Part 123
တိတ်ဆိတ်နေသောပါတ်၀န်းကျင်တွင် ကျယ်လောင်သော လက်ခုပ်တီးသံတစ်ခုကထွက်ပေါ်လာခဲ့သည်။
လူတိုင်းအသံလာရာကိုကြည့်လိုက်လျှင်အခန်း၀တွင်ရပ်လျက်လက်ခုပ်တီးနေသောဆရာမအားတွေ့လိုက်ရတော့သည်။ သို့သော်သူမမျက်နှာကမူအနည်းငယ်ရှက်ရွံ့နေဟန်ပင်။
သူမမှာအတန်းပိုင်မဟုတ်ချေ။ အတန်းချိန်စတော့မည်ဖြစ်၍ အတန်းထဲသို့၀င်အလာ ကျန်းယန်ရှန့်မှ၀မ်ချမ့်ကိုကန်နေသောဤမြင်ကွင်းကိုတွေ့လိုက်ရခြင်းဖြစ်သည်။
သူမသည်ထိတ်လန့်လျက် အော်ဟစ်ကာတားတော့မည်ပြင်လိုက်စဥ်တွင် မိန်းကလေး၏အော်သံကိုအရင်ဆုံးကြားလိုက်ရလေသည်။
"နင့်ဘာနင်စာကိုပဲမကြိုးစားနိုင်ဘူးလား"
ဆရာမ"..."သူမ၏တားရန်ပြင်နေသောပါးစပ်မှာပြန်ပိတ်သွားခဲ့သည်။
သူမမှာပါးစပ်အဟောင်းသားနှင့်ထိုကျောင်းသူမိန်းကလေး၏ရင်ထဲမှလာသောစကားသံများကို မိန်းမောလျက်နားထောင်ေနမိလေသည်။
သေစမ်း..
ဘယ်လောက်ရိုးရှင်းပြတ်သားလိုက်သလဲ
အတန်း8မှာ ရီအထက်တန်းကျောင်းကိုခေတ်အဆက်ဆက်ဆွဲချနေသောရာဇ၀င်ရှိသည်ပင်။
ကံကောင်းသည်က ရီအထက်တန်းကျောင်းတွင် တင်းကြပ်သော တိုင်းတာမှူရှိခြင်းကြောင့် အတန်း၈တွင် ညံ့ဖျင်းလှပါသည်ဆိုသော ကျောင်းသားများမှာတခြားကျောင်းများတွင်ဆိုလျှင် အလယ်အလတ်အဆင့်တော့တင်နိုင်ချေရှိ၏
သို့နှင့်တက္ကသိုလ်၀င်ခွင့်ဖြေဆိုရာတွင် ကျောင်း၏အောင်ချက်ရာခိုင်နှုန်းကျသွားစရာအကြောင်းမရှိတော့ချေ။
ဤကဲ့သို့ကျောင်းမျိုးပင်ဖြစ်သည်။
သို့သော်လည်း ကျောင်းတွင်ပြသနာရှာလွန်းသော ချမ်းသာသည့်ဒုတိယမျိုးဆက် ကလေးများလည်းရှိသေးသည်ပင်။
မည်သည့်ဆရာကမျှအတန်း၈ကိုသဘောမကျချေ။
အတန်း၈မှာမိမိတို့ကိုယ်တိုင်ချာတူးလန်နေသည့်အပြင် အခြားအတန်းများကိုလည်းဆွဲချနေသေးသည်။
ယခုပင် ဆရာမမှာအတန်း၈နှစ်ယောက်ကပြသနာရှာနေပြန်ပြီဟုထင်သော်လည်း၊ ကြည့်ရသည်မှာ အတန်း၈ကတစ်စုံတစ်ယောက်မှ ဤမိန်းကလေးကို ရန်သွားစခြင်းဖြစ်ပေလိမ့်မည်၊
