အပိုင်း ၉၁-၉၂
Viewers 22k

Part 91


ကျန်းယန်ရှန့်က လျန့်ကျန်းကို ကျန်းဟွမ်၏သန်းချီတန်သောနာရီအား ခိုးစေချင်နေသည်ဟု ပြောရန်မှာ ကမောက်ကမဖြစ်လွန်းသည်။


ယခုဘဝတွင် လျန့်ကျန်းအား ခိုးမှုနှင့်ထောင်ထဲသို့ လွှတ်လိုက်ပါက အရှက်ရမည်စိုး၍ ဖြစ်ပျက်သမျှအား မျက်စိစုံမှိတ်၍ ကျော်သွားခြင်းမျိုးမပြုအောင် ကျန်းဟွမ်အားစည်းရုံးနိုင်မည့် နည်းလမ်းရှိမရှိ ကျန်းယန်ရှန့် သိချင်မိသည်။


ရယ်ချင်စရာကောင်းသောအချက်မှာ ကျန်းဟွမ်စိတ်ပြောင်းအောင် လုပ်နိုင်မည့်နည်းလမ်းကိုရှာမတွေ့သေးခြင်းပင်။


လျန့်ကျန်းကလည်း ကျန်းဟွမ်ပိုင်ဆိုင်သောနာရီ၏တန်ဖိုးကို သိပုံမရပေ။


သို့သော်လည်း အတိတ်ဘဝတွင်မူ ပိုမိုဆိုးရွားသော ကိစ္စကိုပင် လုပ်ဆောင်ခဲ့သူဖြစ်သည်။


ယခုမူ...ဥပဒေရေးရာပိုင်းများ အားနည်းနေခြင်းက မုန်းချင်စရာကောင်းလွန်း၏။


လန့်ကျန်းကျူးလွန်သောအမှုက ပြည်သူ့လုံခြုံရေး စီမံအုပ်ချုပ်မှုဆိုင်ရာ စည်းမျဥ်းစည်းကမ်းများနှင့် ငြိစွန်းနေသည်။


အခြားမိန်းကလေးများအား တစ်နှစ်ခန့်ဓာတ်ပုံလိုက်ရိုက်ပြီး နောက်ယောင်ခံခြင်းအတွက် အပြစ်ဒဏ်မှာ ဆယ်ရက်‌အချုပ်ကျခြင်းပင်ဖြစ်သည်။


ပေါ့လျော့လွန်းသော အပြစ်ဒဏ်ပင်။


ကင်မရာတပ်ပြီး မည်သည်ကိုမျှ မရိုက်နိုင်ခဲ့သော

လျန့်ကျန်းလိုလူမျိုးကတော့ နောက်ဆုံးအပြစ်ဒဏ်အဖြစ် ငါးရက်တာထိန်းသိမ်းခံထားရမည်ဖြစ်သည်။


ဤအရာသည် လက်တွေ့ဘဝပင်ဖြစ်သည်။


လန့်ကျန်းလိုလူထက် ဥပဒေက ပိုပြီးတော့တောင် အပေါစားဆန်နေသေးသည်။


ယခုလိုတွေဖြစ်လာမည့်အစား နာရီကိုခိုးတာကမှ

ပိုကောင်းလိမ့်ဦးမည်။


ရဲအရာရှိက ကျန်းယန်ရှန့်အား လျန့်ကျန်းဆီမှ လျော်ကြေးတောင်းရန် ဆန္ဒရှိမရှိမေးလာ၏။


 " ဘယ်လောက်ရမှာလဲ " ကျန်းယန်ရှန့် ပြန်မေးလိုက်သည်။


 " ယွမ် ၅၀၀လောက်ပေါ့ ဘာမှရိုက်မထားဘူးဆိုရင်ဝောာ့ တစ်ပြားမှရမှာမဟုတ်ဘူးဗျ "


ကျန်းယန်ရှန့်၏မျက်နှာကြီး မည်းသွားတော့သည်။


တစ်ချိန်တည်းမှာပင် ကျန်းဟွမ်က စားပွဲကိုထုလျက်မကျေမနပ်ပြောလာ၏။


" အဲ့ဒါဆိုသူ့ကို ငါးရက်ပဲချုပ်ထားမှာပေါ့ "


ရဲအရာရှိများအနေဖြင့် ဤကဲ့သို့သောကိစ္စရပ်များကို ထမင်းစားရေသောက်သဖွယ်ဖြစ်နေကြပြီဖြစ်သည်။


