#ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား
#အပိုင်း ၂၅; ပထမဆုံးအနမ်း
တောင်များရှိ မိုးကြိုးမုန်တိုင်းက မိုးပြင်းထန်စွာ ရွာသွန်းပြီး နောက် နာရီဝက်အကြာတွင် ဖြစ်ပွားခဲ့သည်။
မုရှောင်ယက အပြင်ဘက်မှာ မိုးရွာနေတာက နည်း နည်းလာတာကို ခံစားနေရသည်။ သူမက သူမဖက်ထားတဲ့ ပိုင်ချွမ်းကို ကြည့်လိုက်သည်။ သူ့မျက်လုံးတွေက တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး သူ့မျက်နှာက ဖြူဖျော့နေပြီး ထိတ်လန့်နေသည်မှာ ထင်ရှားသည်။ ပျော်ပွဲစားအခင်းမှာ ရေစိုခံနိုင်သည့်လုပ်ဆောင်မှုအချို့ရှိသော်လည်း သူတို့အဝတ်များ မစိုစွတ်အောင် မကူညီနိုင်ပါ။ မုရှောင်ယက တုန်နေပြီး သူမခန္ဓာကိုယ်အတွင်းရှိ အေးစိမ့်စိမ့်စိမ့်ဖြစ်မှုကြောင့် သူမနှုတ်ခမ်းက ပြာနှမ်းနေပြီဖြစ်သည်။
"ရှောင်ချွမ်း " မုရှောင်ယက ပိုင်ချွမ်းရဲ့နာမည်ကို တိုးတိုးလေးခေါ်လိုက်သည်။ သူမရဲ့အသံက အေးလွန်းတာကြောင့် တုန်ခါနေခဲ့သည်။
ပိုင်ချွမ်းရဲ့မျက်လုံးတွေက မဖွင့်သေးပေမယ့် မျက်တောင်တွေက လှုပ်သွားခဲ့သည်။ မုရှောင်ယက စိတ်သက်သာရာ ရသွားပြီး သူမအသံကို တုံ့ပြန်တာကြောင့် ပိုင်ချွမ်းကဲ့ အလွန်အမင်းကြောက်ရွံ့မှုအခြေအနေကနေ ယခုအခါသက်သာသွားကြောင်းဖော်ပြခဲ့သည်။
"ရှောင်ချွမ်း မိုးတိတ်သွားပြီ မိုးနောက်ထပ်မရွာတော့ဘူး၊ ပြန်ရအောင် " မုရှောင်ယက သူမလက်များကို ပိုင်ချွမ်းရဲ့ နားအုပ်ထားတာကနေ ဖယ်ဖို့ကြိုးစားလိုက်သည်။
"အမ်းးး ~~" မုရှောင်ယလက်များ လှုပ်သွားသောအခါ ပိုင်ချွမ်းက သူ့နားဘေးတွင် မိုးခြိမ်းသံ ကျယ်လောင်စွာ မြည်နေသေးသည်ဟု ခံစားလိုက်ရပြီး ငိုသံများထွက်လာမည်ကို စိုးရိမ်ကာ မုရှောင်ယ လက်နှစ်ဖက်ကို သူ့ဘာသာ အလိုလို ပြန်ဆွဲလိုက်မိသည်။
"မကြောက်နဲ့ ကျွန်မဒီမှာရှိတယ် ရှင်နဲ့အတူရှိနေတယ် " မုရှောင်ယက သူ့ကို စိတ်ရှည်ရှည်နဲ့ နှစ်သိမ့်ပေးရင်း ခဏတာ ဘာလုပ်ရမှန်း မသိတော့ဘူး။
တကယ်တော့ ပိုင်ချွမ်းလို အော်တစ်ဇင် လူတစ်ယောက်မပြောနဲ့ သာမန်လူတစ်ဦးတောင် မိုးခြိမ်းသံကြောင့် ကြောက်လန့်လိမ့်မည်။ ဒါပေမယ့် သာမန်လူတစ်ဦးသည် ကြောက်ရွံ့ပြီးနောက် ၎င်းတို့၏ စိတ်ခံစားချက်များကို လျင်မြန်စွာ ထိန်းညှိနိုင်ပြီး အမှန်တကယ် အန္တရာယ်မရှိကြောင်း သိရှိလာသောအခါတွင် ၎င်းတို့သည် ထိုကြောက်ရွံ့မှုကို အမြန်ဖယ်ရှားနိုင်မည်ဖြစ်သည်။ ဒါပေမယ့် ပိုင်ချွမ်းက မလုပ်နိုင်ပေ။ အပြင်လောကရှိ မိုးခြိမ်းသံများ ရပ်တန့်သွားသော်လည်း ပိုင်ချွမ်းရဲ့ ကမ္ဘာအတွင်း ဆက်လက်တည်ရှိနေသေးသည်။
သူမက ပိုင်ချွမ်းရဲ့ အာရုံကိုလမ်းကြောင်းပြောင်းဖို့ မိုးကြိုးကကြောက်မက်ဖွယ်မကောင်းတာကို သက်သေပြဖို့ နည်းလမ်းတစ်ခုကိုတွက်ဆခဲ့ရသည်။
'ဘယ်လိုလုပ်ရမလဲ။ မုရှောင်ယက သူမဘာသာ သူမအတွေးတွေကို ငြိမ်သက်စေခဲ့သည်။ ဤအချိန်တွင် ပိုင်ချွမ်းက အပြည့်အဝမနိုးသေးပေ။ သူမအသံကိုတုံ့ပြန်သော်လည်း ထိုတုံ့ပြန်မှုကသူ့ကိုနှိုးဖို့ လုံလောက်မှုမရှိခဲ့ပေ။ ဒါဆို သူမဘာလုပ်ရမလဲ။'
မုရှောင်ယက သူ့ကိုနှိုးဖို့ကြိုးစားခဲ့သော်လည်း သူ့နားကိုကပ်ထားတော့ မုရှောင်ယလည်း သူ့နားကိုပြန်ပိတ်ပေးလိုက်သည်။ ထိုအချိန်တွင် မုရှောင်ယ ခေါင်းငုံ့ကြည့်လိုက်တော့ ပိုင်ချွမ်း မျက်နှာကို သူမလက်ဖဝါးထဲတွင် ကိုင်ထားကြောင်း တွေ့ရှိခဲ့သည်။ 'ပိုင်ချွမ်းရဲ့အသွင်အပြင်က တကယ်ကို သပ်ရပ်တယ်၊ သူ့အသားအရေက အပြစ်အနာအဆာကင်းတယ်၊ ရှည်လျားပြီး ထူထဲတဲ့ မျက်တောင်တွေ၊ ရှည်လျားတဲ့ နှာတံ၊ ပါးလွှာတဲ့နှုတ်ခမ်း...သူမ ခေါင်းငုံ့ထားသရွေ့ နမ်းလို့ကောင်းတဲ့ပုံပေါက်တယ်...'
