#ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား
#အပိုင်း ၂၈; အင်အားမလုံလောက်ခြင်း
ပိုင်ချွမ်းရဲ့ ဇီဝနာရီက အရမ်းတည်ငြိမ်ပြီး မနက်ခြောက်နာရီတိုင်းမှာ သူနိုးသည်။ အရင် ချယ်ရီခြံမှာရှိတုန်းက မနက်ခင်း နေရောင်ခြည်က သူ့ကို နာရီဝက်စောပြီး အိပ်ရာထစေသည်။ အိမ်ပြန်ရောက်ချိန်မှာ ပြတင်းပေါက်ကို ဖုံးအုပ်ထားသော ကန့်လန့်ကာထူထူကြောင့် ပိုင်ချွမ်းရဲ့ ဇီဝနာရီက မူလအခြေအနေကို ပြန်ရောက်ရှိသွားခဲ့သည်။ မုရှောင်ယလည်း အလားတူပဲ ဖြစ်သည်။
ဒါပေမယ့် ပိုင်ချွမ်းက မနက်ခင်း ၆ နာရီမှာ နိုးလာပေမယ့် မုရှောင်ယက သဘာဝအတိုင်းနိုးလာသည်အထိ အိပ်ပျော်သွားခဲ့သည်။ ထို့နောက် ကုတင်ပေါ်ပြန်လှဲချလိုက်ပြန်သည်။
ပိုင်ချွမ်း ငါးမိနစ်လောက် အိပ်ယာပေါ်ကထရပ်ပြီး အိပ်ပျော်နေတဲ့ မုရှောင်ယကို နှိုးရမလား မနိုးရဘူးလားလို့ ရှုပ်ထွေးစွာနဲ့ ကြည့်လိုက်သည်။
"ရှောင်ချွမ်း ကျွန်မ မနက်တိုင်း ရှင်နဲ့အတူလိုက်မယ်၊ ကျွန်မကိုနှိုးဖို့သတိရ" 'မနေ့ညက မအိပ်ခင်မှာ မုရှောင်ယက ပိုင်ချွမ်းကိုပြောခဲ့တယ်။'
' ဒါပေမယ့် အခုတော့…'
"ရှောင်ယ ထတော့ ပြေးရအောင် " ပိုင်ချွမ်းက မုရှောင်ယကို ဂရုတစိုက် နိုးလိုက်သည်။
"အင်းးးး ~ မလုပ်ချင်ဘူး၊ ငါမထချင်ဘူး" မုရှောင်ယက ခန္ဓာကိုယ်ကို စောင်နဲ့ထုပ်ပြီး လှည့်ကာအိပ်ပျော်သွားသည်။
အဲ့ဒါက တတိယအကြိမ်မြောက်ဖြစ်သည်။ သူမကို နှိုးဖို့သူကြိုးစားခဲ့သည့် သုံးကြိမ်မြောက် ခြားနားချက်များမှာ သူတို့၏ဆွေးနွေးမှုများသာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ပထမအကြိမ်တွင် သူမကနောက်ထပ်ငါးမိနစ်အိပ်ဖို့ တောင်းဆိုခဲ့သော်လည်း အခုသူမက ထဖို့ငြင်းဆန်ခဲ့သည်။
နောက်ထပ် ငါးမိနစ်စောင့်ပြီး ပိုင်ချွမ်းက နောက်ဆုံး အဖြစ်မှန်ကို မရိပ်မိခင်မှာ သူမကို နှစ်ကြိမ်တိုင်တိုင်ခေါ်ခဲ့သည်။ ဆိုလိုသည်မှာ အိပ်ပျော်နေတဲ့ မုရှောင်ယက ရုတ်တရက် ရန်လိုမှု ဖြစ်သွားနိုင်သည်။ ပြီးတော့ စောစောထရတာကို မကြိုက်ဘူး။
သုံးကြိမ်ငြင်းဆန်ခံရပြီးနောက်မှာ ပိုင်ချွမ်းက အပြင်ထွက်ပြီး သူ့ဘာသာသူပြေးဖို့ ဆုံးဖြတ်လိုက်သည်။ 'သူ မုရှောင်ယကို လမ်းတစ်ဝက်မှာလက်မလျှော့ဘူးလို့ ကတိပေးခဲ့တယ်၊ ပထမဆုံးစွန့်လွှတ်သူက မုရှောင်ယ ...'
