Part 197
"ပထမအချက်က ဇာတ်ညွှန်းပဲ..ပြီးခဲ့တဲ့ နှစ်တွေက ငွေတွေအများကြီး မြတ်ခဲ့တဲ့ ဒရာမာတွေက ဇာတ်အိမ်ခိုင်တဲ့ ဒရာမာတွေချည်းပဲ...လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ ရေပန်းစားလာခဲ့တဲ့ ဒရာမာတွေက ဆိုရင် ဇာတ်ဆောင်အမျိုးသမီးကို အသားပေးထားတဲ့ ဇာတ်လမ်းတွေပဲ....အခုဆိုရင် ဝတ္ထုတွေ အားလုံးကို လိုက်လျောညီထွေ ဖြစ်အောင် ရိုက်ကူး လာကြတဲ့ အတွက် အမျိုးသား ဇာတ်ဆောင်ကို ဦးစားပေးတဲ့ ဇာတ်ကားတွေကိုလည်း လူတွေက သဘောကျနေကြပြီ.... အစ်မက သုတေသန လုပ်တုန်းက ဒီပရောဂျက်ကို လေ့လာဖြစ်လို့ သိနေတာ...အဲ့တော့ ဒရာမာ အများစုဟာ ငွေအများကြီး မမြတ်နိုင်ပေမဲ့ သင့်တင့်တဲ့ ပမာဏအထိ တော့ မြတ်နေမှာပဲ...ပြီးတော့ ဒရာမာက ပေါက်သည်ဖြစ်စေ...မပေါက်သည်ဖြစ်စေ မြတ်နိုင်တယ်....”
"ရပါပြီ..အစ်မမို...ကျေးဇူးတင်ပါတယ်..."
ကျန်းယန်ရှန့်က ကျေးဇူးတင်စကားဆ်ုလိုက်သည်။
“ညီမက ဒရာမာမှာ ရင်းနှီး မြှုပ်နှံချင်လို့လား...”
“မဟုတ်ပါဘူး...ဒါရိုက်တာရှယ်ရဲ့ ရုပ်ရှင်မှာ ရင်းနှီးမြုပ်နှံခဲ့ပြီးပြီလေ... အခု လောလောဆယ် ဆက်ပြီး ရင်းနှီးမြုပ်နှံဖို့ အစီအစဉ်မရှိပါဘူး...ညီမကျောင်းတက် ရဦးမယ်လေ...ဒီဒရမ်မာမှာ တစ်ယောက်ယောက်က ရင်းနှီးမြုပ်နှံ ချင်တယ်ဆိုလို့ မေးကြည့်လိုက်တာပါ...ကျေးဇူးနော်..."
ဖုန်းချပြီးနောက် ကျန်းယန်ရှန့်က မိုလင်း ပြောသည်ကို ကျန်းဟွမ်အား ပြောပြလိုက်သည်။
" အတူတူပါပဲ... ပိုက်ဆံကို သိမ်းထားရုံနဲ့ အမြတ်မရဘူး.... ဒါကြောင့် တခြားတစ်ခုခုလုပ်ဝာာ ပိုကောင်းတယ်....."
"အစ်မ ချီချီရဲ့ ပရောဂျက်က မြတ်လိမ့်မယ် လို့ သမီးထင်တယ်.."
" ကိုယ့်ကိုကိုယ် အရင် စိတ်ပူပါဦးလေ...သမီး ရှုံးသွားရင် ဘယ်လိုလုပ်မလဲ...."
"အဖေက ရှုံးမယ်လို့ ထင်နေတာလား...."
ကျန်းဟွမ်က ဝန်မခံပေ။
“အဖေက ဘယ်လိုလုပ် ရှုံးစေချင်မှာလဲ...အဲ့ဒါ အဖေ့ ပိုက်ဆံတွေလေ..."
