ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား
#အပိုင်း ၁၉; မင်းကစာအုပ်တွေထက် ပိုလှတယ်
ဒုတိယနေ့
နှိုးစက်ဖွင့်ထားတဲ့ မုရှောင်ယက နံနက်စာမစားခင် ထခဲ့သည်။ သူမနဲ့အတူ ပိုင်ချွမ်းကို ပိုင်မိသားစု ထမင်းစားပွဲဆီ ခေါ်သွားခဲ့သည်။
လီရုံက တိတ်တိတ်လေး ပျော်ရွှင်နေခဲ့သည်။ သူမက မုရှောင်ယ သီးသန့်ဖြစ်နေတာကြောင့် စိတ်ပျက်လက်ပျက်ဖြစ်မည်ကို စိုးရိမ်တာကြောင့် အကြောင်းအရာတစ်ခုခုကို ရှာဖွေပြီး မုရှောင်ယနဲလ စကားပြောဖို့ တွေးနေမိသည်။
"ရှောင်ယ သမီးတက္ကသိုလ်မှာ ဒီဇိုင်းပညာကိုလေ့လာခဲ့တာကို မားမှတ်မိသေးတယ်" လီရုံက စပြီးမေးလိုက်သည်။
“ ဟုတ်တယ် သမီးဖိနပ်ဒီဇိုင်းကိုလေ့လာခဲ့တာ ”မုရှောင်ယက ပြန်ဖြေခဲ့သည်။
"ဖိနပ်ဒီဇိုင်းလား။ အဲ့ဒါကို မြင်ရတာရှားတယ် "
“အစကတော့ အဝတ်အစားဒီဇိုင်းအတွက် လျှောက်ထားခဲ့ပေမယ့် နောက်ဆုံးမိနစ်မှာ အမှားအယွင်းအနည်းငယ်ကြောင့် စာမေးပွဲကို ဖိနပ်ဒီဇိုင်းအဖြစ် ပြောင်းလဲခဲ့တာ။ ဒါပေမယ့် အချိန်အတော်ကြာလေ့လာပြီးတဲ့ နောက်မှာတော့ ဖိနပ်ဒီဇိုင်းက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ် ” မုရှောင်ယက ပြန်ဖြေလိုက်သည်။ "နောက်ပြီး ကိုယ်ကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ ဖိနပ်က ဝတ်ရတာ သက်တောင့်သက်သာပိုရှိပုံရတယ်"
“ဟုတ်တယ် အပြင်ကဖိနပ်တွေက ကြည့်ကောင်းပေမယ့် ခဏဝတ်ပြီးရင် ခြေထောက်ကို နာကျင်စေတယ်” လီရုံက သူမပြောသည့်အတိုင်း နက်ရှိုင်းစွာစွဲမှတ်သွားသည်။ “မား မကြာခဏဝတ်လေ့ရှိတဲ့ ဒေါက်မြင့်ဖိနပ်တစ်ရံက နိုင်ငံခြားမှာ စိတ်ကြိုက်လုပ်ထားတဲ့ ဖိနပ်တွေလေ ”
"သမီး ဒေါက်မြင့်ဖိနပ်ကိုလည်း ဒီဇိုင်းဆွဲနိုင်တယ် နောက်ကျ တစ်ရံကို စိတ်ကြိုက်ပြင်နိုင်အောင် ကူညီပေးမယ်၊ အဲဒီချိန်ကျရင် သမီးလက်ရာကို စမ်းကြည့်မှာမလား။ " မုရှောင်ယအနေနဲ့ သူမလက်ရာကို နိုင်ငံရပ်ခြားက လီရုံ အတွက် စိတ်ကြိုက်ပြုလုပ်ထားသည့် ဖိနပ်များနှင့် နှိုင်းယှဉ်၍မရနိုင်ကြောင်း သဘာဝကျကျ သိသော်လည်း ယောက္ခမဖိနပ်ကို စိတ်ကြိုက်ပြင်ဆင်ဖို့ ကူညီတာက ချွေးမအတွက် အဓိပ္ပါယ်အမျိုးမျိုးရှိကြောင်းကို မုရှောင်ယက တွေးခဲ့သည်။ နောက်ပြီး အဲ့ဒါကို လီရုံကလည်း ကြိုက်သည်။ ပြီးတော့ မုရှောင်ယက ပိုင်ချွမ်း မိသားစုအတွက် သူမပေးနိုင်တဲ့ အခြားလက်ဆောင်တွေကို အမှန်တကယ်ပင် မတွေးနိုင်တော့ပေ။
