အပိုင်း ၆၇
Viewers 551

#ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

#အပိုင်း ၆၇; လင်းဟန့်၏ရောဂါဖြစ်ပွားမှု

ယနေ့စနေနေ့တွင် မူလအစီအစဉ်က မုအိမ်မှာ ညစာစားရန်စီစဉ်ထားသော်လည်း နောက်ဆုံးစာမေးပွဲနီးလာသောကြောင့် မုမိဘများ အလုပ်ရှုပ်နေကာ စားပွဲမှပင်မထွက်နိုင်သဖြင့် အစီအစဉ်ကို ခေတ္တဖျက်လိုက်ရသည်။

မုရှောင်ယမှာလည်း နောက်ထပ် အစီအစဉ်မရှိတာကြောင့် သူတို့နှစ်ယောက် ဘယ်မှမသွားဘဲ အိမ်မှာပဲ တီဗီကြည့်ဖို့ ရွေးချယ်ခဲ့ကြသည်။ ပျော်ရွှင်စွာကြည့်နေစဉ်တွင် မုရှောင်ယ ဖုန်းက ရုတ်တရက်မြည်လာကာ ကောက်ကိုင်လိုက်သောအခါတွင် သူမ၏ဝမ်းကွဲဖြစ်သူ လင်းဟန့် ဖြစ်သည်ကို သိလိုက်ရသည်။

"ဝမ်းကွဲ" မုရှောင်ယက ဖုန်းကို အမြန်ဖြေလိုက်သည်။

"ရှောင်ယ ဒီနေ့က ပိတ်ရက်မို့ မင်းအလုပ်မရှိဘူးမလား။ " လင်းဟန့်က မေးသည်။

"ဟုတ်တယ် ငါ့မှာ အလုပ်မရှိဘူး၊ နေ့ခင်းမှာ နင်နဲ့ လိန်လိန်ကို လာတွေ့မယ်လို့လည်း ပြောထားသေးတယ်လေ " မုရှောင်ယက လင်းဟန့်ရဲ့ ကျန်းမာရေးကောင်းမွန်ကြောင်း သေချာစေရန် နေ့လည်တိုင်းတွင် လင်းဟန့်နဲ့ သူမသမီးထံ သွားရောက်လည်ပတ်သည်။ ထို့အပြင်၊ လိန်လိန်က မကြာသေးမီကမှ များစွာတိုးတက်ကောင်းမွန်လာခဲ့ပြီး ညဘက်တွင် သူမကို ပြုစုစောင့်ရှောက်ပေးမည့် သူနာပြုဆရာမတစ်ဦးရှိသောကြောင့် လင်းဟန့်သည် သက်သာရာရကာ သူမအသားအရည်က ပိုကောင်းမွန်လာခဲ့သည်။ မနေ့က သူမကို သွားကြည့်တော့ လင်းဟန့်က ပေါ့ပေါ့ပါးပါး မိတ်ကပ်လိမ်းထားသေးသည်။

သူမမှာ မိတ်ကပ်လိမ်းဖို့ အချိန်ရှိတော့ အရမ်းမပင်ပန်းသင့်ဘူး။

"ဒါဆို ဒီကိုလာ၊ နင့်ခင်ပွန်းကိုကော ခေါ်ခဲ့လိုက်" လင်းဟန့်က ဆက်ပြောလာသည်။ "လိန်လိန်ရဲ့အဖေက မနေ့ကညက ရောက်လာတယ်၊ မင်းကို ညစာစားဖိတ်ချင်လို့"

“ဝမ်းကွဲ နင်က ယဉ်ကျေးလွန်းတယ်။ ငါတို့ ညစာစားဖို့ အလျင်လိုနေတာမဟုတ်ဘူး၊ အဲဒါကို ထပ်မပြောခင် လိန်လိန် သက်သာလာတဲ့အထိ စောင့်လိုက်ပါ”

"လိန်လိန်ရဲ့အဖျားက တော်တော်သက်သာသွားပြီ နောက်နှစ်ရက်အကြာမှာ ဆေးရုံက ဆင်းနိုင်ပြီလို့ ဆရာဝန်က ပြောတယ်" လင်းဟန့် လေသံမှာ ဖုံးကွယ်မထားသော ပျော်ရွှင်မှုများနှင့် ပြည့်နေသည်။

"တကယ်လား။ အဲဒါ တကယ်ကောင်းတယ်။”

"ရှောင်ယ ဒီကိုလာခဲ့ လိန်လိန်က လွန်ခဲ့တဲ့ရက်အနည်းငယ်က ထုံထိုင်းနေခဲ့ပြီး သူမအန်တီကိုတောင်မခေါ်ဘူး၊ ဒါပေမယ့် ဒီမနက်တော့ နင့်ကိုတွေ့ဖို့ ပြောနေတယ်" လင်းဟန့်က သူမကို ဖိတ်ခေါ်သည်။

