အပိုင်း (၆၃)
Viewers 31k

Part 63


ကုန်တိုက် အောက်ထပ်တစ်ခုလုံးသည် မုန့်စျေးတန်း ဖြစ်သည်။ Pizza Hutက ထိုနေရာ၏ရွေးချယ်စရာအစားအစာထဲမှ တစ်ခုသာဖြစ်သည်။ လူ၃ယောက် စျေးဝယ်ထွက်ရင်းပင်ပန်းလာသောကြောင့် အနီးရှိ Pizza Hut၏ကောင်တာတွင် စားရန်ပြင်လိုက်သည်။


ဒီနေ့က ပိတ်ရက်ဖြစ်သောကြောင့် မိဘများသည် 

ကလေးများကို ဆော့ကစားရန် ခေါ်လာခဲ့ကြသည်။ 

စနေတနင်္ဂနွေ ပိတ်ရက်များတွင်

Pizza Hut သို့မဟုတ် KFC ကဲ့သို့နေရာများသည် 

လူရှုပ်နေလေ့ရှိသည်။


ဝမ်လေး က ပီဇာ စားချင်နေလေရာယခုသူ့အမူအရာသည် ယွမ်ရှ စျေးဝယ်ထွက်သည့်အချိန် အမူအရာနှင့်အတူတူပင်ဖြစ်သည်။


သူက ကလေးဘဲရှိသောကြောင့်  အများကြီး စားချင်စိတ်ရှိသော်လည်း လက်တွေ့တွင်အများကြီးမစားနိုင်ပေ။ထို့ကြောင့် ယွမ်ရှက သူနှင့်အတူ လိုက်ပါသွားပြီး စားချင်သည့်အရာမှန်သမျှ ဝယ်ကျွေးခဲ့သည်။


စုန့်ထင်ရှန်းက ပီဇာ မစားချင်သောကြောင့်ထမင်းကြော်ကို သာမှာခဲ့သည်။


သူတိူ့မှာထားသည့်အစားအစာများ ရေရက်လာသောအခါ ဝမ်လေးက "ဝါး....."ဟုအော်လိုက်ပြီး သူ့လက်လေးကို ပီဇာဆီသို့ ဆန့်လိုက်သည်။


ယနေ့ သူ အလွန်ပျော်ရွှင်နေလေသည်။ မနက်ဖြန် သူ့အဖေက သူ့ကိုမူကြိုကျောင်းလိုက်ပို့သောအခါ သူ့မိဘတွေက သူ့ကို Pizza Hutမှာ စားဖို့ ခေါ်သွားတယ်ဆိုတာ သူ့သူငယ်ချင်းတွေကို ပြန်ပြောနိုင်လေပြီ...။


သူတို့အိမ်ပြန်ရောက်သည့်အခါ ည၈နာရီထိုးတော့မည်ဖြစ်၏။


စုန့်ထင်ရှန်းနှင့် ယွမ်ရှ တို့၂ယောက်လုံး မောပန်းနွမ်းနယ်နေပေပြီ။ထို့ကြောင့် အိမ်အကူအဒေါ်ကြီးကို ဝမ်လေးအား ရေချိုးပေးရန် ခိုင်းစေခဲ့သည်။


ယွမ်ရှက ရေချိုးပြီးနောက် အခန်းထဲတွင်အနားယူနေသည့်အချိန် စုန့်ထင်ရှန်းက ရုတ်တရက် သူမအား ခော်လိုက်သည်။သူတို့၂ယောက်၏ဆက်ဆံရေးသည် သူမ ဒီကိုပြောင်းလာကတည်းက တိုးတက်မလာခဲ့ပေ။ သူက တစ်ဖက်လူကို စိတ်အနှောင့်ယှက်မဖြစ်စေဘဲ အလွန်အေးချမ်းသောလူဖြစ်သည်။ သူတို့သည် စကားပြောခဲ့သည့်အကြောင်းမှာလဲ ဝမ်လေးကြောင့်သာဖြစ်၏။


သူက ဘာလို့ အခု ချက်ချင်းကြီး စကားပြောချင်နေတာလဲ...။


သူတို့နှစ်ယောက် လျှောက်လမ်းမှာရပ်နေချိန်ကွာရှင်းမည့်အကြောင်းပြောမှာတော့ မဟုတ်ဘူးမလား...။ 


ယွမ်ရှက မျက်ခုံးပင့်ပြလိုက်သည်။ အိမ်အကူအဒေါ်နှင့် ဝမ်လေး တို့က အောက်ထပ်ရေချိုးခန်းတွင် ရေချိုးနေကြသောကြောင့် သူတို့၏စကားကိုလုံးဝမကြားရကြောင်း အာမခံမှုမရှိချေ။


"အရင်ရက်တွေတုန်းက မင်ရဲ့ မိဘတွေအိမ်သွားတုန်းကလေ ...ရပ်ကွက်က အဆောက်အအုံတွေကလဲ ဟောင်းနွမ်းပြီး ဓာတ်လှေကားမရှိဘူးဆို ငါတွေ့လိုက်တယ်...မင်းမိဘတွေက ၄ထပ်မြောက်မှာ နေတာ မလား နေ့တိုင်းလှေကားအတက်အဆင်းလုပ်ရတာ ပင်ပန်းတယ်လေ ...ဒါကြောင့် မင်းမိဘတွေ လိုချင်ရင် ငါအခြားအိမ်ဝယ်ပေးမလို့ စဉ်းစားနေတာ..."


