Part 121
အတန်း၂မှမိန်းကလေးများမှာ ထိုအတင်းအဖျင်းကို
မည်သို့မျှမယုံနိုင်ချေ။
လောဂျစ်ကျကျဆိုရလျှင် မည်မျှပင်အရည်ရွှမ်းလှသော အတင်းအဖျင်းဖြစ်ပါစေမူ၊ မိမိနှင့်ရင်းနှီးသောသူများဖြင့်သာေ၀မျှရိုးထုံးစံရှိသည်ပင်၊ သူစိမ်းတစ်ယောက်နှင့်မည်သူကများ အတင်းတုတ်လိုမည်နည်း၊
၄င်းမှာထူးဆန်းပြီး မယုံကြည်ရသော လှည့်စားမှုတစ်ခုသာမဟုတ်ပါလော၊ ယခုမူ အတန်း၈ကမိန်းကလေး များက မိမိတို့နှင့်တကူးတကအတင်းအဖျင်းကိုလာေ၀မျှလိုသည်တဲ့။
'ဒီတော့နင်ပြောချင်တာက ကျန်း ယန်ရှန့်က ချူစားနေတဲ့မိန်းကလေးပေါ့၊ အင်း ၊ သူနဲ့တစ်တန်းတည်းနေတဲ့ငါတောင်မသိတာနင်ကဘယ်ကကြားလာတာလဲ'
ငွေချူစားသောမိန်းကလေးများနှင့်ပါတ်သတ်လျှင်လည်း လူအများ၏ပုံသေအတွေးကရှိသေးသည်၊
မိန်းကလေးတစ်ယောက်က ငွေမက်လျှင် ၄င်းမှာ ဘ၀င်မြင့်ခြင်းဟု၊ဆိုနိုင်သည် ထိုကဲ့သို့မိန်းကလေးမှာ မိမိကိုယ်ကိုယ်ကျော့ကျော့မော့မော့ပြင်ဆင်ပြီး ပိုက်ဆံရှိသောယောကျားများနှင့်စကားပြောသောအခါတွင်လည်း ချွဲပစ်နေလိမ့်မည်၊
သို့သော်၄င်းပုံစံအား ကျန်းယန်ရှန့်နှင့်တွဲ၍ပင်မြင်ကြည့်မရချေ။
'ကျန်းယန်ရှန့်ကအရမ်းလှပေမယ့် သူကလုံး၀Aလေ'
မနေ့ကရွာခဲ့သောမိုးကြောင့် စမ်းသပ်ခန်းအဆောက်အဦးနှင့်စာသင်ဆောင်ကြားရှိလမ်းကြားမှာ ရေအနည်းငယ်အိုင်လျက်ရှိသည်။ ထိုနေရာကဖြတ်သွားသူတိုင်းလိုလို ကျော်ခွ၍ပင်သွားကြ၏။
အတန်းထဲမှအရပ်အပုဆုံးမိန်းကလေးမှာ သူမ၏ခြေထောက်တိုတိုလေးများကြောင့် ထိုရေအိုင်ကိုမကျော်ခွနိုင်ချေ။ ကြံရာမရသည့်အဆုံး ရေအိုင်ပေါ်မှသာခြေဖျားထောက်ပြီးသွားရန်အလုပ်တွင်
ကျန်းယန်ရှန့်ကရောက်လာခဲ့သည်။
ကျန်းယန်ရှန့်မှာ အနက်ရောင်အင်္ကျီ၊အနက်ရောင်ဘောင်းဘီရှည်နှင့် အနက်ရောင်ဆံပင်ရှည်များကို ခပ်မြင့်မြင့်စီးနှောသ်ထားလျက် ရိုးရှင်းကာ သပ်ရပ်နေခဲ့သည်။
