ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား
#အပိုင်း ၁၈; လစာ
မုရှောင်ယက သူမအိမ်ပြန်လာမှ ထုပ်ပိုးမယ်ပြောခဲ့ပေမယ့် ရှန်ချင်းယီက သူ့သမီးကို ကြိုပြီး ထုပ်ပိုးပေးခဲ့သည်။ မုရှောင်ယက ဘာမှရမလုပ်ခဲ့တာကြောင့် သူမအမေနှင့်အတူ အိမ်မှုကိစ္မများကိုလုပ်ဆောင်ခဲ့သည်။ ပိုင်ချွမ်းက မုရှောင်ယ သူမမိဘအိမ်သို့ပြန်ရောက်သည်ကိုမြင်သောအခါ သူသတိမထားမိဘဲ တိတ်ဆိတ်စွာနေပြီးနာခံမှုရှိရှိဖြင့် ဆိုဖာပေါ်တွင်ထိုင်နေသည်။ မည်သို့ပင်ဖြစ်စေ သူ့ကိုယ်ပိုင်ကမ္ဘာထဲရှိနေသလိုပါပဲ သူကတစ်နေကုန်ထိုအတိုင်းနေဖို့က သာမန်ပါပင်။
ဒီမြင်ကွင်းက သူ့ယောက္ခမ မျက်လုံးထဲ ရောက်သွားတော့ သည်းမခံနိုင်တော့ဘူး။ ပိုင်ချွမ်းက အိမ်နီးနားချင်းရဲ့ ကလေးတစ်ယောက် ဖြစ်ခဲ့ပြီး မုရော့ကျုံးက သူ့ကို သင်္ချာပုစ္ဆာတွေကို ဖြေခိုင်းဖို့ မကြာခဏရှာဖွေလေ့ရှိသည်။ အဓိကအချက်မှာ ပိုင်ချွမ်းက သင်္ချာပုစ္ဆာများကို အလွယ်တကူ ဖြေရှင်းနိုင်ပြီး နောက်တစ်ချက်မှာ ပိုင်ချွမ်းနဲ့ ပိုမိုဆက်သွယ်ပြောဆိုနိုင်ဖို့ နည်းလမ်းကို ရှာဖွေလိုခြင်းပင်ဖြစ်သည်။ ပိုင်ချွမ်းက သူ့သားမက်ဖြစ်တာကြောင့် သူ့(ပိုင်ချွမ်း)ကိုစောင့်ရှောက်ဖို့ အကြောင်းပြချက်မလိုအပ်ပေ။
'စိတ်ထဲမှာတောင် စိတ်ဓာတ်ကျတာ နည်းနည်းမှ မကူညီနိုင်ဘူး။ တစ်ခြားသူတွေရဲ့သားမက်က သူတို့ရဲ့ယောက္ခမနဲ့အဆင်ပြေဖို့ အလျင်လိုနေတယ်' ဒါပေမယ့် သူလာတဲ့အခါ သူ့သားမက်အစား သူကသွားပေါင်းရမှာပေါ့။
“ ရှောင်ချွမ်း လာပြီးဒီမေးခွန်းတွေကို ကူကြည့်ပေးဦး ” မုရော့ကျုံးက သင်္ချာအိုလံပစ်မေးခွန်း အနည်းငယ်ကို ယူပြီး ပိုင်ချွမ်း ရှေ့တွင်ထားခဲ့သည်။
ပိုင်ချွမ်းက အဲ့ဒါကိုတစ်ချက်ကြည့်ပြီး ဘောပင်နဲ့ စရေးးတော့သည်။ သိပ်မကြာခင်မှာပဲ သူကဖော်မြူလာတစ်ခုလုံးကိုချရေးပြီး ပုစ္ဆာကို အရိုးရှင်းဆုံးနဲ့ နားလည်ရလွယ်ကူတဲ့ တွက်နည်းဖြင့်တွက်ထုတ်ခဲ့သည်။
"ဒါကို ဒီနည်းနဲ့ ဖြေရှင်းနိုင်ပြီး ရိုးရှင်းတဲ့ ဖော်မြူလာနဲ့ တွက်ချက်နိုင်တယ် " မေးခွန်းနှစ်ခုကိုဖြေရှင်းပြီးနောက်မှာ မုရော့ကျုံးက ပိုင်ချွမ်းရဲ့ သင်္ချာစွမ်းရည်များကြောင့် တစ်ဖန်ယုံကြည်လာပြီး ယောက္ခမ၏ဝိသေသလက္ခဏာကို ချက်ချင်းပယ်ဖျက်ပြီး fanboy အဖြစ်ပြောင်းလဲသွားသည်။
