အပိုင်း ၂၉
Viewers 523

#ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

#အပိုင်း ၂၉; ရုပ်ပုံဆက် ပဟေဠိ

မုရှောင်ယက စတူဒီယိုအနီး ကားကိုမောင်းသွားသည်။ အဝေးက တံခါးအသစ်စက်စက်ကို မြင်လိုက်ရသည်။ H&Y၊ တံခါးပေါ်တွင် အနုပညာလက်ရာမြောက်စွာ ထွင်းထုထားသော အင်္ဂလိပ်ပန်းပွင့်ကြီး အက္ခရာကြီးနှစ်လုံးက ၎င်းကိုကျော်ဖြတ်သွားသူတိုင်းကို ဒီစတူဒီယိုမှ ဖက်ရှင်ကျကျခံစားနိုင်စေသည်။

မုရှောင်ယက ကားကိုရပ်လိုက်ပြီး တံခါးဆီအမြန်လျှောက်သွားသည်။ သူမတွန်းဖွင့်ဖို့မစောင့်နိုင်တော့ဘူး။

နေရောင်က ကြမ်းပြင်မှ မျက်နှာကျက် ပြတင်းပေါက်မှ ဖြာဆင်းကာ ကြမ်းပြင်ကို တောက်ပစွာ ခင်းထားသည်။ အဘက်ဘက်မှ စိမ်းလန်းစိုပြေသော သစ်ပင်များဖြင့် ဝန်းရံထားပြီး လန်းဆန်းသော ဒီဇိုင်းကြောင့် လူများ ကြည့်သောအခါ သက်တောင့်သက်သာ ဖြစ်စေသည်။ စတူဒီယိုတွင်၊ စားပွဲခုံအများအပြားနှင့် အလုပ်ခုံများစွာတို့နဲ့ တစ်ခုနှင့်တစ်ခု မကပ်ထားတဲ့ ထိုင်ခုံများစွာရှိသည်။ ထောင့်ဘက်တွင်၊ မုရှောင်ယရဲ့ မူလစိတ်ကူးလိုပဲ ကော်ဖီဘားတစ်ခုရှိပြီး ဘားပေါ်တွင်ကော်ဖီကိရိယာမျိုးစုံ တပ်ဆင်ထားသည်။

'ဒါ.. အရင်တစ်ခေါက်က ဖန်းဟော် ပြောခဲ့တဲ့ 'အံ့အားသင့်စရာ' က တကယ်ပဲလား။ '

"နင့်ကြည့်ရတာ မိုက်လွန်းတယ် " ဖန်းဟော်က ဘယ်ကထွက်လာမှန်းမသိဘဲ သူမကတံခါးဝမှာရပ်နေတဲ့ မုရှောင်ယကို ကြည့်ပြီးလှောင်ပြောင်ခဲ့သည်။

"ဖန်းဟော် အဲ့ဒါ ... နင်ဒါကိုဘယ်လိုလုပ်လိုက်တာလဲ။" မုရှောင်ယက သူမကိုယ်တိုင် အလှဆင်တာတွေမလုပ်ခဲ့ပေမယ့် သူမမှာအမြင်အာရုံရှိသည်။ ဘားပေါ်မှာကော်ဖီအသုံးအဆောင်တွေ အကြောင်းပြောရမယ်ဆို သင့်မှာသိန်းရာချီမရှိရင် သူတို့ကို ၀ယ်လို့မရဘူး။ အမှန်တော့ သူမကကော်ဖီဘားကို ပထမဆုံးလုပ်ချင်ခဲ့ပေမယ့် အွန်လိုင်းမှာ အလားတူပစ္စည်းတစ်ခုခု ၀ယ်ယူပြီး ဘယ်နေရာမှာမဆို ထည့်သွင်းဖို့စီစဉ်ခဲ့သည်။

"ဒီအလှဆင်မှုအတွက် နင်ဘယ်လောက်ကုန်ခဲ့လဲ။ ဆိုဖာ၊ စာအုပ်စင်၊ စာကြည့်စားပွဲတို့မှာ ထူးခြားတဲ့ အနံ့မရှိဘူး။ ငါတို့ရဲ့ငွေနည်းနည်းလေးနဲ့ ဒီပစ္စည်းတွေကိုထည့်သွင်းလို့မရဘူး။ နောက်ပြီး ဒီအလှဆင်မှုက နင်ငါ့ကို ပေးထားတဲ့မူလဒီဇိုင်းနဲ့ လုံးဝမတူဘူး။ ”

"ဒါက ပိုကောင်းလား၊ ပိုဆိုးလား။"

"ဟုတ်တာပေါ့ ဒါကပိုကောင်းတယ်။ မေးခွန်းက ပိုက်ဆံက ဘယ်ကရလာတာလဲ။"

