အပိုင်း ၃၂
Viewers 540

ညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

#အပိုင်း ၃၂.၁; အလုပ် ပြန်သွားပြီး ဇနီးကို ပံ့ပိုးမယ်

သူတို့က ဖွားဖွားပိုင်ရဲ့ ခြံထဲတွင် အချိန်အတော်ကြာအောင် နေထိုင်ခဲ့ကြပြီး ညစာစားခါနီးအထိ အိမ်မပြန်ခဲ့ကြပေ။

ရှန်ချင်းယီက မုရှောင်ယနဲ့ ပိုင်ချွမ်းတို့ စားရန်အနှစ်သက်ဆုံး ဟင်းလျာများဖြစ်သည့် ဟင်းပွဲတွေကို စားပွဲအပြည့် ပြင်ဆင်ထားပြီးဖြစ်သည်။

“ မား ပါး ဘယ်အစားအသောက်ကိုစားရတာကြိုက်လဲ။ " မုရှောင်ယက သူမ အကြိုက်ဆုံးဟင်းလျာများကို ခဏလောက် စားပြီးနောက် ရုတ်တရက် ပြဿနာတစ်ခုကို သတိပြုမိသွားသည်။ သူမက သူမ မိဘများနှင့်အတူ တစ်သက်လုံး နေထိုင်ခဲ့ပြီး သူတို့ ဘာစားရတာကြိုက်လဲဆိုတာကို သူမ သတိမထားမိခဲ့ပေ။

"ဘာလို့ရုတ်တရက်မေးတာလဲ။ " ရှန်ချင်းယီက ထူးထူးခြားခြားမေးသည်။

“သမီး သိချင်တာက ဘာလို့လဲဆိုတော့ ငယ်ငယ်ကတည်းက အမေက သမီးအကြိုက်ဆုံး ဟင်းလျာ လုပ်ထားလို့။ သမီး ဘာကိုအကြိုက်ဆုံးလဲဆိုတာ မသိဘူး။"

“လက်ထပ်ပြီးတာနဲ့ မတူတော့ဘူး။ နောက်ဆုံးတော့ မင်းရဲ့မိဘတွေကို ဘယ်လိုချစ်ရမလဲဆိုတာ သိသွားပြီ" ရှန်ချင်းယီရဲ့ မျက်နှာက ပျော်ရွှင်သွားသည်။

“မား ~~” မုရှောင်ယက ရင်ထဲက တိုးတိုးတိတ်တိတ် တောင်းပန်ခဲ့သော်လည်း သူမ၏ နှလုံးသားက အပြစ်ရှိစိတ်နှင့် ပြည့်နေသည်။ 'သူမမိဘတွေအတွက် ဘာလုပ်ပေးနိုင်လဲ နည်းနည်းလေး ဖြစ်ရင်တောင်......'

"ငရုတ်သီး ဝက်သားကြော်နဲ့ ဝက်နံရိုးပြုတ်" ပိုင်ချွမ်းအသံက ရုတ်တရက် ထွက်လာသည်။

ပိုင်ချွမ်းက ဤဟင်းနှစ်မျိုးကို ရုတ်တရက် ပြောလာပြီး မုမိသားစု အဖွဲ့ဝင် သုံးဦးက ချက်ချင်း အံ့အားသင့်သွားခဲ့သည်။ မုရော့ကျုံးက သိချင်စိတ်နဲ့မေးလိုက်သည်။ "ပါး ဝက်နံရိုးပြုတ်စားရတာကို ကြိုက်မှန်း မင်းဘယ်လိုသိတာလဲ။ "

"ငရုတ်သီး ဝက်သားကြော်ကို မား ကြိုက်မှန်း မင်းဘယ်လိုသိတာလဲ။ " ရှန်ချင်းယီကလည်း မေးလာသည်။

မုရှောင်ယက သူမ၏ မိဘများကို အံသြစွာ စိုက်ကြည့်နေသည်။ သူတို့ဆိုလိုတာက ပိုင်ချွမ်း ပြောတာ မှန်တယ်ဆိုတဲ့သဘောပေါ့။

"ကျွန်တော်မှတ်မိတယ် " ပိုင်ချွမ်းက ပြန်ဖြေလာသည်။

"မှတ်မိတာလား။" ရှန်ချင်းယီနဲ့ သူမခင်ပွန်းတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြောလာသည်။ "အရင်က ပိုင်ချွမ်း ရှေ့မှာ အဲ့ဒါကိုပြောဖူးတာလား။ "

“အင်း” ပိုင်ချွမ်း ခေါင်းညိတ်လိုက်သည်။

“…မင်းကြည့်လိုက် ” ရှန်ချင်းယီက ရုတ်တရက် သူမသမီးကို မထီမဲ့မြင်ပြုလိုက်သည်။ “ပိုင်ချွမ်းက ငါတို့အိမ်ကို အကြိမ်အနည်းငယ်လာပြီး စားတာကို မှတ်မိတယ်။ နင် ငါတို့အိမ်မှာ နေလာတာ အနှစ် ၂၀ ကျော်ပြီ။ အသားတိုးလာတာအပြင် မင်းဘာလုပ်နိုင်သေးလဲ။ ”

"ဘယ်လိုလုက်တူနိုင်မှာလဲ။ မှတ်ဉာဏ်အရ သမီးနဲ့ ပိုင်ချွမ်းက တူညီတဲ့ အဆင့်မှာ ဘယ်လိုရှိမှာလဲ။ " မုရှောင်ယက ဝမ်းနည်းစွာပြောလာသည်။

"ကျွန်တော် သူ့ကို မှတ်မိအောင် ကူညီပေးပါ့မယ်" ပိုင်ချွမ်းက သူမအဖေနှင့်အမေ ကြိုက်သည့်အရာကို မမှတ်မိသည့်အတွက် သူ့ ဇနီးသည်က ဝေဖန်ခံရသည်ကို တွေ့လိုက်ရသည်။ သူ့ကို အမှတ်ရစေဖို့ ကူညီပေးဖို့ ဆန္ဒကို အမြန်ထုတ်ဖော်ခဲ့သည်။ သူမှတ်မိရင် ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။

"ကောင်းပြီ ရှောင်ချွမ်းကို မျက်နှာတစ်ချက်လောက် ပေးလိုက် အဲဒါကို ဆက်မပြောနဲ့တော့" ရှန်ချင်းယီက သူမသမီးကို ချိတ်ကနေ လွှတ်ကာ ပြုံးပြီး တုံ့ပြန်ခဲ့သည်။

မုရှောင်ယက ဒီနေ့အစောကြီးရောက်လာတာကြောင့် ညစာစားပြီးနောက်မှာ ရှန်ချင်းယီက သူမယောက္ခမအိမ်ကို ပြန်ယူသွားဖို့ ပစ္စည်းများထုပ်ပိုးခဲ့သည်။

"စောနေသေးတယ်" မုရှောင်ယက ထွက်သွားဖို့ တွန့်ဆုတ်နေခဲ့သည်။

"ဘာအစောကြီးလဲ ကားစီးဖို့ တစ်နာရီလောက်ကြာလိမ့်မယ်” ရှန်ချင်းယီ ပြင်ဆင်ထားတဲ့ ငရုတ်သီးဘူးများကို သမီးဖြစ်သူထံ လွှဲပြောင်းပေးရန် ခင်ပွန်းဖြစ်သူကို လှုံ့ဆော်ခဲ့သည်။

“ယူလိုက် ဒါက မင်းရဲ့အမေက ပြီးခဲ့တဲ့လက လုပ်ခဲ့တာ။ ဒီငရုတ်သီးက အထူးသဖြင့် စပ်တယ်။ စားတဲ့အချိန်ကြရင် မိသားစုကို သတိပေးဦး " သူမသမီးကို လက်ဆောင်ပြန်ပေးဖို့ သတိပေးသည်။ နောက်ဆုံး သူမက မုရှောင်ယကို ပြုံးပြပြီး နှစ်ယောက်စလုံး အတန်ကြာအောင် တွေးမိလိုက်ကြသည်။ သူတို့က ကောင်းကျိုးတစ်စုံတစ်ရာကို မပေးနိုင်ဘဲ သူတို့ကိုယ်တိုင်ပြုလုပ်ခဲ့သော အရာများအတွက် ပြေလည်သွားပုံရသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့က ပိုင်မိသားစုနှင့် ငွေကြေးအရင်းအနှီးအရ မယှဉ်ပြိုင်နိုင်ပေ။

