အပိုင်း ၅
Viewers 47

အချက်အပြုတ်နတ်ဘုရားလေး၏ ခရီးစဉ်


အပိုင်း ၅




အမျိုးသမီးသည် မတွန့်မဆုတ်ဘဲ သူမကို နီးကပ်စွာ စိုက်ကြည့်နေသည်။ စာအုပ်ခရီးသွားလာရေး အကူစနစ်၏ ဇာတ်လမ်းဖြည့်စွက်ချက်ကို သူမစိတ်ထဲတွင် ပြန်သတိရလာသည်။ 



ကလေးဘဝကတည်းက ကစားဖော်တစ်ဦးအဖြစ် သူမ၏ ငယ်ဘဝတစ်လျှောက်လုံး အတူရှိခဲ့သူဖြစ်သည့်အတွက် မူလကိုယ်သည် သူမ၏ အကောင်းဆုံးသူငယ်ချင်းထံမှ သစ္စာဖောက်ခံရမည်ဟု လုံးဝမျှော်လင့်ထားခြင်းမရှိခဲ့ပေ။



ချန်းလင်ကို ချစ်နေတာလား? သူမ ဝင်လာစဉ်က အိမ်ရှင်မကဲ့သို့ ပြုမူနေခြင်းနှင့် အစဥ်အမြဲ မူလဇာတ်ကောင်ကို ကွာရှင်းရန် အကြံပေးနေခြင်းတို့မှာ အံ့ဩစရာ မဟုတ်ပေ။ သို့သော် နှစ်ဦးကြား နှစ်ပေါင်းများစွာ သူငယ်ချင်းဖြစ်ခဲ့ပြီးနောက် မူလကိုယ်ကို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်၍ ကွာရှင်းရန် အတင်းအကြပ် လုပ်ခိုင်းခြင်းသည် အလွန်ရက်စက်လှသည်။



သိသောအတိုင်းပင်။ သူမက ဒီခန္ဓာကိုယ်ကို လွှဲယူမလာခဲ့လျှင် မူလကိုယ်သည် တကယ်ပင် သေဆုံးသွားမည်ဖြစ်သည်။



"ဟဲထင်၊ ငါကွာရှင်းပြီလားဆိုတာ နင်သိပ်ဂရုစိုက်နေသလိုပဲနော်?” စုခယ်က အေးဆေးစွာမေးလိုက်သည်။



 ဟဲထင်၏ ရည်ရွယ်ချက်ကို သူမ သေချာမသိသေးသဖြင့် သူမဘာလုပ်ချင်တာလဲဆိုတာ ကြည့်လိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။



စုခယ်၏ စကားကို ကြားလိုက်ရသည့်အခါ ဟဲထင်သည် ခဏတာ မသေမချာ ဖြစ်သွားသည်။ သူမမိသားစု အိမ်ရာထဲကို ဝင် ဝင်လာချင်းတွင် ထိုနေရာတွင် နေခဲ့သော ခင်မင်ရသည့် အစ်မတစ်ဦးက စုခယ်သည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုးစားနေကြောင်း ပြောပြခဲ့သော်လည်း ကွာရှင်းရန် အောင်မြင်ခဲ့လားဆိုတာကိုတော့ သူမ မသိခဲ့ပေ။ သူမတစ်ခုခု သိသွားသည်လား?



 ဒါကို စဉ်းစားကြည့်လိုက်သည့်အခါ မဖြစ်နိုင်ဟု ထင်မိသည်။ စုခယ်သည် ပျော်ရွှင်သော မိသားစုတစ်ခုတွင် ကြီးပြင်းလာခဲ့သူဖြစ်သည်။ သူမ၏အဖွားသည် စစ်ဌာနချုပ်မှူးဖြစ်ပြီး အဖိုးသည် နိုင်ငံပိုင်စားသောက်ဆိုင်တစ်ခု၏ စားဖိုမှူး ခေါင်းဆောင်ဖြစ်သည်။ သူမ အမေသည် ပြည်သူ့လွတ်လပ်ရေးတပ်ဆေးရုံ၏ မီးယပ်ဌာနမှူးဖြစ်ပြီး အဖေသည် တပ်မှူးဖြစ်သည်။ သူမ၏အစ်ကိုသည်လည်း ဆေးပညာသင်ယူရန် နိုင်ငံခြားသို့ စေလွှတ်ခံခဲ့ရသူဖြစ်သည်။ သူမသည် လူတိုင်း၏ ချစ်ခင်မြတ်နိုးခြင်းကို ခံရသူဖြစ်သည်။ သူမ၏ခင်ပွန်းကို မိသားစုမှ ဂရုတစိုက်ရွေးချယ်ထားပြီး အနာဂတ်တွင် အောင်မြင်မှုရှိမည့်သူဖြစ်သည်။