"ငါတို့ပိုက်ဆံမသုံးခဲ့ဘူး" ဖန်းဟော်က ဂုဏ်ယူစွာပြောလိုက်သည်။

"ပိုက်ဆံမကုန်ဘူးလား။" မုရှောင်ယ ကြောင်သွားသည်။

“ နင် ပိုက်ဆံမကုန်တာ ဘာလဲ။ နင့်ပါး ... "

ဖန်းဟော် မိသားစုက အလွန်ချမ်းသာကြပေမယ့် ပါပါးဖန်က သူ့သမီးကို လုပ်ငန်းစတင်တာ ပံ့ပိုးပေးတာ မဖြစ်နိုင်ပေ။

“ ငါ့ပါးက ဝိုင်နှစ်ပုလင်းကို ယူလာပြီးရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်တယ်။ ငါတို့လုပ်ငန်းစတဲ့အခါ ငါတို့အတူတူသောက်မယ် " ဖန်းဟော်က ပြောလာသည်။

"နင့်ပါပါးမဟုတ်ဘူးလား။ ဒါဆိုရင်။ "

“ ငါတို့ထဲက တစ်ယောက်က သူဌေးလက်သစ် ဒယ်ဒီရှိတယ်၊ တစ်ယောက်ကချမ်းသာပြီး သြဇာကြီးတဲ့ မိသားစုနဲ့လက်ထပ်ထားတယ်။ ငါမဟုတ်ဘူးဆိုရင် ... " ဖန်းဟော်က မုရှောင်ယရဲ့ အချက်အလက်ကို ချေဖျက်ခွင့်မပေးဘဲ ရပ်လိုက်သည်။

"ပိုင်ချွမ်းဘက်က လူတစ်ယောက်လား။" မုရှောင်ယက မှန်းလိုက်သည်။ “ ဘယ်လိုလုပ်ပြီးတော့လဲ။ စတူဒီယိုဘယ်မှာလဲဆိုတာတောင် ငါသူတို့ကိုမပြောခဲ့ဘူး။ ”

“ နင် ငွေနဲ့ဆို ဘာမဆိုရှာနိုင်တယ်။ နောက်ပြီး ငါတို့မှတ်ပုံတင်တဲ့အချိန်က လုပ်ငန်းလိုင်စင်ပေါ်မှာ လိပ်စာကိုငါတို့မရေးခဲ့ဘူးလား။ အခုချိန်မှာ စက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေးဝဘ်ဆိုဒ်မှာ အွန်လိုင်းကနေ လူသိရှင်ကြား ကြော်ငြာချင်ရင် အဲ့ဒါတွေကို စစ်ဆေးနိုင်တယ်။ ” ဖန်းဟော်က မုရှောင်ယကို ရေခဲသေတ္တာထဲက ရေတစ်ပုလင်း ပေးပြီး ပြောလာသည်။ " နင် ယွင် မြို့ကထွက်သွားတဲ့နေ့မှာ တစ်ယောက်ယောက်က တံခါးဝကိုလာခဲ့တယ်။ သူက ပိုင်ချွမ်း အစ်ကိုရဲ့လက်ထောက်ပဲ ဒီဇိုင်နာတစ်ဦးကို ငါ့ဆီကိုခေါ်လာပေးတယ်။ သူတို့ကဒီဇိုင်းအစီအစဉ်၊ ပစ္စည်းရွေးချယ်တာ၊ အလှဆင်တာ၊ လုပ်အားနဲ့အခြားကုန်ကျစရိတ်တွေနဲ့ ငါ့ကိုမနှောင့်ယှက်ခဲ့ဘူး၊ ငါသော့တွေပဲပေးပြီးအိမ်ပြန်အိပ်ခဲ့တာ။ ”

"ဒါပေမယ့် နင်ကဒီကော်ဖီဘားလိုချင်တာကို ငါမှတ်မိလိုက်တယ်။ ဒါကြောင့် ငါသူတို့ကိုပြောခဲ့တာ ဘယ်လိုလဲ ~" ဖန်းဟော်က ဆိုဖာပေါ်ထိုင်လိုက်ပြီး တက်ပြောလာသည်။ "ဒါတွေအားလုံးကို အလကားလုပ်ပေးခဲ့တာပဲ၊ သူတို့ ပြောတဲ့တစ်ခုတည်းသော လိုအပ်ချက်က နင့်ရဲ့ပျားရည်ဆမ်းခရီးစဉ်မှာ ပြုပြင်မွမ်းမံမှုတွေအတွက်နဲ့ နင့်ကိုစိတ်အနှောက်အယှက်မဖြစ်စေနဲ့တဲ့" 

"ပိုင်ကျန့် " မုရှောင်ယအနေနဲ့ ပိုင်ကျန့်က သူမရဲ့စတူဒီယိုကို အလှဆင်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်လိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ခဲ့ဘူး။

"လွန်ခဲ့တဲ့လဝက်လောက်ထဲက နင့်ကိုရှာဖို့ ဘယ်တုန်းကမှ မခေါ်လာခဲ့တာ မထူးဆန်းဘူးလား။" ဖန်းဟော်က မေးလာသည်။