မိသားစုဝင်များ၏တုံ့ပြန်ချက်က အမြဲတမ်း တထေရာထည်းပင်။


ယခုကဲ့သို့သောအခြေအနေမျိုး၌ ဖခင်တစ်ယောက်ဒေါသထွက်ခြင်းက ဖြစ်သင့်သောကိစ္စရပ်ပင်ဖြစ်သည်။


" ဟုတ်ပါတယ် လူသတ်ရန်ကြံစည်မှုဆိုရင်​တောင် ငါးရက်ပဲကြာမှာပါ "


" ဘာလို့ချုပ်ထားဦးမှာလဲ အခုလွှတ်ပေးလိုက်တော့ "


အရာရှိက အေးအေးဆေးဆေးဖြစ်နေသလောက် 


ကျန်းဟွမ်မှာတော့ အံကိုကြိတ်ထားရသည့်အခြေအနေသို့ရောက်နေပြီဖြစ်သည်။


ကျန်းယန်ရှန့်မျက်လုံးထောင့်စွန်းကလေးမှ တစ်ချက်လှမ်းကြည့်လိုက်သောအခါ


ကျန်းဟွမ်၏မျက်နှာမှာ သူ့ထက်ပင် ပိုမည်းမှောင်နေပြီဖြစ်ကြောင်းသိလိုက်ရတော့သည်။


" အခုလွှတ်လိုက် ငါကိုယ်တိုင်သတ်မယ် "


" ဒီမယ် ဆရာ...ဆရာဘာလို့ဒီကိုရောက်လာလဲဆိုတာ နားလည်တယ်...ဒါပေမဲ့ စိတ်ထိန်းပါဦး

အပြင်းအထန်ထိခိုက်စေမှုကတော့ ရက်နည်းနည်းလောက် အချုပ်ချထားတာမျိုးနဲ့ပဲ အရေးယူလို့ရမှာဗျ "


ရဲအရာရှိမျက်နှာမှာ သုန်မှုန်နေ၏။


" အလုပ်ရှုပ်အောင်လုပ်မိလို့ တောင်းပန်ပါတယ် "


ကျန်းယန်ရှန့် အရာရှိကိုကြည့်၍ တောင်းပန်လိုက်သည်။ထို့နောက် စာရွက်စာတမ်းများ၌လက်မှတ်ထိုးပြီး ထပြန်လာခဲ့လိုက်သည်။


ကျန်းဟွမ်ကတော့  ကျန်းယန်ရှန့်အနောက်ကနေလိုက်လာလျက်။


လျန့်ယင်းယင်းခမျာတော့ ခပ်ခွာခွာအနေအထားမှသာလိုက်လာရဲသည်။


သူ့မျက်နှာတစ်ခြမ်းလောက်က ဖူးရောင်နေပြီဖြစ်၏။


စခန်းအပြင်ရောက်သောအခါ ကျန်းသားအဖက လျန့်ယင်းယင်းအားလျစ်လျူ၍ ကားဖြင့်ထွက်သွားကြသည်။


လျန့်ယင်းယင်း ရဲစခန်းပေါက်ဝမှာရပ်ပြီး ကျိန်ဆဲမိ၏။


ထို့နောက် သူမ၏ပြိုင်ကားပေါ်တက်ကာ အိမ်သို့ ဦးတည်ခဲ့သည်။


ကားထဲသို့ရောက်နေပြီဖြစ်သော်လည်း ကျန်းဟွမ်မှာတော့ ဒေါသမပြေနိုင်သေး။


" သတ်မယ် သတ်ပစ်မယ် "


ကျိန်ဆဲနေသောကျန်းဟွမ်ကို ကျန်းယန်ရှန့် တစ်ချက်ကြည့်လိုက်သည်။


သူမ မယုံနိုင်သေးပေ။


အတိတ်ဘဝ၌ လျန့်ကျန်းက သန်းချီတန်သောနာရီအား ခိုးခဲ့သော်လည်း ကျန်းဟွမ်က မျက်စိစုံမှိတ်ပေးခဲ့သည်။


ထိုအချိန်တွင် မကျေအေး မပေးခဲ့ပါက

လျန့်ကျန်း နှစ်နည်းနည်းလောက် ပဲထမင်းစားရဖို့က သေချာသလောက်ဖြစ်၏။


ယခုကိစ္စသည် အတိတ်ဘဝကထက် အဆပေါင်းများစွာဆိုးရွားသည်။သို့သော်လည်း အပြစ်ဒဏ်မှာ ငါးရက်တာ ထိန်းသိမ်းခံရခြင်းသာဖြစ်သည်။