သူမလည်း ထိုကဲ့သို့သော မိသားစုအခြေအနေသည် ပျော်ရွှင်စရာကောင်းသည်ကို ဝန်ခံသော်လည်း စုခယ်အတွက်မူ ကြီးမားသော အားနည်းချက်တစ်ခုကို ချန်ထားခဲ့သည် - သူမသည် အခြားသူများကို ခုခံကာကွယ်နိုင်စွမ်း မရှိခြင်းဖြစ်သည်။



သို့သော် သူမတို့အားလုံးသည် မိသားစုအိမ်ရာမှ ကလေးများဖြစ်ကြသည်။ ဘယ်လိုလုပ် သမီးမိန်းကလေးတွေထက် သားယောက်ျားလေးများက ပိုအလိုလိုက်ခံရခြင်း မရှိသည့် မိသားစုတွင် မွေးဖွားလာကာ စိတ်အေးလက်အေးဘဝတွင် နေထိုင်နိုင်မည်နည်း? 



သူမသည် မိသားစုထံမှ အနည်းငယ်သော အာရုံစိုက်မှုကို ရရှိရန် စာအလွန်ကြိုးစားခဲ့ရပြီး အိမ်ထောင်ရေးတွင်လည်း အာရုံစိုက်မှုကို မရရှိခဲ့ပေ။ စုခယ်၏ မိသားစုသည် သူမအတွက် ဂရုတစိုက် ရွေးချယ်ထားသော်လည်း သူမ၏ မိသားစုသည် သူမအတွက် သာမန်ကာလျှံသာ ရွေးချယ်ခဲ့သည်။ 



သူမ၏ယခင်ဘဝတွင် သူမသည် စားဖိုဆောင်၌ အလုပ်လုပ်သော အသက် ၃၀ နီးပါးရှိသည့် လူတစ်ဦးနှင့် အိမ်ထောင်ကျခဲ့သည်။ သူမအိမ်ထောင်ကျပြီး တစ်နှစ်မပြည့်မီတွင် သူသည် အမှားတစ်ခုလုပ်မိပြီး တပ်မှ ထုတ်ပယ်ခံရသဖြင့် သူမသည် သူ၏မွေးရပ်မြေသို့ လိုက်ပါသွားခဲ့ရသည်။ 



တပ်မှ ထွက်သွားသော လူအိုသည် လယ်သမားအလုပ်သာ လုပ်နိုင်ပြီး မြေကြီးကို မျက်နှာမူ၊ ကောင်းကင်ဘုံကို ကျောပေးရင်း အလုပ်လုပ်နေရပြီး မူးနေသည့်အခါတွင် သူမကို ရိုက်နှက်လေ့ရှိသည်။ ထို့အပြင် စုခယ်သည် ချန်းလင်နှင့် အိမ်ထောင်ကျပြီး အရာရှိကြီးတစ်ဦး၏ ဇနီးဖြစ်လာသည်ဟု ကြားသိရသည်။



အဘယ်ကြောင့်နည်း? သူမသည် အဘယ်ကြောင့် ကောင်းစွာနေထိုင်နိုင်သနည်း? သူမက သူ့ထက် အများကြီး သာပေသည်။ သူမ၏ ဆင်းရဲသော နောက်ခံကြောင့်သာ သူမသည် မပျော်ရွှင်သော ဘဝကို နေထိုင်ရမည်လား?



လျှပ်တစ်ပြက် ပေါ်လာသော မကျေနပ်မှုသည် ကျွမ်းကျင်စွာ ဖုံးကွယ်ခံလိုက်ရသည်။ ဟဲထင်၏ မျက်နှာတွင် အပြုံးများပြည့်နှက်နေပြီး သူမသည် အနီးနားသို့ လျှောက်လာကာ  စုခယ်၏ လက်မောင်းကို ဖက်လိုက်သည်။ 



