အချက်အပြုတ်နတ်ဘုရားလေး၏ ခရီးစဉ်
အပိုင်း ၄
စုခယ်သည် ဂိတ်တံခါးဝသို့ လျှောက်လှမ်းလာရင်း သူတို့ကြားက ဆက်နွယ်မှုကို စဉ်းစားနေသည်။ ညနေ ခြောက်နာရီခွဲအချိန်သည် ညစာစားဖို့ အချိန်အတိအကျဖြစ်ပြီး အိမ်ထောင်စုတိုင်းမှ ယောက်ျားများသည် အိမ်သို့ အပြေးပြန်လာကြသည်။ ခြံတံခါးဝတွင် ခင်ပွန်းများကို စောင့်နေသော မိန်းမများရှိပြီး ဖခင်များကို စောင့်နေစဉ် ကလေးများသည် ကစားနေကြသည်။
စုခယ် ခြံတံခါးဝသို့ ရောက်ရှိပြီး သုံးမိနစ်မပြည့်မီတွင် မရေမရာသော မျက်လုံးတစ်စုံက သူမအပေါ်သို့ ကျရောက်လာသည်။
ယခင်နေ့မှ မြစ်ထဲခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေမည်ဟု ခြိမ်းခြောက်ကာ ကွာရှင်းပြတ်စဲရန် ဖိအားပေးခဲ့သည့် အဖြစ်အပျက်သည် မြို့တစ်ဝှမ်း ပြောဆိုနေကြသည့် အကြောင်းအရာ ဖြစ်သွားပြန်ပုံရသည်။ စုခယ်သည် မိန်းမနှစ်ဦးက သူမကို ခိုးကြည့်ပြီး ခေါင်းငုံ့ကာ ပါးစပ်များ မရပ်မနား ဖွင့်လိုက်ပိတ်လိုက် လုပ်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ဘယ်ဘက်တွင် ပန်းပွင့်အင်္ကျီနှင့် အပြာရောင်ဘောင်းဘီဝတ်ဆင်ထားသော သတ်လတ်ပိုင်းအရွယ် မိန်းမမှာ စွင်းစွေ့စွေဖြစ်ပြီး သူမအိမ်၏ တတိယထပ်တွင် နေထိုင်သည်။ ညာဘက်တွင် ထိုသူနှင့် စကားပြောနေသော အဝါဖျော့ရောင် အင်္ကျီဝတ်ဆင်ထားသည့် မိန်းမမှာ ဆဌမထပ်၏ ဘယ်ဘက်ယူနစ်တွင် နေထိုင်သူဖြစ်ပြီး သူမ၏အမည်မှာ ကျူးကျင်းဝေဖြစ်သည်။ သူမတို့ နှစ်ဦးလုံးသည် ဝန်ထမ်းရပ်ကွက်ရှိ မူလတန်းကျောင်းတွင် သင်ကြားရန် တာဝန်ပေးခံထားရသူများဖြစ်သည်။ လောလောဆယ်တွင် သူမတို့နှစ်ဦးလုံးမှာ သူမတို့၏ ခင်ပွန်းများ ညစာစား ပြန်လာရန် စောင့်ဆိုင်းနေကြသည်။
အမျိုးသမီး နှစ်ဦးသည် စုခယ် သူမတို့ဖက်သို့ ကြည့်နေသည်ကို မြင်သောအခါ တပြိုင်နက်တည်း ပြုံးပြလိုက်ကြသည်။
စုခယ်လည်း ပြန်ပြုံးပြလိုက်ပြီးနောက် သူမကိုယ်သူမ အေးမြစေရန် ထန်းရွက်ယပ်တောင် တစ်စုံဖြင့် ယပ်ခတ်ရင်း စာအုပ်ဖြတ်သန်းခြင်း အကူအညီပေးသူက ပေးခဲ့သည့် ဇာတ်လမ်းဖြည့်စွက်ချက်ကို စဉ်းစားနေသည်။