"နင်က လိမ္မာပါးနပ်တဲ့နည်းကို သိတယ်လို့ ငါထင်ခဲ့တာ" မုရှောင်ယက ရှက်ရွံ့စွာ ပြုံးလိုက်သည်။

"ဟမ့် နင်ကိုယ်တိုင်က ဟန်းနီးမွန်းထွက်သွားပြီး ငါ့ကို ဒီလိုစတူဒီယိုကြီး ပြုပြင်မွမ်းမံခိုင်းတယ်။ တစ်ယောက်ယောက်ကသာ မကူညီရင် ငါနင့်ကို သေတဲ့အထိ နှောင့်ယှက်မိလိမ့်မယ်" ဖန်းဟော်က စိတ်ဆိုးစွာပြောသည်။ မုရှောင်ယက ဤလုပ်ငန်းကို ရှေ့ဆောင်လုပ်ဖို့ ကနဦးအဆင့်တွင် သူမ၏ ဟန်းနီးမွန်းကို ကုန်ဆုံးခွင့်ပေးသည်မှာ ကောင်းနေပြီဖြစ်သော်လည်း မုရှောင်ယက သူမကို လုံးဝအနှောက်အယှက်မပေးဘူးလို့ တွေးရဲနေသေးတာလား? 

"ဒါဆို ဒါက ဘယ်လောက်ကုန်ကျလဲ။ "

"ငါးရာခြောက်ရာလောက်ရှိတယ်၊ အဲဒါကို အရမ်းကြီးတွေးနေစရာမလိုဘူး။ အဲ့ဒါက ပိုင် မိသားစုက နင့်အတွက်လက်ဆောင်တစ်ခုလို့ ငါထင်တာဘဲ " ဖန်းဟော်က မုရှောင်ယအတွက် ဆုံးဖြတ်ချက်ချလိုက်သည်။

“ …” မုရှောင်ယက သူမ၏လက်ရှိစီးပွားရေးအခြေအနေနဲ့ ဤအရာကိုတကယ်မတတ်နိုင်ဘူးလို့ ထင်တာကြောင့် သူမကဤအရာကိုစိတ်ထဲထားပြီး ထိုကျေးဇူးကို နောက်ပြန်ဆပ်ရမည့်အခွင့်အရေးကို စောင့်ရမှာဖြစ်သည်။

“ လွန်ခဲ့တဲ့နှစ်ရက်က ငါအစီအစဉ်အချို့လုပ်ခဲ့တယ်။ စတူဒီယိုက အစောပိုင်းအဆင့်မှာ ဘာစီးပွားရေးမှရှိမှာမဟုတ်ဘူး၊ ဒါကြောင့် ငါတို့ကလူအများကြီးမလိုဘူး၊ ငါတို့က တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက် ငှားနိုင်တယ် " စတူဒီယိုကို သွားကြည့်ပြီးတဲ့နောက် သူတို့နှစ်ယောက်က အလုပ်အကြောင်းပြောကြတယ်။

“ငါ့မှာထင်မြင်ချက်မရှိပါဘူး။ ဒါဆိုဘယ်အချိန်ဖွင့်ချင်လဲ။ ” မုရှောင်ယက မေးလိုက်သည်။

"မနက်ဖြန် ဘယ်လိုလဲ။ ငါတို့ပန်းခြင်းနှစ်ခုကို တင်ထားလို့ရပြီး မီးရှူးမီးပန်း ဒါမှမဟုတ် တစ်ခုခုကို ပစ်နိုင်တယ် "

"... အဲ့ဒါက အရမ်း သာမန်ကာလျှံကာ မဖြစ်ဘူးလား။ "

“ ငါလည်း သာမန်ကာလျှံကာ မဖြစ်စေချင်ပါဘူး။ ပြဿနာက ဒီမှာလူအများကြီးမရှိဘူး ကြည့်စရာဘယ်သူမှမရှိတဲ့ ပွဲကြီးတစ်ခုကို ကျင်းပမယ်ဆိုရင်၊ အဲဒါက ပိုက်ဆံနဲ့ စွမ်းအင်ကို ဖြုန်းတီးနေတာ မဟုတ်ဘူးလား။”

မုရှောင်ယက ခေါင်းညိတ်လိုက်သည်။ တွေးကြည့်လိုက်ရင် ဖန်းဟော် ပြောသည့်စကားက အဓိပ္ပာယ်ရှိသည်။ "ဘာပဲဖြစ်ဖြစ် ငါ နင့်ကို အရင်ပို့လိုက်တဲ့ ဒီဇိုင်းက ဘယ်လိုလဲ။" သူမ ချယ်ရီခြံကို သွားလည်သည့်အခါက အားလပ်ရက်ခရီးထွက်ရုံသာမက ဖန်းဟော်ဆီကိုလည်း ဒီဇိုင်းပုံများစွာ ရေးဆွဲပြီးပို့ပေးခဲ့သေးသည်။

