အပိုင်း ၂၀
Viewers 554

ညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

#အပိုင်း ၂၀; လစာကဒ်လွှဲပေးခြင်း

မုရှောင်ယ သွားချင်တဲ့ ချယ်ရီဥယျာဉ်က သူမသူငယ်ချင်း လျန်းနျိုနျိုရဲ့ ဇာတိမြို့ဖြစ်သော်လည်း သွားဖို့ ဘယ်တော့မှ အခွင့်အလမ်းမရရှိခဲ့ပေ။ သူမအရင်ဘဝတွင် ဘွဲ့ရပြီးနောက် သူမသွား၍မရသောနေရာများကို တွေးနေမိတာကြောင့် မုရှောင်ယက ပိုင်ချွမ်းနဲ့ သူမရဲ့ ဟန်းနီးမွန်းခရီးအဖြစ် သတ်မှတ်လိုက်သည်။ နောက်ပြီး လျန်းနျိုနျိုရဲ့ ချယ်ရီခြံက တောင်ပေါ်ဒေသတွင် တည်ရှိပြီး လျန်းနျိုနျို ကိုယ်တိုင်ကလည်း သူမ ဇာတိမြို့က လှပသပ်ရပ်ပြီး အပြင်ဘက်မှာ အခြားသော ခရီးသွားဧည့်သည်တွေလည်းမရှိပေ။

အရေးအပါဆုံးအရာမှာ တောင်ပေါ်ဒေသရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ လူဦးရေနည်းပါးမှုတို့ကြောင့်ဖြစ်ပြီး အဲ့ဒါက ပိုင်ချွမ်းကို ပိုသက်တောင့်သက်သာ ဖြစ်စေသင့်သည်။

သူတို့ခရီးဆောင်အိတ်များကို စစ်ဆေးပြီးနောက် လေဆိပ်ကို ပို့ပေးတဲ့ ဦးလေးလီကို နှုတ်ဆက်လိုက်သည်။ နောက်တော့ မုရှောင်ယက ပိုင်ချွမ်းကို စောင့်ဆိုင်းခန်းအတွင်း ခေါ်ဆောင်သွားခဲ့သည်။ ပထမတန်းစားလက်မှတ်များကို ကြိုတင်မှာယူထားသဖြင့် စောင့်ဆိုင်းနေသူ လူများစွာမရှိခဲ့ပါ။ မုရှောင်ယက လျန်းနျိုနျိုကို ဆက်သွယ်ပြီး လေယာဉ်ဆင်းသက်မည့်အချိန်ကို တွက်ချက်ခဲ့သည်။

လျန်းနျိုနျို; ' နင် လေယာဉ်ပေါ်ကဆင်းပြီးရင် ရထားဘူတာကို တက္ကစီစီးပြီး ရုန်ရှန်းကို သွားမယ့် နောက်ဆုံး ရထားလက်မှတ်ကို ဝယ်လိုက်။ ပြီးရင် နင့်ကိုခေါ်ဖို့ တစ်ယောက်ယောက်ကို ငါစီစဉ်ပေးမယ် '

မုရှောင်ယက မျက်ခုံးပင့်လိုက်သည်; 'ရထားနဲ့သွားဖို့လိုသေးတာလား။'

လျန်းနျိုနျို;‘အဲဲဒါက ကျေးလက်ဒေသတွေမှာ အဆင်မပြေဘူး။ ဒါပေမယ့် လမ်းတလျှောက် ရှုခင်းတွေက တကယ်ကောင်းတယ်။ ရထားကိုယ်တိုင်က သမိုင်းကနေ နုတ်ထွက်သွားတော့မယ့် အစိမ်းရောင် ခြယ်သထားတဲ့ ရထားတစ်စင်းလိုပဲ '

မုရှောင်ယ; ‘ဒါပေမယ့် ငါအဲ့တာကိုတကယ်မယူချင်သေးဘူး '

လျန်းနျိုနျို; 'ဒီတစ်ခါ နင့်ကို လေဆိပ်ကနေ မခေါ်နိုင်ဘူး၊ နင်တို့ ရောက်တဲ့အထိစောင့်၊ ဒီကျွန်မိသားစုက နင့်ကို ကောင်းကောင်း ဆက်ဆံလိမ့်မယ် (မျက်စောင်းထိုး.gif) '

မုရှောင်ယ ရယ်မောလိုက်သည်။ သူမ ပိုင်ချွမ်းကို ခေါင်း လှည့်ကြည့်လိုက်ချိန် သူ့မျက်နှာပေါ်က မေးခွန်းထုတ်သည့် အမူအရာကိုတွေ့လိုက်ရသည်။