'နေ့တိုင်းနောက်ထပ်မီတာ ၁၀၀ ပိုပြေးရမယ်၊ ဒါကြောင့် သူ ဒီနေ့မီတာ ၂၇၀၀ ပြေးရလိမ့်မယ်'
အားကစားဝတ်စုံဝတ်နဲ့ အားကစားဖိနပ်ကို ဝတ်ဆင်ပြီးနောက် ပိုင်ချွမ်းက တံခါးကိုတွန်းဖွင့်ကာ အောက်ထပ်ဆင်းပြီး ဧည့်ခန်းမှတဆင့် အပြင်ဘက် ပန်းခြံဆီ လျှောက်သွားခဲ့သည်။ တံခါးဝတွင် ပြေးမည့် ပိုင်ကျန့်ကို တွေ့လိုက်ရသည်။
သူ့ညီလေးက အားကစားဝတ်စုံ ၀တ်ထားသည်ကိုမြင်သောအခါ ပိုင်ကျန့်က ရုတ်တရက်မျက်လုံးပြူးသွားသည်။ ပုံမှန်အားဖြင့် အမူအရာ ဖော်ပြမထားသော မျက်နှာပေါ်တွင် ထိတ်လန့်နေတဲ့ အရိပ်အယောင်များ ရှိနေသည်။ "ပိုင်ချွမ်း မင်း...ဘာလုပ်နေတာလဲ။ "
ပိုင်ချွမ်းက သူ့အစ်ကိုကြီးကို သတိထားမိပြီး စကားတစ်ခွန်းကိုသာ ပြန်ပြောလိုက်သည်။
“ ပြေးဖို့”
'ပြေးဖို့ ဒါပေါ့ မင်းပြေးချင်တယ်ဆိုတာ ငါသိတယ် ငါ မင်းရဲ့အသွင်အပြင်ကို ကြည့်လိုက်တာနဲ့ မင်းပြေးချင်နေတာ သိတယ်၊ မေးခွန်းက မင်းတကယ်ပြေးချင်တာလား။'
ပိုင်ကျန့်ရဲ့ နှလုံးသားထဲမှာ စကားလုံးထောင်ပေါင်းများစွာပြည့်နှက်နေသော်လည်း သူ့ပါးစပ်က တစ်ခွန်းပဲထွက်လာသည်။ "အတူတူလား?"
ပိုင်ချွမ်းက ဘာမှပြန်မပြောဘဲ သူ့ဖာသာပြေးထွက်သွားသည်။ သူတွက်ထားပြီးသား၊ ဂိတ်ပေါက်ကနေ တောင်ခြေကို ပြေးပြီး ၁ ကီလိုမီတာလောက်ဝေးတဲ့ ဒုတိယမီးပွိုင့်ကို တည့်တည့်ရောက်မယ်။ အိမ်မပြန်ခင် နောက်ထပ် မီတာ ၃၅၀ ထပ်ပြေးမယ်။ အတိအကျဆိုရင်တော့ မီတာ ၂၇၀၀ ကွက်တိပဲ။
ပိုင်ကျန့်က သူ့ညီပြေးသွားတာကို မြင်တော့ ချက်ချင်းလိုက်သွားသည်။ ပိုင်ချွမ်းရဲ့ ပြေးနှုန်းက မမြန်တာကြောင့် ခြေလှမ်းနှစ်လှမ်းလောက်နဲ့ မှီနိုင်သည်။ သူတို့နှစ်ယောက်က လမ်းဆုံတစ်ခုရှေ့ မီတာတစ်ရာခန့်ထိ ပြေးသွားကြသည်။ ပိုင်ကျန့်က သူ့ညီလေးက ပတ်ဝန်းကျင်နဲ့ သိပ်မရင်းနှီးဘူးလို့ ယူဆတဲ့အတွက် သူက အကြံစပေးလိုက်သည်ယာ "ရှောင်ချွမ်း ဘယ်ဘက်ကိုပြေး အဲ့မှာ ပန်းခြံအသေးလေးရှိတယ် "
ပိုင်ချွမ်းက သူ့ကိုလျစ်လျူရှုပြီး သူ့လမ်းကြောင်းအတိုင်းသာသွားကာ တောင်ဆင်းလမ်းအတိုင်း ပြေးသွားသည်။
