အပိုင်း ၁၂၅-၁၂၆
Viewers 28k

Part 125


၀မ့်ချမ်မှာသူမ၏​သွေး​သောက်ညီအစ်မများက သူမကို​ရောင်းစားလိုက်ပြီဖြစ်​ကြောင်းမသိရှာ​ချေ။


သူမ၏ခံစားချက်များက​​ကောင်းမ​နေ​ချေ။ 


သူမသည် ဤ​ကျောင်းမှဆရာများက ကျန်းယန်ရှန့်ကိုဘက်လိုက်လွန်းသည်ဟု ခံစားရသည်။ သူမ၏အရင်​ကျောင်းတုန်းကဆိုလျှင် သူမ၏မိဘများက​ကျောင်းကို အလှူ​ငွေများများထည့်​၀င်​လေ့ရှိသဖြင့် သူမကိုဆိုလျှင် ဦးစား​ပေးကြသည်။


သူမ၏​သွေး​သောက်ညီအစ်မများ ရုံးခန်းကပြန်ထွက်လာလျှင် သူတို့​ကျောင်းအုပ်ကြီးအား မည်သည်တို့ကို​ပြောခဲ့​ကြောင်း သူမ​မေးလို​သော်လည်း ​ပြန်မ​ဖြေလိုပဲ​ခေါင်း​ရှောင်​နေကြသည်။


၀မ့်ချမ်မှာ သူမ၏မသိစိတ်မှ တစ်ခုခုမူမမှန်ဟု ခံစားမိ​သော်ငြား သူမကိုမည်သူကမျှ အမှန်အတိုင်းမ​ပြောလိုကြ​ချေ။ သူတို့အားလုံး​ပေါင်းပြီး ၀မ့်ချမ်ကိုသာအပြစ်လွှဲချဖို့လုပ်ပြီးမှ​တော့ ၀မ့်ချမ်နှင်ဘယ်လိုမှ ဆက်မ​ပေါင်းနိုင်​တော့​ချေ။


ကျန်းယန်ရှန့်ကမူ လုံး၀ဂရုမစိုက်​ချေ။ အပြစ်ဒဏ်ဘာညာဆိုသည်မှာ သူမအတိတ်ဘ၀တွင် ရိုး​နေ​အောင်ကြုံ​ရဖူးတာ​ကြောင့် သူမအတွက်ပမွှား​လေးပင်။


သူမက စာအသည်းအသန်ပြန်ကူး၍သာ အလုပ်ရှုပ်​နေခဲ့သည်။ ၀မ့်ချမ်​​​ကြောင့် သူမအတန်းချိန်တ၀က်​လောက်လွတ်သွားသည်​​လေ။


သူမကအလွန်ရိုကျိုးစွာနှင့် အနာဂါတ်၏ချန်ပီယံဖြစ်လာမည့် ကျန်းဇီယွမ်ဆီသွားလိုက်သည်။ သူမဘာမှမ​​ပြောနိုင်ခင်မှာပင် ကျန်းဇီယွမ်က အပြုံး​လေးနှင့် စာအုပ်ကိုကမ်း​ပေးလာသည်။ 


"​ရော့ အမြန်ကူးလိုက်​၊ ဒီ​နေ့အိမ်စာ​တွေအ​တော်များတယ်"


ကျန်းယန်ရှန့်မှာ "​ကျေးဇူး"ဟုသာ​ပြောနိုင်လိုက်သည်။ 


သူမတွင် သာမာန်မိန်းက​လေးများကဲ့သို့ရှက်ရွံ့မှုတို့မရှိသည့်တိုင် ​ယောကျာ်း​လေးတစ်ဦးလိုလည်း ပမာမခန့်ဖြစ်မ​နေပါ​ချေ။ 


သူမကထူးကိုထူးခြား​နေတာပင်။


ကျန်းဇီယွမ် စာ​ရေး​နေရင်းက​နေမ​နေနိုင်​ပဲ​ခေါင်းကို​မော့၍ သူမ၏​ကျောပြင်ကိုလှမ်းကြည့်လိုက်မိသည်။ သူ၏နှုတ်ခမ်း​​ထောင့်တွင် အပြုံးစ​လေးတွဲခိုလျက်ပင်။ 