ချက်ပြုတ်ခြင်းကို သင်ယူရာတွင် ပထမဆုံးသင်ခန်းစာမှာ သည်းခံနိုင်မှုနှင့် အာရုံစူးစိုက်မှုကို လေ့ကျင့်ပေးခြင်းဖြစ်သည်။ ယခင်ဘဝတွင် ထူးချွန်သော ချက်ပြုတ်ကျွမ်းကျင်မှုများ ရှိခဲ့သည့် အကြောင်းရင်းက သူမ၏ ပါရမီ အပါအဝင် အရေးအကြီးဆုံးမှာ သူမ၏ ကောင်းမွန်သော သည်းခံနိုင်မှုနှင့် အာရုံစူးစိုက်မှုတို့ကြောင့်ဖြစ်ပြီး သူမကို သင်ကြားပေးခဲ့သော ဆရာများအားလုံးက ချီးမွမ်းခဲ့ကြသည်။
ထို့ကြောင့် သူမသည် ပြဿနာတစ်ခုကို စဉ်းစားရာ၍ နစ်ဝင်သွားပါက ကမ္ဘာကြီးက ဘာဖြစ်နေသည်ကိုပါ မေ့လျော့သွားတတ်သည်။
အမျိုးသမီးငယ်သည် သပ်ရပ်သော အဖြူရောင်အင်္ကျီ၊ အနက်ရောင် လည်သာ ဖိနပ်တစ်ရံနှင့် မျက်နှာပေါ်တွင် အပြုံးတစ်ခုသာ ဆင်ရင်ထားသည်။ သူမက အိမ်နီးချင်း ကလေးတစ်ယောက်လို ပုံပေါက်နေပြီး သူမ၏ ပုံမှန် အာဏာရှင်ဆန်သော အမူအရာမျိုး လုံးဝမတွေ့ရချေ။
ခေါင်းဆောင် ချန်းလင်သည် လက်ထပ်သည့်အချိန်တွင် သူ၏ဇနီးသည် စစ်ဌာနချုပ်မှူး၏ သမီးဖြစ်သည်ဟု သူတို့ ကြားသိရသည်။ ခြံတွင်းရှိ လူတိုင်းက ချန်းလင်သည် ကြီးမားသော ကံကောင်းမှုရရှိသည်ဟု ပြောကြသည်။
သူမတို့ ဘဝများကို အလေးမထားသော မိန်းမများသည် ဒေါသထွက်လာမည်ဆိုသည်ကိုဘယ်သူက စဉ်းစားမိမည်နည်း။ ထိုထဲတွင် ချန်းလင်သည် သူမနှင့် အိပ်ရာတစ်ခုထဲတွင် မအိပ်နိုင်ခြင်း၊ ချန်းလင်သည် အိမ်ရှိ အိမ်မှုကိစ္စအားလုံးကို လုပ်ဆောင်ရခြင်း၊ သူမစိတ်ဆိုးနေသည့်အခါ သူ ပြန်မပြောရခြင်းနှင့် သူမ ရာသီလာစဉ် သူ့ကို ဆူပူခြင်း၊ ထမင်းကို စားသောက်ဆိုင်တွင် ဝယ်ယူရခြင်းနှင့် သူမချက်ပြုတ်ရန် မလိုအပ်ခြင်းတို့ ပါဝင်သည့်အပြင် ထိုအရာတွေထက် ပိုတာတွေလည်း ပါဝင်သည်။
အတိုချုပ်အားဖြင့် သူမသည် အထူးအဆန်း စည်းမျဉ်းစည်းကမ်းများကို ပြဌာန်းခဲ့သည်။ သူမ၏ သူငယ်ချင်းက သူတို့ကို မပြောပြခဲ့ပါက သူတို့ကဲ့သို့သော ပြင်ပလူများသည် ဤကဲ့သို့ ယုန်ကလေးနှင့်တူသော ကောင်မလေးမှာ ဒေါသထွက်လာနိုင်သည်ကို သိနိုင်မည် မဟုတ်ပေ။ သူတို့နှင့် အတူနေပြီးနောက် သိရှိခဲ့ရသည်မှာ ယုန်ဖြူကလေးသည် တကယ့်ယုန်ဖြူကလေး မဟုတ်ခဲ့ပေ။ သူမတွင် အလွန်ဆိုးရွားသော စိတ်ထားရှိပြီး အမြဲတမ်း သူများထက် သာလွန်နေပုံ ပေါက်နေတတ်သည်။
"စုခယ်၊ နင် ဘယ်လိုဖြစ်လို့ အောက်ထပ်ကို လာစောင့်နေတာလဲ။"
စုခယ် ဘာမှ မစဥ်းစားနိုင်ခင် အဝေးမှ ချန်းရှုဟွား ခေါ်သံကို ကြားလိုက်ရသည်။ သူမ အသိစိတ်ကပ်သွားရပြီး အလျင်အမြန်သွား၍ ပစ္စည်းများကို ယူကာ လူများနှင့် တွေ့ဆုံရန် အပေါ်ထပ်သို့ ဦးဆောင်သွားခဲ့သည်။