ပိုင်ချွမ်းက သူ့ကိုလျစ်လျူရှုခဲ့ပြီး ပုစ္ဆာများကို ဆက်လက်ဖြေရှင်းခဲ့သည်။ ထို့နောက် မူရင်းဖော်မြူလာကို အသုံးပြု၍ ကျန်ရှိတဲ့ သင်္ချာပုစ္ဆာများကို အတူတကွ တွက်ချက်ခဲ့သည်။
“ဒါဆို ဒီဖော်မြူလာကို ဒီမှာ သုံးလို့ရလား။ ဒါပေမယ့် ဒီဖော်မြူလာကို ဒီမှာ အစားထိုးလိုက်ရင်တော့ ” မုရော့ကျုံးက စာရွက်ကြမ်းပေါ်တွင် ပိုင်ချွမ်း ရေးသားသော တွက်ချက်မှုလုပ်ငန်းစဉ်၏ အစိတ်အပိုင်းအများအပြားကို အနီရောင်ဘောပင်နဲ့ ၎င်းဘေးတွင် အသစ်စက်စက် ဖော်မြူလာတစ်ခု ရေးထားသည်။ "ဒီဖော်မြူလာနဲ့ဆို မင်း အဆင့်တွေအများကြီး ချွေတာနိုင်တယ်"
ပိုင်ချွမ်းရဲ့ ပုစ္ဆာဖြေရှင်းနည်းတွေက ရိုးရှင်းပြီး ရှင်းလင်းသည်။ သူက ဘယ်တော့မှ အမှားမလုပ်တတ်ပေမယ့် ပြဿနာတွေကို ဖြေရှင်းတဲ့အခါ အရိုးရှင်းဆုံး ဖော်မြူလာတွေကိုပဲ သုံးတာ ထူးဆန်းသည်။ ခြေလှမ်းတစ်လှမ်းတည်းနဲ့ ရောက်နိုင်တဲ့ ရှင်းရှင်းလင်းလင်း တွက်ချက်တာတွေ အများကြီးရှိသည်။ သူကအဆင့်သုံးဆင့်မှ လေးဆင့်ကို အသုံးပြုရမည်ဖြစ်သည်။ မှန်ကန်သော်လည်း၊ ၎င်းသည် အကောင်းဆုံးနည်းစနစ်မဟုတ်ပေ။ ဤအချိန်အထိ မုရော့ကျုံးက အလွန်ထူးဆန်းသည်ဟု ခံစားခဲ့ရသည်။ နောက်ဆုံးတွင်၊ သူက ပိုင်ချွမ်းရဲ့ ဤအပြုအမူကို သူ့ပညာရှင်ရောဂါလက္ခဏာကိုသာအပြစ်တင်နိုင်သည်။
မုရော့ကျုံးက အင်တာနက်ပေါ်မှ ဆောင်းပါးအချို့ကိုဖတ်ရှုခဲ့ပြီး ပညာရှင်ရောဂါလက္ခဏာသူများသည် သူတို့မျက်စိရှေ့မှာ ပြဿနာတစ်ခုကို တွေ့တာနဲ့ ဦးနှောက်က ဖော်မြူလာများနဲ့ တွက်ချက်ခြင်းလုပ်ငန်းစဉ်များက အလိုအလျောက် ပေါ်ထွက်လာသည်။ အရိုးရှင်းဆုံးဖော်မြူလာက ပိုင်ချွမ်း ဦးနှောက်ထဲကသာ ထွက်ပေါ်လာနိုင်သည်။
"ကျွန်တော် နားမလည်ဘူး" ပိုင်ချွမ်းက ရုတ်တရက်ပြောလာခဲ့သည်။
“ ဘာကိုလဲ။ ” မုရော့ကျုံး ကြည့်မိလိုက်သည်။
"ရှောင်ယ နားလည်ဖို့က ရှုပ်ထွေးလွန်းတယ်" ပိုင်ချွမ်းက မုရှောင်ယ ပုစ္ဆာဖြေရှင်းတဲ့ လုပ်ငန်းစဉ်ကို နားလည်စေဖို့အတွက် မူလတန်းကျောင်းက သင်ခဲ့ရတဲ့ သင်္ချာပုံသေနည်းကို သုတေသနလုပ်ပြီး အသုံးပြုခဲ့သည်။ သူက သင်္ချာပုစ္ဆာများကို ဖြေရှင်းဖို့ လိုအပ်သည်ထက် စွမ်းအင်ပိုမိုသုံးစွဲခဲ့သည်။
