ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား
#အပိုင်း ၁၇; နားကြပ်
ဘိုးဘွားရိပ်သာက ထွက်လာချိန်တွင် နေ့လည်စာစားချိန်ရောက်နေပြီ ဖြစ်သည်။ မုရှောင်ယက နံနက်စာ သိပ်အစာမစားခဲ့တာကြောင့် ဆာလောင်မွတ်သိပ်နေပြီဖြစ်သည်။ သူမ အိမ် မပြန်ခင်လမ်းကြောင်းကို ကြည့်လိုက်ရာ နေ့လယ်စာ ဝယ်ဖို့အတွက် အနီးနားက စျေးဝယ်စင်တာတစ်ခုကို တွေ့ရှိခဲ့သည်။
"ရှောင်ချွမ်း ရှင်ဘာစားချင်လဲ။" မုရှောင်ယက ကားရပ်ပြီး မိုဘိုင်းဖုန်းနဲ့ ကုန်တိုက်ကစားသောက်ဆိုင်များတွင်ရှာဖွေနေစဉ် ပိုင်ချွမ်းကို မေးမြန်းခဲ့သည်။
"ကိုယ်ဗိုက်မဆာဘူး" ပိုင်ချွမ်းက ပြန်ဖြေလာသည်။
"ရှင်မဆာရင်တောင် ရှင်စားဖို့လိုနေတုန်းပဲ။ အစားကိုအချိန်မှန်မစားရင် ရှင့်အစာအိမ်ကိုထိခိုက်လိမ့်မယ်။" မုရှောင်ယက မတော်တဆပြောဆိုခဲ့သည်။
"အိုး " ပိုင်ချွမ်းက နားမလည်ပေမယ့် ခေါင်းငြိမ့်လိုက်သည်။
"ရှင်ဘာစားချင်လဲ။" မုရှောင်ယက မိုဘိုင်းဖုန်းပေါ်က တောက်ပနေတဲ့ စားသောက်ဆိုင်များကို ကြည့်ပြီးဆုံးဖြတ်ချက်မချနိုင်တော့ပေ။ သူတို့က တူညီနေကြပြီး အရသာရှိလှတဲ့ ဟင်းလျာတွေမရှိဘူးလို့ အမြဲတမ်းခံစားနေရသည်။
"ဘယ်အချိန်မှာ ကိုယ်စားသင့်တာလဲ။ " ပိုင်ချွမ်းက ရုတ်တရက်မေးလာသည်။
"ဘာကိုလဲ။"
"အချိန်မှန်စားဖို့၊ ဘယ်အချိန်မှာ ကိုယ်စားသင့်တာလဲဆိုတာ ပြောပြပေး။ " ပိုင်ချွမ်းက မေးလိုက်သည်။
"....." မုရှောင်ယက ဤအကြောင်းအရာကို ဘယ်လိုရောက်သွားလဲ နားမလည်ပေမယ့် အဲ့ဒါကိုစဉ်းစားပြီးနောက်မှာ ရုတ်တရက် မေးလိုက်သည်။ “ ရှင် ပုံမှန် ဘယ်အချိန်မှာ စားလေ့ရှိလဲ။ ”
"ကိုယ်ဆာတဲ့ အချိန်မှစားတာ " ပိုင်ချွမ်း ပြန်ဖြေလိုက်သည်။
“ ဒါဆို ရှင် ဘယ်အချိန်မှာ ဆာတက်လဲ။ " မုရှောင်ယ မေးလာသည်။
"....." ပိုင်ချွမ်းက လေးလေးနက်နက်စဥ်းစားလိုက်ပေမယ့် နောက်ဆုံးတော့ သူက အချိန်တွေကို ဂရုမစိုက်ဘူးဆိုတာ သိလိုက်ရသည်။ သူဗိုက်ဆာလာချိန်မှာ အချိန်ကိုဂရုမစိုက်ကြောင်း နောက်ဆုံးတွင်တွေ့ရှိခဲ့တာကြောင့် ရိုးသားစွာနဲ့ ခေါင်းခါပြလိုက်သည်။ “ ကိုယ်ဘယ်တော့မှအာရုံမစိုက်ဖူးဘူး”
