အပိုင်း ၂၇
Viewers 567

#ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

#အပိုင်း ၂၇; အိမ်အပြန်

ပိုင်ချွမ်းက ဘာမှမပြောပေမယ့် သူ့နားကြပ်တွေမရှိတာကြောင့် ကျန်တဲ့တစ်လမ်းလုံး မျက်ခုံးကတွန့်ကွေ့နေခဲ့သည်။ ဒါပေမယ့် မုရှောင်ယက သူအဆင်မပြေတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလို့ သူမ အစောက ထိုကလေးကို နားကြပ် ငှားမိတာအတွက် နောင်တရခဲ့သည်။

နောက်ဆုံး လေယာဉ်ဆင်းသက်ချိန်မှာ ပိုင်ချွမ်းက မတ်တပ်မရပ်ဘဲ ထိုင်ခုံမှာထိုင်ပြီး ရှေ့ထိုင်ခုံကို စူးစူးစိုက်စိုက်ကြည့်နေသည်။ မုရှောင်ယ သိသည်။ ပိုင်ချွမ်းက သူ့နားကြပ်တွေ ပြန်လာပေးမယ့်သူကို စောင့်နေတယ်ဆိုတာ။

ကံကောင်းထောက်မစွာ၊ လေယာဉ်ဆင်းသက်ပြီးသည့်နောက်တွင် နားကြပ်များကို သူမက ပြန်ပေးလာသည့်အတွက် လူနှစ်ဦးက အကြာကြီး မစောင့်ရခဲ့ပေ။

“ ရှင့်ရဲ့နားကြပ်တွေအတွက် ကျေးဇူးတင်ပါတယ် ” ထိုအမျိုးသမီးက ကျေးဇူးတင်ကြောင်းပြောပြီး ၇-၈ နှစ်အရွယ်ကလေးငယ်လေးရဲ့ လက်များဆုပ်ကိုင်ထားဆဲဖြစ်သည်။ ကောင်လေးက ဘောင်းဘီတိုများနှင့်အနောက်စတိုင်အဝတ်အစားများဝတ်ထားကာ ကျောင်းလွယ်အိတ်က သူ့နောက်ကျောတွင် ရှိနေသည်။ သူ့မျက်နှာက သေးသေးလေးနဲ့ နှုတ်ခမ်းစူပြီး ချစ်စဖွယ်ကောင်းနေတော့ သူ့ပုံစံက အရင်က တစ်ချိန်က အော်ကြီးဟစ်ကျယ်လုပ်တဲ့ ကလေးနဲ့ မတူတော့ဘူး။

"ရပါတယ် နောက်ပိုင်းမှာ ဒီလိုမျိုးပစ္စည်းမျိုးကို ဝယ်သင့်တယ်၊ အဲဒါက ခက်ခဲတဲ့အချိန်တွေမှာ အသုံးဝင်တယ်" မုရှောင်ယက အကြံပေးလိုက်သည်။

"အင်း " အမျိုးသမီးက ထွက်မသွားခင် လှည့်ကြည့်ပြီး သူမကို ကျေးဇူးတင်စကားပြောကာ သူ့ကလေးနှင့်အတူ ထွက်ခွာသွားခဲ့သည်။

သူတို့ထွက်ခွာသွားချိန်မှာ မုရှောင်ယက ပိုင်ချွမ်းကို နားကြပ်တွေပြန်ပေးလိုက်သည်။ ပိုင်ချွမ်းက ရသွားတာနဲ့ သူက တစ်ခြားသူယူသွားမှာ စိုးရိမ်တာကြောင့် လည်ပင်းမှာ ခိုင်မြဲစွာချိတ်ထားလိုက်သည်။

မုရှောင်ယက သူ့ကို ဒီလို အပြုအမူတွေ လုပ်နေတာကို ကြည့်ပြီး ရယ်ချင်နေခဲ့ကာ စိတ်မကောင်း ဖြစ်မိသွားသည်။ “ နောက်ဆို ရှင့်နားကြပ်ကို တခြားသူတွေကို နောက်တစ်ခါထပ်မငှားတော့ဘူး ”

"အင်း" ပိုင်ချွမ်းက ပျော်ရွှင်စွာပြုံးလိုက်သည်။

သူတို့ လေယာဉ်ပေါ်ကဆင်းပြီး သူတို့ရဲ့ခရီးဆောင်အိတ်တွေကို ယူကာ ကားရပ်နားရာနေရာကို သွားဖို့ကြိုးစားခဲ့ကြသည်။ လေယာဉ်မရောက်ခင် ၁၀ မိနစ်အလိုမှာ ပိုင် မိသားစုကားက သူတို့ကိုစောင့်နေခဲ့ပေမယ့် ယွင်မြို့ ရဲ့လေဆိပ်က အရမ်းကြီးလွန်းသည်။ မုရှောင်ယနဲ့မရင်းနှီးဘူး။ နောက်ပြီး သူမရဲ့ ဦးတည်ရာအာရုံမှာ မကောင်းတာကြောင့် ပိုင် မိသားစု၏ ကားမောင်းသူက ပြောထားသည့် ကားပါကင်ကို အချိန်အတော်ကြာအောင် ရှာမတွေ့နိုင်ခဲ့ပေ။

