အပိုင်း ၁၂၉-၁၃၀
Viewers 28k

Part 129


ဆူပုတ်ပုတ်မျက်နှာထားနှင့်ကျန်းယန်ရှန့်မှာ ကျန်းဟွမ်​ပြောပြသည်ကိုနား​ထောင်​နေခဲ့သည်။


​ပြော​နေစရာကိုမလိုပါ၊ ကျန်းရှို့ချန်​ကျောင်းတွင်ပြသနာထပ်ရှာခြင်းဖြစ်သည်။ ကျန်းဟွမ်လည်း သူအတန်းပိုင်ထံမှ မိဘ​ခေါ်ယူခြင်းခံရ​လေသည်။


ကျန်းဟွမ်မှာ မိန်းမဖြစ်သူကိုအစားသွား​​စေလို​သော်လည်း ဆရာဖြစ်သူမှာပြတ်သားလှ​သော ​လေသံဖြင့် 


"ကျွန်​မဘာလို့လူကြီးမင်းကို​ခေါ်ဖို့ဆုံးဖြတ်ရတာလဲသိလား၊ ဒီနှစ်ကကျွန်​မကျန်းရှို့ချန်ရဲ့ အတန်းပိုင်ဖြစ်တာ ဒုတိယ​မြောက်နှစ်ပဲ၊ မနှစ်က ကျွန်​မ မဒမ်နဲ့အကြိမ်​ပေါင်းများစွာ​ဆွေး​နွေးရပြီးပြီ၊ သူမကကျွန်​မတို့ဆရာ​တွေရဲ့လုပ်ထုံးလုပ်နည်း​တွေကိုအ​တော်​လေးလက်မခံလို့ ပိုပြီးခက်ခဲရတယ်၊ သူမလုပ်ပုံ​ကြောင့်ပဲ ကျန်းရှို့ချန်ကပိုပိုဆိုးလာတာ၊ဒါ​ကြောင့် ဒီ​နေ့​တော့ ကျွန်​မ ရှင်နဲ့ မျက်နှာချင်းဆိုင်​ဆွေး​နွေးဖို့လိုအပ်တယ်၊ လူကြီးမင်းအလုပ်များတာကိုနားလည်ပါတယ်၊ ဒါ​ပေမယ့် စိတ်ရင်းနဲ့အချိန်​ပေးပြီး ​​ရောက်လာဖို့​မျှော်လင့်ပါတယ်"


အတန်းပိုင်မှာ လျန်ယင်းယင်းနှင့် ကျန်းရှို့ချန်တို့​ကြောင့်မည်မျှစိတ်တိုခဲ့ရသလဲ​ပြော​တောင်မပြနိုင်​ချေ။ သူမ​လေသံကမူလွန်စွာမာ​ကြောလျက်ပင်။


ကျန်းဟွမ်မှာ စိတ်ညစ်ညစ်နှင့် လာရန်သ​ဘောတူလိုက်ရ​တော့သည်။ဖုန်းချပြီးသည်နှင့် ကျန်းရှို့ချန်၏ဥာဏ်များပုံကို​တွေးမိလျှင်​ ခေါင်းများပင်ကိုက်လာမိသည်၊ သူ၏ရင်ထဲမှ သူကိုယ်တိုင်​ရောက်သွားလျှင်ပင် ကျန်းရှို့ချန်၏ထိန်းချုပ်နိုင်မည်မဟုတ်​ကြောင်း သိ​နေခဲ့သည်။ထိုက​လေးမှာ​မြေလှိမ့်၍သာ ငို​နေမည်ဖြစ်ကာ မိမိမှာ မျက်နှာပျက်ရ​ချေမည်။


သို့နှင့်သူက ဒရိုင်ဘာကိုလည်းမကြည်၊ က​လေးကိုသွန်သင်ဆုံးမရန်မတတ်​သော လျန်ယင်းယင်းကိုလည်းမကြည်​တော့​ချေ။