သူကရုတ်တရက်ရောက်လာပြီး ဘာကိုမျှမဆိုပဲ သူမ၏ညာဘက်လက်ကိုဆန့်ထုတ်လျက် သေးငယ်သောအတန်းဖော်အား ခါးမှစွေ့ခနဲဆွဲပွေ့လိုက်ကာ ရေအိုင်အား ခြေတစ်လှမ်းသာသုံး၍ အသာအယာကျော်သွားလိုက်သည်။
ထို့နောက်တွင်အတန်းဖော်လေးကို အသာအယာပြန်ချပေးလိုက်လေသည်။
အတန်းဖော်လေးမှာ အော်ပင်အော်လိုက်မိ၏
ယောကျာ်းလေးများမှာမူ ၄င်းကိုမြင်လျှင် မိမိတို့ထဲမှအပိန်ဆုံးနှင့်အပေါ့ဆုံးဟုထင်ရသော ကောင်လေးတစ်ဦးကို မချီ၍စမ်းသပ်ရန်ကြိုးစားကြတော့သည်။
သို့သော်သူတို့ထဲမှမည်သူကမျှထိုကောင်လေးအား လက်တစ်ဖက်တည်းနှင့် မ မနိုင်သည်ကိုတွေ့လိုက်ရတော့သည်။ ၂ယောက်ပေါင်းမှသာမချီနိုင်လေသည်။ ထို့အပြင်လူအပိုကိုချီလျက် ရေအိုင်ကိုဖြတ်ကျော်ဖ်ု့မဆိုထားနှင့် ခြေတစ်လှမ်းကိုပင်အတော်လှမ်းကြရရှာ၏၊
ပုံမှန်အားဖြင့်အလွန်လှပသောမိန်းကလေးမျိုးကို တခြားမိန်းကလေးများက ကြည့်မရခြင်းမုန်းတီးခြင်းများရှိတတ်ကြသည်။ သို့သော် ကျန်းယန်ရှန့်ကိုမူ အတန်း၂မှမိန်းကလေးများမှာ ရှင်းမပြနိုင်သောစွဲလမ်းမှူကြီးပင်ရှိနေလေသည်။
ထို့နောက်တွင် မိန်းကလေးများမှာအလျင်အမြန်ဆွေးနွေးပြီးသွားခဲ့သည်။ ကျန်းယန်ရှန့်သာယောကျာ်းလေးတစ်ဦးဖြစ်ခဲ့လျှင် ဖြောင့်လှပါချည်ရဲ့ဆိုသော ယောကျာ်းလေးတစ်အုပ်ကိုပင် ကွေးစေနိုင်လိမ့်မည်ဟု၊
စာသင်ချိန်တွင်း၌ အတန်းပိုင်မှ ကျောင်းတွင်း အချစ်ဇာတ်လမ်းများမရှိရန်သတိပေးသောအခါမိန်းကလေးများမှာ ကြိတ်ရယ်လျက်
"ဆရာစိတ်မပူပါနဲ့ သမီးတို့ကလည်း ကောင်လေးမလိုချင်ပါဘူးနော်၊ ကောင်မလေးပဲလိုချင်တာ"
အတန်းပိုင်"???"
တတန်းလုံးပွဲကျလျက်ပင် ထပ်ဆိုလာသည်။
"အမှန်ပဲ၊ ကောင်လေးတစ်ယောက်ထက်ပို ယောကျာ်းဆန်တဲ့ ကောင်မလေးရည်းစားဆိုပိုတောင်မိုက်သေး"
အတန်းပိုင်..