“ …” မုရော့ကျုံးက သူ့သမီးငယ်ငယ်ကတည်းက သင်္ချာမတတ်ကြောင်း သတိရသွားသည်။ ဒါပေမယ့် သင်္ချာသင်ပေးတဲ့ သူ့အဖေဆီကနေ မသင်ယူခဲ့ဘူး။ အဲဒီအစား သင်္ချာသင်ယူဖို့ ဘေးအိမ်က ပိုင်ချွမ်းဆီကို သွားရတာ ကြိုက်သည်။ ဘာလို့လဲဆိုတော့သူမနားမလည်ရင် ပိုင်ချွမ်းက သူမကိုမိုက်မဲတဲ့သူလို့ မပြောလို့ပဲ။
ထို့ကြောင့် ပိုင်ချွမ်းက ပုစ္ဆာဖြေရှင်းနည်းတွေကို အရိုးရှင်းဆုံး ဖော်မြူလာများကိုသာ အသုံးပြုသည်။ သူ့သမီးအတွက်လား။
မုရော့ကျုံး နှုတ်ခမ်းက မဲ့ကျသွားသည်။ သူ့သမီးကို မိုက်မဲလို့ ကြိမ်းမောင်းရမလား ဒါမှမဟုတ် ပိုင်ချွမ်းကို ကြက်သတ်ဖို့ ဓားနဲ့ သူ့ကို ကြိမ်းမောင်းရမလားမသိပေ။
ထို့အတွက်ကြောင့် မုရော့ကျုံးက ညစာစားနေချိန်တွင် သမီးဖြစ်သူအား ကြိမ်ဖန်များစွာ စိုက်ကြည့်ခဲ့ရာ မုရှောင်ယကို နားမလည်နိုင်လောက်တဲ့ ခံစားချက် ဖြစ်စေပြီး သူမ ဘာအမှားလုပ်ခဲ့လဲ မသိခဲ့ပေ။
ညစာစားပြီးနောက်မှာ မုရှောင်ယက ပိုင်ချွမ်းကို ပိုင် မိသားစုအိမ် ပြန်မခေါ်သွားခင် သူမမိဘတွေနဲ့ ခဏလောက် စကားပြောခဲ့သည်။ လီရုံက သူမကိုအဝတ်ထည့်ကူဖို့ အိမ်အကူတစ်ဦးကိုလုပ်ခိုင်းတဲ့ ရည်ရွယ်ချက်ကောင်းကို ငြင်းဆန်လိုက်ပြီး မုရှောင်ယက သူမ ခရီးဆောင်အိတ်ကို ဆွဲထုတ်ကာ ပိုင်ချွမ်းရဲ့ ဗီရိုဆီတိုက်ရိုက်သွားခဲ့သည်။
ပိုင်ချွမ်းရဲ့ ဗီရိုက ကျယ်ပေမယ့် အဝတ်အစား စတိုင်တွေ အများကြီး မရှိဘူး။ ပထမတော့ မုရှောင်ယက ပိုင်ချွမ်းမားက ပိုင်ချွမ်းအတွက် အဝတ်အစားတွေ ဘာလို့ ထပ်မဝယ်တာလဲလို့ တွေးမိသည်။ ဒါပေမယ့် နောက်ထပ် တွေးကြည့်တော့ ပိုင်ချွမ်းရဲ့ ပင်ကိုယ်စရိုက်က သူ့တို့ကို မဝတ်တာ ဖြစ်နိုင်သည်။ သူ့အခန်းထဲမှာ ပစ္စည်းတွေများလွန်းရင် ပိုင်ချွမ်း ပျော်မှာမဟုတ်ဘူး။
“ ဒီတစ်ဝက်က ကျွန်မဗီရိုပေါ့ ” မုရှောင်ယက ခရီးဆောင်အိတ်ကို ဗီရိုရှေ့သို့ ဆွဲယူလိုက်သည်။
“အားလုံးက မင်းအတွက်ပါ” ပိုင်ချွမ်းက ရက်ရက်ရောရောပြောခဲ့သည်။
မုရှောင်ယက ရယ်လိုက်သည်: "ဟင့်အင်း ရှင့်ရဲ့ဗီရိုကအရမ်းကြီးတယ်။ ကျွန်မမှာ အဝတ်အများကြီးမရှိဘူး "
ပိုင်ချွမ်းက မျက်တောင်ခတ်ပြီး စကားမပြောလာဘူး။ သူကအနားမှာရပ်ပြီး မုရှောင်ယ သူမရဲ့ ခရီးဆောင်အိတ်ကိုဖွင့်ပြီး အဝတ်အစားတွေကို ဗီရိုထဲမှာ တစ်ထည်ပြီးတစ်ထည် ချိတ်နေတာကို ကြည့်နေသည်။
'ရှောင်ယရဲ့အဝတ်အစားတွေက အရမ်းနည်းတယ် သူ့လောက်မများဘူး။'