ဒရိုက်ဘာကပြုံးလိုက်ကာ "ကျွန်​တော်ကြားတာ​တော့ အခု ယန်သခင်မ​လေး​က ရှို့ရှို့ကို ​ကောင်း​ကောင်းထိန်း​ကျောင်းနိုင်တယ်တဲ့​၊ ​ရှောင်ကျိုး​ပြောတာ ရှို့ရှို့ကို​ကျောင်းပို့ရတဲ့အခါတိုင်း ဟယ့်ဟယ့်က ရှိူ့ရှို့ဂျီကျ​နေရင် ယန်ယန်နာမည်သုံးပြီး​ခြောက်လိုက်တယ်​ပြောတယ်၊ သူကစိတ်တို​နေရင်​တောင် နားမ​ထောင်ပဲမ​နေရဲဘူးတဲ့"


ကျန်းဟွမ်၏​ခေါင်းထဲတွင် 'ဒင်'ခနဲအချက်ပြသံတစ်ခုမြည်ဟီးသွားခဲ့သည်။ 


ဟုတ်သားပဲ၊ ဒီငဆိုး​ကောင်​လေးကိုပညာ​ပေးဖို့ ကျန်းယန်ရှန့်ရှိ​နေတာပဲကို


"မင်းဘာမှလုပ်ဖို့မလိုပါဘူး၊ ဆရာမနဲ့က​တော့ အ​ဖေကပဲစကား​ပြောမှာပါ၊" ကျန်းဟွမ်ရှက်ရွံ့စွာဆိုလိုက်သည်။


"အဲ​ကောင်စုတ်​လေးကို ​မြေ​ပေါ်လှိမ့်ငိုပြီး အ​ဖေ့ကိုအရှက်မခွဲ​အောင်သာ တား​ပေးပါ​နော်"


ကျန်းယန်ရှန့် "သမီးအတန်းချိန်​တွေဘယ်​လောက်လွတ်သွားပြီလဲသိလား၊ စာ​တွေဘယ်​​လောက်​တောင် ပြန်မှတ်ရမလဲသိရဲ့လား"


"ဖြည်းဖြည်းပြန်လုပ်လို့ရတာပဲ​လေ​နော်၊ စိတ်မတိုပါနဲ့" ကျန်းဟွမ်အလျင်အမြန်သူမကို​ချော့လိုက်သည်။ 


"ပြီး​တော့သမီးရဲ့ လက်ရှိအဆင့်ကလည်း​ကောင်း​နေတာပါပဲ၊ သိပ်စိတ်မပူပါနဲ့"


ကျန်းဟွမ်ကပြုံးကာဆိုလိုက်သည်။ 

"ကိုယ့်ကိုယ်ကိုသိပ်ဖိအားမ​ပေးနဲ့ ၊ သမီးရဲ့အခြအ​ခြေအ​နေကို​တောင်အ​ဖေကျေနပ်​နေပြီ၊ အ​ဖေတို့က သားသမီး​တွေကိုညစာ​လေ့လာဖို့ဖိအား​ပေးမယ့်မိသား စုမျိုးမဟုတ်ဘူး၊ သမီးကတခြားသူ​တွေထက်​တောင်သာလှပြီ၊ ခု​အ​ခြေအ​နေ​လေးကိုပဲထိန်းထားရင်ရပြီ"


ကျန်းဟွမ်​ပြောသည်က လုံး၀လက်မခံနိုင်စရာ​တော့မဟုတ်​ချေ။ ကျန်းယန်ရှန့်မှာတခြားရွယ်တူများနဲ့ကွာခြားလှသည်။အဆင့်များနှင့် ရလဒ်များမှာ သူမဘ၀ကိုပိုလှ​အောင်တန်ဆာဆင်​ပေး​နေရုံသာရှိသည်။  ၄င်းတို့ကသူမဘ၀၏အနိမ့်အမြင့်ကိုမဆုံးဖြတ်​ပေးနိုင်​ချေ။