"ဘာတွေပြောနေတာလဲ? ငါတို့ငယ်ငယ်တည်းက သူငယ်ချင်းတွေ ဖြစ်ခဲ့တာပဲ၊ နင့်ကို ပျော်ပျော်ရွှင်ရွှင်နေစေချင်တာပေါ့။ နင်က ချန်းလင်ကို ကျေးလက်က လူကြမ်းတစ်ယောက်လို့ ထင်လို့ ကွာရှင်းချင် နေတာကို ငါသိတယ်၊ ဒါကြောင့် သူငယ်ချင်းတစ်ယောက်အနေနှင့် ငါက  အရဲစွန့်ပြီး အကြံပေးတာပါ။"



"နင်အဖေက နင့်နောက်ကွယ်မှာ ငါ လှည့်စားနေတယ်ဆိုတာ သိသွားရင် နင် သူ့ကို ပြောပေးရမယ်နော်။ နင်လည်း ငါ့မိသားစု အခြေအနေကို သိပြီးသားပဲ၊ သူတို့ ငါ့ကို ရိုက်သတ်လိုက်မှာ။ နင် ဒီတိုင်း မအောင်မြင်ဘူးလို့ပဲ ပြောလိုက်ပါလား။"



ယခင်က သူမသည်လို ပြောခဲ့ရင် စုခယ်သည် အလွန်ထိရှကာ မျက်ရည်ကျခဲ့မည်ဖြစ်သည်။



" ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မယ်လို့ ခြိမ်းခြောက်တော့ ချန်းလင်က ခြောက်လအကြာမှာ ကွာရှင်းပေးဖို့ သဘောတူလိုက်တယ်" စာအုပ်ထဲကူးပြောင်းရေး အကူစနစ်မှပေးသော ဇာတ်လမ်းဖြည့်စွက်ချက်အရ အောင်မြင်သော ကွာရှင်းပြတ်စဲမှုသည် ဟဲထင် လိုချင်သော အဖြေဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း ကွာရှင်းပြတ်စဲမှုအကြောင်း ပြောပြပြီးနောက် ဟဲထင်၏ မျက်လုံးများတွင် ဝမ်းသာမှုကို ဖုံးကွယ်ထားနိုင်ခြင်းမရှိခဲ့ပေ။



"နင် ငါကွာရှင်းမှာကို သိပ်ပျော်နေသလိုပဲနော်။"

စုခယ်က ခြောက်လအကြာမှာ ကွာရှင်းပြတ်စဲသွားမယ်လို့ ပြောလိုက်သောအခါ ဝမ်းသာမှုက သူမ ရင်ဘတ်ထဲကို လျှင်မြန်စွာ ပြည့်လာခဲ့သည်။ နှစ်ဝက်ကြာ ကြိုးစားအားထုတ်မှုတွေပြီးနောက် အောင်မြင်မှုကို နောက်ဆုံးတွင် ရရှိခဲ့လေပြီ။ စုခယ်၏ နေ့ရက်ကောင်းတွေက သူမ၏လက်ထဲ ရောက်လာတော့ပေမည်။ သူမက ကောင်းသောဘဝကို ရထိုက်သောသူပင်။



"ငါ့အကောင်းဆုံးသူငယ်ချင်း ဒုက္ခကနေ လွတ်မြောက်သွားတာကို ငါပျော်တာပါ။" ဟဲထင်က စုခယ်၏ မေးခွန်းကို ကြားလိုက်ရသောအခါ သူမ၏ မျက်နှာအမူအရာကို လျှင်မြန်စွာ ထိန်းချုပ်လိုက်ပြီး ခဏစဉ်းစားပြီးနောက် ဖြေလိုက်သည်။



သူမမျက်နှာအမူအရာ လျှင်မြန်စွာ ပြောင်းလဲသွားတာကို မြင်လိုက်ရသောအခါ စုခယ်က အပြုံးတစ်ချက်နှင့် သံယောင်လိုက် လိုက်သည်။ မြွေဆိုသည်က ချက်ကောင်းကို တစ်ခါတည်း ရိုက်ရသည်။ ယခုအချိန်မှာ ဒါကို နှောင့်ယှက်ဖို့ အချိန်မဟုတ်သေးပေ။ ဟဲထင်ကို ရေချိုးခိုင်းပြီးနောက် စုခယ်က ညနေခင်းက ချန်ရှုဟွာ ယူလာသောပစ္စည်းတွေကို စီစဉ်ဖို့ ထောင့်တစ်နေရာကို သွားလိုက်သည်။