“မားတို့အားလုံးက တစ်မြို့တည်းမှာ။ ပြန်လာချင်ရင် အချိန်မရွေး ပြန်လာခဲ့” ရှန်ချင်းယီက ပြောလာသည်။

"သမီး နေ့တိုင်းတွေ့ချင်တယ်။" မုရှောင်ယက မကျေမနပ်ဖြင့် ပြောလာသည်။

"ဒါဆို ဘာလို့ လက်ထပ်ဖို့ စောနေတာလဲ။ အိမ်ထောင်မပြုရင် ဒီအိမ်မှာပဲ နေနိုင်မှာ" မုရော့ကျုံးက ပြောပြီး သူ့သမီးကို ကြည့်လိုက်သည်။ ရုတ်တရက်ပင် မောပန်းနေပြီး ခါးကိုတောင်မညောင်းညာသလို ခံစားလိုက်ရသည်။ 'သူစိတ်မဆိုးပါဘူး၊ ဒါပေမယ့် ဟုတ်တယ်၊ သူ့သမီး လက်ထပ်တာစောလွန်းတာကြောင့် အပြစ်တင်မိတယ်။'

“မဟုတ်ဘူး။” ပိုင်ချွမ်းက သူ့ ယောက္ခမက ရှောင်ယ အိမ်ထောင်ရေးကို ဆန့်ကျင်ကြောင်း ကြားသိသည်နှင့် ချက်ချင်းပင် သူစိုးရိမ်သွားပြီး မုရှောင်ယကို သူ့နောက်တွင် အကာအကွယ်ပေးခဲ့သည်။

“…” မုရော့ကျုံးက ပိုင်ချွမ်းရဲ့ ခုခံမှုပုံစံကို မြင်သည်နှင့် တပြိုင်နက် သူ ရယ်ရမလား ငိုရမလားမသိပေ။ 'ဒီကလေးက ငါနောက်နေတာပဲလို့လဲ နားမလည်ဘူး။'

“ကောင်းပြီ၊ မင်းဆီက မခိုးဘူး။ ရှောင်ယကိုယူသွားလိုက်" ရှန်ချင်းယီက ပြုံးပြုံးလေးပြောသည်။

နှစ်ယောက်သားက ထွက်သွားခဲ့သည်။

မုမိသားစု၏ အကြီးအကဲများသည် ကားထွက်သွားသည်ကို စောင့်ကြည့်ပြီးနောက် အိမ်ထဲသို့ ပြန်ဝင်ခဲ့သည်။ သူတို့ တုံ့ဆိုင်းနေသော်လည်း မျက်နှာများ ရွှင်မြူးကာ ကျေနပ်သွားကြသည်။ ယခုတစ်ကြိမ်တွင် ပိုင်ချွမ်းက အလုပ်လုပ်ခြင်းဖြင့် ငွေရှာရုံသာမက ရှောင်ယကို ဘယ်လို ကာကွယ်ရမလဲကိုပင် သိရှိခဲ့တာကို ၎င်းတို့ ရှာဖွေတွေ့ရှိခဲ့သည်။ ဒါက သူတို့ရဲ့ အနာဂတ် သားမက်အတွက် သူတို့ရဲ့ လိုအပ်ချက်ပဲ မဟုတ်ဘူးလား။

ထို့ကြောင့် ပိုင်ချွမ်းက ထင်ထားသည်ထက် ပိုကောင်းခဲ့ပြီး ရှောင်ယလည်း ၎င်းတို့ထင်သည်ထက် ပိုမိုကောင်းမွန်စွာ နေထိုင်ခဲ့သည်။

အပြန်လမ်းတွင် မုရှောင်ယက ပိုင်ချွမ်းရဲ့ ဖျော်ဖြေမှုကို စတင်ချီးကျူးခဲ့သည်။ “ဒီနေ့ ရှင် အရမ်းကောင်းတယ်။ ကျွန်မမိဘတွေက ရှင့်ကို ပိုကြိုက်တာ သိသာတယ်"

“ကိုယ့်လစာကတ်နဲ့ ဝယ်ထားတဲ့ အနှိပ်ကုလားထိုင်ကြောင့်လား။ ” ပိုင်ချွမ်းက မေးလာသည်။

“ဟစ်…” ရှင်က ဘာကြောင့် ဒီလောက် လက်တွေ့ကျကျ မေးရတာလဲ။ "အဲဒါက အကြောင်းရင်းရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဒါပေမယ့်လည်း ကျွန်မမိဘတွေ စားချင်တာကို ရှင်မှတ်မိတယ် အဲ့ဒါက အရမ်းကောင်းတယ်"

“အင်း” ပိုင်ချွမ်းက ခေါင်းညိတ်လိုက်သည်။

“စကားမစပ်…” မုရှောင်ယက မေးဖို့မေ့သွားတဲ့ အရာတစ်ခုပဲ “ ရှောင်ချွမ်း ရှင် လစဉ်ဝင်ငွေဘယ်လောက်ရလဲ? ”

"ယွမ် 500,000 နဲ့ နှစ်ကုန်မှာ ဘောနပ်စ်ရတယ် " ပိုင်ချွမ်းက ပြန်ဖြေလာသည်။ နှစ်ကုန် ဘောနပ်စ်ကို မည်သို့တွက်ရမည်ကို မသိတာကြောင့် အတိအကျကိန်းဂဏန်းကို မပြောခဲ့ပေ။

"500,000။ အဲဒါက တစ်နှစ်လုပ်ခ ၆ သန်းပဲ နှစ်ကုန်ဘောနပ်စ်က...... ဒါဆို ရှင် သုံးနှစ်ကျော် အလုပ်ပြီးပြီလား။ ”

"သုံးနှစ်၊ ခြောက်လ၊ ခုနစ်ရက်"

မုရှောင်ယက လစာကို မသိစိတ်က စတင်တွက်ချက်ခဲ့သော်လည်း အချိန်အတော်ကြာပြီးနောက် သူမလက်လျှော့လိုက်သည်။ အတိုချုပ်ပြောရလျှင် ပိုင်ချွမ်းရဲ့ လစာကတ်ကို ထိုသုံးနှစ်အတွင်း အသုံးမပြုထားကြောင်း သူမသေချာခဲ့သည်။ ပထမဆုံးကုန်ကျစရိတ်မှာ အစောက အနှိပ်ခုံဖြစ်နိုင်သည်။

"ရှင် ကုမ္ပဏီမှာ ဘာလုပ်တာလဲ။ လစာက ဘာလို့ ဒီလောက်များနေရတာလဲ။ ” မုရှောင်ယက မေးလိုက်သည်။

“အဓိကတာဝန်က ပရိုဂရမ်ရေးဆွဲတာ…” ပိုင်ချွမ်းက ပရော်ဖက်ရှင်နယ်အသုံးအနှုန်းများကို တစ်ခုပြီးတစ်ခု ဆက်တိုက်ပြောခဲ့သည်။ ဒါကိုကြားတော့ မုရှောင်ယက စိတ်ရှုပ်သွားသည်။ နောက်ဆုံးတော့ သူမ သိအောင် ဆွဲဆောင်နိုင်ခဲ့သည်။

' မေ့လိုက်တော့ သူမ ပညာရပ်ဆိုင်ရာ နတ်ဘုရားလောကထဲ မ၀င်ချင်ခဲ့ဘူး'

သို့သော်လည်း ပိုင်ချွမ်း အလုပ်ပြန်သွားဖို့ သူမပိုင်ကျန့်ကို ကတိပေးထားပုံရသည်။ 

"ရှောင်ချွမ်း ရှင်အလုပ်သွားတာကို ဘာလို့မတွေ့တာလဲ။ " မုရှောင်ယ အံ့သြစွာမေးလိုက်သည်။

