အပိုင်း ၂၁
Viewers 547

ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

#အပိုင်း ၂၁; အားလုံးကသက်သောင့်သက်သာမရှိတာတော့မဟုတ်ဘူး

“ရထားပေါ်ကဆင်းရင် တစ်စုံတစ်ယောက်က နင့်ကို လာခေါ်လိမ့်မယ်။ လိုင်စင်နံပါတ်က Rong 888*9 နဲ့”

ပိုင်ချွမ်းက သူတို့၏ ခရီးဆောင်အိတ်ကို ဆွဲထုတ်လိုက်ပြီး မုရှောင်ယက လျန်းနျိုနျိုပြောထားတဲ့ကားအတွက် ဘူတာရုံထွက်ပေါက်ကို ကြည့်လိုက်သည်။ သူတို့ကို လာကြိုဖို့ ကားတစ်စင်း ပို့ပေးမယ်လို့ ပြောခဲ့ပေမယ့် အချိန်အတော်ကြာပြီး လူတွေ လာခေါ်မယ့် ကားကို မတွေ့ခဲ့ရဘူး။

“ဖုန်းနံပါတ်လည်း မပေးထားဘူး” မုရှောင်ယက ရေရွတ်လိုက်သည်။ လျန်းနျိုနျိုကို သူမဖုန်းဆက်တော့မယ်အချိန်တွင် ကောက်ရိုးဦးထုပ်နှင့် အပေခံတဲ့ အင်္ကျီကို ဝတ်ထားတဲ့ အမျိုးသားတစ်ဦးက သူမကို အဝေးမှ လက်ပြနှုတ်ဆက်နေသည်ကို တွေ့လိုက်ရသည်။

"ဒါက မုရှောင်ယလား။"အဲ့ဒီလူရဲ့အသံက ကျယ်လောင်လွန်းလို့ လမ်းစုံကိုတောင်ဖြတ်ပြီးကြားရသည်။

မုရှောင်ယက အေးခဲသွားပြီး ထိုလူပြေးလာတာကို တွေ့လိုက်ရသည်။ "ကောင်မလေး၊ မင်းက မုရှောင်ယလား။ "

"ကျွန်မပါ ရှင်က..."

"နျိုနျိုက မင်းကိုကြိုဖို့ ဦးလေးကို လွှတ်လိုက်တာ သွားရအောင် ကားက ရှေ့ဝင်ပေါက်မှာ " သူပြောနေရင်း ထိုလူကြီးက ပိုင်ချွမ်း လက်ထဲက ခရီးဆောင်အိတ်ကို လှမ်းဆွဲလိုက်သည်။ သူ့လက်က ခရီးဆောင်အိတ်ကို မထိခင် ပိုင်ချွမ်းက အဝေးကို ရောက်နေပြီဆိုတာကို ဘယ်သူသိမှာလဲ။

ထိုလူသည် လေကိုဆုပ်ကိုင်မိလိုက်ပြီး ပိုင်ချွမ်းကို ထူးဆန်းစွာ တစ်ချက်ကြည့်လိုက်ကာ ပိုင်ချွမ်းရဲ့ တည်ငြိမ်တဲ့ မျက်နှာနဲ့ စကားမပြောတာကို မြင်လိုက်ရသဖြင့် တစ်ခုခုမှားနေပြီလို့ထင်လိုက်သည်။

သူက မြို့ကို ပစ္စည်းတွေ ပို့လိုက်ထားပြီး ချွေးနံ့တွေ အရမ်းပြင်းလို့ မြို့ထဲက လူတွေက အနံ့အသက်ကို မခံကြလို့လား။ ဒါကိုတွေးပြီး အဲဒီလူက ချက်ချင်းတောင်းပန်လိုက်သည်။ “ တောင်းပန်ပါတယ် ငါ့တစ်ကိုယ်လုံးက ချွေးတွေအရမ်းထွက်နေတယ်။ မင်းရဲ့နှာခေါင်းကို ဒုက္ခပေးမိသွားတယ် ”

“ မဟုတ်ဘူး၊ ဦးလေး နားလည်မှုလွဲနေပြီ သမီးခင်ပွန်းက ဘာသိဘာသာနေတက်ပြီး လူတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့တာကို မကြိုက်ဘူး ” မုရှောင်ယက တစ်ဖက်လူနားလည်မှုလွဲသွားတာကြောင့် ချက်ချင်းရှင်းပြခဲ့သည်။