တစ်ဖက်တွင် ကျန်းယု၏ဇနီး ကျန်းယန်ရှန့်၏ အဒေါ်ဖြစ်သူ၏မျိုးရိုးအမည်မှာ ကျိုး ဖြစ်ပြီး အမည်အပြည့်အစုံမှာ ကျိုးလန်ဖန် ဖြစ်သည်။ ကျိုးလန်ဖန်မှာ တစ်လမ်းလုံး ဒေါသတကြီး ဖြစ်နေသည်။
"လွန်လွန်းတယ်.. ယန်ယန် ရင်းနှီးမြုပ်နှံတုန်းက ယွမ်သန်း ၂၀ ပေးတယ်... ဒါပေမယ့် ချီချီ အလှည့်ကျတော့ သူမက ယွမ် ၅ သန်းပဲ ပေးတယ်...ဘာပဲဖြစ်ဖြစ် ချီချီက အကြီးဆုံးမြေးပါ... သူမက ကောလိပ် ကျောင်းသူ တစ်ယောက်ပဲ... စီးပွားရေးလုပ်နည်းကို သင်ယူဖို့ အချိန်တန်ပြီ...ယန်ယန် ဆိုရင် အထက်တန်း ကျောင်းသူလေးပဲရှိသေးတာ..."
ကျန်းယုက သူမကို အော်ငေါက်လိုက်သော်လည်း ကျိုးလန်ဖန်က မတုံ့ပြန်သဖြင့် ဒေါသထွက်လာရသည်။
"ငါ ကားမောင်းနေတယ်... မင်းဘာလို့ ဆူညံနေတာလဲ...."
ကျိုးလန်ဖန်က ဒေါသတကြီးပြောလိုက်သည်။
"ရှင် ကာားမောင်းတာ ပါးစပ်နဲ့မောင်းနေရလို့လား...မောင်းလေ... မတရားဘူးထင်ရင် ပြန်လှည့်ရအောင်...အဘွားကျန်းနဲ့ စကားပြောမယ်...."
ကျန်းယု စိတ်ညစ်သွားရသည်။ ကျိုးလန်ဖန်သည် အဘွားကျန်းနှင့် စကားပြောရန် သတ္တိမရှိမှန်း သူသိနေသော်လည်း စိတ်ညစ်နေသည်။
“အဲဒါ အမေ့ရဲ့ ပိုက်ဆံပဲ...သူမ ကြိုက်သလောက် ပေးလို့ရတာပဲ...သူမကို ဘယ်သူမှ မထိန်းချုပ်နိုင်ဘူး...ပြီးတော့ သူမက ဘာမှမလုပ်ပေးဘူးဆိုရင်တောင် အပြစ်ပြောစရာ မလိုဘူး...."
" ၁၀ သန်းပဲဖြစ်ဖြစ်...သန်း ၂၀ ပဲဖြစ်ဖြစ် ကျွန်မ ဂရုမစိုက်ဘူး...အဘွားကျန်း က မျက်နှာလိုက်လို့ စိတ်ဆိုး နေတာ..."
"ဘာမှမဟုတ်ပါဘူး... သူတို့အားလုံးက သူမရဲ့ မြေးတွေပဲလေ... အဘွား ကျန်းက ဘယ်သူ့ကိုမှ မျက်နှာမလိုက်ပါဘူး...”
ကျိုးလန်ဖန်၏ အသံမှာ ပို၍စူးရှလာရသည်။
"မျက်နှာ မလိုက်ဘူးပေါ့... ဒါဆိုပြောပါဦး... ဒီ ၅ သန်းနဲ့ သန်း ၂၀ လေ... ၁၅ သန်းတောင်ကွာနေတယ်..."
"မတူဘူးလေ....ယန်ယန်က ရင်းနှီးမြှုပ်နှံဖို့ အရင်တွေးမိတာ... ကျန်းဟွမ် ကသာ ရင်းနှီးမြုပ်နှံဖို့ သဘောတူရင် သူမက နှစ်ဆပေးမယ်လို့ ပြောခဲ့တာ.....ယန်ယန် ကံကောင်းလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ... သူမက ယုံကြည်စိတ်ချရတဲ့ လူတစ်ယောက်ဆီက တကယ် ယုံကြည်စိတ်ချရတဲ့ ပရောဂျက် တစ်ခုကို ရှာတွေ့ခဲ့တာမလား... ကျန်းဟွမ်က အဲ့ဒီ ပရောဂျက် အဆင်ပြေတာကို မြင်တော့ သူက ယွမ် ၁၀ သန်း ရင်းနှီးမြုပ်နှံလိုက်တယ်...ကြည့်စမ်း...သူက ငါတို့ထက် ပိုနာတယ်... ချီချီအတွက် ငါတို့က ယွမ် သန်း ၂၀ ရင်းနှီးမြှုပ်နှံပေမယ့် သူက ယွမ် ၁၀ သန်းပဲ ရင်းနှီးမြှုပ်နှံတယ်...အဘွားကျန်း သိတော့ သူပြောသမျှရဲ့ နှစ်ဆဆိုတော့ ယွမ် သန်း ၂၀ ပေးလိုက်တာပေါ့...သူမက ပြောပြီးစကားကို တည်အောင် လုပ်တယ်လေ...ချီချီအတွက် သူမကို ယွမ်သန်း ၂၀ ပေးခိုင်းလို့ မရဘူး...သူမက ကတိမှမပေးထားတာ...”
