အပိုင်း ၆
Viewers 50

အချက်အပြုတ်နတ်ဘုရားလေး၏ ခရီးစဉ်


အပိုင်း ၆




"အော်၊ ငါက ညဘက်ဆို နင်အိပ်မက်တွေ အရမ်းများသွားမှာကိုရော တောက တောသားကောင် ချန်းလင်ကလည်း ကွာရှင်းဖို့ တွန့်ဆုတ်နေမှာကို စိုးရိမ်တယ်။ နင် ဒါတွေမေးနေတာ ဘာအဓိပွာယ်လဲ? ငါ နင့်ကို ထိခိုက်အောင်လုပ်မှာကို ကြောက်နေလို့လား?"



စုခယ်၏ မေးခွန်းသည် ဟဲထင်ကို လန့်စေခဲ့ပြီး သူမသည် စကားခေါင်းစဉ်ကို အလျင်အမြန် ပြောင်းလိုက်သည်။ ယခုကျမှ စုခယ်ကို လှည့်စားရန် အဘယ့်ကြောင့် ခက်ခဲနေရပါသနည်းဟုလည်း သူမ တွေးတောနေခဲ့သည်။



"ငါ နင် ငါ့ကို ထိခိုက်အောင်လုပ်မှာကို ဘာလို့ကြောက်ရမှာလဲ? ချန်းလင်က နောက်နှစ်ရက်အတွင်း ပြန်လာတော့မှာ။ နင်ပြောတာကို သူကြားသွားမှာကို ငါကြောက်နေတာ" အမျိုးသမီးက အနည်းငယ် စိတ်လှုပ်ရှားနေသည်ကို တွေ့သောအခါ စုခယ်က ပြုံးလိုက်သည်။



သူမ တစ်ချက်သာ ရိုက်လိုက်ရုံပင်။ မြွေကို သတ်ရန် အကောင်းဆုံးအချိန် မဟုတ်သေးပေ။



"ဒါနှင့် နင်ရဲ့ အားလပ်ရက်က ဒီတစ်ခါ ဘယ်လောက်ကြာမှာလဲ? နင် အိမ်ရောပြန်ဖို့ စီစဉ်ထားလား၊ ဒါမှမဟုတ် ငါ့နေရာမှာ ဆက်နေမှာလား?"



ဟဲထင်က သူမလက်ထဲက သော့ကို လှုပ်ခါလိုက်သည်။ "ငါ နင်နှင့် နောက်သုံးရက်လောက်နေဦးမယ်။ ဘာလို့လဲ၊ နင် မထားချင်ဘူးလား? ဒါပေမဲ့ နင်က ငါ့ကို အချိန်မရွေး ကြိုဆိုတယ်လို့ ပြောထားတယ်လေ"



စုခယ်သည် အမှန်တကယ် ရူးတူးတူးလေးနှင့် ချစ်စရာကောင်းသည်ဟု ဆိုရပေမည်။ သူမသည် သူငယ်ချင်းများအပေါ်လည်း အလွန်သစ္စာရှိသည်။ သူမမိသားစုက သူမအပေါ် မည်သို့ပြုမူခဲ့ကြောင်းကို သူမရှေ့တွင် အနည်းငယ် သနားစရာကောင်းအောင် သရုပ်ပြလိုက်ရုံဖြင့် အိမ်သော့ကို တစ်ခါတည်း ပေးခဲ့သည်။ သူမသာ ချန်းလင်နှင့် လက်မထပ်ခဲ့ပါက သူမ၏ဘဝသည် ယခုလောက် ပျော်ရွှင်မည် မဟုတ်ပေ။ ဤဘဝတွင် သူမတို့ သူငယ်ချင်းကောင်းများ ဖြစ်လာနိုင်၏။



ကံမကောင်းစွာဖြင့် သူမသည် မျက်စိကန်းလောက်အောင် ပျော်ရွှင်လွန်းသော ဘဝကို နေထိုင်ခဲ့သည်။ ထို့ကြောင့် လူများကို ဖျက်ဆီးချင်စိတ် ဖြစ်စေသည်။