"အိုးဟဲဟဲ ... အဆင်ပြေတယ်။ " အဲဒီလူက ပြုံးပြီး အဲ့ဒါကို အလေးအနက်မထားခဲ့ဘူး။ တစ်ဖက်က အကူအညီမလိုဘဲ ခရီးဆောင်အိတ်ကို ယူသွားတာကိုတွေ့တော့ နှစ်ယောက် ရှေ့က ဦးဆောင်သွားခဲ့သည်။ "ငါ့နာမည်က လျန်းချန်ပါ။ ငါက နျိုနျိုနဲ့ ရွာတူတယ်။ ငါ့ကို ဦးလေးလျန်းလို့ ခေါ်လို့ရတယ်။ ငါဒီမနက်က ကုန်ပစ္စည်းလှည်းတစ်စီးစာကို မြို့ထဲကို သယ်လာပြီး ရောင်းကုန်ပြီး ပြန်သွားတော့မယ့်အချိန် နျိုနျိုက သူမကို မြို့ကြီးကနေ အထူးလာရောက်တွေ့ဆုံပြီး လာကြိုခိုင်းတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်လို့ ပြောလာတယ် ”

"သမီးတို့က ဦးလေးကို အဆင်မပြေဖြစ်သွားစေမိပြီ"

"အဆင်မပြေတာမရှိပါဘူး အားလုံး အဆင်မပြေတာမရှိဘူး"

မုရှောင်ယက ပြုံးပြီး အံ့ဩသွားသည်။ " အစောက သမီးကို ဘယ်လိုရှာတွေ့ခဲ့တာလဲ။"

"ဘယ်လိုရှာတွေ့ခဲ့တာလဲ ဟုတ်လား ဦးလေးတို့ မြို့ငယ်လေးမှာ မင်းလိုဝတ်စားဆင်ယင်တဲ့ လူတွေကိုများများစားစား မတွေ့ရဘူး။ လမ်းဆုံမှာ ရပ်လိုက်လာတော့ တစ်ချက်ကြည့်လိုက်ချိန် အလွယ်တကူ ရှာတွေ့သွားတာပဲ။ " လျန်းချန်က ပျော်ရွှင်စွာ ပြုံးလိုက်သည်။ "အထူးသဖြင့် မင်းမိသားစုထဲကလူ အဲဒီဘူတာကနေထွက်လာတာက တီဗီကနေ ထွက်လာသလိုပဲ"

မင်းမိသားစုထဲကလူလား။ ဒီဖော်ပြချက်က အမှန်တကယ်ကို ရိုင်းပြတယ်။ ဒါ မုရှောင်ယက မကူညီနိုင်တော့ဘဲ မျက်နှာပူသွားပြန်သည်။

လက်ထပ်ထားပေမယ့်လည်း ရှက်နေတုန်းပဲ။ မဟုတ်ဘူး ပိုထူတဲ့ အရေပြားရှိဖို့လိုတယ်။ မုရှောင်ယက ခေါင်းခါပြီး “အားရပါးရ” ကြိုးစားလိုက်သည်။

"ဘာမှားနေလို့လဲ။ " ပိုင်ချွမ်းက စိုးရိမ်ပူပန်စွာ မေးလာသည်။

"အဲ့ဒါ အဆင်ပြေပါတယ် နည်းနည်းပူလာလို့ "ပိုင်ချွမ်းက သူမမျက်နှာမှာ ဘာမှမမြင်ရသေးသော်လည်း မုရှောင်ယက ပူပြင်းသောရာသီဥတုကို အသုံးပြုပြီး သူမရဲ့ ရှက်သွေးဖြာနေတဲ့ မျက်နှာကို ဖုံးအုပ်ထားသည်။

ပိုင်ချွမ်းက ခေတ္တရပ်လိုက်ပြီး မုရှောင်ယ မျက်နှာမှာ ချွေးများစွာထွက်နေသည်ကို တွေ့ရှိသဖြင့် မုရှောင်ယ မျက်နှာကို သုတ်ဖို့အတွက် အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်လိုက်သည်။