အထုပ်ကို ဖွင့်လိုက်သောအခါ ရေချိုငါးခြောက်အိတ်တစ်အိတ်ကို တွေ့လိုက်ရသည်။ စုခယ်က လက်နှင့် အနည်းငယ် ကိုင်တွယ်ကြည့်လိုက်သောအခါ ငါးခြောက်ကို ပြုလုပ်သူဟာ အလွန်ဂရုစိုက်ပြီး အတွင်းကလီစာတွေကို သန့်ရှင်းစွာ ဖယ်ရှားထားတာကို သိလိုက်ရသည်။ ဟိုဖက်ဒီဖက် လှည့်ကြည့်လိုက်သောအခါ မီးသွေးရနံ့လေးကို ခပ်ဖွဖွ ရနိုင်သည်။ ဒါဟာ နေပူလှန်းထားတာမဟုတ်ဘဲ မီးသွေးနှင့် ဖြည်းဖြည်းချင်း လှန်းထားတာဖြစ်မည်။



သူမ လက်နှင့် ကိုင်ကြည့်လိုက်သောအခါ စုခယ်ဟာ မနက်စာအတွက် ဘာစားရမလဲဆိုတာ ဆုံးဖြတ်လိုက်ချေပြီ။



သူမက အထုပ်ကို မီးဖိုချောင်ထဲ သယ်သွားလိုက်သည်။ မီးဖိုချောင်ထဲမှာ သူမဝယ်ထားသော လိုအပ်သည့် ပစ္စည်းတွေကလွဲလို့ ဘာမှမရှိပေ။ စုခယ်သည် အနီးအနားကို လှည့်ပတ်ကြည့်ရှုပြီး ဆန်အိုးပေါ်တွင် ငါးခြောက်များကို ထားလိုက်သည်။ ငါးခြောက်များသည် စိုထိုင်းမှုနှင့် ထိတွေ့ခြင်းမှ ရှောင်ရှားရန် လိုအပ်သောကြောင့် ဆန်အိုးပေါ်တွင် ထားရှိခြင်းသည် အကောင်းဆုံးဖြစ်သည်။



ငါးခြောက်များကို သိမ်းဆည်းပြီးနောက် စုခယ်သည် သူမ၏အဝတ်အစားများကို ယူကာ အပေါ်ထပ်သို့ တက်သွားပြီး ရေချိုးလိုက်သည်။ မီးဖိုချောင်ထဲတွင် ပစ္စည်းများ အလွန်နည်းနေသည်ကို သတိထားမိပြီး နောက်ထပ် ပစ္စည်းများ ဝယ်ရန် စဉ်းစားနေသည်။



ရေချိုးပြီးနောက် သူမသည် ညနေပိုင်းတွင် ဟဲထင်နှင့် အတူတူအိပ်ရမည်ကို သတိရလာသည်။ သူမသည် ယခုအချိန်ထိ ကျင့်သားမရသေးသဖြင့် နောက်ထပ် စောင်တစ်ထည်ကို ယူလိုက်သည်။ နှစ်ယောက်လုံးသည် သီးသန့်စောင်များ ခြုံအိပ်ပြီး မအိပ်ခင် မနက်ဖြန်မနက်စာအတွက် အရေးကြီးသော ပစ္စည်းတစ်ခု လိုအပ်နေသည်ကို သတိရလိုက်သည်။



မနက်ဖြန်မှာ အိမ်နီးချင်းဆီက ချေးလိုက်မယ်လို့ စဉ်းစားလိုက်သည်။ သူမ စဉ်းစားနေရင်း ဘယ်အခိန် အိပ်ပျော်သွားမှန်း မသိလိုက်ဘဲ အိပ်ပျော်သွားသည်။



သူမ ဟွန်းသံညံညံကြောင့် နိုးလာသည်။ နေရောင်ခြည်သည် ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ဝင်ရောက်လာသည်။ စုခယ်သည် သူမ၏ခန္ဓာကိုယ်ကို အကျင့်တစ်ခုလို အကြောဆန့်တန်းကာ အကြောဆန့်လိုက်သည်။ တစ်ခုပြီး တစ်ခု လုပ်ပြီးနောက် အိပ်ရာပေါ်တွင် လူတစ်ယောက် လျော့နည်းနေသည်ကို သတိထားမိသည်။



စုခယ်သည် အိပ်ရာမှထကာ အိမ်တစ်ဝှမ်း လမ်းလျှောက်ကြည့်ရှုပြီး ဟဲထင် အိမ်တွင် မရှိသည်ကို တွေ့လိုက်ရသည်။ သူမ အများကြီး မစဉ်းစားဘဲ မီးဖိုချောင်သို့သွားပြီး လက်ဖက်ရည်ဖျော်လိုက်သည်။ 