"ဟုတ်တာပေါ့၊ နင် ကြိုက်သလောက်နေလို့ရတယ်။ ဒါပေမဲ့ ဒီနေ့ ငါအပြင်သွားတော့ ငါ့သော့ပျောက်သွားလို့ နင်ဆီက သော့ကို ငါသုံးလို့ရမလား? ငါ သော့နောက်တစ်ခုပွားပြီးတာနှင့် နင်ကို ပြန်ပေးမယ်"



သော့ကို ဟဲထင်ထံ ထားခဲ့ခြင်းသည် ကောင်းသော အကြံမဟုတ်ပေ။ ထို့ကြောင့် ပြန်ယူရန် အကြောင်းပြချက်တစ်ခု ရှာခြင်းက ပို၍ကောင်းသည်။



"နင် သော့ပျောက်သွားတာလား?"



စုခယ်က သူမထံမှ သော့ကို တောင်းလိမ့်မည်ဟု ဟဲထင် မမျှော်လင့်ခဲ့ပေ။ သူမ၏ ငြိမ်းသွားပြီဟု ထင်ထားသော သံသယများသည် တဖြည်းဖြည်း ပြန်လည် ပေါ်ပေါက်လာခဲ့သည်။ စုခယ်၏ အမူအရာသည် ပုံမှန်ကဲ့သို့ ရိုးရှင်းနေသည်ကို မြင်နိုင်သော်လည်း သူမ ဒါက မဖြစ်နိုင်ဟုလည်း ခံစားရသည်။



ဘယ်လိုလုပ် စုခယ်တွင် အခြားသော အကြံအစည်များ ရှိနိုင်မည်နည်း။ မည်သို့ပင်ဖြစ်စေ သူတို့ ကွာရှင်းကြမည်ဖြစ်ပြီး သူမသည် အိမ်၏ အိမ်ရှင်မ ဖြစ်လာမည်ဖြစ်သည်။



ဟဲထင်က နားလည်သွားပြီးမှသာ သူမသော့ကို လွှဲပေးလိုက်သည်။



စုခယ်သည် သူမလက်ထဲရှိ သော့ကို ကြည့်ကာ နှုတ်ခမ်းထောင့်လေးများ အနည်းငယ် ကွေးသွားပြီး မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ရန် ထရပ်လိုက်သည်။



ဝယ်ထားသော ဟင်းလျာများကို ပြန်လည် စီစဉ်ပြီးနောက် စုခယ်သည် ကြီးမားသော မီးဖိုချောင်ကို ကြည့်ကာ ပစ္စည်းများ သိမ်းဆည်းရန် ဗီရိုနှင့် စင်အချို့ကို မည်သည့်နေရာတွင် တည်ဆောက်နိုင်မည်ကို ချန်းရှုဟွားကို မေးရန် စဉ်းစားလိုက်သည်။



ဆန်အိုးပေါ်ရှိ ငါးခြောက်များကို တွေ့သောအခါ နေ့လည်ပိုင်းတွင် ငါးခြောက်နှင့် ကော်ပြန့်လိပ်အချို့ကို ပို့ပေးရန် စဉ်းစားလိုက်သည်။



သူမ ထုပ်ပိုးပြီး အပြင်ထွက်လာသောအခါ ဟဲထင်သည် အိမ်တွင် မရှိတော့ပေ။



ဟဲထင်က သူမကို အဖော်ပြုရန် လာသည်ဟု ပြောခဲ့သည်ကို တွေးပြီး သူမ တစ်နေ့လုံးနီးပါး အပြင်တွင်သာ အချိန်ဖြုန်းလိုက်သည်။



အကြောလျှော့ပြီးနောက် စုခယ်သည် လက်ဖက်ရည်တစ်ခွက် ဖျော်ပြီး လသာဆောင်သို့ လျှောက်သွားလိုက်သည်။ သူမသည် ထန်းယပ်တောင်ဖြင့် သူမကိုယ်သူမ ယပ်ခတ်ကာ လသာဆောင်အပြင်ဘက်မှ ရှုခင်းများကို ကြည့်နေခဲ့သည်။



နေ့လည်စာ စားချိန် ရောက်နေလေပြီ၊ အဘယ့်ကြောင့် လေ့ကျင့်ရေးကွင်းတွင် လူများစွာ ရှိနေသေးပါသနည်း။