မုရှောင်ယ ပြောတာကိုကြားတော့ လီရုံက တကယ်ကို အံ့သြသွားသည်။ "ဖိနပ်ကို စိတ်ကြိုက်ပြင်လို့ရတာလား။"
"အမ်း, သမီးမကြာသေးခင်က စတူဒီယိုတစ်ခုပြင်ဆင်ကြီး အတန်းဖော်တစ်ဦးနဲ့ အလုပ်လုပ်နေပြီ အနာဂတ်မှာ သမီးတို့ကိုယ်ပိုင်အမှတ်တံဆိပ်ကို ဒီဇိုင်းဆွဲဖို့နဲ့ ဖိနပ်တွေကို စိတ်တိုင်ကျပြင်ဆင်ဖို့ အထူးစီစဥ်ထားတာ။ စတူဒီယိုပြီးသွားတဲ့အချိန် အမေ့အတွက် ဖိနပ်ကို ပထမဆုံးလုပ်ပေးမယ်။ "
"ဒါကောင်းတယ်၊ ကောင်းတယ် နောက်ပြီး အမေလည်း သမီး စတူဒီယိုရဲ့ ပထမဆုံးဖောက်သည်ဖြစ်လိမ့်မယ် "
“ အင်း ” မုရှောင်ယက လီရုံ တကယ်သဘောကျတာကို မြင်ခဲ့ပြီး သူမစိတ်ထဲ မကူညီနိုင်စွာဘဲ ပျော်ရွှင်နေမိသည်။
"စား " ရုတ်တရက် ပိုင်ချွမ်းက မုရှောင်ယ ပန်းကန်လုံးထဲ အခွံခွာပြီးသား ကြက်ဥ တစ်လုံးထည့်လာသည်။
“ကျေးဇူး ” မုရှောင်ယက ပြုံးပြီး ကြက်ဥကို အကိုက်လေးတွေနဲ့ စားလိုက်သည်။
ပိုင်ချွမ်းက မုရှောင်ယ စားသောက်နေတာကို ကြည့်ပြီးမှ အကြည့်ကို ပြန်ဆုတ်လိုက်ပြီး သူ့မနက်စာ ဆက်စားလိုက်သည်။
'အစောက ရှောင်ယ စကားပြောဖို့ အာရုံစိုက်နေတော့ မနက်စာစားဖို့ မေ့သွားတယ် '
ဤမြင်ကွင်းကိုတွေ့မြင်ပြီးနောက်မှာ ပိုင်မိသားစု သုံးယောက်က ရှုတ်ထွေးသွားပြီး နှလုံးသားထဲမှာ ချိုမြိန်တာနဲ့ ချဥ်စုတ်နေတဲ့အရာတွေ ရောနှောနေတာကို တွေ့လိုက်ရသည်။ ချဥ်စုတ်နေတာက ပိုင်ချွမ်းက သူတို့ကို ဘယ်တုန်းကမှ အစားအစာ မထည့်ပေးဖူးတဲ့အတွက်ပဲ ချိုမြန်တာကတော့ ပိုင်ချွမ်းက တစ်ခြားသူကို ဂရုစိုက်ဖို့ သင်ယူလာတာကြောင့်ပဲ။ အဲ့ဒါက သူ ပြင်ပကမ္ဘာဆီ ခြေတစ်လှမ်းတိုးလာခဲ့တာကို ဆိုလိုတာဖြစ်သည်။
"တရုတ်နိုင်ငံမှာ ဖိနပ်တွေကို ဝယ်သူ စိတ်ကြိုက်ပြုပြင်မွမ်းမံဖို့ဆိုတာ မလွယ်ကူဘူး" ပိုင်ကျန့်က ရုတ်တရက်ပြောခဲ့သည်။
"အာ။ " မုရှောင်ယက အနည်းငယ်ရှုပ်ထွေးသွားသည်။