“ ငါ ငါ့ ဦးလေးကို အသေးစိတ်ပုံစံကို ပေးထားပြီးသား ” ဖန်းဟော်ရဲ့ ဦးလေးက ဖိနပ်စက်ရုံပိုင်ရှင်ဖြစ်သည်။ သူ့လက်အောက်မှာ အလွန်ကြီးမားတဲ့ ဖိနပ်ထုတ်လုပ်ရေးစက်ရုံရှိသည်။ နိုင်ငံတကာ အမှတ်တံဆိပ်တွေထုတ်ပြီး သူ့ကိုယ်တိုင် ရောင်းဖို့ဖိနပ်အနည်းငယ်ကိုလည်း ထုတ်လုပ်သည်။ မုရှောင်ယက ဒုတိယစာသင်နှစ်၏ နောက်ဆုံးစာမေးပွဲတွင် အမျိုးသမီးဖိနပ်တစ်စုံကို ထုတ်ပြီး ဖန်ဟော်ကို မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့သည်။ ဖန်းဟော်က အဲ့ဒါကို အလွန်နှစ်သက်ပြီး သူမဦးလေးဖြစ်သူ အိမ်ကိုလာသောအခါ သူမဝတ်ထားတာကို တွေ့လိုက်ရတာကြောင့် သူက ဖန်းဟော်ကို ချွတ်ခိုင်းခဲ့ပြီး ကူးလို့ရမလားလို့ မေးခဲ့သည်။ 

ဖန်းဟော်အနေနဲ့ ထိုအချိန်တုန်းက သူနှင့်စကားများရန်ဖြစ်ခဲ့သော်လည်း မုရှောင်ယရဲ့ ပထမဆုံးဒီဇိုင်းကို ၀ယ်ဖို့သူမ ဦးလေးက ယွမ် ၅၀၀၀ သုံးစွဲခဲ့သည်။ နောက်ပိုင်းတွင် မုရှောင်ယက တစ်ဖက်လူနဲ့ အကြိမ်များစွာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဖန်းဟော်က သူမ၏ ဒီဇိုင်းမူကြမ်းများမှ မျှဝေမှုအကြောင်း ပြောပြဖို့ ကူညီပေးခဲ့သည်။ မုရှောင်ယကို အမြတ်အစွန်းများစွာရစေသည့် သူမ၏ ဒီဇိုင်းနှစ်ခုသည် အလွန်ရောင်းကောင်းခဲ့ပြီး ယင်းကြောင့် ၎င်းတို့၏လုပ်ငန်းဖွင့်ရန် ယွမ် ၃၀၀,ဝဝဝ ခြွေတာနိုင်ခဲ့သည်။

"မရိုးသားတဲ့ငါ့ရဲ့ ဦးလေးက သူဝယ်ချင်တယ်*လို့ပြောတယ်၊ ဒါကြောင့် ငါ့အမေကျိန်ဆဲတာခံလိုက်ရတယ်" [*ဒီဇိုင်း၏ထုတ်လုပ်ပိုင်ခွင့်ကို ၀ယ်ယူတာ]

မုရှောင်ယက မရယ်ဘဲမနေနိုင်ခဲ့ဘူး။

“ ငါ့အမေက ပြန်ပညာသင်ပြီးတဲ့ နောက်ဆုံးတော့ ဦးလေးက ငါ့ အဆိုပြုချက်ကို လက်ခံလိုက်ပြီ။ ” ဖန်းဟော်က စိတ်လှုပ်ရှားစွာပြောလာသည်။ “အခုတော့ ဖိနပ်တွေကို ထုတ်လုပ်ရောင်းချပြီး ဦးလေးက သူ့စတိုးနဲ့ အွန်လိုင်းစတိုးမှာ အရင်ရောင်းဖို့ သဘောတူပြီး ငါတို့ရဲ့ ကုန်အမှတ်တံဆိပ်ကို သူတို့ပေါ်တင်ပြီး ထုတ်ကုန်သေတ္တာထဲမှာ ငါတို့ရဲ့ ဝဘ်ဆိုဒ် URL ထည့်ပေးလိုက်တယ်”

"အဲ့ဒါက ကောင်းတာမဟုတ်လား။ " သူတို့ကိုလက်လီရောင်းချဖို့ကူညီရုံတင်မက သူတို့ကိုကြော်ငြာဖို့လည်း ကူညီပေးသည်။