စဉ်းစားပြီးနောက် သူမသည် အခန်းထဲသို့ ပြန်သွားပြီး ယုန်ဖြူ နို့ချိုချောင်းများကို လက်တစ်ဆုပ်စာယူကာ အပြင်သို့ ထွက်သွားသည်။ သူမ ဘေးအိမ်ဆီသို့ သွားပြီး တံခါးခေါက်လိုက်သည်။



မနက် ၇ နာရီသည် စုန့်ကွေ့ကျစ်၏ မိသားစုအတွက် အလုပ်အများဆုံး အချိန်ဖြစ်သည်။ မိသားစုထဲက ကလေးသုံးယောက်လုံး နွေရာသီအားလပ်ရက်ရထားပြီး သူမသည် တစ်ယောက်ပြီးတစ်ယောက် ဂရုစိုက်ပေးရင်း အလွန်အလုပ်များနေသည်။ တံခါးခေါက်သံကို ကြားလိုက်ရသည့်အခါ သူမ၏အငယ်ဆုံးသားသည် စကားနားမထောင်ဘဲ ထမင်းမစားလျက်ရှိနေပြီး စုန့်ကွေ့ကျစ်သည် အရမ်းဒေါသထွက်နေသည်။



"နင် မြန်မြန် နောက်ဘဝကူးချင်လို့ မနက်စောစောစီးစီး သူများတံခါးကို ခေါက်နေတာလား။"



စုန့်ကွေ့ကျစ်သည် သူမ၏ အငယ်ဆုံးသားကို မျက်စောင်းထိုးလိုက်ပြီး ဒေါသဖြင့် တံခါးဖွင့်ရန် ပြေးသွားသည်။ သူမအိမ်က ယောက်ျားသည် အိမ်ပြန်လာရင် ပြုတ်ကျနေသော ပဲငံပြာရည်ပုလင်းကိုတောင် ပြန်မတင်ပေးဘဲ သူမက အရာအားလုံး လိုက်လုပ်တာကိုသာစောင့်သည်။



"မစ္စစုန့်၊ မင်္ဂလာနံနက်ခင်းပါ။"



တံခါးဖွင့်လိုက်သောအခါ အပြင်က ပြုံးနေသောမျက်နှာနှင့် မိန်းကလေးမှာ ကောင်းကင်ထဲက နေလုံးလို လူအများကို သက်ရောက်ကူးစက်စေသည်။ စုန့်ကွေ့ကျစ်သည် ခဏတာ ငေးသွားပြီးမှ သူမမျက်နှာက အေးစက်သွားသည်။ "ဘာကိစ္စလဲ?"



လူတွေက သူမကို မလေးစားဘူးဆိုရင် သူမကလည်း သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရန် မလိုအပ်ပေ။



"ကျယ်ကျဲ၊ ကျွန်မအိမ်မှာ ပြောင်းဖူးမှုန့် နည်းနေလို့ ချေးလို့ရမလား? ကျွန်မ ဝယ်ပြီးရင် ပြန်ပေးပါ့မယ်။" စုခယ်က ချိုချဉ်တွေကို ဆွဲထုတ်ပြီး ပြောလိုက်သည်။ "ဒီချိုချဉ်တွေက ကလေးတွေအတွက်ပါ။"



စုန့်ကွေ့ကျစ်၏ အေးစက်နေသော မျက်နှာကြောင့် မိန်းကလေးငယ်သည် စိတ်အားထက်သန်မှု မလျော့သွားပေ။ သူမထံ ပေးလိုက်သော ချိုချဉ်များကို ကြည့်ရင်း စုန့်ကွေ့ကျစ်သည် အနည်းငယ် အရှက်ရသွားသည်။ သူမသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး လှည့်ထွက်သွားသည်။ မကြာမီ ပြောင်းဖူးမှုန့်အိတ်ကလေးတစ်အိတ်နှင့် ပြန်ထွက်လာသည်။



စုခယ်သည် ပြောင်းဖူးမှုန့်ကို ယူပြီး ချိုချဉ်များကို သူမ၏ ပါးစပ်ထဲသို့ ထိုးထည့်ကာ အိမ်ပြန်လာခဲ့သည်။