"နျိုနျိုက ပြောတယ်၊ လေယာဉ်ပေါ်က ဆင်းပြီးတဲ့အခါကျွန်မတို့ ရထားပြောင်းပြီး စီးရမယ်။ ချယ်ရီခြံကို ရောက်တဲ့အခါ မှောင်နေလိမ့်မယ်လို့ ခန့်မှန်းရတယ်" မုရှောင်ယက ရှင်းပြလိုက်သည်။

ပိုင်ချွမ်းက သူ့မှာ ဘာမှငြင်းစရာမရှိကြောင်း ခေါင်းငြိမ့်လိုက်သည်။ ဒါပေမယ့် ဒီနျိုနျိုကို သူအရင်တုန်းက ကြားဖူးပုံရသည်။

“ နျိုနျို သူမက မင်းကို နောက်ဆုံးအကြိမ် ငွေထုတ်ချေးခဲ့တဲ့ သူငယ်ချင်းလား။ ” ပိုင်ချွမ်းက မေးလာသည်။

"အဲဒါ ရှင်ကြားသွားတာလား။" မုရှောင်ယက နည်းနည်းရှက်သွားသည်။ သူမက ပိုင်ချွမ်းကို နားကြပ် ဝယ်ပေးချင်သော်လည်း ၎င်းအတွက် ပိုက်ဆံချေးနေရဆဲဖြစ်သည်။ အဲ့ဒါက အမှန်တစ်ကယ် ရှက်စရာကောင်းသည်။ သူမဖုန်းခေါ်သောအခါတွင် သူမက တမင်တကာ ခပ်လှမ်းလှမ်းသို့ လျှောက်သွားခဲ့သော်လည်း သူမက ပိုင်ချွမ်း ကြားနိုင်ဆဲဖြစ်ကြောင်း မမျှော်လင့်ခဲ့ပေ။

"အင်း " ပိုင်ချွမ်း ခေါင်းညိတ်လိုက်သည်။ 'မှန်တယ်၊ သူကြားတယ်။'

"အဟွတ် ~ ~" မုရှောင်ယက မသက်မသာ ချောင်းဆိုးလိုက်သည်။

“ ဒီမှာ ” ရုတ်တရက် သူမရှေ့တွင် ငွေဘဏ်ကဒ်တစ်ခုပေါ်လာသည်။

“ ဒါက။ ” မုရှောင်ယ ကြောင်သွားသည်။

"ကိုယ့်လစာကဒ် " ပိုင်ချွမ်းက ပြောလာသည်။ “ အားလုံးက မင်းအတွက် မင်းငွေချေးစရာမလိုတော့ဘူး ”

ပိုင်ကျန့်က သူ့ညီရဲ့ တောင်းဆိုမှုကို နားထောင်ပြီးနောက် ပိုင်ချွမ်းရဲ့ အကောင့်တွေကို အမြန်ဖြေရှင်းဖို့ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးဌာနကို သွားခဲ့သည်။ အထူးသဖြင့် ဂဏန်းများကို သတိထားတတ်သော သူ့ညီလေး ပြဿနာတစ်စုံတစ်ရာ မတွေ့ရှိစေဖို့ ပိုင်ချွမ်းရဲ့ လစာကို ဒဿမအထိတွက်ပြီး နောက်ဆုံးဂဏန်းနှစ်လုံးအထိ ရေတွက်ဖို့ ဘဏ္ဍာရေးဌာနကို အထူးညွှန်ကြားခဲ့သည်။ အဲဒီ့နောက် သူဒီမနက် အလုပ်မသွားခင် ပိုင်ချွမ်းကို ကိုယ်တိုင်ပေးခဲ့သည်။

“ ရှင့်ရဲ့လစာကဒ်။ ” မုရှောင်ယ အနည်းငယ်အံ့သြသွားပြီး သူမကအရာရာကို ဖြေရှင်းဖို့ခဏလောက်ယူခဲ့ရသည်။ လီရုံက သူမကို ပိုင်ချွမ်း အလုပ်လုပ်တာကို ပြောဖူးသည်။ သူက သူတို့ကုမ္ပဏီမှာပဲ ပရိုဂရမ်းမင်းလုပ်ခဲ့ပုံရသည်။