ယွမ်ရှက မျက်တောင်ခတ်လိုက်မိသည်။


သူမ၏အတွေးတွေ မှားယွင်းသွားပြီ...။


စုန့်ထင်ရှန်းက သူ့ယောက္ခမတွေကို ကောင်းကောင်းဆက်ဆံပြီး ချမ်းသာတယ်ဆိုတာ သူမ သိပေမဲ့ ထိုကဲ့သို့ ဝယ်ပေးစရာမလိုဘူး မဟုတ်လား...။

သူက သူမရဲ့မိဘတွေကို အဘယ်ကြောင့်အိမ်အသစ်ဝယ်ဖို့ပြောခဲ့တာလဲ...။


 သူတိူ့၏လက်ရှိအိမ်ကိုလည်း သူဝယ်ပေးထားခြင်းဖြစ်သည်။


မနေ့ကထဲက စုန့်ထင်ရှန်း၏အပြုအမူများက သူမကို ထူးဆန်းသည့်ခံစားချက် ဖြစ်စေခဲ့သည်။


အကြောင်းပြချက်မရှိ ကောင်းပြသူသည် မကောင်းသောအကြံများကို ဖုံးကွယ်ထားသူသာဖြစ်သည်။


ယွမ်ရှ ထိုကဲ့သို့စဉ်းစားပေးမှုကို အပြစ်တင်မရပေ။


စုန့်ထင်ရှန်း ရုတ်တရက် ပြောလာသည်ကိကြို ကြားပြီးနောက် ဘယ်သူမဆို သံသယဝင်ပေလိမ့်မည်။


ယောက္ခမတွေဘယ်လောက်ဘဲကောင်းပါစေ သူ ဒီလောက်ကောင်းမှာတော့ မဟုတ်ဘူး မလား...။ယောက္ခမတွေက မိဘအရင်းတွေနှင့်  မတူချေ။


ယွမ်ရှက သူမ၏အတွေးများကို ဖယ်ရှားပြီးနောက် ခေါင်းခါလိုက်သည်။ 


"မလိုပါဘူး ဒါက အရင်ကထဲက ကျွန်မမိဘတွေ နေထိုင်ခဲ့တဲ့နေရာ တွေထက် အများကြီး ပိုကောင်းပါတယ် ...။နောက်ပြီး သူတို့က ဒီရပ်ကွက်ထဲမှာဘဲနေတော့ ပြောင်းရွှေ့ရတာကို သိပ်မကြိုက်ကြဘူး...ပြီးတော့ 

သူတိူ့က အသက်၅၀ကျော်ဘဲရှိသေးတော့ လှေကား 

အတက်အဆင်းလုပ်ရတာ အဆင်ပြေပါတယ် ...ကျန်းမာရေးတောင် ကောင်းသေးတယ် ..."


စုန့်ထင်ရှန်းက ဂရုစိုက်သည့်အပြုအမူများကို မလုပ်ဖူးချေ။ယွမ်ရှ သူ၏အဆိုပြုချက်ကို လက်မခံသောကြောင့် နောက်ထပ်တစ်ခု ထပ်ပြောလိုက်သည်။


"ကားသစ်တွေ မကြာမီ စျေးကွက်ထဲ ပေါလာတော့မယ်...အဲ့ထဲက ဘယ်ကားကြိုက်လဲကြည့် ကြည့်လိုက်လေ... "


ယွမ်ရှ"...."


ဒီလူက လူတွေကို ဘယ်လိုသွေးဆောင်စည်းရုံးရမယ်ဆိုတာ တကယ်ကိုသိတာပဲ...


သူမက လက်မခံလျှင်တောင် စုန့်ထင်ရှန်းက သူမကို မျက်နှာသာပေးချင်နေသည်ဆိုတာသူမ သဘောပေါက်သည်။


သို့သော် သဘောထားကြီးသော စီအီးအိုသည်  သဘောကျစရာပုံစံဖြစ်သောကြောင့် သူ့ကိုငြင်းဆိုရန်လည်း မဖြစ်နိုင်ချေ။


 သူမ၏နှလုံးထဲတွင် မရိုးမယွ စိတ်လှုပ်ရှားလာလေသည်။