“ P2 ကားရပ်နားရန်နေရာ P2၊ ဒါ P2 သို့သွားလား ဒါမှမဟုတ် ဒီလမ်းလား။ ” မုရှောင်ယက ၅ မိနစ်လောက် လေဆိပ်မြေပုံရှေ့တွင် ရပ်နေပြီး ၎င်းအနီးတစ်ဝိုက်တွင်မြေပုံတစ်ခုသာရှိပြီး ရှင်းလင်းပြတ်သားသော လမ်းညွှန်မှုမရှိပေ။ သူမ အရင်ဘဝက သူမနိုင်ငံကို ပြန်လာချိန်က P1 ကိုသွားစဉ်မှာ သူမ ဂရုမစိုက်မှုကြောင့် တစ်လှည့်စီ လှည့်ပတ်ရင်း နာရီဝက်လုံး ဖြုန်းတီးပစ်လိုက်သည်။

"ဒီလမ်း" ပိုင်ချွမ်းက မုရှောင်ယအတွက် ငါးမိနစ်လောက် စောင့်ပြီး သူမကို အနားယူစေချင်ခဲ့ပေမယ့် လမ်းအမှန်ကို ရှာမတွေ့တာကြောင့် စကားပြောဖို့ ဆုံးဖြတ်လိုက်သည်။

“ ရှင်လမ်းကိုသိတာလား။ ” မုရှောင်ယက အံသြသင့်စွာနဲ့ မော့ကြည့်လိုက်သည်။

“မြေပုံပေါ်မှာ ဆွဲထားတယ် ” ပိုင်ချွမ်းက လေဆိပ်မြေပုံပေါ်ရှိ P2 ဦးတည်ချက်ကို မျက်နှာဖြင့် ညွှန်ပြလိုက်သည်။ 'ဒီနေရာမှာရှင်းရှင်းလင်းလင်း ရေးဆွဲထားတယ်လေ ဘာလို့ လမ်းကိုသိသင့်တာလဲ။ '

မုရှောင်ယရဲ့ မျက်လုံးတွေက ချက်ချင်းတောက်ပသွားသည်။ မှန်တယ် ပိုင်ချွမ်းက သူ့သင်္ချာကျွမ်းကျင်မှုအပြင်၊ သူ့လမ်းညွှန်မှုအာရုံမှာလည်း အားကောင်းသည်။

"ဒါဆို ရှင်သွားတဲ့ လမ်းကို လိုက်မယ်" မုရှောင်ယက ပြုံးပြီးပြောလိုက်သည်။

"အင်း " သူ့ခရီးဆောင်အိတ်များကိုဆွဲယူပြီး ပိုင်ချွမ်းက ရှေ့ကဦးဆောင်လိုက်သည်။ သူလမ်းတလျှောက် မည်သည့် သင်္ကေတများကိုမျှ မကြည့်ဘဲ လေဆိပ်၏ အသွင်အပြင်ကို သိထားပြီးဖြစ်သည့်အတိုင်း၊ ဘယ်ကွေ့၊ လှေကားမှဆင်း၊ ညာကွေ့၊ ဖြောင့်တန်းစွာ လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် ပိုင်မိသားစုရဲ့ ကားကို တွေ့သွားကြသည်။

ပိုင် မိသားစုရဲ့ယာဉ်မောင်းက သူတို့နှစ်ယောက်ကို အဝေးကမြင်တော့ ထွက်လာပြီး လူနှစ်ယောက်ကို ခရီးဆောင်အိတ်ရွှေ့ဖို့ စိတ်အားထက်သန်စွာ ကူညီပေးခဲ့သည်။

"ရှင် မြေပုံကြည့်တာ တော်မှန်း ကျွန်မ မသိဘူး" မုရှောင်ယက သူ့ကို မချီးကျူးဘဲမနေနိုင်ခဲ့ပေ။

ဒါပေမယ့် ပိုင်ချွမ်းက သူ မြေပုံများကိုကြည့်တာက တော်တယ်လို့ မခံစားရဘဲ၊ အဲ့ဒါက အမြဲလိုလို အသေးအဖွဲ့ကိစ္စလေးတွေနဲ့ ရှုပ်ပွနေတက်တဲ့ မုရှောင်ယသာ ခံစားရတာ ဖြစ်သည်။ အရင်တုန်းကတော့ မုရှောင်ယကို သင်္ချာမေးခွန်းတချို့ကို ကူညီဖြေရှင်းပေးတဲ့အခါတိုင်း၊ သူမကဒီလိုပြုမူတတ်ပြီး အဲဒါကို အတော်လေး ကျင့်သားရခဲ့သည်။