“အင်း၊ လစာကတ် လွှဲပေးတာ ” ပိုင်ချွမ်း ရဲ့လက်က ရှေ့ကို ဆန့်လိုက်ပြန်သည်။

'လစာကတ် လွှဲပေးတာလား။ ဒါက ဘာကိုဆိုလိုတယ်ဆိုတာ သူနားလည်လား။ နောက်ပြီး ပိုင်ချွမ်းက 'လစာကတ်လွှဲပြောင်းပေးခြင်း' အကြောင်းကို ဘယ်လိုသိတာလဲ။'

မုရှောင်ယက သူ့ကို မကူညီနိုင်စွာ မေးလိုက်တယ် "ရှင့်ကို လစာကတ် လွှဲပေးတာကို ဘယ်သူပြောတာလဲ။"

"အဖွားကပြောတာ ကိုယ်အနာဂတ်မှာ လက်ထပ်တဲ့အခါ ကိုယ့်ရဲ့လစာကဒ်ကို ကိုယ့်ဇနီးဆီလွှဲပြောင်းပေးရမယ်တဲ့" ဒါက သူအလုပ်လုပ်တဲ့ ပထမဆုံးနေ့မှာပဲ သူ့အဖွားကပြောခဲ့တာ။ နှစ်ပေါင်းများစွာကြာသွားပေမယ့် ပိုင်ချွမ်းက မှတ်ဉာဏ်ကောင်းတာကြောင့် ရှင်းရှင်းလင်းလင်း မှတ်မိသည်။“ မင်းကကိုယ့်ဇနီးပဲ၊ ဒါကြောင့် ကိုယ့်ရဲ့လစာကဒ်ကိုလွှဲပေးတာ ”

'မင်းကကိုယ့်ဇနီး။ '

ပိုင်ချွမ်းရဲ့ လေသံက ပျော့ပျောင်းပြီး လွှမ်းမိုးချုပ်ကိုင်မှု လုံးဝမရှိပေမယ့် မုရှောင်ယကတော့ သူမကိုယ်သူမ ရှက်ရွံ့တာကနေ မတက်နိုင်ခဲ့ပါပေ။ 

' အာ ဒီကောင်လေး သူက လှည့်စားတာ သဘာဝကျတယ်။ ငါအရင်ကဘာလို့မတွေ့ခဲ့တာလဲ '

“ ရှင် ကျွန်မကို ရှင့်ပိုက်ဆံတွေအားလုံးကိုပေးနေတာလား။”မုရှောင်ယက လစာကတ်ကို ယူလိုက်သည်။

"အားလုံးကို ပေးတာ စကားဝှက်က ကိုယ့်မွေးနေ့။ ကိုယ့်မွေးနေ့က ... "

"သိပါတယ် ကျောင်းမဖွင့်ခင် တစ်ရက်အလိုမှာ " ပိုင်ချွမ်း မွေးနေ့က သြဂုတ်လ ၃၁ ရက်နေ့ဆိုတာကို မုရှောင်ယ မှတ်မိသည်။ ငယ်ငယ်တုန်းက ကျောင်းမဖွင့်သေးချိန်မှာ ဖွားဖွားပိုင် အိမ်ကိုသွားပြီး ပိုင်ချွမ်း မွေးနေ့အတွက် ပြင်ဆင်ရာမှာ ကူညီခဲ့သည်။ အဲဒါက ပိုင်ချွမ်း ရဲ့ မွေးနေ့ဖြစ်သလို မုရှောင်ယအတွက် နောက်ဆုံး နွေရာသီ အားလပ်ရက်ရဲ့ ကြီးမားတဲ့ အစားအစာလည်း ဖြစ်သည်။

"အင်း " ပိုင်ချွမ်းက ပါးချိုင့်တွေပေါ်လာတဲ့အထိ ပြုံးလိုက်သည်။ 'ရှောင်ယက သူ့မွေးနေ့ကိုမှတ်မိတယ်။ သူမ မှတ်ဉာဏ်က သိပ်မကောင်းဘူး။ ဒါပေမယ့် သူမွေးနေ့ကိုတော့ မှတ်မိတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက သူမနဲ့ မွေးနေ့မလုပ်ခဲ့ပေမယ့် သူမ မမေ့သေးဘူး။ '

'သူမ မမေ့ခဲ့ဘူး~~'