“သာမန်လူတွေဟာ စိတ်ကြိုက်ဖိနပ်ကို လုံးဝမဖန်တီးကြဘူး၊ စိတ်ကြိုက်ဖိနပ်စီးတဲ့သူတွေကလည်း ဖိနပ်တွေအတွက် နိုင်ငံခြားက နာမည်ကြီးတံဆိပ်တွေဆီ ပုံမှန်သွားကြတယ်။ ဘွဲ့ရခါစနှစ်ယောက်အတွက် ဝယ်သူစိတ်တိုင်ကျ ဖိနပ်လုပ်တာက ပညာရှိရာမကျဘူး ” ပိုင်ကျန့်က သုံးသပ်ပြလာသည်။ “ကုန်ကျစရိတ်ကများတယ်၊ ဝယ်သူလာတာနည်းတယ်၊ အခြေခံအားဖြင့် လုပ်ဖို့ခက်ခဲတယ်”
ပိုင်ကောယွိက ဘာမှမပြောပေမယ့်သူက ပိုင်ကျန့်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုကို တကယ်သဘောတူခဲ့သည်။ မုရှောင်ယရဲ့အကြံဥာဏ်က ကောင်းပေမယ့် အကောင်အထည်ဖော်ဖို့ ခက်ခဲသည်။
"ပိုင်ကျန့် ရှောင်ယက စတောင်မစသေးဘူး။ သူမ လုပ်နိုင် မလုပ်နိုင်တာက ဘယ်လိုလုပ်သေချာမှာလဲ။" လီရုံက သူမသားကို မထီမဲ့မြင် အကြည့်တစ်ချက် ပေးလိုက်သည်။ သူမသားကြီးက စကားအလွန်အကျွံမပြောတတ်ပေ စကားအနည်းငယ်သာပြောပြီး အခြားတစ်ယောက်ကို သေစေနိုင်သည်။ 'နောက်ပြီး ဘာကိုလုပ်လို့မရမှာလဲ။ သူတို့ရဲ့ ပိုင်မိသားစုက ဒီငွေနည်းနည်းပဲရှိတာမလို့လား။ '
"... " ဝေဖန်ခံရသူ ပိုင်ကျန့်က ခဏတာ စကားမပြောဘဲ နေခဲ့သည်။ သူ့အား စီးပွားရေးနည်းပြလုပ်ဖို့ တောင်းပန်ရနေသည့် ပြင်ပလူများ များလွန်းနေသည်မှာ သိထားသင့်သော်လည်း သူလုပ်ဖို့ ပျင်းလွန်းလှသည်။ ယနေ့တွင် သူသည် ရှားရှားပါးပါး အစပြုခဲ့သော်လည်း အဲ့ဒိအစား အေးစက်သော ပခုံးကိုသာ အပေးခံခဲ့ရသည်။ “ကျွန်တော်ပြောချင်တာက ဒီလမ်းကို တကယ်လျှောက်ချင်ရင် လက်တွဲဖို့ နာမည်ကြီးကုမ္ပဏီတစ်ခုကို အရင်ရှာသင့်တယ်။ နင်ကျရင် မင်း လုပ်ငန်းနယ်ပယ်မှာ နာမည်ကောင်းရလာရင် ကိုယ်ပိုင်စတူဒီယိုကို ဖွင့်နိုင်တယ်” ပိုင်ကျန့်လည်း မုရှောင်ယ မည်သည့်နာမည်ကြီးကုမ္ပဏီများကိုမှ မသိကြောင်းသိသည်။ ထို့ကြောင့် သူက လေးလေးနက်နက်ပြောလိုက်သည်။ " GJ ရဲ့အထွေထွေမန်နေဂျာကိုငါသိတယ်။ မင်းလိုချင်ရင် မင်းကိုသူတို့ကုမ္ပဏီနဲ့မိတ်ဆက်ပေးမယ် "
GJ က ကမ္ဘာပေါ်တွင်လူသိများတဲ့ အားကစားဖိနပ်အမှတ်တံဆိပ်ဖြစ်သည်။
"အဲ့ဒါမှန်တယ် စီးပွားရေးမစခင် အတွေ့အကြုံတွေစုဆောင်းခြင်းက သမီးရဲ့အနာဂတ်လုပ်ငန်းအတွက် အထောက်အကူဖြစ်လိမ့်မယ်" ပိုင်ကောယွိကလည်း အကြံပေးခဲ့သည်။