“အဲဒီမှာ ရပ်မနေနဲ့။ သွား ရေချိုးလိုက်" မုရှောင်ယက ပြောပြီး ဗီရိုထဲက ညအိပ်၀တ်စုံတစ်ထည်ကို ယူလိုက်ပြီး ပိုင်ချွမ်းကို ပေးလိုက်သည်။ "ရှင်အရင်ရေချိုးလိုက် ကျွန်မနောက်မှချိုးလိုက်မယ် "
ပိုင်ချွမ်းက သူ့လက်ထဲကအဝတ်တွေကို ကြည့်ပြီးနာခံမှုရှိစွာ လှည့်ထွက်သွားသည်။ မကြာခင်မှာပဲ မုရှောင်ယက ရေချိုးခန်းထဲက ရေသံကိုကြားလိုက်ရသည်။
မုရှောင်ယက ယခုတစ်ကြိမ်တွင် အဝတ်အစားများစွာ မယူလာဘဲ နွေရာသီအ၀တ်အစားများသာ ယူလာတာဖြစ်သည်။ သူမရဲ့ အခြားရာသီအလိုက် အဝတ်အစားတွေကို အိမ်တွင်ထားခဲ့သည်။ သူမပြောင်းရွှေ့ဖို့ အလျင်စလိုမလုပ်ခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူမမိဘတွေဆီ သွားလည်ပြီး ပစ္စည်းတွေကို ဖြည်းဖြည်းချင်း သယ်သွားလို့ရသည်။
သူမအဝတ်အစားတွေ ရှင်းပြီးချိန်မှာ မုရှောင်ယက အိပ်ခန်းထဲပြန်သွားကာ အခန်းအတွင်းရှိ တစ်ခုတည်းသော စားပွဲခုံပေါ်တွင် သူမနှင့်အတူ ယူလာခဲ့သော ကွန်ပျူတာနှင့် ပုံဆွဲကိရိယာအချို့ကို ချထားပြီးနောက် သူမ အသားအရေထိန်းပစ္စည်းများကို စတင်အသုံးပြုခဲ့သည်။
ထို့နောက် သူမရဲ့ အသားအရေထိန်းသိမ်းမှုထုတ်ကုန်များနှင့်စူးစမ်းလေ့လာခဲ့သည်။ သူမယခုအသုံးပြုနေသည့် အသားအရေထိန်းသိမ်းမှုပစ္စည်းများသည် လေးနှစ်အကြာ၌အသုံးပြုခဲ့သည့် ပစ္စည်းများထက်သိသိသာသာလျော့နည်းသော်လည်း ဈေးနှုန်းမှာများစွာနိမ့်ကျသည်။
ကံကောင်းထောက်မစွာ၊ သူမသည် ကောလိပ်မှ ဘွဲ့ရရှိပြီးနောက်မှာ Milk Muscle က ကွန်ပျူတာတွင် ရေပန်းစားခြင်း မရှိသေးဘဲ အဆီပိုထုတ်ခြင်းကို မဖြစ်ပေါ်စေသောကြောင့် အသားအရေ ထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်များကို ဝယ်ယူဖို့ငွေများစွာ သုံးစွဲဖို့ မလိုအပ်ပေ။
သူမက မိန်းမ မဟုတ်ဘူးလား။ အလှအပကို နံပါတ်တစ်အဖြစ် သဘောထားသင့်ပြီး တစ်ခုကိုတော့ သူမကိုယ်သူမ အမြဲလိုလိုလားလား ဆက်ဆံသင့်ပါတယ်။
“အင်း၊ ငါ ပိုက်ဆံရှာဖို့ ခက်ခက်ခဲခဲ လုပ်ရမှာပဲ”
သက်ပြင်းချနေချိန်မှာ ရေချိုးခန်းတံခါးက ရုတ်တရက်ပွင့်လာပြီး ရေချိုးပြီးတာနဲ့ အပြင်ကိုထွက်လာတဲ့ ညအိပ်ဝတ်စုံဝတ်ထားတဲ့ ပိုင်ချွမ်းဖြစ်သည်။
"ရေချိုးပြီးပြီ" ပိုင်ချွမ်းက မုရှောင်ယကိုကြည့်လိုက်သည်။
