#ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား
#အပိုင်း ၂၆; ချွဲနွဲ့ခြင်း
မုရှောင်ယက အပြည်ပြည်ဆိုင်ရာ သင်္ချာပြိုင်ပွဲ (IMO)မေးခွန်းများနဲ့ ဝဝကစ်ကစ် လျိုချွီရဲ့ ခြစ်ရာတွေနဲ့ စာရွက်ကိုယူပြီး ပိုင်ချွမ်းကို လွှဲပေးခဲ့သည်။
ပိုင်ချွမ်းက တစ်ချက်ကြည့်လိုက်ပြီး အဖြေကို ချက်ချင်း ပြောလာခဲ့သည်။ “ ၁၂၈”
"တွက်တာကို ရေးပါဦး " မုရှောင်ယက အကူအညီမဲ့နေခဲ့သည်။
"အိုး " နောက်တော့ ပိုင်ချွမ်းက ဘောပင်ကိုကောက်ကိုင်လိုက်ပြီး အနည်းအကျင်းသာ ရေးခဲ့သည်။ တစ်မိနစ်တောင် မကုန်သေးပေမယ့် စာရွက်ပေါ်မှာ ချရေးပြီးသွားပြီ။
လျန်းနျိုနျိုနဲ့ ဖက်တီးလေးရဲ့ ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများကို မြင်လိုက်ရတော့ မုရှောင်ယက အနည်းငယ် မာနကြီးသွားသော်လည်း ပေါ့ပေါ့ပါးပါးဖြစ်သလို ဟန်ဆောင်ကာ စာရွက်ကို ကမ်းပေးလိုက်သည်။ “အခု ငါတို့စားလို့ရပြီ ”
လျိုချွီက ရေးခြစ်ထားတဲ့ စာရွက်ကို အလွန်အရေးကြီးသလို ယူလိုက်ပြီး ရိုးရှင်းပြတ်သားတဲ့ အဖြေလွှာကို ကြည့်လိုက်ပြီး ပိုင်ချွမ်းကို ကိုးကွယ်မှုပြည့်နေတဲ့ မျက်နှာထားဖြင့် ချက်ချင်းကြည့်လိုက်သည်။
" ဘယ်လိုစဉ်းစားခဲ့တာလဲ။ " ဒီဖက်တီးလေးရဲ့ မျက်လုံးတွေထဲမှာ တောက်ပတဲ့ ကြယ်တွေနဲ့ပြည့်နေသည်။
ဝဝကစ်ကစ်ကောင်လေးက အသံကျယ်ကြီးနဲ့ မေးလာသည်။ ပိုင်ချွမ်း သူ့ကိုလျစ်လျူရှုထားတာကတော့ သနားစရာပဲ။ ကလေးမျက်လုံးထဲက ကြယ်တွေက အပြင်ထွက်တော့မယ်ဆိုတာကို မြင်တော့ မုရှောင်ယက သူ့ကို သနားစိတ်နဲ့ ကြည့်လိုက်သည်။ သူမက ပိုင်ချွမ်းကို လက်နဲ့တို့လိုက်မှ ပိုင်ချွမ်းက ခေါင်းမော့ကြည့်လာသည်။
"သူက ရှင့်ကို ဘယ်လိုသိတာလဲလို့ မေးနေတယ်။" မုရှောင်ယက ကောင်လေးရဲ့ မေးခွန်းကို ပြန်ပြောပြလိုက်သည်။
"ငါ တစ်ချက်ကြည့်တာနဲ့ သိသွားတာ "
"... " သေမျိုး တစ်ယောက်ရဲ့ IQ ကို ဉာဏ်ကြီးရှင်တစ်ယောက်နဲ့ နှိုင်းယှဉ်မရပါပေ။
ပညာရှင် အရှင်က အခြားပညာရှင် အရှင်နဲ့ ဆော့ကစားရတာကို အမြဲနှစ်သက်သည်။ ဝဝကစ်ကစ် ကောင်လေး လျိုချွီက ပိုင်ချွမ်းကို သူ့အိုင်ဒေါအဖြစ် ချက်ချင်းမှတ်ယူခဲ့သည်။ တစ်ချိန်လုံး သူ့အနားကို ပြေးသွားကာ၊ အကိုကြီး၊ အစ်ကိုကြီး၊ သူနဲ့ 'ကစားမယ်' ဆိုပြီး အော်ပြောနေတော့ ပိုင်ချွမ်းက စိတ်ရှုပ်သွားပြီး မျက်မှောင်ကြုတ်သွားသည်။
ဤရှားပါးသောမြင်ကွင်းကြောင့် မုရှောင်ယက ကလေးကို အဝေးသို့ ပို့ရန် အတွေးများကို စေ့စေ့စပ်စပ် စွန့်ပစ်ခဲ့သည်။ ပိုင်ချွမ်းကို နှောင့်ယှက်နေတဲ့ ဖက်တီးလေးနဲ့ ကိစ္စကို ဝင်ရောက်မစွက်ဖက်တော့ဘူး။
ဒါပေမယ့်လည်း လျိုချွီက ပိုင်ချွမ်းကို တစ်နေ့လည်ခင်းလုံး အနှောက်အယှက်ပေးပြီး နောက်ဆုံးမှသာ ပိုင်ချွမ်းရဲ့ တုံ့ပြန်မှုကို ရရှိခဲ့သည်။