“ကျွန်မ… ကျွန်မကိုယ်တိုင်လုပ်မယ် ” မုရှောင်ယက လက်ကိုင်ပုဝါကို ဆုပ်ကိုင်လိုက်ပြီး ချွေးများကို သုတ်လိုက်သော်လည်း သူမ၏ လက်ချောင်းများကက ပိုင်ချွမ်း လက်ချောင်းထိပ်ရဲ့ အေးမြမှုကို ခံစားလိုက်ရသည်။

'ဘာလို့ ငါ့ရဲ့ အပူချိန်က ပိုင်ချွမ်းထက် ပိုမြင့်နေတာလဲ။ ' မုရှောင်ယက ကြောင်အစွာတွေးလိုက်မိသည်။

"အိုကေ၊ ခရီးဆောင်သေတ္တာကို နောက်ဘက်မှာထားလိုက်" ထိုအချိန်တွင် လျန်းချန်က ရုတ်တရက် အော်လာသည်။

မုရှောင်ယက ခေါင်းကို လှည့်ကြည့်လိုက်တော့ လျန်းချန်က ထရပ်ကားတစ်စီးရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ကာ သစ်သီးခြင်းတောင်းအလွတ်တွေတင်ထားတဲ့ ကားအနောက်ဘက်ကိုညွှန်ပြနေသည်။

“ …” သူမ ကားကို ရှာမတွေ့တာ အံ့သြစရာ မရှိတော့ဘူး။ အဲဒါက သူမကို လာကြိုတဲ့ကားက ထရပ်ကားတစ်စီး ဖြစ်သွားခဲ့တာပဲ။ လျန်းနျိုနျိူ အဲ့ဒိသေသင့်တဲ့ကောင်မလေးက ကြိုမပြောဘဲ ကားတစ်စီးပေါ်က လိုင်စင်နံပါတ်ကို ရှာခိုင်းသည်။

လျန်းချန်က နှစ်ယောက်စလုံးကိုကူညီပြီး သူတို့ရဲ့အိတ်တွေကို ကားထဲထည့်လိုက်သည်။ ပြီးတော့ မုရှောင်ယကိုပြောလာသည်။“ ဦးလေး ကားရှေ့ခန်းမှာ နေရာလွတ်နည်းနည်းရှိတယ်။ ဒါကြောင့် ဦးလေး တစ်ယောက်တော့ တင်လို့ရတယ်။ ဒါမှမဟုတ် မင်းရဲ့ယောက်ျားကို နောက်မှာထိုင်စေချင်လား။ "

မုရှောင်ယက ကားအတွင်းပိုင်းကို စစ်ဆေးကြည့်ရာ ကားရှေ့တွင် ထိုင်ခုံနှစ်ခုသာ ရှိသည်ကို တွေ့ရှိခဲ့သည်။ ရုတ်တရက် သူမ မျက်မှောင်ကြုတ်သွားသည်။ ပိုင်ချွမ်းက ထရပ်ကားနောက်မှာ တစ်ယောက်တည်းထိုင်နေရင် စိတ်မသက်မသာဖြစ်မည်ဖြစ်သော်လည်း ပိုင်ချွမ်း ခရီးသည်ထိုင်ခုံရှေ့တွင် ထိုင်နေရင်လည်း သူမ စိတ်မသက်မသာဖြစ်ဆဲဖြစ်သည်။

"ဦးလေး လျန်း သမီးတို့နှစ်ယောက်လုံး နောက်မှာထိုင်လိုက်မယ် " မုရှောင်ယက ပိုင်ချွမ်းနဲ့ ခွဲမထိုင်ဖို့ ဆုံးဖြတ်ခဲ့သည်။

“အနောက်ဘက်က ရှုပ်ပွနေလိမ့်မယ် နောက်ပြီး ဦးလေးတို့က တောင်ပေါ်လမ်းမှာ ကြာလိမ့်မယ် အဖုအထစ်တွေကလည်း အရမ်းပြင်းထန်လိမ့်မယ် ”

ဒါဆိုရင် ပိုင်ချွမ်း တစ်ယောက်တည်း နေလို့မရနိုင်ဘူး။

“အဲဲဒါ အဆင်ပြေပါတယ်။ နျိုနျိုက ဒီနေရာက ရှုခင်းတွေက အလွန်လှပတယ်လို့ပြောတယ် သမီးတို့အနောက်မှာထိုင်ပြီး ကြည့်လိုက်မယ် "မုရှောင်ယက အကြောင်းပြချက်တစ်ခုနဲ့ ဆင်ခြေပေးခဲ့သည်။