သူမမှာ​လော​လောဆည်အတန်း၂မှာသာရှိ​သေး​သော်လည်း အ​ခြေအ​နေကဤသို့ဖြစ်​နေ​ချေပြီ။ ​နေ့စဥ်​နေ့တိုင်း စာကိုအာရုံစိုက်လုပ်​နေရသည်။ 


သို့​သော်ကျန်းယန်ရှန့်မှာစိတ်တို​နေတုန်း​ပေမို့ သူ့အားစကားမ​ပြောလို​ချေ။


ကားသည်​ကျောင်း၀န်းထဲသို့၀င်လာလျှင် ကျန်းရှို့ချန်နှင့် ကျန်းဟယ်လင်တို့မှစာသင်​နေစဥ်ဖြစ်သည်။ 


ကျန်းရှို့ချန်၏အတန်းပိုင်မှာ ကျန်းဟွမ်က မိန်းက​လေးတစ်​ယောက်ကိုပါ​ခေါ်လာသည်ကိုမြင်လျှင် အံ့သြသွားခဲ့သည်။


ကျန်းဟွမ်က​ပြောလိုက်သည်။

"ဒါကသမီးအကြီးဆုံးပါ"


"မင်္ဂလာပါ"ကျန်းယန်ရှန့်ကဆရာမဖြစ်သူကိုနှုတ်ဆက်လိုက်သည်။ 

"စိတ်​တော့မရှိပါနဲ့ ကျန်း​ရှို့ချန်ဘာပြသနာမျိုးရှာခဲ့တာများလဲ"


​မေးရင်းဖြင့်သူမသည် ကျန်းရှို့ချန်အား ကြည့်လိုက်သည်။ 


ကျန်းရှို့ချန်မှာ သတိလက်လွတ်ဖြင့်​ထောင့်သို့ကုပ်သွားမိ​လေသည်။ သူ့အ​​ဖေဖြစ်သူနှင့်အတူအစ်မပါ​ရောက်လာသည်ကိုမြင်လျှင်သူ၏နှလုံးသားထဲမှ မ​ကောင်း​သောခံစားချက်များ​ပေါက်ဖွားလာခဲ့သည်။


သူကဘာလို့​ရောက်လာတာလဲ


ဘာလို့​​ရောက်လာတာလဲ


ဘာလို့​​ရောက်လာတာလဲ


သို့​သော်ကျန်းရှို့ချန်သူမကို​မောင်းထုတ်၍မရ​ပေ။

သူကတုန်ရီလျက် သူ၏အပြုအမူမှာလည်းချက်ချင်း​ပြောင်းလဲသွား​တော့သည်။


ဆရာမသည်လည်းတစ်စုံတစ်ခုကိုခံစားမိကာ သူမကိုထူးဆန်းစွာကြည့်လာခဲ့သည်။


ဤမိန်းက​လေးမှာအထက်တန်း​ကျောင်းသူနှင့်တူ​နေသဖြင့်သူမအနည်းငယ်အံ့အားသင့်မိ​သည်။


သူမဒီအချိန်​ကျောင်းတက်​နေရမည်မဟုတ်ပါ​လော။

သို့​​သော်​လော​လောဆည်အာရုံစိုက်ရမည်မှာ ကျန်းရှို့ချန်သာဖြစ်သည်မို့ သူတို့အားရုံးခန်းထဲသို့ဖိတ်​ခေါ်လိုက်သည်။


ကျန်းယန်ရှန့်ကမူလိုက်မ၀င်သွားပဲ၏

"အပြင်ကပဲ​စောင့်မယ်"


ကျန်းဟွမ်မှာကျန်းယန်ရှန့်နှင့် မခွာရဲ​ချေ။ အတန်းပိုင်​ရှေ့တွင်မျက်နှာပျက်ရမည်စိုးလှသဖြင့် အမြန်​ပြောလိုက်သည်။


"ဒါဆိုလည်း သမီး​မောင်​လေးကိုခဏကြည့်ထား​​​ပေး​နော်"


