#ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား
#အပိုင်း ၃၄; တစ်ခြားတိုက်ခိုက်မှုတစ်ခု
"ဖိနပ်တွေက ဈေးကွက်ထဲရောက်နေပြီ" စတူဒီယိုတွင် ဖန်းဟော်က မုရှောင်ယဘေးတွင် ကွန်ပျူတာတက်ဘလက်တစ်လုံးနှင့် ထိုင်နေသည်။
"ဘယ်လိုလဲ။ " မုရှောင်ယ မေးလိုက်သည်။ ၎င်းတို့၏အမှတ်တံဆိပ် အမည်ခံဖိနပ်များ၏ ပထမအသုတ်ကို ဖန်းဟော် ဦးလေးရဲ့ သီးသန့်စတိုးမှတစ်ဆင့် ရောင်းချခဲ့သော်လည်း စျေးနှုန်းက ၎င်း၏ဆိုင်ရှိ အခြားဖိနပ်များထက် ၅၀% ပိုများသောကြောင့် ခန့်မှန်းထားသော ရောင်းအားအပေါ် အလွန်အကောင်းမြင်ကြခြင်းမရှိပေ။
ဖန်းဟော်; "ဒီနေ့မွန်းလွဲပိုင်းမှာပဲ အပြီးသတ်ပြီးပြီ၊ မနက်ဖြန်မှ အရောင်းဒေတာကို ငါတို့ ကြည့်ရမှာ။"
မုရှောင်ယ ; “ညနေပိုင်းနဲ့ တနင်္ဂနွေတွေမှာ အရောင်းရဆုံးအချိန်ပဲ။ ငါတို့ဖိနပ်တွေရဲ့ လူကြိုက်များမှုကို သိဖို့ နှစ်ရက်ခန့် အချိန်ယူရမှာပဲ "
"ငါရုတ်တရက်စိတ်လှုပ်ရှားလာပြီ ငါ ဘာလုပ်ရမလဲ။ " ဖန်းဟော်က မျက်မှောင်ကြုတ်လိုက်သည်။
"ငါတို့ အမြတ်ရှာဖို့ အရေးမကြီးဘူး ငွေမဆုံးရှုံးရင် ရပြီလို့ နင် ကတိမပေးထားဘူးလား။ နင်အခုဘာလို့.စိတ်လှုပ်ရှားနေတာလဲ။ " မုရှောင်ယ ပြုံးလိုက်သည်။
"မင်းမှာ လုပ်ငန်းတစ်ခုရှိတဲ့အခါ ငွေရှာချင်ပြီး ပိုက်ဆံမဆုံးရှုံးချင်တာက သဘာဝမကျဘူးလား။" ဖန်းဟော်ရဲ့ စိတ်အခြေအနေ မကောင်းဘူး။
“ အိုကေ အခု စဉ်းစားစရာ မရှိတော့ဘူးလား။” မုရှောင်ယ ကွန်ပြူတာကိုပိတ်ပြီး မတ်တတ်ထရပ်လိုက်ကာ သူ့အိတ်ကို လွယ်လိုက်သည်။ “အိမ်စောစောပြန်ပြီး အိပ်တာက ပိုကောင်းမယ်ထင်တယ်။ ရလဒ်တွေကို မနက်ဖြန်မနက်မှာ သိရမှာပါ”
"မဟုတ်ဘူး၊ ဘယ်အချိန်ရှိသေးလို့လဲ။ နင် အခု အလုပ်က ပြန်နေပြီလား။ " ဖန်းဟော် အချိန်ကို ကြည့်လိုက်တော့ ငါးနာရီတောင် မကျော်သေးပေ ။
"ဒီနေ့ ဘာမှလုပ်စရာမရှိဘူး၊ ဒီနေ့ ခြောက်နာရီမှာ အိမ်ပြန်ရောက်မယ်လို့ ရှောင်ချွမ်းကို ကတိပေးထားတယ်။ အရင်တစ်ခေါက်က ငါနောက်ကျသွားပြီး သူ့ကိုစောင့်ခိုင်းမိခဲ့တယ်။ ဒီတစ်ခါတော့ စောစောပြန်ရမှာဆိုတော့ သူ့ကိုစောင့်နေတဲ့သူက ငါဖြစ်ရမယ်" မုရှောင်ယ ပြောလိုက်သည်။
“နင်တို့တွေက ကလေးဆန်တယ်။ မင်းငါ့ကိုစောင့်နေမယ်၊ ငါမင်းကိုစောင့်နေမယ်နဲ့ " အရွယ်ရောက်ပြီးသားဖြစ်တဲ့ ဖန်းဆဟာ်က သူငယ်တန်းကလေးတွေ နေ့တိုင်း ကျောင်းသွားတက်ရသလိုမျိုး ချစ်ခြင်းမေတ္တာကို လက်မခံနိုင်ခဲ့ဘူး။
မုရှောင်ယ ပြုံးပြီး ရှင်းပြမနေခဲ့ပေ။ ပိုင်ချွမ်းနဲ့ ပေါင်းသင်းဆက်ဆံရပုံမှာ ရိုးရှင်းပြီး ကလေးဆန်သည်။ သို့သော် ဤကလေးဆန်သောအရာက အခု ပိုင်ချွမ်း အတွက် အရေးကြီးဆုံးအရာဖြစ်နိုင်သည်။ မုရှောင်ယက သူမ၏ စိတ်ရှည်သည်းခံမှု မည်မျှကြာမည် သို့မဟုတ် ပိုင်ချွမ်းကို အချိန်တိုင်းတွင် သူမ၏ကတိအတိုင်း တည်နိုင်မလားဆိုတာမသိပေ။ ဒါပေမယ့် အနည်းဆုံးတော့ အခုတွင် ပိုင်ချွမ်းရဲ့ ကလေးဆန်သောနည်းလမ်းနှင့် ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒရှိနေသည်။
“သွားပြီ” သူမလက်ကိုဝှေ့ယမ်းပြီး မုရှောင်ယက တံခါးကိုတွန်းဖွင့်ပါ နာရီဝက်စောပြီး ဗီလာကိုပြန်မောင်းသွားခဲ့သည်။
ရီဖုန်း Group တွင်
လွန်ခဲ့သည့် နေ့လည်ပိုင်းတွင် ပိုင်ကျန့်က ပြင်ပပူးပေါင်းဆောင်ရွက်မှုအကြောင်း ပြောပြီးသွားသည်။ ပြန်လာတော့ ဌာနမှူးတွေအားလုံးကို ခေါ်ပြီး သူတို့နဲ့ မရပ်မနား အစည်းအဝေးလုပ်သည်။ ရုံးဆင်းခါနီးအထိ သူ့ရုံးခန်းကို ပြန်မသွားရသေးဘူး။