'ဘာကိုယောကျာ်းပီသတဲ့ကောင်မလေးလဲ
ငါပဲခေတ်နောက်ကျနေတာလား၊ အာ လူငယ်တွေကိုလည်းလိုက်ကိုမမှီပါဘူး'
ကျန်ယန်ရှန့်မှာ အတန်းဖော်မိန်းကေလးများကြားတွင်အလွန်ပေါ်ပျူလာဖြစ်နေခဲ့သည်။
ထို့ကြောင့်ပင် ၀မ့်ချမ်၏သူငယ်ချင်းများက အတန်း၂မှမိန်းကလေးများအား လိုက်ရန်ကြိုးစားပြီး ကျန်းယန်ရှန့်အကြောင်းများမကောင်းပြောသည့်အခါတိုင်း အတန်း၂မှမိန်းကလေးများမှာ သူတို့အား ဥာဏ်ရည်ချို့တဲ့နေသူများအလားကြည့်လာကြလိမ့်မည်။
၀မ့်ချမ်နှင့်အပေါင်းအပါများထင်သည်က စကားများကတဖြည်းဖြည်းစ ကားလာပြီးနောက် မထိန်းချုပ်နိုင်သော အတင်းအဖျင်းကြီးတစ်ခုဖြစ်လာလိမ့်မည်ဟုပင်။
ကျန်းယန်ရှန့်၄င်းတို့ကိုကြားလျှင် ၀မ့်ချမ်လက်ချက်မှန်းကောင်းကောင်းသိလေသည်။
အလယ်တန်းတုန်းကလည်း ၀မ့်ချမ်သည်ထိုသို့မဟုတ်မမှန်သတင်းများဖြန့်လျက် သူမကို အတန်းထဲအပါယ်ခံတစ်ယောက်အဖြစ်အထီးကျန်စေခဲ့သည်။
ကျန်းယန်ရှန့်နှင့် ၀မ့်ချမ်မှာ တစ်ဦးနှင့်တစ်ဦးစရိုက်မတူကြသည်တိုင် သူမကတော့၀မ့်ချမ်အား ယုံကြည်လျက် အလွန်အမင်းခင်မင်ခဲ့ဖူးသည်။
သို့သော်ယခုတော့ ၀မ့်ချမ်မှာသူမအားဒုက္ခပေးရန်ကြံစည်လာပြန်ချေပြီ၊ ထင်ထားသည့်အတိုင်းပင် ၀မ့်ချမ့်မှာ သတိပေးလိုက်ရုံနှင့်အမှတ်သည်းချေရှိသူမျိူးမဟုတ်ခဲ့ပေ။
ကျန်းယန်ရှန့်မှာ သူမအတော်လေးအေးဆေးနေချင်လျှင်တောသ်နေလို့မရသလိုခံစားနေရသည်။ သူမသည်းခံနေလျှင်ပို၍ရောင့်တက်လာကြသည်။ ထို့ကြောင့်သူမထရပ်လိုက်တော့သည်။
"ဘယ်သွားမလို့လဲ" သူမဘေးမှထိုင်ခုံဖော်မှမေးလာခဲ့သည်။
"အတန်းစတော့မယ်လေ"
"အမှိုက်သွားရှင်းမလို့" ကျန်းယန်ရှန့်ကခပ်ပြတ်ပြတ်ဆိုလျက် ထွက်သွားတော့သည်။
ကော်ရစ်တာမှဖြတ်လျှင်တခြားအတန်းကိုရောက်ရန် ခြေနှစ်လှမ်းစာသာေ၀းသည်။
အတန်း၈သို့ကျန်းယန်ရှန့်ရောက်လာသည်နှင့် မူလကဆူညံနေသာအတန်းမှာငြိမ်သက်သွားတော့သည်။
အတန်းမတူသည့်တိုင်အောင် ကျန်းယန်ရှန့်မှာ ကျောင်း၏ပန်းပွင့်လေးအဖြစ်နာမည်ကြီးကာ ရှုလီချန်ကိုအရူးအမူးလိုက်နေသူအဖြစ်သိကြသည်။ထို့အပြင်သူမကရှုလီချန်အားလှည့်ဖျားနေသူဟုလည်း ၀မ့်ချမ်ထံမှသတင်းများကြားရသည်ပင်။