သူကသူမကိုမျက်လုံးတဖက်ပင်မှိတ်ပြလိုက်​သေးသည်၊ ကျန်းရှို့ချန်အားသူမထံပစ်​ပေးလိုသည်မှာ​ကောင်းကင်ကြီးထက်ပင်ကြည်လင်​နေ​သေးသည်။


ကျန်းယန်ရှန့်မှာ​ခေါင်းကိုလှည့်၍အကြည့်မလွှဲမိ​စေရန် စိတ်ထိန်းထားလိုက်ရသည်။ ပြီး​တော့ ကျန်းရှို့ချန်၏ အတန်းပိုင်​ရှေ့တွင် မျက်လုံးလှိမ့်မရခဲ့​ချေ၊


အတန်းပိုင်သည်လည်းကျန်းရှို့ချန်ကို​ကောင်း​ကောင်းသိသည်ပင်၊ မူလတွင်သူမသည်ကျန်းရှို့ချန်ကိုပါ​ခေါ်လျက် ကျန်းဟွမ်နှင့် အတူစကား​ပြော​စေလိုခဲ့သည်။ ခဏမျှစဥ်းစားပြီးသည့်​နောက်တွင် ကျန်းရှို့ချန်၏​အ​နှောင့်အယှက်မပါပဲ ကျန်းဟွမ်နှင့်အရင်​ဆွေးနွေးတာလည်းမဆိုးဘူးဟု​တွေးလိုက်​လေသည်။


​ပြောရလျှင် ကျန်းရှို့ချန်၏အ​​မေဖြစ်သူနှင့် လွန်ခဲ့​သောနှစ်၀က်က​တွေ့ခဲ့ဖူး​သော်လည်း ကျန်းရှို့ချန်မှာ ​အ​မေဖြစ်သူကို​တွေ့သည်နှင့်မြေလှိမ့်ကာငိုပြပြီး ဆရာမမှာလည်းစိတ်ဒဏ်ရာကြီးပင်ကျန်ရစ်သည်အထိ၊


ပိုဆိုးသည်က ကျန်းရှို့ချန်၏အ​မေဖြစ်သူမှာ က​​လေးဘက်ကအပြည့်အ၀​ထောက်ခံ​နေခြင်းပင်။


"ဘာများဖြစ်​နေလို့လဲ၊ သူကအခုမှက​လေးပဲရှိ​သေးတယ်" 


"ဘာလို့​ရေးကြီးခွင်ကျယ်လုပ်​နေတာလဲ"


၄င်းမှာ ငါတို့သားအမိနှစ်​ယောက်ကိုဘယ်သူမှလာရှုပ်လို့မရဘူးဟူ​သော အမူအယာပင်၊


လူကြီးများအတန်းထဲသို့၀င်သွား​သောအခါ ကျန်းယန်ရှန့်နှင့်အတူ ​ကော်ရစ်တာကို မျက်လုံးအပြူးသား စိုက်ကြည့်​နေ​သော ကျန်းရှို့ချန်သာလျှင်ကျန်ရစ်​လေသည်၊


Xxxxx


Part 130


ကျန်းရှို့ချန်မှာ ယ​နေ့​တော့ပြသနာတက်​​နေခဲ့သည်။ 

ကျန်းယန်ရှန့်၏ အကြည့်ထံမှထုတ်လွှတ်​နေ​သော ဖိအား​ကြောင့် သူ့မှာ တုတ်တုတ်ပင် မလှုပ်နိုင်​ချေ။

သူကဇက်က​လေးပုလျက် ကျန်းယန်ရှန့်နှင့်အ​​ေ၀းကိုထွက်​ပြေးချင်​နေခဲ့သည်။


ဆရာမက ရုံးခန်းတံခါးကိုပိတ်လိုက်လျှင်အတွင်းမှ စကား​ပြောသံခပ်သိပ်သိပ်ကိုကြားရ​လေသည်။ ​ကော်ရစ်တာမှာစကား​ပြောရန်​နေရာ​ကောင်းမဟုတ်၊ ကျန်းရှို့ချန်ကကုပ်​ချောင်းကုပ်​ချောင်းနှင့်​ပြေးဖို့ကြိုးစား​နေသည်ကိုမြင်လျှင် ကျန်းယန်ရှန့်မှာ နှာမှုတ်လျက် ဂုတ်က​နေဆွဲကာ အပြင်သို့​ခေါ်ထုတ်သွားခဲ့သည်။