သူတို့နှစ်ဦးသည် အပေါ်ထပ်သို့ တက်ရင်း စကားပြောလာကြသည်။ ချန်းရှုဟွား၏ ခင်ပွန်းသည် အချိန်မရှိသောကြောင့် သူမ၏ သမီးငယ်နှင့် သားငယ်ကိုသာ ခေါ်လာခဲ့သည်။ သားငယ်သည် ရှစ်နှစ်အရွယ်ဖြစ်ပြီး သူ၏အမည်မှာ ရှန်ကျန်းရှီးဖြစ်သည်။ သမီးငယ်သည် လေးနှစ်အရွယ်ဖြစ်ပြီး သူမ၏အမည်မှာ ရှန်ဟုန်ဟုန်ဖြစ်သည်။ ကလေးမလေးသည် ကျစ်ဆံမြီး ၂ ခုခွဲကျစ်ထားပြီး အလွန်ချစ်စရာကောင်းသည်။
အိမ်ထဲသို့ ဝင်ရောက်လာသည်နှင့် စုခယ်သည် ကလေးနှစ်ယောက်အတွက် ကြိုတင်ပြင်ဆင်ထားသော သစ်သီးလက်ဖက်ရည်ကို မီးဖိုထဲမှ ပြေးယူလာကာ ခွက်ပြည့်နေအောင် ထည့်လိုက်သည်။ ကလေးများကို ဂရုစိုက်ပေးပြီးနောက် ချက်ပြုတ်ထားသော ဟင်းလျာများကို တစ်ခုပြီးတစ်ခု တည်ခင်းတော့သည်။
"ကျဲ ဘီယာသောက်လို့ရလား? ကျွန်မ ခဲအိုက ဒီနေ့ညစာစားဖို့ လာမယ် ထင်လို့ ကျောက်ပုစွန်အစပ်နဲ့ တွဲသောက်ဖို့ ဘီယာဝယ်ထားတယ်။" စုခယ်သည် ရေခဲသေတ္တာဆီသို့ လျှောက်သွားရင်း မေးလိုက်သည်။
ချန်းရှုဟွားသည် ကလေးနှစ်ယောက်ကို စားပွဲပေါ်တွင် ထိုင်ခိုင်းကာ သောက်လို့ရကြောင်း ခေါင်းညိတ်ပြသည်။ နွေရာသီတွင် ကျောက်ပုစွန်နှင့် ဘီယာသည် အံဝင်ခွင်ကျဖြစ်သည်။ ထို့အပြင် ယခုလေးတင် သူမအောက်ထပ်မှတောင် အနံ့ကို ရနေခဲ့သည်ဆိုတာ အပိုပြောနေခြင်း မဟုတ်ပေ။ မူလတွင် ကလေးမလေးက သူမကို ညစာစားဖို့ ဖိတ်ကြားတော့ စိတ်လှုပ်ရှားနေခဲ့ရ၏။ ယခုတော့ သူမ အတွေးလွန်သွားရုံသာဖြစ်နေပုံပင်။ သူမ ချက်ပြုတ်ရတာ မကြိုက်ခြင်းဖြစ်သည်၊ မချက်ပြုတ်တတ်တာ မဟုတ်ပေ။ သူမက အလွန် ဟင်းချက်ကောင်းသူဟုပင် ပြောလို့ရ၏။
ထိုစကားကို ကြားလိုက်ရပြီး စုခယ်သည် ဘီယာတစ်ပုလင်းနှင့် ကြိုတင်အအေးခံထားသော ဝိုင်ခွက်နှစ်လုံးကို ထုတ်ယူကာ ထမင်းစားစားပွဲသို့ သွားပြီး ဝိုင်ထည့်လိုက်သည်။ ကလေးနှစ်ယောက်သည် စကားမပြောဘဲ သူ့ကို စိုက်ကြည့်နေပြီး မကြာခဏ သွားရည်မျိုချနေသည်ကို သူမသတိထားမိသည်။ သူမက ကလေးနှစ်ယောက်ကို စားဖို့ ဖိတ်ခေါ်နေသည့် လောဘကြီးသော ကြောင်ကလေးတစ်ကောင်လို ပုံပေါက်နေသည်။
ခွင့်ပြုချက်ရပြီးနောက် ကလေးနှစ်ယောက်သည် သူတို့ကို ပိတ်ပင်ထားသော ဂါထာတစ်ခုကို ဖယ်ရှားလိုက်သကဲ့သို့ ဖြစ်သွားသည်။ သူတို့၏ အစ်မကို ကျေးဇူးတင်ကြောင်း ပြောပြီး စတင် စားသောက်ကြသည်။