"ဥက္ကဌ" လက်ထောက် လုရန်က ရေငတ်ပြေစေဖို့ ရေနွေးနွေးတစ်ခွက်ကို စမတ်ကျကျ ပေးပို့ခဲ့သည်။
ပိုင်ကျန့်က တစ်ငုံသောက်ကာ သူ့လည်ချောင်းကို စိုစွတ်ပြီး ပြောလိုက်သည်။ "ခဏကြာရင် ရှောင်ချွမ်းကို ပြန်ပို့ဖို့ ကားသမား စီစဉ်လိုက် "
"ဟုတ်ကဲ့ ကျွန်တော် စီစဉ်လိုက်ပါ့မယ် " လုရန်က ချက်ချင်းပြန်ဖြေသည်။
" နောက်ပြီး ငါ့အတွက် အစည်းအဝေး ပစ္စည်းတွေ စုစည်းပြီး ညစာ မှာလိုက် " စကားပြောနေစဉ်တွင် ပိုင်ကျန့်က ၎င်း၏ဝတ်စုံအင်္ကျီကို ချွတ်ကာ ကြိုးကွင်းပေါ်၌ ချိတ်ဆွဲပြီး အင်္ကျီလက်များကို ခေါက်လိုက်သည်။ သူအလုပ်ဆက်လုပ်တော့မယ့်အချိန်မှာ သူ့လက်ထောက်က သူ့စားပွဲမှာ ရပ်နေပြီး ထွက်မသွားဘူးဆိုတာကို သူတွေ့လိုက်ရသည်။
"အခြားတစ်ခုခုရှိလို့လား။ " ပိုင်ကျန့် မေးလိုက်သည်။
“ဥက္ကဌ…” လုရန်က ခဏတုံ့ဆိုင်းသွားပြီး သူ့အိတ်ကပ်ထဲမှ အနီရောင်အိတ်တစ်ထုပ်ကို ထုတ်ကာ ပိုင်ကျန့် စားပွဲပေါ်တင်လိုက်သည်။
"ဒါကဘာလဲ။" ပိုင်ကျန့် မျက်မှောင်ကြုတ်လိုက်သည်။
“မင်္ဂလာသကြားလုံး” လုရန်က ပြန်ဖြေလိုက်သည်။
ပိုင်ကျန့်က ခဏလောက် စိတ်ရှုပ်သွားသည်။ ' မင်္ဂလာ သကြားလုံးလား။'
"လက်ထပ်ပြီးလား။" ပိုင်ကျန့်က ၎င်းတို့၏ လုပ်ငန်းအချိန်ဇယားကို မသိစိတ်မှ စတင်စဉ်းစားခဲ့သည်။ “နောက်ဆုံးပရောဂျက်တချို့က အရမ်းတင်းကျပ်နေပြီး ပဉ္စမမျိုးဆက် VR ဂိမ်းတွေက မကြာခင်မှာ ထွက်ရှိလာတော့မှာ။ ဤအချိန်ကာလကြောင့် မင်းကို ငါခွင့်မပြုနိုင်ဘူး။ အဲဒါကြောင့် မင်းရဲ့မင်္ဂလာဆောင်လက်ဆောင်ဖြစ်မယ့် အနီရောင်စာအိတ် အပိုတစ်စောင် ပို့ပေးဖို့ ဘဏ္ဍာရေးဌာနကို တောင်းနိုင်တယ်။ အပြေးအလွှား ပြီးတဲ့အခါ မင်းကို အားလပ်ရက်ကြီး တစ်ခု ပေးမယ်"
"... ကျွန်တော် အိမ်ထောင်မပြုပါဘူး" အိမ်ထောင်မပြုရသေးသော လုရန်က အံ့သြစွာပြောလာသည်။
“မင်း လက်ထပ်မရသေးဘူး၊ ဒါဆို မင်္ဂလာသကြားလုံးကို ဘာလို့ပေးတာလဲ။ ” ပိုင်ကျန့်မှာ ပြောစရာစကားတောင်မရှိတော့ပေ။
“ဒီ မင်္ဂလာသကြားလုံးကို ဒုတိယသခင်လေးက ကျွန်တော့်ကို ပေးခဲ့တာ။”
'ရှောင်ချွမ်းလား။ ' ပိုင်ကျန့်က မတူညီသောအသွင်အပြင်ဖြင့် မင်္ဂလာသကြားလုံးထုပ်ကို အေးစက်စွာကြည့်လိုက်သည်။
“ဒီနေ့ ကုမ္ပဏီမှာ ဒုတိယသခင်လေး ရောက်လာတဲ့အခါ မင်္ဂလာသကြားလုံး အိတ်ကြီးတစ်လုံးနဲ့ ရောက်လာတယ်လို့ ကြားတယ်။ တံခါးနားရောက်တော့ သူက လုံခြုံရေးအစောင့် ရှောင်ချန်ကို မင်္ဂလာသကြားလုံးတစ်ထုပ် ပေးလိုက်တယ်။ နောက်တော့ R&D ဌာနတစ်ခုလုံး မင်္ဂလာသကြားလုံးလက်ခံမရရှိသူ တစ်ဦးတစ်ယောက်မှ မရှိဘူး။ နေ့လည်ထမင်း သွားပို့ပေးတဲ့ အခါ ဒီဟာကို ကျွန်တော့ကို ပေးလိုက်တာ ” ပိုင်ကျန့်ရဲ့ လက်ထောက်အနေဖြင့် လုရန်က သူ့ သူဌေးရဲ့ ညီဖြစ်သူ ပိုင်ချွမ်းအပေါ် သူ့ သူဌေးရဲ့မေတ္တာကို ရှင်းရှင်းလင်းလင်းသိခဲ့သည်။ ယွမ်ဆယ်သန်းတန်သော ရင်းနှီးမြုပ်နှံမှုပရောဂျက်များ ပြီးမြောက်ခဲ့တာထက် ပိုင်ကျန့်က ၎င်းမိသားစု၏ ဒုတိယသခင်လေးရဲ့ အော်တစ်ဇင်ဆိုင်ရာ တိုးတက်မှုအချို့ကို ပြုလုပ်နိုင်သောအခါတွင် ပိုင်ကျန့်က ပိုမိုပျော်ရွှင်လာမည်ဖြစ်သည်။
"ပြီးတော့...အဲဒါကိုဖွင့်ပြီး ကြည့်ကြည့်လိုက် " လုရန်က ထပ်ပြီး သတိပေးသည်။
ပိုင်ကျန့်က လုရန်ကို တစ်ချက်ကြည့်လိုက်ပြီး မင်္ဂလာသကြားလုံးထုပ်ကိုယူကာ သူ့စကားအတိုင်း အထုပ်ကိုဖွင့်လိုက်ပြီး အထဲက ပန်းရောင်မှတ်စုကို ဆွဲထုတ်လိုက်သည်။ ထို့နောက် စကားမပြောဘဲ အကြာကြီး စိုက်ကြည့်နေသည်။