"နင်ဘာလုပ်ခဲ့သလဲငါ့ကို​ပြော" သူမကသူ့ကို​နေ​ပူထဲပစ်ထုတ်လိုက်ပြီး လက်ကိုပိုက်ကာ​မေးလိုက်သည်။


ကျန်းရှို့ချန်မှာဖြူဖြူနုနု​လေးကြီးပြင်းလာခဲ့ကာ သူ၏အဆီများဖြင့်​​ ဖောင်း​နေ​သောပါးပြင်မှာ​ ​နေရောင်​အောက်တွင်ချစ်စရာ​ကောင်းပုံ​ပေါ်​နေသည့်တိုင် အကျင့်က​တော့တစက်မှမ​ကောင်း​ချေ။


လက်မှုအတန်းချိန်တွင် သူကကပ်​ကြေးဖြင့်သူ့​ရှေ့မှ​ကောင်မ​လေး၏ ကျစ်ဆံမြီးကိုညှပ်ပစ်ခဲ့သည်။


ကျန်းယန်ရှန့် အသက်ကိုပြင်းပြင်းတစ်ချက်ရှုလျက် ​ဘေးဘီကိုကြည့်လိုက်သည်။


ကျန်းရှို့ချန်မှာ သူမထိုပုံစံကိုမြင်လျှင် တုန်တက်သွား​တော့သည်။ သူ၏အစ်မကြီးမှာ သူ့ကိုရိုက်နှက်​ချင်​နေပြီ။


သူ၏အတန်း​ဖော်များကသာ သူ့အစ်မကသူ့ကို​ဘောင်းဘီချွတ်ရိုက်​နေသည်ကိုမြင်လျှင် သူ့မှာ အသက်ဆက်ရှင်ဖို့သိက္ခာ​တွေကျန်​တော့မည်မဟုတ်​​ချေ။မည်သူမျှသူ့ကို​ ကြောက်တော့မည်မဟုတ်၊ လူတိုင်းကသူ့ကိုရယ်ကြလိမ့်မည်။


ကျန်းရှို့ချန်မှာ​တွေး​လေ​ ကြောက်လာ​လေပင်။ ​အော်ငိုလျက်ပင်သူက ကျန်းယန်ရှန့်​၏​ပေါင်ကို​ပြေးဖက်လိုက်သည်။ 


"အစ်မ သားမှားပါတယ်၊ ထပ်မလုပ်​တော့ပါဘူး၊ အိမ်​ရောက်မှ​ရိုက်လို့မရဘူးလားဟင်၊ ​နော်"


ကျန်းယန်ရှန့်"..."


ကျန်းယန်ရှန့်မှာအ​ခြေအ​နေကရှင်းပြရခက်သည်ဟုခံစားလိုက်ရသည်။ သူမမရိုက်ရ​သေးပဲဘာလို့ ​ခွေးပေါက်တစ်​ကောင်လို့​အော်ငို​နေရပါသနည်း၊ ငိုသံကလည်းအကျယ်ကြီးပင်၊


သူမ၏နဖူးတွင်​သွေး​ကြောများပင်ထလာခဲ့သည်။

"ပါးစပ်ပိတ်ထား"


ကျန်းရှို့ချန်တိတ်ဆိတ်သွားခဲ့သည်။


ကျန်းယန်ရှန့်မှာသူမနဖူးမှ​သွေး​ကြောများကိုပွတ်သပ်ကာ​ဖြေလျော့ရင်း​မေးလိုက်သည်။

"သူများဆံပင်ကိုဘာလို့ညှပ်ချင်ရတာလဲငါ့ကို​​ပြော"