ထို့ကြောင့်အတန်းထဲတွင်ကျန်းယန်ရှန့်အားမသိသူဟူ၍မရှိချေ။
ထိုအတင်းအဖျင်း၏ဘုရင်မကရုတ်ချည်းပေါ်လာသည်ကိုတွေ့လျှင် လူတိုင်းမှာတစ်ခုခုဖြစ်တော့မည်ဟု အာရုံခံမိလိုက်ကြတော့သည်။
"ကျန်းယန်ရှန့်" ရှုလီချန်မှာ သူမအားအံ့သြတကြီးနှုတ်ဆက်လိုက်သည်။
"ငါ့ကိုလာရှာတာလား"
သူကအရပ်မြင့်ကာ တောင့်တင်းသောကိုယ်ရှိပြီး ကျန်းယန်ရှန့်၏ရှေ့တွင်ပိတ်ရပ်နေခဲ့သည်။
ကျန်းယန်ရှန့်သည်လက်ကိုဆန့်လျက် သူ၏ပုခုံးကိုဖိချလိုက်သည်။
ရှုလီချန်မှာမတုံ့ပြန်နိုင်ခင်မှာပင် အလွန်ပြင်းထန်သော အားအင်တစ်ခုကသူ၏ပုခုံးအားဖိချနေသည်ကိုခံစားရလျက် ဘေးသို့အမြန်ဖယ်ပေးလိုက်မိလေသည်။
Xxxxxxx
Part 122
ကျန်းယန်ရှန့်သည် လမ်းတွင်ပိတ်နေသော ရှူလီချန်ကိုဖယ်ရှားပြီးသည်နှင့် မျက်လုံးက်ိုေ၀့ကြည့်လိုက်ပြီး... သူမ၏အကြည့်များက ၀မ့်ချမ်ထံသို့ကျရောက်သွားတော့သည်။
၀မ့်ချမ်မှာနေရာတွင်ထိုင်လျက် မိန်းကလေးအများက၀န်းရံထားသည်။ ထိုမိန်းကလေးအုပ်စုမှာ ရထားဘူတာအိမ်သာမှရေကိုသောက်ရအောင်ကျန်းယန်ရှန့်ထံမှတွန်းအားပေးခံရဖူးရာ ကျန်းယန်ရှန်ရောက်လာသည်ကိုမြင်လျှင် မျက်နှာများတမဟုတ်ခြင်းဖြူဖျော့သွားတော့သည်။
ကျန်းယန်ရှန့်လျှောက်လာသည်နှင့် ၀န်းရံနေသောအုပ်စုမှာအလိုလိုနောက်ကိုဆုတ်သွားလျက်၀မ့်ချမ်တစ်ယောက်တည်းသာကျန်ရစ်လေသည်။
အတန်း၈မှလူမှန်သမျှမှာ ကျန်းယန်ရှန့်က ၀မ့်ချမ်အတွက်ရောက်လာတာကိုမြင်နိုင်ပြီး ၀မ့်ချမ်အနီးမှ ထိုင်ခုံေဖာ်များပင်လျှင် ကြောက်ရွံ့စွာရှောင်ထွက်ကုန်ကြတော့သည်၊
၀မ့်ချမ်၏နှလုံးသားမှာလည်း ဒရမ်တီးသလိုခုန်ပေါက်လျက်ပင်။
ကျန်းယန်ရှန့်မည်မျှသန်မာကြောင်းသူမမြည်းစမ်းဖူးခဲ့သည်မဟုတ်ပါလော၊
သို့သော်သူမသည် ကျန်းယန်ရှန့်ကိုကျောင်းတွင်လှုပ်ရှားရဲမည်ဟုမမျှော်လင့်ထားချေ။သူမကကျောင်းတွင် အနိုင်ပင်မကျင့်ဖူးခဲ့၊ ရီအထက်တန်းကျောင်းမှာအလွန်စည်းကမ်းတင်းကြပ်လှသည်။ဤကဲ့သို့ကိစ္စမျိုးမှာကျောင်းကသာဖြေရှင်းလေ့ရှိသည်ပင်။