"ဒါပေမယ့် ငါတို့အမြတ်ရဲ့တစ်ဝက်ကို သူနဲ့ဝေမျှရမယ်" ဖန်းဟော်က ဆက်ပြောလာသည်။

"ဒါပေါ့ ဒီလိုကောင်းတဲ့ ဖြန့်ဖြူးရေးချန်နယ်နဲ့ အခမဲ့ကြော်ငြာတွေကို ပိုက်ဆံနည်းနည်းလေးနဲ့ ဝယ်လို့ မရဘူးလေ" ဖန်းဟော်ရဲ့ ဦးလေးက သူမ၏ကိုယ်ပိုင် ဒီဇိုင်းမူကြမ်းများ မည်မျှတန်ဖိုးရှိသည်ကို ဖော်ပြထားခြင်းမရှိဘဲ ၎င်းတို့အတွက် ပြီးပြည့်စုံသော ဖြန့်ချီရေးလမ်းကြောင်းကို ခင်းကျင်းပြသထားတာကြောင့် အမြတ်ဝေစုကို မရရှိခဲ့လျှင်ပင် ၎င်းသည် သေချာပေါက် လုပ်ဆောင်နိုင်မည်မဟုတ်ပေ။

"သူ့ကို ငါ့ဦးလေးလို့ ဘယ်သူကခေါ်တာလဲ။ သူက စီးပွားရေးကို စလုပ်တဲ့ သူ့တူမကိုမကူညီသင့်ဘူးလား။ " ဖန်းဟော်ရဲ့ အကြောင်းပြချက်က အဆင်ပြေသည် ။ 

"သူဌေးတွေဘာကြောင့် ပိုချမ်းသာလာတာလဲဆိုတာကို ငါနောက်ဆုံးတော့သိသွားပြီ အဲဒါကသူတို့အချင်းချင်းကူညီတာကြောင့်ပဲ" မုရှောင်ယက သက်ပြင်းချလိုက်သည်။

“ နင်ထင်တာက ကောလိပ်မှာထူးချွန်တာ၊ လူ့အဖွဲ့အစည်းမှာရောနှောတာ၊ လူတစ်ယောက်မှာ EQ မြင့်ပြီးကျယ်ပြန့်တဲ့ဆက်သွယ်မှုရှိသင့်တယ်။ ငါ့ဦးလေးသာ မဟုတ်ရင် စတူဒီယိုဖွင့်ဖို့ ငါဘယ်လိုသတ္တိရှိနိုင်မှာလဲ။ " သူမက ငွေမရှိပေမယ့် သူမကအရုပ်လေးတစ်ရုပ်လို ငွေကိုစွန့်ပစ်ဖို့လည်းမမိုက်မဲဘူး။

“ ငါတို့ရဲ့ပထမဆုံးအသုတ်ကို ဖိနပ်ဘယ်နှစ်ရံ ထုတ်လုပ်ခဲ့လဲ။ ”

“ ဒီအစောကြီးထဲက ကုန်ကျစရိတ်အတွက် သိန်း ၃၀၀ ဖယ်ထားဖို့ စီစဉ်ထားတာ ပထမတော့ လျှော့လုပ်ပြီး အမြတ်နည်းနည်းပြန်ရလာတဲ့အထိ စောင့်ပြီးမှ နောက်ထပ်ထုတ်လုပ်ဖို့ ဆက်လုပ်ဖို့စီစဥ်ထားပေမယ့် အခု အလှဆင်ဖို့ တစ်ပြားတစ်ချပ်တောင်မှ အသုံးမချရတော့တဲ့အတွက် 700 လုံးလုံး လုပ်ပစ်လိုက်တယ်” ဖန်းဟော်က ပြောလာသည်။

"အားလုံးလား။" မုရှောင်ယ အံ့သြသွားသည်။

"စိတ်မပူပါနဲ့၊ ဦးလေးရဲ့ ဖြန့်ဖြူးရေးကွန်ယက်နဲ့ အရောင်းအခြေအနေက စံနှုန်းထက်နည်းရင်တောင်ကုန်ကျစရိတ်ကို ဖုံးဖို့ခက်လိမ့်မယ်၊ စိတ်ချလိုက် " ဖန်းဟော်က ယုံကြည်မှုအပြည့်နဲ့ပြောလာသည်။

မုရှောင်ယက ဖန်းဟော်လို ပစ္စည်းများကို ရောင်းချရာတွင် ကောင်းကောင်းမတော်ပဲ သူမ(ဖန်းဟော်) စိတ်ပိုင်းဖြတ်ထားတာကြောင့် သူမ ဘာမှ ထပ်မပြောတော့ပေ။

ဖိနပ်တွေက စျေးကွက်ထဲ ၀င်သွားပြီး၊ တရားဝင်အထင်ကရ စတိုးဆိုင်၏လည်ပတ်မှုနည်းလမ်း၊ စုဆောင်းရေးကိစ္စများနှင့် ပတ်သက်၍ သူအတို့နှစ်ဦးက အရောင်းအစီအစဉ်ကိုလည်း ဆွေးနွေးခဲ့သည်။ အသေးအမွှား ကိစ္စကြီးတွေကို ပြောပြီးတဲ့ နောက်နေ့လည်ခင်းက လျှပ်တပြက် ကုန်သွားသည်။ မုရှောင်ယ ကြည့်လိုက်တော့ အချိန်က ၅ နာရီကျော်နေပြီ။ ပိုင်ချွမ်းနဲ့ သူမကတိကို သတိရပြီး ကုလားထိုင်ပေါ်ကနေ ထလိုက်သည်။