"ဒါဆို ကျွန်မရေချိုးလိုက်ဦးမယ် " မုရှောင်ယက သူမလက်ထဲတွင် အသားအရေထိန်းပစ္စည်းများကို ကိုင်ဆောင်ကာ ရေချိုးခန်းထဲမဝင်ခင် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။ သူမက နောက်ပြန်လှည့်ပြီး ပြောလိုက်သည်။ “ တစ်ခုခု အဆင်မပြေရင် ရှင် ကျွန်မကိုပြော ပြင်ပေးမယ် ”
နေ့ခင်းတုန်းက ပရော်ဖက်ဆာဖန်က အချို့သော အထီးကျန်ဝေဒနာရှင်တွေက သူတို့ အရာဝတ္ထုများအားနေရာချထားရာတွင် စွဲလမ်းမှုရှိသော ရောဂါရှိကြောင်းပြောကြားခဲ့သည်။ သူမက သူမအတွက်နေရာများစွာယူခဲ့ပြီး ပိုင်ချွမ်း မသက်မသာဖြစ် မဖြစ်ကိုမသိခဲ့ပေ။
"ဟင့်အင်း" ပိုင်ချွမ်း ခေါင်းခါလိုက်သည်။
"ဘာကိုလဲ။"
“ မင်းရဲ့ပစ္စည်းတွေက မသင့်တော်တာမရှိဘူး ” မုရှောင်ယ ပိုင်သရွေ့ နေရာတိုင်းတွင်ထားဖို့ သင့်လျော်တယ်လို့ သူထင်သည်။
ပိုင်ချွမ်းမှာ အရာဝတ္ထု စွဲလမ်းတတ်တဲ့ ရောဂါက သိပ်ပြီး မပြင်းထန်ဘူးလို့ ထင်ရသည်။ သူမပစ္စည်းတွေကို ရွှေ့ဖို့ မလိုအပ်တာကြောင့် မုရှောင်ယ ဝမ်းသာလွန်းလို့ ရေချိုးခန်းထဲကို ပြုံးပြီး ဝင်သွားသည်။
ရေချိုးခန်းထဲက ရေစီးသံကို ကြားရသည်။ အခန်းထဲမှာသူနဲ့မပတ်သက်တဲ့ ပစ္စည်းတွေ အများကြီးရှိသည်။ ပိုင်ချွမ်းက အဆင်မပြေခဲ့ပေမယ့် အဲ့ဒီအဆင်မပြေမှုက သူ့စိတ်ကျေနပ်မှုနဲ့ ဖုံးကွယ်သွားတယ် ။ ပိုင်ချွမ်းက သူ့စားပွဲဆီသို့သွားကာ မီးအိမ်ကို မူလနေရာ တစ်စင်တီမီတာဆီ ပြန်ရွှေ့သော်လည်း မုရှောင်ယရဲ့ ပစ္စည်းတွေကို မရွှေ့ခဲ့ပေ။
တစ်ခန်းလုံးကို ပြန်လှည့်ကြည့်ပြီးနောက် ဘာမှမရွေ့သွားကြောင်း သူတွေ့လိုက်ရသည်။ ပိုင်ချွမ်းက သက်ပြင်းအနည်းငယ်ချကာ တံခါးဖွင့်ပြီး အိပ်ခန်းမှထွက်ကာ တတိယထပ်ကို လျှောက်သွားသည်။
ပိုင် မိသားစု ဗီလာတွင် သုံးထပ်ရှိပြီး ပထမထပ်မှာ ဧည့်ခန်း၊ ထမင်းစားခန်းနှင့် မီးဖိုချောင်ဖြစ်သည်။ ဒုတိယထပ်နှင့် တတိယထပ်တို့သည် အိပ်ခန်းနှင့် ဧည့်ခန်းများဖြစ်သည်။ ဒါပေမယ့် ပိုင်ချွမ်းရဲ့ထူးခြားချက်ကြောင့် ပိုင်ချွမ်းရဲ့မိသားစုတွေ အားလုံးက သူ့ကို သက်တောင့်သက်သာနေရာပေးဖို့ ပိုင်ချွမ်းကို ဒုတိယထပ်တစ်ခုလုံးကို ထားခဲ့လိုက်သည်။ ပိုင်မိသားစုမှ အခြားသုံးယောက်သည် တတိယထပ်ရှိ အိပ်ခန်းများတွင် နေထိုင်ကြသော်လည်း ပိုင်ချွမ်းက ထိုနေရာကို လုံးဝမတက်ခဲ့ပေ။