ကျန်းရှို့ချန်မှာပွစိပွစိ​ပြော​နေ​သေည်လည်း သူ၏အသံမှာခြင်​တောင်ပံခတ်သံလို တိုးလှရာသူမ​ကောင်းစွာမကြားရ​ချေ​။


ကျန်းယန်ရှန့်စိတ်မရှည်စွာ

"ကျယ်ကျယ်​ပြောစမ်း၊ နင်ထမင်းမစားထားလို့လား"


ကျန်းရှို့ချန်၏အသံကချက်ချင်းကျယ်လာပြီး


"အဲ အဲဒါကအရမ်းကြည့်​ကောင်း​နေလို့"


 အ​ဖြေမှာကျိုး​ကြောင်းဆီ​​လျော်မှုမရှိသဖြင့် သူမမှာသူ့အားပို၍ပင်ရိုက်နှက်ချင်သွားသည်။


"ကြည့်​ကောင်းတဲ့သူ​တွေကနင့်ကိုဘာများလုပ်​နေလို့လဲ၊ နင်နဲ့ဘာဆိုင်လဲ၊ နင်မနာလိုဖြစ်​နေတာလား"

ကျန်းယန်ရှန့်​မေးလိုက်သည်။


ကျန်းရှို့ချန်​ပြောလိုက်သည်။

"မနာလိုတာမဟုတ်ပါဘူး၊ သူကကျစ်ဆံမြီး​​တွေနဲ့အရမ်းကြည့်​ကောင်း​နေလို့ သားကစချင်ရုံပါ"


"..."ကျန်းယန်ရှန့်


" ငါသိချင်တာက နင်ဘာလို့အဲလိုလုပ်တာလဲဆိုတာပဲ​ပြော" 


ကျန်းရှို့ချန်ထပ်​ပြောလာသည်၊


"သူကချစ်ဖို့​ကောင်းလို့"


ကျန်းယန်ရှန့်ဆွံ့အသွား​တော့သည်။


သူမကကျန်းရှို့ချန်ကိုခဏမျှစိုက်ကြည့်​နေပြီးမှ

"ကျန်ရှို့ချန် နင်သူ့ကိုကြိုက်​နေတာလား"


​မေးပြီးသည်နှင့်ဤ​ကောင်စုတ်​လေး၏မျက်နှာမှာ နီရဲသွား​တော့သည်။


ကျန်းယန်ရှန့်မှာ သူမနားမလည်နိုင်​တော့သလိုခံစားလိုက်ရသည်။ 


ကျန်းဟယ်လင်၏အတန်း​ဖော်​ကောင်​လေးက သူမကိုသ​ဘောကျ​နေသည်နှင့်အတူတူပင်။


ကျန်းရှို့ချန်က ချစ်ဖို့​ကောင်းလွန်း​နေသည်။ 


​သေစမ်း က​လေး​တွေကဘာလို​​သောက်ရမ်းချစ်ဖို့​ကောင်းရတာလဲ


"နင်အရူးလား" ကျန်းယန်ရှန့်သက်ပြင်းချလျက် အံကိုကြိတ်ကာ​ကောင်စုတ်​လေး၏နဖူးကိုလက်ညှိုးဖြင့်ထိုးလိုက်သည်။


သူမ၏သန်မာ​သောအား​ကြောင့်ကျန်းရှို့ချန်မှာ သူ့နဖူးကိုပွတ်လျက် မျက်ရည်များ၀ဲလာ​တော့သည်။


"တစ်​​ယောက်​ယောက်ကိုကြိုက်ရင် ဘာလို့အနိုင်ကျင့်ရတာလဲ၊ နင်တို့လိုမူလတန်း​ကျောင်းသား​တွေ ဘာလို့အရမ်းတုံးရတာလဲ"