“အိုကေ ကောင်းပြီ ” လျန်းချန်က သူမကို နောက်တစ်ကြိမ် မဆွဲဆောင်တော့ပေ။ “မြို့ကလူတွေက များသောအားဖြင့် မြို့ထဲမှာပဲ နေလေ့ရှိကြတယ်။ ငါတို့ရဲ့တောင်တန်းတွေနဲ့ မြစ်တွေကို ဒီမှာမြင်ရတာ သဘောကျတယ်။ ” သူတို့ရဲ့ တောင်ပေါ် ရှုခင်းက ကောင်းတယ် ပြီးတော့ ရံဖန်ရံခါ မြို့ကသူငယ်ချင်းတချို့က အလည်လာချင်ကြသည်။ ဒါကြောင့် လျန်းချန်က မုရှောင်ယရဲ့ အကြောင်းပြချက်ကို ပြဿနာတစ်စုံတစ်ရာရှိတယ်လို့ မထင်ခဲ့ပေ။

မုရှောင်ယက ပြုံးပြီး စကားမပြောဘဲ ပိုင်ချွမ်းနဲ့ အတူ ကားပေါ် တက်ခဲ့သည်။ သူမက သူတို့ ခရီးဆောင်အိတ်များကို ချလိုက်ပြီး ထရပ်ကားရဲ့ခေါင်းဘက်ကို ကျောခိုင်းကာ ခရီးဆောင်အိတ်များပေါ်တွင် ထိုင်လိုက်ကြသည်။

မြို့ကနေ လျန်းနျိုနျိုရဲ့ အိမ်ကိုရောက်ဖို့ နာရီဝက်ကျော်ကြာပြီး သူတို့ကတောင်ပေါ်လမ်းတွင် ၁၀ မိနစ်ကျော်ကြာ အချိန်ကုန်ခဲ့သည်။ ပထမတစ်ဝက်တွင် ကားကချောချောမွေ့မွေ့ရွေ့လျားခဲ့သည်။ တောင်ပေါ်ရောက်ချိန်မှာ လျန်းချန်က အော်ပြောလာသည်။ "လမ်းက ကြမ်းလိမ့်မယ်။ တည်ငြိမ်အောင်လုပ်ထားကြ "

"အိုကေ " မုရှောင်ယက ကျယ်လောင်စွာတုန့်ပြန်လိုက်သည်။ ထို့နောက် သူမက ပိုင်ချွမ်းကို သတိပေးဖို့ ခေါင်းလှည့်လိုက်ချိန်မှာ ကားက ရုတ်တရက် ထောင့်ဘက်ကပ်သွားသည်။ သူမက မနှေးမကွေးဖြင့် ပစ်ချခံလိုက်ရပြီး ပိုင်ချွမ်း လက်တွေထဲ ရောက်သွားခဲ့သည်။

ပိုင်ချွမ်းက ကားခေါင်းဘက်ကိုမှီကာ မုရှောင်ယကို သူ့ရင်ခွင်ထဲတွင် တင်းတင်းကျပ်ကျပ် ဖက်ထားသည်။

"အဲ့ဒါ ... ဦးလေးလျန်းက ပြောတယ် ရှေ့ဘက်လမ်းက မကောင်းဘူး ဒါကြောင့် တည်ငြိမ်အောင် လုပ်ကြရအောင် " မုရှောင်ယက သူမကိုယ်သူမ ရိုက်လိုက်ပြီး မနေနိုင်စွာ ထပ်ပြောလိုက်သည်။ " ကျွန်မလို လွင့်မသွားစေနဲ့ "

"အင်း " ပိုင်ချွမ်းက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

မုရှောင်ယက ပိုင်ချွမ်း လက်မောင်းတွေထဲက ထလိုက်ပြီးနောက် မဖြတ်ရသေးတဲ့ တောင်လမ်း၏ နောက်အပိုင်းအတွက် ပြင်ဆင်ဖို့ ကားခေါင်းအနောက်ဘက်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ထားသည်။

"ကလန်, ကလန် ဒုန်း, ကလန် ဒုန်း ဒုန်း ~~"

