#ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား
#အပိုင်း ၇၅; ကျွန်မ မကြောက်ပါဘူး
နှစ်ဖက်မိဘတွေက သတင်းကြားတော့ ဆေးရုံကို အမြန်လိုက်လာကြသည်။ မုရှောင်ယက နေကောင်းပါတယ်၊ သူမ အစား ကုတင်ဘေးမှာရှိနေတဲ့ ပိုင်ချွမ်းက လူနာနဲ့ ပိုတူနေပုံရသည်။
"ဘာမှားနေလို့လဲ။" ပိုင်ချွမ်းက သူတို့ကို ဖုန်းဆက်ပြီး ရှောင်ယ ဆေးရုံတင်ထားရတယ်လို့သာ ပြောလာသည်။ သူက တခြားဘာမှ မပြောပေမယ့် နှစ်ဖက်မိဘတွေက အရမ်းစိုးရိမ်နေကြသည်။
"ပါး မား အစ်ကိုကြီး၊ အကုန်လုံးဒီမှာလား " မုရှောင်ယက ဆေးရုံဂါဝန်ကို ၀တ်ထားသော်လည်း သူမက နှင်းဆီရောင်အသားအရေနဲ့ မျက်နှာတွင် အပြုံးတစ်ခုရှိသည်။ တစ်ချက်ကြည့်လိုက်ပြီးတော့ သူတို့ စိတ်သက်သာရာ ရသွားသည်။
"ရှောင်ယ သမီး ဘာကိစ္စရှိလို့လဲ။ သမီးက ရုတ်တရက်ဆေးရုံတက်နေရတာလဲ။ " ရှန်ချင်းယီက သူမသမီး အသက်အန္တရာယ်က မမြင်ရတာကြောင့် သူမ နှလုံးသားထဲတွင် စိုးရိမ်မှုတစ်ဝက်မှာ ငြိမ်းသွားသည်ကို တွေ့လိုက်ရသည်။
"သမီး နေကောင်းပါတယ် အဲ့ဒါ... ကိုယ်ဝန်" သူမက 'ကိုယ်ဝန်' ဟုပြောသောအခါ မုရှောင်ယက သူမဝမ်းဗိုက်ကို လက်ဖြင့် မသိစိတ်က ပွတ်သပ်လိုက်သည်။
"ဘာ။" ရုတ်တရက် သတင်းကောင်းက လူငါးဦးကို တစ်ပြိုင်တည်း အေးခဲသွားစေခဲ့သည်။
ခေတ္တတိတ်ဆိတ်သွားပြီးနောက် လီရုံက တုံ့ပြန်ရန် ဦးဆောင်ခဲ့သည်။
" ကိုယ် ... ကိုယ်ဝန်ရှိတာလား။ " သူမ စိတ်လှုပ်ရှားနေပြီး အပေါ်ကို လှဲချင်လိုက်ပေမယ့် ကုတင်ဘေးက နေရာကို သူမသားငယ်က အခိုင်အမာ နေရာယူထားသည်။ သူမ ဖြတ်မသွားနိုင်သောကြောင့် သူမတတ်နိုင်သမျှ အနီးကပ်ရပ်ပြီး မုရှောင်ယ ဗိုက်ကို တည့်တည့်ကြည့်လာသည်။ "ဘယ်ချိန်ကလဲ။ ဘယ်နှစ်လလဲ။"
"သုံးပတ်ပဲရှိသေးတယ်" မုရှောင်ယက ပြန်ဖြေခဲ့သည်။
“သုံးပတ်ပဲရှိသေးတယ်။ အဲ့ဒါအဆင်ပြေတယ် ကလေးက မြန်မြန်ကြီးလာပြီး မကြာခင် ထွက်လာလိမ့်မယ်" အဲ့ဒါက လီရုံရဲ့ ပျော်ရွှင်မှုကို စိတ်အနှောက်အယှက်မဖြစ်စေခဲ့ပေ။
"ဒါဆို သမီးကဘာလို့ ဆေးရုံကို ရုတ်တရတ်ရောက်လာတာလဲ။" ရှန်ချင်းယီလည်း ပျော်ရွှင်နေပေမယ့် ပျော်ရွှင်မှုအပြင် သူမက သမီးဖြစ်သူ ရုတ်တရက် ဆေးရုံကို လာရောက်ခြင်းအကြောင်း တွေးမိနေသေးသည်။