သူမကအနည်းငယ်စိတ်လိုက်မာန်ပါပြုမူနေသည်ဆိုသော်လည်း သူမ၏အဓိပ္ပါယ်ပြည့်၀သောစကားများက်ုမူ လျစ်လျူမရှုနိုင်ချေ။ ဆရာမတစ်ဦးအနေနှင့် ထိုစကားများကိုကိုယ်တိုင်ကြားလိုက်ရသည်မှာ အလွန်အရသာရှိလှသည်။ သူမမှာလက်ခုပ်မတီးပဲမနေနိုင်ခဲ့ချေ။
ထို့နောက်သူမကိုယ်မပါးတစ်ချက်ပုတ်လျက် မနည်းပြန်အသိကပ်လိုက်ရသည်။ သူမသည်ဆရာမဖြစ်သည်။ ကျောင်းသူနှစ်ဦးရန်ဖြစ်နေသည်ကို အဘယ်ကြောင့်လက်ခုပ်တီးနိုင်မည်နည်း။
ကံကောင်းချင်တော့ အတန်းခေါင်းလောင်းက အချိန်ကိုက်မြည်လာပြီး သူမ၏အလွဲလေးကိုချေဖျက်လိုက်သည်။ သူမကလက်ခုပ်၂ချက်ခန့်အရှက်ပြေတီးလိုက်ကာ အသံကိုမြှင့်လျက်ဆိုလိုက်သည်။
"အကုန်လုံးနေရာမှာထိုင်မယ်၊ ဟိုနှစ်ယောက်က ဟုတ်တယ် မင်းတို့၂ယောက် ရှေ့ကိုလာမယ်"
၀မ့်ချမ်ကနစ်နာသူဟန်ဆောင်နေကတည်းက ဆရာမရောက်နေမှန်းကျန်းယန်ရှန့်ရိပ်မိလေသည်။ ၃နှစ်တာအပေါ်ရံသူငယ်ချင်းသံယောဇဥ်မှတဆင့် ကျန်းယန်ရှန့်မှာ ၀မ့်ချမ်၏အကွက်အားလုံးကို သိနေခဲ့ပြီးဖြစ်သည်။
ကျန်းယန်ရှန့်သည် ၀မ့်ချမ်ကိုတစ်ချက်သာကြည့်လျက် အတန်းရှေ့သို့ထွက်သွားလိုက်သည်။ ၀မ့်ချမ်မှာမူ တစ်စုံတစ်ယောင်ကိုဆွဲလျက် ထရပ်လိုက်ရသည်။
ဤတစ်ကြိမ်တွင်သူမအားနည်းချင်ယောင်ဆောင်ဖို့မလိုအပ်တော့ပေ။ ကျန်းယန်ရှန့်ကသူမကို အချက်အနည်းငယ်ကန်ခဲ့တာဖြစ်ပြီးသူမမှာနာလို့သေတော့မလိုပင် မျက်ရည်များပင် ထွက်ကျလာရသည်။
"ဆရာမ သူသမီးကိုရိုက်တယ်" ၀မ့်ချမ်တိုက်ရိုက်သာငိုချလိုက်တော့သည်။
ဆရာမကမူဂရုပင်စိုက်မနေပဲ ကျန်းယန်ရှန့်ကိုသာအရင်မေးလိုက်သည်။
"ကျောင်းသူ မင်းကဘယ်အတန်းကလဲ"
ကျန်းယန်ရှန့်တည်ငြိမ်စွာပြန်ဖြေလိုက်သည်။
"အတန်း၂ပါ"
အတန်း၂မှာကျောင်းတွင်အတော်ဆုံးအတန်းပင်ဖြစ်သည်။ အတန်း၂ကို၀င်နိုင်ရန်ဆိုလျှင် တစ်နှစ်အတွင်း ပျမ်းမျှထိပ်ဆုံး၁၀၀ထဲ၀င်နိုင်သူဖြစ်ရပေမည်။
အတန်း၂နှင့် အတန်း၈