"ဖန်းဟော် ငါအခုအိမ်ပြန်ရမယ်"

"အယ်။ ဘာလို့လဲ။" ဖန်းဟော်က မုရှောင်ယကို ပြဖို့ ကိုယ်ရေးအကျဥ်းအနည်းငယ်ကို စစ်ဆေးနေတာဖြစ်သည်။ 

"ပိုင်ချွမ်းကို ခြောက်နာရီမှာပြန်လာမယ်လို့ ငါကတိပေးထားတယ်"

"နင်က နင့်အတွက်ခင်ပွန်းကို ရှာလိုက်တယ်လို့ ငါမထင်ဘူး၊ နင်က ကလေးမွေးထားတဲ့ မိခင်တစ်ယောက်လိုပဲ၊ နင်အလုပ်ကပြန်သွားတာနဲ့ အိမ်ပြန်ပြီး ကလေးအတွက် ထမင်းချက်ရမယ် "

“ အိမ်ထောင်သည် နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို နင့်လို တစ်ကိုယ်တည်းသမား ခွေးလေးတွေက ဘယ်လိုနားလည်မှာလဲ။" မုရှောင်ယက နှုတ်ဖြင့် တိုက်ခိုက်ခဲ့သည်။

"နင်မြန်မြန်ထွက်သွား။ နင်က ငါတို့လို single တွေကို လှောင်ပြောင်နိုင်တယ် ထင်နေလား Single ဖြစ်နေတာဘာမှားလို့လဲ။ ငါဒီနေ့မှာ single ဖြစ်နေတယ်၊ ဒါပေမယ့် မနက်ဖြန်မှာ ငါ single ဖြစ်လိမ့်မယ်လို့ မဆိုလိုဘူး။ "

"ကျွတ် ကျွတ် ကျွတ် ဒါဆို နင့်ကို ဒီည အကောင်းဆုံး ရင်ခုန်စရာ တွေ့ဆုံမှု ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်"

ဖန်းဟော်က ဝမ်းသာအားရ နားထောင်ပြီး သူမ ရယ်နေချိန်မှာပဲ အမြန်ပို့ဆောင်ရေး ကောင်လေးတစ်ယောက် လက်ထဲမှာ သေတ္တာကြီးတစ်လုံးကို ကိုင်ဆောင်လာပြီး တံခါးကို ရောက်လာသည်။“တစ်ဆိတ်လောက်ပါ မစ္စ မုရှောင်ယက ဘယ်သူပါလဲ။”

"ကျွန်မပါ" မုရှောင်ယက အံ့သြသွားသည်။

"ဟယ်လို၊ ဒါက မင်းရဲ့ပြေစာပါ ကျေးဇူးပြုပြီး ဒီမှာ လက်မှတ်ထိုးပါ။"

မုရှောင်ယက စာရွက်မှာလက်မှတ်ထိုးလိုက်ပြီး ရှုပ်ထွေးသောအမူအရာနဲ့ သေတ္တာကြီးကိုကြည့်လိုက်သည်။

"နင်ဘာဝယ်ခဲ့တာလဲ။ " ဖန်းဟော်က မေးလာသည်။

"ငါမဝယ်ခဲ့ဘူး။" မုရှောင်ယလည်း မေးချင်သည်။

"အဲ့ဒီပစ္စည်းက ဘာလဲ။"

"အဲ့ဒါက ပုံဆက်တဲ့ ပဟေဋ္ဌိတစ်ခုလိုဘဲ။ " ပို့ဆောင်မှုစာရင်းတွင် ဆိုင်အချက်အလက်ပါရှိပြီး ပုံဆက် ပဟေဋ္ဌိများကို အထူးပြုသည့် Taobao ဆိုင်ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် မုရှောင်ယက ပုံဆက်ပဟေဋ္ဌကို နောက်ခုံမှာထည့်လိုက်ပြီး အိမ်ပြန်လာခဲ့သည်။ သူမက အလျင်စလိုကြိုးစားခဲ့ပေမယ့်လည်း ယာဉ်ကြောပိတ်ဆို့မှုကြောင့် အိမ်ပြန်နောက်ကျခဲ့သည်။ ထိုအချိန်တွင် ပိုင်ချွမ်းက တံခါးဝတွင် ဆယ်မိနစ်ကျော်ကြာအောင် သူမကို စောင့်နေခဲ့သည်။

မုရှောင်ယအနေနဲ့ ပိုင်ချွမ်းက သူမကိုတံခါးဝမှာ စောင့်နေမယ်လို့ မမျှော်လင့်ထားတာကြောင့် ချက်ခြင်း အပြစ်ရှိသလို ခံစားလိုက်ရသည်။ " ဆောရီး ကျွန်မနောက်ကျသွားတယ် "