"မင်းလိုက်ခဲ့"

"ဒါပေမယ့် ကျွန်မက နေ့ခင်းဘက် အလုပ်သွားရမှာဆိုတော့ ကျွန်မ ရှင်နဲ့ မလိုက်နိုင်ဘူး။"

"မင်းကိုစောင့်နေမယ်။"

“…”

မုရှောင်ယ ထိမိသွားသော်လည်း တစ်ချိန်တည်းတွင် ဖိအားအချို့ ခံစားခဲ့ရသည်။ ပိုင်ချွမ်း အတွက် သူမက အလွန်အရေးကြီးသော တည်ရှိမှုဖြစ်ကြောင်း သူမသိသော်လည်း လူတစ်ယောက်၏ဘဝတစ်ခုလုံးက သင့်ပတ်ဝန်းကျင်တွင်သာ လည်ပတ်နေသောအခါတွင်၊ သူ့ပတ်ဝန်းကျင်ရှိလူများက အဆုံးမရှိသောဖိအားများကို ခံစားကြရလိမ့်မည်။ အထူးသဖြင့် မုရှောင်ယ။ ပိုင်ချွမ်းက အလုပ်နှင့် ဘဝကို အနစ်နာခံကာ သူမကိုစောင့်ဆိုင်းပြီး သူမနှင့်အတူလိုက်လာပါက၊ သူမ အလုပ်သွားသည့်အခါတွင် သစ္စာဖောက်သလိုမျိုး သူမခံစားရလိမ့်မည်။

သူမမှာ အချိန်အများကြီးမကျန်ခဲ့ရင်တောင် ပိုင်ချွမ်းကို ဒီလိုနေထိုင်ခွင့်မပြုနိုင်ပါဘူး။ သူမက သူ့ကို ကျန်းမာသန်စွမ်းပြီး အခြားသူများနှင့် ပေါင်းသင်းဆက်ဆံစေလိုသည်။

လမ်းဆုံကိုဖြတ်ကျော်ပြီးနောက် မုရှောင်ယက ကျော်တက်ကာ ကားကိုရပ်လိုက်သည်။ သူမ လှည့်ပြီး ပိုင်ချွမ်းကို ကြည့်လိုက်သည်။ သူမက အလွန်တည်ငြိမ် လေးနက်စွာမေးလိုက်သည်။ “ ရှောင်ချွမ်း အလုပ်ရတာကို ကြိုက်လား။ ” 

မုရှောင်ယ ပြောတာကို နားထောင်နေသော ပိုင်ချွမ်းက ကြည့်လိုက်ချိန်မှာ မုရှောင်ယက ထပ်ဖြည့်ပြောလာသည်။ “အဲ့ဒါကို ကျွန်မအလုပ်နဲ့ မနှိုင်းနဲ့ ”

“…ကြိုက်တယ်။ ” ခဏအကြာတွင် ပိုင်ချွမ်းက ခေါင်းညိတ်လာသည်။

'သူ့လက်ရှိအလုပ်ကို အရမ်းသဘောကျတယ်။ ဤအလုပ်က ရိုးရှင်းသောကုဒ်ဖြင့် အံ့သြဖွယ်အရာများကို ထုတ်လုပ်နိုင်သည်။ တစ်ချိန်မဟုတ်တစ်ချိန်တွင်၊ အလုပ်တွင်ပေါ်လာမည့် အလွန်ရှုပ်ထွေးသော ပရောဂျက်အသစ်တစ်ခု ရှိလိမ့်မည်။ သူ အဲ့ဒါကို ဖြည်းဖြည်းချင်း ရှင်းထုတ်ဖို့ လိုအပ်တယ်။ ကုဒ်ဝှက်ခြင်းလုပ်ငန်းစဉ်ကို အလွန်နှစ်သက်သည်။'

"နောက်တစ်ပတ် အလုပ်ပြန်မှာလား။" မုရှောင်ယ မေးလိုက်သည်။

"ငါ့ကို အလုပ်လုပ်စေချင်တာလား။" ပိုင်ချွမ်းက နားမလည်နိုင်စွာ မေးလိုက်သည်။ ယင်းက မုရှောင်ယကို စိတ်မကောင်းဖြစ်စေသည်။ သူမက ဟုတ်တယ်လို့ ဖြေလိုက်သရွေ့ သူမက ပိုင်ချွမ်းနဲ့အတူလိုက်ပါလိုသော ဆန္ဒကို ငြင်းလိုက်ပြီး ယခုသူကဲ့သို့ပင် သူမကိုစောင့်ဆိုင်းနေခဲ့သည်။

"ရှောင်ချွမ်း အိမ်ထောင်ကျပြီးရင် ခင်ပွန်းသည်က ဘာလုပ်လဲဆိုတာ ရှင်သိလား။" မုရှောင်ယက ပိုင်ချွမ်းမေးခွန်းကို တိုက်ရိုက်မဖြေဘဲ လက်ခံနိုင်လောက်သော အကြောင်းပြချက်ဖြင့် သူ့ကို ဆွဲဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

ပိုင်ချွမ်း ခေါင်းကို တစ်ချက်ခါလိုက်သည်။ သူလက်ထပ်ပြီးသောအခါ သူက မုရှောင်ယနဲ့ အမြဲရှိနေနိုင်သည်ကိုသာ သူသိသည်။

“အိမ်ထောင်ပြုပြီးနောက်မှာ ခင်ပွန်းသည်က သူ့မိသားစုကို ထောက်ပံ့ဖို့ ငွေရှာရတယ် ရှင်အလုပ်မလုပ်ရင် ရှင့်မိသားစုနဲ့ ကျွန်မကို ဘယ်လိုထောက်ပံ့နိုင်မှာလဲ။ " မုရှောင်ယက စိတ်ဆင်းရဲဟန်ဆောင်လိုက်သည်။

"ကိုယ် ဂရုစိုက်ပါ့မယ်။ တနင်္လာနေ့မှာ အလုပ်သွားမယ် " ပိုင်ချွမ်းက သူ့မိသားစုနဲ့ ရှောင်ယကို ပံ့ပိုးပေးမယ်လို့ ချက်ချင်း ကတိပေးခဲ့သည်။

ပိုင်ချွမ်းက စိတ်လှုပ်ရှားစွာနဲ့ အလွန်ချစ်စရာကောင်းကြောင်းပြသနေသဖြင့် မုရှောင်ယ မထိန်းနိုင်ဘဲ ကားပြန်မမောင်းခင် ပိုင်ချွမ်းရဲ့ ပါးကို နမ်းလိုက်သည်။

ပိုင်ချွမ်းက သူ့မျက်နှာကို ဖုံးလိုက်ပြီး သူ့မျက်လုံးများက မြို့၏နီယွန်မီးရောင်များကို ရောင်ပြန်ဟပ်နေကာ နောက်ဆုံးတွင် တိမ်မြုပ်နေသော အပြုံးကို ထုတ်ဖော်ခဲ့သည်။

နှစ်ယောက်သား အိမ်ပြန်ရောက်တော့ ရှစ်နာရီထိုးနေပြီ။ ကားရပ်ပြီးတာနဲ့ ဦးလေးလီက သူတို့ကို နှုတ်ဆက်လာသည်။

“ဒုတိယသခင်သခင်လေး ဒုတိယသခင်မလေး သခင်လေး အတွက် ပဟေဋ္ဌိကားချပ်ကို ချိတ်ဆွဲထားပြီးပါပြီ "

"ကျေးဇူးတင်ပါတယ် ဦးလေးလီ" မုရှောင်ယက ပြောလိုက်သည်။

“ဒုတိယသခင်မလေးက အရမ်းယဉ်ကျေးတာပဲ စကားမစပ် မီးဖိုချောင်ထဲမှာ အေးခဲထားတဲ့ ဖရဲသီးတွေရှိတယ်။ ဒုတိယသခင်မလေးနဲ့ ဒုတိယသခင်လေး တစ်ခုလောက် လိုချင်လား။"