ဆရာမဖြစ်သူမှာပြောစရာမလိုအောင် အတန်း၂ဘက်ကရပ်တည်လိုက်တော့သည်။
"အတန်းစနေပြီ၊ သူများအတန်းမှာအရှုပ်တွေလုပ်မနေတော့နဲ့ ဆရာမနဲ့အတူ ရုံခန်းလိုက်ခဲ့"
ထို့နောက်သူမကကျန်ကျောင်းသားများကို ဆိုလိုက်သည်
"ကျန်တဲ့သူတွေ စာကိုယ့်ဘာကိုယ်လုပ်၊ အတန်းခေါင်းဆောင် အတန်းကိုကြည့်ထား၊"
အတန်းခေါင်းဆောင်ကဤ မြင့်မြတ်လှပါသော သခင်ငယ်လေးများအတန်းကိုမည်သို့ထိန်းနိုင်ပါမည်နည်း၊
"ကျန်းယန်ရှန့်ကအရမ်းဘ၀မြင့်လွန်းတယ်"
"ဒါပေမယ့်သူမကမိုက်တယ်လေ"
"သူမအခုနကဘာတွေများပြောနေတာလဲငါဖြင့်လန့်သွားတာပဲ၊ စာကြိုးစားဖို့ဘယ်လိုများပြောထွက်တာလဲ"
"အေးလေ"
တချို့ဆိုလျှင် ရှုလီချန်ကိုပင်စောင်းမြောင်းလျက်ဆိုကြသည်။
"သူမကမင်းလိုပဲအပြစ်ပေးခံရတော့မှာလား စိတ်၀င်စားစရာပဲ"
ရှူလီချန်ဘာမှမပြောနိုင်ခင်ပင် ၀မ့်ချမ်၏အဖွဲ့သားမိန်းကလေးများကအလျင်အမြန်၀င်ပြောလာခဲ့သည်။
"သူကအပြစ်ပေးခံရမှဖြစ်မှာ၊ အရမ်းရမ်းကားလွန်းတယ်"
သူတို့လိုကျောင်းသားများမှာ အပြစ်ပေးခံရမည်ကိုမကြောက်ရွံ့ချေ။ ရှုလီချန်ဆိုလျှင်သူအပြစ်ပေးခံရတိုင်းဆုတံဆိပ်တစ်ခုအပေးခံရသလိုခံစားရလေသည်။
သို့သော် ကျန်းယန်ရှန့်လိုအတန်း၂တစ်စုံတစ်ယောက်ကအပြစ်ပေးခံရမည်ဆိုလျှင် သူတို့အတွက်နစ်နာစရာမရှိချေ။
ရှုလီချန်လှောင်ရယ်လိုက်သည်။
ကျန်းယန်ရှန့်ကဲ့သို့အေးဆေးနေတတ်သောတစ်စုံတစ်ယောက်ကပြသနာရှာရဲသည်ဆိုလျှင် သူမမှာ ကျောင်းစည်းကမ်းကိုမျက်စိထဲမထည့်ထား၍ပင်မဟုတ်ပါလား။
လူတိုင်းကကျန်းယန်ရှန့်အား ကျောင်းသူကောင်းလေးဟုထင်နေကြစဥ်တွင် မိမိတစ်ယောက်ကသာ ကျန်းယန်ရှန့်၏စရိုက်အစစ်အမှန်ကိုသိနေ၍ ရှုလီချန်မှာသူ့ကိုယ်သူကျေနပ်နေမိသည်။
သူကမျက်ခုံးကိုပင့်လျက်
"ဒါပေါ့ ငါတို့ကစုံတွဲတွေလို အတူအပြစ်ပေးခံရမှာပေါ့"
အတန်းခေါင်းဆောင်မှာခြောက်ကပ်စွာရယ်လျက်
"ကဲတိတ်ကြတော့၊ မဆူနဲ့၊ စာလုပ်ကြရအောင်"