“ကောင်းပြီ… ငါလာခဲ့မယ်” မုရှောင်ယက ဖုန်းချလိုက်ပြီး ပိုင်ချွမ်းကို ပြောလိုက်သည်။ “ငါ့ဝမ်းကွဲက ငါတို့ကို ညစာစားဖို့ ဖိတ်လာတယ်” 

ပိုင်ချွမ်းက ဘာသိဘာသာနဲ့ ခေါင်းညိတ်လိုက်သည်။

နှစ်ယောက်သား အဝတ်အစားလဲပြီး ဆေးရုံကို မောင်းသွားကြသည်။ လမ်းခရီးတွင် ကလေးက အားလုံးနီးပါး သက်သာလာပြီဟု ထင်တာကြောင့် မုရှောင်ယက ခါတိုင်းလို သစ်သီးခြင်းတောင်းကို ယူလာခြင်းမရှိသော်လည်း လက်ဆောင်ဆိုင်မှ ချစ်စရာအရုပ်လေးတစ်ခုကို ဝယ်လိုက်ပြီး ပိုင်ချွမ်းကို ယူထားခိုင်းလိုက်သည်။ 

"ရှင် ဒီအရုပ်ကို ကိုင်ထားတာ လိုက်လျောညီထွေရှိပုံရတယ်၊ ကျွန်မတို့ အိမ်ပြန်ချိန်ကျ တစ်ခုထပ်ဝယ်ရင် ဘယ်လိုလဲ။ " ဆေးရုံအတွင်း၌ မုရှောင်ယက အရုပ်ကို ပွေ့ဖက်နေတဲ့ ပိုင်ချွမ်းကို နောက်ပြောင်ပြောဆိုခဲ့သည်။

“ဟင့်အင်း” ပိုင်ချွမ်းက နှစ်ခါမတွေးဘဲ ငြင်းဆန်လိုက်တယ် သူ စုတ်ပြတ်သတ်နေတဲ့ အရုပ်ကို မကိုင်ချင်ဘူး။ သိသာစွာဘဲ ရှောင်ယက ခံစားချက် ပိုကောင်းနေသည်။

နောက်ပြောင်ရင်းနဲ့ နှစ်ယောက်သား ကလေးလူနာခန်းဘက်ကို ရောက်လာသည်။ ရှောင်ယ ရဲ့ မက်ဆေ့ချ်ကို လက်ခံရရှိတဲ့ လင်းဟန့်က တံခါးအပြင်ဘက်မှာ စောင့်နေသည်။ မုရှောင်ယ အဝေးကလာနေတာကို သူမမြင်လိုက်တဲ့အခါ သူမက သူတို့ကို ပျော်ရွှင်တဲ့မျက်နှာနဲ့ နှုတ်ဆက်လာသည်။ "ရှောင်ယ ဒါက နင့်ရဲ့ခင်ပွန်းလား "

လင်းဟန့်က ပိုင်ချွမ်းကို အပေါ်အောက် ကြည့်လိုက်သည်။

"ဟုတ်တယ်၊ ဒါက ငါ့ယောက်ျား ပိုင်ချွမ်း " မုရှောင်ယက မိတ်ဆက်ပေးလိုက်သည်။ "ရှောင်ချွမ်း ဒါက ငါ့ဝမ်းကွဲ"

"ဝမ်းကွဲ" ပိုင်ချွမ်းက ခေါင်းညိတ်လိုက်သည်။

"ဟယ်လို မြန်မြန်ဝင်ပါ" လူနာခန်းထဲဝင်သွားတော့ လင်းဟန့်က ကုတင်ပေါ်မှာ ထိုင်နေတဲ့ အမျိုးသားကို အော်ပြောလိုက်သည်။ “ကျောက်ချီ၊ ရှောင်ယနဲ့ သူ့ယောက်ျား ဒီကိုရောက်နေပြီ” 

လင်းဟန့်ခင်ပွန်းက အရပ်ရှည်ပြီး မည်းမှောင်သော အသားအရည်နှင့် မုတ်ဆိတ်မွေးများရှိပြီး ကြမ်းတမ်းသောအသွင်အပြင်ရှိပြီး နူးညံ့သိမ်မွေ့သော လင်းဟန့်သည် အမှန်တကယ် ကွဲပြားနေပုံရသည်။ သူ့အသွင်အပြင်က မုရှောင်ယ စိတ်ကူးထားတာထက် အများကြီးပိုကြမ်းတယ်၊ လင်းဟန့်ရဲ့ခင်ပွန်းက နူးညံ့သိမ်မွေ့ပြီး ပညာတတ်တဲ့ သူနဲ့အလားတူ စိတ်ထားရှိမယ်လို့ သူမထင်ခဲ့သည်။

ဒါပေမယ့် သူမ အနီးကပ်ကြည့်လိုက်ရင် လိန်လိန်ရဲ့မျက်လုံးတွေက သူနဲ့တော်တော်ဆင်တူပေမယ့် အဲဒီမျက်လုံးတွေအပြင် တခြားအရာအားလုံးက လင်းဟန့်လိုပါပဲ။