ကျန်းယူက ဆက်ပြောပြန်သည်။
"မတရားဘူးထင်ရင်လည်း ငါမင်းစကားကို နားထောင်မယ်...ပြန်လှည့်သွားရအောင်...အမေ့ကိုပြန်ပြောမယ်....”
"မပြောနဲ့..."
ကျိုးလန်ဖန် က ဒေါသတကြီးပြောလိုက်သည်။
"ဘယ်သူက မကျေနပ်တာလဲ... မကျေနပ်ဘူးလို့ ဘယ်သူပြောလဲ...ကျွန်မကို လွှဲမချနဲ့.... အိမ်ပြန်ရအောင်..."
ကျန်းယု ရယ်မောလိုက်မိသည်။ကျိုးလန်ဖန်က သူမနောက်တွင် ထိုင်နေသော ကျန်းချီကို လှည့်ပြီး ဆူပူကြိမ်းမောင်းလိုက်သည်။
"နင်ဟာလေ တော်တော် ညံ့တာပဲ...နင်လည်း နင့်အဖွားနဲ့ လိုက်သွားတာပဲ... ယန်ယန်က ရင်းနှီးမြှုပ်နှံဖို့ ပရောဂျက် ဘယ်လိုရှာရမလဲ ဆိုတာကို သိတယ်... အခုတော့ နင်က နင့်အဖွားဆီမှာ မထင်ပေါ်တော့ဘူး..."
ကျန်းချီက ခေါင်းကိုငုံ့ပြီး စကားတစ်ခွန်းမှ မပြောဘဲ နှုတ်ခမ်းကို ကိုက်ထားလေသည်။ ကျန်းလင်းက သူ့အမေ တစ်လမ်းလုံး ညည်းညူနေမည် ဆိုသည်ကို ကားပေါ် ရောက်ကတည်းက သိထား၍ နားကြပ်ကို တပ်၍ သီချင်းနားထောင်နေသည်။
သားသမီးမြေးမြစ်များ ပြန်သွားကြလျှင် အဘွားကျန်း ငြိမ်သက်စွာ ထိုင်နေလေသည်။
အိမ်အကူ အဒေါ်ကြီးတစ်ယောက်က သူမအတွက် လက်ဖက်ရည်ကို ယူလာပြီး ညင်သာစွာ မေးလိုက်သည်။
“အဘွားကျန်း ဘာဖြစ်နေတာလဲ...”
ထိုအိမ်အကူအဒေါ်ကြီးသည် အဘွားကျန်းနှင့် နှစ်ပေါင်းများစွာ နေလာခဲ့ပြီး သဖြင့် အဘွားကျန်း၏ စိတ်ခံစားချက်များကို သိနားလည်သူ ဖြစ်သည်။
အဘွားကျန်း က သက်ပြင်းချလိုက်ပြီး လက်ဖက်ရည်ကို ညင်သာစွာ မှုတ်လိုက်သည်။
“ငါ စိတ်ပူတယ်...”
“အဘွားကို ကြည့်စမ်းပါဦး... အဘွားက ချမ်းသာတယ်လေ...ပြီးတော့သားသမီးတွေ မြေးတွေလည်း ရှိတယ် ဘာစိတ်ပူစရာရှိလို့လဲ..."