“ဟင့်အင်း ကျေးဇူးတင်ပါတယ်” မုရှောင်ယက ခေါင်းယမ်းလိုက်ပြီး အိမ်မှယူလာသည့် ငရုတ်သီးဘူးများကို ဦးလေးလီကို ပေးလိုက်သည်။ "ဒါက သမီးမာမား ကိုယ်တိုင်လုပ်ထားတဲ့ ငရုတ်သီးဘူးပါ "

“သူမလုပ်ထားရင် အရသာရှိရမယ်။ နက်ဖြန်ညစာက ငါးချဥ်စပ် အဲ့ဒါကောင်းတယ် ” ဦးလေးလီက ပြောလာသည်။

“…” နေ့တိုင်းအတွက် မီနူး စီစဉ်ထားကြောင်း သူမမသိပါပေ။

နှစ်ယောက်သား ဧည့်ခန်းထဲ အတူတူဝင်သွားကြသည်။ အိမ်ထဲသို့ဝင်လိုက်သည်နှင့် မုရှောင်ယက လက်ဆတ်သောဖရဲသီးရနံ့ကို အနံ့ရလိုက်သည်။

ယနေ့ ညစာစားပြီးနောက် အသီးမှာ ဖရဲသီးဖြစ်ပုံရသည်။ ဖရဲသီးစားချင်လားလို့ ဦးလေးလီ သူတို့ကို မေးတာ အံ့သြစရာမရှိပါဘူး။

ပိုင် မိသားစုအားလုံး အောက်ထပ်တွင်ရှိကြပြီး မုရှောင်ယက သဘာဝအတိုင်း နှုတ်ဆက်လိုက်သည်။ ဖရဲသီးရနံ့ကြောင့် နှစ်ယောက်သား ဧည့်ခန်းထဲသို့ လျှောက်သွားကြသည်။ ပိုင် မိသားစု၏ အဖွဲ့ဝင် သုံးဦးသည် ဖရဲသီးတစ်ဝက်ကို လက်နှစ်ဖက်ဖြင့် ဆိုဖာပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

“…” ဒီထူးဆန်းတဲ့ပုံက ဘာဖြစ်နေတာလဲ။

'ဖရဲသီးစားရတာ ထူးဆန်းလို့လား။ ဖရဲသီးစားတာတော့ မထူးဆန်းပါဘူး။'

'ဖရဲသီးတစ်ဝက်လောက်ကိုင်ပြီး ဇွန်းနဲ့စားရတာ ထူးဆန်းလို့လား။ '

ဖရဲသီးစားခြင်းမှာ အမှားအယွင်းမရှိသလို ဤရဲရင့်ပြီး အတားအဆီးမရှိသော ဖရဲသီးစားနည်းမှာလည်း အမှားအယွင်းမရှိပေ။ ဒါပေမယ့် ဇိမ်ခံဧည့်ခန်းထဲမှာ၊ လက်ရာမြောက်တဲ့အဝတ်အစားတွေဝတ်ထားတဲ့ လူသုံးယောက်ရှေ့မှာ၊ ဇိမ်ခံအိမ်ကြီးထဲမှာ ဖရဲသီးကို အတုံးသေးသေးလေးတွေလှီးပြီး ခက်ရင်းခက်လေးနဲ့ မထိုးစားတာ မထူးဆန်းဘူးလား။

"ရှောင်ချွမ်း ရှောင်ယ သားတို့ပြန်လာပြီလား။" လီရုံက သူမလက်ထဲတွင် အဖြူရောင်ကြွေဇွန်းတစ်ချောင်းဖြင့် နှစ်ယောက်ကို နှုတ်ဆက်လိုက်သည်။

"ပါး၊ မား၊ တကော ဖရဲသီးက ဘယ်လိုနေလဲ။ " မုရှောင်ယက ခဏအကြာတွင် ငြိမ်သက်သွားသည်။

“အင်း ဟုတ်ပြီ ဖရဲသီးကို ဒီလိုမျိုး တစ်ခါမှ မစားဖူးဘူး။ ဇွန်းနဲ့တိုက်ရိုက်ယူပြီး စားရတာ အရမ်းပျော်ဖို့ကောင်းမယ်လို့ မမျှော်လင့်ထားဘူး။ "

“ဟားဟားဟား… တော်တော်ပျော်ဖို့ကောင်းတယ်” မုရှောင်ယက ဘာပြောရမှန်းမသိဘဲ လိုက်သွားရုံသာတက်နိုင်သည်။

"သမီးနဲ့ရှောင်ချွမ်း မားတို့ဆီ ယူဆောင်လာပေးခဲ့တဲ့ လှုံ့ဆော်မှုအားလုံးကို ကျေးဇူးတင်တယ်။" လီရုံက စိတ်လှုပ်ရှားစွာပြောသည်။

"သမီးတို့။ " မုရှောင်ယ စိတ်ရှုပ်သွားမိသည်။ သူမက သူမအမေအိမ်က ပြန်လာပြီး ဘာမှမလုပ်ခဲ့ပါပေ။

"သမီးတို့အခန်းထဲက ပဟေဋ္ဌိကိုတွေ့တာနဲ့ သဘောကျသွားတယ်။ သမီးတို့နဲ့တူတဲ့ ဖရဲသီးစားချင်ပေမယ့် မတတ်နိုင်ခဲ့ဘူး။ " နေ့ခင်းက ဦးလေးလီက ပဟေဋ္ဌိကားချက်ကိုဆွဲရန် ကူညီခဲ့ပြီး လီရုံက သူ့ကိုကြည့်ဖို့ နောက်လိုက်သွားခဲ့သည်။ 'ပဟေဠိကားချပ်ထဲက လူနှစ်ဦး၏ အပြန်အလှန်တုံ့ပြန်မှုကို သူမမြင်သောအခါ ညစာစားအပြီးမှာ ခင်ပွန်းနဲ့ သားအကြီးဆုံးကို ဆွဲပြီး ပဟေဋ္ဌိကားချပ်ထဲကလို ဖရဲသီးကို အတူတူစားခိုင်းတယ်။'

မုရှောင်ယ အခြားလူနှစ်ယောက်ကို ကြည့်လိုက်သည်။ တစ်ယောက်က ရှက်ရွံ့နေပြီး တစ်ယောက်က ငုံ့ကာ ဘာမှ မပြောဘဲ၊ သူ့လက်ထဲက ဖရဲသီးကို မစားတော့ဘူး။

“ဒါဆို ဆက်စားလိုက်ပါဦး။ သမီးတို့အရင်တက်ပြီး အဝတ်လဲလိုက်ဦးမယ်" မုရှောင်ယက ဤနေရာတွင် ဆက်နေဖို့ သင့်တော်တယ်လို့ မထင်တာကြောင့် ထွက်သွားဖို့ အဆင်သင့်ဖြစ်နေသည်။

"ခဏလေး အမေတို့အတွက် ဓာတ်ပုံရိုက်လို့ရမလား။ နောက်ကျ ပဟေဋ္ဌိကားချပ်တစ်ခုလုပ်ချင်လို့ ရှောင်ချွမ်းကို ကူညီပေးဖို့ တောင်းဆိုချင်တယ်။ " လီရုံက ပြောသည်။

ဓါတ်ပုံရိုက်မယ်ပြောနေတုန်း။

ပိုင် မိသားစု သားအဖသည် လက်ထဲက ဖရဲသီးကို စားတာ ခေတ္တရပ်လိုက်သည်။

"အိုကေ " မုရှောင်ယက သူမ၏ လက်ကိုင်ဖုန်းကို ထုတ်ယူလိုက်သည်။

“ရှင်တို့နှစ်ယောက် ဒီကိုလာ အတူတူ ဓာတ်ပုံရိုက်ရအောင် " လီရုံက ဖရဲသီးစားနေသော လူနှစ်ယောက်ကို ပြောဖို့ ခေါင်းလှည့်လိုက်သည်။

ဖရဲသီးစားသော အမျိုးသားများသည် တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ် စိုက်ကြည့်နေကြသည်။ ဘယ်လို စိတ်ပိုင်းဆိုင်ရာ ခရီးကို ဖြတ်သန်းခဲ့ကြလဲ မသိဘူး။ နောက်ဆုံးတော့ သူတို့ ဘယ် ညာမှာ ဖရဲသီးနဲ့ ထိုင်ပြီး အားလုံး ကင်မရာကို ကြည့်နေကြရသည်။

ဓာတ်ပုံရိုက်ပြီးနောက်မှာ မုရှောင်ယက ဓာတ်ပုံကို WeChat မှတစ်ဆင့် လီရုံကို ပေးပြီးနောက် သူမ၏ ပြောင်ပြောင်တင်းတင်း ပြုံးပြရန် အပြုံးဖြင့် ဒုတိယထပ်ရှိ အခန်းဆီသို့ ပြေးသွားခဲ့သည်။

'အိုက်ယိုး~~~ ပိုင်ချွမ်း သူ့မိန်းမနောက်လိုက်နေတာ၊ သူက အရမ်းချစ်စရာကောင်းတယ် ဟာဟာဟာ...'