ယခုအချိန်တွင် မုရှောင်ယက သူမအဖြေကို တွေးပြီးပြီ ပိုင်ကျန့်က သူမအပေါ် ကောင်းကြောင်း သူမသိသည်။ တကယ်တော့ သူမဘဝအရင်ဘဝတွင် ပိုင်ကျန့် အတွေးနောက်ကို သူမနောက်လိုက်ခဲ့သည်။ သူမကနိုင်ငံခြားမှာ နှစ်နှစ်ပညာသင်ကြားခဲ့ပြီးနောက် ထောက်ခံချက်ရရှိခဲ့သည် ။ သူမကနာမည်ကျော် နိုင်ငံခြားဖိနပ်အမှတ်တံဆိပ် ကုမ္ပဏီကို သူတို့ဒီဇိုင်နာအဖြစ် ဆက်လက်လျှောက်လှမ်းခဲ့သည်။ သူမနောက်ဆုံး၌ အောင်မြင်မှုအနည်းငယ်ရသောအခါ သူမငယ်ရွယ်စွာ သေဆုံးသွားပြီဖြစ်သည်။ မတက်နိုင်ပေမယ့် အရမ်းဝမ်းနည်းတာကိုခံစားရသည်။
“ တကယ်တော့ ညီမတို့မှာကြီးမားတဲ့ ရည်မှန်းချက်ကြီးကြီးမားမားမရှိဘူး ” မုရှောင်ယက ရှင်းပြလာသည်။ “ သမီးနဲ့အတူ စတူဒီယိုကိုဖွင့်ခဲ့တဲ့ အတန်းဖော် ဖန်းဟော်နဲ့ သမီးတို့နှစ်ယောက်စလုံးက အပြင်ထွက်ပြီး တခြားသူတွေအတွက် အလုပ်မလုပ်ချင်ကြဘူး။ ဒါကြောင့် ကိုယ်ပိုင်စတူဒီယိုကို ဖွင့်ဖို့စဉ်းစားခဲ့တာ။ အဆင့်မြင့်စိတ်ကြိုက်ဖိနပ်တွေ ထုတ်လုပ်ဖို့ပြောနေပေမဲ့ စျေးနှုန်းကသိပ်မြင့်မှာမဟုတ်ဘူး။ အဓိကပစ်မှတ်အုပ်စုတွေက လူလတ်တန်းစားနဲ့ အဆင့်မြင့် ရုံဝန်းထမ်းတွေပဲ။ အချိန်ကုန်လွန်လာရင် ရောင်းအားကောင်းတဲ့ Sneaker တွေကို ဒီဇိုင်းဆွဲပြီး အွန်လိုင်းမှာ ၀င်ငွေရဲ့အဓိကအရင်းအမြစ်အဖြစ် ရောင်းချမှာပါ။ ငွေအမြောက်အများရဖို့ မစဉ်းစားခဲ့ဘူး၊ သက်တောင့်သက်သာဖြစ်ဖို့နဲ့ အရှုံးမဖြစ်ရင် လုံလောက်ပါပြီ "
မုရှောင်ယ ဒီအကြောင်းကိုရှင်းပြပြီးတဲ့နောက်မှာ ပိုင်ကျန့်က စကားပြောတာကို ရပ်လိုက်ပြီး သူကအရမ်းစိတ်ပူနေတယ်လို့တောင် ခံစားခဲ့ရသည်။ သူမက စတူဒီယိုသေးသေးလေးတစ်ခုဖွင့်ချင်ပြီး ပတ်ဝန်းကျင်မှာ ကစားချင်တယ်။ သူမရဲ့ လိုအပ်ချက်က ငွေရှာဖို့မဟုတ်ဘူး၊ ဒီလိုထူးဆန်းတဲ့ စီးပွားရေးရည်မှန်းချက်က တကယ်ကို....... ပိုင်ကျန့်က ရက်စက်ကြမ်းကြုတ်တဲ့ ပါးစပ်ကို တင်းတင်းကြပ်ကြပ်ပိတ်လိုက်ပြီး ထိုအရာများကို ဆက်လက် အကဲဖြတ်မနေတော့ပေ။
“ ဒါဆို သမီးရဲ့စတူဒီယိုကဘယ်လိုလဲ။ ”လီရုံက စိတ်ဝင်တစား မေးလာသည်။