"ဒီကလေးတွေကတော့~"
ချန်းရှုဟွားသည် ချစ်စနိုးဖြင့် ပြုံးလိုက်ပြီး ဝိုင်ခွက်ကို ကောက်ယူကာ စုခယ်ကို ကြည့်ပြီး "ဒီဟင်းတွေကို ပြင်ဆင်ရတာ နင်အရမ်းအလုပ်ရှုပ်နေမှာပဲ။ ငါ နင့်ကို ဂုဏ်ပြုမယ်။" ထို့နောက် သူမ ဝိုင်ခွက်ကို မြှောက်ကာ တစ်ငုံသောက်လိုက်သည်။
ရေခဲစိမ်ဘီယာသည် ပိုမိုအေးမြပြီး လန်းဆန်းသော အရသာရသည်။ ချန်းရှုဟွား၏ မျက်လုံးများသည် တောက်ပလာသည်။ သူမသည် ကျောက်ပုစွန်တစ်ကောင်ကို ကောက်ယူပြီး ဟင်းရည်ထဲတွင် နှစ်လိုက်သည်။ အသားသည် ဝါးလို့ကောင်းပြီး နူးညံ့သည်။ တစ်ကောင်စားပြီးနောက် နောက်တစ်ကောင်ကို ထပ်မစားဘဲ မနေနိုင်ပေ။ သူမသတိကပ်သွားပြီးနောက် သူမ၏ ရှေ့တွင် ကျောက်ပုစွန်အခွံ ခုနစ်ကောင် ရှစ်ကောင် စားပြီးနေပြီဖြစ်သည်။
သူမကလေးနှစ်ယောက်ကို ပြန်ကြည့်လိုက်တော့ သူတို့ရှေ့မှာ ကျောက်ပုစွန်အခွံတွေ အများကြီးရှိနေသည်ကို တွေ့လိုက်ရသည်။ ကျောက်ပုစွန်ကင် ဟင်းတစ်ခွက်ကို ချက်ပြုတ်ရန် ဆီအများကြီးလိုသည်။ ထို့ကြောင့် အိမ်တိုင်းလိုလို ဆီချွေတာရန် ကျောက်ပုစွန်ကင်ကို ချက်ပြုတ်တာ ရှားသည်။
သူမ ကျောက်ပုစွန်စားဖူးသည်က သူမခင်ပွန်းနှင့် အစည်းအဝေးတွေသွားရင်း စားသောက်ဆိုင်တွေမှာ စားဖူးခြင်းဖြစ်သည်။ ထိုကျောက်ပုစွန်များက စုခယ်ကင်တာလောက် အရသာမရှိချေ။ စားသောက်ဆိုင်မှာ ကင်ထားတဲ့ ပုစွန်ဆိတ်က စပ်ပြီး မြေကြီးအနံ့ပါသည်။ အသားက လျော့ရဲရဲ နှင့် အစပ်အရသာက စပ်ပြီး ဆီများလွန်းသည်။
စုခယ် ယနေ့ည ချက်ပြုတ်ပေးသော ကျောက်ပုစွန်ကင်ကလည်း စပ်သော်ငြား လူတွေ အစားမရပ်နိုင်အောင် အရသာရှိသည်။ ပုစွန်အမြီးအသားက ဖြူဖွေးပြီး နူးညံ့ပျော့ပျောင်းနေကာ ဝါးလို့ကောင်းသည်။ တစ်ကိုက် ကိုက်လိုက်လျှင် ပါးစပ်ထဲတွင် လတ်ဆတ်ပြီး စပ်သောအရသာကို ခံစားရနိုင်သည်။ အစပ်က သင့်တင့်၍ စားပြီးနောက် ဗိုက်နှင့် အူလမ်းကြောင်းက စပ်တာကို မခံစားရဘဲ မထင်မှတ်ထားစွာ သက်သောင့်သက်သာ ဖြစ်စေသည်။
"ရှူး ရှဲ ရှူး ရှဲ~"
"အေ့~ မာမား၊ ခေါ်ဒေါ်စုခယ်ချက်တဲ့ ကျောက်ပုစွန်တွေ အရမ်းကောင်းတယ်၊ မြန်မြန်စားလိုက်တော့" ရှန်ဟုန်ဟုန်၏ ပါးစပ်တွင် ဆီနီနီများ ပေကျံနေပြီး လက်များက မရပ်မနား လှုပ်ရှားနေကာ သူက တောက်ပနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