လုရန်က ဤအချိန်တွင် သူထွက်သွားသင့်သည်ကို သိတာကြောင့် သူက သူ့မင်္ဂလာဆောင်သကြားလုံးကို ပြန်ယူကာ ဒုတိယသခင်လေးအတွက် ယာဉ်မောင်းကို စီစဉ်ဖို့ ထွက်သွားခဲ့သည်။ မထင်မှတ်ပဲ သူ့လက်ချောင်းက ပျော်ရွှင်နေတဲ့ သကြားလုံးအစွန်းကို ထိလိုက်ရုံနဲ့ ပိုင်ကျန့်က အောက်ကို ဖိထားလိုက်သည်။
“ဥက္ကဋ္ဌ၊ ဒါက ကျွန်တော့်ကို ဒုတိယသခင်လေးပေးခဲ့တဲ့ မင်္ဂလာသကြားလုံးပဲ။” လုရန်က ပိုင်ကျန့်ရဲ့ သည်းမခံနိုင်သော အပြုအမူကို မြင်လိုက်သောအခါ ရုတ်တရက် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ရသွားခဲ့သည်။
"မင်း ငါ့ဆီ ယူလာခဲ့တာ မဟုတ်ဘူးလား။ " ပိုင်ကျန့်က မေးလိုက်သည်။
“ကျွန်တော်…အဲဒါ…” ' အဲ့ဒါက သူဌေးကိုပြဖို့ပဲ…'
ပိုင်ကျန့်ရဲ့ အေးစက်သောအကြည့်အောက်တွင် လုရန်က အမှန်တကယ်ပင် သူပြောချင်ရာကို ပြောရဲသော သတ္တိမရှိခဲ့ပေ။
မင်္ဂလာသကြားလုံးတွေကို စွန့်လွှတ်လိုက်ရတဲ့ လုရန်က ပိုင်ကျန့်ရဲ့ ရုံးခန်းကနေ ချက်ခြင်းထွက်လာခဲ့သည်။ တံခါးကိုပိတ်လိုက်ပြီးမှ သူညည်းတွားလိုက်သည်။ “ညီလေးဆီက မင်္ဂလာသကြားလုံးမရရှိခဲ့ပေမယ့် ငါ့ဆီခိုးသွားတယ်။ စိတ်ချမ်းသာမှု တစ်ခုခုတော့ ရချင်တယ်။ ဒီနှစ်ထဲမှာ ရည်းစားရှာရမယ်"
ပိုင်ချွမ်းရဲ့ အလုပ်တက်ရောက်မှုမှာ အလွန်တိကျပြီး 8:50 တွင် သူ့ရုံးခန်းထဲသို့ ဝင်သွားသည်။ သို့သော် ဆန့်ကျင်ဘက်အနေနှင့်၊ သူက သူ့အလုပ်ချိန်နှင့်ပတ်သက်ပြီး အတိအကျမသိပါ။ သူက သူ့အလုပ်များထဲမှ တစ်ခုပြီးမြောက်ပြီးနောက် ရုံးမှထွက်သွားပြီး အိမ်ပြန်ရမည့်အချိန်ကို ရုတ်တရက် သိလိုက်သည်။ ထိုအချိန်တွင်၊ R&D အရောင်းစာရေးမလေး ရှောင်လီက ကုမ္ပဏီ၏ဝင်ပေါက်တွင် စောင့်ဆိုင်းဖို့ ၎င်းတို့အား အသိပေးရန်အတွက် ယာဉ်မောင်းအား ဖုန်းဆက်မည်ဖြစ်သည်။
ထို့ကြောင့် ပိုင်ချွမ်း အလုပ်ဆင်းချိန်က ပုံမှန်အချိန်မဟုတ်သော်လည်း အချိန်အတော်ကြာပြီးနောက်မှာ ရှောင်လီက အနီးစပ်ဆုံးအချိန်အပိုင်းအခြားကို ခန့်မှန်းနိုင်ခဲ့သည်။ ပိုင်ချွမ်းက ညနေတိုင်း 6:00 မှ 7:30 အတွင်း ၎င်း၏ရုံးခန်းမှ ထွက်ခွာလိမ့်မည်။ ဒါပေမယ့် တစ်နေ့တာ၏အဆုံးတွင် မည်သူမျှ အချိန်မီ ၎င်းတို့၏ရုံးခန်းမှ ထွက်မလာပါ။ သို့သော် ယနေ့ 1:00 မှ 5:30 အတွင်း ပိုင်ချွမ်းက သူ့လက်ထဲတွင်ရှိသော ပရိုဂရမ်ကို တစ်ဝက်သာရေးထားကာ ဂရုမစိုက်ဘဲ သူ့ကွန်ပျူတာကို ချက်ချင်းပိတ်လိုက်ပြီး ရုံးမှထွက်လာခဲ့သည်။
"ဒုတိယသခင်လေး အလုပ်ဆင်းပြီလား။ " ပရိုဂရမ်မာများသည် ပိုင်ချွမ်း ရုံးခန်းမှ ရုတ်တရက် ထွက်လာသည်ကို တွေ့လိုက်ပြီးနောက် အုပ်စုချတ်တွင် တိတ်တဆိတ် စကားပြောပြန်သည်။
“မဟုတ်ဘူး၊ သူလုပ်နေတဲ့ နောက်ဆုံးပရိုဂရမ်က တစ်ဝက်ပဲ ရေးထားတယ်။ ဒုတိယသခင်လေးက အမူအကျင့်တစ်ခုကိုစွဲလမ်းပြီး အပြီးထိလုပ်တဲ့ ရောဂါရှိတယ် အလုပ်မပြီးပါရင် အလုပ်ဆင်းမှာမဟုတ်ဘူး ”
“ဒါပေမယ့် ဒုတိယသခင်လေးက ဓာတ်လှေကားတံခါးနားနီးနေပြီ”
“သန့်စင်ခန်းသုံးဖို့ ဖြစ်နိုင်လား။ ” ဓာတ်လှေကားဝင်ပေါက်အနီးတွင် သန့်စင်ခန်းတစ်ခုရှိသည်။
“အရူး၊ ဒုတိယသခင်လေးက သူ့ရုံးခန်းထဲမှာ ရေချိုးခန်းရှိတယ်”
ပိုင်ချွမ်း သက်တောင့်သက်သာရှိစေရန်အတွက် ပိုင်ကျန့်က ပိုင်ချွမ်းရဲ့ ရုံးခန်းကို သူတတ်နိုင်သမျှ ပြင်ဆင်ခဲ့သည်။ ပိုင်ချွမ်း မလိုလားသရွေ့၊ သူ့ရုံးခန်းအပြင်ဘက်သို့ ခြေတစ်လှမ်း လှမ်းကြည့်ရန် မလိုအပ်ကြောင်း ပြောနိုင်သည်။ ထို့ကြောင့် ပိုင်ချွမ်း ရုံးခန်းမှထွက်သွားသည်နှင့် အိမ်ပြန်ဖို့အဆင်သင့်ဆိုတာကို R&D ဌာနရှိလူများက တဖြည်းဖြည်း သိလာသည်။