ထိုအပြုံးစ​လေးဖြင့်ပင် သူက​ခေါင်းကိုငုံ့လျက် တွက်လက်စပုစ္ဆာကိုပြန်လည်အာရုံစိုက်လိုက်​တော့သည်။


ယ​နေ့အတွက်အိမ်စာက အမှန်တကယ်များလှသည်။ ကျန်းယန်ရှန့်လည်းညစာကို အမြန်အပြီးသတ်လိုက်ရ​လေသည်။


ညစာစားပွဲ၀ိုင်းတွင် ကျန်းဟယ်လင်းမှာ သူမကိုခဏခဏခိုးကြည့်ရင်း တစ်ခုခု​ပြောချင်​နေခဲ့သည်။ 

သို့​သော်ကျန်းယန်ရှန့်ကမူ တွက်လက်စပုစ္ဆာကိုသာ ​တွေး​တော​နေမိသဖြင့် ၄င်းကိုသတိမထားမိ​ချေ။


သူမအိမ်စာ​တွေအကုန်လုပ်ပြီး​သောအခါခုံ​နောက်ကိုမှီလျက် အသက်ရှူထုတ်လိုက်သည်။ 


​သေစမ်း

အထက်​တန်း​ကျောင်းသားဘ၀က ခက်ခဲတာပဲ


​ခြေလက်ဆန့်ပြီး​သည်နှင့်သူမ ​အောက်ထပ်သို့ဆင်း၍ ညလယ်စာမုန့်တချို့သွားရှာ​ဖွေလိုက်သည်၊ 

မုန့်တချို့စားပြီး ​သောက်စရာတချို့နှင့်အ​​အေးယူပြီးပြန်တက်လာစဥ် ကျန်းဟယ်လင်၏ အခန်းတံခါးကပွင့်ဟလာခဲ့သည်။ သူမကတံခါးကြားမှ​ချောင်းကြည့်​နေသည်။ 


"ဘာလုပ်နတောလဲ"


ကျန်းယန်ရှန့်က တံခါးကြားမှ​နေ၍ သူမနဖူးကို လက်ညှိုးဖြင့်ထိုးလိုက်သည်။ 


"မအိပ်​သေးဘူးလား"


ကျန်းဟယ်လင်ကတံခါးကိုကျယ်ကျယ်ဟလိုက်ကာ သူမကိုလက်ကိုဆွဲလျက်အတွင်းသို့​ခေါ်လိုက်သည်။ 


"အာ့ကျဲကို​ပြောစရာရှိတယ်"


ကျန်းယန်ရှန့်မှာ အခန်းထဲသို့ဆွဲထည့်ခံလိုက်ရပြီး 

"ဘာ​ပြောမလို့လဲ အမြန်​ပြောပြီးအိပ်​တော့ က​လေး​တွေကညနက်တဲ့အထိမ​နေသင့်ဘူး"


"အာ့ကျဲလည်းအိပ်မှမအိပ်တာ၊"

သူမကမ​ကျေမနပ်ဆိုလိုက်သည်။ 


"အထက်တန်း​ကျောင်းသူနဲ့လာယှဥ်လို့ရမလား"


ကျန်းယန်ရှန့်ကသူမ​ခေါင်းကိုဖွလိုက်ပြီး


"ငါ့မှာအိမ်စာ​တွေဘယ်​လောက်များလဲသိလား၊ နင့်မှာအိမ်စာဘယ်​လောက်ရှိလို့လဲ၊ ​ပြောစရာရှိတာ​ပြော ဘာလဲ"


ကျန်းဟယ်လင်က သူမ​၏နဖူးကိုမ​ကျေမနပ်ပွတ်သပ်လိုက်ကာ 


"ချင်ဟောင်ကိုသိလား​၊ သမီးအရင်တစ်ခါ​ပြောဖူးတဲ့တစ်​ယောက်​လေ"


ကျန်းယန်ရှန့်လည်းမျက်​တောင်ခတ်လိုက်ကာ

"ဘာဖြစ်လို့လဲ"


ကျန်းဟယ်လင်းက​ချောင်းဟန့်ကာဆိုလိုက်သည်။

"သမီး အာ့ကျဲ​ပြောခိုင်းတာကိုသူ့ကို​ပြောလိုက်တယ်"


"..."ကျန်းယန်ရှန့်ဆွံ့အသွားခဲ့သည်။ 

"အခုမှ​ပြောတာလား၊ ငါ​ပြောထားတာဖြင့် ဘယ်​လောက်ကြာပြီလဲ"