နေ့လည်ခင်း နီးကပ်လာသည်နှင့်အမျှ ဝန်ထမ်းအဆောက်အအုံရှိ အိမ်တိုင်း၏ မီးဖိုချောင်များမှ တချွမ်ချွမ် မြည်သံများကို ကြားနေရပြီး ခြံဝင်းထဲတွင်လည်း အရွယ်ရောက်ခါနီး ကလေးများ ယောကျ်ား - မိန်းမလုပ်တိုင်း ကစားနေကြသည်။



ယနေ့ စုန့်ကွေ့ကျစ်သည် ရိုးရှင်းသော နေ့လည်စာသာ လုပ်လိုက်ကာ ပြောင်းဖူးဆန်ပြုတ် အနည်းငယ်သာ ချက်ပြုတ်ခဲ့သည်။



နံနက်ပိုင်းတွင် စုခယ်သည် ငရုတ်သီးနှင့် ကြော်ထားသော ငါးခြောက်ကြော် ပန်းကန်ကြီးတစ်ချပ်နှင့် ကောက်နှံပေါင်းပန်ကိတ်လေးများပါသော အိတ်ငယ်တစ်လုံးကို ပို့ပေးခဲ့သည်။ ဘာအဓိပ္ပာယ်နည်း? ထိုဟင်းများကို တွဲဖက် စားခြင်းက ပို၍ကောင်းသည်ဟု သူမက ဆိုခဲ့သည်။



စုန့်ကွေ့ကျစ်၏ ခင်ပွန်းသည် ဒုတိယစစ်ဒေသ၏ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျူးကောတုန် ဖြစ်သည်။ သူတို့တွင် ကလေးလေးယောက်ရှိသည်။ အကြီးဆုံးသည် ၁၃ နှစ်အရွယ် မိန်းကလေးဖြစ်ပြီး အငယ်ဆုံးသည် ၅ နှစ် အရွယ် ယောက်ျားလေးဖြစ်သည်။ အလတ်ကလေးနှစ်ယောက်မှာ မိန်းကလေးများ ဖြစ်ကြသည်။



သူမ၏ ခင်ပွန်း ပြန်လာသည်ကို မြင်သောအခါ စုန့်ကွေ့ကျစ်သည် ဟင်းလျာများကို နွှေးရန်နှင့် အအေးစာဟင်းအတွက် မုန်လာဥဖြူ တစ်ဝက်လောက်ကို လှီးရန် မီးဖိုချောင်သို့ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့သည်။

ဒယ်အိုးကို အပူပေးပြီး ငရုတ်သီးထည့်ကာ ငါးခြောက်ကို ကြော်ရသည်။ အနည်းငယ် ကြော်လိုက်ရုံဖြင့် အခန်းထဲတွင် အနံ့များ ပြည့်သွားမည်ဖြစ်သည်။



ကျူးကောတုန်သည် ရေချိုးပြီးနောက် အားကစားအင်္ကျီတစ်ထည်ကို ကောက်ဝတ်လိုက်သည်။



"ကျူးလီဟွား၊ အောက်ထပ်ဆင်းပြီး နင့် အစ်ကိုတွေ အစ်မတွေကို ထမင်ပြန် စားဖို့ ခေါ်လိုက်" ယောက်ျား ရေချိုးပြီးသည်ကို တွေ့သောအခါ စုန့်ကွေ့ကျစ်သည် သူမ၏ အကြီးဆုံးသမီးကို အတွင်းခန်းသို့ ခေါ်လိုက်သည်။



သဘောတူပြီးနောက် ကောင်မလေးသည် အောက်ထပ်သို့ အလျင်အမြန် ပြေးဆင်းသွားခဲ့သည်။



ကျူးကောတုန်သည် သူ့ဆံပင်ကို မျက်နှာသုတ်ပဝါဖြင့် သုတ်လိုက်သည်။ "ငါ့ကလေးအမေ၊ ဒီနေ့ ဘာတွေကဒီလောက်တောင် မွှေးနေတာလဲ?"



စုန့်ကွေ့ကျစ်သည် ပန်းကန်များကို စားပွဲပေါ် ယူလာပြီး ပြုံးကာ ပြောလိုက်သည်။ "အရင်က ကျွန်မချက်ပြုတ်တာကို ချီးကျူးတာ မကြားဖူးဘူး။ ဒီနေ့တော့ တခြားသူက ကျွန်မကို ပို့ပေးတဲ့ ဟင်းတွေကို ချီးကျူးနေတယ်။ ဘာအဓိပ္ပာယ်လဲ?"