"သမီးတို့ တည်နေရာကောင်းတစ်ခုကို တွေ့ထားပြီးလို့ စတူဒီယိုကို ငှားပြီးပြီ။ နောက်တစ်ဆင့်ကတော့ အလှဆင်ဖို့ပဲ စတူဒီယိုမှာ တရားဝင်အလုပ်လုပ်ဖို့ နောက်ထပ်နှစ်လလောက်တော့ ကြာနိုင်တယ်" မုရှောင်ယက ပြောလိုက်သည်။
"ဒါဆို သမီး ဒီနှစ်လလောက်မှာ အလှဆင်ဖို့ အလုပ်ရှုပ်နေမှာလား။"
“အမ် ဒါပေမယ့် အလုပ်အများစုကို သမီးအတန်းဖော်က လုပ်မှာ သမီးက တစ်ခါတစ်မှ သွားကြည့်ရုံပဲ” မုရှောင်ယက မကြာခင်ကမှ လက်ထပ်ထားတာကြောင့် ဖန်းဟော်က သူမတို့ ပျားရည်ဆမ်းခရီးကို အနှောက်အယှက်မဖြစ်အောင် အလုပ်အများစုကို လွှဲပြောင်းလုယူခဲ့သည်။ အလှဆင်ဖို့ အစီအစဉ်ကို ဆွေးနွေးသည့်အခါမှသာ သူမက မုရှောင်ယကို ဆက်သွယ်ခဲ့သည်။
"စားလေ " ဒီအချိန်မှာ ပိုင်ချွမ်းက မုရှောင်ယကို ကြက်ဥတစ်လုံးပေးလာသည်။
“ …” မုရှောင်ယက အကူအညီမဲ့နေခဲ့သည်။ ' ပိုင်ချွမ်းက သူမကို ဘာလို့ ကြက်ဥတွေဆက်ပေးနေတာလဲ။ သူမက သူ့ကို တိုးတိုးလေး သတိပေးလိုက်သည်။' “ကျွန်မ ထပ်မစားနိုင်တော့ဘူး၊ ကြက်ဥ မပေးနဲ့တော့” 'အဲ့နောက်မှာ ပိုင်ချွမ်းပေးတဲ့ဒုတိယဥကို ကောက်ယူပြီး စားဖို့ စီစဉ်ခဲ့သည်။ သူမ တစ်ဝက်ကိုက်ပြီးချိန်မှာ ပိုင်ချွမ်းက ရုတ်တရက်ကြီး ကြက်ဥကို ပြန်ယူလိုက်မယ်လို့ ဘယ်သူသိမှာလဲ။'
"?!"
"မင်းမစားနိုင်တော့ဘူးဆို ကိုယ်စားလိုက်မယ်" ပိုင်ချွမက မုရှောင်ယရဲ့ ကြက်ဥတစ်ဝက်ကို တစ်ကိုက်တည်းမျိုချလိုက်သည်။
'ဒါ… ဒါက ရင်းနှီးလွန်းတယ်။ မုရှောင်ယ မျက်နှာက နီရဲလာပြီး အခြား ပိုင် မိသားစုရဲ့ မျက်နှာတွေကို မကြည့်ရဲကို သူမမျက်နှာကို မမော့ခဲ့ပေ။ '
မထင်မှတ်ပဲ ခွေးအစာတစ်လုတ် ကျွေးခံလိုက်ရတာတောင်မှ တခြားလူသုံးယောက်လုံးက သက်သာရာရသွားသည်။ လီရုံ စိတ်ထဲက အတွေးများကိုလည်း ခိုင်မာစေခဲ့သည်။
နံနက်စာစားချိန် ပြီးဆုံးသွားသောအခါ ပိုင်ကောယွိနဲ့ ပိုင်ကျန့်တို့က အလုပ်ကိုထွက်သွားကြသည်။ လီရုံက ရှောင်ယကိုရှာပြီး သူမစိတ်ထဲမှာ တွေးထားတဲ့အရာကို ရှင်းပြလိုက်သည်။
“ မား အဲ့ဒါဘာကိုဆိုလိုတာလဲ။ ပိုင်ချွမ်းနဲ့ သမီးခရီးအတူထွက်ဖို့လား။” မုရှောင်ယ အံ့သြသွားသည်။
