ညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား
#အပိုင်း ၂၂; ပိုင်ချွမ်းက အရမ်းကောင်းတယ်
ရေချိုးပြီးနောက်မှာ ပိုင်ချွမ်းက အိပ်ရာအစွန်းတွင်ထိုင်ပြီး ဆံပင်ကိုဖြည်းဖြည်းချင်း သုတ်လိုက်သည်။ သူ့လှုပ်ရှားမှုတွေက အချိန်ကိုရေတွက်နေသလိုပဲ အလွန်နှေးကွေးသည်။ သူက တံခါးကိုကြည့်နေပြီး မုရှောင်ယ ပြန်လာမှာကိုစောင့်နေသည်။
အစောက သူ ရေချိုးခန်းကပြန်လာချိန် ရှောင်ယက ခဏထွက်သွားပြီး သူ့ကိုစောင့်ဖို့ပြောခဲ့သည်။
"Squeak ~~"
သစ်သားတံခါးက တွန်းဖွင့်ခံလိုက်ရပြီး မုရှောင်ယက ဆေးရနံ့တစ်မျိုးဖြင့် ဝင်ရောက်လာသည်။ ပိုင်ချွမ်း မျက်လုံးတွေက မယုံနိုင်လောက်အောင်တောက်ပသွားပြီး သူစိတ်နှလုံးက အံ့သြလောက်ဖွယ် စိတ်သက်သာရာရသွားသည်။
ပြန်လာတယ်။ (# ^ ။ ^ #)
"ဘာလို့ ဆံပင်မခြောက်သေးတာလဲ။ " မုရှောင်ယ မေးလိုက်သည်။ သူမ အစောက ထွက်သွားချိန်တွင် ပိုင်ချွမ်းက သူ့ဆံပင်တွေကို သုတ်နေတာဖြစ်သည်။ သူမ အချိန်ကိုတွက်ကြည့်လိုက်တော့ ၄ မိနစ် ၅ မိနစ်လောက်ကြာသည်။ ပိုင်ချွမ်းက သူ့ဆံပင်တွေကို ဘာလို့ခြောက်အောင်လုပ်နေသေးတာလဲ။
ပိုင်ချွမ်းက အေးခဲသွားပြီး သူ့လှုပ်ရှားမှုများကို မရိပ်မိအောင် ရပ်တန့်လိုက်သည်။ ထို့နောက် ခဏအကြာတွင်မူ မုရှောင်ယကို ပြန်ပြောဖို့ သတိရသွားသည်။“ ခြောက်သွားပြီ”
ပိုင်ချွမ်းက အနည်းငယ် အပြစ်ရှိသလိုခံစားနေရသည်။ အစောက သူ မုရှောင်ယ ပြန်လာတာကို စောင့်နေတာဖြစ်သည်။ ခဏကြာတော့ သူ့ဆံပင်တွေကို သုတ်နေတုန်း ဆိုတာမေ့သွားခဲ့သည်။
မုရှောင်ယက ဆေးသေတ္တာထဲမှ ဆီမွှေးကို ထုတ်လိုက်ပြီး ကုတင်ပေါ်ထိုင်နေသော ပိုင်ချွမ်းကို လှည့်ပြောလိုက်သည်။“ ရှင့်ရဲ့အဝတ်အစားကိုချွတ်လိုက် ရှင့်နောက်ကျေကို ကျွန်မကြည့်လို့ရအောင် ”
လမ်းက ကြမ်းလွန်းသည်။ မုရှောင်ယက ပိုင်ချွမ်း ထိခိုက်သွားမှာကို ကြောက်ရွံ့ပြီး မကြည့်ရမချင်း သက်သာရာရမည်မဟုတ်ပေ။
ပိုင်ချွမ်းက မတွန့်ဆုတ်ခဲ့ပေ။ မုရှောင်ယ ရှေ့မှာပဲ သူဝတ်ထားတဲ့ အဖြူရောင်တီရှပ်ကို ချွတ်လိုက်ပြီး အဝတ်အောက်က ဖြူဖွေးတောက်ပတဲ့ အသားအရေကို ပေါ်လွင်စေခဲ့သည်။
“ အဟွတ်....... ဟိုဘက်လှည့် ” ပိုင်ချွမ်းရဲ့ အဖြူရောင်အသားအရေကြောင့် သူမမျက်လုံးများမှေးမှိန်သွားသည်။ မုရှောင်ယက သူမစိတ်ထဲက ရှက်ရွံ့မှုကို လျစ်လျူရှုပြီး ကုတင်ဘေးလျှောက်သွားကာ ပိုင်ချွမ်းကို ကြည့်လိုက်သည်။ ပိုင်ချွမ်း နောက်လှည့်လိုက်တာနဲ့ ကျောပေါ်ရှိ ပွန်းပဲ့နေသော အသားအရည်ကို ပေါ်လွင်စေသည်။