ကျန်းဟယ်လင်" အဲဒါကြီးကိုရုတ်တရက်ကြီးဘယ်လို​ပြောနိုင်မှာလဲ အချိန်ယူပြီးစဥ်းစားရ​သေးတာ​ပေါ့"


"နင်ကတကယ်င​ကြောက်ပဲ"


 ကျန်းယန်ရှန့်ကနှာ​ခေါင်းရှုံ့လိုက်ကာ


"အဲဒီ​တော့နင်ဘာ​ပြောလိုက်လဲ၊ သူက​ရောဘယ်လိုပြန်​ပြောလဲ"


ကျန်းဟယ်လင်ကလက်​ချောင်း​တွေကိုလိမ်ရင်း


"သူကသမီးရဲ့ ကျစ်ဆံမြီးကိုထပ်လာဆွဲတယ်​လေ အဲမှာစည်းထားတဲ့ သားရည်ကွင်းလည်းပြတ်သွားပြီး သမီးလည်းအရမ်းစိတ်တိုသွားတယ်​လေ အဲဒါနဲ့သူ့ကို​ ​​မေးလိုက်တယ်" 


က​လေးမ​​လေးကသူ့ဘ၀မှာ

တစ်ခါမှမကြုံဖူးတဲ့အဖြစ်အပျက်ကိုကြုံလိုက်ရပုံဖြင့်


"အဲဒီမှာသူက.." 


ဖြစ်ချင်​တော့ထိုအချိန်တွင် ကျန်းဟယ်လင်းက​​ကျောင်း၏​ကော်ရစ်တာ​ထောင့်တွင်ရှိ​နေတာဖြစ်သည်။ သူမကလွန်စွာစိတ်တို​နေ​သော်လည်း အနီးအနားတွင် သူမအတန်းထဲကတစ်​ယောက်ကိုမှမ​တွေ့ရ​ချေ။ ကျန်းဟယ်လင်ကသတ္တိကိုစုစည်းလျက် ​ကောင်​လေး၏မျက်လုံးကိုစူးစိုက်ကြည့်ကာ 


"ချင်း​​ဟောင် နင်ငါ့ကိုကြိုက်​နေတာလား" 


ထို့​နောက်တွင်သူမ​ရှေ့မှ စိတ်ရှုပ်စရာ​ကောင်ဆိုး​လေးမှာ လည်ပင်းမှစ၍ နားရွက်ဖျားနှင့် မျက်နှာတစ်ခုလုံးနီရဲသွားသည်ကို​တွေ့လိုက်ရ​တော့သည်။ 


​ကောင်​လေးမှာရုတ်ချည်းသတ္တိမရှိ​တော့သလို ​ကြောက်ရွံ့​နေ​​သောရှဥ့်ငယ်​လေးတစ်​ကောင်လိုအမြီးတန်းလျက်ထွက်​ပြေးသွား​တော့သည်။ 


"ပြီး​​တော့ဘာလဲ" ကျန်းယန်ရှန့်က​အ​​အေးကိုတငုံ​သောက်လိုက်ပြီး သူမညီမဖြစ်သူကိုနား​ထောင်​နေလိုက်သည်။


ကျန်းဟယ်လင်ကဆိုသည်

"ပြီး​တော့ သူသမီးကိုစကားလာမ​ပြော​တော့ဘူး

၊သမီးသူ့ကိုကြည့်လိုက်တိုင်း သူကဒီလိုကြီး"


ထို့​နောက်သူမက ရှက်ရွံ့စွာ​ခေါင်းငုံ့ပြီး ​ဖိနပ်ထိပ်ဖျား​လေးများကိုကြည့်​နေဟန်လုပ်ပြလိုက်သည်။


ကျန်းယန်ရှန့်ရယ်လိုက်ကာ


"မင်းချက်​​ကောင်းကိုထိလာတာပဲ​လေ"


ကျန်းဟယ်လင်၏ပြသနာမှာမူ ဤကားအစသာရှိ​သေး၏။ 


"သမီးအခုဘာလုပ်သင့်လဲဟင် ၊ သူသမီးကို စကားလာ​ပြောပါဦးမလား၊ သူသမီးကိုလာစဦးမှာလား၊ သမီးဘာလုပ်ရမလဲဟင်၊ သမီးအရင်သူ့ကိုစကားသွား​ပြောသင့်လား၊ ဒီတိုင်းမသိချင်​ယောင်​ဆောင်လိုက်ရမလား"