"သားနှစ်ယောက် အတွက် စိတ်ပူနေမိတယ်...တစ်ယောက်က စိတ်ကောင်းရှိပြီး စီးပွားရေးကို စီမံခန့်ခွဲနိုင်ပေမယ့် သူ့မိန်းမက ငါ့ကို သိပ်သဘောမကျဘူး...ဒါပေမယ့် သူ့မိန်းမကို ကောင်းကောင်း ထိန်းနိုင်တယ်...နောက်တစ်ယောက်က အရမ်းတော်တဲ့ မိန်းမနဲ့ လက်ထပ်ရပေမယ့် သူမက အစောကြီး ဆုံးသွားတော့ သူဘာလုပ်ရမှန်း မသိဖြစ်နေချိန်မှာ နောက်ထပ် မိန်းမတစ်ယောက်ကို အိမ်ခေါ်လာတယ်လေ....တစ်ကယ့် ပြဿနာကောင်ပဲ...”
Xxxxxx
Part 198
အဒေါ်ကြီးက ပါးစပ်ကို အုပ်ပြီး ပြုံးလိုက်သည်။
“အခုတော့ အဲ့ဒီမိန်းမက မမလေး ယန်ယန်ကို ကြောက်နေရပြီလေ...”
"ယန်ယန်က သူမဘာသာသူမ ကောင်းကောင်း ရပ်တည်နေတာပဲ...လူတွေဟာ သူတို့ဘာသာသူတို့ မရပ်တည်နိုင်ရင် ဘယ်သူကမှ ကူညီမှာ မဟုတ်ဘူး..... ဒါပေမယ့် ယန်ယန်က စိတ်ဓာတ်မကျခဲ့ပါဘူး...."
အဒေါ်ကြီးက ပြောလိုက်သည်။
“ဒီနေ့ အဘွား ငွေတွေထပ်သုံးလိုက်ပြန်ပြီမလား..."
“ဘာတတ်နိုင်ရမလဲလေ... အသက်ကြီးလာတော့ ပိုက်ဆံဖြုန်းတဲ့ ဆယ်ကျောက်သက်တစ်ယောက်လို ဖြစ်သွားတာပါပဲ... ဒါပေမယ့် ငါ့ပိုက်ဆံတွေ သုံးလိုက်တာကိုလည်း တချို့လူတွေက သဘောမကျပြန်ဘူး..."
“အင်းပေါ့...အဘွားက တစ်ခါတစ်လေကျ လက်ဖွာတယ်လေ..."
“ဟုတ်တယ်...ငါအရမ်းကို ဖြုန်းတီးတာပဲ...ဒီနေ့ ငါ ဘာမှမလုပ်ရသေးဘူး... အိမ်ထောင်မပြုခင်ကတော့ အနည်းဆုံး တစ်နေ့ကို စာအုပ်တစ်အုပ်ဖတ်တယ်...အိမ်ထောင်လည်းကျပြီးရော ဘာမှကို မလုပ်တော့ဘူး...ပျင်းလွန်းလို့ ဘာမှကို မလုပ်ချင်တော့ဘူး... လူတွေ ပျင်းလာပြီဆိုရင် ပြဿနာတွေ တွေ့တော့တာပဲ..."
"ဟုတ်လား...ကျွန်မတို့လို အလုပ်လာလုပ်တဲ့သူတွေဆို ပျင်းဖို့ကို အချိန်မရပါဘူး... ကျွန်မရဲ့ လင်ညီအစ်မဆိုရင်လေ ယောက္ခမနဲ့ရော သူမရဲ့ ချွေးမနဲ့ရော မတည့်ဘူး.... ကျွန်မရဲ့ ယောက္ခမက အသက် ၉၀ ရှိပြီ...အခုထိ ချွေးမနဲ့ ရန်ဖြစ်တုန်းပဲ...သူမရဲ့ မြေးငယ်လေးကတော့ သူမတို့နှစ်ယောက်ရန်ဖြစ်ရင် သဘောတွေကျပြီး ထိုင်ရယ်နေတော့တာ..."
ကျေးလက်ဒေသမှ အမျိုးသမီးများနှင့် ချမ်းသာသော အမျိုးသမီးများသည် အခြေအနေချင်း ဝေးကွာနေပုံရသော်လည်း သာမန်အားဖြင့် အတူတူပင်ဖြစ်သည်။
အဘွားကျန်းက ခေါင်းခါလိုက်သည်။
“တကယ်တော့ ကလေးတွေဟာ သူတို့ကိုယ်ကို ရပ်တည်နိုင်ကြပါပြီ... ငါ့သားနှစ်ယောက်လုံးလည်း အရွယ်ရောက်နေကြပြီ...ပြီးတော့ မြေးငါးယောက် ကလည်း ကြိုးစားနေကြတာပဲ... ငါဘာလို့ စိတ်ပူနေတာပါလိမ့်..."