တဆက်တည်းမှ တီးတိုးသံများနှင့်မိန်းကလေးများထံမှမလိုလားသောကျိန်ဆဲသံများထွက်လာခဲ့သည်။
ဆရာမက ကျန်းယန်ရှန့်နှင့် ၀မ့်ချမ်အား ကျောင်းအုပ်ရုံးခန်းဆီခေါ်သွားခဲ့သည်။ ဆရာမမှ ကျောင်းအုပ်ကြီးအားဖြစ်စဥ်ပြောပြနေသည်ကိုကြားလိုက်ရသည်နှင့် ၀မ့်ချမ်မှာ နှာခေါင်းရှုံ့မိလေတော့သည်။
"ကျွန်မအတန်းထဲ၀င်သွားတာနဲ့ကျောင်းသူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ရိုက်နှက်နေတာကိုတွေ့လိုက်ရတယ်"
ဘာကိုတစ်ယောက်ကိုတစ်ယောက်ရိုက်နှက်နေတာလဲ၊ ကျန်းယန်ရှန့်ကသာသူ့ကိုတဖက်သတ်ရိုက်နှက်နေတာအသိသာကြီးကို
၀မ့်ချမ်ပါးစပ်ကိုဖွင့်လျက်
"မဟုတ်ဘူး ကျန်းယန်ရှန့်ကသာသူများအတန်းထဲ၀င်လာပြီး သူများတကာကိုရိုက်နှက်တာပါ"
ဆရာမ၏မျကိနှာကမံဲမှောင်သွားလျက်
"ဒီကျောင်းသူကတော့ ဆရာမကစကားပြောလို့မပြီးသေးတာကို ၊ အခြေခံယဥ်ကျေးမှုကိုတောင်နားမလည်ဘူးလား၊ လူကြီးတွေစကားပြောနေတဲ့အချိန်ဖြတ်မပြောရဘူးဆိုတာသိရဲ့လား"
၀မ့်ချမ်မှာ ပါးစပ်ပိတ်လိုက်ရတော့သည်။
Xxxxxx
Part 124
ဆရာမကဆက်ပြောလိုက်သည်။
"ကျွန်မ၀င်၀င်လာခြင်း အတန်း၂ကကလေးက အတန်း၈ကကျောင်းသူကိုမေးနေတာကြားလိုက်ရတယ်"
ဆရာမမှာ ကျန်းယန်ရှန့်ဆိုခဲ့သောစကားလုံးများကို အစအဆုံးပြန်ရွတ်ပြလိုက်သည်။
သေချာပေါက်ပင် ကျောင်းအုပ်ကြီးနှင့်ဆရာမမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လျက် အခြေအနေကိုသဘောပေါက်သွားတော့သည်။
၄င်းမှာဆရာအချင်းချင်းနားလည်မှုပင်။
ကျောင်းသူ၂ဦး၀င်လာစဥ်က ကျောင်းအုပ်မှာ ကျန်းယန်ရှန့်ကိုမြင်လျှင်တွန့်ဆုတ်သွားခဲ့သည်။
ရှုလီချန်၏ယခင်ကအပြစ်ဒဏ်ကြောင့် ကျောင်းအုပ်တွင် ကျန်းယန်ရှန့်နှင့်ပါတ်သတ်၍ ကောင်းမွန်သောမှတ်ဥာဏ်ရှိလေသည်။ ထိုစဥ်က အတန်း၈မှပြသနာရှာတတ်သောသခင်လေးငယ်တစ်ယောက်နှင့်အတန်း၂ကကျောင်းသူတစ်ယောက်တွဲနေသည်ဟူသောသတင်းကြောင့်သူ့မှာပေါက်ကွဲခဲ့ရသေးသည်။