' အဲ့ဒါကိုကြည့်ရတာ...... အရသာရှိမယ့်ပုံပဲ။ သူမ ဘာဖြစ်နေတာလဲ။'
ပိုင်ချွမ်းရဲ့ ကမ္ဘာအတွင်းတွင် ကြောက်မက်ဖွယ်ကောင်းပြီး တိမ်မည်းကြီးတွေက ပတ်ပတ်လည်မှာရှိနေကာ ကောင်းကင်ပြာပြာကြီးမှ မိုးသည်းစွာရွာချနေပြီး ဖုံးကွယ်ထားကာ ပုန်းခိုစရာနေရာမရှိပေ။ သူ့ရှေ့မှာ နွေးထွေးမှုဆိုတာ ဒီအဆုံးမဲ့ အမှောင်ထဲမှာ သူရှာတွေ့နိုင်တဲ့ တစ်ခုတည်းသောအရာက အားကိုးမှုပဲ၊ အဲဒါ ဘယ်သူလဲ။ ဒီလို ရင်းနှီးနွေးထွေးမှုကို ဘယ်သူက ယူဆောင်လာတာလဲ။ အရမ်းရင်းနှီးတာ သေချာတယ် သူသေချာပေါက် မှတ်မိနိုင်မှာ...
ပိုင်ချွမ်းက ပြင်းပြင်းထန်ထန် တွေးတောရင်း သူ့ဆီက အနွေးဓာတ်က ဘယ်သူလဲဆိုတာ သတိရနေသရွေ့ မိုးခြိမ်းသံက ချက်ချင်းရပ်သွားမှာပဲ။
ရုတ်တရက်ဆိုသလိုပင် ပို၍နွေးထွေးနူးညံ့သော အရာတစ်ခုက သူ့ကမ္ဘာထဲသို့ ဝင်လာပြီး ရင်းနှီးသောရနံ့တစ်ခုက သူ့အတွင်းပိုင်းကို ဖုံးလွှမ်းသွားပြီး သူ့နှာခေါင်းထဲသို့ အကျွမ်းဝတင်ရှိတဲ့အနံနဲ့ နွေးထွေးမှုတစ်ခု ယူဆောင်လာခဲ့သည်။ ပိုင်ချွမ်းရဲ့ ဖရိုဖရဲဖြစ်နေတဲ့ ဦးနှောက်ထဲမှာ မှောင်မဲနေတဲ့ ကောင်းကင်ကြီးက ပုဆိန်နဲ့ ရုတ်တရက် ခုတ်ခံလိုက်ရပုံရပြီး တောက်ပကြည်လင်တဲ့ ကောင်းကင်ယံကို နောက်ဆုံးတော့ သူ တစ်ခုခု သတိပြုမိသွားသလိုပဲ။
'အဲ့ဒါက ရှောင်ယရဲ့ အနံ့ပဲ '
ပိုင်ချွမ်းက သူ့မျက်လုံးများကို ရုတ်တရက်ဖွင့်ကြည့်လိုက်သည်။ မှိန်ဖျော့ဖျော့ဖျော့လေးထဲတွင် သူနဲ့အရမ်းနီးကပ်နေတဲ့ မုရှောင်ယရဲ့ ပုံသဏ္ဌန်ကို သူမြင်နေရသည်။ ညဘက်မှာ မုရှောင်ယ သူ့ရင်ခွင်ထဲတွင် လှဲလျောင်းနေချိန်ထက်ပင် နီးကပ်နေပြီး အခုအချိန်တွင်မူ မုရှောင်ယရဲ့ မျက်တောင်အရေအတွက်ကိုပင် ရေတွက်နိုင်သေးသည်။ မျက်လုံးနှစ်လုံး၊ အပေါ်မျက်ခွံနဲ့ အောက်မျက်ခမ်း စုစုပေါင်း မျက်တောင် ၂၆၈ ချောင်း။
'ရှောင်ယ ဘာလုပ်နေတာလဲ။ သူမငါ့ကိုနမ်းနေတာလား။'
'အဲ့ဒါအမှန်ပဲ ရှောင်ယက သူ့ကိုနမ်းနေတယ်။' သူမ ချုပ်တည်းမထားနိုင်တော့ဘူး နောက်ဆုံးတွင် သူမရှေ့က အလှကို စွဲလန်းသွားပြီး ပိုင်ချွမ်းကို အရူးလုပ်တော့သည်။
မုရှောင်ယက ပိုင်ချွမ်းရဲ့ ပြောင်းလဲမှုကို နောက်ဆုံးသတိပြုမိသောအခါတွင် သူနိုးနေပြီဖြစ်ကြောင်း သူမသိလိုက်သည်။ သူမ မျက်လုံးများကို အံ့အားသင့်စွာဖွင့်လိုက်ရာ ပိုင်ချွမ်းရဲ့ စူးစမ်းလိုစိတ်ရှိသော မျက်လုံးများနှင့် တွေ့လိုက်ရသည်။
' ပိုင်ချွမ်းက အနမ်းကို ဆန့်ကျင်တဲ့ တစ်စုံတစ်ရာမရှိပေ ။ အဲ့ဒါက အချစ်ဖြစ်နိုင်တယ် ' မုရှောင်ယက ဤကဲ့သို့ တွေးပြီး သူမတို့ အနမ်းကို နက်ရှိုင်းစေဖို့ ရုတ်ချည်း တွန်းအားဖြင့် ဆုပ်ကိုင်ထားလိုက်သည်။ သူမခဏရပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ရှင့်ပါးစပ်က်ုဖွင့်လိုက် "