"ဟယ်လို ငါ့နာမည် ကျောက်ချီပါ" ထိုလူက လက်ကိုဆန့်ကာ လေးနက်သောအမူအရာဖြင့် သူ့ကိုယ်သူ မိတ်ဆက်သည်။

"တစ်ယောက်ယောက်ကိုတွေ့ရင် ပြုံးနေဖို့မလိုဘူးလား။" လင်းဟန့်သည် ထိုလူ၏ ကျောကို ရုတ်တရက် ရိုက်လိုက်သည်။

ကျောက်ချီက မကျေမနပ်ဖြစ်ကာ သူ့ကျောကို တည့်တည့်မတ်မတ်ထားပြီး မုရှောင်ယကို ညှိုးငယ်စွာ ပြုံးပြလိုက်သည်။ အပြုံးသည် နှစ်ရာနှင့်ချီ၍ အဆီမပြန်သော စက်ဟောင်းကြီးကဲ့သို့ပင် တင်းမာနေသည်။

"ဟယ်လို ဝမ်းကွဲခဲအို ငါ့နာမည် မုရှောင်ယပါ ဒါက ကျွန်မခင်ပွန်း ပိုင်ချွမ်း " မုရှောင်ယက ပြုံးပြီး ဆက်ပြောလာသည်။ "ပိုင်ချွမ်း သူကစကားပြောရတာ မကြိုက်ဘူး"

"အင်း ပြေပါတယ် ငါလည်း စကားပြောရတာသိပ်မကြိုက်ဘူး" ကျောက်ချီက ပြန်ပြောလာသည်။

“…” ဒီမှတ်ချက်ကို ဘယ်လိုဖြေရမလဲ။ ဒီတော့ ရှင်တို့က စကားပြောတာကို မကြိုက်ကြလို့ နောက်မှ စကားမပြောဖြစ်ဘူးလား။

"အန်တီ" ကံကောင်းထောက်မစွာနဲ့လိန်လ်န်က ရှက်ရွံ့မှုကို အချိန်မီ ဖြေရှင်းခဲ့သည်။ လူနာဝတ်စုံဝတ်ထားသည့် မိန်းကလေးငယ်သည် ရောဂါကြောင့် ကိုယ်အလေးချိန်များစွာ လျော့ကျသွားသော်လည်း သူမ၏ ဖြူဖွေးနူးညံ့သော ပါးပြင်များသည် နူးညံ့ပြီး ချစ်စရာကောင်းနေဆဲဖြစ်သည်။

"လိန်လိန် မင်းနိုးလာပြီလား၊ မင်း သက်သာလာပြီလား။" မုရှောင်ယက ကလေးများကို သဘာဝအတိုင်း နှစ်သက်သောကြောင့် လိန်လိန်ခေါ်တာကို သူမ ကြားသောအခါတွင် သူမက ကုတင်ဘေးတွင် ပေါ့ပေါ့ပါးပါး ထိုင်နေခဲ့သည်။

"ပိုကောင်းတာပေါ့ လိန်လိန် ရဲ့ခေါင်းက မမူးတော့ဘူး နှစ်ရက်အတွင်း အိမ်ပြန်နိုင်မယ်လို့ ဆရာဝန်ဦးလေးက ပြောတယ်" ကလေးမလေးက လိမ္မာပါးနပ်စွာ ပြန်ဖြေသည်။

"ဒါဆို၊ နောက်တော့ လိန်လိန်က ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို အာရုံစိုက်ပြီး မဖျားနာအောင် လုပ်ရမယ်"

“အင်း” ဆိုးရွားတဲ့ ရောဂါဝေဒနာကို ခံစားခဲ့ရတဲ့ ကလေးမလေးက 'အင်း' ဆိုတာကို အသံကျယ်ကြီး ဟစ်အော်လိုက်သည်။ ထို့နောက်တွင် သူမ၏မျက်လုံးကြီးနှစ်စုံသည် မုရှောင်ယ နောက်တွင်ရှိသော ပိုင်ချွမ်းကို စိုက်ကြည့်နေပြီး သူ့လက်ထဲတွင်ရှိသော အရုပ်ကိုလည်း စိုက်ကြည့်နေသည်။

"ရှောင်ချွမ်း လိန်လိန်ကို လက်ဆောင်ပေးလိုက်ဦး " မုရှောင်ယက သူမကို ကြည့်ကာပြုံးပြီး လက်ဆောင်ကို ယူလာဖို့ ပိုင်ချွမ်းကို လှမ်းပြောသည်။

ပိုင်ချွမ်းက လမ်းလျှောက်လာပြီး “မင်းအတွက်” လို့ တိုးတိုးလေးပြောပြီး ကလေးမလေးရှေ့မှာ အဝတ်အရုပ်ကို ပေးလိုက်သည်။

ကလေးမလေးက မုရှောင်ယနဲ့ သွေးနည်းနည်း ရောတဲ့ ဆက်ဆံရေးရှိတာကြောင့် ဖြစ်နိုင်သလို ကလေးမလေးက မုရှောင်ယနဲ့လည်း ခပ်ဆင်ဆင်တူသည်။ ပိုင်ချွမ်း နီးကပ်လာသောအခါတွင် သူသည် ခေတ္တမျှ ဘဝင်ကျသွားပြီး အလိုလို ပြုံးပြလိုက်သည်။