"အဆင်ပြေပါတယ်။ " မုရှောင်ယက ယခင်ကထက်စာလျှင် များစွာတိုးတက်လာသောကြောင့် ပိုင်ချွမ်းက စိတ်မဆိုးပေ။ အရင်တုန်းကတော့ မုရှောင်ယက သူ့ကို နှစ်ရက်အတွင်းလာတွေ့မယ်လို့ အမြဲပြောဖူးပေမယ့် သူမထွက်သွားတိုင်း ပြန်မတွေ့ခင် တစ်လ ဒါမှမဟုတ် နှစ်လလောက်ကြာမှ ဖြစ်လိမ့်မည်။ ဒီအချိန်က ဆယ်မိနစ်ပဲဆိုတော့ အရမ်းမြန်တယ်လို့ ပြောလို့ရသည်။

ညစာစားချိန်၌ အခြား ပိုင် မိသားစုအားလုံး လူမှုရေးပွဲများကို တက်ရောက်ရပုံရတာကြောင့် မုရှောင်ယနဲ့ ပိုင်ချွမ်းတို့က ရိုးရိုးရှင်းရှင်းပဲ ညစာစားပြီး အခန်းဆီပြန်ခဲ့ကြသည်။ မုရှောင်ယက ညနေခင်းက သူမရရှိသော ပုံဆက်ပဟေဠိကိုဖွင့်ကာ လက်မ ၅၀ နီးပါးရှိသော ပဟေဠိဘောင်တစ်ခုနှင့် ပဟေဠိအပိုင်းအစထုပ်ကြီးငါးခုက ထွက်လာခဲ့သည်။

"အပိုင်းအစ ဘယ်လောက်ရှိလဲ။ " မုရှောင်ယက စာရွက်စာတမ်းများကို လှန်ကြည့်ကာ နံပါတ်များကို တစ်ချက်ကြည့်ပြီး ရုတ်တရက် အော်ပြောလိုက်သည်။ “ ငါးထောင်လား။” 

' ဒီပဟေဋ္ဌိက ဘယ်သူ့ဆီက လာတာလဲ။ စတူဒီယိုရဲ့ လိပ်စာကိုလည်း သိထားတယ်။ မုရှောင်ယက ထုပ်ပိုးထားသော အိတ်ကို လှန်လိုက်တော့ ပဟေဋ္ဌိ၏ ပုံအပြည့်အစုံကို တွေ့လိုက်ရသည်။ ; သစ်သားအိမ်လေးရှေ့တွင် ဖရဲသီးစားနေတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးထိုင်နေကြသည်။'

"လျန်းနျိုနျို " တစ်ချက်ကြည့်ရုံနဲ့ မုရှောင်ယက ဒီပဟေဋ္ဌိအထုပ်ကို ဘယ်သူပို့လိုက်မှန်းသိနေပြီ။ ဆိုင်က သူတို့ပုံတွေကို ဝယ်သူစိတ်ကြိုက် ပဟေဋ္ဌိ စီစဥ်ပေးတာဖြစ်သည်။ "ဒီပဟေဋ္ဌိကြီးကို ငါဘယ်လိုစီရမှာလဲ။"

မုရှောင်ယက စိတ်မရှည်စွာနဲ့ သူမဖုန်းကို ထုတ်လိုက်ပြီး လျန်းနျိုနျိုကို ခေါ်လိုက်သည်။ "လျန်းနျိုနျို နင် ငါ့ကို ဒီလို ပဟေဋ္ဌိကြီးတစ်ခု ပို့လိုက်တာ ဘာကိုဆိုလိုတာလဲ။ "

“ အိုက်ယား အဲ့ဒီကိုရောက်တာသိပ်မကြာသေးဘူးမလား။ ဘယ်လိုလဲ။ ဒီဓာတ်ပုံက အထူးအနုပညာလို့ နင်ထင်လား။ ငါ့ကိုကျေးဇူးတင်စရာမလိုပါဘူး၊ ဒါကနင့်အတွက် ငါ့ရဲ့မင်္ဂလာဆောင်လက်ဖွဲ့ဘဲ။ " လျန်းနျိုနျိုက အပြုံးဖြင့်ပြောလာသည်။

“ ဓာတ်ပုံကကောင်းတယ်။ ဒါပေမယ့် နင်ကပဟေဋ္ဌိအပိုင်းအစ ၅ ထောင်ကို ဘာလို့လုပ်လိုက်တာလဲ။ ငါသူတို့ကိုဘယ်လိုဆက်ရမလဲ။ ငါမြေပုံကိုကြည့်ရတာတောင် ခက်နေမှန်း နင်မသိဘူးလား။ " မုရှောင်ယက လျန်းနျိုနျို ရည်ရွယ်ချက်ရှိရှိလုပ်ကြောင်း ၁၀၀% သေချာသည်။