မုရှောင်ယက အလွန်အံ့အားသင့်သွားပြီး သူမစိတ်ထဲ ရုတ်တရက် မသက်မသာခံစားချက်များက ပေါ်ထွက်လာခဲ့သည်။ အချိန်အတော်ကြာပြီးနောက်မှာ သူမက “အခု ဘယ်နှနာရီရှိပြီလဲ။ ” လို့ မေးလိုက်သည်။
ပိုင်ချွမ်းက သူ့ဖုန်းကိုထုတ်ပြီး အချိန်ကိုကြည့်လိုက်သည်။ " 12:12 "
“ အိုကေ နေ့တိုင်းဒီအချိန်မှာနေ့လည်စာစားဖို့သတိရရမယ်။ နောက်ကျသွားရင် တစ်နာရီမတိုင်ခင်ကို ရှင်စားရမယ် ”
ပိုင်ချွမ်းက ခဏအကြာမှာ နားလည်ကြောင်း ခေါင်းညိတ်ပြလာသည်။
“ နံနက်စာစားဖို့က ရှင်ရှစ်မတိုင်ခင်ကို စားရမယ်”
“ ရှစ်မတိုင်ခင်က ဘယ်အချိန်လဲ။ ” ပိုင်ချွမ်းက တိကျတဲ့ အချိန်လိုအပ်သည်။
“ …” မုရှောင်ယ သူမရဲ့စကားကို ပြန်ပြင်လိုက်ရတယ်။ "ခုနစ်နာရီကနေ ရှစ်နာရီကြားကို မနက်စာစားရမယ် "
ပိုင်ချွမ်း ထပ်ခေါင်းညိတ်လိုက်သည်။
"ညစာအတွက်က ညနေ ၆:၃၀ ကနေ ၇ : ၃၀ ကြား။ အဲ့ဒိအချိန်တွေမှာ သုံးကြိမ်စားရမယ် အချိန်မှန်စားဖို့သတိရ အိုကေလား။" မုရှောင်ယက တိုက်တွန်းခဲ့သည်။
"မှတ်မိမှာပါ "ပိုင်ချွမ်းက အသေအချာကို ခေါင်းညိတ်လိုက်သည်။
"လုပ်ဖို့လည်းသတိရ "
"အင်း "ပိုင်ချွမ်းက ခေါင်းညိတ်လိုက်သည်။ "နေ့လည်စာစားဖို့အချိန်ရောက်လာပြီ စားကြရအောင် "
'ရှင် ကျွန်မကိုသတိပေးနေတာလား။'
မုရှောင်ယက မတက်နိုင်စွာနဲ့ ပြုံးလိုက်တယ် သူမဖုန်းကိုပိတ်လိုက်ပြီး စားသောက်ဆိုင်တခု ရွေးနေတာကို ရပ်တန့်ခဲ့သည်။ "သွားကြစို့၊ ကျွန်မတို့ပထမဆုံးတွေ့တဲ့ စားသောက်ဆိုင်မှာ စားကြမယ် "
သူတို့က အပေါ်ထပ်တက်ပြီး ဓာတ်လှေကားဝင်ပေါက်နဲ့ အနီးဆုံး စားသောက်ဆိုင်ကို နေ့လည်စာစားဖို့သွားလိုက်သည်။
မုရှောင်ယက အဆောက်အအုံမှ ထွက်ခွာလာပြီး အခမဲ့ကားရပ်နားဖို့ ငွေလက်ခံဖြတ်ပိုင်း ဘောက်ချာနဲ့ စားပွဲခုံဆီသွားဖို့စီစဉ်ခဲ့သည်။
နားကြပ်များအတွက် ကြော်ငြာဆိုင်းဘုတ်တစ်ခုရှိသည်။ မုရှောင်ယ ကြားဖူးတဲ့ နိုင်ငံတကာမှာ နာမည်ကြီးတဲ့ Brand တစ်ခုပဲ။ အခြားနားကြပ်တွေနဲ့ နှိုင်းယှဉ်ပါက စွမ်းဆောင်ရည်မြင့်တယ်လို့ ယူဆနိုင်သည်။ ကောလိပ်တုန်းက ဖန်းဟော်က တစ်ခုဝယ်ခဲ့ပြီး မုရှောင်ယက အဲ့ဒါကို အကြိမ်များစွာ အသုံးပြုခဲ့သည်။ အသံအရည်အသွေးက တကယ်ကောင်းသည်။ ဒါပေမယ့် မုရှောင်ယရဲ့ အာရုံကိုဆွဲဆောင်နိုင်တာက နားကြပ်ရဲ့အသံအရည်အသွေးမဟုတ်ဘဲ နားကြပ်ရဲ့နောက်ထပ်လုပ်ဆောင်ချက်တစ်ခုကိုပဲ။
