ချွမ်းကိုလိုက်ပို့ကာ မုရှောင်ယရဲ့ကားကို မမြင်မချင်း လက်ကိုမချခဲ့ပေ။
ဤကုသမှုတစ်ခုလုံးတွင် မုရှောင်ယက မဟာအလက်ဇန်းဒါးအဖြစ် သရုပ်ဆောင်နေသကဲ့သို့ ခံစားစေခဲ့သည်။
“ အမေမှတ်မိတာတော့ မနှစ်တုန်းက Audi ကို ဝယ်ခဲ့တာလားလို့။ အသံမကောင်းရင် လွှင့်ပစ်လိုက်သင့်တယ်" လီရုံက မျက်နှာပျက်နေသော သားအကြီးဆုံးကို မေးလိုက်သည်။
"အခု လိုက်ပို့ပေးမယ် အဲ့ဒါ အဆင်မပြေဘူးလား။" ပိုင်ကျန့်က ပြန်ဖြေလာသည်။
“အိုကေ ” လီရုံက ရယ်လိုက်သည်။
.......
ET/N; ကျေးဇူးပြုပြီးဒီသံချေးတက်ပြီး တစ်နှစ်ပြည့်သွားတဲ့ Audi ကားကို ငါ့ကားဂိုဒေါင်ထဲမှာချပေးလို့ရမလား