သည်းမခံနိုင်တော့ဘဲ ပိုင်ချွမ်းက အနည်းငယ် ဝမ်းသာအားရ ခုန်တက်သွားသည်။

"အဲဒါဆို ဒါကို ကျွန်မသုံးလိုက်မယ်" မုရှောင်ယက မယဉ်ကျေးတော့ဘူး။ သူမမှာ ပိုက်ဆံအများကြီး မကျန်တော့ဘူး။ လျန်းနျိုနျိုက သူတို့ကို ဒီခရီးစဉ်မှာ လက်ခံကျင်းပပေးမှာဖြစ်ပြီး ပိုက်ဆံအများကြီးသုံးစရာမလိုပေမယ့် သူတို့ရဲ့ ခရီးသွားစရိတ်ကို ကာမိဖို့ ငွေလိုနေသေးသည်။ ဒုတိယအနေနဲ့ ဒီတစ်ကြိမ် သူတို့ရဲ့ခရီးစဉ်မှာ ပိုင် မိသားစုက သူတို့ကို ပိုက်ဆံအပိုမပေးလိုက်ဘူး၊ ဒီကတ်ရှိနေတာကို သူတို့သိထားပြီးဖြစ်လို့ ဖြစ်ရမည်။ ပိုင်ချွမ်း လစာဘယ်လောက်ရလဲ သူမ မသိဘူး၊ မိသားစုကို ထောက်ပံ့နိုင်ပါ့မလား (သူမနဲ့ ပိုင်ချွမ်း) .........

မုရှောင်ယ ခဏလောက်တွေးပြီး သူမကို အရင်က လက်ထပ်ထားတဲ့ လုပ်ဖော်ကိုင်ဖက်တွေပြောတဲ့ လုံခြုံမှုကို ရုတ်တရက် သဘောပေါက်သွားသည်။

နှစ်နာရီကြာပျံသန်းပြီးနောက် လေယာဉ်က လုံခြုံစွာဆင်းသက်ခဲ့သည်။ သူတို့ခရီးဆောင်အိတ်များကိုယူပြီး မုရှောင်ယက တက်စ်စီတစ်စီးခေါ်ကာ ရထားဘူတာကို တည့်တည့်သွားခဲ့သည်။ ရထားလာမည့်အချိန်ကို စောင့်ရင်း မုရှောင်ယက လျန်းနျိုနျိုကို သတင်းပို့ရန် မက်ဆေ့ချ်ပို့လိုက်သည်။

လျန်းနျိုနျို ပြောသည့်အတိုင်း ရုန်ရှန်းကို ပြေးဆွဲသည့် တစ်ခုတည်းသောရထားမှာ အစိမ်းရောင်ဆေးသုတ်ထားသော ရထားဖြစ်ပြီး၊ မုရှောင်ယက ထိုရထားကို ပထမဆုံးအကြိမ် အသုံးပြုဖူးခြင်းဖြစ်သည်။ အစိမ်းရောင်ရထား၏ အမြန်နှုန်းမှာအလွန်နှေးကွေးပြီး လေအေးပေးစက်လည်းမရှိပေ။ ခုံတန်းလျားများသည် ပြတိုက်ရှိ ရှေးဟောင်းခုံများကဲ့သို့ပင် မာကျောသည်။ သို့သော် ၎င်းတို့ထဲမှတစ်ခုမျှ အဆိုးဆုံးမဟုတ်ခဲ့ပေ။ အဆိုးဆုံးမှာရထားပေါ်တွင် လူဦးရေအလွန်များလွန်းတာဖြစ်ပြီး ရထားစတင်ပြီးနောက် ခရီးသည်များက လွတ်လပ်စွာသွားလာခွင့်ရနိုင်သည်။ ဒါတင်မကသေးဘဲ လမ်းခရီးတွင် အရပ်ရပ်မှ ခရီးသွားဧည့်သည်များသည် ရထားအတွင်း၌ အမျိုးမျိုးသော အကြောင်းအရာများနှင့် ဒေသိယစကားများ ရောနှောပြီး အသံထွက် စကားပြောဆိုခြင်းကို နှစ်သက်ကြသည်။

မုရှောင်ယက ပိုင်ချွမ်းကို မသိမသာကြည့်ဖို့ ခေါင်းကိုလှည့်လိုက်သည်။ သူမခန့်မှန်းသည့်အတိုင်းပဲ ပိုင်ချွမ်းက မျက်မှောင်ကြုတ်နေသည်။

"အဆင်မပြေဘူးလား။" မုရှောင်ယက စိုးရိမ်စွာဖြင့်မေးလိုက်သည်။

"အင်း " ပိုင်ချွမ်းက ခေါင်းညိတ်လိုက်သည်။ ဆူညံနေတဲ့ ပတ်ဝန်းကျင်ကိုသူမကြိုက်ပေ။

"ဒါဆို ရှင့်နားကြပ်နဲ့ သီချင်းနားထောင်လိုက် " မုရှောင်ယက ပိုင်ချွမ်း လည်ပင်းက နားကြပ်ကိုနားများပေါ်တွင် တင်ပြီးနောက် သူမဖုန်းကိုထုတ်ပြီး ပိုင်ချွမ်း စိတ်တည်ငြိမ်စေဖို့ စန္ဒရားသီချင်းများကို ဖွင့်လိုက်သည်။