တခြားကမ္ဘာကလို လှပတဲ့ ဦးလေးက ရုတ်တရက် သူမအား ပြုံးပြမည်ဟု မမျှော်လင့်ထားတာကြောင့် ရုတ်တရက် ရှက်ရွံ့သွားပြီး ခေါင်းကို အ၀တ်အရုပ်ထဲ မြုပ်သွားခဲ့သည်။

"လိန်လိန် အန်ကယ်ကို ဘာလို့ ကျေးဇူးမတင်တာလဲ။" လင်းဟန့်က သူ့ကလေးကို ယဉ်ကျေးအောင် သတိပေးသည်။

“ကျေးဇူးတင်ပါတယ် အန်ကယ်” နောက်ဆုံးတော့ ကလေးမလေးက ခေါင်းကိုမော့ပြီး ကျေးဇူးတင်ကြောင်း အသံသေးလေးတစ်ခုနဲ့ ပြောလာသည်။

"ကျောက်ချီ လိန်လိန်ကို ဒီမှာ ဂရုစိုက်လိုက်ဦး ကျွန်မစားဖို့ ခေါ်သွားလိုက်မယ်" လင်းဟန့်က သူမခင်ပွန်းကို ပြောသည်။

“ကောင်းပြီ” အတူတူသွားဖို့ စီစဉ်ခဲ့ကြပေမယ့် လွန်ခဲ့တဲ့ နာရီဝက်လောက်က သူနာပြုက ကလေးကို နောက်ထပ် iv drip ပေးခဲ့ပြီး နှစ်ယောက်စလုံးက ကလေးကို တစ်ယောက်တည်း ထားခဲ့ရင် မကောင်းတဲ့အတွက် လင်းဟန့်ကို သူ့ဘာသာသူ လွှတ်ထားဖို့ ဆုံးဖြတ်ခဲ့သည်။

"လိန်လိန် လိမ္မာနော် အန်တီအရင်စားပြီးရင် မင်းအတွက် အရသာတစ်ခုခုပြန်ယူပေးမယ်" ဒါကိုပြောပြီးနောက် မုရှောင်ယက မတ်တပ်ထရပ်ပြီး ထွက်သွားချင်ပေမယ့် သူမရဲ့အဝတ်အစားထောင့်ကို ကလေးမလေးက ညင်သာစွာဆွဲထားလာသည်။ မုရှောင်ယက ကလေးတွင် သူ့ကိုယ်သူ ပြောစရာရှိမည်ကို သိသဖြင့် ပဟေဠိဖြင့် ပြန်လှည့်လာကာ သူမအနားသို့ တိုးကပ်လာခဲ့သည်။

“အန်တီ အန်ကယ်က အရမ်းချောတာပဲ” လိန်လိန်က တိုးတိုးလေးပြောပြီး ပိုင်ချွမ်းကို တိတ်တဆိတ် ချောင်းကြည့်သည်။

“အန်တီလည်း ဒီလိုပဲထင်တယ်” မုရှောင်ယက မကူညီနိုင်ဘဲ ပြုံးကာ သဘောတူလိုက်ကာ ပိုင်ချွမ်းရဲ့ ငယ်ငယ်က အလှကြောင့် သူမ ပါးပြင်ကို မမှိတ်မသုန် ကြည့်နေခဲ့တာလား။

သုံးယောက်သား ဆေးရုံမှထွက်လာပြီး လင်းဟန့်ကြိုတင်မှာထားသည့် ဟိုတယ်သို့သွားကြသည်။

" အစက နင့်ကို မဖိတ်ခင် လိန်လိန်က ဆေးရုံက ဆင်းဖို့ စောင့်ချင်ပေမယ့် ကျောက်ချီက နှစ်ရက်ပဲ ရလာတယ်၊ မနက်ဖြန်ည ပြန်သွားရမယ်" လင်းဟန့်က ရှင်းပြသည်။

"မနက်ဖြန်လား။ လိန်လိန်က နောက်နှစ်ရက်အကြာမှာ ဆေးရုံက ဆင်းတော့မှာ မဟုတ်ဘူးလား။ သူဘာလို့ အတူတူမပြန်တာလဲ။" မုရှောင်ယက အနည်းငယ် စပ်စုမိသွားသည်။

"သူ အလုပ်ရှုပ်နေတာ"

"ဘာအလုပ်တွေ အရမ်းရှုပ်နေတာလဲ။ " မုရှောင်ယက မျက်မှောင်ကြုတ်တာကို မကူညီနိုင်ခဲ့ပေ။ သူ့ကလေး ဆေးရုံသွားတဲ့အခါကလည်း မလာဘူး၊ အခု ကလေးက ဆေးရုံကဆင်းချိန်မှာတော့ ပြန်မကြိုနိုင်ဘူး။