ပိုင်ကျန့်က သူ့ညီ သူ့ကို လျစ်လျူရှုတာကို မြင်ပေမယ့် သူက ဒေါသမထွက်ဘဲ ဆက်ပြီး လိုက်သွားသည်။ ဒါကလမ်းကြောင်းမတူတာလေးပဲ ထွေထွေထူးထူးပြောစရာမရှိဘူး၊ ဒီနေ့ ပြေးရတဲ့ တစ်ခုတည်းသော အချက်ကတော့ သူ့ညီနဲ့ အတူတူ ပြေးနိုင်တာ၊ ဒါက အရင်က အိပ်မက်တောင် မမက်ဖူးဘူး။ လမ်းတစ်လျှောက်တွင် ဤကဲ့သို့တွေးတောရင်း ပိုင်ကျန့်က သူ့ခြေဖဝါးမှ လေကဲ့သို့ဖြစ်သွားပြီး သူ့ခြေလှမ်းတွေကလည်း ပေါ့ပါးပြီး မြန်လာသည်ဟု ခံစားလိုက်ရသည်။
…
ပိုင် မိသားစုမှ ညီအစ်ကိုနှစ်ယောက်က အတူတူပြေးနေချိန်မှာ သခင်ကြီးနဲ့ မဒမ်က အိပ်ရာကနေ ထလာပြီး ဧည့်ခန်းမှာ ထိုင်နေတဲ့အတွက် ဦးလေးလီက ယနေ့နံနက်အတွက် ပြင်ဆင်ထားသည့် ကော်ဖီကို ပေးဆောင်ပြီး သတင်းကောင်းကို သူတို့ကို အရင် သတင်းပို့လိုက်သည်။
“ သခင်ကြီး၊ မဒမ် အကြီးဆုံးသခင်လေးနဲ့ ဒုတိယသခင်လေးတို့ အတူသွားပြေးကြပါတယ် ”
"ဘာ။ " ပိုင်ကောယွိက သူ့ကော်ဖီတွေ ဖိတ်စင်လုနီးပါး ထိတ်လန့်သွားသည်။
“ အဟွတ် အဟွတ် …”ဒါပေမယ့် ကော်ဖီတစ်ငုံသောက်လိုက်တဲ့ လီရုံက အခုချိန်မှာ အသည်းအသန်ချောင်းဆိုးနေသည်။
" ဦးလေးလီ၊ ဦးလေး ဘာပြောလိုက်တာလဲ။ ရှောင်ချွမ်းက မနက်စောစော ထပြေးတာလား။ " ဘယ်လိုပဲဖြစ်ဖြစ် လီရုံ ပထမဆုံးလုပ်မိတာက သူမ မှားကြားမိလားဆိုတာသိဖို့ပါပဲ။
"တကယ်ပါပဲ။ လွန်ခဲ့တဲ့ ငါးမိနစ်ခန့်က ဒုတိယသခင်လေးက လှေကားကတစ်ယောက်တည်း ဆင်းလာပြီး ဂိတ်ဝမှာ အကြီးဆုံးသခင်လေးနဲ့ တွေ့ခဲ့တယ် နောက်တော့ သူတို့က နံနက်ခင်းပြေးဖို့ ပျော်ရွှင်စွာသွားခဲ့ကြတယ် "ဦးလေးလီက သူ့စကားများကို ထပ်ပြောရင်းပြုံးလာသည်။
"တစ်ယောက်တည်းလား။ သူက ရှောင်ယနဲ့မဟုတ်ဘူးလား။ " လီရုံက မေးလိုက်သည်။
"ဟုတ်ပါတယ်၊ ဒုတိယသခင်မလေးက အဲ့မှာမရှိခဲ့ပါဘူး"
သူတို့စုံတွဲက တစ်ယောက်ကို တစ်ယောက် အံ့သြတုန်လှုပ်စွာကြည့်ပြီး သူတို့မျက်နှာများက မယုံနိုင်စရာဖြစ်နေတာကို ပြသနေသည်။ သူတို့ရဲ့အော်တစ်ဇင်ဖြစ်နေပြီး၊ ဘာသိဘာသာနေတက်ကာ၊ ပေါင်းသင်းဆက်ဆံရေးမရှိတဲ့ ကလေးက တစ်နည်းနည်းနဲ့ စောစောထပြီးပြေးတာကို လုပ်မှာလား။ မနက်ခင်းပြေးတာ၊ တောက်ပပြီး ကျန်းမာတဲ့ လှုပ်ရှားမှုတစ်ခုပါ၊ အဲ့ဒါက အော်တစ်ဇင်လူတစ်ယောက် နှစ်သက်တဲ့အရာ မဟုတ်ပါဘူး။