“ ဒီလောက်ကြည့်ကောင်းတဲ့ဓာတ်ပုံ၊ နင်ပိုဆွဲဆောင်မှုရှိဖို့၊ အဲဒါကိုဖြည်းဖြည်းချင်းဆက်ရမယ်၊ ကံကောင်းလိုက်တာ ~” ဒီစကားပြောအပြီးမှာ လျန်းနျိုနျိုက သူမဖုန်းကိုချလိုက်ပြီး မုရှောင်ယနဲ့စကားမပြောတော့ဘူး။

" ... နင်ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာပဲ " မုရှောင်ယက ပြင်းပြင်းထန်ထန်ပြောသည်။ ဒါပေမယ့် သူမကိုလက်စားချေဖို့ နည်းလမ်းမရှိဘူး။ သူမ လှည့်လိုက်ပြီး ပဟေဋ္ဌိကို ဖယ်ထုတ်တော့မယ့်အချိန်မှာ ပိုင်ချွမ်းက ကြမ်းပြင်ပေါ်မှာ ရှိနေပြီး တစ်ခုခုလုပ်နေတာကို တွေ့လိုက်ရသည်။

“ ရှောင်ချွမ်း ဘာဖြစ်…” မုရှောင်ယ ငုံ့ကြည့်လိုက်ပြီး ရုတ်တရက် စကားမပြောဘဲရပ်လိုက်သည်။

ပိုင်ချွမ်းက သူ့ဘေးနားတွင် ဖွင့်ထားသော ပဟေဋ္ဌိအထုပ်များနှင့်အတူ ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်ကို သူမတွေ့လိုက်ရသည်။ ပိုင်ချွမ်းက ပြန့်ကျဲနေသော ပဟေဠိအပိုင်းအစများကို ကိုင်ဆောင်ကာ မယုံနိုင်လောက်အောင် အရှိန်အဟုန်ဖြင့် ပေါင်းစပ်လိုက်လေသည်။ တစ်ချို့အပိုင်းတွေကို အလယ်မှာထားပြီး တစ်ချို့ကို ထောင့်စွန်းမှာ ထားခဲ့ကာ၊ သူတွေးနေစရာ မလိုတော့သလို မြန်မြန်ဆန်ဆန်နဲ့ ဆုံးဖြတ်ထားတဲ့ လှုပ်ရှားမှုတွေနဲ့ အပိုင်းအစတွေကို သူတို့ပိုင်ဆိုင်တဲ့ နေရာမှာ ထားခဲ့သည်။

မုရှောင်ယက သူ့ကိုတိတ်ဆိတ်စွာကြည့်နေပြီး နာရီဝက်အကြာမှာ သူမပဟေဋ္ဌိဘုတ်ပေါ်မှာ သူမရဲ့မျက်နှာကိုမြင်ခဲ့ရပြီ။

'ပဟေဋ္ဌိအပိုင်းအစငါးထောင်ကို တစ်ချက်ကြည့်ရုံနဲ့ စုနိုင်တယ်။ ဒါဆို.....အဲ့ဒါက ပညာရှင်လက္ခဏာရှိသူတစ်ဦးရဲ့ နောက်ထပ်ကျွမ်းကျင်မှု တစ်ခုလား။'

.....

စာရေးသူ မှတ်စု 

ညနေပိုင်းရောက်သောအခါ လူငယ်လေးချွမ်းက ခြံထဲမှာထိုင်ရတာကြိုက်သည်။ မိုးရွာနေရင်တောင်အိမ်ထဲကိုမ၀င်ချင်ဘူး။

ဖွားဖွားပိုင်က သူ့မြေးနဲ့ဘာဖြစ်နေမှန်းမသိဘူး။ "ရှောင်ချွမ်း မိုးရွာနေတယ်၊ အိမ်ထဲသွားရအောင်"

လူငယ်လေးချွမ်က မလှုပ်မယှက်ထိုင်နေသည်။ ဖွားဖွားပိုင်က သက်ပြင်းချပြီး သူမမြေးနှင့်အတူ ထီးကိုကိုင်ပြီး ခြံထဲတွင်သာနေနိုင်သည်။

ဘေးအိမ်မှ ပြတ်သားတဲ့ ကောင်မလေး အသံတစ်ခု ထွက်ပေါ်လာသည့်တိုင်အောင်ပဲ။ "အမေ အိမ်စာလုပ်ဖို့အတွက် အစ်ကိုပိုင်ချွမ်းဆီ သွားလိုက်မယ်~"

ဆယ်ကျော်သက်လေးက မတ်တတ်ရပ်ပြီးစာကြည့်ခန်းထဲ တိတ်တဆိတ်ပြန်သွားခဲ့သည်။

E/TN; 

ခင်ပွန်းသည် ပါဝါပြန်ရမည့်အချိန် ~ (*≧∀≦*)