'သေချာစွာပဲ သူ့ကျောက အပြာရောင်ဖြစ်နေခဲ့သည်။'
မုရှောင်ယက မျက်မှောင်ကြုတ်ပြီး ဒဏ်ရာကြီးကြီးမားမားကို စူးစူးစိုက်စိုက်ကြည့်နေသည်။ လမ်းကြမ်းတဲ့နေရာက ၁၀ မိနစ်ကျော်လောက်သာ ရှိသည်။ ကားကထွက်ပြီး တစ်နာရီမပြည့်သေးဘူး၊ ဒီအတိုင်းအတာအထိ ဘယ်လို ဒဏ်ရာတွေ ရနိုင်တာလဲ။
“အဲဲဒါနာလား။” မုရှောင်ယက ပိုင်ချွမ်း နောက်ကျောကို သူမလက်ချောင်းများဖြင့် နူးညံ့စွာထိလိုက်သည်။
“ အဲ့ဒါနာတယ် ” ပိုင်ချွမ်းတွင် သာမာန်အမျိုးသားများ ၏ ယောက်ျား မုန်းတီးမှုဆိုတာမျိုး မရှိပေ။ သူ့ကိုမေးရင် နာကျင်တယ်လို့ ပြောလိမ့်မယ်။
မုရှောင်ယက သူမကိုယ်ကို ချက်ချင်းအပြစ်တင်ခဲ့သည်။ “ ဒါဆို ရှင် ကျွန်မကိုဘာလို့ ကိုင်ထားသေးတာလဲ။ အဲ့ဒါဆို ရှင် ဒီလိုမျိုးနာကျင်မှာမဟုတ်ဘူး။ ”
သူမတို့ နှစ်ယောက် အလေးချိန်ကို ပိုင်ချွမ်း တစ်ယောက်တည်းက ထမ်းထားရပြီး ကားခေါင်းဘက်နဲ့ သူ့ကျော ရိုက်ခတ်မှုက နှစ်ဆတိုးလာသည်။ သူမကို ထိန်းထားရန်အတွက်ပဲ ပိုင်ချွမ်းက သူမခန္ဓာကိုယ်ဟန်ချက်ကို ထိန်းသိမ်းဖို့ လက်တစ်ဖက်တည်းကိုသာ အသုံးပြုနိုင်ပြီး ကြားခံကို မလွဲမသွေ လျှော့ချပေးမည်ဖြစ်သည်။ ထို့ကြောင့် ပိုင်ချွမ်း ကျောက ဒဏ်ရာအများစုက သူမကြောင့်ဖြစ်သည်။
“ မင်းကို ကိုယ်ကိုင်ထားမယ်ဆိုရင် ကိုယ်တစ်ယောက်တည်းပဲ ထိခိုက်လိမ့်မယ် ” ပိုင်ချွမ်းက ပြန်ပြောလာသည်။
မုရှောင်ယ ရုတ်တရက် ငိုချင်လာသည်။ သူမ ၂ ဘဝလုံးတောင်မှ မုရှောင်ယက ၎င်းကိုအမှန်တကယ်မစဉ်းစားခဲ့ပေ။ ကားကြောင့် ခဏလောက် ပွေ့ဖက်ခံထားရတဲ့ တစ်နေ့မှာတော့ သူမ ငိုချင်လောက်အောင် တုန်လှုပ်သွားသည်။
တကယ်တော့ ပါမောက္ခဖန်နဲ့ ဖွားဖွားပိုင်တို့ နှစ်ဦးစလုံးမှားသည်။ အထီးကျန်စိတ်ဝေဒနာခံစားနေရသူတွေကို စိတ်ခံစားမှုကို မဖော်ပြနိုင်ဘူးလို့ ပြောတာ။ မုရှောင်ယက ပိုင်ချွမ်းရဲ့ စိတ်ခံစားမှုက အခြားသူများ၏ နှလုံးသားများဆီ တိုက်ရိုက်ရောက်ရှိနိုင်တယ်လို့ ယုံကြည်သည်။
“ ကျွန်မ…ကျွန်မရှင့်အတွက် ရေခဲသွားယူလိုက်ဦးမယ်” မျက်လုံးနီနီတွေနဲ့ မုရှောင်ယ ထွက်သွားခဲ့သည်။ ရေခဲရှာဖို့ မီးဖိုချောင်ဘက် လှည့်လိုက်သောအခါတွင် သူမသူငယ်ချင်း လျန်းနျိုနျိုကို တွေ့လိုက်ရသည်။
"မုမု, နင်ဘာလို့ငိုနေတာလဲ။ " လျန်းနျိုနျိုက မုရှောင်ယ မျက်လုံးနီနေတာကို မြင်ပြီးချက်ချင်း စိတ်လှုပ်ရှားစွာမေးလိုက်သည်။