ပိုင်ချွမ်းရဲ့ အမူအရာမှာ အနည်းငယ် ပြေလျော့သွားသော်လည်း သူ့နှုတ်ခမ်းများကို ကိုက်ထားဆဲဖြစ်ပြီး မသက်သာသေးကြောင်း ထင်ရှားသည်။

“ကျွန်မတို့ ဒီမှာ နှစ်နာရီထိုင်မယ်၊ နှစ်နာရီက အရမ်း မြန်တယ်။ ရှင် ခဏလောက်အိပ်လိုက် ကျွန်မတို့ရောက်ရင် ရှင့်ကိုနိုးမယ် "

ပိုင်ချွမ်းက စိတ်မသက်မသာနဲ့ ခေါင်းညိတ်ပြပြီး သူ့နားကြပ်ရဲ့ အသံအတိုးအကျယ်ကို ဖွင့်လိုက်ပြီး ရထားစိမ်းရဲ့ မာကျောတဲ့ ခုံတန်းရှည်ပေါ်မှာ တင်းတင်းကြပ်ကြပ် လှဲနေလိုက်သည်။

မုရှောင်ယက ဘာသံကိုမှ မကြားချင်တာကြောင့် ပြတင်းပေါက်အပြင်ဘက် ရှုခင်းများကို ကြည့်ရင်း ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ လျန်းနျိုနျို ပြောတဲ့အတိုင်းပဲ ရထားက ဟောင်းပြီး သံချေးတက်နေပေမယ့် လမ်းတစ်လျှောက် ရှုခင်းတွေက တကယ်ကို လှပသည်။

ရထားက အလွန်နှေးကွေးပြီး လမ်းတစ်လျှောက်မှာ မှတ်တိုင်တွေ အများကြီးရှိတော့ တခြားဧည့်သည်တွေကို ခေါ်ဖို့ နာရီဝက်တိုင်းလိုလို ရပ်တန့်နေလိမ့်မည်။ ဒုတိယအကြိမ် ရပ်တန့်လိုက်သောအခါတွင် အဘိုးအဘွားနဲ့ မြေးက သူမနဲ့ ဆန့်ကျင်ဘက်တွင် ထိုင်လာခဲ့သည်။ ထိုကလေးမလေးက အသက်ငါးနှစ်၊ ခြောက်နှစ်ခန့်သာရှိသေးပြီး မိဘများနှင့် ကွဲကွာနေပုံရကာ သူမနှလုံးသားထဲထိ အော်ဟစ်ငိုကြွေးနေလေသည်။

" ဝူးဝူးဝူးဝူး ... သမီးအမေ့ကိုလိုချင်တယ်၊ မေမေ့ကိုလိုချင်တယ် ~~"

"လိမ္မာတဲ့ ကလေးလေး မငိုနဲ့တော့ အဖွားတို့နွေရာသီအားလပ်ရက်အပြီးမှာ ပြန်လာကြမယ် " အဖွားက စိတ်ရှည်စွာနဲ့ ချော့မော့ခဲ့သည်။

ထိုအချိန်တွင် တိတ်ဆိတ်စွာအိပ်ပျော်နေသော ပိုင်ချွမ်းက အသံကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေပုံပေါ်သည်။ မုရှောင်ယက လန့်သွားပြီး သူမအိတ်ထဲက ချောကလက်သေတ္တာကြီးကို ကလေးမလေးရှေ့မှာ အမြန်ဆွဲထုတ်လိုက်သည်။

ဤအရွယ်ကလေးတွေက များသောအားဖြင့် သကြားလုံးများကို ချစ်ကြသော်လည်း မိဘတွေရဲ့ ကန့်သတ်ချုပ်နှောင်ခံရသည်။

“ညီမလေး မငိုပါနဲ့ အစ်ကိုကြီး ခဏလောက် အိပ်ပါစေ။ ဒီချောကလက်တစ်ဗူးက မင်းအတွက်ဟုတ်ပြီလား။ ” မုရှောင်ယက ညင်သာစွာ ချော့လိုက်သည်။