ဒီအသုံးမကျတဲ့အရှုပ်ထုပ်တွေကတော့ ငါ့အတန်း၂ကရတနာလေးတွေကိုထိရဲတယ်လားဟုပင်၊
ထို့နောက် သူသည်ကျန်းယန်ရှန့်၏ကိုယ်ရေးအချက်အလက်ကိုကြည့်ရန်သတိရပြီး ဤကျောင်းသူချောမှာလည်း ရှုလီချန်နှင့်တူညီသောအသိုင်းအ၀ိုင်းကလာသည်ကိုတွေ့လိုက်ရတော့သည်။
သူမအတန်း၂ကိုမည်သို့၀င်ခွင့်ရသွားသနည်း။
သူသည်ကျန်းယန်ရှန့်၏အတန်းခွဲအဖြေလွှာကိုစစ်ကြည့်ခဲ့သော်လည်း ကျန်းယန်ရှန့်၏ရလဒ်မှာအမှန်တကယ်ကို အတန်း၂နှင့်၃တို့အား၀င်ရန်အဆင့်မှီနေသည်ကိုတွေ့လိုက်ရတော့သည်။
သူကကျန်းယန်ရှန့်လှည့်ဖျားခဲ့သည်ဟုသံသယရှိသည်။
ပိုက်ဆံပေးပြီး၀င်လာသောကလေးများကို သူအမှန်တကယ်မယုံကြည်နိုင်ချေ။
ထိုကြောင့်သူသည် ကျန်းယန်ရှန့်၏အတန်းပိုင်ထံတကူးတကသွားလျက် တွေ့ခဲ့သေးသည်။
အတန်းပိုင်ကဆိုခဲ့သည်။
"ဒီကျောင်းသူကိုကျွန်မအမြဲအာရုံစိုက်နေခဲ့တာပါ"
ထိုစဥ်ကပထမလပါတ်စာမေးပွဲမစတင်သေးချေ။
အတန်းပိုင်ဆရာကကျန်းယန်ရှန့်၏အဖြေလွှာကိုပို့လျက် "အဆင်ပြေတာပဲ၊ အတန်းခွဲတဲ့စာမေးပွဲတုန်းက သူမရဲ့ရလဒ်ကအမှန်ပဲနေမှာပါ"
ကျောင်းအုပ်ကသက်ပြင်းချလိုက်သည်။ သူသည် ပိုက်ဆံလည်းရပြီး စာလည်းတော်သောကျောင်းသူတစ်ယောက်ကိုလက်ခံလိုက်ရသည်မှာ မိမိတို့ကျောင်း၏အကျိုးအမြတ်ကြီးဖြစ်ကြောင်းတွေးမိခဲ့တာပင်။
ကျောင်းအုပ်ကြီးမှာကျန်းယန်ရှန့်အားဤမျှမြန်မြန်ထပ်ဆုံရမည်ဟုမမျှော်လင့်ထားခဲ့ချေ။ဆရာမပြောပြသောကျန်းယန်ရှန်ပြောခဲ့သည့်စကားများကိုပြန်တွေးကာ သူမိန်းမောနေမိသည်။
ဒီကေလးမကတော့ဘယ်လောက်တောင်သိတတ်လိုက်သလဲ
သူမမှာဆရာများကြားလိုသောစကားမှန်သမျှကိုဆိုခဲ့သည်။
အတန်းပိုင်ကအလျင်အမြန်ရှင်းပြပြီးနောက် သက်ညှာစေရန်အရိပ်အမြွှတ်တချို့ကိုပေးပြီးနောက်ထိုနှစ်ယောက်ကိုချန်ရစ်ကာပြန်သွားတော့သည်။
သို့သော် ကျောင်းအုပ်ကြီး၏နှလုံးသားကမူ သမုဒ္ဒရာနှယ်ကျယ်ပြန့်သွားချေပြီ။