ပိုင်ချွမ်း ရုံးခန်းကြီးမှ ထွက်လာပြီးနောက် ညာဘက်ခြမ်းရှိ ဓာတ်လှေကားဆီ လျှောက်သွားသည်။
“ဒုတိယ… ဒုတိယသခင်လေး အလုပ်ဆင်းတော်မှာလား။ ” စာရေးမလေး ရှောင်ဘီက မသေချာမရေရာ မေးသည်။
ပိုင်ချွမ်းက စကားမပြောဘဲ ဓာတ်လှေကားအတွက် ခလုတ်ကို နှိပ်လိုက်သည်။ ဓာတ်လှေကား တက်လာသောအခါ သူ လှမ်းဝင်သွားသည်။
“ ရှောင်လီ ဒုတိယသခင်လေးက အိမ်ပြန်ဖို့ အလုပ်ဆင်းသွားတာလား။” ယုချင်ကခေါင်းလှည့်ပြီး မေးလိုက်သည်။
“အာ ကျွန်မမသိဘူး ဒုတိယသခင်လေးက ပြန်မဖြေဘူး။ ” ရှောင်လီက ခဏမျှ တုံ့ဆိုင်းသွားပြီး အောက်ထပ်မှ ယာဉ်မောင်းကို အကြောင်းကြားဖို့ စားပွဲပေါ်က ဖုန်းကို ကောက်ကိုင်လိုက်သည်။ “ဒုတိယသခင်လေး အစောက ဆင်းသွားတယ်”
“ဒုတိယသခင်လေး အလုပ်က တကယ်ဆင်းသွားပုံရတယ်။ ” ယုချင်က နောက်ပြန်လှည့်ပြီး လူတိုင်းကို ကြေညာလိုက်သည်။
"ငါတို့ဒုတိယသခင်လေးရဲ့ အမူအကျင့်တစ်ခုကိုစွဲလမ်းပြီး အပြီးထိလုပ်တဲ့ ရောဂါကို ကုသပေးခဲ့သူက ဘယ်သူလဲ။" တစ်စုံတစ်ဦးက စိတ်ဆင်းရဲစွာ အော်ဟစ်လိုက်သည်။ ဒုတိယသခင်လေးက ၎င်း၏တစ်လကြာ အားလပ်ရက်မှ ပြန်လာကာ ဒုတိယသခင်လေး မည်မျှ အလုပ်လုပ်ရမည်ဟု မမျှော်လင့်ရဲပဲ လက်ထဲတွင်ရှိသော ပရိုဂရမ်ကို အပြီးသတ်နိုင်မည်ဟုသာ မျှော်လင့်နေကြသည်။
"ဟင့်အင်း ဒုတိယသခင်လေးရဲ့ အမူအကျင့်တစ်ခုကိုစွဲလမ်းပြီး အပြီးထိလုပ်တဲ့ ရောဂါက ပျောက်ကင်းသွားပြီလို့ ကျွန်တော်မထင်ဘူး။ ဒါပေမယ့် ထိန်းချုပ်မှုစင်တာကနေ ကျွန်တော်တို့ဆီ တပြိုင်နက် ဒုတိယသခင်လေး ရဲ့သတင်းစကားရောက်လာတဲ့အခါ၊ အဆင့်မြင့်တဲ့အလုပ်တစ်ခုကို လုပ်ဆောင်ဖို့ ဒုတိယသခင်လေး ရဲ့ ဦးစားပေးမှုက ပြောင်းလဲသွားတယ်" အန်းထုန်းမူက ရုတ်တရက်ထရပ်ပြီး ပြောလာသည်။
"အဆင့်မြင့်တဲ့အလုပ်ကဘာလဲ။ " အားလုံးက အံ့သြသွားကြသည်။
"သူ့မိန်းမက သူ့ကို ညစာစားဖို့ အိမ်ခေါ်တယ်"
“…”
ပိုင်ချွမ်း ရုံးခန်းမှ အောက်ထပ် ဓာတ်လှေကားဆင်းရန် သုံးမိနစ်ခန့် အချိန်ယူရပြီး ကားပေါ်တက်ကာ ထိုင်ခုံခါးပတ်ကို ပတ်ရန် နောက်ထပ်တစ်မိနစ် အချိန်ယူရသည်။ ကုမ္ပဏီမှ အိမ်သို့ ကားမောင်းရန် မိနစ် ၂၀ သာ ကြာမည်ဟု သူ တွက်ဆထားသည်။ ခြောက်နာရီမတိုင်ခင် အိမ်ပြန်စောင့်လို့ရသည်။
ယာဉ်မောင်းက စတင်မောင်းနှင်ပြီးနောက် ပိုင်ချွမ်းက နောက်ထိုင်ခုံတွင် ထိုင်ကာ အချိန်ကို တိတ်တဆိတ် ရေတွက်သည်။ အလုပ်ဆင်းချိန်၊ ဓာတ်လှေကားအတက်အဆင်းအချိန်၊ အမြန်နှုန်းကို တွက်ချက်သော်လည်း ယာဉ်ကြောအသွားအလာကို တွက်ချက်ရန် မေ့သွားခဲ့သည်။ တစ်နည်းဆိုရသော် အရင် ပိုင်ချွမ်းက အလုပ်သို့သွားစဉ် အသွားအလာကို ဘယ်သောအခါမှ ဂရုမစိုက်ပါ။
နေ့လည် ၅း၃၀ တွင်၊ မြို့တွင်းရှိ ကုမ္ပဏီအများစု အလုပ်ပိတ်နေပြီဖြစ်သည်။ ဤအချိန်သည် ယာဉ်ကြောပိတ်ဆို့မှု၏ အထွတ်အထိပ်အချိန်ဖြစ်သည်။ ကားမောင်းပြီး ဆယ်မိနစ်လောက်ကြာတော့ ကားက သိသိသာသာ နှေးသွားသည်။ ခြောက်နာရီထိုးခါနီးမှ လမ်းတစ်ဝက်ကျော်ကျော်လောက်ကိုသာ ရောက်နေသေးသည်။
ပိုင်ချွမ်းကို အိမ် ခေါ်ဆောင်ဖို့ တာဝန်ရှိယာဉ်မောင်းက ပိုင်ချွမ်း ခြောက်နာရီမထိုးမီ အိမ်ပြန်ရန် လိုအပ်ကြောင်းကို မသိခဲ့ပါ။ ယာဉ်ကြောပိတ်ဆို့မှုကို ကြုံတွေ့ပြီးနောက်တွင် အရှိန်လျှော့ကာ လိပ်ယာဉ်အမြန်နှုန်းနှင့် ဖြည်းညှင်းစွာ လိုက်သွားသည်။ အနောက်မှ ရုတ်တရက် အသံထွက်ပေါ်လာသည်အထိ စိတ်ရှည်သည်းခံစွာဖြင့် ရှေ့သို့ မောင်းနှင်သွားခဲ့သည်။