ကလေးမလေးက အိပ်ပျော်နေတဲ့ အစ်ကိုကြီး ကိုကြည့်ဖို့ မသိစိတ်ဖြင့် ခေါင်းကိုလှည့်လိုက်သည်။ အဲ့နောက်မှာတော့ သူမက ဆက်၍ကြည့်ကာ မျက်လုံးများကို မှိတ်မထားခဲ့တော့ပေ။ ပိုင်ချွမ်း ရဲ့မျက်နှာမှာ တစ်ခုခုရှိရမယ်လို့ မုရှောင်ယကို ထင်မှတ်စေခဲ့ပေမယ့် သူမ သေချာကြည့်ပြီးနောက် ဘာမှမရှိဘူး။ သူ့မျက်နှာက သန့်ရှင်းနေပြီး အိပ်နေတဲ့မျက်နှာက နတ်သားလေးလိုပါပဲ။

"အစ်ကိုကြီး မျက်တောင်တွေက အရမ်းရှည်တာပဲ" ရုတ်တရက်၊ ကလေးမလေးက အော်လာခဲ့သည်။ “သစ်ကုလားအုတ်တစ်ကောင်လိုပဲ” 

မုရှောင်ယက ကြောင်သွားပြီး ပိုင်ချွမ်းရဲ့ မျက်လုံးတွေကို သူမ ကြည့်လိုက်မိသည်။ အထူးသဖြင့် သူမရဲ့ တောက်ပတဲ့ မျက်လုံးတွေနဲ့ သူ့ကို ကြည့်တဲ့အခါ သူ့မျက်တောင်တွေက တကယ်ရှည်ကြောင်း သိလိုက်ရသည်။

"ဒါဆို အစ်မတို့ သစ်ကုလားအုတ်ကို မနှိုးသင့်ဘူး ဟုတ်တယ်မလား။ " မုရှောင်ယက မပြုံးနိုင်ဘဲ မနေနိုင်ခဲ့ပေ။

"အင်း " ကလေးမလေးက ပညာတတ်မိသားစုက ဆင်းသက်လာတာပဲ။ မုရှောင်ယ ပြောတော့ သူမ ငိုရုံတင်မကဘဲ ချောကလက်တွေ ယူဖို့ လက်တွေလည်း မရောက်လာခဲ့ပါဘူး။ ဒါပေမယ့် မုရှောင်ယက ကလေးမလေးကို ချောကလက်တွေ ယူဖို့ တွန်းအားပေးခဲ့သည်။

“အဲဲဒါ မလိုအပ်ပါဘူး။ အခုပဲ ငါတို့ မင်းကို နှောင့်ယှက်ခဲ့တယ်။ ဒါက ငါတို့ရဲ့ မူလအမှားပဲ" ကောင်မလေး အဖွားက ငြင်းလာသည်။

"ဒါကအရေးမကြီးပါဘူး၊ ဒီချောကလက်က ဒီညီမလေးဖို့ ကျွန်မရဲ့လက်ဆောင်ပါ။ ကျွန်မခင်ပွန်းရဲ့မျက်တောင်ကို ချီးမွမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ် " မုရှောင်ယ ရယ်လိုက်သည်။

"မင်းရဲ့ခင်ပွန်းလား။" အဘိုးအိုက အံ့သြသွားပြီးကျောင်းသားတွေနဲ့တူတဲ့ ထိုစုံတွဲက လက်ထပ်ထားပြီးဖြစ်သည်ကို သူ မမျှော်လင့်ခဲ့ပုံရသည်။ ဒါပေမယ့် သူမသူတို့ကို ထပ်မံကြည့်လိုက်ချိန်မှာ သူတို့နှစ်ဦးသားက အလွန်လိုက်ဖက်တယ်လို့ ထင်ခဲ့သည်။

"အမ်း ကျွန်မတို့လက်ထပ်လိုက်ပြီ "

"ဒါဆို ဒါကို မင်္ဂလာဆောင်သကြားလုံးတွေလို့ သတ်မှတ်နိုင်မယ်ထင်တယ် " အဘိုးအိုက သူမကိုဂုဏ်ပြုစကား ပြောနေချိန်မှာ ပြောခဲ့သည်။ ဒီလိုချိုချဉ်မျိုးကို ရရှိတာက ကောင်းချီးတစ်ခုဖြစ်တာကြောင့် သူမ ချောကလက်တွေကို မငြင်းတော့ဘူး။

ရထားသည် ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနေပြီး ရထားသံလမ်း၏ အဆက်မပြတ် ငြီးငွေ့ဖွယ် အသံများက လူများကို အိပ်ငိုက်စေသည်။ တတိယဘူတာရုံမှာ ရပ်တန့်ခါနီးမှာ မုရှောင်ယလည်း အနည်းငယ် အိပ်ငိုက်နေပြီဖြစ်ပြီး ပိုင်ချွမ်း အနားမှာ မသိလိုက်ဘဲ အိပ်ပျော်သွားသည်။