အိမ်ပြန်ရောက်ပြီး အချိုးအစားအတိုင်း မုန့်နှစ်ကို ပြင်ဆင်ပြီး သူမအတွက် ဖရဲသီးတစ်ပန်းကန်စာ လှီးကာ လေသာပေါ်သို့ သွားပြီး အပြင်က "လှပသောရှုခင်း" ကို ခံစားလိုက်သည်။



မိသားစုအိမ်ရာ၏ တည်နေရာသည် အလွန်ကောင်းမွန်သည်။ အနီးအနားတွင် လေ့ကျင့်ရေးကွင်းတစ်ခု ရှိပြီး မနက်ခင်းလေ့ကျင့်ခန်းများကို ဤနေရာတွင် ပြုလုပ်လေ့ရှိသည်။ စုခယ်သည် ဖရဲသီးတစ်စိတ်ကို ကောက်ယူပြီး လက်တစ်ဖက်ကို ခါးထောက်ကာ မိသားစုအိမ်ရာအပြင်ဘက်ရှိ လေ့ကျင့်နေသော စစ်သားများကို စိုက်ကြည့်နေသည်။ သူတို့၏ အသားအရေသည် ဂျုံရောင်ရှိပြီး ဝမ်းဗိုက်များတွင် ကြွက်သားများ ထင်ရှားနေကာ လူငယ်ခန္ဓာကိုယ်များဖြင့် ပြင်းထန်စွာ အော်ဟစ်နေကြသည်။



ကြည့်ရတာ မဆိုးလှပေ။



"လှပသောရှုခင်း" ကို ခဏတာ ခံစားပြီးနောက် ဖရဲသီးကို စားပြီးသွားပြီး ၁၀ နာရီ ထိုးခါနီးပြီ ဖြစ်သဖြင့် စုခယ်သည် မီးဖိုချောင်သို့ ပြန်သွားပြီး အလုပ်စဖို့ ပြင်ဆင်လိုက်သည်။



အိမ်တွင် သံဒယ်အိုးတစ်လုံးသာ ရှိသောကြောင့် ဂျုံမျိုးစုံ ပန်ကိတ်လုပ်ရာတွင် အနည်းငယ် ခက်ခဲသည်။ သို့သော် သူမ အကောင်းဆုံးကြိုးစားရုံသာတတ်နိုင်မည်။



ငရုတ်သီးနှင့် ငါးခြောက်ကြော် ပါဝင်သော ပန်ကိတ်သည် အပြည့်အဝ ကောင်းမွန်သော ပေါင်းစပ်မှုတစ်ခုဖြစ်သည်။



အကြိမ်အနည်းငယ် ကြိုးစားပြီးနောက် သူမ နောက်ဆုံးတွင် အောင်မြင်သွားသည်။ သံဒယ်အိုးကို အပူပေးပြီး မုန့်နှစ် အားလုံးကို ဖြန့်လိုက်သည်။



နောက်တစ်ခုမှာ ငါးခြောက်အိတ်တစ်ဝက်ကို ယူပြီး ဇလုံထဲသို့ ထည့်လိုက်သည်။ နှစ်ကြိမ်မှ သုံးကြိမ်ခန့် ဆေးကြောပြီးနောက် သူမ ဘေးဖယ်ထားလိုက်သည်။ ဟင်းသီးဟင်းရွက်များကို စလှီးရသည်။ သူမ ငရုတ်သီးအတွက် ငရုတ်သီးအကြီးနှင့် ငရုတ်တောင့်များကို ပါးပါးလှီးသည်။ လတ်လတ်ဆတ်ဆတ် ပဲကြီးတစ်ခွက်ကို အခွံနွှာပြီး ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်နီတို့ကို ပါးပါးလှီးသည်။



အရာအားလုံး အဆင်သင့်ဖြစ်ပြီးလျှင် ဒယ်အိုးထဲတွင် ဆီကို စတင် အပူပေးရသည်။ ဒယ်အိုးပူလာပြီဆိုရင် ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူတို့ကို ထည့်ပြီး မွှေပေးရသည်။ နှစ်စက္ကန့်မှ သုံးစက္ကန့်အကြာတွင် ငါးခြောက်ကို ထည့်ပြီး မွှေကြော်ရသည်။ ခဏကြာပြီးနောက် ဗာလ်ဆမ်မ်ရှာလကာရည်တစ်ခွက်ကို ထည့်ပြီး ပဲကြီးကို ထည့်သည်။ ကြော်ပြီးနောက် ငရုတ်သီးများကို ထည့်သည်။ ကျက်သည်အထိ မွှေကြော်ပြီးနောက် နံနံပင်အနည်းငယ်ဖြူးကာ အသင့်ပြင်ကျွေးရုံပင်။ 