"အစ်ကိုကြီး ပိုင်ချွမ်း ကျွန်တော် ဘယ်လို သင်ယူရမလဲ။ အစ်ကို့လို ဉာဏ်ရည်ထက်မြက်အောင် ဘယ်လိုလုပ်ရမလဲ။ "
"မင်းမလုပ်နိုင်လောက်ဘူး။"
"ကျွန်တော် အရမ်းကြိုးစား အားထုတ်မှာပါ "
" မင်းတစ်ဘဝလုံး ကြိုးစားအားထုတ်ရင်တောင် အဲဒါကိုမင်းမလုပ်နိုင်ဘူး "
“ … ဝါးး ~” တိုက်ခိုက်ခံလိုက်ရတဲ့ ကောင်လေးက ငိုပြီးပြေးသွားကာ ပိုင်ချွမ်းကို ကပ်တွယ်မနေတော့ပေ။
ပိုင်ချွမ်းက သူ့မျက်ခုံးများကို ဖြေလျှော့လိုက်ပြီး နောက်ဆုံးတော် ကမ္ဘာကြီးတစ်ခုလုံးက အေးချမ်းပြီး တိတ်ဆိတ်သွားပြီလို့ ခံစားလိုက်ရသည်။
"ရှောင်ချွမ်း ရှင်ဘာလုပ်တာလဲ။ သူ့ကို ဘာလို့အဲ့ဒီလိုတိုက်ခိုက်တာလဲ။ " မုရှောင်ယက သူမရယ်ရမလား ငိုရမလားဆိုတာ မသိတော့ပေ။
"ငါမလုပ်ဘူး" ပိုင်ချွမ်းရဲ့ မျက်နှာက အပြစ်ကင်းစင်နေခဲ့သည်။ "သူက အဲ့ဒီလိုမွေးလာတာ၊ သူ မလုပ်နိုင်ဘူး"
"... " 'ကောင်းပြီ အဲ့ဒါက အတော်လေးကိုသဘာဝကျတယ်။'
"ပိုင်ချွမ်း ရှင်က လှလှပပလေး လုပ်လိုက်တာပဲ။" လျိုချွီက ဝမ်းနည်းစွာ ငိုနေသော်လည်း အဲ့ဒီအစား လျန်းနျိုနျိုက အလွန်ဝမ်းသာသွားသည်။ သူမ တူလေး၏ IMO လေ့ကျင့်ခန်း စာအုပ်ကိုထုတ်ပြီး ပိုင်ချွမ်းကို ပေးလိုက်သည်။ "ဒီထဲက မေးခွန်းတွေ အားလုံးကို ဖြေလိုက်ပါ၊ သူ့ကို လုပ်စရာတွေ ချန်မထားပါနဲ့၊ သူဖြေရှင်းနိုင်တဲ့ ပြဿနာမရှိရင် သူ့ စိတ်ဓာတ်ကျတာကို ဖုံးကွယ်ထားနိုင်သေးလား ငါကြည့်မယ် "
"... " သူမ တူအရင်းကိုတောင် လိမ်ပြောတဲ့အန်တီမျိုးကတော့ လျန်းနျိုနျိုကလွဲပြီး အခြားသူမရှိပါပေ။
မူလတန်းကျောင်း IMO လေ့ကျင့်ခန်းစာအုပ်တွင် အကြောင်းအရာ အနည်းငယ်သာရှိပြီး လျိုချွီက တစ်ဝက်လောက်လုပ်ပြီးခဲ့ပြီ ဖြစ်တာကြောင့် ကျန်တဲ့ပုစ္ဆာတွေကို ဖြေရှင်းဖို့ နာရီဝက်သာ အချိန်ယူခဲ့ရသည်။ ထိုပုစ္ဆာများကို သူဖြေရှင်းပြီးနောက် မုရှောင်ယက ပိုင်ချွမ်းကို ပိုးစုန်းကြူးကြည့်ဖို့ ခေါ်ထုတ်သွားခဲ့သည်။
သူတို့ နောက်ဆုံးအကြိမ်က မြစ်ကမ်းပါးကို ပိုးစုန်းကြူးတွေကြည့်ဖို့သွားတဲ့အခါ မိုးခြိမ်းသံကြောင့် သူတို့ရဲ့အစီအစဉ်တွေကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး မုရှောင်ယက ရက်အနည်းငယ်ကြာတဲ့အထိ အိပ်ရာထဲမှာတောင် ဖျားနာခဲ့ရသည်။ အခု သူမ ပိုကောင်းလာလို့ မုရှောင်ယက အဲဒါကို သတိရသွားသည်။ နှစ်ယောက်သား ခြင်ဆေးဖျန်းပြီး အရင်တောင်ကုန်းဆီကိုပဲ လမ်းလျှောက်သွားရင်း လက်ကို ဆုပ်ကိုင်ထားကြသည်။
ဤအချိန်တွင် ကောင်းကင်၌ အလင်းရောင်အနည်းငယ်မှေးမှိန်နေဆဲ ဖြစ်တာကြောင့် သူတို့က ကောင်းကင်က လုံးဝမှောင်မိုက်သွားပြီး ပိုးစုန်းကြူးများထွက်လာသည်အထိ သူတို့စောင့်နေခဲ့သည်။
နှစ်ယောက်သား စမ်းချောင်းဘေးမှာ ထိုင်ပြီး စိတ်ရှည်ရှည်နဲ့ စောင့်နေကြသည်။ မုရှောင်ယက ခေါင်းကို လှည့်ပြီး သူ့လက်ထဲမှာ နားကြပ်ကိုင်ထားတဲ့ ပိုင်ချွမ်း ကြည့်လိုက်သည်။ သူမ မကူညီနိုင်ဘဲ မေးလိုက်မိခဲ့သည်။ “ ရှင်ဘာလုပ်နေတာလဲ။ ”