သူတို့ ခန္ဓာကိုယ်တွေက ကားနဲ့ အတူမြှောက်တက်သွားပြီး လဲကျသွားကြကာ သူတို့ခါးက ကားခေါင်းဘက်ကို ပိုကပ်သွားခဲ့သည်။ အကြိမ်ပေါင်းများစွာ ဆောင့်ပြီးပြုတ်ကျတော့ နာကျင်သွားကြသည်။ ဒါပေမယ့် မုရှောင်ယက နာကျင်မှုကို ပွတ်သပ်ဖို့ လက်မလှမ်းရဲဘူး လက်လွှတ်လိုက်လျှင် တစ်ကိုယ်လုံး တည်ငြိမ်မှု ဆုံးရှုံးသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

"ကလန် ဒန်း ~~"

ကားကထပ်မံ၍ ဆောင့်ခဲ့သည် မုရှောင်ယက သူမသွားများကိုကြိတ်ထားကာ မျက်နှာပြင်နှင့် ထပ်မံတိုက်တော့မည့်အချိန်၌ လက်တစ်ဖက်က မုရှောင်ယကျောကို တိတ်တဆိတ် ခံထားပေးလိုက်သည်။

“ ပိုင်ချွမ်း။” မုရှောင်ယက လှည့်ကြည့်လိုက်သည်။

"အဲ့ဒါက နာတယ် ကိုယ် တားပေးနေတာ " ပိုင်ချွမ်းရဲ့အသံက အရမ်းတိုးလွန်းသည်။ မုရှောင်ယရဲ့ နားထဲမှာတော့မဟုတ်ပါပေ သူမနားထဲက ထရပ်ကားရဲ့ ဆူညံသံတောင်ပျောက်ကွယ်သွားသည်။ ဒါပေမယ့် ပိုင်ချွမ်းက မုရှောင်ယ ကြားဖို့မလိုအပ်ခဲ့ပေ။ သူမနောက်ကျောမှာ တူညီတဲ့ဒဏရာရှိမှာကို မလိုချင်ခဲ့တာဖြစ်သည်။ 

ရှောင်ယက အရမ်းယားတက်ပြီး သူ့ကိုထိခွင့်မပြုပေ။ တစ်ကယ်လို့ သူမဒဏ်ရာရခဲ့ရင် သူမအတွက် မနှိပ်ပဲ ဆေးလိမ်းလို့ရတာကြောင့် သူမ မနာကျင်နိုင်ပေ။

မုရှောင်ယက ပိုင်ချွမ်းရဲ့ လက်များတွင် တိတ်တဆိတ် ကပ်ထားသည်။ ကားခုန်တိုင်း သူတို့နှစ်ဦးလုံး ပိုနီးကပ်စွာသွားခဲ့သည်။ မုရှောင်ယ အနေနဲ့ ထိုအချိန်က သူမခံစားချက်ကို ဘယ်လိုပုံဖော်ရမလဲ မသိခဲ့ပေ။ သူမကအခြားတစ်ယောက်၏ နှလုံးခုန်သံနှင့်အသံကိုသာ ကြားနိုင်ခဲ့သည်။ သူမခံစားချက် အားလုံးက ပိုင်ချွမ်းရဲ့အားကြီးသော လက်မောင်းထဲတွင်ရှိနေသည်။

အဲ့နောက်မှာ သူမ ဘယ်လောက်ကြာသွားလဲမသိတော့ပေမယ့် ကားကရုတ်တရက်ရပ်သွားသည်။ လျန်းချန်က ကားခေါင်းထဲက ထွက်လာပြီး ပြုံးကာပြောလာသည်။ “ ဦးလေးတို့ရောက်ပြီ ” 

“ သမီးတို့ရောက်ပြီလား။ ” မုရှောင်ယက ရုတ်တရက် သတိပြန်ဝင်သွားသည်။

"ဒါက နျိုနျို မိသားစုရဲ့ ချယ်ရီသီးခြံ " လျန်းချန်က သူမတို့ရဲ့ လက်ဆွဲအိတ်များကို ယူပေးရင်း ပြောခဲ့သည်။ 

"ကျေးဇူးတင်ပါတယ် ဦးလေးလျန်း " ကားထဲကထွက်လာပြီးနောက်မှာ မုရှောင်ယက သူမရဲ့ကျောပိုးအိတ်ထဲက ချောကလက်တစ်ဘူးကိုထုတ်ပြီး ပေးလိုက်သည်။ "သမီးမှာ ချောကလက်တစ်ဘူးရှိတယ် ဦးလေးယူသွားလေ "