"အဆင်ပြေပါတယ် နင်တို့ဆီမှာ ရေခဲဗူးရှိလား။ " မုရှောင်ယက ပြုံးပြီး သူမစိတ်ခံစားမှုကို ပြုပြင်ဖို့ကြိုးစားလိုက်သည်။
"ရေခဲသေတ္တာထဲမှာ ရေခဲတွေရှိတယ်။ နင့်အတွက် ပုဝါနဲ့ထုပ်ပေးမယ်" လျန်းနျိုနျိုက မုရှောင်ယရဲ့ မျက်လုံးများကိုတွေ့သောအခါ စကားဆက်မပြောချင်တော့တာကြောင့် သူမထပ်မမေးတော့ဘဲ မုရှောင်ယ အတွက် ရေခဲအိတ်ကို မျက်နှာသုတ်ပဝါဖြင့် ပြုလုပ်ခဲ့သည်။
" ကျေးဇူး " မုရှောင်ယက ရေခဲအိတ်ဖြင့် လှည့်ထွက်သွားပြီး လျန်းနျိုနျိုက မီးဖိုချောင်တံခါးဝတွင် ရပ်ပြီး သူငယ်ချင်းဖြစ်သူ သွားခဲ့သည့်လမ်းကြောင်းကိုကြည့်ရင်း မျက်လုံးများက တုန်လှုပ်နေသည်။
မုရှောင်ယ အခန်းကိုပြန်ရောက်သောအခါ ပိုင်ချွမ်းက သူမထွက်ခွာသွားသည့် အချိန်ကအတိုင် သူမဘက်ကို ကျောပေးပြီး ဆက်ထိုင်နေခဲ့သည်။ သူ့နောက်ကျောတွင် ဒဏ်ရာအနည်းငယ်တိုးလာပုံရသည်။
“ ရှောင်ချွမ်း အိပ်ရာပေါ်မှာလှဲအိပ်လိုက် ” မုရှောင်ယက ရေခဲနဲ့အတူ လျှောက်သွားရသ်းပြောလိုက်သည်။
ပိုင်ချွမ်းက နာခံမှုရှိစွာ လှဲခဲ့သည်။
"ဒါကရေခဲနည်းနည်းပါပဲ၊ ဒါပေမယ့် ရှင်ဒါကိုသုံးမယ်ဆိုရင် အမည်းတွေကမပျံ့နှံ့တော့ဘူး" မုရှောင်ယ ရှင်းပြလိုက်သည်။
"အင်း " ပိုင်ချွမ်းက နူးညံ့ညင်သာသောအသံကိုပေးခဲ့သည်။
မုရှောင်ယက ပိုင်ချွမ်း နောက်ကျောတွင် ရေခဲများဖြင့်ပတ်ထားတဲ့ ပုဝါကိုအုပ်ပေးခဲ့သည်။ သူမလက်ထဲတွင် ရေခဲဗူးအလေးချိန်ကို ညင်သာစွာ သယ်ဆောင်ထားရင်း လက်ကို ဖြည်လိုက်မိကာ ပိုင်ချွမ်းရဲ့ ပျက်စီးနေတဲ့ အသားအရည်ကို ပိုမိုထိခိုက်စေမှာကို စိုးရိမ်နေသည်။
ရေခဲကို ကပ်ပြီးနောက်မှာ မုရှောင်ယက သွေးလည်ပတ်မှု အားကောင်းစေဖို့နဲ့ သွေးမတည်မငြိမ်ဖြစ်မှုများကို ဖယ်ရှားပေးသည့် ဆေးအဆီကို ပိုင်ချွမ်းပေါ်တွင် လိမ်းပေးပြန်သည်။ သူမလက်ချောင်းတွေက ပိုင်ချွမ်း နောက်ကျောကို ညင်သာစွာ ပွတ်သပ်ပြီး ခါးတစ်ဝိုက်တွင် ရစ်ပတ်ထားသည်။ ခါးကအပြင်းထန်ဆုံးပဲ။ ရေခဲကိုသုံးပြီးနောက်မှာ အပြာရောင်က ခရမ်းရောင်ပုံသဏ္ဌာန်ပေါ် ထွက်လာတယ်။ မုရှောင်ယက အဲ့ဒိနေရာကို မကူညီနိုင်စွာပဲ ဆေးအဆီနဲ့ အကြိမ်ကြိမ်လိမ်းပေးခဲ့သည်။
"ရှောင်ယ ~~" ပိုင်ချွမ်း အသံက ရုတ်တရက် ထွက်လာသည်။
"ဟမ် " မုရှောင်ယက ပေါ့ပေါ့ပါးပါးပဲပြောလိုက်ပေးမယ့် သူမလက်ချောင်းတွေက ဆေးဆီမွှေးကို အသုံးပြုနေဆဲဖြစ်သည်။
“ ဘာလို့ ကိုယ်မင်းကို ထိရင်ယားပြီးတော့ မင်းကိုယ့်ကိုထိတော့ မယားတာလဲ။ ” ပိုင်ချွမ်းက ခေါင်းကိုလှည့်ပြီးစိတ်အားထက်သန်စွာမေးလိုက်သည်။