"အဲ့ဒါအမှန်ပဲ " လီရုံကအပြုံးလေးနဲ့ ရှင်းပြလာတယ် “ ရှောင်ချွမ်းရဲ့ အဖွားနဲ့ ဖြစ်ပျက်ခဲ့တာတွေကြောင့် သမီးရဲ့မင်္ဂလာပွဲကို မကျင်းပနိုင်ပေမယ့် သမီးရဲ့ ဟန်းနီးမွန်းထွက်ဖို့ ကျန်နေသေးတယ်။ နောက်ပြီး ပရော်ဖက်ဆာဖန်ကလည်း ရှောင်ချွမ်းအတွက် လမ်းလျှောက်ထွက်တာက ကောင်းတယ်လို့ပြောတယ်။ အရင်ကတော့ ပိုင်ချွမ်းကို အပြင်ထွက်ဖို့ ခေါ်သွားမယ်ဆို သူလုံးဝသွားမှာမဟုတ်ဘူး။ ဒါပေမယ့် သမီးသာ သူနဲ့အတူ အပြင်ထွက်ရေင် သူပျော်မယ်လို့ မားထင်တယ် ”
မုရှောင်ယက ပိုင်ချွမ်းကို လှည့်ကြည့်လိုက်တော့ သူက ပန်းခြံထဲမှာ စာအုပ်ဖတ်ရင်း ထိုင်နေသည်။ မုရှောင်ယက သူ့ကို ဂရုမစိုက်ရင် ဒါမှမဟုတ် ခဏလောက် စကားမပြောရင် သူက စာအုပ်ဖတ်နေတာ ဒါမှမဟုတ် မှိန်းနေလိမ့်မယ်ဆိုတာကို သူမ ရုတ်တရက် သိလိုက်ရသည်။
"သူ့ကိုလမ်းလျှောက်ခေါ်သွားပြီး အပြင်လောကကို ပိုထိတွေ့ခွင့်ပြုလိုက် ပြင်ပကမ္ဘာကို သူပိုစိတ်ဝင်စားလေလေ သူပြန်လည်ကောင်းလာလေလေပဲ " ပါမောက္ခဖန်က မနေ့ကပဲ အကြံဥာဏ်ပေးခဲ့သည်။ ဒါကြောင့် မုရှောင်ယက ဒါကိုမှတ်မိသည်။ ဒီတစ်ခါမှာတော့ လီရုံက ဒီအကြောင်းကိုထပ်ပြောပြလာခဲ့ပြီး မုရှောင်ယရဲ့နှလုံးသားက တုန်လှုပ်သွားခဲ့သည်။
"တစ်ကယ်လို့ မား သမီးနဲ့စိတ်ချတယ်ဆို သမီးစိတ်ထဲမှာ နေရာတစ်ခုရှိတယ် အဲ့ဒါက ရှောင်ချွမ်းနဲ့လည်းသင့်တော်တယ်" မုရှောင်ယ ပြောလာသည်။
" ဒါပေါ့ ဒါပေါ့ မားစိတ်ချတယ်" မုရှောင်ယကို သူမချွေးမအဖြစ် လက်ခံပြီးကတည်းက လီရုံက သူမကို ယုံကြည်ဖို့ ရွေးချယ်ခဲ့ပြီး ပိုင်ချွမ်း ရဲ့ အခြေအနေ စတင်လာချိန်တုန်းက မုရှောင်ယ လုပ်ခဲ့တာတွေကြောင့် ပိုင် မိသားစုက ကောင်းကောင်းလက်ခံခဲ့တာ ကြာပြီ ဖြစ်သည်။
"ဒါဆို... ခရီးစဉ်အတွက် ပိုင်ချွမ်းယူဖို့ လိုအပ်တဲ့အရာတွေကို သမီးပြင်ဆင်လိုက်မယ်" မုရှောင်ယက လျင်မြန်စွာဆုံးဖြတ်ခဲ့သည်။
"ကောင်းပြီ သမီးပြင်ဆင်ထားလိုက် ဒါဆို သမီးရဲ့အိတ်တွေကို မားထုပ်ပေးမယ်" လီရုံက အန်ကယ်လီကို ရှာပြီး လူနှစ်ယောက်အတွက် ကြိုတင်ပြင်ဆင်မှုအချို့ပြုလုပ်ဖို့ စိတ်လှုပ်ရှားစွာဖြင့် ထွက်ခွာသွားခဲ့သည်။ မုရှောင်ယ သွားမယ့်နေရာကို လီရုံက ဂရုမစိုက်ဘူး။ ' ဘာပဲဖြစ်ဖြစ် အဲ့ဒါကို နောက်ပိုင်းမှ စဉ်းစားလို့ရတယ်။ ပစ္စည်းတွေကို ထုပ်ပိုးဖို့က ပိုအရေးကြီးတယ်။'