Aအဆင့်အတန်းမှကျန်းယန်ရှန့်လိုကျောင်းသူမျိုးက လူတိုင်းထက်ကျောင်းစည်းကမ်းကိုပို၍လိုက်နာမည်ဟုသူမထင်ထားခဲ့သည်။ အလွန်ဆုံးမှ ထိုအတင်းအဖျင်းများကိုမကျေနပ်လျှင် သူမကိုစကားဖြင့်တိုက်ရိုက်ပြောရုံသာဟု၊
၀မ့်ချမ်မှာ အခုမှတော့ ကြောက်နေ၍မထူးဘူးဟုတွေးလျက် ဘာပဲဖြစ်ဖြစ် ကျန်းယန်ရှန့်ဆီတွင်တော့အရှုံးမခံနိုင်ဟုဆုံးဖြတ်ကာ စားပွဲကိုလက်ထောက်ကာ ထရပ်လျက် ကျန်းယန်ရှန့်အား ပြန်ရန်တွေ့ရန်ပြင်လိုက်သည်။
သို့သော်သူမစားပွဲပေါ်လက်ထောက်ရုံရှိသေးချိန် ကျန်းယန်ရှန့်၏ အနက်ရောင်ဘောင်းဘီရှည်ကို၀တ်ဆင်ထားသော ခြေထောက်ရှည်များက ၀မ့်ချမ်၏ခုံအားပြင်းထန်သောအရှိန်ဖြင့် ကန်ထည့်လိုက်တော့သည်။
၀မ့်ချမ်အော်ဟစ်လိုက်မိသည်၊
အတန်း၈တစ်ခုလုံးလည်း တမဟုတ်ချင်းငြိမ်ကြသွား၏။
ဤအတန်းထဲတွင် အလယ်တန်း၌ ကျောင်းသားဆိုးဖြစ်ခဲ့သူ ရန်ဖြစ်ဖူးသူများ အများအပြားရှိကာ သူတို့က ရန်ပွဲတွေ ဒရာမာတွေကိုမကြောက်ရွံ့ကြပေ။
မိန်းမလှလေးနှစ်ယောက်၏ရန်ပွဲကိုစိတ်ပါစွာပင်ကြည့်ရှုနေကြလေသည်၊
ရှုလီချန်၏အဖွဲ့ထဲမှကောင်လေးတစ်ဦးကသူ့ပုခုံးအားပုတ်ကာစိတ်လှုပ်ရှားလျက်မေးလာခဲ့သည်။
"သေစမ်း သူကမင်းလိုက်နေတဲ့ကောင်မလေးလား
မိုက်ချက်ပဲ"
ရှုလီချန်မှာယခုလေးတင် ကျန်းယန်ရှန့်ထံမှဖြစ်ညစ်ခံလိုက်ရသောသူ၏ပုခုံးကိုပွတ်သပ်လျက် ဖြစ်ညစ်ကာဆိုလိုက်ရသည်။
"ဒါပေါ့"
၀မ့်ချမ်မှာ ကျန်းယန်ရှန့်ကျောင်းတွင်ဤသို့ပြုမူလိမ့်မည်ဟုမထင်ထားချေ။ သူမကကျောင်းသူကောင်းကြီးမဟုတ်ပေလော၊ သူမအဘယ်ကြောင့်ရမ်းကားရဲနေပါသနည်း။
၀မ့်ချမ်မှာ ဤဘ၀မှကျန်းယန်ရှန့်ကိုနားမလည်နိုင်သည်မှာသနားစရာပင်။
ကျန်းယန်ရှန့်မှာသူမဘ၀တွင်ဘာကိုမျှဂရုမစိုက်ချေ။ သူမ၏အတိတ်ဘ၀တွင် ကျောင်းစည်းကမ်းကိုချိုးဖောက်ဖူးသောအကြိမ်ပေါင်းရေပင်မရေတွက်နိုင်ချေ။အဆုံးတွင်ကျောင်းပင်အထုတ်ခံလိုက်ရပြီး ကျန်းယန်ရှန့်၏ ပြင်းထန်သောစရိုက်ကိုမူမထိန်းချုပ်နိုင်ခဲ့ကြချေ။
"ကျန်းယန်ရှန့်နင်ဘာလုပ်တာလဲ"
၀မ့်ချမ်စူးရှစွာအော်လိုက်သည်။
ကျန်းယန်ရှန့်ကမူ ၀မ့်ချမ်အားအေးစက်စွာကြည့်လျက်