"ဆူညံသံမရှိဘဲ ဂီတကိုခံစားပါ "
"ဆူညံသံလျော့ချမှု ၉၀% "
'ဆူညံသံလျော့ချမှုလား။ ထိုအချိန်မှစ၍ ယခင်အလင်းရောင်မှ အခြေအနေကို ပြန်ရောက်လာသည်။ ပိုင်ချွမ်းက ဆူညံသံတွေကို ကာကွယ်ဖို့ နားကြပ်တွေကို သုံးနိုင်မလား။ ' မုရှောင်ယ စိတ်ထဲအရှိန်မြင့်တက်လာသည်။ ယာဉ်ရပ်နားသည့် ဘောက်ချာကိုရရှိပြီးနောက်မှာ မုရှောင်ယက ဒုတိယထပ်ရှိ နားကြပ်ကောင်တာဆီ ခေါ်ဆောင်သွားသည်။
"မင်္ဂလာပါ၊ ဘယ်နားကြပ်အမျိုးအစားကိုလိုချင်ပါသလဲ။ " အဆင့်မြင့်နားကြပ်များဖြစ်တာကြောင့် စတိုးဆိုင်တွင် ၀ယ်ယူသူအမြောက်အများမတွေ့ရပါ။ မုရှောင်ယ ဝင်လာတာနဲ့ သူမကိုဝိုင်းထားသည့် အရောင်းဝန်ထမ်းများစွာရှိခဲ့သည်။
"ကျွန်မ ဆူညံသံလျော့နည်းစေတဲ့ နားကြပ်တစ်စုံကိုလိုချင်တယ် " မုရှောင်ယက ပြောလိုက်သည်။
" ကျေးဇူးပြုပြီး ဒီလမ်းပါ " ဝန်ထမ်းက ဆူညံသံလျော့ နားကြပ်များရှိသည့် ကောင်တာကို ပို့ဆောင်ပြီး ရှင်းပြလာသည်။ “ဒီနားကြပ်တွေက ဆူညံသံတွေကို လျှော့ချပေးတာ အရမ်းကောင်းပါတယ်။ ဒီ Midnight Phantom က ကုန်ကျစရိတ်အသက်သာဆုံး ဆူညံသံလျှော့ချရေး နားကြပ်ပါ။ နောက်ဆုံးပေါ် ဆူညံသံလျော့ချရေးနည်းပညာနဲ့ပြုလုပ်ထားပြီး အသံအရည်အသွေးကလည်း အလွန်ကောင်းမွန်ပြီး ဆူညံသံများကို ကောင်းစွာခွဲခြားထားသည်။ ရှင်တို့ အဲ့ဒါကိုစမ်းကြည့်နိုင်ပါတယ်။ "
မုရှောင်ယ မျက်လုံးတွေက တောက်ပလာသည်။ သူမက ဝန်ထမ်းပြောတဲ့ နားကြပ်ကိုကောက်ကိုင်လိုက်ပြီး ပိုင်ချွမ်းရဲ့ နားကိုဖုံးအုပ်လိုက်သည်။
ရုတ်တရက် သူ့အပေါ် နားကြပ်ပေါ်တက်လိုက်တာကြောင့် ပိုင်ချွမ်းက မုရှောင်ယကိုကြည့်ပြီး စိတ်ရှုပ်သွားသည်။
“ ရှင် ကျွန်မအသံကိုကြားနိုင်လား။” မုရှောင်ယက မေးခဲ့သည်။
ပိုင်ချွမ်း ခေါင်းညိတ်လိုက်သည်။
မုရှောင်ယက အရောင်းဝန်ထမ်းကို ရုတ်တရက်ကြည့်လိုက်သည်။ -“ ဆူညံသံလျော့ချတာကောင်းတယ်လို့ မင်းမပြောခဲ့တာမဟုတ်ဘူးလား။ ငါ့အသံကို ဘာလို့သူဆက်ပြီးကြားနေရတာလဲ။ ”