ပိုင်ချွမ်းက သူ့နှုတ်ခမ်းကို နာခံမှုရှိရှိဖွင့်ပေးခဲ့ပြီး မုရှောင်ယက သူ့ပိုင်နယ်မြေအတွင်း ပဒေသရာဇ်သခင်တစ်ဦးအနေနှင့် သူ့နယ်မြေကိုကျူးကျော် ၀င်ရောက်လာပြန်သည်။
မကျွမ်းကျင်သော လျှာနှစ်ခုက ထိတွေ့ခါနီး အချိန်မတန်သေးခင်မှာပဲ ဖုန်းမြည်သံတစ်ခုက ၎င်းတို့၏ ကျဉ်းမြောင်းသောနေရာအတွင်း၌ ရုတ်တရက် ဆူညံစွာ ထွက်ပေါ်လာသည်။
မုရှောင်ယက ပိုင်ချွမ်းကို ရုတ်တရက် လွှတ်ပေးလိုက်ပြီး သူမ မျက်နှာက နီရဲနေကာ ပုဇွန်ပြုတ်လို ဖြစ်နေသည်။ သူမပထမဆုံးစလုပ်ခဲ့တာ ထင်ရှားပေမယ့် အခုအချိန်မှာတော့ ပထမဆုံးအနမ်းကို လှည့်စားခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်လို ရှက်ရွံ့လွန်းလို့ မော့မကြည့်ရဲတော့ဘူး။
“ ဟယ်လို ” မုရှောင်ယက သူမ၏ အရည်အသွေးမြင့်လွန်းသော ဖုန်းအား ကောက်ယူလိုက်သည်။ ဤမိုးသက်မုန်တိုင်းကြီးတွင် ရေစိုပြီးသည့်တိုင် ဖုန်းက မပျက်သေးပေ။
“ မုမု နင်ဘယ်မှာလဲ။ အစောက မိုးအရမ်းရွာနေတယ်လေ နင်အဆင်ပြေရဲ့လား။” ဖုန်းခေါ်သူက လျန်းနျိုနျို ဖြစ်သည်။
"ငါအဆင်ပြေပါတယ်၊ အခုပြန်လာခဲ့မယ်" မုရှောင်ယက ပိုင်ချွမ်းကို မသိစိတ်ကတစ်ချက်ကြည့်လိုက်သည်။ ပိုင်ချွမ်းက ယခုအချိန်တွင် လုံးဝအေးဆေးတည်ငြိမ်နေပြီး သူ့မျက်လုံးတွေက ယခင်ကထက် ပို၍ တောက်ပနေသည်။ သူက ပိုတက်ကြွနေပုံရပေမယ့် သူ့မျက်နှာက ဖြူဖျော့နေဆဲပဲ။ “ငါတို့ကို ဂျင်းစွပ်ပြုတ်ချက်ထားပေး”
ဖုန်းကိုချပြီးနောက်မှာ မုရှောင်ယက သူမတို့ကိုဖုံးဖို့အသုံးပြုထားတဲ့ ပျော်ပွဲစားအခင်းကို ရုတ်သိမ်းလိုက်သည်။ ရုတ်တရက် တောက်ပသော အလင်းရောင်ထွက်လာပြီး သူတို့နှစ်ယောက်က မျက်လုံးတွေကို မသိစိတ်မှ မှိတ်ထားမိလိုက်သည်။
“ကြည့်လိုက် မိုးတိတ်သွားပြီ ” အစောက ရှက်ရွံ့မှုကို လျစ်လျူရှုဖို့ အတတ်နိုင်ဆုံး ကြိုးစားရင်း မုရှောင်ယက ပိုင်ချွမ်းကို ပြုံးပြလိုက်သည်။
'ရှက်စရာမလိုဘူး၊ ရှက်စရာမလိုဘူး၊ ငါတို့က လင်နဲ့မယားပဲ၊ အနမ်းဆိုတာ ဘာမှမဟုတ်ဘူး။ နောက်ပြီး ပိုင်ချွမ်းက ဘာကိုဆိုလိုလဲကိုတောင် နားမလည်နိုင်ဘူး။'
"အင်း "ပိုင်ချွမ်းက တုန်လှုပ်ချောက်ချားစွာတုံ့ပြန်လိုက်သည်။ ' မိုးတိတ်သွားတာကို မုရှောင်ယ သူ့ကို အမှောင်ထဲကနေ ခေါ်ထုတ်လိုက်ကတည်းက သူသိတယ်။'
"ဒါဆို ပြန်ကြရအောင် " မုရှောင်ယက မတ်တပ်ထရပ်ပြီး ပိုင်ချွမ်းကို ဆွဲထူလိုက်သည်။ အချိန်အတော်ကြာ မိုးရွာနေတာကြောင့် လူနှစ်ယောက်က ကြွက်လို စိုရွှဲနေတယ်လို ပြောလို့ရသည်။ သူတို့က ခေါင်းမှခြေဖျားအထိ၊ အပြင်မှ အတွင်းအထိ စိုရွဲနေပြီး သူတို့အဝတ်အစားတွေက နွေရာသီအဝတ်အစားများဖြစ်တာကြောင့် ယခုအချိန်တွင် သူမတို့ခန္ဓာကိုယ်တွင် ကပ်နေတာကြောင့် စိတ်မသက်မသာဖြစ်စေသည်။
မုရှောင်ယရဲ့ အနက်ရောင်အတွင်းခံက သူမ၏အဖြူရောင်ရှပ်အင်္ကျီကြောင့် ပို၍ပင်ထင်ရှားသည်။
ပိုင်ချွမ်းက သူမကို တည့်တည့်စိုက်ကြည့်ရုံကလွဲပြီစ မတတ်နိုင်ခဲ့ပေ။