ကျန်းယန်ရှန့်ခဏမျှ​တွေးလိုက်ပြီး​နောက်​ပြောလိုက်သည်။


"ဒီလိုမျိုး​ဖော်ထုတ်ခံလိုက်ရပြီးမှ​တော့ သူမင်းကိုလာစရဲ​တော့မှာမဟုတ်ဘူး၊ မင်းအတွက်က​တော့ သူ့ကိုစကား​ပြန်​ပြောသင့်မ​ပြောသင့် ကိုယ့်ဘာကိုယ်ဆုံးဖြတ်​​ပေါ့"


ကျန်းဟယ်လင်၏မျက်နှာမှာ အတန်ငယ်နီရဲလျက် 

"ဒီ​တော့သူသမီးကိုတကယ်ကြိုက်​နေတာ​ပေါ့​နော်"


ဘာကိုမျှမဆိုပဲ ကျန်းယန်ရှန့်ကသူမ၏ပါးလုံးလုံး​လေးနှစ်ဖက်ကိုဖြစ်လိုက်ကာ 


"ဘာ​တွေ​တွေး​နေတာလဲ ၊ မူလတန်း​ကျောင်းမှာ ရည်းစားထားလို့မရဘူး​နော်၊ အထက်တန်း​​ရောက်တဲ့အထိ​စောင့်ဦး၊ မဟုတ်​သေးဘူး တက္ကသိုလ်​ရောက်တဲ့​စောင့်"


 ကျန်းယန်ရှန့်အနေဖြင့် အထက်တန်း​​ကျောင်းတွင် ရည်းစားထားရသည်မှာလည်းဆိုးလှသည်မထင်ပါ၊ထိုအရွယ်ခံစားချက်များကစစ်မှန်ပြီးအပြစ်ကင်းသည်။ 


Xxxxxx


Part 126


သို့​သော်သူမ၏ညီမဖြစ်သူကမူ အလွန်တုံးအပြီး အ​တွေ့အကြုံမရှိ​​သေး​ချေ။ ​ကျောင်းတွင်ရည်းစားထားလျှင်​တောင် အလိမ်ခံရဖို့များလှသည်။ 


ထို့​ကြောင့်တက္ကသိုလ်​ရောက်​အောင်​စောင့်မှဖြစ်မည်။ 


သူမ​ကျောင်းသို့​​ရောက်လျှင်​ကားမရပ်ခင်ပင်

ရှောင်ကျိုး၏စကားသံကိုကြားလိုက်ရသည်။

"ဟို​ကောင်​လေး​ရောက်​နေပြန်ပြီ" 


ကျန်းယန်ရှန့်လှည့်ကြည့်လိုက်လျှင် အမှန်တကယ်ကို ရှုလီချန်၏ကားက​ရောက်နှင့်​နေသည်ကို​တွေ့လိုက်ရ​တော့သည်။ 


သူမကားထဲကထွက်လာသည်ကိုမြင်လျှင် ရှုလီချန်လည်းတံခါးဖွင့်ပြီး သူမထံ​ပြေးလာခဲ့သည်။


နှစ်နှင့်ချီ​အောင် ​လေ့ကျင့်​ရေးဆင်းဖူးတာ​ကြောင့် သူ၏ကိုယ်အချိုးအစားမှာ တခြား​ကောင်​လေးများထက် ​တောင့်တင်းကာ ကြည့်​ကောင်း​နေခဲ့သည်။ 

သူက​ပြေးလာ​နေရင်းသူ၏ငယ်ရွယ်မှုနှင့် အင်အားတို့က ပွင့်အန်ကျလာသည့်နှယ်​​၊


ကျန်းယန်ရှန့်မ​နေနိုင်ပဲ ​နေ​ရောင်​အောက်မှ မြင်ကွင်းကို နှစ်ကြိမ်ခန့်ကြည့်လိုက်မိသည်။ 


မနက်ခင်း​နေ​ရောင်​အောက်မှ ရှုလီချန်ကမျက်ခုံးကိုပင့်လျက် အပြုံး​လေးဖြင့်

"ငါမင်းကို မ​နေ့က အတန်းပြီးကတည်းကရှာချင်​နေတာ ဒါ​ပေမယ့် မင်းကပြန်နှင့်ပြီ​လေ ၊ ဘာလို့အ​စောကြီးပြန်သွားရတာလဲ"