ကလေးနှစ်ယောက်က အလွန်ကြိုက်နှစ်သက်နေသည်မှာ သိသာလှသည်။
"နောက် စားချင်ရင် ဒေါ်ဒေါ့် အိမ်ကို လာလို့ရတယ်။ ဒေါ်ဒေါ် ချက်ပေးမယ်။"
စားဖိုမှူးတစ်ယောက်အတွက် အပျော်ဆုံးအရာက သူချက်ပြုတ်ထားသော အစားအစာကို စားသုံးသူတွေ ကြိုက်နှစ်သက်တာပင်ဖြစ်သည်။
"ကျဲ၊ ညီမ ကျောက်ပုစွန်နည်းနည်း ချန်ထားတယ်။ နောက်မှ ရှန်ကောကို ပေးဖို့ ယူသွားနော်။"
သူတို့နှစ်ယောက် စကားပြောနေစဉ် ရုတ်တရက် တံခါးပွင့်သွားသည်။ သူမက အနီရောင် အဝိုင်း အစက်ပြောက်လေးတွေပါသော စကတ်ရှည်နှင့် ဆံပင်ကို ဘေးတစ်ဖက်သို့ ကျစ်ဆံမြှီးကျစ်ကာ ချထားသည်။ မနှုတ်ဆက်ဘဲ သူမ၏ လက်ထဲမှ ပစ္စည်းကို ပစ်ချလိုက်ပြီး တစ်ခါတည်း ဖိနပ်လဲလိုက်သည်။ ခဏအကြာတွင် ထိုမိန်းမက ခေါင်းမော့လာပြီး ပြောလိုက်သည်။ "စုခယ်၊ ငါ နင့်အိမ်မှာ ထားခဲ့တဲ့ အိမ်စီးဖိနပ် ဘယ်ရောက်သွားတာလဲ။"
ဧည့်သည်ကို သူမ ယခုမှပင် သတိထားမိသယောင်ဖြင့် ပြောလာသည်။ "အော် ချန်းကျဲ၊ ကျဲလည်း ဒီမှာပါလား။"
စုခယ်သည် ထိုမိန်းမ၏ လုပ်ဆောင်ချက်များကို သက်သောင်သက်သာဖြစ်စွာ ကြည့်နေပြီး လှပသော မျက်နှာကိုလည်း သေချာကြည့်ရှုနေသည်။ မျက်နှာလေးက မိတ်ကပ်ကြောင့် ပိုလှပနေလေသည်။
[စာအုပ်ဖြတ်သန်းခြင်း အကူအညီပေးသူ၏ ဖော်ရွေသော သတိပေးချက်- ဇာတ်ကောင်အသစ် ဟဲထင်ကို ဖွင့်လှစ်ပြီး ဇာတ်ကောင်၏ အသေးစိတ်အချက်အလက်များကို နောက်ပိုင်းတွင် ထုတ်ပြန်ပါမည်။]
သူမ စိတ်ထဲတွင် စက်ပိုင်းဆိုင်ရာ အသံတစ်ခု အချိန်မှန်စွာ မြည်လာသည်။
ထိုမိန်းမက ပြောနေရင်း စားပွဲဆီသို့ လျှောက်သွားပြီး ထိုင်ခုံတစ်လုံးကို ဆွဲယူကာ ထိုင်လိုက်သည်။ ထို့နောက် သူမအိတ်ကို ဖွင့်ပြီး သကြားလုံးအချို့ကို ထုတ်ယူကာ "ကျဲ၊ နင်ဒီနေ့ လာမယ်ဆိုတာ ငါမသိခဲ့လို့ လက်ဆောင်တွေ ယူလာဖို့ အချိန်မရှိခဲ့ဘူး။ ဒီသကြားလုံးတွေကို ကလေးနှစ်ယောက်ကို အိမ်ပြန်တဲ့အခါ ယူသွားစေချင်တယ်။"
ချန်းရှုဟွားသည် ကလေးနှစ်ယောက်က သူမကို စိတ်ဝင်စားစွာ ကြည့်နေသည်ကို လှမ်းကြည့်ပြီး ထိုမိန်းမကိုလည်း အပြုံးတစ်ခုနှင့် ကြည့်လိုက်သည်။ စုခယ်ကို ကြည့်ပြီးနောက် ထိုမိန်းမက ခေါင်းညိတ်ပြသည်။ ထို့နောက် ကလေးနှစ်ယောက်ကို ခေါင်းညိတ်ပြသည်။ “ဟေးကျယ်ကျဲက နင်တို့ကို သကြားလုံးတွေ ပေးတယ်၊ ဘာပြောရမလဲ။"