 သို့ေသာ်လည်း ထိုအရာများထက်....မီးဟုန်းဟုန်းတောက်နေသောမျက်ဝန်းများနှင့် အံကြိတ်ထားသော ကျန်းဟွမ်၏အသွင်အပြင်က ကျန်းယန်ရှန့်အား  အံ့ဩသွားစေ၏။


 မေးချင်စိတ်ကို ကျန်းယန်ရှန့်မထိန်းချုပ်နိုင်တော့ပေ။


" ဒေါသထွက်နေတုန်းလား "


သမီးဖြစ်သူ၏မေးခွန်းကြောင့် ကျန်းဟွမ်တစ်ယောက် စိတ်တိုတိုနှင့်ရယ်မိတော့မတတ်ဖြစ်သွားသည်။


" ငါ့မျက်နှာက ပျော်နေတဲ့ပုံပေါက်နေလို့လား "


ကျန်းယန်ရှန့် မျက်လုံးလေး ကလည်ကလည်ဖြစ်သွား၏။


သူမက အရင်ဘဝမှကိစ္စရပ်များကြောင့် မေးလိုက်ခြင်းဖြစ်သည်။ 


သို့သော်လည်း ကျန်းဟွမ်ကတော့ ယခုအခြေအနေက မည်မျှလေးနက်သည်ကို စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိသည်အထိ သမီးဖြစ်သူမှာ ငယ်ရွယ်နေသေးသည်ဟု အတွေးပေါက်သွားတော့၏။


ကျန်းဟွမ်က သက်ပြင်းချပြီး စိတ်ကိုလျှော့သည်။


" စောစောရှာတွေ့လို့ ဘာမှမဖြစ်တာပေါ့


တွေ့သာမတွေ့ခဲ့ရင် အဲ့ဒီခွေးကောင်က အပြာဆိုဒ်တွေမှာ ပတ်တင်ပစ်မှာ အဖေတို့နဲ့သိတဲ့တစ်ယောက်ယောက်သာ မြင်သွားကြည့်ပါလား ဘယ်လိုဖြစ်မလဲ အနာဂါတ်ကိုဘယ်လိုဖြတ်သန်းမလို့လဲ အဖေ့မျက်နှာ ဘယ်သွားထားရမလဲ " 


ပြောနေရင်းဖြင့် ကျန်းဟွမ်ပိုစိတ်တိုလာတော့၏။


အံတွေကြိတ်လျက် မျက်နှာမှာ ပိုလို့တောင်ခက်ထန်လာသည်။


တကယ်ပင်ဒေါသထွက်နေခြင်းဖြစ်၏။


နာရီခိုးတာထက်တော့ မဆိုးသေးဘူးလို့ပဲ ကျန်းယန်ရှန့်မြင်မိသည်။


သူမကတော့ အဆင်ပြေပါသည်။


လျန့်ယင်းယင်း၏ပြိုင်ကားက ကျန်းဟွမ်မောင်းနှင်နေသောကား၏မလှမ်းမကမ်းမှ လိုက်လာနေသည်။


သားအဖနှစ်ယောက်ကတော့ ကားပေါ်ကဆင်းလာပြီးနောက် လျန့်ယင်းယင်းကို အရေးစိုက်ခြင်းမပြုဘဲ အိမ်ထဲသို့ စကားပြောလျက် အတူဝင်သွားကြသည်။


" ဒီမှာ ကင်မရာမရှိတာသေချာလား "


" သေချာပါတယ်  သမီးရှာပြီးသွားပြီ ရဲတွေလည်းစစ်သွားကြတယ် ကင်မရာတွေက ရေချိုးခန်းတို့ အိပ်ရာတဝိုက်တို့ပဲရှိတတ်ကြတာ အဲ့ဟာတွေလည်း အကုန်ဖြုတ်ပြီးသွားပြီ "


" ခွေးမသား ! " ကျန်းဟွမ်က ကျိန်ဆဲ၏။


" လောလောဆယ်တော့ ဧည့်သည်ခန်းမှာသွားအိပ်လိုက်မယ် " ကျန်းယန်ရှန့်ကပြောသည်။


" မနက်ဖြန်ကျမှ အခန်းတွင်းအလှဆင် ကုမ္ပဏီတစ်ခုရှာပြီး ရေချိုးခန်းကို အသစ်ပြန်ပြင်လိုက်မယ် "