" ချီချီက ကောလိပ်ကျောင်းသူ ဖြစ်နေပြီ.... ကျောင်းမှာ သင်ယူခဲ့သမျှအားလုံးကို သူမ အသုံးမချနိုင်ဘူး... ဒါကြောင့် သူမကို လူတွေရဲ့ အတွေးအခေါ်တွေကို နားထောင်ပြီး သူမကို အမြင်ကျယ်စေချင်တယ်... "
"အင်း...ငါ့သား ကျန်းဟွမ် ကတော့ပြောင်းပြန်ပဲ....အသက်ကြီးလာ လေလေ ကလေးဆန်လေလေပဲ...ယန်ယန်လောက်တောင် မတွေးခေါ်တတ်ဘူး..."
"ယန်ယန်က အသက်ငယ်သေးတော့ သူမ ဘာနားလည်မှာလဲလို့ တွေးမိတယ်...ဒါကြောင့် ငါက သူမကို အပျော်လိုက်လည်ဖို့ ဖိုရမ်ဆီ ခေါ်သွားခဲ့တာ... ယန်ယန်က သူငယ်ချင်း အသစ်တွေနဲ့ တွေ့ပြီး ရင်းနှီးမြုပ်နှံဖို့ ပရောဂျက်တစ်ခုကို ရှာနိုင်မယ်လို့ ဘယ်သိပါ့မလဲ.... သူမ အရမ်းကြိုးစား ထားတော့ ငါကလည်း ကူညီရမှာပေါ့...”
“ဒီလိုအသေးအဖွဲကိစ္စလေးကိုတောင် တစ်စုံတစ်ယောက်က မကြိုက်ဘူး... ငါ့ကိုယ်ပိုင်ငွေနဲ့ ပေးတာ ကမ်းတာ သူမနဲ့ ဘာဆိုင်လို့လဲ... ပျိုးပင်လေးတွေ ကြီးထွားလာအောင် ကူပြီး ရေလောင်းပေးတာ အပြစ်ကြီးကျနေတာပဲ....ဒီကမ္ဘာကြီးမှာ ၁၀၀% ညီမျှနေတယ်ဆိုတာ မရှိဘူးလို့ သူမကို ပြချင်လိုက်တာ...."
အဒေါ်ကြီးက ပါးစပ်ကို အုပ်ပြီး ပြုံးလိုက်သည်။
“အို အဖွားက စိတ်ထားအရမ်းကောင်းတာပဲဟာ... လူငယ်လေးတွေနဲ့ တုမနေပါနဲ့...."
“အသက်ကြီးလာတော့လည်း အကုန်လုံးကို လိုက်စိတ်ပူတတ်နေတော့တာပါပဲ…အချိန်ကုန်တယ်..."
......
အထက်တန်းကျောင်းများသည် သတ်မှတ်ချိန်အတိုင်း စတင်ဖွင့်ခဲ့လေသည်။ ယီ အထက်တန်းကျောင်းသည် တခြားကျောင်းများနှင့် မတူဘဲ အားလပ်ရက်များတွင် ပေးထားသော အိမ်စာများကို တင်းကြပ်စွာ စစ်ဆေးတတ်သည်။
ထို့အပြင် အိမ်စာများကို စစ်ဆေးသူမှာ ဆရာ/ဆရာမ များ မဟုတ်ဘဲကျောင်းသားအချင်းချင်း စစ်ကြခြင်းဖြစ်သည်။ဆရာ/ဆရာမ များသည် ကျောင်းတက် ခေါင်းလောင်းထိုးသည်နှင့် ထပ်ထားသော အိမ်စာ စာအုပ်များကို ယူ၍ ကျောင်းသားများထံသို့ နာမည်မသိစေဘဲ ကျပန်း ဝေပေးခြင်းဖြစ်သည်။ ကျောင်းသားများမှာ အခြားသူများမမြင်စေရန် ဂရုစိုက်၍ စစ်ဆေးကြသည်။
ရှုလီချန် စိတ်ထဲတွင် သံသယများနှင့်ပြည့်နှက်နေတော့သည်။ သူ့အိမ်စာကို စစ်ဆေးသူ(သံသယရှိသူ) ကို ကြည့်ပြီး သူ့ကိုယ်သူ အမှားလုပ်မိသည်ဟု ထင်ကာ ဂဏာမငြိမ် ဖြစ်နေရသည်။ သို့ရာတွင် သူက လူတိုင်းကို သူ့စာအုပ် စစ်သူဟု မှတ်ထင်နေခြင်း ဖြစ်လေသည်။
ရှုလီချန်မှာ ကျန်းယန်ရှန့် က သူ့ကို အိမ်စာအားလုံး လုပ်ရန် တိုက်တွန်းခဲ့သည့်အတွက် သူမကို ကျေးဇူးတင်မိသည်။သို့မဟုတ်ပါက ကျောင်းစတက်သည်နှင့် သူ အရှက်ရစရာ ဖြစ်ပြီး ကျန်းယန်ရှန့်က လှောင်ရယ်ပေလိမ့်မည်။
'ကံကောင်းပါစေ...အမှားမတွေ့ပါစေနဲ့....'