"ဟုတ်တယ် သမီးဘာလို့ဆေးရုံရောက်လာတာလဲ။ သမီးအဆင်မပြေဘူးလား။" လီရုံလည်းအသိ ပြန်ဝင်လာခဲ့သည်။ ဆေးစစ်ဖို့ ဆေးရုံကို ရောက်လာရင် ဆေးရုံတက်စရာ မလိုပါဘူး။
မုရှောင်ယက ပိုင်ချွမ်းကို စိုက်ကြည့်၍ အတတ်နိုင်ဆုံး ညင်သာစွာပြောသည်။ "ဆရာဝန်က သမီးမှာ အာဟာရမညီမျှဘူးလို့ ပြောတယ်၊ ဒါကြောင့် ကိုယ်ဝန်ရပြီးရင် တုံ့ပြန်မှုကြီးနိုင်တယ်တဲ့"
“အာဟာရမညီမျှမှုက ကြီးတာပဲဖြစ်ဖြစ် သေးတာပဲဖြစ်ဖြစ် သမီးနဲ့ ပိုင်ချွမ်း ပြန်ပြောင်းလာသင့်တယ်။ မီးဖိုချောင်မှာ သမီးရဲ့ကိုယ်ဝန်အတွက် အစားအသောက်တွေ ပြင်ထားလိုက်မယ်" လီရုံက အကြံပေးလာသည်။
“မား မလိုပါဘူး။ သမီး မကြာခင်က အလုပ်များလွန်းပြီး ဒီနေ့လည်း ညစာမစားရသေးတာကြောင့် ဖြစ်နိုင်တယ်။ အနာဂါတ်မှာ အနားယူဖို့ အာရုံစိုက်ပြီး ထမင်းသုံးနပ် မှန်မှန်စားဖို့ လိုတယ်လို့ ဆရာဝန်က ပြောပါတယ် ” မုရှောင်ယက ပိုင် မိသားစုအိမ်ကို ပြန်သွားခြင်းကို သည်းခံနိုင်သော်လည်း ကိုယ်ဝန်ဆောင်မိခင်များအတွက် နေ့စဉ်ပြင်ဆင်ထားသော အစားအစာများကို မစားနိုင်ပေ။
“ငါတို့နဲ့ အတူပြန်ပြီးနေထိုင်တာက ပိုကောင်းပါတယ်။ မင်း အခု ကိုယ်ဝန်ရှိနေပြီ။ ရှောင်ချွမ်း တစ်ယောက်တည်း မင်းကို ဂရုစိုက်နေရုံနဲ့ ငါတို့ သက်တောင့်သက်သာရှိမှာမဟုတ်ဘူး” ပိုင်ချွမ်းက လူတွေကို ဂရုမစိုက်နိုင်ဘူးဆိုတာ သူတို့အားလုံး သိသည်။ သူတို့ပြောင်းသွားချိန်မှာ ပိုင်ချွမ်းကို ပြုစုနေတာက မုရှောင်ယ ဖြစ်သည်။ အခု မုရှောင်ယက အခြားသူများ၏ ဂရုစိုက်မှုကို ခံရမည်ဖြစ်သည်။ ထုံးစံအတိုင်း သူတို့ တစ်ယောက်တည်း နေလို့မရတော့ဘူး။
"ဟုတ်တယ် ပြန်ပြောင်းတာက ပိုကောင်းတယ်" ရှမ်ချင်းယီလည်း စည်းရုံးရေးစခန်းတွင် ပါဝင်ခဲ့သည်။
"မား သမီးကို စိတ်ပူနေမှန်း သိပါတယ်၊ ဒါပေမယ့် လောလောဆယ်တော့ ပြန်မပြောင်းချင်ဘူး။ နောက်ပြီး ရှောင်ချွမ်းက သမီးကို ကောင်းကောင်းဂရုစိုက်တယ်။ ကြည့်ပါလား သူက ဆေးရုံကို အချိန်မီ လိုက်ပို့ပေးလာတာ ” သူ့နာမည်ကိုကြားတော့ ပိုင်ချွမ်းက ခေါင်းကို မော့လာပေမယ့် စကားမပြောလာသေးပါဘူး။