ရထားပေါ်မှ ခရီးသည်အသစ်တစ်စု တက်လာပြီး ရထားပေါ်တွင် အသံပိုဆူညံလာပြီး စင်္ကြံတွင် အိတ်ကြီးကြီးငယ်များဖြင့် ပြည့်ကျပ်နေသည်။ ပိုင်ချွမ်းက သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ချိန်မှာ မုရှောင်ယ အိပ်ပျော်နေတဲ့ မျက်နှာလေးကိုတွေ့လိုက်ရသည်။ 

'ငါထပ်မြင်ရပြီ ငါနိုးလာတိုင်း ရှောင်ယရဲ့အိပ်နေတဲ့မျက်နှာကို ငါမြင်ရတယ်~~'

ပိုင်ချွမ်းက တဖြည်းဖြည်း ပြုံးလာသည်။ သူက မုရှောင်ယကို စိုက်ကြည့်ရင်း ကြွက်သားများ မလှုပ်ရှားဘဲ နံနက်တိုင်း အိပ်ရာထသည့်အချိန်လိုပင် မုရှောင်ယကို ခဏတာ ငေးကြည့်နေမိသည်။

"အစ်ကိုကြီး အစ်မကို ထပ်ကြည့်နေမယ်ဆိုရင် နိုးလာလိမ့်မယ် " ရုတ်တရက် ကလေးဆန်တဲ့ အသံတစ်သံထွက်လာသည်။ ကလေးက အရမ်းနီးကပ်နေလို့ နားကြပ်ကသူမရဲ့အသံကိုမပိတ်နိုင်ဘူး။

ပိုင်ချွမ်းက ခေါင်းကိုမသိစိတ်နဲ့ လှည့်လိုက်ပြီး သူ မသိတဲ့ အဘိုးအဘွားနဲ့ မြေးကို တွေ့လိုက်သည်။ ကောင်မလေးက မနက်က ရှောင်ယ အိတ်ထဲထည့်ထားသည့် ချောကလက်ဘူးကို ကိုင်ထားသည်။ ဤရှာဖွေတွေ့ရှိမှုက ပိုင်ချွမ်း ရှေ့က သက်ကြီးစုံတွဲနဲ့ ကောင်မလေးကို ပိုမိုနီးကပ်လာစေသည်။

“ အစ်ကိုကြီး ထူးထူးခြားခြား ထူးထူးခြားခြား ~ အစ်မကိုကြိုက်လား။ " ကလေးမလေးက အပြစ်ကင်းစွာ မေးလာသည်။

ပိုင်ချွမ်းက ကြောင်သွားသည်။ သူက ရင်းနှီးသူအနည်းငယ်မှလွဲ၍ အခြားသူတွေရဲ့ မေးခွန်းများကို ဖြေရန် အချိန်အနည်းငယ်ယူရပေမည်။

"အဓိပ္ပါယ်မရှိတာ မပြောနဲ့" အဘွားအိုက ပိုင်ချွမ်း အမူအရာ မမှန်တာကို မြင်တာကြောင့် သူမမြေးကို အမြန်ဆုံးမလာသည်။

“သမီးကိုလည်း အဲဒီလိုပဲ။ အိပ်ပျော်နေတဲ့အချိန်တိုင်း အမေက သမီးကို အမြဲစိုက်ကြည့်နေတယ်။ အမေက သမီးကို စိုက်ကြည့်တိုင်း နိုးလာလိမ့်မယ်။ အမေ့ကို ဘာလို့ အရမ်းစိုက်ကြည့်နေတာလဲလို့ မေးတော့ အမေက သမီးကို အရမ်းကြိုက်လို့ လို့ပြောတယ်။” ကလေးမလေးက မကျေမနပ်နဲ့ ငိုပြောလာသည်။

"... " အဘွားအိုက ပိုင်ချွမ်းကို အဆင်မပြေတဲ့အကြည့်နဲ့ မိန်းကလေးရဲ့ပါးစပ်ထဲကို ချောကလက်နဲ့ ထည့်ပေးပြီး ပြောလိုက်သည်။ "စကားမပြောနဲ့၊ အချိုတွေစား "

"အင်း " ပိုင်ချွမ်းက ရုတ်တရက် သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး ပြောလာသည်။ "ထူးထူးခြားခြားကို ကြိုက်တယ်"