မြင်မှယုံမယ် ဆိုတဲ့အတိုင်းပဲ ၎င်းတို့ ကိုယ်တိုင် မျက်စိနှင့် မမြင်မီတွင် ထို ဇနီးမောင်နှံက မယုံဖို့ အရင်ရွေးချယ်ခဲ့သည်။ နှစ်ယောက်သားက ကိုယ်နေဟန်ထားကို ချိန်ညှိပြီး ကော်ဖီခွက်ကိုကိုင်ကာ တံခါးဝကို ရံဖန်ရံခါ လှမ်းကြည့်ကြသည်။
“ သခင်ကြီး၊ မဒမ် သခင်လေးနှစ်ဦးက ပြေးတာ ဆယ်မိနစ်ထက်နည်းပါသေးတယ် မကြာခင်ပြန်မလာသေးပါဘူး ”ဦးလေးလီပ သတိပေးလိုက်သည်။
"အဟွတ် ... ငါသိတယ်" ပိုင်ကောယွိက သူ့ကော်ဖီခွက်ကိုမသိမသာချလိုက်သည်။
ဦးလေးလီက ပြုံးပြီးမီးဖိုချောင်ကိုသွားကာ ကြက်ဥအနည်းငယ် ပိုပြုတ်ဖို့ပြောခဲ့တယ်။ သူတို့နှစ်ယောက်က ပြေးထားတာကြောင့် ပရိုတင်းဓာတ်တွေ ပိုလိုအပ်သည်။
ဦးလေးလီ သတိပေးလိုက်သဖြင့် ပိုင် စုံတွဲက မနက်ခင်း ပြေးတာက အနည်းဆုံး နာရီဝက်လောက် အချိန်ယူရမယ်ဆိုတာ နောက်ဆုံးတွင် သဘောပေါက်သွားတာကြောင့် တံခါးကို အလျင်စလို ကြည့်စရာမလိုတော့ပေ။ ထို့ကြောင့် သူတို့ဘာသာအလုပ်ရှုပ်နေအောင် တစ်ယောက်က ဖုန်းကို ကောက်ကိုင်လိုက်ပြီး နောက်တစ်ယောက်ကတော့ သတင်းစာကို ကောက်ကိုင်လိုက်သည်။
ဒါပေမယ့် တံခါးအပြင်ဘက်က အိမ်ဖော်ရဲ့ နှုတ်ခွန်းဆက်သံကို မကြားရသေးခင်မှာ ခဏလောက် စောင့်ကြည့်နေခဲ့ကြသည်။ " အကြီးဆုံးသခင်လေး၊ ဒုတိယသခင်လေး "
'ပြန်လာနေပြီလား။'
နှစ်ယောက်သား ပစ္စည်းတွေကို လက်ထဲ အမြန်ချကာ တံခါးဝကို တစ်ချက်ကြည့်လိုက်တော့ တံခါးဝကဝင်လာတဲ့ ပိုင်ချွမ်းရဲ့ အနည်းငယ်နီမြန်းနေတဲ့ မျက်နှာလေးကို တွေ့လိုက်ရသည်။ ဒါပေမယ့် သူ့နောက်က ပိုင်ကျန့်က မျက်နှာမနီဘူး မောလည်းမမောဘူး သူကမပြေးထားသလိုပဲ။
'ပိုင်ကျန့်က အနည်းငယ် စိတ်ဓာတ်ကျနေတယ်။ သူ့ခန္ဓာကိုယ်က နွေးထွေးသွားသော်လည်း ပိုင်ချွမ်းက ရုတ်တရက် အပြေးရပ်သွားသည်။ သူတို့ကတစ်ကီလိုမီတာကျော်လောက်လောက်ပဲပြေးပြီးတဲ့အခါ ပိုင်ချွမ်းက လှည့်ပြီးအိမ်ကိုပြန်ပြေးလာတယ်။ သူက အမြန်ပြေးပြီး လေ့ကျင့်ခန်းလုပ်ရတဲ့ ရည်ရွယ်ချက်ကို ရောက်အောင် ပြေးဖို့ အကြံပေးလိုက်တယ်။ အဆုံးမှာတော့ ပိုင်ချွမ်းက သူ့ကိုစာကြောင်းတစ်ကြောင်းနဲ့ပဲ ပြန်ဖြေလာတယ်။'
"ရှောင်ယက ကျွန်တော် ဒီနေ့မီတာ ၂၇၀၀ ပြေးဖို့ပဲလိုတယ်တဲ့"