တံခါးဝက ဝင်လာကတည်းက ပိုင်ချွမ်းက စကားတစ်ခွန်းမှ မပြောခဲ့ပါ။ အကယ်၍ လွန်ခဲ့သောတစ်နှစ်ခန့်ကဖြစ်ခဲ့ပါက လူများအံ့အားသင့်မည်မဟုတ်သော်လည်း ယခုအခါ ပိုင်ချွမ်းက ဖြူဖျော့သောမျက်နှာရှိကာ လျှပ်တပြက်ဖြစ်နေသည်။ ၎င်းသည် အလွန်ကြောက်လန့်မှုဒဏ်ကို ခံစားခဲ့ရပုံရပြီး သူ၏အသွင်အပြင်သည် အခြေအနေကောင်းနေပုံမဟုတ်ပေ။
“ဒါပေမယ့်…” လီရုံက ပိုပြောချင်ပေမယ့် ပိုင်ကျန့်က ရုတ်တရက် နှောင့်ယှက်လာသည်။
“ဒါကို နောက်မှ ပြောကြရအောင်။ အရမ်းနောက်ကျနေပြီ။ ရှောင်ယ အနားယူပါစေ " ပိုင်ကျန့်က တစ်ချက်ကြည့်လိုက်ပြီး သူ့အဖေကို အရိပ်အမြွက်ပြသည်။
“ဟုတ်တယ် ဟုတ်တယ် အခု ကျွန်တော်တို့ ဘာလုပ်နိုင်မှာလဲ။ မနက်ဖြန် ဆရာဝန်ကို မေးလိုက်မယ်။ ဒီနေ့ပြန်ကြရအောင်" ပိုင်ကောယွိက ချက်ချင်း သဘောပေါက်သွားသည်။
ည ၁၀း၃၀ ပင်ရှိနေပြီဖြစ်၍ နောက်ကျနေပြီဖြစ်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများက အနားယူဖို့ လိုအပ်တယ်လို့ ယူဆသဖြင့် ခေတ္တထွက်ခွာသွားရန် ဆုံးဖြတ်ခဲ့သည်။ တစ်ခုခုဖြစ်ရင် မနက်ဖြန်ပြန်လာပြီး ထပ်ပြီးဆွေးနွေးနိုင်သည်။
မိသားစုနှစ်စု ထွက်သွားပြီးနောက်မှာလည်း ပိုင်ချွမ်းက စကားမပြောသေးပေ။ သူမမှာ ကိုယ်ဝန်ရှိနေကြောင်း ဆရာဝန်က ကြေငြာပြီးနောက်မှာ ဆိုးရွားတဲ့ ပြဿနာမဟုတ်တော့ပေမယ့် ပိုင်ချွမ်းက နောက်ဘယ်တော့မှ စကားမပြောတော့မယ်ပုံရသည်။ ကုတင်ဘေးမှာ ငြိမ်ငြိမ်လေးထိုင်ပြီး သူမလက်ကို ကိုင်ထားလိုက်သည်။
"ရှောင်ချွမ်း လာ" မုရှောင်ယက သူမဘေးမှာ နေရာလွတ်အောင်လုပ်လိုက်သည်။ သူမက ကြီးမားသောကုတင်တစ်ခုပါရှိသော တစ်ခုတည်းသော ဧည့်ခန်းတစ်ခုတွင် ရှိနေသောကြောင့် လူနှစ်ယောက်အတူအိပ်နိုင်သည်။
"ရေမချိုးရသေးဘူး" ပိုင်ချွမ်းက ခေါင်းခါသည်။ အချိန်အကြာကြီး စကားမပြောဖြစ်တာကြောင့် သူ့အသံက ခပ်သြသြဖြစ်နေတယ်။
"ဒါဆို မအိပ်နဲ့၊ ကျွန်မနဲ့စကားပြော" မုရှောင်ယ ဖြားယောင်းလိုက်သည်။