သူတို့ကားပေါ်တက်ပြီးသည့်နောက်တွင် မုရှောင်ယက ပိုင်ချွမ်းနဲ့ လက်ဆောင်များကို ဘယ်လိုခွဲဝေရမလဲဆိုတာကို စတင်ဆွေးနွေးခဲ့သည်။ ပုံမှန်လိုပဲ မုရှောင်ယက ခရီးတစ်လျှောက်လုံး စကားပြောနေပြီး ပိုင်ချွမ်းက သူမစကားကို တိတ်တဆိတ် နားထောင်နေခဲ့သည်။

"ကျွန်မတို့ ဒီတခေါက် ကျေးလက်ကို သွားခဲ့တယ်၊ ဒါကြောင့် အဲဒီဒေသရဲ့ အထူးဟင်းပွဲတွေအပြင် လျန်းနျိုနျိုရဲ့ ချယ်ရီဝိုင်နဲ့ ချယ်ရီယိုတွေပဲ ရှိတယ်" မုရှောင်ယက ပိုင်ချွမ်းကို ပြောလိုက်သည်။ "ကံကောင်းစွာနဲ့ပဲ ကျွန်မတို့က နျိုနျို ဝိုင်နဲ့ ယိုလုပ်တုန်းကလည်း ကူညီပေးခဲ့တာပဲ မဟုတ်ဘူးလား။"

"အင်း၊ ချယ်ရီ၊ ကိုယ်သူတို့ကို ခူးထားတာ " ပိုင်ချွမ်းက စကားပြောရတာကို မကြိုက်ပေမယ့် မုရှောင်ယက သူ့ကို မေးတဲ့အခါ လုံးဝ ဖြေရမှာ ဖြစ်သည်။

“ဒါဆို ယိုတွေ ပေးကြရအောင်။ ကျွန်မတို့ပြန်ရောက်တဲ့အခါ ချယ်ရီသီးကို ကိုယ်တိုင်ခူးခဲ့တာလို့ မင်းအဖေနဲ့အမေကို ပြောလို့ရတယ်။ အဲ့ဒီလိုမျိုး ကျွန်မတို့ရဲ့ လက်ဆောင်တွေက အရမ်းပေါ့ပါးတယ်လို့ မားတို့ ပါးတို့ ခံစားရမှာ မဟုတ်ဘူး ” မုရှောင်ယက ပြောလိုက်သည်။

"အိုကေ "

သူမရည်မှန်းချက်အောင်မြင်ခဲ့သည်ကို မြင်သောအခါ မုရှောင်ယက ယုတ်မာတဲ့အပြုံး ပြသခဲ့သည်။

ရှေ့တန်းက ဒရိုင်ဘာက ခရီးတစ်လျှောက်လုံး စကားစမြည်ပြောလာတာကို နားထောင်ပြီး မပျော်နိုင်တော့ပေ။ သူက ပိုင်မိသားစု၏ ယာဉ်မောင်းဖြစ်ခဲ့သည်မှာ ဆယ်နှစ်ကျော်ရှိပြီဖြစ်သော်လည်း ကားထဲတွင် ဤကဲ့သို့ စကားများများပြောနေသည့် ဒုတိယသခင်လေးကို ပထမဆုံးအကြိမ် မြင်ကြားလိုက်ရခြင်းပင်။ နောက်ပြီး သခင်ကြီးနဲ့ မဒမ်က သူတို့ရဲ့ ချယ်ရီယိုကို ပေါ့ပေါ့ပါးပါး လက်ဆောင်အဖြစ် ဘယ်လို မှတ်ယူနိုင်မှာလဲ။ ဒုတိယသခင်လေး သူတို့ကိုပေးသမျှက ငှက်မွှေးတစ်ပင်တောင်မှ ရတနာအဖြစ် မှတ်ယူကြလိမ့်မည်။ ဤဒုတိယသခင်မလေးက ဒုတိယသခင်လေးကို သူ့မိသားစုနှင့် ပိုမိုဆက်ဆံဖို့ ဆွဲဆောင်ပြီး ချော့သိပ်နေသည်။