"ငါဘာလုပ်နေတယ်ဆိုတာ နင်ကတော့ကောင်းကောင်းသိသင့်တာပေါ့"
၀မ့်ချမ်မှာကြမ်းပြင်ပေါ်လဲကျလျက်ကနေကုန်းထရန်ပြင်လိုက်သည်။ သို့သော်သူမမထနိုင်ခင်မှာပင် အခန်း၀မှအရိပ်တစ်ခုကိုတွေ့လိုက်လျှင်သူမ၏လှုပ်ရှားမှုများရပ်တန့်သွားခဲ့သည်။
သူမသည်ထရပ်မည့်အစားပြန်လည်လဲကျစေကာ အားနည်းချင်ယောင်ဆောင်လိုက်သည်။
သူမကအလွန်နစ်နာနေသလိုအသံမျိုးနှင့်
"နင်ဘာတွေပြောနေတာလဲ ငါနားမလည်ဘူး၊ နင်ငါ့ကိုဘာလို့ရိုက်ရတာလဲ"
သူမကိုယ်သူမကောင်းကောင်းသရုပ်ဆောင်နေသည်ဟုထင်သော်လည်း ကျန်းယန်ရှန့်ကသူမအား မည်မျှဖောက်မြင်နိုင်ကြောင်းမခန့်မှန်းနိုင်ချေ၊
ကျန်းယန်ရှန့်မှာနောက်သို့လှည့်ကြည့်စရာမလိုပဲ အခြေအနေကိုရိပ်စားမိသည်။
သို့သော်ကျန်းယန်ရှန့်ကဂရုမစိုက်ချေ၊
၀မ့်ချမ်ကနစ်နာသူသိပ်ဖြစ်ချင်နေမှတော့ သူမကဖြစ်အောင်လုပ်ပေးလိုက်မည်။
ကျန်းယန်ရှန့်၀မ့်ချမ်၏ခြေထောက်အားကန်ထည့်လိုက်သည်။ ၀မ့်ချမ်မှာ သူမဤမျှအကြင်နာကင်းမဲ့လိမ့်မည်ဟုမထင်ထားချေ။ ထိုကြောင့်သူမနာကျင်စွာအော်လိုက်မိသည်။
ကျန်းယန်ရှန့်၏အသံကမူပို၍ပင်ကျယ်လောင်နေခဲ့သည်။
"နင့်မှာအဲလောက်အချိန်တွေပေါနေရင် စာပဲသေချာကြည့်လေ၊ အတင်းပြောတာထက်ပိုအကျိုးမရှိဘူးလား၊ နင်ဖော်မျူလာတွေတောင်အလွတ်ရလို့လား"
"နင့်ကိုယ်နင်ငတုံးဆိုတာရောသတိထားမိလား"
"နင်ကဒီလိုကျောင်းကောင်းကောင်းကိုလည်းရောက်လာပြီးပြီ၊ ဆရာကောင်းတွေနဲ့ အခွင့်အလမ်းကောင်းတွေလည်းအများကြီးရှိနေတာကို၊ နင်နည်းနည်းလောက်ကြိုးစားလိုက်တာနဲ့ တက္ကသိုလ်ကောင်းကောင်းကို၀င်နိုင်ပြီ၊ "
"နင့်ကိုယ်နင်ဘာလုပ်နေတယ်ထင်လဲ၊ အသုံးမ၀င်တာတွေလုပ်ပြနေပြီးတော့ နင့်ကိုယ်နင် ရုပ်ရှင်ထဲသရုပ်ဆောင်နေတယ်များထင်နေလား၊ နင်ကျောင်းကိုလာတာစာသင်ဖို့မဟုတ်ဘူးလား"
"နင့်မှာသင်ယူချင်စိတ်မရှိပဲ နင့်ဘ၀ကိုနင်ဖြုန်းတီးချင်တယ်ဆိုရင်လည်း နင့်ပြသနာကိုနင့်ဘာနင်လုပ်၊ ငါတို့အတန်းထဲမှာတော့ပြသနာလာမရှာနဲ့"