"အသံသွင်းနေတာ " ပိုင်ချွမ်းက ပြန်ဖြေလာသည်။
"နားကြပ်တွေက အသံသွင်းလို့ရတာလား။ " မုရှောင်ယ အံ့သြသွားသည်။
"အင်း " 'ရှောင်ယ မေ့သွားပြန်ပြီ အရောင်းဝန်ထမ်းက သူတို့ ဒါကိုဝယ်တဲ့အချိန်က ရှင်းရှင်းလင်းလင်း ရှင်းပြခဲ့တာကို '
"ဒါဆို ရှင်အသံသွင်းပြီး ဘာလုပ်မှာလဲ။ "
"ဒီကအသံတွေကို အသံသွင်းထားတာ၊ အဲ့ဒါကို ကိုယ်ကြားရတာ ကြိုက်တယ် "
"ဘာသံတွေလဲ။"
ပိုင်ချွမ်းက စကားမပြောခဲ့ပေ။ အသံသွင်းမုဒ်ကို ဖွင့်လိုက်ပြီး နားကြပ်ကို သူ့ရှေ့ရှိ စမ်းချောင်းဆီ မြှောက်လာသည်။ မုရှောင်ယက ခဏလောက် လွတ်ထွက်သွားပြီး ဤနေရာမှ အသံများသည် သဘာဝ၏ အသံများကို ရည်ညွှန်းကြောင်း နားလည်လာခဲ့သည်။
စီးဆင်းနေတဲ့ စမ်းချောင်းသံ၊ လေတိုက်သံ၊ အဝေးက ငှက်ကလေးတွေရဲ့ တေးဆိုသံ၊ မြက်ခင်းပေါ်ရှိ ပိုးမွှားတွေရဲ့ ပတ်ပတ်လည်မှာ သံချေးတက်နေတဲ့ သစ်ရွက်ခြောက်တွေ…
ဤအရာအားလုံးနှင့် အတူတကွရောနှောခဲ့ခြင်းက ဤကမ္ဘာပေါ်ရှိ ဘယ်လိုကြီးကျယ်ခမ်းနားသော သံစုံတီးဝိုင်းကိုမှ မဆုံးရှုံးခဲ့ပါ။ ပိုင်ချွမ်းက ဤကမ္ဘာကို အမှန်တကယ်ကြိုက်နှစ်သက်ပြီး မှတ်တမ်းတင်လိုခြင်းဖြစ်သည်။
မုရှောင်ယက သူ့ကိုအနှောက်အယှက်မပေးခဲ့ဘဲ အနားမှာတိတ်ဆိတ်စွာထိုင်နေခဲ့သည်။ ပိုင်ချွမ်းက သူမကိုစောင့်နေသလို တိတ်ဆိတ်စွာစောင့်ဆိုင်းရင်း သူကသဘာဝအသံများကို အသံသွင်းတာကို စောင့်ရင်း ပိုးစုန်းကြူးတွေ ပေါ်လာတာကိုစောင့်နေခဲ့သည်။
ရုတ်တရက် စမ်းချောင်းမှ အလင်းရောင်အနည်းငယ် ထွက်ပေါ်လာပြီး ဒုတိယအစက်နှင့် တတိယအစက်နောက်တွင် စိုစွတ်နေသော မြက်ခင်းပြင်မှ အလင်းရောင်များ ပိုမိုထွက်ပေါ်လာကာ မုရှောင်ယ မျက်လုံးများကို တောက်ပသွားစေသည်။ သူမက ပိုင်ချွမ်းကို ခေါ်လိုက်ချက်ပေမယ့် ပိုင်ချွမ်းက သူ့နားကြပ်ကိုကိုင်ပြီး ဟိုဘက်ဒီဘက်ကြည့်နေတာကို တွေ့လိုက်ရသည်။
မကြာခင်မှာပဲ ပိုးစုန်းကြူးတွေ ပျံသန်းသွားပြီး တောင်ကုန်းပေါ်မှာ သူတို့ရဲ့တောက်ပတဲ့ပူနွေးတဲ့အလင်းများနဲ့ ချက်ချင်းပဲထွန်းလင်းတောက်ပလာသည်။ သူမတို့နှစ်ယောက်က တောက်ပနေတဲ့ Milky Way အလယ်မှာရှိနေတယ်လို့ ခံစားနေကြရသည်။
"ဒီပိုးစုန်းကြူးတွေကို ကျွန်မပထမဆုံးအကြိမ် မြင်ဖူးတာပဲ " မုရှောင်ယက သက်ပြင်းချပြီး အံသြတုန်လှုပ်စွာပြောလိုက်သည်။
"အဲဒါ .... မဟုတ်ဘူး။"
"ဘာကိုလဲ။"
" မင်းအရင်က မြင်ဖူးတယ် " မုရှောင်ယ ရဲ့မှတ်ဉာဏ်က အမြဲတမ်းဆိုးနေပေမယ့် ပိုင်ချွမ်း ကတော့ အားလုံးကိုမှတ်မိသည်။"မင်းအဲ့ဒါကို မြင်ဖူးတယ် မင်း ခြောက်နှစ်အရွယ်မှာ "
“ ကျွန်မ ခြောက်နှစ်တုန်းက။” မုရှောင်ယက မျက်မှောင်ကြုတ်ပြီး သူမ ကလေးဘဝတုန်းက ပိုးစုန်းကြူးတွေကို မြင်ဖူးတာကို မှတ်မိအောင်ကြိုးစားနေခဲ့သည်။