"ဘယ်သူက ဟင်းတွေ ပို့ပေးတာလဲ?"



ကျူးကောတုန်သည် အနည်းငယ် အံ့အားသင့်သွား

သူ့ဇနီးသည် ကျေးလက်မှလာပြီး ဒေါသကြီးသည်။ သူမက လူတိုင်းနှင့် အဆင်မပြေပေ။ အရင်က ဘေးအိမ်က ချန်းလင်ရဲ့ ဇနီးနှင့် စကားများခဲ့သည်။



"ချန်းလင်ရဲ့ ဇနီး စုခယ်က ပို့ပေးတာ။" စုန့်ကွေ့ကျစ်က စားပွဲပေါ်က ကိတ်များကို ညွှန်ပြပြီး ပြောလိုက်သည်။ "ဟင်းတွေတင်မကဘူး၊ ဒီကိတ်တွေလည်း သူပို့ပေးတာ" 



သူမတို့နှစ်ယောက်စလုံးသည် တောင်ပိုင်းမှဖြစ်ပြီး ထမင်းကို အဓိကအစားအစာအဖြစ် စားရတာကို သူမတို့ ကြိုက်ကြသည်။ စုန့်ကွေ့ကျစ်သည် ခေါက်ဆွဲကို သိပ်မလုပ်တတ်ပေ၊ ပန်ကိတ်သာ လုပ်တတ်သည်။



ယောက်ျားက ပန်ကိတ်ကို စိုက်ကြည့်နေတာကို တွေ့တော့ စုန့်ကွေ့ကျစ်က သူ့အတွက် တစ်ခု လိပ်ပြီး လက်ကမ်းပေးလိုက်သည်။



“အရသာရှိလိုက်တာ”



ကျူးကောတုန်သည် ပထမဆုံးတစ်ကိုက် ကိုက်လိုက်တာနှင့် သူ့ပါးစပ်ထဲမှာ ငရုတ်သီးရဲ့ လတ်ဆတ်သော အနံ့တွေ ပြည့်သွားသည်။ ဝါးလိုက်တာနှင့် ငါးခြောက်ရဲ့ အနံ့က ပိုပိုပြီး ပြင်းလာသည်။ ငါးညှီနံ့တောင် မရှိပေ။

သုံးလေးကိုက်နှင့် ပန်ကိတ်တစ်ချပ် ကုန်သွားသည်။ ဒုတိယတစ်ခုကို ယူတော့မယ့်အချိန်မှာ စုန့်ကွေ့ကျစ်က သူ့ကို တားပြီး ကလေးတွေ မစားရသေးဘူးလို့ ပြောလိုက်သည်။



စကားပြောနေတုန်းမှာ ကလေးတွေ အိမ်ပြန်ရောက်လာပြီး လက်ဆေးကာ စားပွဲမှာ ထိုင်လိုက်ကြသည်။

ကလေး ၄ ယောက်သည် သည်လို ကိတ်မျိုးကို တစ်ခါမှ မစားဖူးတော့ စုန့်ကွေ့ကျစ်က ထုပ်ပြီး တစ်ယောက်ချင်းကို တစ်ခုစီ ပေးလိုက်သည်။ ခဏတာ အခန်းထဲမှာ တိတ်ဆိတ်သွားသည်။ လူတိုင်းက စားစရာကိုသာ အာရုံစိုက်နေကြသည်။



နင်တို့ ကလေးတွေ၊ ငါ့ကို ဆင်းရဲတွင်းထဲ တွန်းပို့နေကြတာပဲ။ ဒုတိယသမီးက ၁၀ နှစ်နှင့် တတိယသမီးက ၈ နှစ်။ ကလေးလေးယောက်က ပန်းကန်အားလုံးကို ခဏလေးနှင့် ကုန်သွားအောင် ရှင်းလင်းလိုက်ကြသည်။



စားပြီးသောနောက် အငယ်ဆုံးသား ကျူးတာ့နျိုက စုန့်ကွေ့ကျစ်ရဲ့ ခြေထောက်တွေကို ဆွဲပြီး စားစရာ တောင်းသည်။ သူမ ဆူပူပြီး ပြောင်းဆန်ပြုတ် စားဖို့ ပြောမှ သူက ရပ်သွားသည်။