ကလေးနှစ်ယောက်က သကြားလုံးကို ယူပြီးနောက် ချန်းရှုဟွားက ဆက်ပြောသည်။ "ငါ့အတွက် ငွေကုန်ကြေးကျခံရတာ အားနာလိုက်တာ။ နင်က ဒီလောက် စျေးကြီးတဲ့ သကြားလုံးတွေ ယူလာတာ၊ ငါ့မှာ နင့်ကို ပေးစရာ ဘာမှမရှိဘူး။ နောက်တစ်ခါ ငါ့အိမ်ကို လာပြီး လက်ဖက်ရည်သောက်မယ်ဆိုရင်ကော။"
"မဟုတ်တာ ကျဲရယ်၊ နောက်ပိုင်းမှာ ကျဲရဲ့ စောင့်ရှောက်မှုကိုပဲ ညီမ အားကိုးရမှာပါ။ ပြီးတော့ ကျွန်မက ကလေးနှစ်ယောက်ကို ချစ်တယ်၊ သူတို့က တကယ် ချစ်စရာလေးတွေ"
ထိုမိန်းမပြောပြီးနောက် ချန်းရှုဟွားသည် မျက်ခုံးများ အနည်းငယ် တွန့်သွားပြီး တစ်ခုခုမှားယွင်းနေသည်ဟု တစ်ချိန်လုံး ခံစားနေရသည်။ မိသားစုရပ်ကွက်ထဲရှိ ကောလာဟလတွေကို သတိရလိုက်တော့ သူမမျက်နှာက မှောင်သွားသည်။
"စုခယ်၊ ငါ့မှာ အားလပ်ရက်ရတာနဲ့ နင်နဲ့အတူ ကစားဖို့ နင့်ဆီလာတာ။ နေ့လည်ကတည်းက ဘာမှမစားရသေးဘူး၊ ငါဗိုက်ဆာနေပြီ။ မြန်မြန် ငါ့ကို ပန်းကန်တစ်လုံးယူပေး။ နင်က တကယ်ကို လွန်လွန်းအားကြီးတယ်။"
ချန်းရှုဟွားကို နှုတ်ဆက်ပြီးနောက် ဟဲထင်က စုခယ်ကို ကြည့်ပြီး သဘာဝကျစွာ အမိန့်ပေးလိုက်သည်။ သူမသိသည်၊ စုခယ်သည် သူမကို အမြဲကောင်းကောင်းဆက်ဆံပြီး သူမကို စစ်တပ်အကြံပေးအဖြစ် မှတ်ယူထားသည်။ ထို့ကြောင့် သူမက တုံးအစွာ ထိုသူပြောသလိုသာ လုပ်တတ်သည်။
အမျိုးသမီးက သဘာဝကျစွာပဲ အမိန့်ပေးလိုက်သည်။ စုခယ် သည် ခဏတာ ကြောင်အသွားပြီး၊ တစ်ခဏအတွင်း အရာများစွာကို နားလည်သွားသည့်ပုံရသည်။ တိတ်ဆိတ်စွာ ထပြီး ပန်းကန်နှင့် တူတစ်စုံကို ယူလိုက်သည်။
သူတို့ စားသောက်နေကြစဉ်၊ ညနေ ၇:၂၀ တွင်၊ ကလေးနှစ်ယောက်သည် အစားစားပြီး စောစော အိပ်ပျော်သွားသည်။ ဒါကိုမြင်ပြီး ချန်းရှူဟွားသည် ထကာ နှုတ်ဆက်လိုက်သည်။ ဟဲထင်ကို နှုတ်ဆက်ပြီးနောက်၊ သူမက စုခယ်ကို လိုက်လာရန် အချက်ပြလိုက်သည်။
အကြည့်ကို နားလည်ပြီးနောက်၊ စုခယ်သည် ကျောက်ပုစွန်ထည့်ထားသော ထမင်းဘူးကို ကောက်ယူကာ၊ တံခါးပိတ်ပြီး ကလေးမလေး လက်ကိုကိုင်ကာ ထွက်သွားသည်။ သူမကို ခြံတံခါးဝအထိ ပို့ပေးပြီး ထမင်းဘူးကို လက်ထဲထည့်ပေးကာ မေးလိုက်သည်။ "ကျဲ ညီမကို ပြောစရာတစ်ခုခု ရှိလား"