“ …” ရှောင်ယက ပြောတယ်၊ ရှောင်ယက ပြောတယ်၊ ဟုတ်ပါတယ် ငါပြောတာကို စကားလုံးအဖြစ် ထည့်မတွက်ဘူး။ လေ့ကျင့်ခန်းလုပ်တဲ့အကြောင်းပြောမယ်ဆို သူမက ငါနဲ့နှိုင်းယှဥ်လို့ရလို့လား။ ခုနစ်နှစ်မှ ရှစ်နှစ်ကြာ မပျက်မကွက် လေ့ကျင့်ခန်းလုပ်ခဲ့သော ပိုင်ကျန့်က ၎င်းတို့အား နှလုံးသားထဲတွင် ပြင်းပြင်းထန်ထန် နှိုင်းယှဉ်တာကို မကူညီနိုင်ခဲ့ပေ။
"ရှောင်ချွမ်း သား သွားပြေးတာလား။" လီရုံက မမေးခင် ပိုင်ချွမ်း အနီးရောက်လာတာကို စောင့်နေသည်။
ပိုင်ချွမ်းရဲ့ ခြေလှမ်းတွေ ရပ်တန့်သွားပြီး သူ့အမေကို ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"သားဘာလို့ ရုတ်တရက်ပြေးဖို့ စဉ်းစားတာလဲ။ " 'တကယ်တော့ လီရုံက အဖြေကို မှန်းဆထားပြီးသားဖြစ်ပြီး သူ့ကို ပြေးခိုင်းတာက ရှောင်ယပဲ ဖြစ်ရမယ်။ ဒါပေမယ့် လီရုံက ၎င်းကို သိသော်လည်း သူမက သူမသားနှင့် စကားပြောချင်သေးသည်။ မုရှောင်ယနဲ့ ပတ်သက်၍ ပိုင်ချွမ်းက သေချာပေါက် အဖြေပေးမည်ကို သူမသိတယ်။'
"ရှောင်ယက ပြောတယ် ကျွန်တော့ ခွန်အားကမလုံလောက်ဘူးတဲ့ "
“ Pfft ~~” ဘေးဆိုးကနေ လွတ်မြောက်လာတဲ့ ပိုင်ကောယွိက နောက်ဆုံးတော့ သူ့ရဲ့ ကော်ဖီကို မှုတ်ထုတ်မိလိုက်သည်။
ပိုင် မိသားစုမှ အဖွဲ့ဝင် သုံးဦးသည် ပိုင်ချွမ်းရဲ့ 'မလုံလောက်သော ခွန်အား' ကြောင့် တုန်လှုပ်သွားခဲ့ပြီး ပိုင်ချွမ်းက သူ့အခန်းကို မပြန်မချင်း အားလုံးက ကြောင်အနေခဲ့ကြသည်။
"ဒါ ... အဲဒါက ကျွန်မထင်တဲ့အတိုင်းပဲလား။ " လီရုံက သူမယောက်ျားကိုမေးသည်။
“ အဟွတ် …” ပိုင်ကောယွိ မျက်နှာကနီမြန်းသွားသည်။“မင်း အဲဒါကိုမစဉ်းစားနဲ့ ရှောင်ချွမ်းက ဘာသိမှာလဲ။ ”
ပိုင်ကျန့်က သူ့အဖေပြောတာမှန်တယ်လို့ ခံစားရသည်။ သူ့ညီလေးက သန့်ရှင်းသော ဆယ်ကျော်သက်တစ်ဦးထက် အနည်းငယ်ပိုသာသည်။ ထို့ကြောင့် သူအတွေးလွန်တဲ့ အရာများမဟုတ်သည်မှာ သေချာသည်။
"အင်း ... ရှောင်ချွမ်းက ကိစ္စတွေကို နည်းနည်းနားလည်မယ်ဆို ကျွန်မက ကျွန်မမြေးကို စောစောချီလို့ရလိမ့်မယ်။ " ထိတ်လန့်ပြီးနောက်မှာ လီရုံက နောင်တရလာသည်။ 'အကယ်၍ မုရှောင်ယက သူ့တွင် 'ခွန်အားမလုံလောက်ခြင်း' ရှိခြင်းနှင့်ပတ်သက်၍ ထိုအရာကို အမှန်တကယ်ရည်ညွှန်းခဲ့ပါက ဒါဆို သူမတို့ရဲ့ ပိုင် မိသားစုက ကလေးရလာတော့မှာ မဟုတ်ဘူးလား။'