မွှေးနံ့သည် ပြင်းထန်စွာ ထွက်ပေါ်လာသည်။



စုခယ် စဉ်းစားပြီးနောက် ငရုတ်သီးနှင့် ငါးခြောက်ကြော်တစ်ပန်းကန်ရယ်၊ ဂျုံမျိုးစုံ ပန်ကိတ်အိတ်ကလေးတစ်အိတ်ရယ်ကို ထုပ်ပြီး စုန့်ကွေ့ကျစ်ထံ ပို့လိုက်သည်။

စုန့်ကွေ့ကျစ်၏ မျက်နှာအမူအရာသည် မနက်ခင်းကလောက် ကြည့်ရမဆိုးတော့ပေ။ နှစ်ကြိမ်တိုင်တိုင် ငြင်းဆိုပြီးနောက် နောက်ဆုံးတွင် ငါးခြောက်ကို လက်ခံလိုက်သည်။



မွန်းလွဲ ၁၁ နာရီခွဲသည် အိမ်တိုင်းရှိ ယောက်ျားများ အိမ်ပြန်ရောက်ပြီး နေ့လယ်စာစားရန် အချိန်ဖြစ်သည်။



ကော်ရစ်တာ တစ်ခုလုံးသည် ငရုတ်သီးနှင့် ငါးကြော်အနံ့များဖြင့် ပြည့်နှက်နေပြီး လူတိုင်းက ဘယ်စားသောက်ဆိုင်က အစားစာက ဤမျှ အရသာကောင်းလဲဆိုတာ မေးနေကြသည်။



သေချာပေါက် စုခယ်သည် ကော်ရစ်တာမှာ ဘာဖြစ်နေတယ်ဆိုတာ မသိခဲ့ပါချေ။



ညစာစားချိန်နီးပြီဖြစ်သော်လည်း ဟဲထင်သည် ပြန်လာမည့် အရိပ်အယောင် မပြခဲ့ပေ။ စုခယ်သည် သူမဘာသာ စားဖို့ ပြင်ဆင်လိုက်သည်။



သူမအတွက်သူမ  ခရမ်းချဉ်သီး ဟင်းချိုတစ်ခွက်လုပ်ပြီး ငါးခြောက်ကြော်ကို ပန်ကိတ်နဲ့ပတ်ကာ တစ်ကိုက်ကိုက်လိုက်တော့ စပ်ပြီး လတ်ဆတ်သော အရသာကို ခံစားလိုက်ရသည်။



အရမ်းကို စားကောင်းသည်။



စုခယ်သည် နောက်ဘာလုပ်ရမလဲဆိုတာ စဉ်းစားရင်း စားနေသည်။ လက်ရှိတွင် အတည်ပြုနိုင်သည်မှာ မူလခန္ဓာကိုယ်၏ မသင့်လျော်သော အပြုအမူအားလုံးသည် ဟဲထင်၏ နောက်ကွယ်မှ လှုံ့ဆော်မှုကြောင့်ဖြစ်သည်။ အဓိကအချက်မှာ လက်ရှိအတားအဆီးကို မည်သို့ဖြေရှင်းရမည်ဆိုသည့်အချက်ဖြစ်သည်။



သူမသည် စုန့်ကွေ့ကျစ်အိမ်သို့ ပြောင်းဖူးမှုန့်ချေးရန် စဉ်းစားခဲ့သည်။ ဝန်ထမ်းရပ်ကွက်ထဲတွင် သူမပထမဆုံးစော်ကားခဲ့သူမှာ စုန့်ကွေ့ကျစ်ဖြစ်သည်။



စုန့်ကွေ့ကျစ်၏ မတိုင်မီနှင့် နောက်ပိုင်းကွာခြားချက်သည်လည်း အထင်ရှားဆုံးဖြစ်သည်။ သူမနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ပါက ပိုမိုအသုံးဝင်သော အချက်အလက်များ ရရှိနိုင်သည်။



သူမ စဉ်းစားနေစဉ်တွင် တံခါးတွင် နောက်ထပ် တံခါးခေါက်သံတစ်ချက် ကြားလိုက်ရသည်။



ဟဲထင်သည် ဂရုမစိုက်စွာ ဝင်လာပြီး လက်ကိုဆေးကာ စားပွဲသို့ တန်းသွားကာ စတင် စားသောက်သည်။