ကျန်းမိသားစု၌ ဧည့်သည်များအတွက် အခန်းအများအပြားရှိသည်။


ကျန်းယန်ရှန့်သွားနေမည့်အခန်းက 


လွန်ခဲ့သော တစ်ပတ်က လျန့်ကျန်းအိပ်သွားခဲ့သောအခန်းမဟုတ်‌တာတော့သေချာ၏။


ရေချိုးခန်းပြင်ခြင်းအတွက် အခန်း ယာယီပြောင်းနေသည်က ဖြစ်သင့်သောအရာပင်။


သို့သော်လည်း ကျန်းဟွမ်ကတော့ စိတ်တိုစွာနှင့် 

ဒဲ့တိုးဆန်ဆန်ပြောလာသည်။


" တစ်ခန်းလုံးသာ ပြောင်းပစ်စမ်းပါ " 


" ဟင့်အင်း...ဒီအခန်းကို အမေကိုယ်တိုင် ဒီဇိုင်းဆွဲပေးခဲ့တာ " 


ကျန်းယန်ရှန့်က ချက်ချင်းဆိုသလိုပဲ ငြင်းဆန်လိုက်၏။


" ထားလိုက်တော့ ထားလိုက် ရေချိုးခန်းပဲပြင်လိုက်တော့...စိတ်မပူနဲ့ မနက်ဖြန်အတွင်းရေးမှူးကို စီစဉ်ခိုင်းလိုက်မယ် "


ကျန်းဟွမ်က ပြန်ဖြန်ဖြေလိုက်သော်လည်း


ကျန်းယန်ရှန့် စိတ်အခြေအနေမှာတော့ ပိုဆိုးသွားပြီဖြစ်သည်။


လျန့်ယင်းယင်းက ‌ကားပေါ်မှ ဆင်းပြီး ကျန်းသားအဖနောက်သို့ လိုက်လာ၏။


 ကျန်းသားအဖမှာ လှေကားပေါ်၌ စကားပြောနေကြသော်လည်း လျန့်ယင်းယင်းကတော့ မျက်လုံးလေးနဲ့ပင်တစ်ချက်လှမ်းမကြည့်ရဲရှာတော့ပေ။


ဒုတိယထပ်သို့ရောက်လာသောအခါ


ကျန်းယန်ရှန့် ခေါင်းခါပြီးအခန်းဆီသို့ ပြန်သွားလိုက်သည်။


" အချစ်~ ယောက်ျား ယောကျာ်းရေ ~~ "


ကျန်းဟွမ်အား ဇွတ်တွေလိုက်ကပ်ကာ  ချွဲပစ်နေသော လေသံဖြင့် ပလီပလာလုပ်နေသောလျန့်ယင်းယင်း၏ အသံကို ကျန်းယန်ရှန့် လှမ်းကြားလိုက်ရတယ်။


ကျန်းဟွမ်ဘက်မှ ပြန်ဖြေသောအသံကိုတော့ မကြားမိပေ။


ဒေါသထွက်နေ၍ လျန့်ယင်းယင်းကို အဖက်မလုပ်ခြင်းဖြစ်မည်။


လျန့်ယင်းယင်းဟာ ရွံစရာဖားမဖြစ်သည့်အကြောင်းကိုကျန်းယန်ရှန့်နားလည်လိုက်၏။


Xxxxxxx


Part 92


အတိတ်ဘဝမှ ကျန်းယန်ရှန့်သည် အားနည်းသူဖြစ်သောကြောင့် သူမအားဖိနှိပ်သမျှကို ငြိမ်ခံနေခဲ့ရသည်။


ကျန်းယန်ရှန့်လိုပညာတတ်တစ်ယောက်က အောက်ခြေလွတ်နေသောမြေခွေးမနှင့် ပြိုင်မိသည့်အခါတွင် အကျိုးယုတ်မှုသာများလာသည်။


လမ်းမှားရောက်သွားသော ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်သည် နောင်တရခြင်းမရှိခဲ့ပေ။


သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူမပြန်လည် မွေးဖွားလာနိုင်ခဲ့သည်။