"!!!" 'ဘာ ရှင်ကျွန်မကိုထိတယ် ကျွန်မရှင့်ကိုထိတယ်။'
မုရှောင်ယက ပိုင်ချွမ်းရဲ့ စူးစမ်းလိုစိတ်ရှိတဲ့ မျက်လုံးတွေကို ကြည့်ပြီး ကောက်မချမိစေရန် သတိပေးဖို့ ကြိုးစားလိုက်သည်။ “ ဘာလို့လဲ......ဘာလို့လဲဆိုတော့ ကျွန်မအသားက ယားတက်လို့ ကလိထိုးနေသလိုပဲ ”
"ဒါဆို ကိုယ်ကဘာလို့ အဲ့ဒီလို မဖြစ်လာလဲ။"
"လူတိုင်းရဲ့ မထိမခံနိုင်တဲ့နေရာက မတူကြဘူး။ ရှင့်ရဲ့ ယားတက်တဲ့နေရာက ခါးမှာမဟုတ်လို့။ ရှင်လည်း တခြားသူတွေလိုပဲ ရှင်ဆီမှာလည်း ယားတက်တဲ့နေရာက ရှိနိုင်တယ်။ "
“အိုး ” ပိုင်ချွမ်း နားလည်လိုက်သည်။ သူပြန်လှည့်ပြီး တိတ်တိတ်လေး လှဲလိုက်သည်။ "ရှောင်ယရဲ့ ထိလွယ်ရှလွယ်နေရာက သူမခါးပဲ"
"Spurt ~~" မုရှောင်ယက လက်ကိုတင်းတင်းဆုပ်ကိုင်လိုက်ပြီး ဆေးဆီမွှေးအတုံးကြီးက သူမဆုပ်ကိုင်မှုကြောင့် ချက်ချင်းညှစ်ထုတ်ခံလိုက်ရသည်။
သူ့လက်နောက်ကျောက ဆေးဆီမွှေးအတုံးကြီးကို ကြည့်လိုက်ပြီး မုရှောင်ယက ပိုင်ချွမ်း ကျောကိုသာ ပြင်းပြင်းထန်ထန် လိမ်းလိုက်သည်။ သူ့နောက်ကျောက စေးကပ်ပြီး ရွှဲနေတော့ နောက်ထပ် ရေချိုးဖို့ လိုလိမ့်မည်။
ညစာအတွက် မုရှောင်ယ၊ ပိုင်ချွမ်းနဲ့ အိမ်ရှင်လျန်းနျိုနျိုတို့ သုံးယောက်သာ ရှိသည်။
" ငါတို့ပဲရှိတာလား တခြားလူတွေကော ဘယ်လိုလဲ။" မုရှောင်ယက ထူးဆန်းစွာမေးလိုက်တယ် ဤမျှကြီးမားသော ချယ်ရီခြံကြီးတွင် လျန်းနျိုနျို ရှိမည်မဟုတ်ပေ။
"လူတိုင်းအိမ်ပြန်သွားကြပြီ။ သူတို့အားလုံး ရွာကနေလာကူညီကြတာ " လျန်းနျိုနျိုက ပြန်ပြောလာသည်။
"ဦးလေးနှင့်အဒေါ်ကော။"
"ငါ့မိဘတွေက ငါ့အစ်မကိုသွားတွေ့တယ်။ သူနှစ်ရက်ကြာတဲ့အထိသူတို့ပြန်မလာသေးပေမယ့် ဒီနေရာကိုလည်း ပြန်လာမှာမဟုတ်ဘူး။ သူတို့က ရွာမှာပဲ နေလေ့ရှိတယ်" လျန်းနျိုနျိူက ပြောလာသည်။
မုရှောင်ယက ပြတ်သားစွာခေါင်းညိမ့်ခဲ့သည်။ “ နင်အနာဂတ်မှာ ချယ်ရီသီးတွေ စိုက်ဖို့တကယ်ပဲစီစဉ်ထားတာလား။ ” ဤမေးခွန်းကို မုရှောင်ယက သိလျက်နှင့် မေးခဲ့တာဖြစ်သည်။ အကြောင်းမှာ နောက်လေးနှစ်တွင်လည်း လျန်းနျိုနျိုက သူမမွေးရပ်မြေတွင် ရှိနေတာကြောင့်ဖြစ်သည်။
“ Taobao မှာ သစ်သီးမျိုးစုံရောင်းတဲ့ အထူးဆိုင်တစ်ဆိုင်ဖွင့်ဖို့ စီစဉ်ထားတယ်။” လျန်းနျိုနျိုက ပြုံးလျက်ပြောလာတယ် "ငါတို့ဆီမှာ မြေဆီလွှာနဲ့ရေကောင်းတယ်။ ငါတို့စိုက်ပျိုးတဲ့ အသီးတွေက အပြင်မှာရှိတာထက်ပိုကောင်းတယ်။ ငါချယ်ရီသီးနဲ့ စလုပ်ဖို့စီစဉ်ထားတယ်။ တစ်ကယ်လို့ အကျိုးကျေးဇူးအများကြီးရရင် ငါက ရွာသားတွေကို အတူလုပ်ဖို့ စည်းရုံးလိုက်မယ် "