အဲ့ဒါက အရောင်းဝန်ထမ်းကို ချက်ချင်းအရှက်တကွဲဖြစ်စေခဲ့သည်။ -“ မိန်းကလေး ဆူညံမှုလျော့ချတာက အဖြူရောင်ဆူညံသံအများစုကို လျှော့ချလိုက်ခြင်းကြောင့် အသံအကျိုးသက်ရောက်မှုက ပိုကောင်းတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာဘဲ ဆူညံသံကိုလုံးလုံးလျားလျားခွဲထုတ်ဖို့က မဖြစ်နိုင်ပါဘူး”
"ရှင်တို့ရဲ့ကြော်ငြာက ဆူညံသံ ၉၀% ကို သီးခြားခွဲထုတ်နိုင်တယ်လို့ မဖော်ပြထားဘူးလား။"
"ဒါကအဖြူရောင် ဆူညံသံကိုရည်ညွှန်းတာပါ ပြီးတော့နားကြပ်ဘေးမှာ ရှင်ရပ်နေတယ်။ ရှင်အဲဒီမှာရှိနေရင် ဒီလူကြီးမင်းဘယ်လိုလုပ် မကြားရမှာလဲ။ " အရောင်းဝန်ထမ်းက ရှင်းပြလာသည်။
မုရှောင်ယက နားကြပ်တွေကို ပိုင်ချွမ်း ခေါင်းပေါ်ကချွတ်ပြီး သူမကိုယ်တိုင်ဝတ်ဆင်ခဲ့သည်။ ဂီတ၏အတက်အကျများမှာ နားကြပ်များမှချက်ချင်းစီးထွက်လာသည်။ အသံအရည်အသွေးအရ ဒီနားကြပ်သည်ကောင်းသော်လည်း မုရှောင်ယက ဆူညံသံလျော့ချခြင်း အကျိုးသက်ရောက်မှု လုံလောက်မှု မရှိဘူးလို့ ခံစားမိသေးသည်။ ဘာကြောင့်လဲ ဆိုတော့ သူမ နားကြပ်တပ်ထားရင်တောင် ကုန်တိုက်ထဲက ဆူညံသံတွေကို သူမ ယောင်ဝါးဝါး ကြားနေရလို့ပဲ။
မုရှောင်ယ မျက်မှောင်ကြုတ်ခဲ့သည်။ သူမမျှော်လင့်ထားသည့်အရာနဲ့ ကွဲပြားနေသည်။
"ဒီထက်ပိုပြီး ဆူညံသံလျှော့ချတဲ့ နားကြပ်ရှိလား။ " မုရှောင်ယက မေးလိုက်သည်။
"ဒီတစ်ခုပါ " အရောင်းဝန်ထမ်းက အနီရောင် နားကြပ်ကြီးကို ကောက်ယူပြီး မုရှောင်ယကို ပေးလိုက်သည်။ “ဒီနားကြပ်က ကျွန်မတို့ရဲ့အမှတ်တံဆိပ်ထဲမှာ အကောင်းဆုံးပါ။ ကိုယ်ထည်တစ်ခုလုံးရဲ့ အလေးချိန်က ဆဲလ်ဖုန်းတွေနဲ့ အသုံးပြုတဲ့ နားကြပ်တွေနဲ့ ညီမျှပြီး လေးလံတယ်လို့ လုံးဝမခံစားရပါဘူး ”
မုရှောင်ယက သူမလက်ထဲက နားကြပ်တွေကို ကြည့်လိုက်တော့ အရမ်းပေါ့ပါးနေတာကို တွေ့လိုက်ရသည်။
“နားကို ဖုံးထားတဲ့ ပစ္စည်းက ပြင်ပဆူညံသံတွေကို အထိရောက်ဆုံး ခွဲထုတ်နိုင်တဲ့ အကောင်းဆုံး အသံလျှပ်ကာ ရေမြှုပ်ပါပဲ။ နားကြပ်ရဲ့ အသံကို ဖွင့်လိုက်ရင် အပြင်က ဆူညံသံတွေကို မကြားရပါဘူး" အရောင်းဝန်ထမ်းက မုရှောင်ယကို ရှင်းပြလာသည်။
မုရှောင်ယက နားကြပ်ကို တပ်ဆင်ထားပြီး မကြာသေးမီက နှိုင်းယှဉ်ချက်အရ ဤနားကြပ်၏ အားသာချက်များကို ချက်ချင်းထုတ်ဖော်ပြသခဲ့သည်။ သူမက ၎င်းကို ၀တ်ဆင်ထားပြီး သီချင်းမဖွင့်တော့ဘဲ ငြိမ်သက်သွားတာကို သူမ ခံစားလာရသည်။