သူတို့နှစ်ဦးရောက်ရှိချိန်သည် နေ့လယ်ခင်းအချိန်ဖြစ်၍ ညဘက်ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်ရှားပြီး အတားအဆီးမရှိဘဲ မောင်းနှင်လာကာ ပိုင် မိသားစု၏ အိမ်ကြီးဆီသို့ တည့်တည့်မတ်မတ်သွားခဲ့သည်။ အိမ်ပြန်ရောက်သည်နှင့် ဦးလေးလီက သူတို့ကို ချက်ချင်းကြိုလိုက်ပြီး ခရီးဆောင်အိတ်ကို ယူလာပြီး စားဖို့ တစ်ခုခု ပြင်ဆင်ခိုင်းထားပြီး ခရီးရှည်ကြီးမှာ နှစ်ယောက်သား ပင်ပန်းမှာကို စိုးရိမ်သည်။

"ဦးလေးလီ အစားအစာပြင်ဆင်စရာမလိုဘူး၊ ခဏကြာရင် ညစာစားဖို့အချိန်ရောက်ပြီ " ဟုသူကပြောခဲ့သည်။ မုရှောင်ယက သေတ္တာရဲ့နောက်ဘက်မှာရှိတဲ့ localအထူးထုတ်ထားတဲ့အိတ်ကြီးကိုညွှန်ပြရင်း ပြောလိုက်သည်။ “သူတို့ကို မီးဖိုချောင်ထဲယူသွားလိုက် ရှောင်ချွမ်းက ချက်ထားတဲ့အသားကို ကြိုက်တယ်၊ ညစာချက်ဖို့ တစ်ခုခုရွေးသင့်တယ်"

“ဟုတ်ပြီ။ မြန်မြန် မီးဖိုခန်းထဲ ပို့ပေးပြီး ညစာစားဖို့ ပြင်ဆင်လိုက်” ဦးလေးလီက ချက်ချင်း မှာလိုက်တယ်။

"ပါနဲ့ မားတို့ ဘယ်မှာလဲ" သူတို့နှစ်ဦးပြန်လာပြီးနောက်တွင် သူတို့ကိုလာကြိုတာက ဦးလေးလီ တစ်ဦးတည်းသာရှိသဖြင့် ယခုအချိန်တွင် အိမ်တွင်မည်သူမျှမရှိဘူးလို့ မုရှောင်ယက ခန့်မှန်းခဲ့သည်။

“သခင်ကြီးနဲ့ အကြီးဆုံးသခင်လေးက အလုပ်မှာပါ အိမ်ကို မပြန်လာသေးပါဘူး။ မဒမ်က ပရဟိတဖောင်ဒေးရှင်း လှုပ်ရှားမှုကို တက်ရောက်ဖို့ သွားခဲ့ပေမယ့် သူတို့အားလုံး ညစာလာစားကြမှာ သေချာပါတယ်” ဦးလေးလီက ဖြေလိုက်သည်။

မုရှောင်ယ ခေါင်းညိတ်ပြီး မမေးတော့ပေ။ သူမနဲ့ ပိုင်ချွမ်းက ရေချိုးဖို့ အခန်းဆီပြန်သွားခဲ့သည်။

မုရှောင်ယ ထွက်သွားသည်ကိုမြင်သောအခါ ဦးလေးလီက သူ့ဖုန်းကိုထုတ်ပြီး မက်ဆေ့ခ်ျများစွာပို့ခဲ့သည်။

'သခင်ကြီး၊ မဒမ်၊ အကြီးဆုံးသခင်လေး၊ ဒုတိယသခင်းလေးနဲ့ ဒုတိယသခင်မလေးတို့ အိမ်ကို ဘေးကင်းစွာပြန်ရောက်ပါပြီ။ နောက်ပြီး သူတို့က အရသာရှိတဲ့ ဒေသထွက်အထူးစားစရာတွေကို ပြန်ယူလာပြီး ညအချိန်မှာ အတူမျှစားကြမှာပါ '

အစီရင်ခံစာများကို ပေးပို့ပြီးနောက် သူတို့၏ပြန်ကြားချက်ကို စောင့်ဆိုင်းခြင်းမပြုပဲ ဦးလေးလီက မျက်မှန်တပ်ပြီး ရွှင်လန်းတဲ့ အပြုံးနှင့် မီးဖိုချောင်ကို လူ ၅ ဦး စာအတွက် အစားအစာပြင်ဆင်ဖို့ ညွှန်ကြားခဲ့သည်။

မက်ဆေ့ချ်သည် ပိုင် မိသားစု၏ အသိုင်းအဝိုင်းအတွင်း လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ပိုင်ကောယွိက သူ့ဖုန်းကို ကြည့်လိုက်ပြီး ခေါင်းကို လှည့်ကာ သူ့လက်ထောက်ကို မေးလိုက်သည်။ “ ငါ ဘယ်အချိန် အလုပ်က ဆင်းရမှာလဲ။”