"အဖွားရဲ့ခြံထဲမှာ ပိုးစုန်းကြူးနှစ်ကောင် ရုတ်တရက်ပေါ်လာတယ်။ မင်းအရမ်းပျော်ပြီး အဲဒီအချိန်က သူတို့ သီချင်းဆိုခဲ့တယ်" ပိုင်ချွမ်းက ထိုနေ့က မုရှောင်ယကို သူသိသည့် ၁၂၈ ရက်မြောက်နေ့ဆိုတာကို သူမှတ်မိသည်။ သူမက ဖရဲသီးစားဖို့ အဖွားအိမ်ကိုရောက်လာပြီး ပန်းရောင်စကတ်နှင့် ပန်းရောင်ခြေညှပ်ဖိနပ်တစ်ရံကို ၀တ်ထားသည်။
"ကျွန်မ သီချင်းလည်းဆိုဖူးတာလား။" မုရှောင်ယ မျက်ခုံးများက အံ့သြစွာပင့်တက်သွားသည်။ ဒါပေမယ့် သူမ ခြောက်နှစ်သားအရွယ်တွင် သူမက သူငယ်တန်းသာရှိသေးပြီး ငယ်စဉ်က သီချင်းဆိုတာကို နှစ်သက်ပုံရသည်။
"အင်း၊ အဲဒါပြီးတော့ မင်း ထပ်မဆိုတော့ဘူး" ပိုင်ချွမ်းရဲ့ အသံထဲမှာ ဝမ်းနည်းမှု အနည်းငယ်နှင့် ပြည့်နေပုံရသည်။
မုရှောင်ယက ခေါင်းကို လှည့်ပြီး ပိုင်ချွမ်းကို ကြည့်လိုက်ရာ သူမ၏ ငယ်ဘဝဆီသို့ ပြန်သွားနေသလို ခံစားလိုက်ရသည်။ "ကျွန်မသီချင်းဆိုသံကို ကြားချင်လို့လား။"
" ကြားချင်တယ် " ပိုင်ချွမ်း အသံက မသိစိတ်ကြောင့် အနည်းငယ်ကျယ်သွားခဲ့သည်။
“ ခဏလေးစောင့်ဦး ကျွန်မသီချင်းရှာလိုက်ဦးမယ် ” မုရှောင်ယက ရယ်ပြီး သူမရဲ့ဖုန်းကို ထုတ်လိုက်တယ်။ National K သီချင်းအက်ပလီကေးရှင်းကို ဖွင့်လိုက်တော့ အရမ်းမလွယ်ကူတဲ့ <Ordinary Day> ကိုတွေ့လိုက်သည်။ "ဒီသီချင်းက အထူးသင့်တော်တယ်လို့ထင်တယ် "
မုရှောင်ယက ကောင်းကောင်း သီဆိုနိုင်ခဲ့ပြီး ကျောင်းဝင်းရဲ့ ထိပ်တန်းအဆိုတော်ဆယ်ဆုကိုလည်း ရရှိခဲ့သည်။ ဒါပေမယ့် သူမ နိုင်ငံခြားမှာ ကျောင်းသွားတက်တော့ သူမရဲ့ စာကျက်ချိန်နဲ့ အလုပ်ချိန်က အရမ်းကြပ်တာကြောင့် သီချင်းဆိုရတာ ဝါသနာပါတာကို တဖြည်းဖြည်း မေ့သွားခဲ့သည်။
ဂီတစတင်ခဲ့ပြီး မုရှောင်ယက စည်းချက်အတိုင်းလိုက်ကာ ဂီတကို သဘာဝကျကျနှင့် တိကျစွာ ထည့်သွင်းခဲ့သည်။
“မနက်တိုင်း ၇း၃၀ မှာ သဘာဝအတိုင်း နိုးလာတယ်။
လေတိုက်သံ မြည်ပြီး တိမ်တွေ တောက်နေတဲ့ နေ့တစ်နေ့
နေပူခံအဝတ်အထည်တွေရဲ့ ရနံ့က အရမ်းသက်တောင့်သက်သာရှိပြီး
အားလုံးက နူးညံ့ပြီး အေးချမ်းတယ်။
လမ်းဆုံတိုင်းမှာ ပန်းတွေက နေရောင်အောက် ပွင့်နေကြပြီး
ဆိုင်သေးသေးလေးရှေ့ကနေ ချစ်စဖွယ်တေးဆိုသံ ထွက်ပေါ်လာတယ်။
(ငါ့) လိုရာခရီးကို ရောက်ဖို့ အချိန်သိပ်မကြာပါဘူး။
ဖြတ်သွားတဲ့လူတွေက စေတနာအပြည့်နဲ့
ဒီနေ့က အရိုးရှင်းဆုံးနေ့ပဲ
မင်းလည်း လွမ်းနေလား။”
ပိုင်ချွမ်းက အမူအရာ မဲ့စွာ နားထောင်ခဲ့ပြီး သူ့မျက်လုံးတွေက တောက်ပနေတဲ့ တစ်စုံတစ်ရာ ရှိနေခဲ့သည်။ သူ့ရင်ခွင်ထဲမှာ နားကြပ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ကြွက်သားတွေကို မလှုပ်ဝံ့ဘဲ ဒီသီချင်းကို လေနည်းနည်းတိုက်လာမှာကိုတောင် သူကြောက်သည်။
........