"အရမ်းလောဘကြီးမနေပါနဲ့၊ ရှောင်ချွမ်းက အခုပိုကောင်းနေပြီဆိုတော့ ကောင်းပါတယ်" ပိုင်ကောယွိက သူ့မိန်းမကိုအကြံပေးလိုက်သည်။
"ကျွန်မသိပါတယ်၊ ဒါပေမယ့် ကျွန်မအနာဂတ်ကို မတွေးဘဲနေလို့မရဘူး " လီရုံက သက်ပြင်းချလိုက်သည်။ “ အရင်ကတော့ ပိုင်ချွမ်းရဲ့ကျန်းမာသန်စွမ်းတဲ့တိုးတက်မှုအကြောင်းကိုပဲ ကျွန်မတွေးခဲ့တယ်၊ သူ့အလုပ်နဲ့အိမ်ထောင်ရေးကို တွေးတောင်မတွေးရဲခဲ့ဘူး။ ဒါပေမယ့် ရှောင်ချွမ်းက အခု အလုပ်လုပ်နိုင်ရုံသာမကပဲ အိမ်ထောင်လည်းကျနေပြီ။ ဒါကအဆင်ပြေပါတယ်၊ ဘယ်လိုလုပ်ဆက်မတွေးပဲ နေနိုင်မှာလဲ။ နောက်ထပ်ဘာရှိသေးလဲ၊ တကယ်ဖြစ်လာရင်ဘာဖြစ်မလဲ။ "
ပိုင်ကောယွိက သူ့မိန်းမပြောနေတာကို စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုတစ်ခု ပြုလုပ်ထားတာကြောင့် သူ့နှလုံးသားကလည်း ခံစားချက်အနည်းငယ်ကို ခံစားလိုက်ရသည်။
"အာ သနားစရာပဲ " လီရုံက စိတ်ရှုပ်တဲ့အမူအရာနဲ့ ပြောလိုက်သည်။ “ပိုင်ချွမ်းက ဒီအကြောင်းဘာမှနားမလည်ဘူး၊ စက္ကူဖြူတစ်ရွက်လိုပဲ၊ သူလုပ်နိုင်ပါ့မလားဆိုတာ ကျွန်မတို့လည်းမသိဘူး.....အဲ့ဒါ လုပ်နိုင်”
'အဲ့ဒါ လုပ်နိုင် ' ဆိုတဲ့ စကားလုံးနှစ်လုံး ထွက်လာတာနဲ့ ပိုင်ကျန့် ရဲ့ မျက်နှာက ရုတ်တရက် မည်းသွားသည်။ သူနဲ့သူ့မိဘတွေနဲ့ တစ်နေ့မှာအတူတူထိုင်ပြီး ဒီအကြောင်းပြောရလိမ့်မယ်လို့ သူဘယ်တုန်းကမှမထင်ခဲ့ဘူး။
"ပိုင်ကျန့်" လီရုံက သူမမိသားစု၏ အကြီးဆုံးသားကိုရုတ်တရက်ကြည့်လိုက်သည်။
"အမ် " ပိုင်ကျန့်က ခေါင်းကိုမော့လိုက်သည်။
"ဘယ်လိုလဲ ... မင်းညီလေးကို သွားသင်ပေးလိုက်ပါလား။"
"ကလန် !" ပိုင်ကျန့်က အိမ်အကူတစ်ဦးမှပေးထားသောကော်ဖီပူကို ရုတ်တရက်မှောက်ချမိလိုက်ပြီး ချက်ချင်းပင် သူ့ခန္ဓာကိုယ်ကိုစိုစွတ်သွားစေခဲ့သည်။
"အကြီးဆုံးသခင်လေး ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မ တောင်းပန်ပါတယ်" အိမ်အကူက အလွန်ကြောက်ရွံ့တာကြောင့် ငိုချင်လာသည်။ ဘာလို့မနက်စောစော သူမဒီလို အမှားကိုလုပ်မိတာလဲ။