ပိုင် မိသားစုက ဓာတ်ပုံရိုက်ပြီးတာနဲ့ အောက်ထပ်မှာ သားအဖနှစ်ယောက်သား ကိုယ့်လက်ထဲမှာရှိတဲ့ ဖရဲသီးကို ချက်ခြင်းစားပြီး ပြီးအောင်လုပ်ဖို့ ကြံရွယ်ရင်း သားအဖနှစ်ယောက်က ဒီအခြေအနေကနေ ရုန်းထွက်ဖို့ ကြံရွယ်ကြသည်။ သို့သော် ထိုဓာတ်ပုံသည် ယွင့်ချန် မြို့၏ ချမ်းသာ ကြွယ်ဝသော အသိုင်းအဝိုင်းတစ်ခုလုံးဆီ ပျံ့နှံ့သွားချိန်မှာ ၎င်းတို့၏ဖရဲသီးများ လုံး၀မစားသုံးရသေးကြောင်း ၎င်းတို့ မမျှော်လင့်ထားခဲ့ကြပေ။

လူအချို့က ပိုင်ကျန့်ကို မေးဖို့ WeChat တွင် လျှို့ဝှက်စာတိုတစ်စောင်ပင် ပေးပို့ခဲ့သည်။ “ ပိုင်မိသားစုက သစ်သီးလုပ်ငန်းကို ဝင်ဖို့ စီစဉ်နေတာလား။ မကြာသေးခင်က ချယ်ရီသီးနဲ့ အခု ဖရဲသီးတွေ ဘယ်လိုဖြစ်တာလဲ။ ”

ပိုင်ကျန့်: “…”

မုရှောင်ယ နောက်ဆုံးတွင် အနည်းငယ် စိတ်သက်သာရာရသွားကာ လှည့်ကြည့်လိုက်တော့ သူမယောက္ခမ၏ သူငယ်ချင်းအသိုင်းအဝိုင်း၏ သတိပေးချက်ကို တွေ့လိုက်ပြီးနောက် ချက်ချင်းပြုံးပြီး အဝေးမှာထားလိုက်သည်။

ရေချိုး ညအိပ်ဝတ်စုံဝတ်ပြီးနောက်မှာ နှစ်ယောက်သား ကုတင်အဆုံးတွင် တင်ပျဉ်ခွေထိုင်ကာ နံရံတွင်ဆွဲထားသော ပဟေဋ္ဌိကို သဘောတကျ မော့ကြည့်ကြသည်။

"ရှောင်ချွမ်း ရှင် မသက်မသာ ခံစားနေရသေးလို့လား။" ပဟေဠိကားချပ်ကို ချိတ်ဆွဲထားသော်လည်း ပဟေဠိကားချပ်နောက်တွင် သံချောင်းများရှိနေသေးကြောင်း မုရှောင်ယ သိခဲ့သည်။

“ဟင့်အင်း” ပိုင်ချွမ်းက ပဟေဋ္ဌိကားချပ်ကို ကြည့်ပြီး ခေါင်းကိုညင်သာသာ ယမ်းလာသည်။

မုရှောင်ယ ရုတ်တရက် စိတ်သက်သာရာရသွားပြီး ဤပဟေဋ္ဌိကို ဂရုတစိုက်ကြည့်ရင်း စိတ်ဓာတ်ကျလာသည်။ အချိန်အတော်ကြာ ကြည့်ရှုပြီးနောက် လျန်းနျိုနျိုရဲ့ ဓာတ်ပုံရိုက်ကူးမှုစွမ်းရည်အနေနဲ့ ပေါင်းစပ်မှုနှင့် အလင်းရောင်က ပြီးပြည့်စုံလုနီးပါးဖြစ်နေကြောင်း မုရှောင်ယ ဝန်ခံလိုက်ရသည်။ ဒီဇိုင်းပညာရပ်ဆိုင်ရာ သင်ကြားမှုများနှင့်ပင် ကွဲလွဲမှုတစ်စုံတစ်ရာကို သူမရွေးချယ်နိုင်ခဲ့ပေ။

ထို့အပြင် မုရှောင်ယက ဓာတ်ပုံထဲက ခံစားချက်ကို နှစ်သက်သည်။ ထိုနေ့တွင် သူမနဲ့ ပိုင်ချွမ်းတို့က လျန်းနျိုနျိုကို ချယ်ရီသီး ကူပြီး ရွေးခူးပေးနေတာကြောင့် ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားကြသည်။ ရိုးရိုးရှပ်လက်ရှည်၊ ဘောင်းဘီနှင့် တံတောင်ဆစ်ထိ လက်စွပ်များကို ဝတ်ထားပြီး တစ်နေ့တာပင်ပန်းပြီးနောက် ဆံပင်များက ရှုပ်ပွနေသည်။ သူမနဲ့ပိုင်ချွမ်းရဲ့ မျက်နှာများပေါ်တွင် ချွေးများနဲ့ ဖရဲသီးများကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး ပခုံးချင်းယှဉ်ထိုင်ကာ မျက်လုံးအောက်မှ ပြုံးနေကြသည်။ နေရောင်ခြည်က သူတို့နောက်မှာ ရှိပြီး ထောင့်မှာ လတ်လတ်ဆတ်ဆတ် ခူးဆွတ်ထားတဲ့ ချယ်ရီသီး တောင်းတစ်လုံး။ ပုံရိပ်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်ပြီး လှပသော ဘဝများဖြင့် ပြည့်နေသည်။

“ဒီဓာတ်ပုံကို ကြိုက်တယ်” မုရှောင်ယ ပြောလိုက်သည်။

“ကိုယ်လည်း ကြိုက်တယ်” ပိုင်ချွမ်းက မည်သို့အကဲဖြတ်ရမည်ကို မသိသော်လည်း ဤပဟေဋ္ဌိကားချပ်ကို ကြည့်သောအခါတွင် အလွန်ကောင်းမွန်သော ခံစားမှုတစ်ခု ရရှိခဲ့သည်။

နောက်တစ်နေ့နံနက်စောစောတွင် ပိုင်ချွမ်းက ပြေးဖို့အချိန်မှန် ထခဲ့ပြီး ထုံးစံအတိုင်း အပေါက်ဝတွင် အစ်ကိုကြီးနှင့် တွေ့ဆုံခဲ့သည်။

' ယနေ့တွင် ပိုင်ချွမ်းရဲ့ အပြေးအကွာအဝေးသည် ၂၉၀၀ မီတာ ဖြစ်သင့်သည်။ ပြေးနေစဉ်တွင် ပိုင်ကျန့်က ယနေ့ ပိုင်ချွမ်းနှင့်အတူ မီတာ ၁၄၅၀ အပြေးရန်စီစဉ်ထားပြီး ကျန်ရှိသည့် ၎င်း၏ ပြေးခြင်းအား အပြီးသတ်ရန် ပိုင်ချွမ်း ပြန်လှည့်ခွင့်ပေးလိုက်သည်။ သူ့ကိုယ်ပိုင် ၅ ကီလိုမီတာအကွာကို ပြေးဖို့ ရှေ့ကို ဆက်ပြေးလိုက်မည်။ ဒီလိုမှမဟုတ်ရင် ဒီလေ့ကျင့်ခန်းပမာဏဟာ နေ့တိုင်းလုံလောက်မှာမဟုတ်ပေ။'