ထမင်းစားပွဲက ဆူညံသံတွေနှင့် ပြီးသွားပြီး စုံတွဲနှစ်ယောက်သာ စားပွဲမှာ ကျန်ခဲ့သည်။



ကျူးကောတုန်သည် စားပွဲပေါ်က အကြွင်းအကျန်တွေကို ကြည့်ပြီး အစားအစာရဲ့ အရသာကို ခံစားရင်း သူ့ဇနီးကို ကြည့်လိုက်သည်။ "ကွေ့ကျစ်၊ စုခယ်ဆီက ဒီဟင်း ချက်နည်း ဘယ်တော့ သင်မှာလဲ? သူတို့က စေတနာနဲ့ ပို့ပေးတာဆိုတော့ အရင်က ဖြစ်ခဲ့တာတွေကို မေ့လိုက်ကြရအောင်။ ငါတို့က ခြံဝင်းတစ်ခုတည်းမှာ နေတာဆိုတော့ ရန်ဖြစ်နေတာ မကောင်းဘူး" 



သူသည် သူ့ဇနီးနှင့် အိမ်နီးချင်းကြားက အငြင်းပွားမှုကို သိပေမယ့် ဘယ်လိုဖြစ်သွားလဲဆိုတာ မသိပေ။ လွန်ခဲ့သော လအနည်းငယ်က တစ်ညမှာ သူ့ဇနီးသည် ဒေါသတကြီးနှင့် အိမ်ပြန်လာပြီး အိမ်နီးချင်းကို ဆူပူပြီး စုခယ်က အသွင်အပြင်နှင့်ပဲ တိုင်းတာလို့ရပြီး စိတ်နှလုံးနှင့် မတိုင်းတာနိုင်သောသူ၊ လူတွေရှေ့မှာ တစ်မျိုး၊ နောက်ကွယ်မှာ တစ်မျိုး ပြောတတ်သောသူလို့ ပြောသည်။ တခြားသူတွေပြောတာကို မကြားခဲ့ရင် စုခယ်က သူမကို ဘယ်လို ချောက်တွန်းလဲဆိုတာ မသိလောက်ဘူးဟုလည်း ပြောခဲ့သည်။ ပြီးတော့ သူ့ဇနီးသည် သူ့အိမ်ကို လာပြီး ရန်ဖြစ်တော့ သူတို့နှစ်ယောက် လုံးဝ ပြတ်သွားသည်။



"နင်ပြောတာ လွယ်လိုက်တာ။ ပြောဆိုခံရတာ နင်မှ မဟုတ်တာ။ ငါ နင်ကို ပြောခဲ့တာတွေကို နင် မေ့သွားပြီလား၊ စုခယ်က ငါ့ကို ပညာမတတ်ဘူး၊ ယဉ်ကျေးမှုမရှိဘူးလို့ ပြောဆိုခဲ့တာ"



လူတိုင်းမှာ အားနည်းချက် တစ်ခုစီရှိပြီး စုန့်ကွေ့ကျစ်ရဲ့ အားနည်းချက်က အဲဒီကိစ္စကို မပြောနိုင်တာပင်။

သူ့ဇနီးသည် ပြောသောအချိန်မှာ ဒေါသထွက်နေတာကို တွေ့တော့ ကျူးကောတုန်သည် သက်ပြင်းချလိုက်သည်။ သူသည် မိသားစုနှစ်ခု ခွာပြဲသွားတာကို မလိုချင်ပေ၊ ချန်းလင်ရဲ့ စစ်ရာထူးက သူ့ထက် မြင့်ပြီး ခေါင်းဆောင်လည်း ဖြစ်နေတာကို ပြောစရာတောင်မလိုပေ။ 



သို့သော် စုခယ်၏ ကိုယ်ပိုင်နောက်ခံက သူတို့ အပြစ်မပြုရဲသောအရာဖြစ်သည်။ သူသည် ဒီနှစ်မှာ ၃၈ နှစ်ရှိပြီး တပ်ရင်းမှူး ဒုတိယရာထူးကို ရသောအချိန်မှာ အသက် ၄၀ နီးပါး ရှိတော့မည်။ ချန်းလင်က အသက် ၃၀ မပြည့်ခင်မှာတင် အဖွဲ့ခေါင်းဆောင် ဖြစ်နေလေပြီ။