မ​နေ့ကကျန်းယန်ရှန့်မှာ အိမ်စာတပုံကြီးကိုကြည့်လျက် ကားထဲ၀င်ကာပြန်သွားခဲ့သည်။ 


"လုပ်စရာအိမ်စာ​တွေမှအများကြီး" ကျန်းယန်ရှန့်ဂရုမစိုက်စွာ​ဖြေလိုက်သည်။ 

"နင်​ရောအိမ်ကိုပြန်ပြီး လုပ်စရာအိမ်စာ​တွေမရှိဘူးလား​၊ ငါကနင့်ကို​စောင့်ပြီး အချိန်ဖြုန်းရမှာလား"


ရှုလီချန်ဆွံ့အသွား​လေသည်။ 

သူကစကားလမ်း​ကြောင်းလွှဲလျက် 

"မ​နေ့ကဘယ်လိုဖြစ်သွားတာလဲ မင်းရုတ်တရက်ကြီး စိတ်လွတ်သွားတယ်​နော်"


အမှန်​တော့ အတင်းအဖျင်း​တွေကလည်း သိပ်မဆိုးအရွားကြီးမဟုတ်ခဲ့ ၊ ကျန်းယန်ရှန့်သာအိမ်မှဒရိုင်ဘာကို ​​ကျောင်း​၌စော​စောလာကြိုခိုင်းခဲ့လျှင် ရှင်းသွားမည့်ကိစ္စပင်။ 


ရှုလီချန်သိလိုသည်က ကျန်းယန်ရှန့်သည်ယခင်အတိုင်း ​အေး​ဆေး​နေကာ သူ့ကိုလျစ်လျူရှိ​နေဦးမည်လား၊ ဒါမှမဟုတ် ဤကစားပွဲကိုရပ်လိုက်​တော့မလားဆိုတာပင်။ သို့​သော် ကျန်းယန်ရှန့်မှာ တစ်လုံးမှမ​ပြောပဲတံခါးကို​ဆောင့်ပိတ်လိုက်မည်မထင်ထားရာ ​ဒေါသ​ထောင်းခနဲထွက်သွားမိသည်။


သူမ၏မ​နေ့က ​ဒေါသတကြီးရိုက်နှက်​နေပုံကိုသတိရလျှင် ရှုလီချန်မျက်လုံးတို့​တောက်ပသွားခဲ့သည်။


ကျန်းယန်ရှန့်က​မေးလိုက်သည်။.

"ဒီလပါတ်စာ​မေးပွဲတုန်းက နင့်အဆင့်ဘယ်​လောက်လဲ "


"..."ရှုလီချန် "ဟမ်"


ကျန်းယန်ရှန့်သည် အညှာအတာမဲ့စွာပင် 

"အတန်းတူထဲက အဆင့်၁၀၀​ထက်​ကျော်တဲ့သူ​တွေနဲ့ငါစကားမ​ပြောဘူး"


​ပြောပြီးသည်နှင့် သူမ၏လက်တို့ကိုခါလျက်ထွက်သွား​တော့သည်။ 


ရှုလီချန်မှာအ​ကြောင်သားကျန်ရစ်လျက်ပင်။

အ​တော်ကြာမှကျန်းယန်ရှန့်၏​ကျောပြင်ကိုကြည့်လျက်ကျိန်ဆဲလိုက်​တော့သည်။


"​သေစမ်း"


ကျန်းယန်ရှန့်အတန်း၈မှတစ်စုံတယောက်ကို ရိုက်နှက်သည့်သတင်းက​နောက်ဆုံးတွင် အတန်း၂ဆီ​ရောက်လာခဲ့သည်။ တတန်းလုံးက​တော့'၀ိုး'ခနဲပင်။


အတန်း၈မှ​​ကောင်မ​လေးများမှာ စရိုက်မ​ကောင်းလှပဲ တခြားအ​တန်းမ​ကောင်း​ကြောင်းကိုလည်း​လျှောက်​ပြောကြ​​သေးသည်။ ၄င်းကိုအတန်း၂က​ကျောင်းသားတို့ကလက်မခံချင်ကြ​ချေ။ ထို့​ကြောင်းအတန်း၂ကလူမှန်သမျှကျန်းယန်ရှန့်ကို​ထောက်ခံကြ​လေသည်။ 