"ကျန်းယန်ရှန့်ဟုတ်လား၊ ငါ့ကိုပြောပါ၊ ဘာလို့ရန်ဖြစ်ကြတာလဲ"
ကျောင်းအုပ်သည်လည်းဆရာမသတင်းပေးသည့်အတိုင်းရန်ဖြစ်ကြသည်ဟူသော အဓိကအချက်ကိုသာယူ၍ တစ်ဦးကသာတစ်ဦးကိုတဖက်သတ်ရိုက်နှက်ခဲ့ကြောင်းမတွေးမိပဲ အသာအယာမေးလိုက်သည်။
၀မ့်ချမ်မှာ၄င်းကိုကြားလျှင် ရတက်မအေးတော့၊
အတိတ်တွင်သူမဘာပဲလုပ်လုပ်တပါးသူနောက်ကျောတွင်အမြဲပုန်းနေနိုင်ခဲ့သည်။ တစ်ခုခုပြသနာတက်လျှင်လည်းအမြဲရှောင်နိုင်ခဲ့သည်သာ၊ သို့သော်ဤတစ်ကြိမ်တွင်တော့ခံစားချက်ကောင်းမနေခဲ့ပေ။
"ကျောင်းအုပ် သူကသာရိုက်..၊ "သူမကဖြတ်ပြောလာပြန်သည်။
ကျောင်းအုပ်မှာစိတ်မရှည်စွာလက်ကိုယမ်းလျက်
"တစ်ယောက်ပြီးတစ်ယောက်ပြော"
၀မ့်ချမ်သူမပါးစပ်ကိုပိတ်လိုက်ရပြန်သည်။
ကျန်းယန်ရှန့်အကျဥ်းချုပ်ဆိုလိုက်သည်။
"ဒီအတန်းဖော်၀မ်ချမ့်ကကျွန်မကိုမကြိုက်တာကြောင့် တခြားမိန်းကလေးငါးယောက်နဲ့ပေါင်းပြီး နွေပိတ်ရက်မတိုင်ခင်တုန်းက ရထားဘူတာကအိမ်သာထဲမှာအနိုင်ကျင့်ဖို့ကြိုးစားခဲ့ပါတယ်"
ပညာရေး၀န်ကြီးမှလည်းကျောင်းတွင်အနိုင်ကျင့်မှုဖြစ်ရပ်များကို အလျင်အမြန်အဆုံးသတ်ရန်အမိန့်ထုတ်ပြန်ထားသည်မှာ ၂နှစ်ခန့်ရှိချေပြီ။
ကျောင်းအုပ်က၄င်းကိုကြားလျှင် မျက်နှာကမှောင်မဲသွားလျက် ၀မ့်ချမ်ကိုကြည့်ကာ မေးလိုက်သည်။
"ကျောင်းသူ၀မ့်၊ ဒါကအမှန်ပဲလား"
၀မ့်ချမ်သည်မည်သို့အသာတကြည်သူမအပြစ်ကို၀န်ခံပါမည်နည်း။ သူမကအလျင်အမြန်ငြင်းဆိုလိုက်သည်။
"မဟုတ်ပါဘူး၊ သမီးတို့ကသူ့နဲ့စကားနည်းနည်းလေးပြောချင်ခဲ့ရုံပါ၊ ဒါပေမယ့်သူမကသမီးတို့ကို ပြန်တောင်ရိုက်နှက်ခဲ့သေးတယ်၊ သူကမှသမီးတို့ကိုအနိုင်ကျင့်တာ"
သူမကကျန်းယန်ရှန့်အပေါ်ကိုသာတိုက်ရိုက်လွှဲချလိုက်သည်။
ကျန်းယန်ရှန့်အော်လိုက်သည်။
"ဆရာ။ ကျွန်မကတစ်ယောက်တည်း သူတို့က၆ယောက်နော်"
၀မ့်ချမ်မည်မျှပင်ပြောပါစေ လူအရေအတွက်ကပင်ပြသနာကိုပုံဖော်သွားတော့သည်။