တကယ်တော့ ချယ်ရီခြံထဲမှာ လုပ်စရာတွေများများစားစားမရှိဘူး။ တစ်နေ့တည်းမှာပဲ နေ့စဉ်ဘဝအားလုံးကို သင်တွေ့ကြုံခံစားနိုင်မှာပါ။ ဒါပေမယ့် ဒီစုံတွဲကပျင်းစရာကောင်းတယ်လို့ မခံစားမိခဲ့ဘူး။ ချယ်ရီခြံက ငြိမ်သက်အေးချမ်းမှုကို နှစ်သက်သည်။ မုရှောင်ယက အသက်ရှင်တာကို ခံစားခဲ့ရပြီး နေ့ရက်တိုင်းက အဓိပ္ပာယ်ပြည့်ဝနေခဲ့သည်။
သူမတို့ လူနှစ်ယောက် စိတ်ကောင်းရှိတာကြောင့် တောင်းကိုယူပြီး လျန်းနျိုနျိုအတွက် ချယ်ရီသီးကို ခူးကူခဲ့ကြသည်။ အထူးသဖြင့် အရသာရှိပုံရတဲ့ အသီးတွေကို ရွေးပြီး ပိုင်ချွမ်းက မုရှောင်ယကို ပေးသည်။ မုရှောင်ယ စားပြီးနောက်မှာ ပိုင်ချွမ်းက ပျော်ရွှင်မှုကြောင့် မျက်လုံးမှိတ်သွားသည်အထိ ပြုံးနေခဲ့သည်။ တစ်ခါတစ်လေ လမ်းလျှောက်ထွက်ချင်တဲ့အခါ တောင်ပေါ်ကလယ်ကွင်းကိုသွားပြီး ဖရဲသီးတွေခူးစားကြသည်။ မုရှောင်ယက ဖရဲသီးကိုခေါက်ပြီး သူမဘာသာ လေးလာဖို့ နေ့တစ်ဝက်လောက် ကြိုးစားခဲ့သော်လည်း မည်သည့်ဖရဲသီးကမှည့် မမှည့်ဆိုတာကို သူမ မပြောနိုင်ပေ။ ဤအချိန်တွင် ပိုင်ချွမ်းက ဖရဲသီးတစ်လုံးချင်းစီ၏ အသံကို သဘာဝအတိုင်း ခွဲခြားနိုင်ပြီး အချိုသာဆုံးကို အလွယ်တကူ ရွေးယူနိုင်ကာ သူ့စွဲမက်ဖွယ်စွမ်းရည်ကို ထုတ်ဖော်ပြသလိုက်သည်။
"ကျွန်မတို့ နောက်ကျ ပြန်ရင် အသီတွေ ဝယ်သွားကြမယ် "
"အင်း"
ဖရဲသီးကို ခူးပြီး ချယ်ရီခြံကို ပြန်ပို့ပြီးနောက် တစ်ညတာ အအေးခံဖို့ ရေတွင်းထဲတွင် ထည့်ထားကာ နောက်နေ့ နေ့လည်စာကို စားပြီး ခွဲစားနိုင်သည်။
လျန်းနျိုနျိုက အားလပ်ချိန် အနည်းငယ်ရှိသောအခါ၊ သူမက သူမတို့နှစ်ယောက်ကို ချယ်ရီဝိုင်နှင့် ချယ်ရီယိုလို ထုတ်ကုန်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအချို့ကို ပြုလုပ်ခိုင်းစေခဲ့သည်။ ဝိုင်ကို အချဉ်ဖောက်ဖို့ အချိန်ယူရတာကြောင့် နှစ်ယောက်သား ယိုလုပ်တာကို သင်ယူခဲ့ကြသည်။ ဒါပေမယ့် အမြဲတမ်း ထက်မြက်တဲ့ ပိုင်ချွမ်းက ဘယ်လိုမှ သင်ယူနိုင်ခြင်း မရှိဘဲ ဤနယ်ပယ်တွင် အားနည်းနေပုံရသည်။ နောက်ဆုံးတွင်၊ သူက ချယ်ရီသီးများကိုသာ ခူးဆွတ်ပေးကာ မုရှောင်ယကို လွှဲပြောင်းပေးပြီး ၎င်းတို့ကို ယိုအဖြစ် ပြုလုပ်စေခဲ့သည်။
မုရှောင်ယ ထွက်ခွာဖို့ မဆုံးဖြတ်ချက်မချမီတွင် ၎င်းတို့နှစ်ဦးသည် ချယ်ရီဥယျာဉ်တွင် ရက်အနည်းငယ်ကြာအောင် နေထိုင်ခဲ့ကြသည်။ တကယ်တော့ သူတို့ ထွက်သွားဖို့ ဆန္ဒမရှိပေမယ့် လဝက်နီးပါး နေခဲ့ပြီး နောက်ဆုံးမှ ထွက်သွားရတာဖြစ်သည်။
မသွားခင် လျန်းနျိုနျိုက မုရှောင်ယကို အမှတ်တရလက်ဆောင်ပစ္စည်းတွေအပြင် ချယ်ရီခြံက ထုတ်တဲ့ ချယ်ရီယိုတွေနဲ့ ချယ်ရီဝိုင်တွေလည်း တင်ပေးခဲ့သည်။
"ဘာလို့ရက်အနည်းငယ်လောက် နေပြီးမမထွက်သွားတာလဲ။ Taobao လုပ်ငန်းက ဒီအချိန်မှာအရမ်းအလုပ်များနေလို့ နင့်ကိုငါအများကြီး လိုက်မပို့ရဘူး။" လျန်းနျိုနျိုက အပြစ်ရှိသလိုပြောလာသည်။