“ ဥက္ကဋ္ဌ၊ ဥက္ကဌရဲ့နောက်ဆုံးအစည်းအဝေးက ညနေ ၆ နာရီလောက်မှ ပြီးဆုံးမှာပါ၊ ဒါပေမယ့် ဥက္ကဌမှာ ထိုက်ဟန်က ဥက္ကဌနဲ့ ညစာချိန်းထားတာရှိပါသေးတယ်" လက်ထောက်က သူ့ကို သတိပေးလာသည်။

"ရက်ချိန်းကို ဖျက်သိမ်းလိုက်ပြီး အစည်းအဝေးကိုနာရီဝက်အကြာကို ပြောင်းရွှေ့လိုက်"

“ အာ ဟုတ်ကဲ့ပါ ” လက်ထောက်က ခဏလောက်ထိတ်လန့်သွားသည်။ ၎င်းက အတော်လေးထူးဆန်းသော်လည်း သူကလိုက်နာဖို့ လိုအပ်သည်။ ထို့နောက် သူကစိတ်အားထက်သန်စွာနဲ့ ဖုန်းခေါ်ဆိုမှုများကို ပြုလုပ်ခဲ့ပြီး အစည်းအဝေးမှာပါဝင်မယ့် ၀န်ထမ်းများကို အစည်းအဝေးအချိန် ရွှေ့တာကိုပြောခဲ့သည်။

အဆောက်အအုံတစ်ခုထဲက အထပ်မတူတဲ့ အစည်းအဝေးခန်းထဲတွင် ပိုင်ကျန့်က မဲမှောင်နေတဲ့ မျက်နှာနဲ့ လူများကို ပြောဆိုနေခဲ့သည်။

“အရင်သုံးလက အစီရင်ခံစာကိုကြည့် မင်းတို့လုပ်ခဲ့တဲ့ ရလဒ်ကိုကြည့်။ နောက်သုံးလမှာ ဒီလိုမျိုး ဆက်ဖြစ်နေရင် မင်းတို့အားလုံး ဒီကနေ ထွက်သွားလို့ရတယ်”

အရောင်းဌာနကို ပြောဆိုပြီးတဲ့နောက်မှာ ပိုင်ကျန့်က ကြော်ငြာဌာနကိုဆက်ပြီး ဆူပူခဲ့သည်။

"မင်းတို့ရဲ့ကြော်ငြာအစီအစဉ်ကိုကြည့်လိုက် အဲ့ဒါတွေက ဘယ်လိုအဓိပ္ပါယ်မရှိတဲ့ စကားတွေလဲ။ ငါတို့က virtual ဂိမ်းကို လုပ်ဆောင်နေတာ။ အဲ့ဒါက အပြင်ဘက်မှာရှိတဲ့ ရိုးရာအွန်လိုင်းဂိမ်းနဲ့ တူလို့လား။ မင်းရဲ့ ဦးနှောက်တွေ အားလုံးကို ချေးတွေနဲ့ ဖုံးလွှမ်းနေတာလား။ အဲဒါကို ပြန်လုပ်ထား။ ရှစ်နာရီမတိုင်ခင်မှာ အစီအစဉ်သစ်ကို ငါ့ဆီလာပေးချည် ”

အစည်းအ​ဝေးခန်းက ဝါကျတစ်​ဝက်​​တောင်​ ဘယ်သူမှ မငြင်းဆန်​နိုင်​လို့ တိတ်​ဆိတ်​​နေပြီး ​နောက်​ဆုံး​တော့ အစည်းအဝေးကို အမြန်​အဆုံးသတ်​ချင်​နေကြသည်။ နောက်ဆုံး ပိုင်ကျန့် ထွက်သွားတော့ သူတို့အားလုံး ကျယ်လောင်စွာ အသက်ရှူသွင်းလိုက်ကြသည်။ ကြော်ငြာဌာနရဲ့ ဒါရိုက်တာက သူများတွေ ကြိမ်းမောင်းတဲ့အခါ ပိုစိုးရိမ်ရသည်။ အခုမှ ကြိမ်းမောင်းတာ ဖြစ်ပေမယ့် ရှစ်နာရီမတိုင်ခင်မှာ အကုန်ပြန်လုပ်ရမယ်လို့ တွေးလေ ပိုပူလောင်လာလေပါပဲ။

ပိုင်ကျန့်က မျက်မှောင်ကြုတ်ပြီး သူ့ရုံးခန်းဆီ ပြန်လာခဲ့ရာ လက်ထောက်က သူ့ကိုရေတစ်ခွက်ပေးခဲ့သည်။ အစောက အထွေထွေမန်နေဂျာက လူတိုင်းအားအလွန်ဆူပူသောင်းကျန်းခဲ့ပြီး ယခုအချိန်တွင် ရေဆာနေပြီဖြစ်သည်။