"ရဲသား" လင်းဟန့်က ပြောလာသည်။ "သူက ငါတို့မြို့ရဲ့ ရာဇ၀တ်မှုခင်းဌာနမှူးပဲ၊ ဟိုးအရင်တုန်းက ထွက်ပြေးခဲ့တဲ့ လူသတ်သမားတစ်ယောက်ကို H မြို့ကနေ မပြန်နိုင်ခင်ကတည်းက လိုက်ဖမ်းနေတာ"

"ငါ့ဝမ်းကွဲခဲအိုက က ရဲလား။" မုရှောင်ယက အနည်းငယ် အံ့အားသင့်သွားသည်။ ကျောက်ချီရဲ့ ကြမ်းတမ်းသော အသွင်အပြင်ကြောင့် သူ့ကို တရုတ်ဒုစရိုက်ဂိုဏ်ရဲ့ ဘောစ့်တစ်ယောက်အနေနဲ့ ပိုယုံကြည်လိမ့်မယ်။

"သူနဲ့တူတယ်လို့ မင်းမထင်ဘူးလား။" မုရှောင်ယ တွေးနေတာတွေကို သိလိုက်ရသလိုပဲ လင်းဟန့်က ပြောလာသည်။ "ငါ သူ့ကို အရင်ကြောက်ခဲ့ပေမယ့် သူနဲ့ အချိန်အတော်ကြာအောင် နေရပြီးနောက်မှာ သူက တကယ်ကို နူးညံ့သိမ်မွေ့တဲ့သူတစ်ယောက်ဆိုတာ ငါသိခဲ့တယ်"

"နင် သူ့ကို ဘယ်လိုသိခဲ့တာလဲ။" မုရှောင်ယ အတင်းအဖျင်းပြောချင်တာကို မတတ်နိုင်ဘူး။

“တက္ကသိုလ်က ဘွဲ့ရတော့ စီးပွားရေးလုပ်ဖို့ ဘဏ်ကိုသွားတော့ ဓားပြတိုက်ခံရတယ်။ သူက ငါ့ကို ကယ်တင်ခဲ့တဲ့သူ” လင်းဟန့်၏ စကားများသည် အလွန်နူးညံ့သိမ်မွေ့ပြီး သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးမပျက် အမြဲရှိနေပါသည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ သူတို့နှစ်ယောက်ကြားက ခံစားချက်က အရမ်းနက်ရှိုင်းတယ်ဆိုတာ မုရှောင်ယ သိလိုက်သည်။

“အစစ်အမှန်သူရဲကောင်းက မိန်းမလှလေးကို ကယ်တင်တာပဲ” မုရှောင်ယ အားပါးတရကို အံ့သြသွားသည်။

"နင်ကရော။ ပိုင်ချွမ်းနဲ့ ဘယ်လိုစခဲ့တာလဲ" လင်းဟန့်က ရယ်ကာ မုရှောင်ယကို လှည့်မေးသည်။

“ငါတို့တွေ…” မုရှောင်ယက ပိုင်ချွမ်းကို တစ်ချက်ကြည့်လိုက်ပြီး “ငါတို့က ငယ်ကျွမ်းဆွေတွေ သူ့ကို သိတဲ့အချိန်က ငါက ငါးနှစ်” လို့ ပြန်ဖြေလိုက်သည်။

"ကျွန်တော်က ခုနစ်နှစ် " ပိုင်ချွမ်းက ဆက်ပြောသည်။

"လူတွေကို မနာလိုဖြစ်အောင် လုပ်နေတာလား။" လင်းဟန့် သက်ပြင်းချရင်း တွေးမိလိုက်သည်။ ' တစ်သက်လုံး ကြိုက်တဲ့သူကို ရှာတွေ့ဖို့ဆိုတာ မလွယ်ပေမယ့် ငယ်ငယ်ကတည်းက တစ်ယောက်နဲ့တစ်ယောက် သိပြီးသားတွေလည်း ရှိတယ်။ '

နှစ်ယောက်သား စကားပြောပြီး ရယ်မောကြပြီး တစ်နာရီကြာပြီးနောက် အစားအသောက်များ အနည်းနှင့်အများ သန့်ရှင်းစွာစားပြီးနောက် လင်းဟန့်သည် ထ၍ ငွေရှင်းရန် အရှေ့ကောင်တာဆီ လျှောက်သွားခဲ့သည်။

မုရှောင်ယနဲ့ ပိုင်ချွမ်းတို့က ကျောက်ချီနဲ့ လိန်လိန်တို့အတွက် မှာယူထားသော အစားအသောက်များကို စောင့်မျှော်လျက် စားပွဲဝိုင်းတွင် ထိုင်နေကြသည်။ စောင့်ဆိုင်းနေစဉ် တံခါးမှ ရုတ်တရက် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး စားပွဲထိုးတစ်ဦးက အော်ပြီး ပြေးလာခဲ့သည်။ “မိန်းကလေး၊ မင်းရဲ့သူငယ်ချင်း မူးလဲသွားတယ်” 