ခြောက်နာရီထိုးပြီ။
ပိုင်ချွမ်းက ကားအပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်ရာ အချိန်မီပြန်သွားမရသည်ကို တွေ့လိုက်ရသည်။ ရုတ်တရက် စိတ်ပူလာသည်။ သူအိမ်ပြန်သွားပြီး ရှောင်ယကိုတွေ့ချင်သည်။ ကားတံခါးကိုဖွင့်ကာ အမြန်ထွက်သွားပြီး လမ်းပြန်လျှောက်ဖို့ ကြိုးစားပေမယ့် ဖွင့်ဖို့ကြိုးစားတဲ့အခါမှာတော့ မဖွင့်နိုင်ခဲ့ဘူး။ ထို့နောက် အကြိမ်အနည်းငယ် ကြိုးစားခဲ့သော်လည်း အကျိုးမရှိခဲ့ပေ။
သူဘာကြောင့် မဖွင့်နိုင်ခဲ့တာလဲ။
စိုးရိမ်စိတ်က ချက်ချင်းပင် အတိုင်းအဆမရှိ ကြီးထွားလာပြီး တံခါးကိုဖွင့်လိုက်သည့် လုပ်ဆောင်ချက်က ပို၍ပြင်းထန်လာသည်။ နောက်ဆုံးတွင် ပိုင်ချွမ်းက တံခါးကို သူ့ခန္ဓာကိုယ်နဲ့ တွန်းကာ တံခါးကိုဖွင့်ရန် ကြိုးစားသည်။
"ဒုတိယသခင်လေး ဒုတိယသခင်လေး သခင်လေး မင်းဘာဖြစ်နေလို့လဲ။ အခု ကားပေါ်ကနေ ထွက်မရသေးဘူး။ ” ယာဉ်မောင်းကို ပိုင်ချွမ်း နေအိမ်သို့ ခေါ်ဆောင်ရန် တာဝန်ပေးထားသည်။ ဒီမြင်ကွင်းကို သူ တစ်ခါမှ မမြင်ဖူးဘူး။ သူ ကြောက်လန့်ပြီး ဘာလုပ်ရမှန်း မသိတော့ဘူး။
“ခြောက်နာရီထိုးပြီ။ ငါအိမ်ပြန်မယ်။ ငါအိမ်ပြန်မယ်။ ခြောက်နာရီထိုးပြီ။" ပိုင်ချွမ်းက ခြောက်နာရီထိုးပြီ အိမ်ပြန်မယ်လို့ဆိုကာ တံခါးကို သူ့ပုခုံးနှင့် တွန်းရင်း အသံတိုးတိုးလေးဖြင့် ဆက်ပြောနေသည်။
"ဒုတိယသခင်လေး ဒုတိယသခင်လေး တံခါးကို မတိုက်နဲ့" ကားသမားက ကြောက်လန့်တကြား အော်နေရုံမှတပါး ဘာမှမတတ်နိုင်ပေ။
"ခြောက်နာရီထိုးနေပြီ ငါအိမ်ပြန်မယ်" ပိုင်ချွမ်းက ဤစာကြောင်းကို ထပ်ခါတလဲလဲ ပြောနေခဲ့ပြီး ပြင်ပအသံကို မကြားနေခဲ့ပေ။
“ဒုတိယသခင်လေး ဒုတိယသခင်လေး။” ဒီအတိုင်းထပ်တိုက်ရင် ဒဏ်ရာရသွားလိမ့်မည်။ ယာဉ်မောင်းက သွားများအံကြိတ်ကာ ထိုင်ခုံအလွတ်ကိုကြည့်ပြီး ကားကို လမ်းဘေးသို့ရွှေ့ပြီးနောက် အရေးပေါ်ဘရိတ်ကို ဆွဲကာ ထိုင်ခုံခါးပတ်ကိုချွတ်ပြီး ပိုင်ချွမ်း ကိုယ်တိုင် ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ဖို့ နောက်ထိုင်ခုံပေါ်သို့ တက်ခဲ့သည်။
ယာဉ်မောင်းက ပိုင်ချွမ်း ခါးကို နောက်ကနေ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး နောက်ပြန်ဆွဲထုတ်ပေမယ့် ကားထဲမှာ နေရာလွတ်က သေးသေးလေးဖြစ်ပြီး သူ့ရဲ့စစချင်းမှာ ပိုင်ချွမ်း ရဲ့ခွန်အားနဲ့တွဲဖက်ပြီး ယာဉ်မောင်းက ပိုင်ချွမ်း လုံးဝပြန်မထိန်းနိုင်တော့တဲ့အတွက် လျှော့ချလိုက်ရုံပါပဲ။ နေရာလွတ်ထဲတွင် ယာဉ်မောင်းက ပိုင်ချွမ်းရဲ့ တံတောင်ဆစ်ဖြင့် မျက်နှာကို အကြိမ်ပေါင်းများစွာ ထိမှန်ခဲ့ပြီး နာကျင်နေသော သွားများကို ကြိတ်ထားသည်။
ယာဉ်မောင်းက ဘာလုပ်ရမလဲဆိုတာ တွေးနေချိန်မှာ သူ့ရင်ခွင်ထဲမှာ ပြင်းထန်စွာ ရုန်းကန်နေတဲ့ ပိုင်ချွမ်းက ရုတ်တရက် ရပ်သွားသည်။ သူက တံခါးကို မထိတော့ဘဲ အိတ်ကပ်ထဲသို့ ဖြည်းညှင်းစွာ ရောက်သွားကာ အိတ်ကပ်ထဲမှ တောက်ပနေသော ဆဲလ်ဖုန်းကို ဆွဲထုတ်လိုက်သည်။
တစ်စုံတစ်ယောက်က ဒုတိယသခင်လေးကို ဖုန်းခေါ်ခဲ့တာလား။ ဒါပေမယ့် ဖုန်းမြည်သံက ထူးဆန်းသော Didi နှင့်သာ မြည်လာသည်။ သူ အဲဒါကို ဂရုမစိုက်ဘူးဆိုရင်တောင်မှ မကြားနိုင်သလို ဒုတိယသခင်လေးလည်း အစကတည်းက အဲဒါကို သေချာပေါက်ကြားနိုင်မှာ မဟုတ်ဘူး။
"ဟေး ရှောင်ချွမ်း ရှင် အလုပ်က ပြန်လာနေပြီလား။ ရှင် ဘယ်တော့အိမ်ပြန်ရောက်မှာလဲ။ " ဖုန်းခေါ်ဆိုမှုကို ချိတ်ဆက်လိုက်သောအခါတွင် မုရှောင်ယ အသံက ဖုန်းမှထွက်လာသည်။