"အဲ့ဒါက ဘာမှမဖြစ်ပါဘူး၊ ဒါက ငါ့ရဲ့သွားနေကျလမ်းပဲ အဲ့ဒါကြောင့် အဆင်ပြေတယ် " လျန်းချန်က သူ့လက်ကို ခါပြီး လက်မခံဘူးလို့ ပြောလာသည်။

"ဒါက ဒီအတိုင်းဝယ်ခဲ့တဲ့ အမှတ်တရလက်ဆောင်ပစ္စည်းတစ်ခုပါ။ ဈေးလည်းမကြီးပါဘူး၊ ဒါကြောင့် ဒါက ကျွန်မတို့ရဲ့ကျေးဇူးတင်မှုကိုပြသဖို့ပဲ။ "

"ဒါဆို ကောင်းပြီ " တောင်ပေါ်ကလူတွေက ရိုးရှင်းသည်။ မုရှောင်ယ တကယ်လက်ဆောင်ပေးချင်တာကို သူတို့တွေ့တော့ နောက်တစ်ခါ ထပ်မငြင်းတော့ဘူး။

"မကြာခင်မှာ နျိုနျိုက ကျွန်မတို့ကို လာကြိုဖို့ တစ်မိနစ်အတွင်း ဆင်းလာလိမ့်မယ် " မုရှောင်ယ ပြုံးလိုက်သည်။

"အိုကေ၊ ဒါဆို ငါသွားတော့မယ် မင်းအားရင် ဦးလေးအိမ်ကိုလာပြီး ညစာလာစားလှည့်။ " လျန်းချန်က လက်ကိုဝှေ့ယမ်းလိုက်ပြီး သူတို့ကိုလာကြိုတဲ့ ထရပ်ကားတစ်စီးနဲ့ ထွက်သွားသည်။

ထရပ်ကားရဲ့ အသံမကြားနိုင်ရတော့ချိန်မှာ ပိုင်ချွမ်းရဲ့ ခန္ဓာကိုယ်က အနည်းငယ်ပြေလျော့သွားသည်။ သူကရထားထက် ပိုဆူညံနေတဲ့ ထိုကဲ့သို့သောကားကိုတစ်ခါမျှမမြင်ဖူးခဲ့ပါ။

"မုမု " ဒီအချိန်မှာ တောင်စောင်းကနေ တက်ကြွနေတဲ့ အမျိုးသမီးအသံ တစ်သံထွက်လာသည်။ ထို့နောက် ကုတ်အင်္ကျီဝတ်ထားသည့် မိန်းကလေးက လေတိုက်သလို တောင်ပေါ်မှ ပြေးဆင်းလာသည်။

"နျိုနျို " မုရှောင်ယက အရမ်းပျော်သွားတာကြောင့် သူမရဲ့ခရီးဆောင်သေတ္တာကို စွန့်ခွာပြီး သူမနဲ့တွေ့ဖို့ ထွက်ပြေးခဲ့သည်။ ပန်းလိုမိန်းကလေးနှစ်ယောက်က မြက်ထူထပ်တဲ့တောင်စောင်းမှာ ဖက်ပြီးငါးနှစ်အရွယ်ကလေးငယ်နှစ်ယောက်လို ပြုံးပြလိုက်ကြသည်။

ပိုင်ချွမ်းက မုရှောင်ယရဲ့ အပြုံးကိုကြည့်လိုက်ပြီး ဆူညံသောခရီးများမှ စုဆောင်းမိသော မကျေနပ်မှုများအားလုံး ပျောက်ကွယ်သွားသည်။ သူ့မျက်လုံးတွေက တောက်ပနေပြီး စိတ်ကျေနပ်မှုအပြည့်ဖြင့် ရောင်ပြန်ဟပ်နေသည်။ ထိုသို့သောဆူညံသံကို တွေ့ကြုံရတိုင်း ရှောင်ယရဲ့ အပြုံးကို မြင်နိုင်လျှင် ထိုဆူညံသံက သည်းမခံနိုင်စရာမရှိတော့ဘူးလို့ သူထင်ခဲ့သည်။