အတန်ကြာအောင် ပြေးပြီးနောက်၊ ရင်းနှီးသော မီးပွိုင့်လမ်းဆုံတွင်၊ ကျန်အကွာအဝေးအတွက် သူပြန်ပြေးတော့မည်ဟု ပိုင်ကျန့် သိလိုက်သည်။ အဲဒါကို တွေးနေချိန်မှာ ပိုင်ချွမ်းက ရုတ်တရက် လှည့်ကြည့်လာသည်။

အဲဒါကတော့ နောက်ကြောင်းပြန်လှည့်ဖို့ပါပဲ။

ပိုင်ကျန့်က မရပ်ပေ။ သူက တစ်လှည့်စီလမ်းကို လျှောက်ကာ ရှေ့သို့ ဆက်ပြေးခဲ့သည်။ ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာခန့် ပြေးပြီးနောက်တွင်မူ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသဖြင့် နောက်ကိုကြည့်လိုက်ကာ ရုတ်တရက် ရပ်သွားသည်။

အဘယ်ကြောင့်ဆိုသော် ပိုင်ချွမ်းက နေရာတွင် အမှန်တကယ်ရပ်တန့်ပြီး မလှုပ်ရှားသောကြောင့်ဖြစ်သည်။

ပိုင်ကျန့် အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး အမြန်ပြန်သွားခဲ့သည်။ သူဘာလို့မပြန်သွားတာလဲကို ပိုင်ချွမ်းကိုမေးတော့ သူပြန်ဖြေတာကြားလိုက်ရသည်။ " အစ်ကို ပြေးနေတုန်းမလို့ "

“…” ပြေးတာ ဘယ်လိုပြေးတာလဲ၊ မီတာ ၂၉၀၀ ပြေးဖို့က မင်းရဲ့တာဝန်၊ ငါ့ရဲ့အလုပ်မဟုတ်ဘူး။ နေ့တိုင်း ၅ ကီလိုမီတာ ပြေးရမယ်။ ဒါပေမယ့်... သူ့ညီရဲ့ လေးနက်တဲ့အမူအရာကြောင့် ပိုင်ကျန့်က ဘယ်လိုပြောနိုင်မှာလဲ။ ဒါ့ထက်၊ ဒါက မမှန်ပေမယ့် သူ့ညီလေးက သူ့အတွက် စိုးရိမ်ပူပန်မှုပြတာ ဒါပထမဆုံးအကြိမ်ပဲ။

သက်ပြင်းချရင်း ပိုင်ကျန့်က ၎င်း၏ “အမှား” ကို ဝန်ခံဖို့ အစပြုခဲ့သည်။ “အကွာအဝေးကို မှားတွက်ချက်မိခဲ့တာ ”

ပိုင်ကျန့်က သူ့အမှားကို အချိန်မီသိလိုက်သည်နှင့် ပိုင်ချွမ်းက စကားမပြောတော့ဘဲ လှည့်ကြည့်မည့်အစား ထိုနည်းအတိုင်းပင် ပြန်ပြေးသွားခဲ့သည်။

ပိုင်ကျန့်က ရှုပ်ထွေးသောအကြည့်ဖြင့် သူ့နောက်သို့ လိုက်သွားကာ ကျန်အကွာအဝေးကို ရဖို့အတွက် ပြေးစက်ကိုသုံးရန် အားကစားရုံသွားဖို့ကို အချိန်အတန်ကြာ စဉ်းစားနေသည်။

ဂိတ်ပေါက်ဆီသို့ ပြေးလာရင်း နှစ်ယောက်သား တစ်ချိန်တည်းတွင် ရပ်လိုက်ပြီး အိမ်ဖော်က ချွေးသုတ်ဖို့ မျက်နှာသုတ်ပုဝါကို အမြန်ပေးလိုက်သည်။ ပိုင်ကျန့်က သူ့လည်ပင်းပေါ်က ချွေးတွေကို သုတ်လိုက်တယ်။ ရုတ်တရက် တစ်စုံတစ်ယောက်က သူ့ကို စိုက်ကြည့်နေတာကို ခံစားလိုက်ရတာကြောင့် လှည့်ကြည့်လိုက်သည်။

"ကျွန်တော် အလုပ်လာတော့မယ် " ပိုင်ချွမ်းက ပိုင်ကျန့်ကို ကြည့်ကာ စောင့်နေသည်။ သူ့ကိုကြည့်ရင်း သူပြောချင်တာ ချက်ခြင်းပြီးသွားတာနဲ့ ခြေလှမ်းကြီးများဖြင့် ထွက်ခွာသွားသည်။

“…” မသွားချင်ရင် မသွားနဲ့။ မင်းသာ ငါ့ညီမဟုတ်ရင် မင်း အကြိမ်တစ်ရာလောက် အလုပ်ထုတ်ခံရလိမ့်မယ်။

ဟမျ့။

အဘယ်ကြောင့်ဆိုသော် ပိုင်ချွမ်းက ၎င်း၏အားလပ်ရက်ပြီးနောက် မနက်ဖြန်တွင် အလုပ်ပြန်ဆင်းတော့မည်ဖြစ်သည်။ နံနက်စာစားပြီးနောက် မုရှောင်ယက ပိုင်ချွမ်းကို မြို့တော်က စူပါမားကတ်ဆီ ခေါ်သွားသည်။ သူမက ပိုင်ချွမ်း ပေးဖို့အတွက် မင်္ဂလာသကြားလုံးအချို့ဝယ်ဖို့ စီစဉ်ခဲ့ပြီး မနက်ဖြန် အလုပ်သွားသည့်အခါ ၎င်း၏လုပ်ဖော်ကိုင်ဖက်များနှင့် ဝေမျှနိုင်သည်။

"ရှင့်ကုမ္ပဏီမှာ လူဘယ်နှစ်ယောက်ရှိလဲ။ " မုရှောင်ယ မေးလိုက်သည်။

ပိုင်ချွမ်းက အေးခဲသွားပြီး ရုတ်တရက် သူ့လက်ကိုင်ဖုန်းကို ထုတ်လာခဲ့သည်။

“ရှင့်ရဲ့ လက်ကိုင်ဖုန်းနဲ့ ဘာလုပ်နေတာလဲ။” မုရှောင်ယ ထူးဆန်းစွာပြောလိုက်သည်။ ပိုင်ချွမ်းကို နံပါတ်တစ်ခုအကြောင်းမေးသောအခါ ချက်ခြင်းအဖြေမရရှိသည့် ပထမဆုံးအကြိမ်ဖြစ်သည်။

"ကုမ္ပဏီမှာ လူဘယ်လောက်ရှိလဲမသိဘူး၊ ဒါကြောင့် အစ်ကို့ကို မေးမလို့ " ပိုင်ချွမ်း ပြန်ဖြေလာသည်။

“……” ပိုင်ကျန့်ကို မေးခြင်းက ရီဖုန်း အုပ်စုတွင် ဝန်ထမ်းမည်မျှရှိသည်ကို မေးမြန်းခြင်းနှင့် ညီမျှသည်။ ဤပမာဏအရ မင်္ဂလာသကြားလုံးများစွာဝယ်လျှင် မည်မျှကုန်ကျမည်နည်း။

“အဟွတ် မဟုတ်ဘူး… ရှင့်ဌာနမှာ လူဘယ်နှစ်ယောက်ရှိလဲ။ အလုပ်မှာ ရှင်နဲ့ ပုံမှန်အဆက်အသွယ်ရှိတဲ့သူတွေပဲ”