"ကောင်းပြီ အဲ့ဟာတွေကို ယူသွား" ပိုင်ကျန့်က သူ့လက်ကိုလက်ကိုင်ပုဝါ သုတ်လိုက်ပြီး အိမ်အကူထွက်သွားသည်ကို စောင့်နေသည်။ သူ မကူညီနိုင်ဘဲမျက်မှောင်ကြုတ်ပြီး သူ့အမေကို ပြောလိုက်တယ် "မား ဘာတွေပြောနေတာလဲ။ "
လီရုံက သူမသားအကြီးဆုံး မျက်မှောင်ကြုတ်တာကို မြင်လိုက်တဲ့အခါ သူဒေါသထွက်နေတာကို သိသွားပြီး ပိုင်ကျန့်ရဲ့အကူအညီကို မတောင်းဝံ့တော့ဘဲ ခေါင်းကိုသာလှည့်လိုက်ပြီး သူမရဲ့ခင်ပွန်းကို မှားတဲ့အကြည့်နဲ့ကြည့်လိုက်သည်။
"အဟွတ်... ပိုင်ကျန့် စီမံကိန်းဌာနက ပြောခဲ့တဲ့ စီမံကိန်းအပေါ် မင်းရဲ့ထင်မြင်ချက်ကဘယ်လိုလဲ။ "ပိုင်ကောယွိက ခေါင်းစဉ်ကိုလုံခြုံစွာ ပြောင်းလိုက်သည်။
လီရုံက သူမမျက်လုံးတွေကို လှိမ့်လိုက်ပြီး ဒုတိယထပ်၏ ဦးတည်ရာကို ကြည့်လိုက်သည်။ သူမ စပြီးစဉ်းစားလိုက်သည်။; ငါကယောက္ခမတစ်ယောက်အနေနဲ့သရုပ်ဆောင်ရမယ်၊ ရှောင်ယကို အရိပ်အမြွက်ပြောမလား။ ငါသူမကို အလျင်လိုနေပုံမပေါ်ဘူးလား။ ဒါကိုယောက္ခမကောင်းက လုပ်လိမ့်မယ်မထင်ဘူး ...
....
ပိုင်ချွမ်းရဲ့ စကားကြောင့် မနက်ခင်းက ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေအကြောင်းကို မုရှောင်ယက ဘာမှ မသိခဲ့ဘူး၊ မနက်စာစားနေချိန်မှာ အားလုံးက တစ်ခုခုမှားနေသလိုမျိုး သူမကိုကြည့်နေတာကို ရုတ်တရက် သတိထားမိလိုက်သည်။
' ပိုင်ချွမ်း နံနက်စောစောပြေးတာက သူတို့ကိုထိတ်လန့်စေတာဖြစ်ရမယ်။'
မုရှောင်ယက သူမအတွက် ပြီးပြည့်စုံသော ရှင်းလင်းချက်ကို လျင်မြန်စွာတွေ့ရှိခဲ့သည်။
နံနက်စာသုံးဆောင်ပြီးနောက်မှာ လူတိုင်းအလုပ်သွားဖို့အဆင်သင့်ဖြစ်သော်လည်း မုရှောင်ယက ဖန်းဟော်နဲ့ စတူဒီယိုမှာ တွေ့ဖို့ချိန်းဆိုထားသည်။
ပိုင်ချွမ်းက မုရှောင်ယကို တံခါးဝဆီ လိုက်ပို့သည်။
"ကျွန်မ ညနေမှပြန်လာခဲ့မယ်" မုရှောင်ယက ပြောလိုက်သည်။
"ဘယ်အချိန်လဲ။" ပိုင်ချွမ်းက အသေးစိတ်မေးသည်။
"အာ ~ ခြောက်နာရီ ညနေခြောက်နာရီမှာ ကျွန်မအိမ်ပြန်လာမယ် "
“ အိုကေ ” ပိုင်ချွမ်းက ခေါင်းငြိမ့်လိုက်သည်။ ကား ထွက်သွားတာကို မတွေ့မချင်း တစ်ဖက်လူက ကြည့်ပြီး၊ ထို့နောက် စံအိမ်ဘက်ကို ပြန်လှည့်ကာ သူ့အခန်းသို့ ပြန်သွားပြီး မုရှောင်ယကို စောင့်နေသည်။