ကျန်းယန်ရှန့် အခန်းဆီသို့ပြန်သွားပြီး လှည့်ပတ်ကြည့်မိသည်။


နံရံကပ်စက္ကူပုံစံ ၊ မီးဆိုင်းအနေအထား 


အရာအားလုံးသည် အမေဖြစ်သူချန်ထားရစ်ခဲ့သော ခြေရာများပင်ဖြစ်သည်။


နောက်ပိုင်းတွင် ထိုခြေရာများအားလုံးကွယ်ပျောက်သွားခဲ့သည်။


ထိုအချိန်မှစ၍ တစ်နှစ်ပတ်လုံး ကျန်းယန်ရှန့် အိမ်ပြန်မလာခဲ့ပေ။


ပြန်ရောက်လာသည့်အချိန်၌ တစ်အိမ်လုံးမှာ မွမ်းမံပြင်ဆင်ထားပြီးဖြစ်နေသည်။


ထိုအချိန်က အိမ်ထဲသို့လမ်းလျှောက်၍ဝင်လာသော ကျန်းယန်ရှန့်မှာ သူမ၏ရင်ဘတ်ကို ထိုးနှက်နေသကဲ့သို့ခံစားရသဖြင့် အသက်ပင်ဝဝမရှု‌နိုင်အောင် ဖြစ်ခဲ့ရသည်။


တစ်အိမ်လုံး၌ လျန့်ယင်းယင်း၏ခြေရာများဖြင့်သာ ပြည့်နှက်နေသောကြောင့်ဖြစ်သည်။


သူမ၏အိမ်မဟုတ်တော့သည်မှာ သေချာနေခဲ့သည်။


ကျန်းဟွမ်၏ အကူအညီမဲ့၍ပေါ့လျော့မှုကိုသာ အပြစ်တင်မိသည်။


တစ်အိမ်လုံးအား နဂိုမူလပုံစံအတိုင်း ပြန်လည်ပြင်ဆင်ရန် မဖြစ်နိုင်တော့ချေ။


သို့သော်လည်း ယခုဘဝတွင်တော့ ကျန်းဟွမ်က ထိုအခြေအနေမျိုးအား လက်သင့်ခံမည်မဟုတ်။


တတိယထပ်တွင်ရှိနေသောကျန်းဟွမ်က ဇနီးဖြစ်သူအား မည်ကဲ့သို့ပညာပေးနေသည်ကို ကျန်းယန်ရှန့်မသိပေ။


ညနေရောက်သောအခါ ကျန်းဟွမ်၏ အတွင်းရေးမှူးက နောက်တစ်နေ့တွင် ရေချိုးခန်းပြင်ဆင်ရန်စတင်တော့မည်ဖြစ်ကြောင်း အသ်ိပေးလာသည်။


နောက်တစ်နေ့ နေ့ခင်းပိုင်းတွင် ရေချိုးခန်းအကျယ်အဝန်းကို တိုင်းတာပြီး ကျန်းယန်ရှန့်နှင့်ဆွေးနွေးရန် ဒီဇိုင်နာတစ်ဦး ရောက်ရှိလာသည်။


ကျန်းယန်ရှန့်၏ ဆန္ဒမှာ ရိုးစင်းလွန်း၏။


" နဂိုပုံစံအတိုင်းထားပြီး ပစ္စည်းတွေကိုပဲ အသစ်လဲပေးပါ ကျွန်မလိုချင်တာ ဒီလောက်ပါပဲ "


"...... "


" ရှိရင်းစွဲ brand နဲ့ ရှိရင်းစွဲ model တွေပဲပြန်သုံးပေးပါ ဈေးကွက်ထဲမှာရှာလို့မရရင် စက်ရုံကိုဆက်သွယ်ပါ "


ဒီဇိုင်နာခမျာတော့ မူးမေ့ချင်စိတ်ပေါက်သွားရှာသည်။


ဤရက်များအတွင်း လျန့်ယင်းယင်းသည် အလွန်အမင်းနှိမ့်ချတတ်သော မယ်သီလရှင်တစ်ပါးသဖွယ် ဝတ်စားပြီး စကားကိုဖွဲ့ကာနွဲ့ကာပြောဆိုလာသည်။


ကျန်းဟယ်လင်းကိုပင် ညင်သာစွာပြောသည်။


ကျန်းယန်ရှန့်၏ဒေါသကိုဆွမိမည်စိုး၍ ကျန်းရှို့ချန်ကိုပင် ပမာမခန့်မလုပ်ရဲတော့ပေ။


မနက်တိုင်းလည်း နေဖင်ထိုးသည်အထိ မအိပ်ရဲတော့ဘဲ


စောစောထကာ မနက်စာအတူစားရန် ကျန်းဟွမ်ကိုစောင့်သည်။


သို့သော်လည်း သူမ ပင်ပန်းစွာ လုပ်စရာအကြောင်းမရှိပေ။


သူမလုပ်ရသည်မှာ နွားနို့ငှဲ့ပြီး ၊ပန်းကန်လေး 

ညင်ညင်သာသာ ချပေးရုံသာရှိသည်။


ကျန်းယန်ရှန့် အေးစက်စွာစောင့်ကြည့်ပြီးသောအခါ လျန့်ယင်းယင်းလို မိန်းမမျိုးအား ကျန်းဟွမ်ကြွေဆင်းသွားရသည့်အကြောင်းအရင်းကို နားလည်စပြုလာသည်။