“ဆယ့်ငါး ” အမှန်တကယ်တွင်၊ ဂိမ်း R&D ဌာနတွင် ဝန်ထမ်း ၁၅ ဦးမကရှိသော်လည်း ပိုင်ချွမ်းကို ဆက်သွယ်နိုင်သူ ၁၅ ဦးသာရှိသည်။

“ဆယ့်ငါး၊ အများကြီး မဟုတ်ဘူးပဲ” မုရှောင်ယက သူမရှေ့ရှိ မင်္ဂလာသကြားလုံးအား ကြည့်ပြီး ဈေးကြီးသော မုန့်များကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။ “ဒါဆို မင်္ဂလာဆောင်သကြားလုံး အထုပ်နှစ်ဆယ်ဝယ်မယ်။ မနက်ဖြန် အလုပ်သွားတဲ့အခါ သူတို့ကို ပေးလိုက် ”

"လူဆယ့်ငါးယောက်ပဲရှိတယ်၊ ဘာလို့ အထုပ်နှစ်ဆယ်ဝယ်ရတာလဲ။ " နံပါတ်များကို အလွန်အကဲဆတ်သော ပိုင်ချွမ်းက ရှေ့နောက်မညီမှုများကို သည်းမခံနိုင်ပေ။

"ရှင်ကြိုက်တဲ့သူကို အပိုထုပ် ငါးခု ပေးလိုက်"

“အိုး”

သကြားလုံးရွေးပြီးနောက် မုရှောင်ယက ပန်းရောင်ကတ်ဝယ်သွားပြီး ပိုင်ချွမ်း အိမ်ကို ယူသွားခဲ့သည်။

တစ်ခဏအတွင်းမှာ တနင်္လာနေ့က ရောက်လာခဲ့သည်။

ဒီနေ့ မနက်မှာ အင်တာဗျူးဖို့ တစ်ယောက်ယောက်ကို သူမ လာခိုင်းထားတဲ့အတွက် မုရှောင်ယက ပုံမှန်ထက် နာရီဝက်စောပြီး ထွက်သွားခဲ့သည်။ သူမ မထွက်ခွာမီတွင် ကုမ္ပဏီကို မင်္ဂလာသကြားလုံးများကို ယူသွားပြီး ၎င်း၏လုပ်ဖော်ကိုင်ဖက်များထံ ပေးဆောင်ဖို့ သတိရအောင် ပိုင်ချွမ်းကို သတိထပ်ပေးခဲ့သည်။

ပိုင်ချွမ်းကို ကြိုဖို့ကားရောက်လာချိန်မှာ မုရှောင်ယက သူမ ၁၀မိနစ်လောက်လမ်းလျှောက်လိုက်ရသည်။

ပိုင်ကျန့်နဲ့ ပိုင်ကောယွိတို့က ယနေ့နံနက်တွင် ကုမ္ပဏီ မသွားဘဲ အစည်းအဝေးတစ်ခုအတွက် အခြားတစ်နေရာသို့ သွားကြတာကြောင့် ပိုင်ကျန့်က သူ့အတွင်းရေးမှူးကို ပိုင်ချွမ်း အလုပ်သွားဖို့အတွက် အထူးတောင်းဆိုခဲ့သည်။

“ ရှောင်ချွမ်း” တံခါးပွင့်လာပြီး ပရော်ဖက်ရှင်နယ်ကျစွာ ၀တ်စားဆင်ယင်ထားသည့် ဝမ်ကျင်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် ကားပေါ်မှ ဆင်းလာခဲ့သည်။ ဝမ်ကျင်းက ပိုင်ကျန့်ရဲ့ အတွင်းရေးမှုးဖြစ်သည်။ ပိုင်ချွမ်း ဖွားဖွားပိုင်နဲ့ အတူနေချိန်တုန်းက ဝမ်ကျင်းက ပိုင်ချွမ်းကို အမြဲတမ်းနီးပါး အလုပ်သွားဖို့ လာခေါ်ရသည်။ 

ပိုင်ချွမ်း သူမကို မြင်သောအခါတွင် သူ့လက်ထဲက မင်္ဂလာသကြားလုံးအိတ်ကို တင်းကျပ်စွာကိုင်လိုက်ကာ နှုတ်ခမ်းကိုတင်းတင်းစိပြီး မတ်တပ်ရပ်လိုက်သည်။

"ဒုတိယသခင်လေး အတွင်းရေးမှူး ဝမ်က အလုပ်သွားဖို့ လာခေါ်နေပြီ" ဦးလေးလီက ပိုင်ချွမ်းအတွက် တံခါးဖွင့်ပေးသည်။ ပိုင်ချွမ်းက ဗီလာတွင် ရံဖန်ရံခါ နေထိုင်လေ့ရှိသောကြောင့် ဦးလေးလီက ဝမ်ကျင်းကို အကြိမ်များစွာ တွေ့ဆုံဖူးခဲ့သည်။ 'သူ့မှာ ဝမ်ကျင်းအတွက် အမြင်ကောင်းတစ်ခုရှိတယ် ဘာကြောင့်လဲဆိုတော့ သူ့မှာပြဿနာတစ်ခုရှိရင်တောင် ဒုတိယသခင်လေးက နှစ်သက်သရွေ့ ဦးလေးလီအနေနဲ့ သူကလဲ ထိုလူကို အနည်းငယ် ပို၍ နှစ်သက်ဖွယ်ကောင်းသည်ဟု သဘာဝအတိုင်း ခံစားရလိမ့်မည်။ ထို့အပြင်၊ ဤသည်မှာ ပိုင် မိသားစု၏ ကူးစက်ရောဂါဖြစ်သည်၊ လူတိုင်းနီးပါးရှိသည်။'

“ဟင့်အင်း” ပိုင်ချွမ်းက ငြင်းလာသည်။

"ဟင့်အင်း သခင်လေးကဘာလို့ ရုတ်တရက် မသွားချင်တော့တာလဲ။ ဒီမနက်က ဒုတိယသခင်မလေးကို ကတိပေးခဲ့တယမဟုတ်ဘူလား။ " ဦးလေးလီက သိချင်လာသည်။

"ရှောင်ချွမ်း ကျွန်မတို့အလုပ်သွားရမယ်။ R&D ဌာနက လူတွေက ရှင်င်ပြန်လာလာလို့ ရှင့်ကိုကြိုဆိုဖို့ စောင့်ဆိုင်းနေတယ်လို့ ကြားထားတယ် " ဝမ်ကျင်းက ပြုံးပြီး ဖျောင်းဖျလာသည် ။

"အဲ့လို မခေါ်နဲ့" ပိုင်ချွမ်းက ဝမ်ကျင်းကို ကြည့်ပြီး တောင့်တင်းစွာပြောလာသည်။ "ရှောင်ချွမ်းလို့ မခေါ်နဲ့"

ဝမ်ကျင်းရဲ့ မျက်နှာအမူအရာက ပြောင်းလဲသွားသော်လည်း သူမမျက်နှာကို အတင်းပြုံးလာပြီး မေးလာသည်။ "ရှောင်ချွမ်း ကျွန်န တစ်ခုခုမှားသွားတာလား။ ရှိရင်ပြောလေ ပြောင်းလဲမယ်လို့ ကတိပေးတယ်။ "

“မခေါ်နဲ့ ” ပိုင်ချွမ်းက ဒေါသတကြီး မျက်မှောင်ကြုတ်လိုက်သည်။ 'ဒီလူက ဘယ်လိုမှ နားလည်နိုင်မှာလဲ။ သူက သူမကို ခေါ်ခွင့်မပြုတာတောင် ခေါ်နေတုန်းပဲ။'

ထိုအချိန်တွင် ပိုင်ကျန့်က အိမ်မှ ထွက်လာပြီး အသံကိုကြားလိုက်ရသည်။ ရှုံ့တွနေသော မျက်နှာဖြင့် သူရောက်လာပြီး ဝမ်ကျင်းကို မေးလိုက်သည်။ "ဘာဖြစ်နေတာလဲ။ "

"ဥက္ကဌ ကျွန်မမသိဘူး ရှောင်ချွမ်း..."