သူမရုတ်ချည်းဆိုသလို အတိတ်ဘ၀မှ ကျန်းရှို့ချန်လုပ်ခဲ့သည်များကို သတိရသွားမိသည်။


ပုံမှန်က​လေးများမှာ အသက်ကြီးလာသည်နှင့်အမျှ တဖြည်းဖြည်းရင့်ကျက်လာလိမ့်မည်၊ ဥပမာကျန်းဟယ်လင်း၏ကျစ်ဆံမြီးကိုဆွဲ​သော​ကောင်​လေးမှာအနာဂါတ်တွင် နူးညံ့ညင်သာ​သော လူကြီးလူ​ကောင်းတစ်ဦးဖြစ်လာလိမ့်မည်။ 


သို့​သော် ကျန်းရှိူ့ချန်ကြီးပြင်းလာ​သော ပါတ်၀န်းကျင်ကမူ မ​ကောင်းခဲ့​ချေ​။ သူကအမှားအမှန်ကိုမသိ သွန်သင်ဆုံးမမှုမရှိပဲကြီးပြင်းလာခဲ့သည်။ သူကရင့်ကျက်လာရမည့်အစား လမ်းလွဲသို့သာ​ရောက်ရှိသွားခဲ့သည်။


ကျန်းယန်ရှန့်သည် ဤ​နေ့အဖြစ်အပျက်မှာကျန်းရှို့ချန့်ဘ၀အတွက်အ​ရေးပါ​​သော အခိုက်အတန့်ဖြစ်ကြောင်း​တွေးမိလိုက်သည်။ 


လွန်ခဲ့​သော ​နွေပိတ်ရက်တွင်သူမပြန်​မွေးဖွားလာသကဲ့သို့ သူမတွင်အနာဂါတ်အတွက်​ တွေး​တောချိန်ရှိခဲ့သည်။ ပြန်သုံးသပ်နိုင်သည်။ သူမအလျင်အမြန်ပင် အတန်း​ကောင်း​ကောင်းသို့၀င်​ရောက်နိုင်ခဲ့သည်။ 

ထိုမှစ၍သာမာန်ဘ၀တွင်သာ​ ပျော်​မွေ့ကာ စာကိုသာအာရုံစိုက်​နေ​တော့သည်။


ကျန်းရှို့ချန်၏​ခေါင်းကိုပွတ်​နေ​သောကျန်းယန်ရှန့်၏လက်မှာ ရပ်တန့်သွားပြီး လက်သီးဆုပ်လိုက်​လေသည်။


သူမကသက်ပြင်းရှည်ကြီးချလျက် ငုတ်တုတ်ထိုင်ချလိုက်သည်။ 


"ကျန်းရှို့ချန်ငါနင့်ကို​မေးမယ်"

သူမသည်က​လေးငယ်၏မျက်လုံးထဲကိုစိုက်ကြည့်လိုက်ပြီး 

"နင်တစ်​ယောက်​ယောက်ကိုသ​ဘောကျရင် အဲဒီလူကိုလည်းနင့်ကိုပြန်ကြိုက်​စေချင်တယ်မလား"


ကျန်းယန်ရှန့်သူ၏​ခေါင်း​လေးကိုကာလျက်​ခေါင်းငြိမ့်လိုက်သည်။


ကျန်းယန်ရှန့်​ပြောလိုက်သည်။

"ဒါ​ပေမယ့်အဲဒီလူက နင့်ကိုပြန်မကြိုက်တဲ့အခါ နင်ဘယ်လိုခံစားရမလဲ"


ကျန်းရှို့ချန် မျက်​တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်၊


သူမက​မေးလိုက်သည် အခုနင့်ကိုတစ်​ယောက်​ယောက်ကအနိုင်လာကျင့်ရင်​ရော နင်ခံနိုင်မလား"


​သေချာ​ပေါက်ပင် ကျန်းရှို့ချန်​အော်ဟစ်လိုက်သည်။


"အဲ​ကောင်ကိုရိုက်ပစ်မယ်"


ကျန်းယန်ရှန့်သက်ပြင်းချလိုက်ကာ 

"ဒီ​တော့ နင်တခြားသူ​တွေကိုအနိုင်ကျင့်ရင် တခြားသူ​တွေကလည်းနင့်ကိုမုန်းမှာပဲ၊ ​သေချာစဥ်းစား ငါမှန်လားဆိုတာ"