မိန်းကလေးတစ်ယောက်၏အမြင်ဖြင့်ကြည့်လျှင်

လျန့်ယင်းယင်းမှာ ဦးနှောက်မရှိ‌ ၊ အောက်တန်းကျသောသူဖြစ်သည်ဆိုသောအချက်မှာ ထင်ရှားသည်။


သို့သော်လည်း ယောက်ျားသားများက အလွန်အကြူးနှိမ့်ချတတ်သော မိန်းမမျိုးကိုမှ သဘောကျတတ်ကြပုံရသည်။


အမျိုးသမီးများမှ...


အမျိုးသားများလိုချင်သောအရာဟု ကောက်ချက်ချထားသောအရာများသည် အမှန်တကယ် သူတို့လိုချင်သောအချက်များနှင့် မကိုက်ညီတတ်ပေ။


လျန့်ယင်းယင်းမှ အလွန်အမင်းရိုကျိုးပြနေသော်လည်း ကျန်းဟွမ်က မျက်နှာသာပေးခြင်းမရှိပေ။


လျန့်ယင်းယင်းသည် ကျန်းဟွမ်အပေါ်တွင် မှီခိုအားထားနေရသူဖြစ်၏။


ကျန်းဟွမ်က သူမအား တန်ဖိုးထားလျှင် သူမ၌တန်ဖိုးအနည်းငယ်တက်လာလိမ့်မည်။


သို့သော်လည်း ကျန်းဟွမ်က သူမအား တန်ဖိုးမထားခဲ့ပါက သူမသည် ဖားတစ်ကောင်ထက်ပင် ပေါ့နေသည်အထိ ‌ဈေးပေါသွားမည်ဖြစ်သည်။


ကျန်းဟွမ်အပြင်တွင် အသစ်တွေ့နေသည်ကို ကျန်းယန်ရှန့် သတိရသွားသည်။


လျန့်ယင်းယင်းသည် အသက်ကြီးလာပြီး ပြန်ငယ်ရွယ်ခွင့်မရှိတော့ပေ။


အိမ်ထောင်ကျသည့်အချိန်မှစ၍ ငယ်ရွယ်မှုမှန်သမျှကို ကျန်းဟွမ်ထံ၌သာ မြှုပ်နှံခဲ့ရသည်။


ဒီကနေ့ခေတ်ကြီး၌ လျန့်ယင်းယင်းကဲ့သို့ ငယ်ရွယ်မှုနှင့် ပိုကောင်းသောဘဝအား အလဲအလှယ်လုပ်သောသူမရှိပေ။


သူမထက် ချောမော၍ကြည့်ကောင်းသူများပင် ထိုကဲ့သို့မလုပ်ကြပေ။


ထိုအချိန်က ကျန်းယန်ရှန့် အိမ်ပြန်မလာသော်လည်း သတင်းများခပ်သဲ့သဲ့ကြားခဲ့ရသည်။


သို့ဖြစ်သော်လည်း လျန့်ယင်းယင်းသည် ထိုအရေးကိစ္စကို ပြဿနာရှာမည့်သူမဟုတ်ပေ။


ကျန်းဟွမ်ဘက်မှ သူမနှင့်ကွာရှင်း၍ မည်သူနှင့်ပင်လက်ထပ်ပါစေ လျန့်ယင်းယင်းက လုံးဝပြဿနာရှာမည်မဟုတ်ပေ။


မည်သို့ပင်ဆိုပါစေ သူမ၍ကလေးနှစ်ယောက်ရှိပြီး

အနာဂါတ်တွင် ကျန်းဟွမ်ပိုင်ဆိုင်သမျှသည် ကလေးများနှင့် အလိုလိုသက်ဆိုင်လာမည်ဖြစ်သည်။


ကျန်းဟွမ်၏ အပြင်မှအချစ်ရေးကိစ္စများအား သူမ စိတ်မဝင်စားပေ။


ဤကဲ့သို့သော အိမ်ထောင်သည်ဘဝမျိုးက စိတ်ဝင်စားစရာ မကောင်းပေဘူးလားဟု ကျန်းယန်ရှန့်တွေးမိသည်။