“မခေါ်နဲ့ ” ပိုင်ချွမ်းရဲ့ အော်ဟစ်သံက ယခင်ကထက် ပိုမိုကျယ်လောင်လာပြီး ဝမ်ကျင်း တိတ်ဆိတ်သွားကာ လျင်မြန်စွာ ကြောက်လန့်သွားခဲ့သည်။

ပိုင်ချွမ်းရဲ့ စိတ်များ ပြောင်းလဲလာသည်နှင့်တစ်ပြိုင်နက် အခြားမည်သူမျှ စကားမပြောရဲကြပေ။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပိုင်ကျန့်က ပိုင်ချွမ်းရဲ့ စိတ်အခြေအနေ အနည်းငယ် လျော့ပါးသွားသည်ကို ခံစားလိုက်ရပြီး ပိုင်ချွမ်းကို မေးလိုက်တယ် “ ရှောင်ချွမ်း ဘာဖြစ်နေတာလဲ။ ဘာလို့အလုပ်မသွားတာလဲ။ ”

“ဟင့်အင်း သူမနဲ့ကျွန်တော့်ကို မပို့နဲ့။ ကျွန်တော် သူမကို ရှောင်ချွမ်းလို့ ခေါ်ခွင့်မပေးဘူး။ ” ပိုင်ချွမ်းက ဝမ်ကျင်းကို လက်ညှိုးထိုးပြလာသည်

၃၂.၂

ဝမ်ကျင်း မျက်နှာက ဖြူဖျော့လာပြီး ပိုင်ကျန့်ကို ထိတ်လန့်စွာ ကြည့်ပြီး ပြောလိုက်သည်။ “ဥက္ကဌ ကျွန်မ ဘာမှ မလုပ်ပါဘူး။ ဘာလို့လဲမသိဘူး... ဒုတိယသခင်လေးက..... အဲ့ဒီလိုပဲပြောနေတယ်။"

ပိုင်ကျန့်က ဝမ်ကျင်းကို တစ်ချက်ကြည့်လိုက်သည်။ သူမကို အပြစ်တင်မည့်အစား လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။ “မင်း ကုမ္ပဏီကို အရင်ပြန်သွားလိုက် ” 

“ဟုတ်ကဲ့” ဝမ်ကျင်းက ရှင်းပြလိုစိတ်ရှိသော်လည်း ပြဿနာက ဘယ်မှာရှိမှန်း သူမမသိတာကြောင့် သက်ပြင်းသာချပြီး စိုးရိမ်တကြီး မောင်းထွက်သွားခဲ့သည်။

ဝမ်ကျင်း ထွက်သွားသောအခါ ပိုင်ကျန့်က ပိုင်ချွမ်းကို အလေးအနက်ထားပြီး မေးလိုက်သည်။ "ဝမ်ကျင်းက မင်းကို မကောင်းတာ တစ်ခုခုလုပ်ခဲ့တာလား။"

ပိုင်ကျန့် မျက်လုံးတွေက လေးလံနေသည်။ ယခုအချိန်တွင် ပိုင်ချွမ်း ခေါင်းညိတ်လိုက်သရွေ့ သူ့ဒေါသက မျက်လုံးအောက်မှ ပေါက်ထွက်လာနိုင်သော်လည်း ပိုင်ချွမ်းက အမူအရာမဲ့စွာပဲ တုံ့ပြန်ခဲ့သည်။

"မင်းကို သူမ ကုမ္ပဏီ ခေါ်သွားတာကို ဘာလို့ ရုတ်တရက် ခွင့်မပြုတာလဲ။ " ပိုင်ကျန့်က ပိုင်ချွမ်း နားမလည်ဘူးလို့ ထင်တဲ့အချိန်မှာ သူ့မေးခွန်းကို ရုတ်တရက် ပြန်ဖြေလာသည်။

“ရှောင်ယက မကြိုက်တဲ့အတွက်” ပိုင်ချွမ်းက ပြန်ဖြေလာသည်။

မုရှောင်ယ။ ပိုင်ကျန့် အဲဒီအကြောင်းကို စဉ်းစားလိုက်သည်။ သူသချိုင်းမှာရှိတုန်းက ဝမ်ကျင်းကို နေဖို့နဲ့ ပိုင်ချွမ်းနဲ့ မုရှောင်ယကို မုမိသားစုရဲ့အိမ်ဆီ ပြန်ပို့ပေးဖို့ တောင်းဆိုခဲ့သည်။ ဝမ်ကျင်းက မုရှောင်ယကို စိတ်ဆိုးစေတာ တစ်ခုခုလုပ်ခဲ့ပုံရသည်။ ဒါကြောင့် မုရှောင်ယက ပိုင်ချွမ်းကို ဝမ်ကျင်းနဲ့ အဆက်အသွယ်မလုပ်ဖို့ တောင်းဆိုခဲ့တာလား။

“ဒုတိယသခင်မလေးက မနာလိုတာလား။ ” ဦးလေးလီက မှန်းဆလာသည်။

“…” အမျိုးသမီးတွေက ဒုက္ခတွေပဲ။

ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ပိုင်ချွမ်းက ဝမ်ကျင်းကို မကြိုက်တဲ့အတွက် ဝမ်ကျင်းက ပိုင်ချွမ်း ရှေ့မှာ မပေါ်လာရတော့ဘူး။ “ဦးလေးလီ မိသားစုယာဉ်မောင်းကို ရှောင်ချွမ်းကို ကုမ္ပဏီဆီ ပို့ခိုင်းလိုက်ပါ”

“အိုကေ” အန်ကယ်လီက ယာဉ်မောင်းကို စီစဉ်ဖို့ ချက်ချင်းလှည့်ထွက်လိုက်သည်။

"ခဏနေဦး အစ်ကိုကြီး မင်းအတွက် ယာဉ်မောင်းပြောင်းပေးမယ်" ပိုင်ကျန့်က ပိုင်ချွမ်းကို ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ပိုင်ကျန့်ရဲ့ အေးစက်တဲ့ မျက်နှာက ချက်ချင်း ပြေလျော့သွားသည်။ ဤမျှ ကျေးဇူးတင်ရုံမျှဖြင့် သူက ယာဉ်မောင်းကို ဆယ်ကြိမ်လောက် ပြောင်းလဲဖို့ ဆန္ဒရှိနေသည်။

..........

စာရေးသူမှတ်စု 

မုရှောင်ယ တက္ကသိုလ်တက်တော့ ပိုင် အိမ်ကို သိပ်မသွားနိုင်တာကြောင့် ပိုင်ချွမ်းက ပိုတိတ်ဆိတ်သွားသည်။ ပိုင်ချွမ်းက လူမှုရေးလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ရှိပြီး သူ့လူမှုရေးအသိုင်းအဝိုင်းကို တိုးမြှင့်သင့်သည်ဟု ပါမောက္ခ ဖန်က အကြံပြုခဲ့သည်။

ပိုင်ကျန့်: ရှောင်ချွမ်း မင်း အစ်ကိုတို့ကုမ္ပဏီမှာ အလုပ်လုပ်ချင်လား။

ပိုင်ချွမ်း : “…”

ပိုင်ကျန့် : ကုမ္ပဏီမှာ မင်းရဲ့အသက်အရွယ် လူတွေအများကြီးရှိတယ်။

ပိုင်ချွမ်း : “…”

ပိုင်ကျန့် : "သူတို့က ကောလိပ်ကပဲ ဘွဲ့ရ..."

တက္ကသိုလ်လား။ ရှောင်ယက ကောလိပ်တက်နေပြီ၊ ဘွဲ့ရပြီးရင် အလုပ်သွားတော့မှာလား။

ပိုင်ကျန့် : "အလုပ်လည်း လုပ်လို့ရတယ်..."

ပိုင်ချွမ်းက ပြတ်ပြတ်သားသားပြောလာတယ် "ကျွန်တော် သွားမယ်"

ပိုင်ကျန့် :....သူ့ အကြောင်းပြချက်ရဲ့ ဘယ်ဟာက သူ့ကို ယုံကြည်စေတာလဲ။