ဘာ။

မုရှောင်ယ ပြေးထွက်လာပြီး လူအုပ်ကြားထဲ အလျင်အမြန် တိုးဝင်လိုက်သည်။ ထို့နောက် သူမနှင့် စကားပြောနေသော လင်းဟန့်က ကြမ်းပြင်ပေါ်တွင် မေ့လဲနေသည်ကို တွေ့လိုက်ရသည်။

ဒါက…

ဖြစ်နိုင်သော အကြောင်းရင်းကို သိလိုက်သဖြင့် မုရှောင်ယက သူမအသက်ပင်မရှူနိုင်တော့ဘဲ ဒူးများပျော့သွားကာ သူမတစ်ကိုယ်လုံး ပြိုလဲသွားသည်။ ကံကောင်းစွာနဲ့ပဲ ပိုင်ချွမ်းက အချိန်မီလိုက်လာပြီး မုရှောင်ယကို အနောက်ကနေ ပွေ့ဖက်လိုက်သည်။

"ရှောင်ယ" ပိုင်ချွမ်းက အရမ်းစိုးရိမ်သွားသည်။

"မြန်မြန်၊ 120 ကိုခေါ်ပါ။" လူအုပ်ထဲက တစ်ယောက်ယောက်က အော်သည်။ [T/N- အရေးပေါ်နံပါတ်]

"120 ကိုခေါ်ဆိုတာက ဘာလဲ။ လမ်းတစ်ဖက်မှာ ဆေးရုံတစ်ခုရှိတယ်၊ သူ့ကိုနောက်ကျောက သယ်မယ့်လူကို အမြန်ရှာပြီး အဲဒီကိုသွားလိုက်ပါ" အခြားသူတစ်ဦးက အကြံပြုသည်။

"ငါသူမကိုသယ်လိုက်မယ်။" ရုတ်တရက်ပင် နွေးထွေးသောအစ်ကိုတစ်ယောက်က လင်းဟန့်ကို ကြမ်းပြင်ပေါ်မှ ဆွဲမလိုက်သည်။

"သူမကို မရွှေ့ပါနဲ့ လူနာတင်ကားခေါ်ပါ။" မုရှောင်ယက အသိပြန်ဝင်လာပြီး ပိုင်ချွမ်းလက်နှစ်ဖက်ကြားမှ မတ်တပ်ထရပ်လိုက်သည်။ သူမက လင်းဟန့်၏ဘေးတွင် ငုတ်တုတ်ထိုင်လျက် လက်ကို အသေအချာ မြှောက်ကာ လင်းဟန့်၏နဖူးကို လှမ်းကိုင်လိုက်သည်။

“ဒီရောဂါနဲ့ စရင် အင်္ဂါတွေ အလုပ်လုပ်တာက လျင်မြန်စွာ ကျဆင်းလာမယ်၊ ခန္ဓာကိုယ်က ပုံမှန်မဟုတ်တဲ့ အပူချိန်တွေ တက်လာမယ်၊ ဆေးရုံကို အချိန်မီ မပို့နိုင်ရင် တစ်နာရီ ဒါမှမဟုတ် နှစ်နာရီအတွင်း အသက်ဆုံးရှုံးနိုင်တယ်”

ဒီလိုမျိုး ဒုက္ခဝေဒနာတစ်ခု။

မုရောင်ယရဲ့ လက်ချောင်းထိပ်များသည် အနည်းငယ်တုန်ယင်နေပြီး အပူချိန်မြင့်မားမှုကြောင့် လင်းဟန့်၏ပါးပြင်များ နီရဲနေသည်ကို ကြည့်လိုက်ရာ သူမတစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။

မျိုးရိုးဗီဇကြောင့်ဖြစ်တာလား။ မုရှောင်ယ စိတ်ပျက်လက်ပျက် မျက်လုံးမှိတ်ထားလိုက်သည်။

"ဆရာဝန်လာပြီ၊ မြန်မြန်သွား " လူအုပ်ထဲက ဘယ်သူအော်မှန်း မသိ၊ မကြာခင်မှာ ထမ်းစင်ကို ထမ်းလာတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ ဝင်လာပြီး အဲဒီလူကို ထမ်းစင်ပေါ် တင်လိုက်တယ်။

ကျောက်ချီကို အကြောင်းကြားပြီးနောက် ဆေးရုံပြန်ရောက်သောအခါ မုရှောင်ယက အရေးပေါ်ခန်းအပြင်ဘက်တွင် မှိန်းသေသေထိုင်နေခဲ့သည်။ သူမသည် ဆရာဝန်များနှင့် သူနာပြုများ အဝင်အထွက်ကို ကြည့်ရှုခဲ့ပြီး ကျောက်ချီက နောက်ဆုံးဖျားနာသည့်ပုံစံကို သုံးကြိမ်တိုင်တိုင် သက်တမ်းတိုးခဲ့သည်ကို ကြည့်ရှုကာ၊ သူဘာဖြစ်နေတာလဲဟု ဆရာဝန်ကို အထပ်ထပ်အခါခါ မေးကြည့်ကာ ဆရာဝန်က ခေါင်းကို အထပ်ထပ်အခါခါ ခါတာကို ကြည့်နေရသည်။