“ ရှင်ဘာကိုကြည့်နေတာလဲ။ ” မုရှောင်ယက သူမရင်ဘတ်ကို မသိစိတ်ကဖုံးအုပ်လိုက်သည်။
ပိုင်ချွမ်း မျက်တောင်ခတ်လိုက်သည်။ မုရှောင်ယက ဘာလို့ ဖုံးကွယ်ချင်နေလဲ နားမလည်ဘဲ သူမ၏အဖြူရောင်အဝတ်အောက်ရှိ အနက်ရောင်အဝတ်က အလွန်တောက်ပြောင်လွန်းတယ်လို့ မသိစိတ်က ခံစားလိုက်ရသည်။
" အနက်ရောင် " မုရှောင်ယက သူဘာကိုကြည့်နေလဲလို့မေးတာကြောင့် သူကဖြေရန်လိုသေးသည်။
“ …” မုရှောင်ယက ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားသည်။ ဒီလို မှန်ကန်သောအဖြေက တစ်စုံတစ်ဦးကို စကားမပြောနိုင်လောက်အောင် ဖြစ်သွားစေနိုင်သည်။
'အနက်ရောင်၊ အနက်ရောင် အတွင်းခံအဝတ်အစားလား။ ဒါမှမဟုတ် အနက်ရောင် အရောင်ကိုကြည့်ရုံသက်သက်လား။' မုရှောင်ယက အကြောင်းပြချက်မှာ ပိုင်ချွမ်းရဲ့ 'အနက်ရောင်' က အနက်ရောင်တစ်ခုခုကို ကြည့်နေခြင်းကြောင့် ဖြစ်ရမည်ဖြစ်သော်လည်း သူမ၏ ဦးနှောက်သည် ကလေးများအတွက် မသင့်လျော်သော အရာတစ်ခုကို စိတ်မကူးကြည့်ဖို့ မတက်နိုင်ပါပေ။
ယုတ္တိမတန်ဆုံးအချက်မှာ၊ သူမက မိမိခင်ပွန်းကို ကူညီနေခြင်းသာဖြစ်ကြောင်း သိသာထင်ရှားသော်လည်း သူက သူမအား အခွင့်ကောင်းယူနေတယ်လို့ စိတ်ကူးမိဆဲပင် 'လုံလောက်ပြီ။'
"ရှောင်ချွမ်း " အသက်ပြင်းပြင်းရှူရင်း မုရှောင်ယက သူ့မကိုယ်သူမ တည်ငြိမ်အောင်ကြိုးစားလိုက်သည်။ "မိန်းကလေးရဲ့အဝတ်အစားတွေက ရေစိုနေတယ်ဆိုရင် သူမကို အဲ့ဒီလိုစိုက်ကြည့်ရတာက ရိုင်းတယ် အိုကေ။"
"အင်း " ပိုင်ချွမ်းက ခေါင်းညိတ်ပြီး သူနားလည်ကြောင်းပြခဲ့သည်။
မုရှောင်ယ စိတ်သက်သာရာရသွားပြီးနောက်မှာ ပိုင်ချွမ်းက ထပ်မေးလာတာကို သူမကြားခဲ့ရသည်။ “ကိုယ် မင်းကိုကြည့်လို့မရဘူးလား။” သူက မုရှောင်ယကိုကြည့်ရတာ နှစ်သက်ပြီး သူ့ကိုကြည့်တိုင်း နားမလည်နိုင်အောင် ဖြစ်နေလို့ပါပဲ။
'မင်းရဲ့ခင်ပွန်းက မင်းရဲ့အဝတ်တွေစိုစွတ်နေချိန်မှာ သူကြည့်လို့ရမလားလို့ မေးရင် မင်းဘယ်လိုပြန်ဖြေမလဲ။ '
"... " 'အို ဘုရားရေ' မုရှောင်ယက ရှက်ရွံ့စွာ ညည်းတွားငိုကြွေးချင်ခဲ့သည်။ တစ်ကယ်လို့ ပိုင်ချွမ်းသာ အလွန်အပြစ်မဲ့ကြောင်း သူမ မသိလျှင် ပိုင်ချွမ်းက သူမကိုလှောင်ပြောင်နေတယ်လို့ ထင်မိလိမ့်မည်။
"ကိုယ် ကြည့်လို့မရဘူးလား။ " ပိုင်ချွမ်းက အနည်းငယ် ပျောက်ဆုံးသွားသလို ခံစားလိုက်ရသော်လည်း သူက လှည့်ပြီး မုရှောင်ယကို မကြည့်တော့ဘဲ ငြိမ်နေလိုက်သည်။
"ကြည့်လို့ရတယ် " မုရှောင်ယက အံကြိတ်ပြီးပြောလိုက်သည်။ "ကျွန်မတို့ပဲ ရှိမှ "
' မေ့လိုက်တော့ လက်ထပ်လက်မှတ်လဲထိုးပြီးသွားပြီ၊ နှုတ်ခမ်းတွေကလဲ ထိပြီးသွားပြီ၊ သူကြည့်ချင်ရင်လည်း ကြည့်ပါစေတော့ ဘာပဲဖြစ်ဖြစ် ငါ့အသားပဲ့သွားမှာမှမဟုတ်တာ '
ပိုင်ချွမ်းက ချက်ချင်းပဲ တက်ကြွလာတာကို ခံစားလိုက်ရသည်။