ခရီးသွားဖို့ ဆုံးဖြတ်ပြီးနောက် ပထမဆုံးလုပ်ရမှာက ခရီးသွားမယ့်အဖော်ကို ပြောပြဖို့ဖြစ်သည်။
မုရှောင်ယ ပိုင်ချွမ်း နံဘေးသကိုလျှောက်သွားချိန် သူမ ယောက္ခမနှင့် စကားပြောနေစဉ်တွင် ပိုင်ချွမ်းက သူထုတ်လိုက်သော စာအုပ်၏ သုံးပုံတစ်ပုံကို ပြီးသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
'ဒီစာအုပ်က ဘာစာအုပ်လဲ။ ' မုရှောင်ယက ၎င်းတွင်ရေးထားသောစာကြောင်းအချို့ကိုကြည့်ရန်ကြိုးစားသော်လည်း၊ အမျိုးမျိုးသောအဆင့်မြင့်သောကျွမ်းကျင်သောဝေါဟာရများသည် နိုင်ငံရပ်ခြားတွင် 4 နှစ်နေထိုင်ခဲ့သောသူမအား စာမတတ်သူဟုခံစားရစေသည်။ မုရှောင်ယက စာဖတ်တာကို စွန့်လွှတ်လိုက်ပြီး အဝေးကို ကြည့်လိုက်ပြီးနောက် လက်ဖဝါးကို ဆန့်ထုတ်ကာ စာအုပ် အကြောင်းအရာကို ပိတ်ဆို့လိုက်သည်။
သူ့အမြင်အာရုံကို ပိတ်ဆို့သွားသောအခါ ပိုင်ချွမ်းက မသိစိတ်ဖြင့် ခေါင်းကို မော့လိုက်သည်။ မုရှောင်ယကို တွေ့လိုက်သောအခါ သူ့မျက်နှာပေါ်တွင် သဘာဝအတိုင်း အပြုံးတစ်ခုပေါ်လာသည်။
"အဲ့ဒီစာအုပ်က ကြည့်ကောင်းလား။"
"အမ်း " ပိုင်ချွမ်းက ခေါင်းညိတ်လိုက်သည်။
မုရှောင်ယက ရုတ်တရက် သူ့ကို ကျီစားချင်တာကြောင့် သူမ တမင်တကာ မေးလိုက်သည်။ "ဒါဆို ကျွန်မက ကြည့်ကောင်းလား၊ ဒါမှမဟုတ် စာအုပ်က ကြည့်ကောင်းလား။ "
“မင်းက ကြည့်ကောင်းတယ် ” ပိုင်ချွမ်းက မဆိုင်းမတွ ပြန်ဖြေလာသည်။
'ဝုန်း'
မုရှောင်ယက သူမရင်ဘတ်ကို ဖုံးအုပ်ထားပြီး သူမက ဝိညာဉ်သည် အချိန်အတော်ကြာအောင် သူမခန္ဓာကိုယ်သို့ ပြန်မရနိုင်တော့ပေ။ တစ်ဖက်လူက လိမ်နေမှန်းသိရင်တောင်မှ မင်းပျော်နေမှာပါ၊ ဒါပေမယ့် ဒါက လိမ်ပြောလို့မရတဲ့ ပိုင်ချွမ်းပဲ၊ သူက ကြည့်ကောင်းတယ်လို့ ပြောရင် သူမက ပိုင်ချွမ်းရဲ့ မျက်လုံးထဲမှာ ကြည့်ကောင်းနေလို့ပဲ။
ဤအသိအမှတ်ပြုမှုက မုရှောင်ယကို လွန်စွာဝမ်းသာပီတိဖြစ်စေခဲ့ပြီး သူမသည် နားရွက်ထိ ပြုံးနေခဲ့သည်။ သူမက ပိုင်ချွမ်းကို ပြောလိုက်တယ် “ ခရီးသွားကြရအောင်”
“ ခရီးသွားမှာလား။” ပိုင်ချွမ်းက မျက်မှောင်ကြုတ်လိုက်တယ် သူခရီးသွားရတာမကြိုက်ဘူး။ အရင်က သူ့မိသားစုက သူ့ကိုခရီးခေါ်သွားချင်ခဲ့သည်။ ဒါပေမယ့် အပြင်မှာ ဆူညံလွန်းပြီး ပတ်ဝန်းကျင်ကလည်း ထူးဆန်းတာကြောင့် အပြင်ထွက်တာကို လုံးဝမကြိုက်ဘူး။