ကျန်းယန်ရှန့်သည် အားလပ်ရက်အတွင်း ပြုလုပ်ခဲ့သော ရင်းနှီးမြှုပ်နှံမှုကို စိတ်ပူမနေပေ။အဖွားဖြစ်သူ နှင့်ဖခင်တို့က သူမကို စီးပွားရေးနှင့် ပတ်သတ်၍ အကူအညီများစွာ ပေးခဲ့ခြင်းကြောင့် ဖြစ်လေသည်။ ထို့ကြောင့် ကျောင်းဖွင့်ချိန်တွင် ရင်းနှီမြှုပ်နှံမှု အတွက် လုံးဝ စိတ်အေးသွားခဲ့သည်။
"နေအဖွဲ့အစည်းမှ ထွက်ခွာခြင်း " ကို ယခုနှစ် နွေရာသီ အားလပ်ရက်တွင် ထွက်ရှိရန် စီစဉ်ထားသည်။ ဒါရိုက်တာ ရှယ်နှင့် ထုတ်လုပ်သူဝမ်တို့က လာမည့် တရုတ်နှစ်သစ်ကူးတွင် ထွက်ရှိမည်ဟု ပြောခဲ့သော်လည်း သူမမယုံပေ။
ယခင်ဘဝက ဤဇာတ်ကားကို နောက်နှစ်နှစ်အကြာ တရုတ်နှစ်သစ်ကူးမှသာ ထွက်ရှိခဲ့ခြင်း ဖြစ်သည်။ထို့ကြောင့် နောက်နှစ်မှ ထွက်နိုင်မည်ဟု သူမ ခန့်မှန်းထားသည်။နောက်နှစ်ဆိုလျှင် သူမ အထက်တန်းကျောင်းတွင် စီနီယာဖြစ်သည့်နှစ်ဖြစ်လေသည်။ထို့ကြောင့် နောက်၂နှစ်ကြာမှ အကောင်မထည်ပေါ်မည့် ရင်းနှီးမြှုပ်နှံမှာကို စိတ်ပူမနေဘဲ ယခု လုပ်စရာရှိသည်များကို လုပ်ရမည်ဖြစ်လေသည်။
သို့သော် ကျန်းယန်ရှန့် ကျောင်းစတက်ပြီး ရက်အနည်းငယ်ကြာပြီးနောက် မမျှော်လင့်သောအဖြစ်တစ်ခု ဖြစ်ပျက်ခဲ့လေသည်။
ထိုနေ့က သူမ အိမ်သို့ပြန်ရောက်လျှင် ကျန်းဟွမ်သည် သူမရှေ့တွင် ပိတ်ရပ်လိုက်ပြီး တစ်ခုခုကို ပြောရန် ချီတုံချတုံ ဖြစ်နေပုံရလေသည်။ကျန်းယန်ရှန့် စိတ်ထဲတွင်လည်း တစ်ခုခုကို သိနေသလို ဖြစ်နေပြီး အလွန်အမင်း စိတ်ပူနေမိလေသည်။
"အန်တီလော့က.... ဒီနေ့ အဖေ့ကို ပြောတယ်..သူမ အလုပ်ထွက်ချင်တယ်တဲ့...."
Xxxxxx