"ငါထပ်မနေနိုင်တော့ဘူး၊ ဖန်းဟော်က စတူဒီယိုကို ပြန်ပြုပြင်ပြီးသွားပြီ။ ငါ ဒီမှာ တစ်လခွဲနေပြီး တစ်လခွဲလောက် လက်ပြတ် ဆိုင်ရှင်တစ်ယောက်လို ဖြစ်လာတယ်။ (သူတစ်ပါးကို အလုပ်ခိုင်းသော်လည်း ကိုယ်တိုင်မလုပ်တတ်သူ) ငါမပြန်ရင် သူမက ငါနဲ့ အဆက်အသွယ်ဖြတ်ချင်နေတော့မယ် ” မနေ့က ဖန်းဟော်က စတူဒီယိုကို ပြင်ဆင်ပြီးသွားပြီလို့ သူမကို မက်ဆေ့ချ်ပို့ခဲ့ပေမယ့် သူမဓာတ်ပုံကို ပေးပို့ဖို့ ဝန်လေးတဲ့အတွက် သူမကိုယ်တိုင် ပြန်ကြည့်မှရလိမ့်မည်။ အံ့အားသင့်စရာလို့ ပြောရဖို့အတွက် သူမကို ပြန်လာဖို့ တိုက်တွန်းခဲ့တာ အမှန်ပဲ။
"ဒါဆိုလဲ အိုကေလေ နောက်နွေရာသီမှာ ကစားဖို့ ပြန်လာခဲ့"
"အိုကေ၊ ဒါပေမယ့် ငါတို့ကိုထရပ်ကားနဲ့လယ်ထွန်စက်တို့နဲ့ လာကြိုခွင့်မပြုဘူး။" မုရှောင်ယက တောင်းဆိုလိုက်သည်။ ပိုင်ချွမ်းက ဒီနေရာကို သဘောကျပြီး နောက်နှစ်မှာ ထပ်လာဖို့ ဆန္ဒရှိမယ်ဆိုရင် မုရှောင်ယက ခရီးထွက်ဖို့ စိတ်ထဲမထားဘူး။
လျန်းနျိုနျိုက သူမတို့ နှစ်ယောက်ရောက်လာတဲ့ အခြေအနေကို တွေးမိပြီး ချက်ခြင်း ရယ်မောရင်း သူမ အဖေရဲ့ ဗင်ကားကို ဘူတာရုံဆီ တိုက်ရိုက်ပို့ပေးဖို့ ကိုယ်တိုင်ကိုယ်ကျ မောင်းလာခဲ့သည်။
အစိမ်းရောင်ရထားဖြင့် နှစ်နာရီ၊ လေဆိပ်ကို တက္ကစီတစ်နာရီဖြင့် နောက်ဆုံးတွင် သူမတို့နှစ်ဦးက ယွင်မြို့ကို ပြန်သွားဖို့ လေယာဉ်ပေါ်တက်ခဲ့ကြသည်။ သူတို့ပြန်လာတော့မယ်လို့ မိသားစုကို ပြောတဲ့အခါ လီရုန်က အန်ကယ်လီကို သုံးနာရီကြာ လေယာဉ်စီးဖို့ ပထမတန်းစားဖြစ်သးတဲ့ လက်မှတ်တွေကို ဘွတ်ကင်လုပ်ခိုင်းထားသည်။
ပိုင်ချွမ်းက သယ်ယူပို့ဆောင်ရေးတွင် အသုံးမချတော့ဘဲ အခြေခံအားဖြင့် ရထားနှင့် လေယာဉ်ပေါ်တွင် အိပ်ခဲ့သည်။ မုရှောင်ယက စောင်နှစ်ထည်တောင်းပြီး ပိုင်ချွမ်း နားကြပ်ကိုမတပ်ခင် သူ့ကိုတစ်ထည်ပေးလိုက်သည်။ ဒါပေါ့ မုရှောင်ယ သုံးတဲ့နားကြပ်က လေယာဉ်မှာပါလာတဲ့ နားကြပ်ဖြစ်ပြီး ပိုင်ချွမ်းက မုရှောင်ယ ပေးခဲ့တဲ့ နားကြပ်ကို ယူလာပေးတယ်။
မုရှောင်ယ မှိန်းကနဲ အိပ်ပျော်သွားချိန်မှာ နားကြပ်များမှတဆင့် စူးရှတဲ့ အော်ဟစ်သံက သူမ နားစည်အထိ ရုတ်တရက် စူးစူးစိုက်စိုက် တိုးဝင်လာသည်။ မုရှောင်ယနဲ့ ပထမတန်းမှ လူများစွာက တညီတညွတ်တည်း နိုးလာကြပြီး သူမ၏ မျက်လုံးများကို ချက်ခြင်းဖွင့်လိုက်သည်။ လေယာဥ်မယ်တစ်ဦးက အနောက်ဘက်ကနေ သူမ၏ရှေ့ဘယ်ဘက်ရှိ ထိုင်ခုံဆီသို့ အလျင်အမြန်ပြေးလာသည်။
" မဒမ် ကျေးဇူးပြုပြီးတိတ်ဆိတ်စွာနေပေးပါ "
"ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မ တောင်းပန်ပါတယ်၊ အခု သူ့ကို စိတ်လျှော့ခိုင်းလိုက်ပါ့မယ်" အတန်ငယ် ပင်ပန်းနွမ်းနယ်နေသော အမျိုးသမီး အသံတစ်သံသည် အနီးနားရှိ ဧည့်သည်အနည်းငယ်ကို တောင်းပန်ရင်း လေယာဥ်မယ်ကို ပြောလိုက်သည်။