"မြန်မြန်လုပ် ကျွန်မကို မြေပြင်ပေါ်ကပစ္စည်းတွေ ကူကောက်ပေးဦး ပြီးရင်ပြန်ရအောင် " မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သူတို့ယူလာခဲ့တာတွေက ပြန့်ကျဲသွားသည်။ မုရှောင်ယနဲ့ ပိုင်ချွမ်းတို့က သဘာဝပတ်ဝန်းကျင်ကို မညစ်ညမ်းစေဖို့အတွက် အမှိုက်များကို ကောက်ယူခဲ့ကြသည်။
ချယ်ရီခြံကို ပြန်ရောက်သောအခါ လျန်းနျိုနျိုက ထိုစုံတွဲကို ဤကဲ့သို့ သနားစရာကောင်းသော ပုံစံဖြင့် မြင်လိုက်ရသည့်အတွက် ထိတ်လန့်သွားသည်။ သူမ သူတို့ နှစ်ယောက်လုံးကို ရေချိုးပြီး အဝတ်အစားလဲဖို့ အမြန်ခွင့်ပြုလိုက်ပြီး ဂျင်စွပ်ပြုတ်နဲ့ ဆေးအချို့ကို ပြင်ဆင်ခဲ့သော်လည်း နောက်တစ်နေ့တွင် မုရှောင်ယက အအေးမိသွားသေးသည်။
မုရှောင်ယက ကုတင်ပေါ်ကနေတောင် မထနိုင်လောက်အောင် အေးခဲသွားခဲ့သည်။
"နင် ဘာလို့ ပိုင်ချွမ်းကိုဆွဲပြီး အိမ်မပြန်လာတာလဲ။ မိုးမိတာက အတူတူပဲ။ ဒါပေမယ့် ပိုင်ချွမ်းက ဝက်ဝံတစ်ကောင်လိုပဲ ကောင်းနေတယ် " လျန်းနျိုနျိုက မုရှောင်ယကို ဆေးပေးရင်း ဆူပူခဲ့သည်။ “အနာဂတ်မှာ နင့်ဘာသာနင် လေ့ကျင့်ခန်း ပိုလုပ်သင့်တယ်လို့ ငါထင်တယ်”
"ငါက ဒီလိုဖြစ်နေပြီ ဒါပေမယ့် နင်ကငါ့ကို လှောင်ပြောင်နေတုန်းပဲ "မုရှောင်ယက ပိုင်ချွမ်းရဲ့ အကူအညီနဲ့ ကုတင်ပေါ်မှ ထထိုင်လိုက်ပြီး လျန်းနျိုနျို ပေးလာတဲ့ ရေနွေးနွေးဖြင့် ဆေးကို သောက်လိုက်သည်။
လျန်းနျိုနျိုက သူမကိုသာမိုမီတာ ပေးလိုက်သည်။
"မလိုအပ်ပါဘူး။"
"ဒီရွာမှာဆရာဝန်မရှိဘူး။ နင့်မှာပြင်းထန်တဲ့အဖျားရှိတယ်ဆိုရင် နင့်ကိုခရိုင်ကို ကြိုတင်မောင်းပို့ရမှာ။ မြန်မြန် တိုင်းလိုက် နင့်အပူချိန်မြင့်ရင် ငါဆေးရုံကိုခေါ်သွားမယ် "
မုရှောင်ယက သူမကိုယ်ပိုင်အပူချိန်က မြင့်မားခြင်းမရှိဘူးလို့ ခံစားခဲ့ရသော်လည်း နောက်တစ်ကြိမ်ငြင်းပယ်မယ့်အချိန်မှာ ပိုင်ချွမ်းက လျန်းနျိုနျို လက်ထဲက သာမိုမီတာကို ယူလိုက်ပြီး မုရှောင်ယကို တိတ်ဆိတ်စွာစိုက်ကြည့်ခဲ့သည်။ တကယ်တော့ ပိုင်ချွမ်းက ဆေးရုံတွေကို မကြိုက်ပေမယ့် ဆေးရုံတွေက ရောဂါတွေကို ကုသတဲ့ နေရာဖြစ်ကြောင်း သူသိသည်။ ရှောင်ယကို ဆေးရုံမသွားစေချင်ပေမယ့် သူမကို ကျန်းမာစေချင်သည်။
"ကျွန်မကိုယ်တိုင် တိုင်းလိုက်မယ် " ပိုင်ချွမ်းရဲ့ အကြည့်ကို ရင်ဆိုင်ရင်း မုရှောင်ယက ဆက်၍မထိန်းနိုင်တော့ဘဲ အပူချိန်တိုင်းဖို့ သူမကံကြမ္မာကို လက်ခံကာ ချိုင်းကြားမှာ ထားလိုက်ကာ ကုတင်ပေါ်ပြန်လှဲချလိုက်သည်။
"ငါဆယ်မိနစ်နေရင် ပြန်လာမယ်" လျန်းနျိုနျိုက ထပြီး သူမကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ထွက်သွားသည်။
မုရှောင်ယက မသက်မသာခံစားခဲ့ရပြီး ပိုင်ချွမ်းကို စိတ်ပူသွားသည်။ သူမက သူ့ကိုကြည့်ပြီးပြောလိုက်သည်။ “ ရှင်လည်း အအေးမိတာကို ကာကွယ်ဖို့ ဆေးကို သောက်သင့်တယ် ”