တတိယထပ်ရဲ့ ညာဘက်အစွန်မှာရှိတဲ့ အခန်းထဲမှာ ပိုင်ကျန့်က ရေချိုးပြီး သွားတဲ့အခါ တံခါးကို ရုတ်တရက် ခေါက်လာချိန်မှာ အိပ်ရာမဝင်ခင် စာအုပ်ဖတ်တော့မယ့်ပုံပဲ။
ဒီအချိန်မှာ သူ့ကို ဘယ်သူရှာနေတာလဲ။
ပိုင်ကျန့် မျက်မှောင်ကြုတ်လိုက်သည်။ တံခါးကိုခေါက်လာသော်လည်း အသံမကြားရပါပေ။ သူ့ မိဘတွေနဲ့ အိမ်အကူတွေလည်း မဖြစ်နိုင်ပေ....... မုရှောင်ယလား။
ဤယူဆချက်က ပိုင်ကျန့်ရဲ့ အမူအရာကို အနည်းငယ်သိမ်မွေ့စေခဲ့သည်။ ဒါပေမယ့် သူလမ်းလျှောက်ပြီး တံခါးကိုဖွင့်လိုက်သေးသည်။
"ရှောင်ချွမ်း။" ပိုင်ကျန့်က တံခါးဝမှာ ပေါ်လာတဲ့ ရှောင်ချွမ်းကို စိုက်ကြည့်နေမိသည်။
"ကျွန်တော် အစ်ကိုကို လိုက်ရှာနေတာ " ပိုင်ချွမ်းက မျက်နှာသေနဲ့ပြောလာသည်။
"အာ။ အို့ အထဲဝင်ပြောလေ " ပိုင်ကျန့်က ပိုင်ချွမ်း ဝင်လာလို့ရအောင် အမြန်ဝင်သွားသည်။
ပိုင်ချွမ်းက သူ့စကားအတိုင်း ဝင်လာပြီး အိပ်ခန်းအလယ်မှာ ရပ်နေလိုက်သည်။
"အဲဒါ...မင်းထိုင်ပြီးပြောမလား။ တစ်ခုခုစားချင်ရင် ဦးလေးလီကို ယူလာခိုင်းလိုက်မယ် " သူ့ညီလေးက သူ့အခန်းထဲကို ပထမဆုံးအကြိမ် လာလည်တော့ ပိုင်ကျန့်က အလျင်စလိုဖြစ်ပြီး သူ့ကို ဘယ်လိုနှုတ်ဆက်ရမှန်းမသိဘူး။
"မလိုပါဘူး စကားပြောပြီးထွက်သွားမှာ " ပိုင်ချွမ်းက ခေါင်းခါလိုက်သည်။
"အိုး မင်းဘာပြောချင်တာလဲ။ " ပိုင်ကျန့်က သိချင်စိတ်ပြင်ပြနေတယ် ဘယ်လိုကိစ္စမျိုးက ပိုင်ချွမ်းကို သူ့ဆီလာတွေ့စေတာလဲ။
"ကျွန်တော် လစာလိုချင်တယ် "
“?!”ပိုင်ကျန့် ကြောင်အသွားသည်။ သူ့ညီလေး အစောက ဘာပြောလိုက်တာလဲ။ "မင်းဘာပြောလိုက်တာလဲ။ "
"လစာလိုချင်တယ်" ပိုင်ချွမ်းက ထပ်ပြောလာသည်။ ဒီတစ်ကြိမ်မှာတော့ သူ့အသံကအရင်ကထက် အသံကျယ်လာသည်။
“ …” ပိုင်ကျန့်က သူအစောက မှားကြားတာမဟုတ်ဘူးဆိုတာ အတည်ပြုလိုက်သည်။ သူ့ညီလေးက သူ့ကိုလစာပေးဖို့ တကယ်တောင်းဆိုနေသည်။ "ဘာလို့လဲ "
“ ကုမ္ပဏီက လူတိုင်းလစာရှိတယ်။ လတိုင်းအတွက် လစာပေးရတယ်။ ငါ သုံးနှစ်၊ ၆ လနဲ့ ၇ ရက်အလုပ်လုပ်ခဲ့တယ်..... ” ပိုင်ချွမ်းက ကုမ္ပဏီတွင် သူလုပ်ခဲ့တာကို စတင်ရေတွက်နေသည်။
“ ခဏလေး.....” ပိုင်ကျန့်က သူနဖူးကိုထောက်ထားလိုက်သည်။ ဘယ်သူက မင်းနဲ့လစာတွက်ချင်လို့လဲ။ “ငါ မင်းကိုမေးမယ် ဘာလို့ ရုတ်တရက် လစာလိုချင်တာလဲ အရင်က မလိုချင်ဘူးလို့ မပြောခဲ့ဘူးလား။ ”