"ငါအခုလေးတင် ခြံထဲမှာ အနံ့ရလိုက်တယ်၊ လူတိုင်းက ဘယ်အိမ်က ချက်ပြုတ်တာ အရမ်းကောင်းလဲဆိုပြီး ပြောနေကြတာ။" ဟဲထင်သည် မုန့်ပြားကို တစ်ကိုက်ကိုက်ပြီး ဆက်ပြောသည်။ "စုခယ်၊ နင်ချက်ပြုတ်တာ အရမ်းကောင်းတယ်ဆိုတာ ငါမသိခဲ့ဘူး။ နင်က နိုင်ငံပိုင်စားသောက်ဆိုင်က ခေါင်းဆောင်စာဖိုမှူးရဲ့ မြေးမ တကယ်ပီသတာပဲ၊ နင့်ရဲ့ချက်ပြုတ်စွမ်းရည်ကလည်း အရမ်းကောင်းတယ်။"



စုခယ်သည် တစ်ဖက်လူက ပန်ကိတ်ကို မရပ်မနား စားနေပြီး တစ်ချိန်လုံး စကားပြောနေသည်ကို မြင်လိုက်ရသည်။ system က သတိပေးချက်ကို စဉ်းစားမိတော့ သူမရှေ့မှာ ရှိနေသော အမျိုးသမီးဟာ ပြန်လည်မွေးဖွားလာသူဖြစ်သည်။



"စုခယ်၊ ငါအခုလေးတင် ခြံထဲမှာ အဒေါ်တွေနှင့် စကားပြောရင်း တစ်ခုခုကို ရုတ်တရက် သတိရလိုက်တယ်။"



ဟဲထင်သည် ပါးစပ်ထဲက ပန်ကိတ်ကို မျိုချလိုက်ပြီး ဆက်ပြောသည်။ "နင့်ကို ချန်းလင်က ခြောက်လအကြာမှာ ကွာရှင်းပေးဖို့ ကတိပေးထားတယ်လို့ နင်ပြောခဲ့တယ်၊ ဒါပေမယ့် သူစိတ်ပြောင်းသွားရင်ကော?"



"ငါ့ကို ပြောစမ်းပါ၊ နင်အချိန်ကို ရှေ့တိုးချင်လား? သူပြန်လာရင် နင် အခုပဲ ကွာရှင်းချင်တယ်လို့ ပြောလိုက်ပါလား။"



မနေ့ညက စကားပြောပြီးနောက် အိပ်ရာပြန်ဝင်ရင်း သူမ၏ စိတ်လှုပ်ရှားနေသော စိတ်သည် တဖြည်းဖြည်း ပြန်လည်ရှင်းလင်းလာသည်။ 



သူမသည် ကွာရှင်းပြတ်စဲမှု၏ ဝမ်းသာမှုတွင် စိမ့်ဝင်နေခဲ့ပြီး လမ်းတစ်လျှောက်တွင် မျှော်လင့်မထားသော အရာတစ်ခုခု ဖြစ်လာပါက သူမသည် လမ်းတစ်ဝက်တွင် လက်လျှော့လိုက်နိုင်သည်ကို မေ့သွားခဲ့သည်။ 



ထို့အပြင် ထိုနှစ်ဦးသည် ခြောက်လအတွင်း ချစ်ကြိုက်သွားပါက သူမ၏ ဝမ်းသာမှုသည် အချည်းနှီးဖြစ်သွားမည်ဖြစ်သည်။ အများကြီးစဉ်းစားပြီးနောက် ဤကိစ္စကို လုံးဝအကောင်အထည်ဖော်မှသာ သူမ စိတ်ချမ်းသာနိုင်မည်ဟု ခံစားရသည်။



သူမသည် မနက်ခင်းတွင် အိပ်ရာမှ ထပြီး အောက်ထပ်သို့ ဆင်းကာ ရပ်ကွက်ထဲတွင် ရှိတာ မကြာသေးသော အဒေါ်များထံမှ သတင်းများကို မေးမြန်းခဲ့ပြီး သူမနှင့် ရင်းနှီးသော အဒေါ်များထံ သူမယူလာသော လက်ဆောင်များကို ဝေငှခဲ့သည်။



"ဟဲထင်၊ နင်တကယ်ပဲ ငါ့ကို ကွာရှင်းစေချင်တာလား? ငါက ခြောက်လအကြာမှာ ကွာရှင်းဖို့ တောင်းဆိုခဲ့တာ၊ သူက သဘောတူခဲ့တယ်။"