ပိုင်ချွမ်းက တုံ့ဆိုင်းသွားပြီး မတ်တပ်ရပ်လာကာ မုရှောင်ယ ဘေးနား လှဲချလာသည်။ သူမက ပိုင်ချွမ်း ရင်ဘတ်ကို မှီလာသည်။
"ဒီနေ့ ကျွန်မ ရှင့်ကို ကြောက်စေမိပြီလား။" မုရှောင်ယက စကားများထွက်လာသောအခါ ပိုင်ချွမ်း နှလုံးခုန်သံက လျင်မြန်စွာခုန်လာပြီး ဗုံတီးသလို မြန်လာသည်။
"ကျွန်မကို တစ်ခုခုပြောလို့ရမလား။" မုရှောင်ယက စိတ်ရှည်ရှည်နဲ့ လမ်းပြခဲ့သည်။
"ကိုယ်က အသုံးမကျဘူးလား။" ပိုင်ချွမ်းက ရုတ်တရက် မေးသည်။ "မင်း မူးလဲသွားတယ်၊ ကြောက်တာကလွဲလို့ ဘာမှမတတ်နိုင်ဘူး။ တစ်ကမ္ဘာလုံးကို ကြီးမားတဲ့ ၀တ်ရုံနဲ့ ဖုံးအုပ်ထားသလိုပဲ။ ထွက်ပြီး မင်းကို ရှာချင်ပေမယ့် ဘာမှ မမြင်ရ မကြားရဘူး"
"ဒါပေမယ့် နောက်ဆုံးတော့ ရှင်က ကျွန်မကို ဆေးရုံပို့လိုက်တာပဲလေ"
"အဲဒါ မင်းနိုးလာလို့ " ပိုင်ချွမ်းက မုရှောင်ယ လက်ကို ဆုပ်ကိုင်ထားပြီး သူမမျက်နှာကို ပွတ်သပ်လာသည်။ "မင်းပြောပြီးတာနဲ့ ဖုံးအုပ်ထားတာက ပျောက်သွားတယ်"
"ဒါဆို ရှင် ကျွန်မကို တစ်ခုခု ကတိပေးနိုင်မလား။" ပိုင်ချွမ်း ရဲ့ လေသံထဲမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာကို မုရှောင်ယ ကြားရသည်။
“အင်း”
“နောက်တစ်ကြိမ် ကျွန်မမေ့လဲသွားရင် ရှင့်ကိုယ်ရှင် ဖုံးအုပ်မထားနဲ့၊ ကျွန်မနိုးလာနိုင်အောင် ဆေးရုံကို ဘေးကင်းစွာ ပို့ပေးဖို့ သတိရရမယ်” လို့ မုရှောင်ယက တိုးတိုးလေးပြောခဲ့သည်။
“အိုကေ ” ပိုချွမ်းက သူ ဒါကို လုပ်နိုင်ပါ့မလား မသိဘူး။ ဒါပေမယ့် သူ ဒါကို ကြိုးစားပြီး လုပ်ရမည်။
"ရှောင်ချွမ်း ကျွန်မတို့မှာ ကလေးတစ်ယောက် ရှိလာနေပြီ၊ ရှင်ပျော်လား မပျော်ဘူးလား ဆိုတာ ဘာလို့ မပြောတာလဲ။" မုရှောင်ယက ပိုင်ချွမ်း သူ့ဘာသာသူ အပြစ်တင်တာကို လမ်းကြောင်းလွှဲဖို့ ပျော်ရွှင်စရာကိစ္စကို ပြောလိုသည်။
"သူ မင်းကို မေ့လဲသွားစေတာလား။" ပိုင်ချွမ်းက မေးသည်။
“မဟုတ်ဘူး” မုရှောင်ယက မတွေးဘဲ ပြန်ဖြေလိုက်သည်။ သူမက သူမကလေး မမွေးလာခင် သူ့ဖခင်၏မုန်းတီးမှုကို မခံစေချင်ခဲ့ပါ။
“ဒါဆို ပျော်တာပေါ့” ပိုင်ချွမ်းရဲ့ ခပ်နိမ့်နိမ့် အသံဖြင့် ပြန်ပြောသည်။