“ နင် တစ်ရွာလုံးကို ချမ်းသာစေချင်နေတာလား။ ”
“ဟုတ်ပြီ နင့်မှာ အသိဥာဏ် ကောင်းကောင်းရှိတာပဲ" လျန်းနျိုနျိုက ရယ်သည်။
"စိတ်မကောင်းပါဘူး၊ ငါလေးစားမိပါတယ်"
"လာလာ ငါတို့ ချယ်ရီသီးကို စမ်းစားကြည့် " လျန်းနျိုနျိုက မုရှောင်ယ ရှေ့တွင်ချယ်ရီပန်းကန်တစ်ချပ်ကို ချလိုက်သည်။ "ဒီနေ့နောက်ကျနေပြီ၊ ငါအခု ချက်ချင်း နင်တို့ကိုမပြနိုင်ဘူး၊ ဒါပေမယ့် ငါမနက်ဖြန်မှာ နင့်ကိုလိုက်ပြမယ်"
မုရှောင်ယက ချယ်ရီသီးတစ်လုံးကို ယူပြီးစမ်းစားကြည့်လိုက်သည်နှင့် ၎င်းကအရည်ရွှမ်းပြီး အရသာရှိကြောင်းတွေ့ရှိခဲ့သည်။ သူမပုံမှန်စားတဲ့ ချယ်ရီသီးများထက် ပိုချိုသည်။ မျက်လုံးတွေ တောက်ပသွားပြီး နောက်တစ်ခုကို ထပ်ယူလိုက်သည်။ ပိုင်ချွမ်း ရှေ့မှာ ချယ်ရီသီးတစ်လုံး ရောက်သွားသည်။ "ရှောင်ချွမ်း မြည်းကြည့် ဒီချယ်ရီသီးက ယွင့်ချန်မှာ ဝယ်တာထက် ပိုချိုတယ် "
တိတ်ဆိတ်စွာစားနေတဲ့ ပိုင်ချွမ်းက သူ့တူများကိုချကာ မုရှောင်ယ လက်ထဲက ချယ်ရီသီးကို မျိုချလိုက်သည်။
"ဒါကအရသာရှိရဲ့လား။" မုရှောင်ယက ချက်ချင်းမေးသည်။
"အဲ့ဒါ အရသာရှိတယ် " ပိုင်ချွမ်းက ခေါင်းညိတ်ပြသော်လည်း ချယ်ရီသီးများကို ဆက်စားမည့်အစား သူ့တူတွေကိုယူလိုက်ပြီး မပြီးဆုံးသေးတဲ့ ညစာကိုသာဆက်စားခဲ့သည်။
"မနက်ဖြန် ကျွန်မတို့ခြံထဲကို သွားပြီး ကိုယ်တိုင်ခူးလို့ရတယ် "
" အင်း " ပိုင်ချွမ်းက အစာဆက်မစားတော့ဘဲ ကောင်းမွန်စွာတုံ့ပြန်ပြီးမှ ဆက်စားသည်။
မုရှောင်ယနဲ့ ပိုင်ချွမ်းတို့ ပြောဆိုဆက်ဆံပုံတွင် အမှားအယွင်းတစ်စုံတစ်ရာမရှိဟု ခံစားရသော်လည်း ခဏတာကြည့်ပြီးနောက် ဘေးက လျန်းနျိုနျိုက မောပန်းနေသည်။ ပိုင်ချွမ်းက အလွန်တိတ်ဆိတ်စွာနေခဲ့ပြီး မုရှောင်ယနဲ့ စကားပြောချိန်၌ သူ့တည်ရှိမှုကိုပင်မေ့သွားခဲ့သည်။ အခုတော့ ပိုင်ချွမ်းက တုန့်ပြန်ခဲ့ပေမယ့်သူကစကားပြောတဲ့ အရုပ်လိုပဲ သူ့ကို မုရှောင်ယ မေးမြန်းသောအခါ သူကအနည်းငယ်မျှသာတုန့်ပြန်သည်။ မုရှောင်ယ စကားမပြောတော့ပါက သူက မတည်ရှိသလို တိတ်ဆိတ်နေသည်။