အရင်တုန်းက… သူမမိဘတွေရော ဒီလိုတွေ ကြုံဖူးကြတာလား။

မုရှောင်ယက ယခုအချိန်တွင် သူမသည် ခွဲစိတ်ခန်းထဲ၌ ကုသမှုခံယူနေရသော အရင်ဘဝက သူမကိုယ်တိုင် ပြန်ပျံ့သွားသည့် စိတ်ဝိဥာဉ်ကဲ့သို့ ခံစားရပြီး သက်ကြီးရွယ်အိုမိဘများသည် တစ်ကိုယ်လုံး စိတ်ပျက်အားငယ်စွာဖြင့် အပြင်ဘက်တွင် ရပ်နေကြသည်။

"ရှောင်ယ၊ ရှောင်ချွမ်း ဘာဖြစ်နေတာလဲ။ လင်းဟန့်က ဘာလို့ ရုတ်တရက်နေမကောင်းဖြစ်သွားတာလဲ။ " ညနေစောင်းတော့ သတင်းရသွားတဲ့ မုမိသားစု မိဘတွေက အပြေးလာကြသည်။

“ပါး…မား…” သူမမိဘများကိုမြင်လိုက်သည်နှင့် မုရှောင်ယ၏အဖြစ်မှန်သည် တခဏအတွင်း မှုန်ဝါးသွားကာ သူမ၏အတိတ်ဘဝအကြောင်းကို တွေးကာ မကြာမီအချိန်အတွင်း သူ့မိဘများက ထိုကဲ့သို့သောပုံမျိုးကို ဖြတ်သန်းလိမ့်မည်ဟု သူမတွေးနေသရွေ့၊ တစ်ဖန် သူမတလျှောက်လုံး ခံနိုင်ရည်ရှိခဲ့သော စိတ်ခံစားမှုများကို ထိန်းမနိုင်တော့ပေ။ သူမသည် သူ့အမေ၏ရင်ခွင်ထဲသို့ လှဲချကာ သူမတစ်ကိုယ်လုံး တုန်လှုပ်သွားသည်အထိ ငိုကြွေးခဲ့သည်။

“တောင်းပန်ပါတယ်…တောင်းပန်ပါတယ်…”

"မငိုနဲ့၊ ဘာကိစ္စရှိလို့လဲ။ မင်းဘာကိုတောင်းပန်နေတာလဲ။ " ရှန်ချင်းယီက ရုတ်တရက် ရင်ခွင်ထဲတွင် ရှိုက်ကြီးတငင် ငိုနေသော သူ့သမီးကို ကြည့်ပြီး ပိုင်ချွမ်းကို ပဟေဠိဖြစ်စွာ ကြည့်လိုက်သည်။

ပိုင်ချွမ်းလည်း ဘာဖြစ်သွားလဲမသိဘူး၊ ဒီအချိန်မှာ မုရှောင်ယ အရမ်းဝမ်းနည်းနေမှန်း သူသိရုံနဲ့ သူမကို နှစ်သိမ့်ဖို့ကြိုးစားတိုင်း ဘာမှ အသုံးမဝင်ပါဘူး။ သူ့မှာ ရွေးချယ်စရာမရှိလို့ သူ့ယောက္ခမကို ဖုန်းဆက်လိုက်ရသည်။

"မား ဝမ်းကွဲ…ဝမ်းကွဲ…"

"ရပါတယ်၊ ဆရာဝန်က ကုသပေးနေပါတယ်၊ သေချာပေါက် နေကောင်းမှာပါ " ရှန်ချင်းယီက ဤအတောအတွင်း မုရှောင်ယနဲ့ လင်းဟန့်က ကောင်းမွန်တဲ့ ဆက်ဆံရေးရှိမှန်း သိသော်လည်း သူတို့၏ ဆက်ဆံရေးသည် ဤမျှ ကောင်းမွန်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

မုရှောင်ယက ခဏအကြာ ငိုပြီးနောက် သူမ၏ စိတ်ခံစားမှုများ တဖြည်းဖြည်း ငြိမ်သက်သွားသည်။ နောက်ဆုံးရလဒ်ကို သူမသိသော်လည်း ခွဲစိတ်မှုပြီးဆုံးချိန်အထိ စောင့်ရန် အခိုင်အမာပြောထားပြီး လင်းဟန့်အား ဆေးရုံမှ မထွက်ခွာမီ အထူးကြပ်မတ်ကုသဆောင်သို့ လွှဲပြောင်းပေးသည့်အချိန်အထိ စောင့်ရမည်ဖြစ်သည်။

အိမ်ပြန်ရောက်တော့ မုရှောင်ယရဲ့ စိတ်အခြေအနေက နိမ့်ကျနေတုန်းပဲ၊ ပိုင်ချွမ်း ရေတစ်ခွက်ကို ထည့်ပြီး သူမကို ပေးလိုက်ပေမယ့် သူမလှုပ်တောင် မလှုပ်ဘူး။