မုရှောင်ယက ဒီနားကြပ်ကောင်းတယ်လို့ ရုတ်တရက် ခံစားလိုက်သည်။ ဒါနဲ့ သူမ လှည့်ပြီး ပိုင်ချွမ်းကို ထပ်ပေးလိုက်သည်။
ပိုင်ချွမ်းက နားကြပ်တပ်ပြီးနောက်မှာ သူ့မျက်လုံးတွေ တောက်ပသွားပြီး နားကြပ်ရဲ့ အသံလျော့ချတာကိုလည်း သူ ကြိုက်တာ သိသာသည်။
“ ရှင် အဲ့ဒါကိုကြိုက်လား။” မုရှောင်ယက မေးလိုက်သည်။
ပိုင်ချွမ်း ခေါင်းညိတ်လိုက်သည်။
မုရှောင်ယက ဝမ်းသာသွားပြီး ချက်ချင်းမေးလိုက်သည်။ "ဒီနားကြပ်က ဘယ်လောက်လဲ။ "
"ဒီနေ့ကျွန်မတို့ရဲ့စတိုးဆိုင်က ပရိုမိုးရှင်းတစ်ခုလုပ်နေပါတယ်။ အထူးလျှော့စျေးနဲ့နားကြပ်က ၉,၉၉၉ ပဲကျတယ်" လို့ အရောင်းဝန်ထမ်းက ပြောလာသည်။
“ ဘယ်လောက် ” မုရှောင်ယက သူမ နားကြားမှားတယ်လို့ ထင်လိုက်သည်။
"ကိုးထောင့်ကိုးရာကိုးဆယ့်ကိုးပါ " အရောင်းဝန်ထမ်းက စိတ်ရှည်စွာနဲ့ ထပ်ပြီးပြောလာသည်။
“အာ အဲဒါက အရမ်းဈေးကြီးတယ်”မုရှောင်ယက အလွန်အံ့အားသင့်သွားသည်။ နားကြပ်က ယွမ် 10,000 တောင် တကယ်တန်နေပြီလား။
"ဒီနားကြပ်က တကယ်ကို နည်းနည်းပိုစျေးကြီးတယ်။ တကယ်လို့ မင်းမှာဆူညံသံလျှော့ချဖို့အတွက် လိုအပ်ချက်တွေသာ နည်းနည်းလေးရှိရင် ကျွန်မ အစောက မိတ်ဆက်ပေးခဲ့တဲ့ နားကြပ်ကတော်တော်လေးကောင်းတယ်။ ဈေးနှုန်းက ၂၈၈၈ လောက်ပဲကျလိမ့်မယ်" အရောင်းဝန်ထမ်းက အကြံပေးလာခဲ့သည်။
"... " ဘယ်လိုပြောရမလဲ ၉၉၉၉ ကို ကြည့်ပြီးချိန်မှာ ၂၈၈၈ ကို ကြည့်ပြီး မနှိုင်းယှဥ်ဘဲ ဘယ်သူကကြည့်နိုင်မှာလဲ။
မုရှောင်ယ ပိုင်ချွမ်းကို တစ်ချက်ကြည့်လိုက်တော့ သူက ဂီတကို ငြိမ်သက်စွာ နားထောင်နေတာကို တွေ့လိုက်ရပြီး သူ့မျက်လုံးတွေက အနည်းငယ်တောက်ပနေကာ သူ့တစ်ကိုယ်လုံးက ပိုပြီး ပေါ့ပါးနေသလိုပဲ။ နောက်ပြီး ပိုင်ချွမ်း ခေါင်းပေါ်တွင်ရှိတဲ့ အနီရောင် နားကြပ်ကြီးက အလွန်ကြည့်ကောင်းသည်။
မုရှောင်ယ အံကြိတ်ပြီးပြောလိုက်သည်။ "ငါ အဲ့ဒါကိုဝယ်မယ်"
"ဘယ်တစ်ခုလဲရှင့်။"
" ၉၉၉၉ ဟာ" မုရှောင်ယက နာကျင်စွာနဲ့ပြောလိုက်သည်။
"အိုကေ ကျွန်မရှင့်ကို လက်မှတ်ပေးလိုက်ပါမယ်။ ကျေးဇူးပြုပြီး ငွေပေးချေဖို့ ဝန်ဆောင်မှုဌာနကို သွားပေးပါ " အရောင်းဝန်ထမ်းက မုရှောင်ယကို လက်မှတ်တစ်စောင် အမြန်ပေးလိုက်သည်။