မုရှောင်ယက ပြောစရာစကားမဲ့သွားသည်။ ဒီတော့ ဒါက ပျော်ရွှင်ခြင်းကို ဆိုလိုတာလား။ လာမည့်ဆယ်လတွင် သူမက ရှောင်ချွမ်း သူမတို့၏ကလေးအပေါ် ချစ်ခင်ကြင်နာမှုကို ပြုစုပျိုးထောင်ရမယ်လို့ စဥ်းစားလိုက်သည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအနေဖြင့် သူမက ငိုက်မျဉ်းနေပြီး မုရှောင်ယက ခဏအကြာတွင် အိပ်ပျော်သွားခဲ့သည်။ ဒါပေမယ့် ပိုင်ချွမ်းက အိပ်မပျော်နိုင်ခဲ့ပေ။ သူ့ အနက်ရောင်မျက်လုံးတစ်စုံက နံနက်လင်းသည့်အချိန်အထိ ဖွင့်ထားသည်။
နောက်နေ့မနက်စောစောမှာ မိသားစုနှစ်စု ပြန်ဆုံကြသည်။ သို့သော်လည်း မုရှောင်ယက နောက်ဆုံးတွင် ပိုင် မိသားစုကို ပိုင်ချွမ်းနဲ့အတူ ပိုင် မိသားစု၏ နေအိမ်ဆီသာ ပြန်လာခဲ့သည်။ နောက်ပြီး ယနေ့က လီရုံရဲ့ မွေးနေ့ဖြစ်ပြီး ဤနှစ်ထပ်ကွမ်းပျော်ရွှင်မှုအောက်တွင် မိသားစုနှစ်စုသည် မွေးနေ့ပွဲအတွက် စုရုံးခဲ့ကြသည်။
"ရှောင်ချွမ်းအဖွာ ပထမဆုံးသေတဲ့ နှစ်ပတ်လည်နေ့ ကုန်ဆုံးသွားတဲ့အခါ ကလေးနှစ်ယောက်ရဲ့ မင်္ဂလာပွဲက နှောင့်နှေးတော့မှာ မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်။ အခုက နှောင့်နှေးနေတယ် ” မင်္ဂလာပွဲအကြောင်းပြောရင်း လီရုံက စိတ်မကောင်းဖြစ်မိသည်။ သူတို့ရဲ့ ပိုင် မိသားစုက မုရှောင်ယကို မင်္ဂလာဆောင်ဖို့ အကြွေးတင်ထားသည်။
"မင်္ဂလာပွဲက အရေးမကြီးဘူး" မုမိဘတွေက ဒီအခြေအနေကို သိပ်စိတ်မပူဘူး။ သူတို့မျက်လုံးထဲမှာတော့ သူတို့သမီးလေးရဲ့ပျော်ရွှင်မှုကိုသာ ဂရုစိုက်ကြသည်။
"မာမားမု ကျွန်မ ရှင့်ကို သဘောမတူဘူး။ မင်္ဂလာပွဲက ဘယ်လိုလုပ် အရေးမကြီးမှာလဲ။ ရှောင်ယ ကျွန်မသမီးလည်းဖြစ်ပြီး ကျွန်မ ချွေးမလေ မင်္ဂလာမဆောင်ရင်၊ သူတို့ရဲ့ အိမ်ထောင်ရေးကို ကျွန်မ သေချာပေါက် သဘောတူမှာ မဟုတ်ဘူး”
"ရှင်က ကျွန်မ သဘောတူလွန်းတဲ့အတွက် အပြစ်တင်နေတာလား။" ရှန်ချင်းယီက နောက်ပြောင်လာသည်။
နှစ်ဖက်လုံးရှိ မိဘများသည် ခဏတာ အေးခဲသွားပြီးနောက် ရုတ်တရက် တစ်စုံတစ်ရာ လွဲချော်သွားသည်ဟု ခံစားမိသောအခါ တုံ့ပြန်လာကြသည်။ နှစ်ဖက်လုံးရှိ မိဘများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရယ်မောနေကြသည်။