ကျူးကောတုန်က "ကွေ့ကျစ်၊ မင်း ပြန်လာပြီး စုခယ်က မင်းကို နောက်ကွယ်မှာ ယဉ်ကျေးမှုမရှိဘူးလို့ ပြောတယ်လို့ ပြောတာလေ၊ မင်း ကြားရုံပဲမှတ်လား? ကောလာဟလရောလား? လုံးမဖြစ်နိုင်ဘူးလား? လုံးဝ အမှန် မဟုတ်ဘူး" 



"ဘယ်လို ဖြစ်နိုင်မှာလဲ? သူ့ရဲ့ သူငယ်ချင်းကောင်း ဟဲထင်က ပြောတာလေ။ သူတို့က အတူတူ ကြီးပြင်းလာတာ။" စုန့်ကွေ့ကျစ်က ဒါကို ကြားတော့ ဒေါသပေါက်ကွဲပြီး "မစ္စတာကျူး၊ ရှင်ဘာကို ဆိုလိုတာလဲ? ကျုပ်က အဓိပ္ပာယ်မရှိတာတွေ ပြောနေတယ်လို့ ပြောချင်တာလား?" 



"မင်း..." ဇနီးသည်က ဒေါသထွက်နေတာကို တွေ့တော့ ကျူးကောတုန်သည် စကားအနည်းငယ်နှင့် နှစ်သိမ့်ပြီး ထရပ်ကာ အလုပ်ပြန်သွားလိုက်သည်။



စုန့်ကွေ့ကျစ်သည် သူမကိုယ်သူမ စိတ်အေးအေးထားပြီး ကလေးတွေကို အိမ်စာလုပ်ဖို့ ပြောကာ မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ဖို့ သွားလိုက်သည်။



ကျူးမိသားစုမှာ ဖြစ်နေသော အခြေအနေတွေကို မပြောနှင့်၊ စုခယ်သည် လသာဆောင်မှာ တစ်နာရီလောက် လှဲနေပြီးမှ ထရပ်လိုက်သည်။



မျက်နှာပေါင်းတင်သော mask တွေ အားလုံးကို ဖြန့်ပြီး အိတ်ထဲထည့်၍ ခြင်းတောင်းထဲထည့်လိုက်ပြီး ငရုတ်သီးနှင့် ငါးခြောက်ကြော် တစ်ပန်းကန်ကို အပူခံ ထမင်းဘူးထဲ ထည့်လိုက်သည်။



အရာအားလုံး အဆင်သင့်ဖြစ်ပြီ၊ သူမသည် ပစ္စည်းတွေကို သယ်ပြီး ချန်းရှုဟွားရဲ့ အိမ်ကို သွားရန်ပြင်လိုက်သည်။



ဖိနပ်စီးပြီး ထွက်ဖို့ ပြင်နေတုန်းမှာ ဟဲထင်က တံခါးကို တွန်းဖွင့်လိုက်သည်။



"ဘယ်သွားမလို့လဲ?"



"ငါက မစ္စစ်ချန်ရဲ့ အိမ်ကို သွားမလို့။ တူတူ သွားချင်လား?" စုခယ်က မေးလိုက်သည်။



ဟဲထင်သည် ခြင်းတောင်းဆွဲလျက် သပ်ရပ်စွာ ဝတ်ဆင်ထားသော အမျိုးသမီးကို ကြည့်ပြီး သူမ မျက်လုံးကို လှန်လိုက်သည်။ သူမသည် ချန်းရှုဟွားရဲ့ အိမ်ကို မသွားချင်ပေ။ ထိုအမျိုးသမီးက နီးစပ်ဖို့ မဖြစ်နိုင်ချေ၊ သူမကို သူမက မကြိုက်ပေ၊ ထို့ကြောင့် သူမ၏ ခင်မင်မှုကို အရယူဖို့ မလိုအပ်ပေ။



"မသွားဘူး၊ နင်တစ်ယောက်တည်း သွားလိုက်။ ငါ ခနလောက် အိပ်တော့မလို့။"