"ရှောင်ယ ဘာဖြစ်နေတာလဲ။ " ပိုင်ချွမ်းက သည်းမခံနိုင်တော့ဘဲ မုရှောင်ယ ရှေ့မှာ ထိုင်ချလိုက်ပြီး သူမမျက်နှာကို သူ့လက်ဖဝါးထဲမှာ ဆုပ်ကိုင်ကာ သူ့ကို ကြည့်ခိုင်းလိုက်သည်။

မုရှောင်ယရဲ့ စိတ်ပျက်အားငယ်မှုကို သူခံစားနိုင်သော်လည်း သူတကယ် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

"ကိုယ့်ကိုပြောပြ ကိုယ်မင်းကိုကူညီဖို့ဘာလုပ်ရမလဲ။ အခု ဘာလုပ်ရမှန်း မသိလို့ ပြောပြလေ အိုကေလား။ " ပိုင်ချွမ်းရဲ့ လေသံထဲမှာ ထက်သန်သော မျှော်လင့်ချက်နှင့် ပြည့်နေပြီး ကြောက်ရွံ့သော အမူအရာက သူ့မျက်လုံးများမှတဆင့် ဖြတ်သွားသည်။

“ ရှောင်ချွမ်း …” မုရှောင်ယက ပိုင်ချွမ်းကို စူးစိုက်ကြည့်ပြီး ဘယ်သူ့ကိုမှ မပြောရဲတဲ့ စကားကို ပြောလိုက်သည်။ “ဝမ်းကွဲ… ကုလို့မရဘူး”

“မဟုတ်ဘူး၊ ဆရာဝန်က သူ့အခြေအနေ ခဏတာ တည်ငြိမ်သွားပြီလို့ ပြောတယ်” ပိုင်ချွမ်းက နှစ်သိမ့်လိုက်သည်။

"သူမ မသက်သာဘူး၊ အဲဒီ ဆရာဝန်တွေ၊ သူတို့က သူ့ကို မကုသနိုင်ဘူး" သူမကို အတိတ်ဘဝက ကုသပေးခဲ့သော ဆရာဝန်သည် မျိုးရိုးဗီဇဆိုင်ရာ ရောဂါများတွင် ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဖြစ်သော်လည်း သူမကို မကူညီနိုင်သေးပေ။ ယာယီတည်ငြိမ်သည်၊ အတိအကျကို ၎င်းသည် ယာယီတည်ငြိမ်သည်မဟုတ်လော။ အဲဒီနောက်မှာတော့ ဝမ်းကွဲက မသေခင်မှာ ခဏတာ ပြန်လည်နာလန်ထူလာရတဲ့အထိ အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ ဇာတ်ကွက်တွေ ဆက်တိုက်လုပ်ဖြစ်ခဲ့လိမ့်မည်။ အနည်းဆုံး၊ သူမသည် ဖြစ်စဉ်တစ်ခုလုံး မေ့မြောသွားလိမ့်မည်၊ ထို့ကြောင့် အလွန်နာကျင်မည်မဟုတ်ပါ။

“ဒါဆို ဝမ်းကွဲ အတွက် ဆရာဝန်ကို ပြောင်းပေးမယ်” ဝမ်းကွဲကို ကုလို့မရသရွေ့ ရှောင်ယက အရမ်းဝမ်းနည်းမှာမဟုတ်ဘူးလား။

ပိုင်ချွမ်းက ခဏတာ မှိန်းနေပြီး ဖုန်းကို ကောက်ကိုင်လိုက်ပြီး ပိုင်ကျန့်ကို ဖုန်းခေါ်လိုက်သည်။

"ကျွန်တော် အကောင်းဆုံး ဆရာဝန်ကို ရှာချင်တယ်"

ပိုင်ကျန့် "..."

.......

စာရေးသူမှတ်စု 

ပိုင်ကျန့် ရှစ်နှစ်သားအရွယ်တုန်းက ပါမောက္ခ ဖန် က ပိုင် မိသားစုကို အခု ပိုင်ချွမ်းက မိသားစုဝင်တချို့ရဲ့ စကားကို ရွေးချယ်နားထောင်မယ်လို့ ပြောခဲ့သည်။ ပိုင် မိသားစု အရမ်းပျော်သွားပြီး ပိုင်ချွမ်းကို စကားတစ်ခွန်းပြောဖို့ ဆုံးဖြတ်လိုက်သည်။

ပါပါး ပိုင်: "ပါပါးက မင်းကို ချစ်တယ်"

မာမားပိုင် : "မာမားက သားကို ချစ်တယ်"

ပိုင်ကျန့်က သူ့မိဘတွေက အရမ်းမိုက်မဲတယ်လို့ထင်ခဲ့သည်။ “နောင်မှာ မင်းမှာ ပြဿနာရှိရင် အစ်ကိုကိုပြောပြ။ အစ်ကိုက မင်းအတွက်ဖြေရှင်းပေးမယ် ”