နှစ်ယောက်လုံးရယ်လို့ဝမှ လျန်းနျိုနျိုက တောင်စောင်းအောက်တွင် တိတ်ဆိတ်စွာရပ်နေသော လူငယ်ကိုကြည့်ဖို့ သူမအချိန်ကိုမြှုပ်နှံလိုက်သည်။ သူ့ပုံပန်းသဏ္ဍာန်အရ သူမက မနာလို ငြူစူသောစိတ်ဖြင့် ချက်ချင်းပြောလိုက်သည်။“ အရမ်းလှတဲ့ လူငယ်လေး၊ သူ့ကို နင် ဘယ်လိုတွေ့လာတာလဲ။ ”

"မနာလိုဘူးလား အမ်။" မုရှောင်ယက ရယ်မောလိုက်တယ် "ငါဆယ်နှစ်ကျော်ကြာအောင် တန်းစီခဲ့တာ "

"ဟင်း ဟင်း ဟင်းး နင့်ရဲ့ကလေးဘဝရည်းစားမှန်း ငါသိတယ်။"

သူတို့က ခြေလှမ်းအနည်းငယ်ကို လှမ်းလိုက်ပြီး လျန်းနျိုနျိုက ပိုင်ချွမ်းဘက်ကို လက်လှမ်းလိုက်သည်။ "ဟယ်လို ကျွန်မနာမည် လျန်းနျိုနျိုပါ ကျွန်မက ရှင့် ဇနီးရဲ့ သူငယ်ချင်းကောင်းပါ"

မုရှောင်ယက ပိုင်ချွမ်းကို ကြည့်ဖို့ ခေါင်းကိုလှည့်လိုက်သည်။ ဒါပေမယ့် သူ့ကိုသတိပေးမည့်အစား ပိုင်ချွမ်းရဲ့ တုံ့ပြန်မှုကိုတိတ်တဆိတ်စောင့်ဆိုင်းခဲ့သည်။

ပိုင်ချွမ်းက လျန်းနျိုနျိုရဲ့ ဆန့်ထားတဲ့လက်ကို အရင်ကြည့်ပြီး နောက်မှ လျန်နျိုနျိုရဲ့ မျက်နှာကိုကြည့်လိုက်သည်။ သူ့လှုပ်ရှားမှုက နှေးကွေးပြီး ဖော်ပြမှုမရှိခဲ့ပါ။

လျန်းနျိုနျိုက အပြုံးမပျက်ဘဲ ပိုင်ချွမ်းရဲ့ တုန့်ပြန်မှုကိုစိတ်ရှည်စွာစောင့်ဆိုင်းခဲ့သည်။ ပိုင်ချွမ်းရဲ့ အခြေအနေကို မုရှောင်ယ အရင်ထဲက ပြောပြထားတာကြောင့် အခုအချိန်တွင် သူမက ထူးဆန်းတာ ဒါမှမဟုတ် စိတ်မရှည်တာကိုမခံစားရပါ။

 "ဟယ်လို " နောက်ဆုံး နှစ်မိနစ်အကြာမှ ပိုင်ချွမ်းက တုံ့ပြန်ခဲ့သည်။ ဒါပေမယ့် သူကနှုတ်ခွန်းဆက်စကားကိုသာပြောပြီး လျန်းနျိုနျိုရဲ့ ဆန့်ထားတဲ့ လက်ကိုလှုပ်ခါဖို့ မကြိုးစားခဲ့ပါ။

ဒါပေမယ့် ဒီအဖြေကြောင့် မုရှောင်ယ အရမ်းပျော်သွားသည်။ သူမသူငယ်ချင်းကို လက်ခံဖို့ ပိုင်ချွမ်းက နှစ်မိနစ်သာ အချိန်ယူရတာကြောင့် ဖြစ်သည်။

"ငါ ဆုံးဖြတ်ပြီးပြီ၊ နောက်တစ်ကြိမ် သူနဲ့ စကားပြောရင် ငါ လုံးဝ အရေးတယူရှိမှာ မဟုတ်ဘူး" သူမလက်ကိုအချိန်ကြာမြင့်စွာဆန့်ထား၍ စိတ်အနည်းငယ်ချဥ်သွားတာကို ခံစားလိုက်ရပြီး လျန်းနျိုနျိုက သူမလက်ကို ပွတ်သက်ပြီး မုရှောင်ယကို တိုင်ခဲ့သည်။ 