"သူတို့ကနင်နဲ့တူတယ်များထင်နေလား၊ နင်သိလား၊ သူတို့မှာဒီသုံးနှစ်စာအတွက် ကြိုးစားမှရမှာ၊ နင်ကောင်းကောင်းကြိုးစားတယ်မကြိုးစားဘူးဆိုတာက နင်တစ်ယောက်တည်းနဲ့ပဲဆိုင်တာ၊ သူတို့မှာ နင်နဲ့ချစ်တမ်းမုန်းတမ်းကစားနေရမယ့်အချိန်မရှိဘူးသိရဲ့လား"
ကျန်းယန်ရှန့်ကျိန်ဆဲလျက် ၀မ့်ချမ်အားကန်ထည့်လိုက်သည်။ ၀မ့်ချမ်မှာ တကြိမ်ပြီး တကြိမ်အော်ဟစ်နေရတော့သည်။ သို့သော်ထိုအော်သံကပင် ကျန်းယန်ရှန့်၏စကားသံကိုမဖုံးလွှမ်းနိုင်ချေ။
"နင့်ကိုယ်နင်သိပ်တော်တယ်ထင်နေလား၊ ဒီအရွယ်မှာ သူများတွေကိုဟိုဟာဒီဟာ လုပ်ခိုင်းနိုင်တာနဲ့ပဲ နင့်ကိုနင်ဟုတ်လှပြီထင်နေလား၊ နင်ကသိပ်တော်နေတာလား၊ နင့်အဆင့်တွေသိပ်ကောင်းနေလို့လား"
"နင့်မှာ သူများတွေလိုက်မမှီနိုင်တဲ့ဘ၀မျိူးရှိကောင်းရှိလိမ့်မယ် ဒါပေမယ့် မှန်ထဲသေချာပြန်ကြည့်လိုက်ဦး နင့်ကအခွံသာသာပဲရှိတာသိရဲ့လား"
ကျန်းယန်ရှန့်သည်အံကိုကြိတ်လျက် စကားလုံးနှစ်လုံးကိုသာညှစ်ထုတ်လိုက်နိုင်သည်၊
"ထွက်သွား"
အတိတ်ဘ၀တွင်သူမမှာ ၀မ့်ချမ်နှင့်ရော ရှုလီချန်နှင့်ပါအတူရှိဖူးတာကြောင့် သူတို့ကဆိုးရွားကြောင်းကိုကောင်းကောင်းသိလေသည်၊
သူတို့အားလုံးမှာ ပုံမှန်ဆယ်ကျော်သက်တစ်ဦးယှဥ်ရန်မစွမ်းသာသော ကြွယ်၀မှုများရှိသည်၊ သို့သော်ထိုသူတို့မှာ ဆိုးပေလျက် အချိန်နှင့် ငယ်ရွယ်မှုကိုဖြုန်းတီးနေကြသည်။
ကျန်းယန်ရှန့်သည် မြေပြင်ပေါ် ရှက်ရွံ့စွာလဲကျနေသော ၀မ့်ချမ်ကိုကြည့်လျက် အတိတ်ဘ၀မှမိမိ၏ အရှက်ရခဲ့မှုကိုပြန်မြင်ယောင်မိပြီး အလွန်အမင်းမုန်းတီးလာမှုကိုမတားဆီးနိုင်ချေ။
အံကိုကြိတ်လိုက်ပြီးသူမသည် နောက်ကိုလှည့်၍ ရှုလီချန်အား ပြင်းထန်စွာမကြည့်မိရန်မထိန်းချုပ်နိုင်ခဲ့။
ထိုအကြည့်တွင်မဖုံးကွယ်နိုင်သော အမုန်တရားများ ရွံရှာမှုများပါ၀င်လျက် ဓါးတစ်ချောင်းနှယ်ထက်မြနေခဲ့သည်။
ရှုလီချန်သည် လျှပ်စစ်စီးကြောင်းတစ်ခုက လက်ချောင်းထိပ်လေးမှတဆင့်သူ၏တကိုယ်လုံးကို ဖြတ်သန်းစီးဆင်းသွားသလ်ုခံစားလိုက်ရသည်။
ထိုအကြည့်တစ်ချက်တွင် ရှုလီချန်မှာလည်း မိမိမှာ ကျန်းယန်ရှန့်အပေါ် နက်ရှိုင်းစွာနစ်မြောနေခဲ့မိပြီဖြစ်ကြောင်း သဘောပေါက်သွားချေတော့သည်။
Xxxxxx