"အထွေထွေမန်နေဂျာ ထျန်ဖေး နည်းပညာ ကုမ္ပဏီက ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်သည့်စာပါ " ပိုင်ကျန့် ရေသောက်ပြီးချိန်ထိစောင့်ပြီး သူ့လက်ထောက်က သူ့ကို စာရွက်စာတမ်းတစ်ခုပေးခဲ့သည်။

ပိုင်ကျန့်က ကြည့်ပြီး မေးလိုက်သည်။ "ဂိမ်းဖွံ့ဖြိုးရေးဌာနရဲ့ တိုးတက်မှုက ဘယ်လိုလဲ။"

"ကျန့်ကုန်းက အစောက ဒီကိုလာသွားပါတယ်။ ဒုတိယသခင်လေးက ဘယ်အချိန်ပြန်လာမှာလဲလို့ သူက ကျွန်တော့ကို မေးခိုင်းလိုက်ပါတယ်" လက်ထောက်က ပြောခဲ့သည်။

"ဘာလဲ။ " ပိုင်ကျန့်က မျက်မှောင်ကြုတ်လိုက်သည်။ "သူတို့က အဖြေတစ်ခုတောင် မရသေးဘူးလား။ "

“တိုးတက်မှုမရှိသေးပါဘူး ”

"ရှောင်ချွမ်း မရှိရင် သူတို့အားလုံး အလုပ်မဖြစ်ဘူးလား။" ပိုင်ကျန့်က မထိန်းနိုင်ဘဲ ကျိန်ဆဲလိုက်သည်။ ရှောင်ချွမ်းက အားလပ်ရက်အပန်းဖြေခရီးမှာ လတစ်ဝက်ကျော်သာ ရှိသေးပြီး ဂိမ်းဖွံ့ဖြိုးရေးဌာနတစ်ခုလုံးက သေးငယ်တဲ့ ပရိုဂရမ်တစ်ခုကိုတောင် မရေးနိုင်တော့ဘူးလား။ လတစ်ဝက်ကျော်ကြာနေတာတောင် အလုပ်က လုံးဝမတိုးတက်လာဘူး။

လက်ထောက်က ဖြေရမှာကိုကြောက်နေတယ် သူက ပရိုဂရမ်ရေးရာမှာ အထူးမကျွမ်းကျင်သော်လည်း ပိုင်မိသားစု၏ ဒုတိယသခင်လေးနဲ့ နှိုင်းယှဥ်နိုင်သည့်သူမရှိကြောင်း သူသိသည်။ သူတို့ ရီဖုန်း ရဲ့ virtual ဂိမ်းများ ဖွံ့ဖြိုးတိုးတက်မှုက လက်ရှိစက်မှုလုပ်ငန်းထက် များစွာ သာလွန်နေပေသည်။ ၎င်းက ဒုတိယ သခင်လေးရဲ့ အော်တစ်ဇင် ရောဂါလက္ခဏာ ဦးနှောက်ကြောင့် မဟုတ်ဘူးလား။ ဤပညာရှင် လက္ခဏာက သာမန်လူများနှင့် နှိုင်းယှဉ်၍ မရပေ။

"အထွေထွေမန်နေဂျာ၊ အစည်းအဝေးမှာ ဖုန်းမြည်လာပါတယ် အိမ်ကရောက်လာတဲ့ မက်ဆေ့ချ်ပါ " လက်ထောက်က သတိပေးလိုက်သည်။

ပိုင်ကျန့်က ရပ်လိုက်ပြီး ဖုန်းကိုကြည့်ကာ သူ့အမူအရာက မသိစိတ်က ပျော့ပျောင်းလာသည်။ သူက ဖုန်းကိုချပြီး အမိန့်ပေးလိုက်သည်။ “ ကျန်ရှိနေသေးတဲ့ အလုပ်အားလုံးကို ဖျက်သိမ်းလိုက်။ ဒီနေ့အလုပ်က အချိန်မှန်ပြန်ချင်တယ်”

"ဟုတ်ကဲ့ပါ " လက်ထောက်က ရုံးခန်းထဲက လှည့်ထွက်သွားပြီး ရုံသူဖုန်းကိုထုတ်ကာ အနိုင်ကျင့်ခံရသည့် ကြော်ငြာဌာနရဲ့ ခေါင်းဆောင်ကို ခေါ်လိုက်သည်။ "အထွေထွေမန်နေဂျာက ဒီနေ့ အလုပ်ကနေ အချိန်မှန် ပြန်ချင်နေတယ်"

"အစ်ကိုကြီး ငါမင်းရဲ့ကြင်နာမှုကို ပြန်မဆပ်နိုင်တော့ဘူး၊ မင်းကိုထမင်းတစ်နပ်လောက် ကျွေးပရစေ"