ကျန်းရှို့ချန်ခဏမျှ​တွေး​တောလိုက်သည်၊ သူအ​တော်​လေး​ကြောင်သွားပုံပင်၊


သတိမမူမိခင်မှာပင် သူ၏သုံးဖက်အမြင်မှာ ​ကြေကွဲသွား​တော့သည်။


ကျန်းယန်ရှန့်သူ့ကိုကြည့်လိုက်သည်၊ သူကအခုထိက​လေးသာသာပင်၊ သို့​သော်၄င်းမှာ မည်သူကမျှ သူ့ကိုအကျိုးအ​ကြောင်း ရှင်းပြသည်မျိုးမရှိခဲ့ဖူး၍ဖြစ်သည်၊ သူဘာအမှားပဲလုပ်လုပ် 'ငယ်​သေးလို့ပါ'ဟုသာ​ပြောကြလိမ့်မည်၊ သို့နှင့်သူကအမှားများကိုသာထပ်တလဲလဲလုပ်မိ​နေလိမ့်မည်။


"လူတစ်​ယောက်ကိုကြိုက်တယ်ဆိုတာအဲလိုမဟုတ်ဘူး၊ "


ကျန်းယန်ရှန့်ကဆိုလိုက်သည်။ 


"နင်ကသူ့အ​ပေါ်​ကောင်းဖို့လိုတယ်၊ သူကြိုက်တဲ့ဟာ​တွေ​​ပေးရမှာ၊ သူမကို​ပျော်​အောင်လုပ်​ပေးရမှာ ၊ သူမကိုကာကွယ်​ပေးရမှာ၊ နင်ကိုယ်တိုင်ကသူမကိုအနိုင်ကျင့်ရမှာမဟုတ်ဘူး အရူးရဲ့"


"ငါ့ကိုကြိုက်​နေတဲ့​ကောင်​လေးရှိတယ်၊ သူငါ့ကိုဘာ​ပြောခဲ့လဲသိလား" 


_________


(ကျန်းယန်ရှန့်သည် သူမ၏စီးကရက်ကိုကိုက်လျက် ပြုံးလိုက်သည်။ 


သူမ​ပြောသည်ကိုကြားလျှင် ရှုလီချန်မှာမီးခိုး​ငွေ့များကိုမှုတ်ထုတ်လျက် ရူးသွပ်စွာရယ်လိုက်သည်။


၄င်းကကျန်းယန်ရှန့်ရင်ထဲမှအခုန်မြန်လာ​စေကာ သူမကိုယ်တွင်းမှအပူကပိုဆိုးလာခဲ့သည်။ သူမ​ခေါင်းကိုလှည့်လျက် ၀ိုင်တစ်ငုံခန့်​သောက်ကာ​ရှောင်ရှားလိုက်သည်​။ သူမစီးကရက်တငုံ​သောက်ရန်ပြန်လှည့်လိုက်ချိန်တွင်  ရှုလီချန်ကသူမ၏လက်​​ကောက်၀တ်ကိုဆွဲလာခဲ့သည်။ 


အခန်းတွင်းရှိပါတီမှာ မီး​ရောင်စုံများနှင့် ကျယ်​လောင်​သော သီချင်းသံများနှင့် လူတိုင်းကရူးသွပ်စွာကခုန်​နေကြသည်။ မည်သူမျှ​ထောင့်ကွယ်ကိုသတိမထားမိကြ​ချေ။


သူတို့နမ်းမိလုနီးပါးပင်။


၀မ့်ချမ်သာ၀ိုင်နှင့်အတူ​ရောက်မလာခဲ့လျှင်​ပေါ့။)


T/N ဒါက သူပြန်တွေးတဲ့ပုံမျိုး တစ်ဖြတ်ပါလာခဲ့တာပါ နောက်အပိုင်းက အဆက်စပ်မရှိတော့ ကြောင်သွားမှာစိုးလို့ ...

Xxxxxx