“အငြင်းအခုန်တွေ ရပ်လိုက်ရအောင် " လီရုံက မုရှောင်ယကို မေးလာသည်။ "ရှောင်ယ ဘယ်ချိန်မင်္ဂလာဆောင်ချင်လဲ။"
"သမီးလား။" မုရှောင်ယက ခဏလောက်စဉ်းစားပြီး "နည်းနည်းနောက်ကျမှ " ဟု ပြုံးပြုံးလေးပြောလိုက်သည်။
"ဘာလို့လဲ။" လူတိုင်း ပဟေဌိဖြစ်သွားခဲ့သည်။
"ဖြစ်နိုင်ရင် သမီး ကလေးကို ပန်းကိုင်မိန်းကလေး ဒါမှမဟုတ် လက်စွပ်ကိုင်သူ ဖြစ်စေချင်တယ် " ဤမြင်ကွင်းကို တွေးကြည့်ရုံဖြင့် မုရှောင်ယက သူမဘဝ ပြီးပြည့်စုံသွားသည်ဟု ခံစားမိသည်။
"နောက်မှလုပ်ရအောင်" မုရှောင်ယ အကြံက တကယ်ကို အံ့သြဖွယ်ကောင်းတာ်လို့ လီရုံက တွေးမိသည်။ ဒါပေမယ့် ကလေးတစ်ယောက်သာဖြစ်ခဲ့ရင် ပန်းတစ်ပွင့်မိန်းကလေး ဒါမှမဟုတ် လက်စွပ်ကိုင်တဲ့သူက မလုံလောက်တဲ့အတွက် သူ့သားအကြီးဆုံးဆီကို ကြည့်ပြီး “မြေးဘယ်တော့ပေးမှာလဲ” ဆိုပြီး နောက်အိမ်ထောင်ပြုဖို့ ရုတ်တရက် တိုက်တွန်းခဲ့သည်။
“…” ပိုင်ကျန့် အမူအရာ တောင့်တင်းသွားသည်။ “မားမှာ တစ်ယောက်း ရှိနေပြီမဟုတ်ဘူးလား။”
“ ရှောင်ချွမ်းက ရှောင်ချွမ်း ပြီးတော့ မင်းက မင်းလေ။ ဒီနှစ်အတွက် မားရဲ့ မွေးနေ့ဆုတောင်းကတော့ မင်း မကြာခင် လက်ထပ်မယ့်လူကို ရှာတွေ့နိုင်မယ်လို့ မျှော်လင့်တယ်"
မုရှောင်ယက လက်ထပ်ဖို့ ဘယ်တုန်းကမှ တိုက်တွန်းမခံခဲ့ရသော်လည်း အရင်ဘဝက ဖန်းဟော််နဲ့ လျန်းနျိုနျိုတို့ရဲ့ မကျေနပ်ချက်များကို နားထောင်ခဲ့ရသည်။ တိုင်ကြားချက်၏ အကြောင်းအရာသည် လီရုံပြောသည့်စကားနှင့် အလွန်ဆင်တူသောကြောင့် သူမ သက်ပြင်းချနိုင်ခဲ့သည်။ မည်သည့်ကမ္ဘာတွင်မဆို မိခင်များသည် အတူတူပင်ဖြစ်သည်။
"ရှောင်ယ သမီးသိတဲ့ သင့်တော်တဲ့မိန်းကလေးရှိလား။ သမီး အစ်ကိုကြီးနဲ့ မိတ်ဆက်ပေးလို့ရမလား။"
“…” မုရှောင်ယက အတော်ကြာအောင် ထိတ်လန့်သွားသည်။ ဤအရာက သူမအပေါ် ဘယ်လိုကျလာတာ်လဲ သူမအဲ့ဒါကို မမျှော်လင့်ခဲ့ပါ။
"Single တွေကို သမီးသိလား။"
“ဟုတ်တယ် အဲ့ဒါ…” ဖန်းဟော်နဲ့ လျန်းနျိုနျို နှစ်ယောက်လုံးက single တွေ။