သို့သော်လည်း ကိုယ်ခန္ဓာနှင့်စိတ်ဝိဉာဉ်ကို ငွေဖြင့်ရောင်းစားခဲ့သော လျန့်ယင်းယင်းအား လှောင်ရယ်ရန် တစ်စုံတစ်ဦး၌ အရည်အချင်းပြည့်မီခြင်းမရှိခဲ့ပေ။


ထိုတစ်စုံတစ်ဦး‌ကတော့ ရွှေဇွန်းကိုက်၌မွေးဖွားလာသော်လည်း အသက်မဲ့နေသကဲ့သို့ ရှင်သန်လာရသည့် သူဌေးသမီးလေးပင်ဖြစ်သည်။


အတွေးနယ်ချဲ့နေစဉ် နောက်ကျောဘက်မှ ချွေးစီးများထွက်လာသည်ကို သတိပြုမိသည်။


ကျန်းဟွမ်နှင့် လျန့်ယင်းယင်းကို ဥပေက္ခာပြုလျက် နွားနို့ကိုသာ ကုန်သည်အထိမော့ပြီး စာကြည့်ရန်အတွက် အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။


လျန့်ကျန်းမှာ ငါးရက်အချုပ်ကျခဲ့သည်။


ငါးရက်တာသည် ကျန်းယန်ရှန့်အတွက် တိုတောင်းလွန်းသော်လည်း ကျန်းဟွမ်အတွက်ကတော့ ရှည်လျားနေပုံရသည်။


‌ငါးရက်မပြည့်မီအချိန်မှာပင် ကျန်းဟွမ်က ဆက်တိုက်စောင့်နေခဲ့သည်။


ထိန်းသိမ်းရေးစခန်းမှထွက်လာသော လျန့်ကျန်းတစ်ယောက် သူ၏ရှေ့တွင် ကုမ္ပဏီသုံးအနက်ရောင်ကားတစ်စီးလာရပ်သည်ကိုတွေ့လိုက်ရသည်။


ထို့နောက် ကားမောင်းသူ၏ဘေးဘက်နေရာမှ မှန်ပွင့်လာသည်။


ကားထဲ၌ရှိနေသူမှာ အဒေါ်ဖြစ်သူ လျန့်ယင်းယင်းဖြစ်ကြောင်း လျန့်ကျန်းသိလိုက်ရသည်။


" ကားထဲဝင် " လျန့်ယင်းယင်းက ရုပ်တည်နှင့်ပြော၏။


လျန့်ကျန်းဟာ တစ်ခုခုပြောချင်နေပုံရသော်လည်း ကားတံခါးပွင့်လာသည်နှင့်တစ်ပြိုင်နက် ယောက်ျားသားနှစ်ယောက်ကထွက်လာပြီး သူ့ကိုချုပ်လျက် ဆွဲခေါ်သွားကြတော့သည်။


ထို့နောက် တံခါး ချက်ချင်းပြန်ပိတ်သွားသည်။


လျန့်ကျန်း၏ မျက်နှာထားပြောင်းသွားသည်။


" အဒေါ် ! အဒေါ် "


လျန့်ကျန်းက ရုန်းကန်လျက် လျန့်ယင်းယင်းကို အကူအညီတောင်းနေသည့်သဖွယ် အော်ခေါ်သည် ။


လျန့်ယင်းယင်းက နေကာမျက်မှန်ကိုပင့်တင်လိုက်ပြီး


အနောက်ကို တစ်ချက်လေးမှ လှည့်မကြည့်ပေ။


" ပြီးကျရင် ခံနိုင်ရည်ရှိသွားလိမ့်မယ် မသေပါဘူးသည်းခံ " 


လျန့်ယင်းယင်းက ကြောက်စရာလေသံနှင့်ပြော၏။


လျန့်ယင်းယင်း အခုလိုပြောသည့်အချိန်တိုင်း လျန့်ကျန်းတုန်လှုပ်မိသည်။


လျန့်ကျန်းအား အငှားအိမ်သို့ပြန်ပို့သောအချိန်တွင် လက်တစ်ဖက်ကျိုးပြီး ခြေထောက်တစ်ဖက်အရိုးအက်နေပြီဖြစ်သည်။