“ဒါက 6:10၊ 6:10၊ 6:10 ” ပိုင်ချွမ်းက ဆဲလ်ဖုန်းပေါ်ရှိအချိန်ကို တစ်ချက်ကြည့်လိုက်ရာ သူ့တစ်ကိုယ်လုံး ထိတ်လန့်တကြားဖြစ်သွားပြန်သည်။
"ဟဲလို ရှောင်ချွမ်း ရှင်ဘာဖြစ်နေတာလဲ။ "မုရှောင်ယက ပိုင်ချွမ်း ပြောတာကိုကြားပြီး တစ်ခုခုတော့ မမှန်မှန်းသိပြီးနောက် စိုးရိမ်တကြီးမေးလိုက်သည်။
“6:10၊ 6:10၊ 6:11…” အချိန်က တစ်မိနစ်နှင့်တစ်စက္ကန့်ကြာလာသည်နှင့်အမျှ ပိုင်ချွမ်းက ပို၍ပို၍စိုးရိမ်လာကာ အာရုံမစိုက်နိုင်သဖြင့် မုရှောင်ယ မေးခွန်းကို မဖြေနိုင်ခဲ့ပေ။
ပိုင်ချွမ်းက ပုံမှန်အတိုင်း ဆက်သွယ်ပြောဆိုနိုင်ခြင်း မရှိသည်ကို ယာဉ်မောင်းမှ မြင်သောအခါတွင်၊ သူက ၎င်း၏ ဆဲလ်ဖုန်းရှိ စပီကာခလုတ်ကို နှိပ်ရုံသာ ရှိပြီး ဖုန်း၏ အခြားတစ်ဖက်ရှိ လူအား "ဟယ်လို ကျွန်တော်က ဒုတိယသခင်လေးကို ကြိုဖို့ တာဝန်ပေးထားသည့် ယာဉ်မောင်းပါ ဒုတိယသခင်လေးမှာ ပြဿနာရှိပုံရတယ် ”
"ဘာ ဘာဖြစ်နေတာလဲ။ "
“အခုလေးတင်ပဲ၊ ဒုတိယသခင်လေးက ကားထဲကထွက်ပြီး တံခါးကို သူ့ခန္ဓာကိုယ်နဲ့ ရိုက်တယ်။ နောက်ဆုံးတော့ သူ့ကို တားနိုင်ခဲ့တယ်။ အခု…” ယာဉ်မောင်းက ပိုင်ချွမ်စ တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ “သူက တံခါးကို သူ့ခန္ဓာကိုယ်နဲ့ မတိုက်တော့ပေမယ့် 6:10 လို့ ပြောနေတယ်။ အိုး၊ ၆ နာရီ အိမ်ပြန်မယ်လို့လည်း ပြောတယ် ”
"ဆရာ ရှင့်မျိုးရိုးက ဘယ်လိုခေါ်ပါလဲ။ " အကြောင်းရင်းကို ခန့်မှန်းမိသူ မုရှောင်ယက ငြိမ်သက်သွားသည်။
"ကျွန်တော့် နာမည်က မာပါ"
"ဆရာမာ ကျေးဇူးပြုပြီး ဆဲလ်ဖုန်းကို ရှောင်ချွမ်းနား ထားပြီး အသံအတိုးအကျယ်ကို အမြင့်ဆုံးသို့ လှည့်ပေးပါ " မုရှောင်ယက ပြောလိုက်သည်။
ဒရိုင်ဘာက ၎င်းကိုကြည့်ကာ နေရာချထားပြီးနောက် ဆဲလ်ဖုန်းရှိမိန်းကလေးက ပိုင်ချွမ်းကို အလွန်ပေါ့ပါးသောလေသံဖြင့် ပြောတာကို ကြားလိုက်ရသည်။ “ ရှောင်ချွမ်း ကျွန်မ ရှင့်ကို လာခေါ်လိုက်မယ်။ ရှင် ကျွန်မကို ကားပေါ်မှာစောင့်နေမှာလား။"
ဤစာကြောင်းကို ငါးကြိမ်ဆက်တိုက် ထပ်ခါထပ်ခါပြောပြီးနောက်မှာ ပိုင်ချွမ်းက တဖြည်းဖြည်းနှင့် သူ့အသိများထံ ပြန်ရောက်သွားသည်။ "မင်းကိုယ့်ကို ခေါ်ဖို့ လာမှာလား။ "
“ဟုတ်တယ်၊ ကျွန်မလမ်းပေါ်ရောက်နေပြီ။ ရှင် ကျွန်မကို ကားထဲမှာ ခဏစောင့်မှာလား။"
"အိုကေ"
“ပြီးတော့ ရှင့်လက်ကိုင်ဖုန်းကို ရှင့်ဘေးနားက ယာဉ်မောင်းကို ပေးလိုက်နော်။ ကျွန်မသူ့ကိုပြောစရာရှိတယ်"
ပိုင်ချွမ်း ခေါင်းညိတ်ပြကာ သူ့ဘေးနားရှိ ထူးဆန်းသောယာဉ်မောင်းကို တစ်ချက်ကြည့်လိုက်ပြီး ဆဲလ်ဖုန်းကို ပေးလိုက်သည်။ ဆရာမာက ဖုန်းကိုယူလိုက်ပြီး ပြောလိုက်သည်။ “ဒါက ကျွန်တော်ပါ”
"ဆရာမာ ရှောင်ချွန်း ဆဲလ်ဖုန်းနဲ့ ရှင့် GPS သြဒိနိတ်များကို ကျွန်မဆီ ပေးပို့ပါ။ ကျွန်မ မလာခင်မှာ သူ့ကို ဂရုတစိုက်ကြည့်ရှုပြီး ကားထဲက မထွက်စေနဲ့၊ ဒါမှမဟုတ် သူ့ကိုယ်သူ မထိခိုက်စေပါနဲ့။ ကျွန်မ ရှင့်ကို ဒုက္ခပေးရဦးမယ် " မုရှောင်ယက ရိုးသားစွာ ပြောခဲ့သည်။
“အိုကေ။” ဆရာ မာက ပိုင်ချွမ်းကို ကားထဲမှ မထွက်ခိုင်းရဲပေ။ သူက ကားကို အတွင်းကနေ သော့ခတ်လိုက်ပြီး ပိုင်ချွမ်း ဘေးမှာ ဝင်ထိုင်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ ဥက္ကဋ္ဌသား ဒုတိယသခင်လေးက တစ်စုံတစ်ခု ဖြစ်ခဲ့သဖြင့် ရှင်းပြရန် မတတ်နိုင်တာကြောင့် ကုမ္ပဏီကို အကြောင်းကြားရန် သူဖုန်းဆက်ခဲ့သည်။