သူတို့ကကျန်းယန်ရှန့်ကိုအထင်ပင်ကြီး​နေကြ​သေး၏။


"ကျန်းယန်ရှန့်လို့ကိုမ​ပြောရဘူး"သူတို့ကဆိုသည်။


၀မ့်ချမ်၏အ​ပေါင်းအပါများထံမှအတင်း​ပြောခံလိုက်ရ​သောအုပ်စုကလည်း ကျန်းယန်ရှန့်အား

"စိတ်မပူပါနဲ့ ငါတို့ဆရာကြီးဆီသွားပြီး နင့်အတွက်သက်​သေခံ​ပေးလို့ရတယ်​၊ သူတို့ကအရင်စလွန်တာ"


ကျန်းယန်ရှန့်ကနှုတ်ခမ်း​ထောင့်စွန်းတို့ကို​ကွေးညွတ်လျက် 


"သာမာန်အပြစ်ဒဏ်​လေးသာသာပါ၊ ငါ့အတွက်​အေး​ဆေး"


'​ဟေးကျန်းယန်ရှန့်၊ နင်အဲသလိုပဲ စိတ်ရှိတိုင်း နတ်ဆိုးဆန်ဆန်မပြုံးလို့မရဘူးလား၊ ငါတို့အနာဂါတ်မှာ ​​ကောင်​လေးရှာဖို့ စံချီစံညွှန်း​တွေ​သေ​အောင်မြင့်သွား​တော့မှာပဲ"


ရလ​ဒ်အရ အတန်း၈မှသူများမှာ အတန်း၂မှကျန်းယန်ရှန့်တစ်​​ယောက် တစ်စုံတစ်ယောက်ကိုရိုက်နှက်ပြီး​ကျောင်းစည်းကမ်းကိုချိုး​ဖောက်ခဲ့သည့်အတွက် အပြစ်​ပေးခံရမည်​လော​စောင့်​နေကြစဥ် သူတို့၏မျက်နှာများခပ်ပြင်းပြင်းအရိုက်ခံလိုက်ရပြန်သည်။


အပြစ်ဒဏ်ကကျိန်​း​သေ​ပေါက်ရှိခဲ့သည်။ သို့​သော်ကျန်းယန်ရှန့်အတွက်မဟုတ်ခဲ့​ချေ။


၀မ့်ချမ်မှာကိုယ်​ရေးအချက်အလက်တွင် မှင်နီတားခံရပြီး ကျန်ငါးဦးမှာ​​တော့ ပြင်းထန်​သော သတိ​ပေးချက်ကိုလက်ခံခဲ့ရသည်။


ရှုလီချန်၏ယခင်ကအပြစ်ဒဏ်မှာသာမန်သတိ​ပေးချက်သာဖြစ်ပြီး ၀မ့်ချမ်၏အပြစ်ဒဏ်မှာသူ့ထက်ပိုဆိုးရွားလှသည်။


၄င်းကို​ကြေညာလိုက်ချိန်တွင် အတန်း၈တစ်ခုလုံးဆူညံသွား​တော့သည်။ 


​ကျောင်းအုပ်ကြီးမှာ အတန်းချိန်ကြား၌ဆယ်မိနစ်ခန့်ယူကာ စင်မြင့်​ပေါ်မှ စည်းမျဥ်းစည်းကမ်းများ၊ လူ့အခွင့်အ​ရေး၊ နှင့် ​ကျောင်းတွင်းအနိုင်ကျင့်မှုများကို ပြင်းထန်စွာရှုံ့ချ​ကြောင်း ​ခိုင်မာစွာဆိုခဲ့သည်၊


"ငါတို့ရီ​ကျောင်း​တော်ကြီးက သမိုင်း​ကောင်းနဲ့ တည်ရှိလာတာ၊ ဆန်ထဲ​ရော​နေတဲ့ ကြွက်​ချေး​လေးတစ်တုံး​​ကြောင့်​တော့အပျက်ဆီးမခံနိုင်ဘူး"