"ဟုတ်တယ် ကျွန်မတို့နှစ်ယောက်ပဲ ကျွန်မတို့သွားဆော့ကြမယ်" မုရှောင်ယက ဆက်ပြောလာသည်။ "ကျွန်မအမြဲသွားချင်နေတဲ့နေရာရှိတယ် ဒါပေမယ့် ဘယ်တော့မှ ရောက်ဖို့အခွင့်အရေးမရှိခဲ့ဘူး၊ ဒီတစ်ခါတော့ ရှင့်ကြောင့်သွားရတော့မယ်။ "
'ရှောင်ယ အမြဲသွားချင်ပေမယ် ဘယ်တော့မှ အခွင့်အရေးမရခဲ့ဖူးတဲ့ နေရာလား။ '
"အိုကေ " ပိုင်ချွမ်း ခေါင်းညိတ်လိုက်သည်။ ' ရှောင်ယ သွားချင်ရင် သူ သူမနဲ့အတူလိုက်သွားချင်တယ်။ နည်းနည်း ဆူညံတယ်ဆိုရင် ရှောင်ယ သူ့အတွက် ၀ယ်ပေးထားတဲ့နားကြပ်တွေကို သူယူသွားနိုင်တယ်။'
"ကျွန်မမှာ အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်၊ သူမက ရှင့်ကို အရမ်းသိချင်နေတာ၊ ဒါကြောင့် ရှင့်ကို အဲဒီအချိန်ကျ မိတ်ဆက်ပေးမယ် " မုရှောင်ယက စိတ်လှုပ်ရှားစွာပြောခဲ့သည်။ "သူမမိသားစုမှာ အရမ်းကြီးတဲ့ ချယ်ရီဥယျာဉ်ရှိတယ်၊ ကျွန်မတို့ ချယ်ရီသီးတွေ ရွေးပြီး အဲဒီနေရာမှာ အတူတူစားလို့ရတယ်။ "
"အိုကေ " ပိုင်ချွမ်း ရယ်လိုက်မိသည်။ ရှောင်ယချယ်ရီသီးတွေကိုစားရတာကို တကယ်သဘောကျတယ်ဆိုတာ သူမှတ်မိသည်။ ဒါကြောင့် နွေရာသီတိုင်း အဘွားက သူစားချင်တဲ့အသီးကိုမေးတဲ့အခါသူက 'ချယ်ရီသီး' လို့ အမြဲတမ်း အဖြေပေးခဲ့သည်။
မုရှောင်ယ ကလေးဘဝတုန်းက ဖွားဖွားပိုင်ရဲ့အိမ်ကို သွားတိုင်း စားပွဲရဲ့ပေါ်မှာ ချယ်ရီသီးတွေအမြဲရှိခဲ့တယ်ဆိုတာကို မုရှောင်ယ မှတ်မိသေးသည်။ ပိုင်ချွမ်းက ချယ်ရီသီးစားရတာ ကြိုက်တယ်လို့ ဖွားဖွားပိုင်က ပြောပြဖူးသည်။
"အမ်း " ပိုင်ချွမ်း ခေါင်းညိတ်လိုက်သည်။
..........
ET/N; မထင်မှတ်ပဲ၊ အဲဒီမှာ တခြားလူသုံးယောက်က ခွေးအစာတစ်လုတ် ကျွေးခံလိုက်ရတာတောင် သက်သာရာရသွားတယ်။(Lovey-dovey မြင်ကွင်းကိုပြသထားရာ၊ ၎င်းသည် single people ကိုရည်ညွှန်းသော 'single dog' ဟူသောဝေါဟာရမှဆင်းသက်လာသည်)
ဒီအားလပ်ရက်မှာ အရမ်းကြည့်လို့ကောင်းတယ့်~ လှပတဲ့ရှုခင်းတွေကို ခရီးသွားရတာ နှစ်သက်ပြီး ပန်းရောင်နဲ့ အဖြူရောင် ချယ်ရီတောတွေရဲ့ မြင်ကွင်းတွေကို သဘောကျတယ်~ o(^▽^)o