ကျန်းယန်ရှန့်က၀မ့်ချမ်အားကြည့်ကာ
"ငါကအတန်း၂က နင်ကအတန်း၈က ဒီမတိုင်ခင် ငါနင်နဲ့စကားလည်းမပြောဖူးသလို သိလည်းမသိဘူး၊
အဲဒီလူတစ်အုပ်နဲ့ နင့်မှာငါ့ကို ဘာပြောစရာတွေများရှိနေလို့လဲ"
"မှန်တယ်" ကျောင်းအုပ်ကလည်း လေးနက်သောအသံဖြင့်ထောက်ခံလာသည်
"သူမကိုဘာတွေပြောချင်ခဲ့လို့လဲ"
၀မ့်ချမ်မှာဆွံ့အသွားတော့သည်။
သူမရှုလီချန်အကြောင်းတော့ထုတ်ပြောလို့မရလောက်ပါဘူးနော်
ဒါကြီးကအချစ်ကြောင့် တခြားတစ်ယောက်ကို အနိုင်ကျင့်တာကြီးဖြစ်မနေဘူးလား
"ဆရာ" ကျန်းယန်ရှန့်ရုတ်ချည်းပင်စားပွဲပေါ်မှ ဘောပင်ကိုကောက်ယူလိုက်ပြီး နုတ်စာရွက်လေးတစ်ရွက်ကိုဖြဲကာချရေးလျက်ကမ်းပေးလိုက်သည်။
"ဒါ အဲဒီမိန်းကလေးတွေရဲ့နာမည်ပါ"
ထို့နောက် ၀မ့်ချမ်ကိုမသိဘူးဟုသူမပြောထားတာကို သတိရမိကာ ထပ်ပေါင်းဆိုလိုက်သည်။
"ကျွန်မစုံစမ်းထားတာ"
ကျောင်းအုပ်ကစာရွက်ကိုလျက်ကြည့်လိုက်သည်။
"မင်းဒဏ်ရာရသွားသေးလား"
"ဟင့်အင်း" ကျန်းယန်ရှန့်ဆိုလိုက်သည်။
"ကျွန်မကသန်မာလွန်းလို့သူတို့ကထိခိုက်အောင်မလုပ်နိုင်ဘူး၊ "
ကျောင်းအုပ်ကြီးကသက်ပြင်းချလိုက်သည်။
ကျန်းယန်ရှန့်ကထိုအဖွဲ့ထဲမှမိန်းကလေးများ၏နာမည်ကို စုံစမ်းနိုင်သည်ကိုလည်းအံ့သြမိသည်။
ထိုစာရွက်အရ သူမကိုအမှန်ပဲ ၆ယောက်က၀ိုင်းရိုက်တာအမှန်ဖြစ်ပုံပင်။ သို့သော်ထို၆ယောက်ကို ကျန်းယန်ရှန့်ကသာရိုက်ခဲ့တာဖြစ်ကြောင်း ကျောင်းအုပ်ကြီးယုံနိုင်မည်မဟုတ်ပေ၊
ကျန်ယန်ရှန့်ကဆက်ပြောလိုက်သည်။
"၀မ့်ချမ်ခိုင်းတဲ့အတိုင်းလိုက်လုပ်ကြတာပဲ၊ ပြီးတော့ကျောင်းမှာလည်း ကျွန်မကိုနာမည်ဖျက်တယ်၊ သတင်းမှားတွေဖြန့်တယ်၊ ကျွန်မအတန်းဖော်တွေပြန်ပြောပြတော့မှသိရတာ၊ အတန်း၂ကလူတွေအတွက် အချိန်ဆိုတာရတနာပဲ သူတို့မှာ နေ့လည်စာအမြန်စားပြီး စာမေးပွဲအတွက်စာကြည့်ဖို့မအားလပ်တာကို ကျွန်မကြောင့်နဲ့ ဒီမဟုတ်တဲ့အတင်းအဖျင်းတွေကိုနားထောင်နေခဲ့ရသေးတယ်၊ ကျွန်မကြောင့်သူတို့ရဲ့လေ့လာမှုနှောင့်နှေးသွားရတယ်၊ ဒါကြောင့် ကျွန်မသည်းမခံနိုင်ပဲ ၀မ့်ချန်နဲ့ရင်ဆိုင်မိတာပါ"