"စုခယ်၊ ငါ နင့်ကိစ္စကို စွက်ဖက်နေတယ်လို့ မထင်နဲ့။ အရင်ကတည်းက နင့်ကို ပြောချင်နေတဲ့ အကြောင်းတစ်ခု ရှိတယ်။ နင်ရဲ့သူငယ်ချင်း ဟဲထင်ကို နင် သတိထားရမယ်။ အဲ့မိန်းကလေးက သာမန်မဟုတ်ဘူး။ နင်က သူနဲ့ ဒီလောက်နီးကပ်နေရင်၊ တစ်နေ့မှာ သူက နင့်ကို ရောင်းစားလိုက်တာတောင် နင်သိလိုက်မှာ မဟုတ်ဘူး။"
ချန်းရှူဟွားသည် စုခယ် ပထမဆုံး မိသားစုရပ်ကွက်ကို ရောက်လာစဉ်က သူမသည် အတော်လေး ပုံမှန်ဖြစ်နေခြင်းကို မှတ်မိသည်။ သို့သော် အိမ်မှာပဲ နေပြီး အခြားသူများနှင့် ပြောဆိုဆက်ဆံခြင်း မရှိခဲ့ပေ။
ယခင်က ဟဲထင်သည် သူမနှင့် ဝန်ထမ်းနေအိမ်တွင် ခဏနေရန် လာခဲ့ပြီးမှ ထွက်သွားခဲ့သည်။ သူမသည် မတူသောသူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားပြီး သူမ၏ ပါးစပ်သည် အလွန်မညှာမတာဖြစ်လာသည်။ ထို့အပြင် ထိုအချိန်မှစ၍ စုခယ်၏ မကောင်းသော အပြုအမူများအကြောင်း ကောလာဟလများ မိသားစုရပ်ကွက်တွင် ပျံ့နှံ့လာသည်။
ထို့အပြင်၊ သူမသည် သူမတို့အိမ်သို့ ပထမဆုံးလာစဉ်က ဧည့်သည်တစ်ဦးဖြစ်သော်လည်း၊ အိမ်ရှင်မတစ်ဦးကဲ့သို့ ပြုမူခဲ့သည်။ ဤအရာ၏ နောက်ကွယ်မှ ရည်ရွယ်ချက်မှာ ရှင်းနေသည်။
သူမ ကြားဖူးသော ကောလာဟလများနှင့် မှန်းဆချက်များကို ပြောပြပြီးနောက်၊ ချန်းရှူဟွားသည် သူမ၏ ကလေးနှစ်ယောက်ကို ခေါ်ကာ အိမ်ပြန်သွားလေသည်။
လသည် သစ်ကိုင်းများပေါ်တွင် ဆွဲခိုနေပြီး၊ အိမ်ရာအတွင်းရှိ အိမ်တိုင်းတွင် မီးလင်းနေသည်။ စုခယ် သည် ခြံတံခါးဝတွင် ခဏရပ်နေပြီးနောက် အိမ်သို့ ပြန်လျှောက်သွားသည်။
[system - ဟဲထင်သည် စာအုပ်ထဲတွင် မူလကိုယ်နှင့် တူညီသော အခန်းကဏ္ဍတွင် သရုပ်ကျသည် - ခြေတစ်လှမ်းတက်ရန် ကျောက်တုံး။ ပြန်လည်မွေးဖွားပြီးနောက်၊ ယခုအသက် ၂၂ နှစ်ဖြစ်ကာ စစ်အနုပညာအဖွဲ့၏ အကပြပွဲတွင် အလုပ်လုပ်ကိုင်နေပြီး မူလကိုယ်၏ ကလေးဘဝ ကစားဖော်ဖြစ်သည်။ ပြန်လည်မွေးဖွားပြီးနောက် သူမသည် သူမ၏ အမျိုးသားဇာတ်လိုက်ဖြစ်သူ ချန်းလင်မှာ ရာထူးတွေ တက်လာနေသည်ကို သိရှိပြီး သူ့အပေါ် စိတ်ဝင်စားလာကာ၊ မူလကိုယ်ကို လှုံ့ဆော်ကာ ကွာရှင်းပြတ်စဲစေရန် လုပ်ဆောင်ခဲ့သည်။ ဤလုပ်ဆောင်ချက်ကြောင့်၊ မူရင်းခန္ဓာကိုယ်နှင့် ချန်းလင်တို့သည် အောင်မြင်စွာ ကွာရှင်းပြတ်စဲသွားပြီး နှစ်ယောက်သား တစ်ကိုယ်တည်းသမားများ ပြန်ဖြစ်လာကြကာ ဇာတ်လမ်းကို မြှင့်တင်မည့် ဇာတ်ပို့လေးများ ဖြစ်လာခဲ့သည်။]