မုရှောင်ယက လက်မှတ်ကိုယူပြီး ပိုင်ချွမ်းကို ဝန်ဆောင်မှုကောင်တာဆီခေါ်သွားကာ ငွေပေးချေဖို့အတွက် Alipay ကိုဖွင့်လိုက်သည်။
“ဒီဟာအလုပ်မလုပ်ပါဘူး ” ငွေကိုင်က ကွန်ပျူတာကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
မုရှောင်ယက သူမဆဲလ်ဖုန်းကို မသိမသာကြည့်လိုက်မိသည်။ သူဆဲလ်ဖုန်းထဲကို စာသားမက်ဆေ့ခ်ျတစ်ခုဝင်လာသည်; သင်၏လက်ရှိဝယ်ယူမှုပမာဏမှာ ယွမ် 9,999.00 ဖြစ်သည်။ ခရက်ဒစ်ကတ် ကန့်သတ်ချက်ကို ကျော်လွန်နေသောကြောင့် အရောင်းအဝယ် မအောင်မြင်ပါ။
"... " သူမ ခရက်ဒစ်ကတ်က နောက်လာမယ့် လေးနှစ်တုန်းကလို မကြီးမားသေးကြောင်း မေ့သွားခဲ့သည်။
"တောင်းပန်ပါတယ် ခဏလောက်ပါ" မုရှောင်ယက ပိုင်ချွမ်းကို လှမ်းဆွဲလိုက်ပြီး ပိုက်ဆံချေးဖို့ လူကို ရှာဖွေနေတော့သည်။
သူမမူလအပ်ငွေယွမ် ၃၀၀၀၀၀ ကို ဖန်းဟော်နဲ့ အတူစတူဒီယိုကို စတင်ဖို့အသုံးပြုခဲ့ပြီး ဖန်းဟော်ရဲ့ ကိုယ်ပိုင်ငွေကိုလည်း အခြေခံအားဖြင့်ရင်းနှီးမြှုပ်နှံခဲ့သည်။ ဒါကြောင့် ဖန်းဟော်ကို ငွေချေးဖို့က မဖြစ်နိုင်ပါပေ။
' ငါ့မိဘတွေကော ဘယ်လိုလဲ။ ငါမလုပ်နိုင်ဘူး။ လက်ထပ်ပြီးစ ပထမနေ့မှာ ခင်ပွန်းအတွက် လက်ဆောင်ဝယ်ဖို့ မိဘတွေကို ပိုက်ဆံတောင်းတယ်၊ ဒါက ရှက်စရာကောင်းတယ်။ '
ပိုင်မိသားစုကို မေးဖို့က ပိုလို့တောင် မဖြစ်နိုင်ဘူး။ သူမရဲ့ အဆက်အသွယ်တွေကို ရေတွက်ကြည့်ရင် သူမသိတဲ့ လူတွေထဲမှာ လျန်းနျိုနျိုကသာ သူမကို ယွမ် 10,000လုံး တစ်ပြိုင်နက် ချေးပေးနိုင်သူပဲ။
လျန်းနျိုနျိုက မုရှောင်ယရဲ့ ကောလိပ်တုန်းက အခန်းဖော်ဖြစ်သည်။ သူမက စီးပွားရေးစီမံခန့်ခွဲမှုကို လေ့လာခဲ့ပြီး မုရှောင်ယက ထိုကျောင်း၏အဓိကအစိတ်အပိုင်းမဟုတ်ခဲ့ပါ။ ဒါပေမယ့် စီးပွားရေးစီမံခန့်ခွဲမှု၏ အဓိကအမျိုးသမီးဆောင်ဆောင်က ပြည့်နေတာကြောင့် သူမအဲ့မှာနေမထိုင်ရပေ။ မုရှောင်ယတို့ရဲ့ အိပ်ဆောင်က အခုမှဖွင့်တော့ ကျောင်းက လျန်းနျိုနျိုကို အဲဒီမှာ နေခိုင်းလိုက်သည်။ သူတို့နှစ်ယောက်က မေဂျာမတူခဲ့ကြပေမယ့် ကောလိပ်လေးနှစ်မှာ အလွန်ကောင်းမွန်တဲ့ ခင်မင်ရင်းနှီးမှုကို တည်ဆောက်ခဲ့ကြသည်။