'အော်တစ်ဇင်ဆိုတာ ဒီလိုမျိုးဖြစ်မှန်း သိပေမယ့် အခုတော့ ကိုယ့်မျက်စိနဲ့ကိုယ် မြင်နေရပြီ။ သူတို့နဲ့ သာမန်လူတွေကြားက ခြားနားချက်ကို ကိုယ်တိုင်မြင်တွေ့နေရတယ် ' လျန်းနျိုနျိုက ယခုအခက်အခဲကို နက်နက်ရှိုင်းရှိုင်း သတိပြုမိပြီး အင်အားမရှိသလို ခံစားခဲ့ရသည်။ 'ဒီလူက မုမုရဲ့ အနာဂတ်ခင်ပွန်းလား။ မုမုက သူ့ကို နောက်ဆယ်စုနှစ်အနည်းငယ်အထိ စိတ်ရှည်ရှည်နဲ့ လမ်းပြပေးနိုင်မှာလား။ အဲဒါကို တွေးကြည့်ရုံနဲ့ လျန်းနျိုနျိုက အရင်က ဖန်းဟော် သူမကို ပြောခဲ့တဲ့ စိုးရိမ်ပူပန်မှုတွေကို ချက်ခြင်း သဘောပေါက်သွားတယ်။'
'ပင်ပန်းလွန်းလို့ မုမုသာ အဲ့ဒီလိုနေထိုင်ခဲ့မယ်ဆိုရင် တကယ့်ကို ပင်ပန်းလိမ့်မယ်။'
"နင်ဘာလို့မစားတာလဲ။ "မုရှောင်ယက လျန်းနျိုနျို သူမအတွေးထဲနစ်မြုပ်နေချိန် မကူညီနိုင်ပေ။
"ဟင်း ကိစ္စတွေ စဉ်းစားနေတာ" လျန်းနျိုနျိုလည်း သနိ ပြန်ဝင်လာသည်။
"နင်ဘာတွေစဉ်းစားနေတာလဲ။ "
"နင်တို့နှစ်ယောက် မနက်ဖြန် ငါ့အတွက် မော်ဒယ်လုပ်ပေးမလား ငါသိချင်နေတယ်" လျန်းနျိုနျိုက ပြုံးပြီစပြောလာသည်။ “ ကြည့်ကောင်းတဲ့ ဓာတ်ပုံတချို့ရိုက်ပြီး ငါ့ရဲ့ Taobao စတိုးမှာ တင်ဖို့ စီစဉ်ထားတယ်။ နင်တို့နှစ်ယောက်က ငါနဲ့ ပူးပေါင်းပြီး ဓာတ်ပုံရိုက်သင့်တယ် ”
"နင်က မော်ဒယ်တစ်ယောက်လိုချင်တယ် ပြီးတော့ အဝတ်ရောင်းမှာလဲမဟုတ်ဘူး " မုရှောင်ယ နားမလည်ခဲ့ဘူး။
"နင်နားမလည်ဘူး။ ဒီကနေ့မှာ ကြည့်ကောင်းတဲ့ လူတွေက အမြဲတမ်း လူတိုင်ရဲ့ အာရုံကိုဆွဲဆောင်ထားတယ်။ ငါနင်တို့နှစ်ယောက်လုံးကို ငါ့စာမျက်နှာက ဧည့်သည်တွေကြည့်တဲ့အခါ သူတို့ကစက္ကန့်အနည်းငယ်လောက် ကြည့်ပြီးရင် သူတို့၀ယ်ကြလိမ့်မယ်"
"ဒါဆိုနင်ကိုယ်တိုင်လုပ်သင့်တယ်။ နင့်အတွက်ဓာတ်ပုံ နည်းနည်းရိုက်ပေးမယ် ငါကဒီဇိုင်းကျောင်းသားပါ။ ငါ့နည်းစနစ်က နင့်ထက်ပိုကောင်းလိမ့်မယ်"
နှစ်ယောက်သား အပြင်းအထန် ငြင်းခုံရင်း ပျောက်ဆုံးသွားသည်။ အသက်ဝင်သော်လည်း ထိုလူနှစ်ယောက်ကြားတွင် တစ်ခုတည်းသော ဆက်ဆံရေးရှိသည်။ တတိယလူ ပိုင်ချွမ်းက တိတ်တိတ်ဆိတ်ဆိတ်နဲ့ ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ဖြစ်ပြီး၊ ကြားဖြတ်ရန် ဘယ်သောအခါမှ အစပြုခြင်းမရှိပါ။
ညစာစားပြီးနောက်မှု မုရှောင်ယက ပိုင်ချွမ်း မောပန်းလာမှာကိုကြောက်ပြီး သူမနဲ့ လျန်းနျိုနျိုတို့ စကားစမြည်ပြောဆိုရန် ချယ်ရီပင်အောက်တွင်ထိုင်နေစဉ်တွင် အနားယူဖို့ အခန်းထဲအရင်ပြန်ဖို့ ပြောခဲ့သည်။
"ပိုင်ချွမ်း သူအမြဲတမ်းတိတ်ဆိတ်နေတာလား။ " ပိုင်ချွမ်းက ဒီမှာမရှိတော့ဘူး။ လျန်းနျိုနျိုက သူနဲ့ပတ်သက်တဲ့ အရာကို ပြောရဲလာပြီ။
"အင်း သူငယ်ငယ်ကတည်းက တိတ်တိတ်လေး နေခဲ့တာ" မုရှောင်ယ ပြုံးလိုက်သည်။ လျန်းနျိုနျို နောက်ထပ်ဘာပြောမလဲဆိုတာ သူမ မှန်းဆနိုင်သည်။