"ကိုယ် အအေးမကြိုက်ဘူး " ပိုင်ချွမ်းက ဆေးသောက်ရတာကို မကြိုက်ပေ။ 'သူ ကလေးတုန်းက သူ့အဖွားက သူ့ကို ဆေးအများကြီးပေးခဲ့တယ်။ အထူးသဖြင့် သူနေမကောင်းတဲ့အချိန်မှာ တစ်နေ့ကို ဒါဇင်နဲ့ချီတဲ့ ဆေးမျိုးစုံကိုသောက်ခိုင်းခဲ့တယ်။ စားပြီးရင် ဗိုက်ထဲမှာ မသက်မသာခံစားရပြီး ခေါင်းမူးလာလိမ့်မယ်။'
"ဒါပေမယ့် ကျွန်မက အအေးမိနေတယ် ရှင်က ကျွန်မနဲ့ အတူရှိနေတာ ရှင့်ကို ကူးသွားလိမ့်မယ် "
"အဲ့ဒါ အဆင်ပြေပါတယ်။ "
“ …” မုရှောင်ယက ပိုင်ချွမ်း အတော်လေး ခေါင်းမာတာကို တွေ့လိုက်ရသည်။ “ ဒါဆို ရှင်ဆေးမသောက်ရင် ကျွန်မနဲ့အတူနေခွင့်မပြုဘူး”
ပိုင်ချွမ်းက မုရှောင်ယကို တိတ်တဆိတ်ကြည့်ကာ သေတ္တာထဲက အအေးမိတာကာကွယ်တဲ့ ဆေးကို နာခံစွာ ကောက်ယူလိုက်သည်။ သူက မုရှောင်ယ မကုန်တဲ့ရေကို ယူပြီး ဆေးသောက်ခဲ့သည်။
မုရှောင်ယက ချက်ချင်း စိတ်သက်သာရာ ရသွားခဲ့သည်။ သူကတစ်ခါတစ်ရံတွင် ခေါင်းမာတတ်သော်လည်း သူကနာခံမှုရှိနေဆဲဖြစ်သည်။ သို့သော်လည်း ဤဖြစ်ရပ်တွင် အကြီးမားဆုံး အံ့အားသင့်စရာမှာ သူမ နာမကျန်းမဖြစ်တာမဟုတ်ပဲ ပိုင်ချွမ်းက သူ့ရောဂါဖြစ်ပွားပြီးနောက် ပြန်လည်ကောင်းမွန်လာခဲ့တာဖြစ်သည်။ အဆိုးမြင်စိတ်တွေ မရှိသလောက်ရှားပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်းကနေ သူမကိုလည်း မတောင်းပန်ခဲ့ဘူး။ အဲ့ဒါက ပိုင်ချွမ်းရဲ့စိတ်က နောက်ထပ်တိုးတက်လာတယ်လို့ ဆိုလိုတာမလား။
ဆယ်မိနစ်အကြာတွင် လျန်းနျိုနျိုက ပြန်လာပြီးသာမိုမီတာကိုကြည့်လိုက်သည်။ မုရှောင်ယ အဖျားကနိမ့်ပြီး ဆေးရုံကိုသွားရန်မလိုအပ်ခဲ့ပေ။ သူမက ဆေးရုံကိုသွားဖို့ မလိုအပ်ခဲ့သော်လည်း သူမရဲ့ ပြန်လည်ကောင်းမွန်လာပုံက တော်တော်ဆိုးသည်။ သူမက နှစ်ရက်ပြည့်အောင် မူးဝေနေပြီး သူမပြန်မကောင်းခင် သုံးရက်အလိုမှာ ချောင်းဆိုးခဲ့သည်။
ဒီနေ့မှာ ပြန်လည်ကောင်းမွန်လာတဲ့ မုရှောင်ယနဲ့ ပိုင်ချွမ်းတို့က လမ်းလျှောက်ထွက်ခဲ့ကြသည်။ သူတို့နေ့လည်စာစားဖို့ ပြန်လာချိန်မှာ တစ်စုံတစ်ယောက်နဲ့ ဖုန်းပြောနေတဲ့ လျန်းနျိုနျိုကို မည်းမှောင်နေတဲ့ မျက်နှာဖြင့် တွေ့လိုက်ရသည်။
“ နျိုနျို ဘာဖြစ်တာလဲ။” ဖုန်းမချရသေးချိန်မှာပဲ မုရှောင်ယက စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
"ငါ့တူလေ အဲ့ဒီဘိုးဘေးလေးက အစာ စားချင်တာမဟုတ်ဘူး ငါ့ကိုသေအောင်သတ်ပစ်လိုက်တာပဲ " လျန်းနျိုနျိုက အကူအညီမဲ့ပုံပေါက်နေသည်။
လျန်းနျိုနျို ပါးစပ်မှထွက်လာတဲ့ တူက သူမအစ်မရဲ့ ကလေးဖြစ်သည်။ လျန်းနျိုနျိုရဲ့ အစ်မက အစောကြီးလက်ထပ်တာကြောင့် အခုကလေးက ဆယ်နှစ်နီးပါးရှိနေပြီဖြစ်ပြီး တတိယတန်းတက်နေပြီဖြစ်သည်။ သူမ ဒီရက်တွေမှာ နေမကောင်းဖြစ်နေတာကြောင့် လျန်းနျိုနျိုရဲ့ မိဘတွေက သူတို့ သမီးအကြီးဆုံးအိမ်က ပြန်လာပြီး သူတို့မြေးကို အဆင်ပြေပြေ ခေါ်လာခဲ့ကြသည်။ ဒါပေမယ့် ဇနီးမောင်နှံနှစ်ဦး ပြန်လာသောအခါတွင် ကလေးကို ချယ်ရီခြံဆီ တိုက်ရိုက်ပစ်ချသွားပြီး လျန်းနျိုနျိုကို စောင့်ရှောက်ခွင့်ပေးခဲ့သည်။ လျန်းနျိုနျိုက အရင်တုန်းက သူမအား ဤအကြောင်းကို တိုင်ခဲ့ဖူးသည်။