လက်ထောက်က ရယ်ပြီးဖုန်းကို ချလိုက်သည်။

မြို့၏တစ်ဖက်တွင်၊ ပရဟိတလေလံပွဲပြီးသွားသော လီရုံက ပရဟိတဖောင်ဒေးရှင်းဥက္ကဋ္ဌထံမှ ညစာဖိတ်ကြားမှုကို ငြင်းပယ်ခဲ့သည်။

"မစ္စ ပိုင်၊ ညစာအတွက် ရှန်းဟယ်ခ် ဟိုတယ်ကိုသွားမလား။ "

"ဟင့်အင်း၊ ဟင့်အင်း ကျွန်မ သားနဲ့ ချွေးမက သူတို့ရဲ့ပျားရည်ဆမ်းခရီးကနေ ပြန်လာနေကြပြီ။ ကျွန်မပြန်သွားပြီး သူတို့နဲ့ ကြိုဆိုတဲ့ညစာကို စားရမယ် " လီရုံက ယဥ်ကျေးစွာ ပြောလိုက်သည်။

"ပိုင်ကျန့်က အိမ်ထောင်ထပ်ပြုတာလား။ " ဥက္ကဋ္ဌက အံ့သြသွားသည်။

"သူ မဟုတ်ဘူး ကျွန်မ ဒုတိယသား" လီရုံက ပြုံးပြီး နှုတ်ဆက်ကာ လှည့်ထွက်သွားသည်။

ဦးလေးလီက မီးဖိုချောင်တွင် ညစာပြင်ဆင်နေချိန်၌ "ညစာစားဖို့ ပြန်လာမယ်" ဆိုတဲ့ စာတိုလေး သုံးစောင်ကို လက်ခံရရှိခဲ့သည်။

ညနေ ၆ နာရီခွဲတွင် ပိုင် မိသားစုဝင်များက ထမင်းစားစားပွဲ၌ ပေါ်လာသည်။ အချို့အစားအစာများက မုရှောင်ယ ယူဆောင်လာသည့် ဒေသဆိုင်ရာအထူးထွက်ကုန် အစားအစာများဖြစ်သည်။ ထမင်းစားနေစဉ်တွင် မုရှောင်ယက လူတိုင်း မြည်းစမ်းကြည့်ဖို့ ချယ်ရီဝိုင်ကိုလည်း ထုတ်ခဲ့သည်။ ပိုင် မိသားစုမှ လူနှစ်ယောက်စလုံးက အဆက်မပြတ် ချီးကျူးနေကြသော်လည်း လီရုံရဲ့ ပါးစပ်က ချဲ့ကားသော ချီးကျူးစကားများကိုတောင် မုရှောင်ယ ကြားခဲ့ရသည်။ သို့သော်လည်း အခြားသူများ၏ ရည်ရွယ်ချက်များကို တွေးကာ မုရှောင်ယက ပြုံးရုံသာ ပြုံးပြပြီး သူတို့ကို ထုတ်ဖော်မပြခဲ့ပေ။

ညစာစားပြီးတဲ့နောက်မှာ မုရှောင်ယက ပိုင် မိသားစုကို ချယ်ရီခြံထဲက သူတို့ဘဝအကြောင်းကို ပြောခဲ့သည်။ သူတို့က ချယ်ရီခြံထဲမှာ လတစ်ဝက်လောက် နေခဲ့ကြပေမယ့် ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ကြရသည်။ နေ့တိုင်းချယ်ရီသီးတွေကို ခူးတာအပြင် သစ်ပင်အောက်မှာလည်း အေးမြတဲ့ လေနုအေးကို ခံစားဖို့ ထိုင်ကြသည်။ မုရှောင်ယက ပေါ့ပေါ့ပါးပါးပြောပေမယ့် ပိုင် မိသားစုထဲက လူသုံးယောက်စလုံးက စိတ်ဝင်တစား နားထောင်ကြသည်။ အထူးသဖြင့် ပိုင်ချွမ်းနဲ့ပတ်သက်ရင်၊ အသေးအမွှားကိစ္စလေးဖြစ်ရင်တောင် သူတို့က ကောင်းမွန်တဲ့တုန့်ပြန်မှုကို ပေးပါလိမ့်မည်။

မုရှောင်ယက သူတို့ပြင်ဆင်ထားသည့် လက်ဆောင်များကိုလည်း ပေးခဲ့သည်။ “ ပါး၊ မား၊ တကော ကျွန်မတို့ ဒီအချိန် ဆော့ဖို့ ထွက်သွားကြတယ်၊ အဲဒီမှာ ချယ်ရီသီးကလွဲလို့ ဘာမှ မရှိတော့ဘူး၊ ဒါကြောင့် ကျွန်မနဲ့ ပိုင်ချွမ်းက ချယ်ရီယိုလောက်ပဲ လုပ်လို့ရတယ် "