"အရင်က ... "လျန်းနျိုနျိုက ခဏရပ်ပြီး နောက်မှာ အခြားအသံဖြင့်မေးခဲ့သည်။ "သူ အခု ပိုကောင်းလာပြီလား။"
"ဒါကအများကြီး ပိုကောင်းပါတယ်။ ငါငယ်ငယ်တုန်းကသူ့ကိုမေးခွန်းတွေမေးလေ့ရှိတယ်၊ ဒါပေမဲ့ အခုတော့ သူက စကားပြောဖို့ ရံဖန်ရံခါ အစပြုလိမ့်မယ် " ဒါပေမယ့် သူတို့နှစ်ယောက်တည်း ရှိနေမှသာဖြစ်လိမ့်မည်။
"ဒါကကောင်းပါတယ်။ နင်သူ့ကိုစကားစပြောမှ သူတုန့်ပြန်လိမ့်မယ်ထင်တာ " လျန်းနျိုနျိုက သူစ စကားပြောဆိုခဲ့တယ်လို့ ကြားသောအခါ သူမစိတ်သက်သာရာရသွားသည်။ အနည်းဆုံးတစ်ဖက်သတ်ဆက်သွယ်မှုမဟုတ်ပေ။
“ ကျေးဇူးပဲ ” မုရှောင်ယက ရုတ်တရက် သူမကိုကျေးဇူးတင်စကားပြောခဲ့သည်။
"ရုတ်တရက် အားလုံးကို နင်ဘာလို့ကျေးဇူးတင်စကားပြောနေတာလဲ။ " လျန်းနျိုနျို အံ့သြသွားသည်။
"ငါ့ကိုစိုးရိမ်တဲ့အတွက် ကျေးဇူးပဲ " မုရှောင်ယ ရယ်လိုက်သည်။ " ဒါပေမယ့် နျိုနျို နင်တို့မြင်ခဲ့တဲ့အတိုင်းပဲ ငါတို့ကိုမကြည့်ပါနဲ့ "
“ ငါ…” လျန်းနျိုနျိုက အံ့အားသင့်သွားပြီး တွန့်ဆုတ်သွားသည်။ ထို့နောက် မုရှောင်ယ ထမင်းစားပွဲတွင် သတိပြုမမိခဲ့သည်မှာ ထူးဆန်းကြောင်းအလျင်အမြန်ထင်ဟပ်သော်လည်း သူမခေါင်းစဉ်ပြောင်းလဲမှုက ရုတ်တရက်ဖြစ်သွားသည်ဟုထင်မြင်ခဲ့သည်။
"နင်သိတယ်မလား ဒီနေ့ နင်တို့ငါတို့ကိုခေါ်ဖို့ ထရပ်ကားတစ်စီးပို့လိုက်တာ ငါတို့ရှေ့မှာထိုင်လို့မရဘူး။ ပိုင်ချွမ်း နဲ့ငါဗန်ကားနောက်ကျောမှာထိုင်ရတယ်။ တောင်ပေါ်ကိုရောက်တဲ့အခါ လမ်းကအရမ်းခုန်တယ်။ ငါ့ကိုတည်ငြိမ်အောင်လုပ်ဖို့ ပိုင်ချွမ်းက ငါ့ကိုအကာအကွယ်ပေးခဲ့ပြီး သူ့ နောက်ကျောတစ်ခုလုံး ပွန်းပဲ့ကုန်တယ်။ " မုရှောင်ယက ကြယ်တွေပြည့်နေတဲ့ ကောင်းကင်ကိုကြည့်လိုက်သည်။ " လူတွေနာကျင်ခံစားနေရသလို သူလည်းနာကျင်တာပဲလေ "
“အော်တစ်ဇင် ရှိသူတွေက ပုံမှန်အားဖြင့် လိမ်ညာလေ့မရှိဘူး။ ပိုင်ချွမ်း နာကျင်တယ်လို့ ပြောရင် တကယ်နာကျင်လို့ပဲ။ ထရပ်ကားနဲ့ တိုက်မိရင် ထိခိုက်မယ်ဆိုတာ သိပေမယ့် သူက ငါ့ကို အကာအကွယ်ပေးတုန်းပဲ” မုရှောင်ယ မျက်လုံးတွေက အနည်းငယ်စိုစွတ်လာပြန်သည်။ ပိုင်ချွမ်းက သူမအတွက် နာကျင်မှုဝေဒနာခံစားခဲ့ရတာကြောင့် တုန်လှုပ်ခဲ့တာမဟုတ်ပဲ ပိုင်ချွမ်းက သူမကို ကာကွယ်လိုစိတ်ရှိတာကြောင့် တုန်လှုပ်သွားခဲ့တာဖြစ်သည်။