"ဒီရက်ပိုင်း ရာသီဥတုကပူနေလို့လား။ နင် သူ့အတွက်ဖရဲသီးအချို့ကို ဘာလို့မယူသွားတာလဲ။" ရာသီဥတုပူပြင်းသောအခါ လူတို့ကအစာစားချင်စိတ်ကို အလွယ်တကူ ဆုံးရှုံးနိုင်သည်။
"ပူပြင်းတဲ့ရာသီဥတုကဘာလဲ။ သူ မစားချင်ဘူး၊ မေးခွန်းတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာပဲသိတယ်။"
"မေးခွန်းတွေကို ဖြေရှင်းတာ။"
“အဲဲဒါ မှန်တယ်။ ” လျန်းနျိုနျိုက ပျော်ရွှင်စွာနဲ့ ပြောလာသည်။ “ ငါ့တူက nerd ပဲ။ တခြားကလေးတွေက အပြင်မှာ ကစားရတာကို နှစ်သက်တဲ့အခါ သူက အတွင်းပိုင်းကိုပဲ လေ့လာရတာ နှစ်သက်တယ်။ ဆောင်းတွင်းလား၊ နွေရာသီလား၊ ပိတ်ရက်လား၊ အားလပ်ရက်လား ဂရုမစိုက်ဘူး၊ စာအုပ်မဖတ်ရင် သူက မေးခွန်းတွေပဲ ဖြေနေလိမ့်မယ်။ သူ့အဆင့်တွေက ကောင်းတယ် ဒါပေမယ့် ငါ့အစ်မက nerd ဖြစ်သွားမှာကို ကြောက်လို့ ကျေးလက်မှာ နွေရာသီ အားလပ်ရက် ကောင်းကောင်း အနားယူစေချင်တဲ့ အတွက် သူ့ကို ဒီကို လာခိုင်းတယ်။ နောက်ဆုံးတော့ သူက သင်္ချာစာအုပ်တချို့ကို ယူလာပြီး သင်္ချာမေးခွန်းတွေကို နေ့တိုင်းဖြေနေတယ် ”
{nerd -တစ်စုံတစ်ရာကို ရူးသွပ်ရင် ဘာကိုမှ စိတ်မဝင်စားတော့တဲ့သူ }
"ဒီလိုလေ့လာရတာကို ကြိုက်တဲ့ကလေးတစ်ယောက်ရှိသေးတာလား။ " မုရှောင်ယက အလွန်အံ့အားသင့်သွားသည်။
"နင်လည်း ထူးဆန်းတယ်လို့ ထင်တာပဲမလား။" လျန်းနျိုနျိုက ခါးသီးစွာပြုံးရင်း ပြောလာသည်။ “ငါ အစောက သူ့ကို ထမင်းစားဖို့ သွားမေးပေမယ့် သူ့ တွေးခေါ်မှု ဖြစ်စဉ်ကို နှောင့်ယှက်မိပြီး သူ အစာမစားခင် စာအုပ်ထဲက သင်္ချာပုစ္ဆာကို ဖြေရှင်းရမယ်လို့ ပြောလာတယ်။ စားစေချင်ရင်တော့ သူ့ကို ကူညီဖြေရှင်းပေးရမယ်လို့လည်း ပြောလာသေးတယ် ”
“ နင်အဲ့ဒါကို မဖြေရှင်းနိုင်ဘူးလား။” မုရှောင်ယက မေးလိုက်သည်။
"နင်ဒါကိုမမြင်ဖူးလို့။ အဲ့ဒါက မူလတန်းကျောင်း အဆင့် သင်္ချာမဟုတ်ဘူး။ အဲဒီမှာရေးထားတဲ့ ဘယ်စာလုံးကိုမှ ငါနားမလည်ဘူး" သူမ နားမလည်ရုံသာမက သူ့တူလေးကိုလည်း အလွန်မုန်းတီးမိခဲ့သည်။ 'သူ့ဒေါ်လေးက ကောလိပ်က ဘွဲ့ရပေမယ့် မူလတန်းကျောင်းက သင်္ချာကိုမရသေးဘူးလို့ တူဖြစ်သူရဲ့ပြောတာကိုလည်း ခံခဲ့ရတယ်။ လျန်းနျိုနျိုက သူမမျက်နှာကို ပါးရိုက်လိုက်သလို ခံစားလိုက်ရတယ် ဒါပေမယ့် သူမ မငြင်းနိုင်ခဲ့ဘူး။'
"ငါ ငါ့အစ်မကို ဖုန်းခေါ်တော့လည်း အစ်မက သူလဲ မေးခွန်းတွေဖြေနေချိန်မှာ ရွေ့အောင်မလုပ်နိုင်ဘူးလို့ပြောပြီး သူမက ငါ့ကိုပဲ ဘာမဆိုလုပ်ပေးလိုက်ဖို့ ထားခဲ့တယ်။ " လျန်းနျိုနျိုက ပြင်ထန်စွာပြောလိုက်သည်။ "ငါ သူ့ကို ဒီမှာ ချက်ချင်း ဖမ်းလိုက်မယ် "
အကယ်၍ စကားလုံးများနဲ့ မအောင်မြင်ပါက လျန်းနျိုနျိုက အင်အားကိုအသုံးပြုဖို့ ရည်ရွယ်ထားခဲ့သည်။