လုရန်က ခေါ်ဆိုမှုကို လက်ခံရရှိသည့်အခိုက်တွင် ကြောက်ရွံ့ထိတ်လန့်နေသော မျက်နှာသည် ဖြူဖျော့သွားကာ ဥက္ကဌရုံးခန်းထဲ အမြန်ပြေးသွားသည်။ - "ဥက္ကဌ ဒုတိယသခင်လေး အိမ်ပြန်တဲ့လမ်းမှာ ပြဿနာရှိနေတယ်။"
"ဘာ။"
တကယ်တော့ ပိုင်ချွမ်းရဲ့ကားတည်ရှိရာနေရာက ပိုင် မိသားစုရဲ့ဗီလာနဲ့ အလွန်နီးကပ်တဲ့အတွက် မုရှောင်ယက ပိုင်ချွမ်းရှိတဲ့နေရာကို ပိုင်ကျန့်ထက် ပိုမြန်အောင် ရောက်ရှိနိုင်ခဲ့ပေမယ့် ယာဉ်ကြောပိတ်ဆို့မှုက ဒီအချိန်မှာ ပိုပြင်းထန်လာသည်။ ပိုင်ချွမ်းနဲ့ တစ်ကီလိုမီတာအောက်သာ ဝေးပြီး ကားကို ပိတ်ဆို့ထားသည်ကို မြင်လိုက်ရသဖြင့် ခက်ခက်ခဲခဲ လမ်းလျှောက်ဖို့ ဆုံးဖြတ်ခဲ့သည်။
" ဦးလေးလီ ကျွန်မအရင်ပြေးသွားလိုက်မယ်၊ ကားကို ဖြည်းဖြည်း မောင်းလာလို့ရတယ် " မုရှောင်ယက စိုးရိမ်တကြီးဖြင့် ကားတံခါးကို တွန်းဖွင့်ပြီး ဦးလေးလီရဲ့တုံ့ပြန်မှုကို မစောင့်ဘဲ ပြေးထွက်လာခဲ့သည်။
မုရှောင်ယက ကားအသွားအလာများကြားတွင် ခြေလှမ်းအနည်းငယ် ပြေးကာ သူမ၏ အမြန်နှုန်းက မမြန်ဟု ခံစားရသည်။ မုရှောင်ယက သူမ၏ ဒေါက်မြင့်ဖိနပ်ကို ရိုးရိုးရှင်းရှင်း ချွတ်ပြီး သူမခြေဗလာနဲ့သာ ပြေးခဲ့သည်။ ဆယ်မိနစ်ခန့် ပြေးပြီးနောက်ဆုံးတွင် မုရှောင်ယက ပိုင်ချွမ်းရဲ့ကားကို တွေ့လိုက်ရသည်။
သူမသည် နောက်ထိုင်ခုံ၏ ပြတင်းပေါက်သို့ ပြေးသွားချိန်တွင် အတွင်းဘက်တွင် ပိုင်ချွမ်းကို တွေ့လိုက်သည်။
ပိုင်ချွမ်းက နောက်ထိုင်ခုံတွင် မတ်တတ်ထိုင်နေပြီး သူ့လက်ကိုင်ဖုန်းကို လက်ထဲတွင်ကိုင်ထားကာ သူဘာပြောနေမှန်း သူမသေချာမသိပေ။
ပိုင်ချွမ်း အဆင်ပြေနေတာကိုမြင်တော့ မုရှောင်ယ စိတ်သက်သာရာ ရသွားသည်။ သူမက ငုံ့လိုက်ပြီး ပိုင်ချွမ်း ဘေးကပြတင်းပေါက်ကို ညင်သာစွာ ခေါက်လိုက်ပြီး “ ရှောင်ချွမ်း” လို့ ခေါ်လိုက်သည်။
ရင်းနှီးသောအသံကိုကြားတော့ ပိုင်ချွမ်းက ခေါင်းကိုလှည့်ကြည့်ချိန် ပြတင်းပေါက်အပြင်ဘက်မှာ မုရှောင်ယကို တွေ့လိုက်ရသည်။ သူ့မျက်လုံးတွေ ချက်ချင်းလင်းလာပြီး တံခါးကိုဖွင့်ပြီး ထွက်သွားဖို့ စိတ်လှုပ်ရှားနေသည်။
ဒီတစ်ခါတော့ ကားသမားက သူ့ကို မတားဘူး။ သူက ကားကိုသော့ဖွင့်ပြီး ပိုင်ချွမ်းကို တံခါး ချောမွေ့စွာဖွင့်ခွင့်ပေးသည်။
"ရှောင်ယ" ပိုင်ချွမ်းက ကားထဲမှ အမြန်ထွက်သွားပြီး မုရှောင်ယ လက်မောင်းကို လှမ်းဆွဲလိုက်သည်။ မုရှောင်ယကို တွန်းပြီး တိုက်မိသွားသည်။ သူမက နောက်ကို ခြေလှမ်းနှစ်လှမ်းဆုတ်သွားကာ သူမလက်ထဲက ဒေါက်မြင့်ဖိနပ် ပြုတ်ကျသွားသည်။
"ကျွန်မဒီမှာပါ" မုရှောင်ယက သူမ ဖိနပ်ကို ကောက်ယူဖို့ ဂရုမစိုက်ဘဲ ပိုင်ချွမ်းရဲ့ အပြုအမူကို ဂရုတစိုက် သတိထားမိသည်။ ကံကောင်းထောက်မစွာနဲ့ ၎င်းက အလွန်လေးနက်ပုံမပေါ်ပါ။
“ ရှောင်ယ ရှောင်ယ ရှောင်ယ …” ပိုင်ချွမ်းက ဆက်ခေါ်နေပြီး မုရှောင်ယက ခေါ်ခွင့်ပေးလိုက်သည်။ ပိုင်ချွမ်းက ငြိမ်သက်သွားသည်အထိ ခေါ်နေပြီး မုရှောင်ယက ပြန်ဖြေနေသည်။
"ခြောက်နာရီထိုးနေပြီကို ကိုယ် အိမ်မပြန်နိုင်ဘူး။" ပိုင်ချွမ်းရဲ့အသံထဲမှာ မကျေနပ်ချက်များနှင့် ပြည့်နေသည်။ သူက ခြောက်နာရီတွင် အိမ်ပြန်လာမည်ဟု ရှောင်ယကို ကတိပေးခဲ့သော်လည်း ယခု 6:46 ဖြစ်နေပြီဖြစ်ပြီး အိမ်မပြန်ရသေးပေ။
သူအိမ်ကို အချိန်မီမရောက်လာတာကြောင့် ဤအရာက အမှန်တကယ်ဖြစ်ခဲ့တာလား။
“အဆင်ပြေပါတယ်။” မုရှောင်ယက အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးနဲ့ ပြောလိုက်သည်။ "ရှင့်ကို အိမ်ပြန်ကြိုဖို့ ကျွန်မဒီမှာ မဟုတ်ဘူးလား။"