ကောလိပ်မှဘွဲ့ရပြီးနောက်မှာ လူတိုင်းကအလုပ်ရှာကြပြီး ပြည်ပကိုထွက်သွားကြသည်။ လျန်းနျိုနျိုကသာ သူမအဖေရဲ့ ချယ်ရီသီးတွေကို စိုက်ပျိုးဖို့ သူမဇာတိမြို့ကို ပြန်သွားသည်။
မုရှောင်ယက လျန်းနျိုနျိုကို ခေါ်လိုက်ချိန်မှာ ဖုန်းကချက်ချင်းဆက်သွယ်သွားခဲ့သည်။
မုရှောင်ယ -“ နျိုနျို နင်အလုပ်များနေလား။ ”
လျန်းနျိုနျို -“ အလုပ်မများဘူး နင့်အတွက်ငါဘာလုပ်ပေးရမလဲ။ ”
“ ဒါ…” မုရှောင်ယက နည်းနည်းရှက်သွားသည် "ငါ့ကိုငွေနည်းနည်းလောက်ချေးလို့ရမလား။ "
မုရှောင်ယ ဖုန်းခေါ်တာကို တိတ်ဆိတ်စွာ စောင့်နေတဲ့ ပိုင်ချွမ်းက မုရှောင်ယကို ရုတ်တရက် ကြည့်မိလိုက်သည်။
"ဘယ်လောက်လဲ။ " လျန်းနျိုနျိုက ငွေပမာဏကိုတိုက်ရိုက်မေးခဲ့သည်။
“ တစ်သောင်းလောက် ငါနင့်ကိုအမြန်ဆုံး ပြန်ပေးပါမယ်” မုရှောင်ယက အမြန်ဆက်ပြောခဲ့သည်။
"အိုကေ၊ နင်နဲ့ ဖန်းဟော်တို့ စတူဒီယိုကိုအတူတူဖွင့်လိုက်တာပဲ။ ဒါက ပိုက်ဆံသုံးရမယ့်အချိန်ပဲ။ နင်ငွေရှာလို့ရရင်ငါ့ကိုပြန်ပေးရမယ်။ ငါနင့်ကို Alipay ကလွှဲပေးလိုက်မယ် " လျန်းနျိုနျိုက သွက်လက်စွာပြောခဲ့သည်။
“ ကျေးဇူးပဲ ” မုရှောင်ယက သူမကိုကျေးဇူးတင်ကြောင်းပြောခဲ့သည်။
"နင်ငါ့ကိုအရမ်းယဉ်ကျေးသေးတယ်။ စကားမစပ် ငါတို့ရဲ့ချယ်ရီသီးတွေကမှည့်နေပြီ။ ငါနောက်မှ နင့်ကိုလိပ်စာတစ်ခုပို့လိုက်မယ် နင်နဲ့ဖန်းဟော်တို့ မြည်းလို့ရအောင် ပို့ပေးလိုက်မယ်" လျန်းနျိုနျိုက ပြောလိုက်သည်။
“ နင့်ရဲ့ချယ်ရီသီးတွေက မှည့်ပြီလား။ ” မုရှောင်ယ အံ့သြသွားသည်။
"ဟုတ်တယ်၊ တောင်ပေါ်မှာရှိတဲ့ ချယ်ရီပွင့်တွေက အရမ်းလှပြီး နီရဲနေတာပဲ။ နင်နဲ့ဖန်းဟော်တို့ အားရင် ငါနင်တို့ကိုပြမယ်။ "
မုရှောင်ယက သူမအရင်ဘဝကို ရုတ်တရက် ပြန်သတိရသွားသည်။ လျန်းနျိုနျို ပို့လာတဲ့ နောက်ဆုံးသတင်းမှာ ချယ်ရီဥယျာဉ်ကို လာလည်ပတ်ဖို့ သူမကိုဖိတ်ခေါ်တာဖြစ်သည်။ တကယ်တော့ ချယ်ရီသီးတွေက နှစ်စဉ်နှစ်တိုင်းမှည့်ပြီး နျိုနျိုက သူမတို့ကို ဖိတ်ခဲ့သည်။ ကံမကောင်းစွာနဲ့ပဲ မုရှောင်ယက နိုင်ငံခြားမှာ နှစ်ပေါင်းများစွာနေပြီး အဲဒီလေးနှစ်အတွင်းမှာ တစ်ခါမှ မရောက်ဖူးဘူး။
"ငါတို့ အားသွားရင် ငါလာမယ် " မုရှောင်ယက ဒီဘဝမှာ လေးနှစ်ကြာ လွမ်းခဲ့ရတဲ့ သူမသူငယ်ချင်းနဲ့ သွားတွေ့ရမယ်လို့ ကတိပေးခဲ့သည်။