အော်တစ်ဇင်လူနာများသည် လုပ်ချင်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ တစ်ဖက်မြင်ကိုယ်ရည်ကိုယ်သွေးများအဖြစ် ရှုမြင်ကြသော်လည်း အားသာချက်များ သို့မဟုတ် အားနည်းချက်များကို ချိန်ဆကြည့်လေ့မရှိပေ။ မုရှောင်ယ ဒီထက် အဆပေါင်း သောင်းနဲ့ချီပြီး နာကျင်နေရင်တောင် ပိုင်ချွမ်းက သူမကို ကာကွယ်ဖို့ ဆန္ဒရှိနေမှာကို သူမသိသည်။
“သူစကားပြောရတာ မကြိုက်ရင် အဲ့ဒါက အရေးမကြီးဘူး။ ဘာပဲဖြစ်ဖြစ် ငါမေးရင် သူဖြေလိမ့်မယ်၊ ငါ နည်းနည်းထပ်မေးလိုက်မယ်" မုရှောင်ယ အကောင်းမြင်စွာပြောခဲ့သည်။ "ဒါကြောင့် ငါတို့ကို အမြင်အတိုင်း မကြည့်ပါနဲ့ ပိုင်ချွမ်းမှာ သိပ္ပံနည်းကျချို့ယွင်းချက်ရှိတယ်။ သူကတခြားလူတွေရဲ့ ခံစားချက်တွေကို နားမလည်နိုင်ဘူး၊ ဒါပေမယ့် သူက ဘယ်လိုကွဲပြားခြားနားတဲ့ မျက်လုံးမျိုးကိုမဆို ပြောနိုင်တယ် ”
လျန်းနျိုနျိုက အသံတိတ်နားထောင်ပြီး သူမရဲ့ခံစားချက်က အရမ်းရှုပ်ထွေးနေသည်။
"စိတ်မကောင်းပါဘူး" လျန်းနျိုနျို မျက်နှာက အပြစ်ရှိတဲ့အရိပ်တွေနဲ့ ပြည့်နေသည်။
“ နင်ဆိုလိုတာက နင် ငါတို့ကို ထရပ်ကားတစ်စီးနဲ့ ကြိုတာအတွက်လား။” မုရှောင်ယက ခေါင်းကိုလှည့်ပြီးစိတ်အေးဆေးစွာမေးလိုက်သည်။
"ဟုတ်တယ်၊ ငါ့မှာလယ်ထွန်စက်တစ်ခုပဲရှိတယ်၊ နင် အဲ့ဒါကိုမကြိုက်ဘူးလို့ ထင်လို့"
"ကျေးဇူးပဲ ငါအဲ့ဒါကိုမကြိုက်ဘူး "
…
"မုမု~"
"အမ်း။"
"ပိုင်ချွမ်းက အရမ်းကောင်းတယ်။ အဲဒီအချိန်မှာ သူနင့်ကိုကြည့်တဲ့အခါ သူ့မျက်လုံးတွေက ကြယ်တွေလိုတောက်ပနေတယ်"
မုရှောင်ယက ကြယ်ရောင်စုံသော ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကြယ်များထူထပ်သော ကောင်းကင်ကြီးသည် မည်မျှ လှပနေသည်။ ထို့ကြောင့် လူများစွာသည် တိဗက်၊ ဝင်ရိုးစွန်းဒေသများ၊ ကြယ်များကို မြင်နိုင်သော နေရာများအားလုံးကို သွားကြသည်။
............
Author’s Notes:
အဖွား - ရှောင်ချွမ်း သားအိမ်နီးချင်းညီမလေး ရှောင်ယကို သဘောကျတယ်မဟုတ်လား။
ပိုင်ချွမ်းက ဖွားဖွားပိုင်ကို တိတ်ဆိတ်စွာကြည့်နေသည်။
အဖွား - သူမကိုကြိုက်တယ်ဆိုရင် သူမကိုပြောပြမှရမယ်
ပိုင်ချွမ်းက ဖွားဖွားပိုင်ကို တိတ်ဆိတ်စွာကြည့်နေဆဲဖြစ်သည်။
အဖွား - သူမက သားကိုစကားပြောရင် သားသူမကို ပိုတုန့်ပြန်ရမယ်။
ငယ်ရွယ်တဲ့ ပိုင်ချွမ်းရဲ့ မျက်နှာတွင် စိတ်အနှောင့်အယှက်ဖြစ်စရာ သဲလွန်စတစ်ခုရှိခဲ့သည်။ ထို့နောက်သူကလိုက်လျောညီထွေဖြစ်အောင်အချိန်ကြာမြင့်စွာအချိန်ယူရသည်။
ရှောင်ယလေး - အစ်ကိုကြီးပိုင်ချွမ်း
ပိုင်ချွမ်းလေး - အမ်း