"ငါနားလည်ပြီ" ကျောင်းအုပ်ကထရပ်ကာဆိုလိုက်သည်။
"ကောင်းပြီ ကျန်းယန်ရှန့် မင်းကအတန်းထဲပြန်သွားနိုင်ပြီ၊ ၀မ်ချမ့်ကငါနဲ့လိုက်ခဲ့"
ကျန်းယန်ရှန့်လည်းသူ့နောက်မှလိုက်လျက် ရုံးခန်းကနေထွက်ကာ အတန်း၂သို့ပြန်သွားခဲ့သည်။
အတန်းစသည်မှာ ဆယ်မိနစ်ခန့်ရှိပြီဖြစ်သည်။
ကျောင်းအုပ်ကြီးက အတန်းထဲရှိဆရာကို
ဟယ်လိုဟုနှုတ်ဆက်ခဲ့သည်။
"ဒီအတန်းထဲကကျောင်းသူတစ်ယောက်နဲ့ စကားပြောဖို့လိုလို့ပါ"
ဆရာကကျန်းယန်ရှန့်အား အပြစ်မပေးခဲ့ချေ။
ကျောင်းအုပ်ကြီးမှ ၀မ့်ချမ်အား ရုံးခန်းဆီခေါ်ပြီးနောက် အတန်း၈သို့ပြန်လွှတ်လိုက်သည်။ ကျန်းယန်ရှန့်ပေးထားသောစာခေါက်လေးအရ တခြားမိန်းကလေး၅ယောက်ကိုပါခေါ်လိုက်သည်၊
သူကမိန်းကလေးငါးယောက်လုံးကိုရုံးခန်းဆီခေါ်သွားကာ စာရွက်ငယ်လေးကိုကိုင်လျက် တစ်ယောက်ချင်းစီကို မေးခွန်းများမေးလိုခဲ့သည်။ သို့နှင့် ကျိုး ကျီဟန်အားအရင်ဆုံးမေးလိုက်သည်။
သူမကိုခေါ်လိုက်သည်နှင့် သူ့မှကြောက်အားလန့်အားနှင့်အကုန်လုံးကိုထုတ်ပြောတော့သည်။
"၀မ့်ချမ်လုပ်ခိုင်းတာပါ" သူမလက်ချောင်းများကိုလိမ်လျက်
"သမီးသေချာမတွေးမိတာပါ၊ သူကကျန်းယန်ရှန့်ကိုပညာပေးဖို့လိုတယ်ပြောလို့"
မိန်းကလေးများမှအကြည့်ချင်းဆုံလိုက်မိသည်၊
ဤအချိန်တွင်မည်သူမျှရှေ့ထွက်ကခေါင်းမခံလိုတော့၊ တစ်ယောက်ကိုတစ်ယောက်ကြည့်လျက် တိတ်တဆိတ်သဘောတူလ်ုက်ကြတော့သည်။
"၀မ့်ချမ်ကငါတို့ကိုလွှတ်မပေးခဲ့ဘူး"
"ရှုလီချန်ကကျန်းယန်ရှန့်ကိုကြိုက်နေတာ ဒါပေမယ့် ၀မ့်ချမ်ကကျ ရှုလီချန်ကိုကြိုက်နေတာလေ၊ ဒါကြောင့်သူမကကျန်းယန်ရှန့်ကိုမနာလိုပဲ သင်ခန်းစာပေးချင်နေတာ"
"သမီးတို့သူပြောတဲ့အတိုင်းလုပ်ရရုံပါ"
"အကုန်လုံး၀မ့်ချမ်လုပ်ခိုင်းတာပါ"
Xxxxxx