မုရှောင်ယက ပိုင်ချွမ်းလက်ကို ကိုင်ထားပြီး သူမကို လျစ်လျူရှုကာ တောင်ပေါ်ကို တက်သွားကြသည်။

လျန်းနျိုနျိုက မုရှောင်ယရဲ့ ခရီးဆောင်အိတ်ကို ယူလိုက်ပြီး ၎င်းတို့နှစ်ဦးကို ချယ်ရီခြံထဲက သစ်သားအိမ်ငယ်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

သစ်သားအိမ်လေး ငါးအိမ်ကိုတန်းစီပြီး ဆောက်ထားသည်။ အဲ့ဒါက ချယ်ရီခြံအလယ်မှာ ဖြစ်သည်။

လျန်းနျိုနျိုက မုရှောင်ယကို အလယ်ခန်းပေးပြီးနောက် မိတ်ဆက်ပေးလာသည်။ “ မီးဖိုချောင်က နောက်ဘက်မှာရှိတယ် ညာဘက်က ရေချိုးခန်း ရေချိုးပြီး အဝတ်အစားလဲပြီး ထမင်းစားမယ်။ ငါက ဘေးအိမ်မှာနေတာ။ နင် ငါ့ကိုအချိန်မရွေးခေါ်လို့ရတယ် ”

မုရှောင်ယက သစ်သားအိမ်ကို ခဏကြည့်လိုက်သည်။ အတွင်းပိုင်းနေရာက အလွန်ကျယ်ဝန်းပြီး ပေ ၂၀ ခန့်ရှိသည်။ အခန်းအလှဆင်ထားတာက ရိုးရှင်းသော်လည်း အလွန်စိတ်လှုပ်ရှားစရာဖြစ်သည်။ လျန်းနျိုနျိုက သူတို့အား နီရဲနေတဲ့ ကတ္တီပါ မန်ဒရင်းဘဲ စောင်ကိုပင်ပြင်ဆင်ပေးခဲ့သည်။ သတို့သမီးတစ်ဦးအခန်းလိုပင်။

"ညစာကိုအရင်စားမယ်။ " တံခါးဆီလမ်းလျှောက်သွားရင်း လျန်နျိုနျိုက ပြန်လှည့်လာပြီး မုရှောင်ယကို မျက်လုံးမှိတ်ပြလိုက်သည်။ "ရင်းနှီးစွာ သတိပေးမှု "

"ဘာလဲ။ " မုရှောင်ယ မေးလိုက်သည်။

"ဒီမှာက အသံစနစ်က မကောင်းဘူး အချစ်လေး....... ညဘက်ကျရင် ဂရုစိုက် " ပြောပြီးသွားတာနဲ့ လျန်းနျိုနျိုက တံခါးမှ အလျင်အမြန် ထွက်ပြေးသွားပြီး မုရှောင်ယရဲ့အမျက်ဒေါသနဲ့ သူမရဲ့ ဖိနပ်ပျံဖြင့် တိုက်ခိုက်ခြင်းမှ ရုန်းထွက်နိုင်ခဲ့သည်။

သူမလွဲချော်သွားလို့ မုရှောင်ယ လှည့်ကြည့်လိုက်တော့ ပိုင်ချွမ်းရဲ့ အကြည့်ကို တွေ့လိုက်ရတာကြောင့် လျန်းနျိုနျိုရဲ့ ဦးနှောက်မှ ရုန်းထွက်လိုက်ပြီး မညီညွတ်သောအတွေးများက ရုတ်တရက် ပြည့်လျှံလာကာ သူမ လက်မခံနိုင်ပေ။

"အဆင်ပြေပါတယ်။ ကိုယ်နားကြပ်တွေ ဝတ်ထားလို့ရတယ် " ပိုင်ချွမ်းက ရှောင်ယ သူ့အတွက်နားကြပ် ၀ယ်ယူခဲ့သည့်အတွက် သူကဆူညံသံတွေကို မကြောက်ဘူးလို့ ပြောခဲ့သည်။

"... " ဒီလိုမျိုးမှာ နားကြပ်အသုံးပြုတာကဘာလဲ။

.........

စာရေးသူ မှတ်စု

ပိုင်ချွမ်း - နားကြပ်ကိုဝတ်ထားတာက အသုံးမဝင်ဘူး ငါဘာလုပ်သင့်လဲ။