စုခယ်သည် သူမကို အတင်းမသွားခိုင်းပေ။ ခေါင်းညိတ်ပြီး ခြင်းတောင်းဆွဲကာ ထွက်သွားလိုက်သည်။



သူမ တံခါးနားကို ရောက်တာနှင့် ဟဲထင်က ရုတ်တရက် သူမကို လှမ်းခေါ်လိုက်သည်။ "စုခယ်၊ နင် ဟဲကျစ်ယွမ်နဲ့ ခုတလော ဆက်သွယ်နေသေးလား? ငါ နင့်အတွက် စာရေးပေးရမလား? ငါ ထွက်သွားတဲ့အချိန်မှာ နင် အလျင်စလို မဖြစ်ရအောင် နောက်မှ နင်ရေးချင်တာ မှန်သမျှကို ငါ ရေးပေးမယ်။"



ဟဲကျစ်ယွမ်က မူလကိုယ်နှင့် ဆက်သွယ်ခဲ့သော မာနကြီးပြီး အသုံးအဆောင်ကို လွန်စွာ ဦးစားပေးသည့် ယောက်ျားလေး အတန်းဖော် ဖြစ်သည်။ မူလကိုယ်က ယုံကြည်မှုနှင့် စိတ်မသက်မသာ မဖြစ်ဘဲ ဆက်သွယ်နိုင်စေရန် ဟဲထင်က စာရေးဆရာအတုကို အသုံးပြုသည့် စိတ်ကူးကို ပေးခဲ့ခြင်းဖြစ်သည်။



သူ့လုပ်ဖော်ကိုင်ဖက်က အရင်က ဖော်ပြခဲ့သော အခြေအနေကို စဥ်းစားကြည့်တော့ စာများအားလုံးက မီးရှို့ပြီးဖြစ်သည်။ စုခယ်က ငြင်းပယ်ပြီး အရင်းအမြစ်ကနေ ပြဿနာကို လုံးဝ ဖြေရှင်းချင်သည်။ ဟဲထင်ရဲ့ စိုးရိမ်တကြီး မျက်လုံးတွေကို မြင်တော့ သူမက စိတ်ပြောင်းပြီး သဘောတူလိုက်သည်။



"ဟုတ်ပြီလေ၊ ပုံမှန်လိုပဲ ပြန်စာရေးလိုက်။ သူက စာမေးပွဲ ဖြေတော့မှာဆိုတော့ ငါ့အစား အားပေး စကားလေးတွေ ပြောပေးပါ" စုခယ်က ညွှန်ကြားချက် အနည်းငယ် ပေးပြီး ထွက်သွားလိုက်သည်။



သူမအတွက် ပြန်စာရေးပေးချင်တယ်ဆိုတော့ သူမကို အခွင့်အရေး ပေးလိုက်ပါမည်။



မြွေကို အပေါက်ထဲကနေ ခေါ်ထုတ်ချင်လျှင် ချိုမြိန်သော မုန့်တစ်ခု ပေးရမည်။



ချန်းလင်က တပ်ရင်းအဆင့် အရာရှိဖြစ်ပြီး ဝန်ထမ်းအိမ်ရာမှာပဲ နေလို့ရသည်။ ချန်းရှုဟွားရဲ့ ခင်ပွန်းက ချန်းလင်ရဲ့ အထက်အရာရှိဖြစ်သဖြင့် သဘာဝကျစွာပင် ပိုကောင်းသောနေရာမှာ နေရပြီး သူ့ကိုယ်ပိုင် သီးခြားခြံဝင်းလည်း ရှိသည်။



သို့သော် နေရာနှစ်ခုက တစ်ခုနှင့် တစ်ခု မဝေးပေ။ မိသားစုအဆောက်အအုံက အနောက်တောင်ထောင့်မှာ တည်ရှိပြီး အရာရှိအိမ်ရာက အနောက်တောင်ထောင့်၏ မျက်စောင်းထိုးမှာ မြေနေရာတစ်ခုကို ဖွင့်ထားခြင်းဖြစ်သည်။



ဆယ်မိနစ်လောက်သာ လမ်းလျှောက်ရသည်။

သူမ မှတ်ဉာဏ်အရ ချန်းရှုဟွား အိမ်ကို လျှောက်သွားလိုက်သည်။ တံခါးက ပွင့်နေပြီး ကလေးအချို့က တံခါးဝမှာ ကစားနေကြသည်။ လူတစ်ယောက် လာတာကို တွေ့တော့ အကြီးဆုံးကလေးက အကူအညီတောင်းဖို့ အိမ်ထဲကို အရင် ပြေးဝင်သွားသည်။