ပိုင်ကျန့်က မုရှောင်ယ ပြန်ပြောတာ မမျှော်လင့်ထားတာကြောင့် သူမကို မော့ကြည့်လိုက်သည်။
"ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ ကိစ္စတွေကို အတင်းအကြပ် လုပ်လို့မရဘူး " ဖန်းဟော်က ပိုင်ကျန့်ကို မြင်ဖူးသည်။ သူမ ပထမဆုံးမြင်လိုက်ရသောအခါ ဖန်းဟော်က မျက်ရည်များဝဲနေလေသည်။ ထိုအချိန်တွင် မုရှောင်ယက သူမနဲ့ချိတ်ပေးဖို့ ကူညီနိုင်ခြင်း ရှိ၊ မရှိကို အရွှန်းဖောက်ခဲ့သည်။ ရလဒ်အနေဖြင့် ဖန်းဟော်က ပြောလာသည်။ 'နင့်အစ်ကိုကြီး အသားအရေက ချောမောပြီး ရုပ်ရည်လည်း ကောင်းတယ်၊ ဒါပေမယ့် သူ့မှာ အိမ်ထောင်ပြုဖို့က အရမ်းသန်မာတယ်။ ရေတိုဆက်ဆံရေးလိုချင်ရင် သူ့ကိုဘာလို့မမေးတာလဲ။ ’
ဒီလို မိုက်မဲတဲ့ ကောင်မလေး၊ သူမကို ပိုင်ကျန့်နဲ့ ဘယ်လို မိတ်ဆက်ပေးရဲမှာလဲ။
"အဆင်ပြေပါတယ်၊ သူတို့အရင်ဆုံပါစေ။ လူငယ်တွေ အချင်းချင်း ဖြည်းညှင်းစွာ ပေါင်းသင်းနိုင်တယ်”
သူမ ဘယ်လိုပြောရမှန်း မသိပေမယ့် ညစာစားပြီးချိန်မှာတော့ မုရှောင်ယက ပိုင်ကျန့်ကို တစ်ကိုယ်ရေအမျိုးသမီးတွေနဲ့ မိတ်ဆက်ပေးဖို့ ကူညီပေးရမယ့် တာဝန်ကို ရုတ်တရက် ထမ်းဆောင်ခဲ့သည်။
=
ပိုင်ကျန့်က မနေ့ညက အိပ်မပျော်ဘူး။ ဒီနေ့တော့ သူ့စိတ်အခြေအနေက မကောင်းဘူး။ ညစာစားချိန်မှာ သူနည်းနည်းငိုက်နေခဲ့တယ်။ မုရှောင်ယက သူရေချိုးပြီးတာနဲ့ ပိုင်ချွမ်း တန်းအိပ်ပျော်သွားလိမ့်မယ်လို့ တွေးထားပေမယ့် သူကတော့ သူမကိုစောင့်နေပြီး ကုတင်ပေါ်မှာ ထိုင်နေတုန်းပဲ။
"ဘာလို့ မအိပ်သေးတာလဲ။" မုရှောင်ယက ပိုင်ချွမ်း မျက်လုံးများအောက်မှ အနက်ရောင် စက်ဝိုင်းကြီးကို စူးစူးရဲရဲစိုက်ကြည့်နေမိသည်။
"ငါမင်းကိုပြောစရာရှိတယ်" ပိုင်ချွမ်းက ပြန်ဖြေလာသည်။
“ဒါဆို ရှင် ပြောလေ” ပိုင်ချွမ်းက သူ့စိတ်ထဲတွင် ဘာကိုမှ မဖုံးကွယ်နိုင်ပါ။ မပြောရင် အိပ်မပျော်ဘူး။
"ငါ စိတ်ထမဖောက်ဖို့ တားဆီးဖို့ နည်းလမ်းတစ်ခု စဉ်းစားခဲ့တယ်" ပိုင်ချွမ်း မျက်လုံးများက တောက်ပလာသည်။