"သူငယ်ချင်းလေး မငိုနဲ့နော် အစ်မကမင်းကို သကြားလုံးတွေ ပေးမယ် " လေယာဥ်မယ်က ကလေးကို အတူတူ ချော့ပေးချင်ပေမယ့် ကလေးက ပိုလို့တောင် ကျယ်လောင်အော်လာမယ်မှန်း ဘယ်သူသိမှာလဲ၊ အသံက လူ့ဦးနှောက်ထဲကို တည့်တည့်ထိုးဝင်သွားသလိုမျိုး စူးရှလွန်းသည်။
"သူ့ကိုမထိနဲ့၊ သူက တခြားလူတွေ ထိမှာကိုကြောက်တယ် " အမျိုးသမီးက ဒီလိုပြောပြီးနောက် သူ့ကလေးကို ပြန်ချော့ဖို့ ခေါင်းကို လှည့်သွားသည်။ "ရှောင်မုန့် နေကောင်းအောင်၊ အသက်ပြင်းပြင်းရှူပါ၊ ဆူညံမနေပါနဲ့ ဟုတ်ပြီလား။ "
“ အား အားးအားးးး ” ကလေးက ပိုလို့တောင် စိတ်တိုသွားပုံရပြီး သူ့အော်သံက ပိုကျယ်လာကာ နောက်ဆုံးမှာ တခြားခရီးသည်တွေက မခံနိုင်တော့ဘူး။
"မင်းက အမေတစ်ယောက်အနေနဲ့ ဘာတွေလုပ်နေတာလဲ။ မင်းကကိုယ့်ကလေးကိုတောင် မချော့နိုင်ဘူးလား။"
"ဒီကလေးလေးက ဒီလောက်မငယ်တော့ဘူး၊ ဘာလို့ နားမလည်နိုင်ရတာလဲ။"
"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ ကျွန်မကလေးမှာ အော်တစ်ဇင်ရှိတယ်၊ သူ... သူ အဲ့လို ဆိုလိုတာ မဟုတ်ပါဘူး၊ တောင်းပန်ပါတယ်..." ထိုအမျိုးသမီးက ထရပ်ပြီး ဦးညွှတ်ကာ စိတ်ရင်းမှန်ဖြင့် တောင်းပန်လာသည်။
'ဒါဆို အော်တစ်ဇင်ပေါ့။ သူ့ကို ချော့ရတာ ခက်ခဲတာက မအံ့သြစရာမဟုတ်ဘူးပဲ။'
လူတိုင်းကြားလိုက်တာနဲ့ တပြိုင်နက် သူတို့မျက်နှာတွေက စာနာစိတ်များပြသလာပြီး ကလေးအား ဉာဏ်မမီဘူးလို့ မစွပ်စွဲကြတော့ပေ။ သူတို့က နားကြပ်တပ်ထားကာ ဘေးကိုကြည့်တာ ရပ်လိုက်သည်။
လူတိုင်းက ဘာမှမပြောပေမယ့် အမျိုးသမီးက အရမ်းရှက်နေသည်။ လုံးလုံးစိတ်မငြိမ်မသက်ဖြစ်နေသော သူမသားကိုကြည့်ရင်း သွားများအံကြိတ်ကာ ဘေးနားက လေယာဥ်မယ်ကို ကူကယ်ရာမဲ့ ကြည့်ကာပြောလိုက်သည်။ “ ကျွန်မ ကိုရေတစ်ခွက်လောက် ပေးလို့ရမလား။ ကျွန်မ သူ့ကို ဆေးတစ်ချို့တိုက်ချင်လို့ပါ "
ဒီထက်ပိုပြီး သူမက သူမကလေးကို ရုတ်တရက်ဖြစ်ရပ်တစ်ခုကနေ ဘယ်လိုသက်သာအောင် လုပ်ရမှန်းမသိခဲ့ဘူး၊ သူမသူ့ကိုအခြားခရီးသည်တွေ အနှောက်အယှက်ဖြစ်အောင် အော်ဟစ်ငိုယိုခိုင်းလို့လဲ မရပေ။
"ဟုတ်ကဲ့ပါ " လေယာဥ်မယ်က ချက်ချင်းရေတစ်ချို့ ယူပေးလာသည်။
မုရှောင်ယက ထိုအမျိုးသမီး၏ ဖြူဖျော့ဖျော့နှင့် စိတ်ပျက်လက်ပျက် မျက်နှာကို ကြည့်လိုက်သည်။ သူမ ရုတ်တရက် ခေါင်းကို လှည့်လိုက်ပြီး ပိုင်ချွမ်းရဲ့ ခေါင်းပေါ်က နားကြပ်ကို ချွတ်လိုက်သည်။
"ကျွန်မကို ခဏလောက် ငှားပေး" မုရှောင်ယက အဲ့ဒီလိုပြောပြီး သူမထရပ်ကာ ရှေ့ဆုံးတန်းကို လျှောက်သွားလိုက်သည်။