"ဒါဆို နင့်ကို ငါစောင့်နေမယ်။ စကားမစပ်၊ နင်လာတဲ့အခါ နင့်ယောက်ျားကို ခေါ်ခဲ့လေ။ ငါ သူ့ကို မတွေ့ဖူးသေးဘူး" လျန်းနျိုနျိုက မုရှောင်ယ လက်ထပ်တာကို သိသော်လည်း ဖန်းဟော်လို ဓာတ်ပုံကိုသာမြင်ဖူးတာဖြစ်လို့ သူမ ပိုင်ချွမ်း အကြောင်းသိချင်သည်။
မုရှောင်ယက ပိုင်ချွမ်းကို ပြန်ကြည့်ကာ ပြုံးလျက်ပြောလိုက်သည်။ "အိုကေ "
ပိုင်ချွမ်း မုရှောင်ချွမ်း ပြုံးနေတာကိုမြင်တော့ သဘာဝအတိုင်း ပြန်ပြုံးပြလိုက်သည်။
သူမ ဖုန်းကို ချလိုက်ပြီး မကြာခင် လျန်းနျိုနျိုက ငွေလွှဲပေးလိုက်သည်။ မုရှောင်ယက ငွေချေပြီး နားကြပ်ယူဖို့ စတိုးဆိုင်ကို သွားခဲ့သည်။
“ဒီနားကြပ်တွေက ရေဒီယိုတစ်ခုအနေနဲ့လည်း လုပ်ဆောင်နိုင်ပြီး အသံဖမ်းလို့လည်းရပါတယ်…” အရောင်းဝန်ထမ်းက လူနှစ်ယောက်ကို နားကြပ်ရဲ့အပိုဆောင်းအင်္ဂါရပ်တွေကို အပြည့်အဝမိတ်ဆက်ပေးခဲ့သည်။ ဒါပေမယ့် မုရှောင်ယက စကားလုံးများကို မမှတ်မိတော့ဘဲ နောက်ဆုံးတွင် သူမကလက်စွဲစာအုပ်ကို ပြန်ဖတ်လိုက်မယ်လို့ ဝတ်ကျေတန်းကျေပြောခဲ့သည်။
အဲ့လိုပြောခဲ့ပေမယ့် လက်စွဲစာအုပ်လို ငြီးငွေ့စရာကောင်းတဲ့ အကြောင်းအရာတွေကို ဘယ်သူဖတ်မှာလဲ။ သူမ လှည့်ကြည့်ကာ ပိုင်ချွမ်းကို တာဝန်ပေးလိုက်သည်။ - "ညွှန်ကြားချက်တွေကို ဖတ်ဖို့ သတိရပါ"
ပိုင်ချွမ်းက နားကြပ်ကို ၀တ်ဆင်ထားပြီး ညွှန်ကြားချက်များကို နာခံကာ ဖတ်ခဲ့သည်။ မုရှောင်ယ အိမ်ရောက်ချိန်မှာ ပိုင်ချွမ်းက နားကြပ်ရဲ့ လုပ်ဆောင်ချက်အားလုံးကို ကျွမ်းကျင်သွားပြီဖြစ်သည်။
"ကိုယ်ပြီးပြီ" ပိုင်ချွမ်းက ပြောလာသည်။
"ဘာကိုလဲ။ " မုရှောင်ယက လက်စွဲစာအုပ်ကိုမေ့သွားပြီးဖြစ်သည်။
"နားကြပ် " ပိုင်ချွမ်းက သူ့လည်ပင်းမှာချိတ်ထားတဲ့ နားကြပ်တွေကိုထောက်ပြလိုက်သည်။
ရှောင်ယ မှတ်ဉာဏ်သယက အရင်ကလို ဆိုးရွားနေဆဲဖြစ်သည်။ သူမပြောခဲ့သည့်အရာကို မေ့သွားလိမ့်မယ် ဒါပေမယ့် အရေးမကြီးပါပေ။
ပိုင်ချွမ်း ညွှန်ကြားချက်များကို ပယ်ဖျက်လိုက်ပြီးသေတ္တာထဲပြန်ထည့်လိုက်သည်။ ထို့နောက် သူ့လည်ပင်းတစ်ဝိုက်က နားကြပ်များကိုထိလိုက်သည်။
ဒါက ရှောင်ယ ငါ့အတွက် ၀ယ်ပေးထားတဲ့လက်ဆောင်ပဲ ...