"တကယ်လား။" မုရှောင်ယက နည်းလမ်းမစဉ်းစားနိုင်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များစွာရှိသောကြောင့် သူမ မှားကြားတယ်လို့ထင်ခဲ့သည်။ 'ပိုင်ချွမ်းက တစ်ခုတွေ့ခဲ့တာလား '
“အင်း” ပိုင်ချွမ်းက ခေါင်းညိတ်လာသည်။ “မနေ့ညကနဲ့ ဒီနေ့ပဲ တွေးတယ်။ နောက်ဆုံးတော့ ကိုယ်ဘာကြောင့် အကျပ်အတည်းဖြစ်ခဲ့ရတယ်ဆိုတာ ကိုယ်သိတယ်”
ပိုင်ချွမ်းက မုရှောင်ယကိုကြည့်ပြီး ဖြည်းညှင်းစွာပြောလာသည်။ "မင်းသေမှာကို ငါကြောက်လို့"
ပိုင်ချွမ်း မျက်ဝန်းထဲကနေ မုရှောင်ယက သူမ အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ သူမက သူ့ကို နှစ်သိမ့်ပေးချင်ပြီး သူမ သေမည်မဟုတ်ဟု ပြောချင်သော်လည်း ၎င်းအကြောင်းကို ပိုတွေးလေလေ သူမ၏ လည်ချောင်းက ဆွံ့အသွားပြီး အသံမထွက်လာတော့ပေ။
"ဒါပေမယ့် အခု ငါ မကြောက်တော့ဘူး" ပိုင်ချွမ်းက ပါးစပ်က သက်သာရာရစွာ ပြုံးလိုက်ပြီး ပြောလာသည်။ "လူသေပြီးရင် ဘာမှမမြင်နိုင်၊ မကြားရဘူးလို့ အဖွားပြောခဲ့တယ်။ ဒါကြောင့် အပိုင်းတစ်ပိုင်းရှိတဲ့အခါ ဘာမှမမြင်နိုင်၊မကြားရဘူး။ ဒီတော့ မင်းသေရင် ငါလည်းသေမယ်။ အဲ့ဒါကို ငါမကြောက်ဘူး"
“ရှောင်ချွမ်း …” မုရှောင်ယက နောက်ဆုံးတွင် သူမအသံကိုတွေ့ရှိသွားပြီး ပိုင်ချွမ်း လက်ကိုကိုင်ကာ သူမ၏နှလုံးသားနှင့် ဆန့်ကျင်ပြီး “မသေပါဘူး၊ အဲဒါကို မစဉ်းစားနဲ့” လို့ပြောလိုက်သည်။
"အင်း၊ မင်းမသေဘူး၊ ကိုယ်လည်းမသေဘူး" ပိုင်ချွမ်း ဤသို့ပြောသောအခါတွင်၊ သူ့အမူအရာမှာ ယခင်အတိုင်း အတိအကျပင်။ ၎င်းက မကြုံစဖူးသော လွယ်ကူမှုတစ်ခုဖြစ်ပြီး ထိတ်လန့်မှု သက်သာသွားသည်နှင့် ထွက်ပေါ်လာသည့် ကြည်နူးစရာဖြစ်သည်။
ဒါကြောင့် သူမ သေရင် ရှောင်ချွမ်းက သူ့ဘာသာ ပြန်ပိတ်မိသွားလိမ့်မယ်။ သူမ မသေရင် အခုသူမမြင်ရသလိုမျိုး ပြုံးပျော်နေမှာလား။
“ကောင်းပြီ” ပိုင်ချွမ်း ပျော်ရွှင်နေသရွေ့တော့ မုရှောင်ယက ဝေးကွာနေတဲ့အရာတွေကို မတွေးချင်ပါဘူး။ ပိုင်ချွမ်း ကမ္ဘာထဲမှာ သုံးနှစ်အကြာမှာ အခြားပြတင်းပေါက်တစ်ခုကို ဖွင့်နိုင်မလား။ သူမက ထွက်ခွာသွားပြီး သူမတို့၏ သားသမီးများနှင့် ပိုင် မိသားစုထံ ထားခဲ့ရမည်ဖြစ်သည်။