အမျိုးသမီးက မုရှောင်ယ လာတာကိုမြင်တော့ သားဖြစ်သူက စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တဲ့ တခြားခရီးသည်တစ်ယောက်လို့ ထင်ပြီး ချက်ချင်းတောင်းပန်ခဲ့သည်။ မုရှောင်ယက သူမလက်ကို ဝှေ့ယမ်းလိုက်ပြီး နားကြပ်ကို လက်ထဲတွင် ကိုင်ထားသည်။ အမျိုးသမီး၏ အံ့ဩသော မျက်လုံးများရှေ့တွင် သူမက အော်ဟစ်နေသော ကလေး၏ ခေါင်းကို တိုက်ရိုက်ဖုံးအုပ်ထားလိုက်သည်။
ကလေး၏ငိုသံက တဖြည်းဖြည်းလျော့သွားပြီး ခဏအကြာတွင် ကလေးကနောက်ဆုံး၌ အေးဆေးငြိမ်သက်စွာ ထိုင်ခုံတွင်ထိုင်နေခဲ့သည်။
“ဒါက…” အမျိုးသမီးက မုရှောင်ယကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"ကျွန်မနားကြပ်တွေက အသံလုံတယ်၊ အထဲမှာ စိတ်အေးစေတဲ့ သီချင်းတွေရှိတယ်၊ ရှင့်ကလေးအတွက် အသုံးဝင်မယ်ထင်လို့ ကျွန်မစမ်းကြည့်တာ အသုံးဝင်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ”
"ကျေးဇူးအများကြီးတင်ပါတယ်။ " ဆေးဘူးကိုကိုင်ထားသည့် အမျိုးသမီး၏လက်က တင်းကျပ်နေခဲ့သည်။ သူမကလေးက တိတ်ဆိတ်နေပြီမလို့ သူ့ကိုဆေးပေးဖို့မလိုတော့ပေ။
"ကောင်းပါပြီ၊ ကောင်းကောင်းအနားယူပါ" မုရှောင်ယက ပြုံးပြီး သူမထိုင်ခုံဆီသို့ ပြန်လှည့်သွားသည်။ သူမထိုင်လိုက်သောအခါတွင် ပိုင်ချွမ်းက သူမကို အပြစ်တင်သလို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ့အမူအရာက မုရှောင်ယ တခါမှမမြင်ဖူးသောပုံစံဖြစ်သည်။
"ဘာမှားနေလို့လဲ။ " မုရှောင်ယ မေးလိုက်သည်။
"နားကြပ်က ကိုယ့်ဟာ " ပိုင်ချွမ်းက အရမ်းစိတ်ဓာတ်ကျသွားသည်။ 'ရှောင်ယက ဘာလို့ သူ့နားကြပ်ကို တခြားသူတွေကို ပေးတာလဲ။ အထဲမှာ သူသွင်းထားတဲ့ အသံလည်း ရှိသေးတယ်။'
"ကျွန်မသိတယ်။ ဒါပေမယ့် ကျွန်တို့က အဲဒါတွေကို ကောင်းကောင်းအသုံးချဖို့ အရင်ငှားလိုက်တာပါ လေယာဉ်ဆင်းတဲ့အခါ ကျွန်မတို့ကို ပြန်ပေးလိမ့်မယ်” မုရှောင်ယက သူ့ကို ချော့လိုက်သည်။
ပိုင်ချွမ်းက မကျေမနပ်ဖြစ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။“ကိုယ့်ဟာ ”
ဒီအချိန်မှာ သူ့ကို ဘာလို့ မချော့နိုင်သေးတာလဲ။
မုရှောင်ယက ရှားရှားပါးပါး ပိုင်ချွမ်းကို ငေးကြည့်နေမိသည်။ ရုတ်တရက် သူမအခွင့်အလမ်းကို ယူလိုက်ပြီးသူမနှုတ်ခမ်းများက ပိုင်ချွမ်းကို နမ်းလိုက်သည်။
"သူတို့ကို တစ်နာရီလောက် ငှားပေးပါလား နော်။ " မုရှောင်ယက ချွဲနွဲ့စွာ ပြုမူလိုက်သည်။
ပိုင်ချွမ်းက မျက်တောင်ခတ်ပြီး မတ်မတ်ထိုင်ကာ စကားကိုရပ်လိုက်သည်။
'သူ... သဘောတူတာလား။'
ချွဲနွဲ့သလို သရုပ်ဆောင်တာက အော်တစ်ဇင် လူတွေ အတွက်လည်း အသုံးဝင်ကြောင်း တွေ့ရှိခဲ့ရသည်။
...........
E/TN;
ချွဲ့နွဲ့သလို သရုပ်ဆောင်ခြင်းက အော်တစ်ဇင် ဝေဒနာရှင်များအတွက်လည်း အသုံးဝင်ကြောင်း တွေ့ရှိရသည်။ ရှောင်ယနဲ့ ပိုင်ချွမ်း အသုံးပြုရင် အသုံးဝင်မယ်လို့ ငါထင်တယ်။ (´v`)
ဟန်းနီးမွန်းထွက်ပြီးနောက် ပိုင်ချွမ်း အပေါ် ရှောင်ယ ရဲ့ ခံစားချက်ပြောင်းသွားသလို ခံစားရတယ်၊ နင်တို့ရော ခံစားမိလား? (〃 ̄ω ̄〃ゞ)