"ရှောင်ယမှာ ငွေမရှိဘူး "ပိုင်ချွမ်းက ရှင်းရှင်းလင်းလင်းပြောခဲ့သည်။ ဟုတ်တယ် ရှောင်ယမှာ ငွေမရှိဘူး ဒါကြောင့် လက်ဆောင်များဝယ်ဖို့ အခြားထံမှ ငွေချေးရသည်။
"... " ဒီအဖြေကိုကြားပြီးတဲ့နောက်မှာ ပိုင်ကျန့် ဘာပြောရမှန်းတောင်မသိခဲ့ဘူး။ ' မုရှောင်ယမှာ ပိုက်ဆံမရှိဘူး၊ ဒါကြောင့် ပိုင်ချွမ်းက သူ့ဆီက လစာလာတောင်းတယ်။ ဘာမှားနေလဲ။ ဟုတ်တာပေါ့ မုရှောင်ယက ဘွဲ့ရပြီးစ ကောလိပ်ကျောင်းသူဖြစ်ပြီး ပိုက်ဆံမရှိပေ။ အဲဒါက ကျိုးကြောင်းဆီလျော်တယ်။ အဲဒီအစား၊ သူတို့ရဲ့ ပိုင် မိသားစုက လုံလောက်စွာ မစဥ်းစားခဲ့ကြဘူး။ သူတို့အတွက် စားဝတ်နေရေးစရိတ်တွေ ပေးမယ်လို့ မမျှော်လင့်ထားဘူး။ သူက လစာတောင်းဖို့ သူ့ညီလေးကို ညသန်းခေါင်မှာ သူ့အခန်းထဲကို လာခိုင်းမိသေးတယ်။'
"မနက်ဖြန် မင်းရဲ့လစာကို စာရင်းကိုင်ကို ငါရှင်းပေးလိုက်မယ် " ပိုင်ကျန့် သူအမှားလုပ်မိတာကို နက်နက်ရှိုင်းရှိုင်းခံစားခဲ့ရသည်။
ပိုင်ချွမ်းက ခေါင်းညိတ်ပြီး သူ့ကို သတိပေးလိုက်တယ်၊“ သုံးနှစ်၊ ခြောက်လနဲ့ခုနစ်ရက်”
"စိတ်မပူပါနဲ့ မင်းတစ်ပြားမှ မဆုံးရှုံးစေရဘူး" ပိုင်ကျန့် မျက်နှာမှာ အနက်ရောင် လိုင်းတွေပေါ်လာသည်။ 'သူ့ညီလစာကို ဘယ်လိုလျှော့ချနိုင်မှာလဲ။'
ပိုင်ချွမ်းက ချက်ချင်း ကျေနပ်သွားပြီး လှည့်ကာ တံခါးကိုဖွင့်ကာ ထွက်သွားလေသည်။ သူ့ရဲ့ "သူဌေး" ကို နှုတ်မဆက်ဘဲ လှုပ်ရှားမှုတစ်ခုတည်းနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်သည်။
ပိုင်ကျန့် ; "... "
ပိုင်ချွမ်း အခန်းထဲပြန်ရောက်တော့ မုရှောင်ယက ရေချိုးခန်းထဲက ထွက်လာပြီး ဆံပင်တွေကို မျက်နှာသုတ်ပုဝါနဲ့ သုတ်ရင်း ကုတင်ပေါ်မှာ ထိုင်နေသည်။
ပိုင်ချွမ်းက လှည့်ကြည့်လိုက်ပြီး မုရှောင်ယဆီကို မသွားခင် ဆံပင်လေမှုတ်စက်ယူဖို့ ရေချိုးခန်းကို လှမ်းကြည့်လိုက်သည်။
"ရှင်ပြန်လာပြီလား။" မုရှောင်ယက ပိုင်ချွမ်းကို ပြုံးပြလိုက်သည်။ သူမ ထွက်လာချိန် ပိုင်ချွမ်းကို မတွေ့သဖြင့် အံ့သြနေတာဖြစ်သည်။
"အမ်း ကိုယ် မင်းဆံပင်တွေခြောက်အောင် ကူပေးမယ် " လက်တွဲဖော်တွေက တစ်ယောက်နဲ့တစ်ယောက် ကူညီကြသည်။ မနေ့က ရှောင်ယ သူ့ဆံပင်ခြောက်အောင် ကူညီပေးခဲ့သည်။ ဒီနေ့တော့ သူက သူမဆံပင် ခြောက်အောင်ကူညီပေးချင်သည်။