အဘွားအိုက ခဏလောက် ကြောင်သွားပြီး ကြင်နာသော အပြုံးကို ထုတ်ဖော်လိုက်သည်။ 'ဒီကောင်လေး ပြန်ဖြေဖို့က အချိန်အတော်ကြာတာပဲ ရှက်တက်လိုက်တာ၊ သူ့မိန်းမရဲ့ စရိုက်နဲ့ တော်တော်ကွာခြားပေမယ့် တစ်ယောက်နဲ့တစ်ယောက် ပြီးပြည့်စုံတာကို တွေ့ရတယ်။'

"အစ်ကိုကြီးက အစ်မကို ကြိုက်ပေမယ့် အစ်ကိုကြီးက အစ်မကို စိုက်ကြည့်နေလို့မရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အိပ်နေတဲ့လူက အစ်ကိုကြီး စိုက်ကြည့်နေတယ်လို့ ခံစားရလို့ပဲ။ လုံလောက်တဲ့ အိပ်ရေးမဝရင် အဆင်မပြေဖြစ်လိမ့်မယ်” လို့ကောင်မလေးက ပြောလာသည်။ “အများအားဖြင့် … တစ်မိနစ်လောက်ပဲ စောင့်ကြည့်နိုင်တယ်”

ချောကလက်က လက်ချောင်းတွေမှာ လိမ်းကျံနေသော ကလေးမလေးက ချစ်စရာညီမတစ်ယောက်လို ပိုင်ချွမ်း ရှေ့တည့်တည့်ကို ညွှန်ပြလာသည်။

ပိုင်ချွမ်းက တိုးတိုးလေး ညည်းရင်း အချိန်အတော်ကြာအောင် ကြောင်ကြည့်နေသည်။

ကလေးမလေးက နာကျင်နေပြီဖြစ်တဲ့ လက်လေးတွေကို ပြန်ယူလိုက်ပြီး စိတ်ထဲကနေ တိတ်တိတ်လေး သက်ပြင်းလေးချလိုက်သည်; ဒီလူကြီးတွေက သိပ်ကလေးဆန်တာပဲ မင်းကို အရမ်းကြည့်ခွင့်မပေးရင်တောင် အကြာကြီးစဉ်းစားနေစရာမလိုပါဘူး။

.........

A/N; 

ပိုင်ချွမ်း : ကိုယ့်ပိုက်ဆံတွေ အကုန်လုံးမင်းကိုသုံးဖို့ ...

ET/N; သည်းမခံနိုင်တော့ဘဲ ပိုင်ချွမ်းက အနည်းငယ် ဝမ်းသာအားရ ခုန်တက်သွားတယ် - ချစ်ဖို့ကောင်းလွန်းလို့ သေတော့မယ်… (iДi) ခွေးကလေး/ကြောင်ကလေး ဗီဒီယိုကိုကြည့်သောအခါ နာကျင်မှုကို မင်းတို့သိပေမယ့် ၎င်းတို့ကို မထိဘဲမနေနိုင်ပေ။

"သစ်ကုလားအုတ်တစ်ကောင်လိုပဲ" - မင်းတို့ သိလား သစ်ကုလားအုတ်တွေရဲ့ မျက်လုံးတွေက ဖြူစင်တယ်~ ⊂(・ヮ・⊂)

မင်္ဂလာဆောင်သကြားလုံးများ (喜糖) - asiaweddingnetwork.com အရ သူငယ်ချင်းများနှင့်မိသားစုများကို သကြားလုံးများပေးခြင်းသည် ထိုစုံတွဲသက ပွဲတော်များကိုမျှဝေရန်နှင့် လူတိုင်း၏ကောင်းချီးများကိုရရှိရန် ဆန္ဒရှိသည်ကိုဖော်ပြသည်။ အများအားဖြင့်ချောကလက်၊ ကျောက်တုံးချိုချဥ်၊ ဖရဲသီးချိုချဥ်နဲ့ သေးငယ်တဲ့ ကွတ်ကီသကြားလုံးတွေပဲ။ ဒါတွေက အိမ်ထောင်တစ်ခုမှာ ချိုမြိန်ခြင်းရဲ့ ရိုးရာသင်္ကေတတွေဖြစ်သည်။

ချစ်ဖို့ကောင်းပြီး ရိုင်းစိုင်းတဲ့ ကောင်မလေးကို ချစ်တယ်~ ပိုင်ချွမ်းနဲ့ ရှောင်ယမှာ သားသမီးတွေ ရှိမလားလို့ တွေးမိတယ်။ (*´∇`*)