တခြားအတန်းများမှ​ကျောင်းသားများမှာဘာဖြစ်​နေမှန်းမသိကြသည်မို့အတန်း၈က​တစ်​ယောက်ကို​မေးလိုက်သည်။သို့​သော် မိမိတို့မှာကျန်းယန်ရှန့်၏လက်ဖ၀ါး​အောက်မှာပြားပြား၀ပ်ခဲ့ရသည်ကို အဘယ်သို့​ပြောနိုင်မည်နည်း။ ကျန်းယန်ရှန့်က သူတို့၏​ခေါင်း​တွေကိုဖိထားပြီး အမျိုးသမီးအိမ်သာထဲက ​ဘေစင်မှ​ရေ​တွေကို​သောက်​စေခဲ့သည်။ ထိုသည်မှာ ရွံစရာ​ကောင်းပြီးရှက်ဖွယ်​လည်း​ကောင်းလှ၏။ သူတို့ဘာဆိုဘာမှမ​ပြောလို​ပေ။ 


သို့​သော်ရှုလီချန်က​တော့မ​နေနိုင်​ချေ၊

"သူတို့ကကျန်းယန်ရှန့်ကိုပညာ​ပေးချင်တာ​လေ၊ ပြီး​​တော့ဟိုကသူတို့ကိုပညာ​​ပေးတာသာခံလိုက်ရတယ်"


မ​နေ့ကကျန်းယန်ရှန့်၏တိုက်ကွက်များကိုပြန်မြင်​ယောင်လျက် လူတိုင်းက'ကျွတ်ကျွတ်'ဟုစုတ်သတ်လိုက်ကြသည်။


တစ်စုံတစ်​​ယောက်က ရှုလီချန်၏လည်ပင်းကိုဖက်လျက် စ​နောက်လိုက်သည်။

"မိုက်သားပဲ ဒါဆိုဒီတစ်ခါမင်းနဲ့ ၀မ့်ချမ်နဲ့ စုံတွဲလိုက်အပြစ်ဒဏ်ဖြစ်သွားတာ​ပေါ့"


ရှုလီချန်သူ့အားတွန်းထုတ်လိုက်သည်။

"ထွက်သွား"


ထိုတစ်​​ယောက်ကမ​ကျေမနပ်ဆက်​ပြောလာသည်။

"ကျန်းယန်ရှန့်ကဖြင့် မာ​​ရေ​ကျော​ရေနဲ့ ၊ဘ၀င်ကမြင့်​သေးတယ်၊ မင်းက၀မ့်ချမ်ကိုပဲ​လိုက်သင့်တာ"


ရှုလီချန်​ခြေ​ထောက်ကို​မြှောက်လျက်သူ့အားကန်ထည့်လိုက်​တော့သည်။ 


​ခေါင်း​လောင်းထိုးပြီး​နောက်တွင်ရှုလီချန်အတန်းသို့ပြန်လျက် ​နေရာတွင်ထိုင်လိုက်သည်။ သို့​သော်ကျန်းယန်ရှန့်မနက်က​​ပြောခဲ့သည်ကသူ​၏​ခေါင်းထဲ​​ရောက်လာခဲ့သည်။ 


'အဆင့်၁၀၀ထဲ​တောင်မ၀င်တဲ့သူ​တွေနဲ့စကား​ပြောမ​နေဘူး'


ဘယ်လို ​သောက်ကျိုးနည်း ဟာသလဲ


ရှုလီချန်ဘ၀တွင်ယခုအသက်အရွယ်ထိထိုကဲ့သို့စကားမျိုးအ​ပြောမခံရဖူး​ချေ။ ​ကျောင်းစာ​မေးပွဲရ​လဒ်​တွေကဘာအ​ရေးပါလို့လဲ၊ ​ကျောင်းမှာ​ကောင်း​ကောင်းလုပ်ပြီး ဆရာ၀န်ကြီး​တွေဖြစ်သွား​တော့​ရော၊

အလွန်ဆုံးတစ်လကို ၁သန်းထက်ပိုရှာနိုင်လို့လား၊


ပြီး​တော့သူ့မှပိုက်ဆံရှိ​နေသ၍အဲဒီလူ​တွေကို​ခေါ်ခိုင်းလို့မရဘူးလား၊


သို့​သော်ကျန်းယန်ရှန့်၏​လေသံတွင် မိမိတို့နှစ်ဦးမှာ မျိုးတူလူသားပင်မဟုတ်ကြသလို ငြင်းပယ်ခြင်းအပြည့်အ၀ပါရှိ​လေသည်။