မုရှောင်ယက မျက်ခုံးပင့်လိုက်ပြီး လျန်းနျိုနျို ထွက်သွားသည်ကို ကြည့်လိုက်သည်။ ခဏအကြာတွင် သူမက မျက်မှန်တပ်ထားသော ကောင်လေးတစ်ယောက်ကို ဆွဲခေါ်လာသည်။
"အရင်စား။"
"ဟင့်အင်း။ ကျွန်တော်မေးခွန်း မဖြေရှင်းနိုင်သေးဘူး။"
"အရင်ဆုံးစားလိုက် ပြီးရင် ဆက်ဖြေရှင်းလို့ရတယ်။"
"မလိုချင်ဘူး။ အဲ့ဒါဆို ကျွန်တော့်ရဲ့အတွေးတွေက ပြတ်တောက်သွားလိမ့်မယ်။ "
"တစ်ကယ်လို့ ပြတ်တောက်သွားရင်လည်း နောက်မှပြန်စဉ်းစား အရင်စားလိုက်။ "
"ကျွန်တော့ကို ကွန်ပျူတာတစ်လုံးငှားရင်ကော ဘယ်လိုလဲ။ သားအတန်းဖော်ကို အွန်လိုင်းပေါ်မှာ မေးလိုက်မယ်။ "
"စိတ်မပူပါနဲ့။ မင်းအမေက နွေရာသီ အားလပ်ရက်အားလုံးကို ကစားဖို့ ပြောထားတယ် မင်းဘာမှလုပ်စရာမလိုဘူး။"
မုရှောင်ယက နှစ်ယောက်သား ဆူညံပွက်လောရိုက်လာသည်နှင့် မကြာခင်မှာပဲ ထမင်းအေးတော့မှာကို မြင်လိုက်ရသည်။ နွေရာသီဖြစ်သော်လည်း အအေးစာတွေက အရသာကို အကျိုးသက်ရောက်ဦးမှာဖြစ်သည်။
"အိုကေ၊ အိုကေ၊ သင်္ချာပုစ္ဆာအချို့ကို ဖြေရှင်းတာပဲမဟုတ်ဘူးလား။ လာခဲ့ အစ်မ မင်းကို ကူညီမယ်။"
အချင်းချင်းဆွဲနေကြသော လူနှစ်ယောက်က ရပ်တန့်ကာ တညီတညွတ်တည်း ပြောလာကြသည်။ "လုပ်နိုင်မှာမလို့လား။ "
မုရှောင်ယက ပိုင်ချွမ်းကို ဂုဏ်ယူသော အပြုံးဖြင့် ကြည့်လိုက်သည်။
.........
စာရေးသူ မှတ်စု
အဖွားပိုင်က ၇ နှစ်အရွယ် မုရှောင်ယကိုမေးခဲ့သည်။
အဖွားပိုင် - "ရှောင်ယ သမီး ရှောင်ချွမ်းကို တွေ့တာနဲ့ ဘာလို့ကစားချင်တာလဲ။"
ခုနစ်နှစ်အရွယ် ယ:“ ဘာလို့လဲ သမီး သူ့ကိုသဘောကျလို့လား။ ”
အဖွားပိုင် -“ သူ့ကို ဘာကြိုက်တာလဲ။”
ခုနစ်နှစ်အရွယ် ယ: "သူ့ရဲ့ကြည့်ကောင်းတဲ့ မျက်နှာ ... "
အဖွားပိုင် - ဒီနေ့ခေတ်ကလေးတွေက.......မျက်နှာကိုအရင်ကြိုက်နေကြပြီ…
အဖွားပိုင်က အသီးအနှံတစ်ပန်းကန်ကို ယူဖို့ မီးဖိုချောင်ကို သွားတုန်းက တွေးမိခဲ့တာ။
ခုနစ်နှစ်အရွယ် ယက ကိုးနှစ်အရွယ် ချွမ်း ရှေ့ကိုလမ်းလျှောက်သွားခဲ့သည်။ “ ကိုကို ပိုင်ချွမ်း ကိုကို့ကို နမ်းချင်တယ်”
ကိုးနှစ်အရွယ် ချွမ်းက သူ့ခေါင်းကိုပင်မမော့ခဲ့ပေ။
ခုနစ်နှစ်အရွယ် ယ : "ကိုကိုက သဘောမတူဘူးလို့ ပြောတာမဟုတ်ဘူး၊ ပြတ်ပြတ်သားသား သဘောတူတယ်ပေါ့"
နီးကပ်လာသည်နှင့်အမျှ ကျယ်လောင်ပြတ်သားသော 'မွ ~' အသံက ထွက်ပေါ်လာပြီး ကိုးနှစ်အရွယ် ချွမ်းက ခေါင်းမမော့လာသေးပေ။
ခုနစ်နှစ်အရွယ်ယက စက္ကူလက်သုတ်ပုဝါကိုအလျင်အမြန် ရှာဖွေတွေ့ရှိခဲ့ပြီး ပိုင်ချွမ်း မျက်နှာပေါ်က တံတွေးကိုအပြစ်ရှိသည့်စိတ်ဖြင့် သုတ်လိုက်သည်။
E/TN;
/// UwU /// ဆိုးလိုက်တဲ့ ရှောင်ယ! ဆိုးလိုက်တာ! * သူမကိုခေါင်းအုံးဖြင့်ရိုက်သည် *
PS: ဖြည့်စွက်ဖို့မေ့သွားတယ်၊ ဒီအဆီသေးသေးလေး လုပ်ဆောင်နေတဲ့ သင်္ချာပုစ္ဆာတွေက အပြည်ပြည်ဆိုင်ရာ သင်္ချာပညာပြိုင်ပွဲ မေးခွန်းများဖြစ်သည်။