"ဆံပင်ခြောက်အောင် ကူညီပေးမှာလား။" မုရှောင်ယ မျက်ခုံးပင့်လိုက်သည်။ "ကျွန်မ ဆံပင်က အရမ်းရှည်ပြီး ထူတယ်၊ ခြောက်သွေ့အောင် မှုတ်ဖို့ အချိန်ကြာလိမ့်မယ်"
"ကိုယ်ခြောက်တဲ့အထိ မှုတ်ပေးမယ် "ပိုင်ချွမ်းက အလေးအနက်ပြောလာသည်။
ခဏအခြောက်ခံပြီးနောက် ပိုင်ချွမ်းက မုရှောင်ယ မှန်ကန်ကြောင်းတွေ့ရှိခဲ့ပြီး သူမဆံပင်က အမှန်တကယ်ခြောက်သွေ့ဖို့ ခက်ခဲကြောင်း တွေ့ရှိခဲ့သည်။' မုရှောင်ယက ဆံပင်က သူ့ဆံပင်ထက် ၂၉ ဆခန့်ရှည်ပြီး ဦးရေပြားမှ အလွှာလိုက်ကျနေသည်။ လေပူက ဝင်ရခက်တယ်။ ဆံပင်ကို လက်ချောင်းများဖြင့် မြှောက်ထားဖို့ လိုအပ်ပြီး ခြောက်သွားသည်အထိ ဖြည်းညှင်းစွာ မှုတ်ရတယ်။ သူ့ ဆံပင်ခြောက်အောင်မှုတ်တာထက် ခြောက်ဆကနေ ခုနစ်ဆလောက် ပိုကြာတယ်။'
ဒါပေမယ့် ပိုင်ချွမ်းကတော့ ဒုက္ခမဖြစ်ပါပေ။ မုရှောင်ယရဲ့ဆံပင်ရှည်တွေက သူ့လက်ချောင်းထိပ်မှာပြေးနေတာကို သူသဘောကျသည်။
“ ရှင်ဘာလုပ်နေတာလဲ။” မုရှောင်ယက သူမမျက်နှာကို ထူးထူးခြားခြား လှည့်ကြည့်လာသည်။ ' ဆံပင်တွေ ကခြောက်နေပြီ၊ ပိုင်ချွမ်းက ဘာလို့ ဆံပင်တွေကို ကိုင်ထားသေးတာလဲ။'
“အရင်က…” ပိုင်ချွမ်းက ပြုံးလိုက်သည်။ "မင်းဆံပင်ကိုယူပြီး ငါ့မျက်နှာကို လာရိုက်တယ် "
အဲဒါနဲ့ ပိုင်ချွမ်းက ဆံပင်ရှည်ရှည်ကို ကိုင်လိုက်ပြီး သူ့ပါးကို ကပ်လိုက်သည်။
ယားယံတာကို မကြိုက်ပေမယ့် အရမ်းသက်တောင့်သက်သာရှိတယ်။ အဲဒါကို တွေးကြည့်လိုက်တော့ ပိုင်ချွမ်းရဲ့ အပြုံးက မသိစိတ်က နက်နဲလာပြီး ပါးချိုင့်နှစ်ခု ရုတ်တရက် ပေါ်လာပြီး မုရှောင်ယကို ပျော်ရွှင်စွာ နှုတ်ဆက်လိုက်သည်။
"ဒုန်း-ဒုန်း!"
မုရှောင်ယ သူမနှလုံးခုန်သံကိုကြားလိုက်ရသည်။
==
ပြဇာတ်ငယ်လေး ;
ကျစ််ဆံမြှီးလေးနဲ့ မုရှောင်ယ; 'အစ်ကိုပိုင်ချွမ်း ဘာလို့ ညီမကို လျစ်လျူရှုတာလဲ။'
ပိုင်ချွမ်းက မော့မကြည့်ဘဲ စာဆက်ဖတ်နေခဲ့သည်။
မုရှောင်ယက ဒေါသတကြီး ငြီးတွားလာသည်။ အဲ့နောက်မှာတော့ သူမက ပိုင်ချွမ်း မျက်နှာကို တစ်ချက်ပြီးတစ်ချက် ရိုက်ဖို့ သူမရဲ့ အနက်ရောင် ထူထူကျစ်ဆံမြီးနှစ်ခုကို အသုံးပြုခဲ့သည်။
ပိုင်ချွမ်းက ယားသွားပြီး နောက်ဆုံးတွင် ခေါင်းကိုမော့လိုက်သည်။
မုရှောင်ယက ကျစ်ဆံမြီးကို ဝှေ့ယမ်းပြီး ဂုဏ်ယူစွာ ပြောလာသည်။ ' ညီမကိုလျစ်လျူရှုလေ။ ညီမ အစ်ကို့ကို ရိုက်မယ်။'