ပြီး​တော့သူမကစ​နောက်​နေခြင်းမဟုတ်​ချေ။ သူမကအမှန်တကယ်ကြီးကိုသူ့ကိုအထင်​သေး​နေပုံပင်။


ရှုလီချန်မှာ ရှင်းထုတ်မရသော အစိုင်အခဲကြီးတစ်ခုသူ၏ရင်ထဲတွင်လာဆို့​နေသလိုခံစားလိုက်ရသည်။


သူကစာ​မေးပွဲရလဒ်​ကြေညာချက်ကိုသွားကြည့်ကာ သူ၏အဆင့်​ပေါ်မှလူများကို​ရေတွက်လိုက်သည်။ 

၄င်းတို့မှာ အ​​​​ယောက်၉၀​ကျော်ပင်။


ရှုလီချန်း​ထိုင်ခုံ​နောက်မှီတွင်လက်တင်လိုက်ကာ နှုတ်ခမ်းကိုဖိလျက် နှဖူး​ပေါ်မှဆံပင်များလွင့်သွား​အောင်မှုတ်ထုတ်လိုက်သည်။


လူအများစုတွင် မိမိကိုယ်ကိုယ်တန်ဖိုးထား​လေးစားမှူရှိသည်။ ရှုလီချန်အား'အဆင့်၁၀၀ထဲ​တောင််မ၀င်တဲ့သူ​တွေနဲ့စကား​ပြောမ​နေဘူး'ဟုဆွ​ပေးခဲ့ပြီး​နောက်တွင် သူကအမှန်တကယ်ကို သူမကိုဆက်မလိုက်​တော့​ချေ။


ကျန်းယန်ရှန့်သည် ငြိမ်းချမ်းစွာစာ​လေ့လာရန်ပြင်ဆင်လိုက်​တော့သည်၊


မကြာခင်မှာပဲ ဒုတိယအကြိမ်လပါတ်စာ​မေးပွဲပြီးသွားပြီး​နောက် ရလဒ်ထွက်လာသည့်အခါ ကျန်းယန်ရှန့်သွားကြည့်​လေသည်။ သူမသည်ယခင်ကထက်၂ဆင့်ခန့်ပိုတက်လာ​သော်ငြား သိပ်ထူးထူးခြားခြား​ပြောင်းလဲမှု​တော့မရှိ​​ချေ။


ကျန်းဇီယွမ်ကိုကြည့်လိုက်လျှင် အတန်းထဲတွင်အရှည်ဆုံးဖြစ်​နေသည်မှအပအလွန် တိတ်ဆိတ်ကာ သတိထားမိရန်ခက်လှသည်။ သူ၏အဆင့်သည်လည်းထိုနည်းတူပင်၊ တိတ်တဆိတ်နှင့်တ​ရွေ့​ရွေ့တက်လျက်သာ။


​နောက်ဆုံးသူမမ​နေနိုင်ပဲ အဆင့်သတ်မှတ်ချက်တို့ကို​နောက်တစ်ကြိမ်ကြည့်လိုက်မိပြန်သည်။ ​နောက်ဆုံးတစ်ကြိမ်ကရှုလီချန်၏အဆင့်မှာ​နောက်ဆုံး၁၀​​ယောက်ထဲအပါအ၀င်ဖြစ်​ကြောင်းသူမမှတ်မိသည်။


ကျန်းယန်ရှန့်လည်းအလျင်အမြန်ရှာကြည့်လျှင် လွယ်ကူစွာပဲရှာ​တွေ့သွားခဲ့သည်။


ရှုလီချန်မှာဤတစ်ကြိမ်တွင် အဆင့်ဒါဇင်​ကျော်ခန့်အထိ​တောင်​ကျော်တက်လာခဲ့​လေသည်။ ထိုဘိတ်​ချေးအတန်းမှအဆင့်များမှာ ၁မှတ်၂မှတ်​လောက်နှင့်ပင် အဆင့်တစ်ခုနှစ်ခု​လောက်​ကျော်တက်နိုင်​လောက်မှန်းသူမသိသည်။ ​သို့​သော်လည်း....


ကျန်းယန်ရှန့် သူမ၏နှုတ်ခမ်း​ထောင့်​လေး​ကော့အောင် မ​ပြုံးမိပဲမ​နေနိိုင်ခဲ့​ချေ။


Xxxxxx