"မင်းတို့ ချယ်ရီယိုတွေလား။" လီရုံက သူမကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

"သမီးနဲ့ သမီးအတန်းဖော်က အဲဒါကို လုပ်ပေးတဲ့သူတွေဘဲ၊ ဒါပေမယ့် ချယ်ရီသီးတွေကို ရှောင်ချွမ်းက ခူးပေးတာ " မုရှောင်ယက ပြောလိုက်သည်။

“ ရှောင်ချွမ်းက သူတို့ကို ခူးတာလား။ ” အခုတော့ ပိုင်ကောယွိနဲ့ ပိုင်ကျန့်တို့တောင် အနည်းငယ် မငြိမ်မသက် ဖြစ်သွားသည်။

"အင်း ပေါင် ၅၀ နီးပါးရှိတဲ့ အိတ်ကြီးနှစ်လုံးနဲ့ အပြည့်ပဲ"

ပိုင် မိသားစု သုံးယောက်က ရုတ်တရက် တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ပိုင်ချွမ်းကို စိတ်အားထက်သန်စွာ ကြည့်လာကြသည်။ 'ဒီလက်ဆောင်က ပိုင်ချွမ်း ကိုယ်တိုင်လုပ်ထားတာလား။ '

ပိုင်ချွမ်းက သူတို့ကို ရှုပ်ထွေးတဲ့ အမူအရာနဲ့ကြည့်လိုက်သည်။

မုရှောင်ယက ချက်ချင်း သတိပေးသလိုပြောခဲ့သည်။ “ ရှောင်ချွမ်း ကျွန်မတို့ ပြင်ဆင်ထားတဲ့ လက်ဆောင်က ဘယ်မှာလဲ။ ”

"အပေါ်ထပ်မှာ ကိုယ်သွားယူလိုက်မယ် " ပိုင်ချွမ်းက မတ်တပ်ထရပ်ပြီး မနှေးတဲ့ အရှိန်နဲ့ အပေါ်ထပ်ကို လျှောက်သွားတော့သည်။ ပိုင် မိသားစု သုံးယောက်က ပိုင်ချွမ်း တက်သွားတဲ့ လှေကားထစ်ကို ကြည့်နေပြီး ပြန်ဆင်းလာချိန်မှာ ပိုင်ချွမ်းရဲ့ လက်ထဲမှာရှိတဲ့ ယိုပုလင်း သုံးပုလင်းကို ဆက်လက် စိုက်ကြည့်နေသည်။

"ကျွန်တော် ချယ်ရီသီးတွေကို ခူးထားတာ" ပိုင်ချွမ်းက သူ့ကို စူးစူးရဲရဲစိုက်ကြည့်နေတဲ့ လူသုံးယောက်ရှေ့မှာ ရပ်လိုက်ပြီး မုရှောင်ယ သူ့ကို ထပ်ခါတလဲလဲပြောခိုင်းတဲ့ စကားလုံးတွေကို ပြောလာသည်။“ယိုစားတာက အလှအပကို မြှင့်တင်ပေးနိုင်သလို သရက်ရွက်နဲ့ အစာအိမ်ကိုလည်း သန်မာစေပြီး ခန္ဓာကိုယ်အတွက် ကောင်းမွန်စေတယ်။ ဒါတွေက မားတို့အတွက်"

ထို့နောက်၊ သူသည် ဘယ်မှညာ၊ ပိုင်ကျန့်၊ လီရုံနဲ့ ပိုင်ကောယွိတို့ကို ပေးနေပုံက လက်အောက်ငယ်သားများအား တစ်ခုပြီးတစ်ခု ဖြစ်ပြီး ဆုလက်ဆောင်များပေးသည့် ခေါင်းဆောင်နှင့်တူနေသည်။

ပိုင် မိသားစု သုံးယောက်လုံးက ယိုပုလင်းကို ကိုင်ပြီး တူညီတဲ့ ထုပ်ပိုးမှုကို ကြည့်သည်။ တစ်ချိန်တည်းမှာပင် သူတို့က အကြံတစ်ခုရလာကြသည်။ 'ခဏနေကြရင် သူခိုးအချို့က မှားယွင်းယူဆောင်သွားတာ ဒါမှမဟုတ် စားသောက်တာခံရမည်ကို စိုးရိမ်ရလို့ သူတို့အမည်ကို ရေးထားရမယ်။'

.........

E/TN;

အားးး ~ဒီပိုင် မိသားစုဟာဘယ်လောက်ချစ်စရာကောင်းလိုက်လဲ ~ (' v ' *) ။ +

သူတို့ရဲ့ပထမဆုံးအတွေးက သူခိုးကြိုတင်ကာကွယ်ရေးအကြောင်းပါ။ {* ≧∀≦}