မကြာခင်မှာ ချန်းရှုဟွားက ပြေးထွက်လာပြီး စုခယ်ကို တွေ့တော့ အလျင်အမြန် ကြိုဆိုလိုက်သည်။



"ဘာလို့ ဒီကို လာတာလဲ? ဒီလောက် ပူနေတာကို" ချန်းရှုဟွားက ကလေးအချို့ကို လူခေါ်ခိုင်းပြီး သူက ပျော်ရွှင်စွာနှင့် အိမ်ထဲကို ကြိုဆိုလိုက်သည်။



လူတိုင်း ထိုင်ပြီးသောနောက် စုခယ်က ပျော်ရွှင်စွာနှင့် ခြင်းတောင်းကို ထုတ်ပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။



"ကျယ်ကျဲ အတွက် အရသာရှိတဲ့ အစားအစာတွေ ယူလာပေးတာ"



ဒီစကားကို ကြားတော့ ချန်းရှုဟွားက ခေါင်းကို ဆန့်ထုတ်ပြီး ခြင်းတောင်းထဲကို ကြည့်လိုက်သည်။ အဝတ်သားအိတ်ဘေးမှာ အပူထိန်း ထမင်းချိုင့်တစ်လုံး ရှိနေသည်။



အပူထိန်းဘူးကို ဖွင့်လိုက်တော့ ငါးအနံ့တစ်မျိုးက သူမနှာခေါင်းထဲကို ဝင်လာသည်။ ချန်းရှုဟွားက သေချာကြည့်ပြီး ပြောလိုက်သည်။ "ဒါ နင်ကို ငါပေးထားတဲ့ ငါးခြောက် မဟုတ်ဘူးလား?" 



"နင်ပေးထားတာပေါ့ ကျဲရဲ့" စုခယ်က ပြုံးပြီး ပြောလိုက်သည်။



ချန်းရှုဟွားက အနံ့ကို နောက်တစ်ကြိမ် ရှူလိုက်ပြီး "သိလား၊ ငါးခြောက်ကို နင်ကြော်လိုက်ပြီးတော့ အရောင်အသွေးစုံပြီး မွှေးမွှေးကြိုင်ကြိုင် အရသာရှိမယ့်ပုံပေါ်လွန်းလို့ ငါ့မှာ တူကို မကိုင်ဘဲ မနေနိုင်ဘူး" 



"ရှောင်ခယ်၊ နင်မှာ ဒီလို အရည်အချင်းရှိတာကို ငါ ဘာလို့ အရင်က မသိခဲ့တာလဲ? မနေ့က နင် ငါ့အတွက် ယူလာပေးတဲ့ ပုဇွန်က ငါ့ယောက်ျားကို ပုံမှန်ထက် ဝိုင်တစ်ခွက် ပိုသောက်အောင်လုပ်လိုက်တယ်။" ချန်းရှုဟွားက ခြံထဲမှာ ကစားနေသော ကလေးတွေကို ညွှန်ပြပြီး "ဒီလောဘကြီးတဲ့ ကြောင်လေးက စားပြီးတာတောင် ထပ်တောင်းပြီး ငါ့ကို သူတို့အတွက် ချက်ပေးဖို့ ပြောနေတာ။ အရမ်းကပ်တာပဲ" 



"နင် ဒီကို လာတာ ကောင်းတယ်။ နောက်မှ ဘယ်လိုချက်ရလဲ သင်ပေးပါလား၊ ကလေးတွေရဲ့ ပျော်ရွှင်မှုကို ဖြည့်ဆည်းပေးဖို့ ပိုချက်လို့ရအောင်"



ချန်းရှုဟွားက ဒီလိုပြောတာကို တွေ့တော့ စုခယ်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။



"အိတ်ထဲမှာ ဘာတွေလဲ?"



သူတို့နှစ်ယောက် ဆုံးဖြတ်ပြီးသောနောက် ချန်းရှုဟွားက ခြင်းတောင်းထဲက အိတ်ကို ညွှန်ပြလိုက်သည်။