[ထို့အပြင်၊ Host သည် တိုးတက်လာမှု အမှတ် ၁၀ မှတ် ရရှိပြီဖြစ်ကြောင်း နွေးထွေးစွာ သတိပေးပါသည်။]
စက်သံ ထုတ်လွှင့်ချက်သည် ပြီးဆုံးသွားပြီး အချိန်မီ ပျောက်ကွယ်သွားသည်။
စုခယ်သည် အောက်ထပ်တွင် ရပ်နေပြီး၊ စာအုပ်ထဲ ကူးပြောင်းခြင်း အကူက ပြောသည့်အရာကို ပြန်စဥ်းစားရင်း သူမ၏ မှန်းဆချက်ကို အတည်ပြုလိုက်သည်။
မူလကိုယ်၏ အကောင်းဆုံးသူငယ်ချင်းက နောက်ကွယ်မှ ပြဿနာဖန်တီးကာ၊ သူမကို မိသားစုအိမ်ရာအတွင်းရှိ လူတိုင်းနှင့် ရန်ဖြစ်စေပြီး၊ ချန်းလင်က သူမကို မုန်းတီးသွားစေကာ၊ နောက်ဆုံးတွင် ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။
သည်တစ်ခေါက်တွင် သူမကို အထူး လာကြည့်ရုံတင် မဟုတ်ဘူး ထင်သည်။
ဒါနဲ့ ပြန်လည်မွေးဖွားခြင်း? သူမတော့ ဒြပ်စင်တွေ အများကြီးပါသော ကမ္ဘာထဲဝင်လာမိပြီထင်သည်။
သူမ တံခါးကို ဖွင့်လိုက်သောအခါ၊ ဖျော်ရည်တစ်ခွက်ကို ကိုင်ထားပြီး ဆိုဖာပေါ်တွင် ထိုင်နေသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။ သူမဝင်လာသည်ကို မြင်သောအခါ၊ သူမကို ဝင်လာရန် လက်လှမ်းခေါ်လိုက်သည်။
"စုခယ်၊ နင်က အိမ်ကို ဒီလောက် သန့်ရှင်းအောင် ဘာလို့လုပ်ထားတာလဲ။ နင်က ဒီလောက် ကောင်းကောင်းမွန်မွန် လုပ်နေရင် ချန်းလင်က ကွာရှင်းဖို့ အလွယ်တကူ သဘောတူမှာ မဟုတ်ဘူး။ သူက ကျေးလက်က တောသားတစ်ယောက်လေ၊ သူ ရထားတဲ့ မိန်းမကို အလွယ်တကူ လက်လွှတ်မှာ မဟုတ်ဘူး။ အရင်က နင်ကို အိမ်မှုကိစ္စမတတ်သူအဖြစ် ဟန်ဆောင်ပြီး၊ ကွာရှင်းဖို့ အောင်မြင်မှုနှုန်းကို မြှင့်တင်ဖို့ ငါတို့ သဘောတူခဲ့တာ မဟုတ်ဘူးလား။"
ဟဲထင်သည် အိမ်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ အိမ်က ယခင်ထက်ပင် ပိုမိုသန့်ရှင်းနေသည်။ သူမ၏ နှလုံးထဲတွင် သတိပေးချက်များ မြည်လာသည်။ သူမရဲ့ အရင်က အားထုတ်မှုတွေ အားလုံး အချည်းနှီးဖြစ်သွားပြီလား။
ဤအရာကို တွေးမိသောအခါ၊ သူမ၏ နှလုံးထဲတွင် ထိတ်လန့်မှုတစ်ခု ဖြစ်ပေါ်လာသည်။
"စုခယ်၊ နင် ငါပြောတဲ့အတိုင်း ကွာရှင်းဖို့အတွက် ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့ရဲ့လား။ အောင်မြင်သွားပြီလား။"