"နောက်ကျနေပြီ၊ ခြောက်နာရီမှာ အချိန်မီ အိမ်မပြန်နိုင်ဘူး"
"ကျွန်မက အရမ်းနောက်ကျသွားပြီ။ ပြီးခဲ့တဲ့အပတ်က ယာဉ်ကြောပိတ်ဆို့မှုကြောင့် နောက်ကျခဲ့ပြီး ရှင် ကျွန်မကိုစောင့်နေရတယ်။ " မုရှောင်ယ ပြောလိုက်သည်။
"မင်း ကိုယ့်ကိုမစောင့်ချင်ဘူး။ မင်းစောင့်တဲ့အခါ အချိန်က အရမ်းနှေးတယ်။” ပိုင်ချွမ်းက ထိုအချိန်က နှေးကွေးစွာ ရွေ့လျားသွားသည့် ခံစားချက်ကို မကြိုက်ပါ။
'ဒါဆို ရှင် ကျွန်မကိုစောင့်နေတုန်းက အချိန်က နှေးကွေးတယ်လို့ ရှင်အမြဲခံစားမိတာလား။'
“အင်း… ရှင့်ကို ကျွန်မစောင့်ဘူး။ ကျွန်မ ရှင့်ဆီ လာခဲ့တယ” မုရှောင်ယ ရုတ်တရက် ငိုချင်လာသည်။
အတန်ကြာစဉ်းစားပြီးနောက်တွင် မုရှောင်ယရဲ့ ရှင်းပြချက်သည် အလွန်ကျိုးကြောင်းဆီလျော်ပုံပေါက်တယ်လို့ ပိုင်ချွမ်းတွေးမိသည်။
'ဟုတ်တယ် ရှောင်ယက မစောင့်ဘဲ၊ သူမက သူ့ကိုရှာဖို့ လာခဲ့တယ် ' ဤနားလည်သဘောပေါက်မှုကြောင့် ပိုင်ချွမ်း နည်းနည်းပျော်သွားကာ သူမပြုံးမနေနိုင်ဖြစ်သွားသည်။
"ဖိနပ်။" ပြုံးပြီးနောက်တွင် ပိုင်ချွမ်းက သူမခြေထောက်ဘေးမှ မုရှောင်ယ ဖိနပ်များကို သတိပြုမိသွားသည်။ သူက ငုံ့လျက် မုရှောင်ယရဲ့ ကောက်နေသောခြေဖနောင့်ကို ဖြောင့်အောင်ကူညီပေးပြီး မုရှောင်ယ ခြေဖဝါးပေါ်တွင် တင်ထားပေးသည်။
မုရှောင်ယက ခြေထောက်ကို မြှောက်လိုက်ပြီး ဖိနပ်ကို ဝတ်လိုက်သည်။
"ရှေုင်ချွမ်း အိမ်ပြန်ရအောင်" မုရှောင်ယက ပိုင်ချွမ်းကိုဆွဲပြီး ကားပေါ် ပြန်တက်ခဲ့သည်။
အသွားအလာ ကြပ်နေဆဲ ဖြစ်သည်။ လူတွေက ခေါင်းကိုက်အောင် အဆက်မပြတ် ဟွန်းတီးကြသည်။ ယာဉ်မောင်းတစ်ဦးက ၎င်းတို့၏ကားကို ယာဉ်လမ်းကြောင်းထဲသို့ ပေါင်းထည့်လိုက်သောအခါ ယာဉ်ကြောပိတ်ဆို့မှုသည် ပို၍ပင် နှေးကွေးသွားစေသည်။ သို့သော် နောက်ခန်းရှိ ပိုင်ချွမ်းက စိတ်မရှည်တော့ပေ။ ဆရာမာက မှန်ထဲမှ လှမ်းကြည့်လိုက်သည်။ သူတို့၏ ဒုတိယသခင်လေးက ကောင်မလေး၏လက်ကို ယခုပင် ဆုပ်ကိုင်ထားပြီး စိတ်ကောင်းရှိသည့်အတိုင်း သူတို့၏မျက်လုံးများသည် တောက်ပနေသည်။
၎င်းသည် ယနေ့ ကုမ္ပဏီတွင် မင်္ဂလာသကြားလုံးပေးခံရသည့် လုံခြုံရေးအစောင့်လေး ရှောင်ချန်ရဲ့ စကားကို နားထောင်ခြင်းက ဒုတိယသခင်လေးရဲ့ ဇနီးဖြစ်သည်ဟု ကောက်ချက်ချခဲ့သည်။
သူတို့၏ကားမှ ဆယ်မီတာကျော်အကွာအဝေးတွင် ပိုင်ကျန့်က ရပ်လိုက်ပြီး ပိုင်ချွမ်းရဲ့ ကားထွက်သွားသည်ကို လုရန်ရဲ့ကား ကျော်တက်လာသည်အထိ ကြည့်နေခဲ့သည်။
“ဥက္ကဋ္ဌ၊ ဒုတိယသခင်လေးကော ဘယ်လိုလဲ။ ” လာရန်က ဒုတိယသခင်လေးကို ရှာဖို့ ကားပေါ်မှဆင်းသွားသော ပိုင်ကျန့်ကို တွေ့သောအခါ ထူးဆန်းစွာမေးလိုက်သော်လည်း လမ်းဘေးတွင် ထိတ်လန့်သွားသည်။
"အိမ်ပြန်ပြီ" ပိုင်ကျန့်က မင်္ဂလာသကြားလုံးထဲမှ မှတ်စုနှင့် ယခုလေးတင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ခြေဗလာနဲ့ပြေးသွားသော မုရှောင်ယရဲ့ အခြေအနေကို တွေးနေမိသည်။ ဤအမျိုးသမီးက သူ့ညီငယ်အပေါ် ရိုးသားတာကြောင့် သူနောက်ဆုံးတွင် စိတ်ချသွားပုံရသည်။
"ကုမ္ပဏီကို ပြန်သွားမယ်။" ပိုင်ကျန့်က ကားပေါ်ပြန်တက်သွားသည်။
"အာ။" လုရန် အံ့သြသွားသည်။ ညီလေးနဲ့ ရှုပ်ထွေးနေတဲ့ ဒီလူက ဒုတိယသခင်လေး ပြဿနာရှိတိုင်း သူ(ပိုင်ကျန့်)က သူ့(ပိုင်ချွမ်း)ကို အမြဲသွားတွေ့လေ့ရှိပေမယ့် အခုတော့ သူက သွားတွေ့မရုံတင်မကပဲ ကုမ္ပဏီကို ပြန်သွားဖို့ စိတ်ပါနေတုန်းပဲလား။