ညနေ ခြောက်နာရီဆို ခဏလောက် ဖတ်ပြီးရင် လွယ်လွယ်လေး ဖြတ်သွားနိုင်သည်။
ပိုင်ချွမ်းက အခန်းထဲပြန်လာပြီး စာအုပ်စင်ထဲက စာအုပ်တစ်အုပ်ကို ယူလိုက်သည်။ သူကလသာဆောင်ကိုသွားခါနီးတွင် အိပ်ခန်းတံခါးဆီက ရုတ်တရက် ခေါက်သံကြားလိုက်ရသည်။
ပိုင်ကျန့်က တံခါးအပြင်ဘက်မှာ ရပ်နေပြီး ပိုင်ချွမ်းက တံခါးဖွင့်ပေးမလားဆိုတာ သူသေချာမသိခဲ့ဘူး။ အရင်တုန်းက သူတို့ ပိုင်ချွမ်း အခန်းထဲကို ၀င်တော့ တံခါးမခေါက်ဖူးဘူး ဘာလို့လဲဆိုတော့ ပိုင်ချွမ်းက သူတို့အတွက် တံခါးမဖွင့်ပေးနိုင်ခဲ့လို့။ ဒါကြောင့် ပိုင်ချွမ်းကို ရှာရတဲ့အခါတိုင်း ဒါမှမဟုတ် သူ့ဆီ ပစ္စည်းတွေ ပို့ပေးဖို့ အစေခံကို ပြောတဲ့အခါတိုင်း၊ သူတို့အားလုံး သူ့အခန်းထဲကို တိုက်ရိုက်ဝင်သွားကြသည်။ ဒါပေမယ့် အခု ပိုင်ချွမ်းက အိမ်ထောင်ကျနေပြီ အခန်းက သူ့တစ်ယောက်တည်း မဟုတ်တော့တဲ့အတွက် ပိုင်ကျန့်က တံခါးကို တွန်းပြီး အရင်ကလို ဝင်မလာဘူး။
ပိုင်ချွမ်းက ငါးမိနစ်လောက်ကြာမှ တံခါးမဖွင့်ရင် သူနဲ့ စကားပြောဖို့ ညအထိ စောင့်ရဦးမယ်လို့ သူတွေးလိုက်မိသည်။
“ ကလစ် ”
' တံခါးပွင့်သွားတယ် ပိုင်ကျန့်က သူ့ရှေ့က ပိုင်ချွမ်းကို ကြည့်ပြီးအံ့သြသွားတယ်။ ပိုင်ချွမ်းရဲ့ အခြေအနေက အမှန်တကယ်တိုးတက်လာကြောင်း သူကထပ်သေချာသွားခဲ့တယ်။ '
'သူတံခါးဖွင့်ဖို့သင်ယူခဲ့တယ် အာ ~~~ '
"ရှောင်ယ မဟုတ်ဘူး" ပိုင်ချွမ်းက ပိုင်ကျန့် မျက်နှာကိုမြင်လိုက်သည်နှင့် သူ့စိတ်ပျက်မှုကိုထုတ်ဖော်လိုက်သည်။
“ …” 'ငါကမင်းရဲ့ဇနီးမဟုတ်လို့ တောင်းပန်တယ်။'
ပိုင်ကျန့်က အသက်ပြင်းပြင်းရှူလိုက်ပြီး ရှုထုတ်ကာ သူကမေးလိုက်သည်။ "ရှောင်ချွမ်း မင်းဘယ်အချိန်အလုပ်ပြန်လာဖို့စိတ်ကူးထားလဲ။"
“ မသွားဘူး ” အဲ့လို ပြောပြီးနောက်မှာ ပိုင်ချွမ်းက တံခါးကိုတိုက်ရိုက်ပိတ်လိုက်သည်။
“ …”
'မင်းသာ ငါ့ညီမဟုတ်ရင် ငါမင်းကိုအကြိမ်တစ်ရာလောက်ပစ်ထားခဲ့ပြီးပြီ ...'
.......
E/ TN;
ငါမလုပ်နိုင်ဘူး- ပိုင်ကျန့်က အရမ်းသနားဖို့ကောင်းတယ် ~~ (*´▽ `*)
ပိုင် မိသားစုက ဖိတ်သွားတဲ့ ကော်ဖီတွေအတွက် ဆုတောင်းပေးကြရအောင် ... (; ﹏;) သူတို့ကအပြစ်ကင်းပါတယ် ~