ထိုယောက်ျားသားများက လျန့်ကျန်းကိုမခေါ်ဘဲ ပြန်ထွက်သွားကြသည်။


လျန့်ယင်းယင်းကတော့ ထွက်ခွာသွားခြင်းမရှိပေမဲ့ ကားကိုလည်းမောင်းခြင်းမပြု‌ပေ။


လျန့်ကျန်းအား ဆေးရုံပို့ရန်ကားတစ်စီးကိုသာ လှမ်းခေါ်နေသည်။


ဆရာဝန်က လျန့်ကျန်းတစ်ကိုယ်လုံး ဒဏ်ရာအပြည့်ဖြစ် နေသည်ကို မြင်လိုက်ရသည်။


သူအရိုက်ခံထားရတာဖြစ်ပြီး ရဲခေါ်လိုကြောင်းနားလည်လိုက်၏။


သို့သော်လည်း လျန့်ယင်းယင်းက ကြားဖြတ်၍ပြောသည်။


" အရေးမကြီးပါဘူး မိသားစုကိစ္စပါ မိသားစုကိစ္စ ! "


လျန့်ကျန်းကတော့ 


သူဘာမှမပြောလိုက်ရမှာကို စိုးရိမ်နေရှာသည်။


အကယ်၍သာ မိသားစုပြဿနာဖြစ်ခဲ့ပါက ရဲများရောက်လာလျှင်လည်း အချင်းချင်းဖြန်ဖြေပေးရုံသာ တတ်နိုင်လိမ့်မည်။ 


မည်သို့ပင်ဖြစ်စေ အဆုံးသတ်၌ သူ ရဲခေါ်ခွင့်ရမည်မဟုတ်ပေ။


အငှားအိမ်ရှိ လျန့်ကျန်း၏ပစ္စည်းမှန်သမျှလည်း

ဖျက်ဆီးခံထားရသည်။


ကွဲအက်နေသော လက်ပ်တော့ကိုကြည့်ကာ လျန့်ကျန်း ငိုလိုက်သော်လည်း မျက်ရည်ထွက်မလာပေ။


" နငျကဘာကိစ်စငိုတာလဲ ဘာကိစ်စငိုတာလဲ ! "


ဤတစ်ကြိမ်၌ လျန့်ယင်းယင်းက လျန့်ကျန်း၏နှာခေါင်းကို လက်ညိုးငေါက်ငေါက်ထိုးမိတော့မတတ် ဆူပူနေတော့သည်။


" ဦးနှောက်ရော ရှိလား... နင့်ခေါင်းထဲမှာ ဘာတွေပြည့်နေလို့ ငါ့အိမ်မှာ ကင်မရာလာတပ်ထားရဲတာလဲ !  ငါမရှိဘဲနင်ဒီလိုနေနိုင်မယ်ထင်နေလား နင့်မိဘတွေကဘာလုပ်ပေးလဲ ငါပဲခုချိန်ထိ ကျွေးမွေးလာတာ နင်အခုနေနေတဲ့အိမ်လည်း ငါပဲစီစဉ်ပေးထားတာ အကုန်လုံးက ကျန်းမိသားစုရဲ့ပိုက်ဆံတွေပဲ ဒါကိုတောင် နင်က ဘယ်လိုစော်ကားရဲတာလဲ ! "


ကြိမ်းမောင်းရလွန်းသဖြင့် လျန့်ယင်းယင်း အသက်ရှူကြပ်မတတ်ဖြစ်သွားရှာသည်။


ထို့နောက်အိတ်ထဲမှ ပိုက်ဆံတစ်အုပ်ကိုထုတ်ကာ လျန့်ကျန်းထံ ပစ်ပေးလိုက်သည်။


" ယူသွား... လက်မှတ်ဝယ်ပြီး နင်လာခဲ့တဲ့နေရာကိုပြန်သွားတော့ ! " လျန့်ယင်းယင်းက ဒေါသတကြီးပြော၏။


" နင့်မိသားစုကိုပြောလိုက် ဒီကိုဘယ်တော့မှ မလာဖို့...နှစ်သစ်ကူးမှာတောင် လာဖို့ စိတ်မကူးနဲ့ ! "


ကျန်းဟွမ်က လျန့်မိသားစုမှမည်သူမည်ဝါမျှ သူ့ရှေ့မှာပေါ်လာခြင်းမပြုဖို့ပြောခဲ့သည်။


ကျန်းမိသားစု၌ ငွေကြေးအကူအညီတောင်းသော ဆင်းရဲသားဆွေမျိုးများ မည်သည့်အချိန်ကတည်းက ပေါများလာခြင်းဖြစ်မည်နည်း။


အနာဂါတ်၌ ကျန်းမိသားစု၏ဆွေမျိုးများထဲတွင်

လျန့်အမည်ရှိသူများ ပါဝင်ခြင်းရှိတော့မည်မဟုတ်ပေ။


Xxxxxx