အပိုင်း (၆၄)
Viewers 31k

Part 64


သူက သူမအား ကွန်ဒိုတစ်ခန်းနှင့် ကားတစ်စီး ပေးခဲ့သည်။


ထိုအရာက သူမကို ယစ်မူးစေဖို့လုံလောက်နေပေပြီ။


သူက တီဗီတွင် မြင်တွေ့ရသော သဘောထားကြီးသော စီအီးအိုများထက် ပိုရက်ရောသည်။


အလွန်ရက်ရောပြီး ပိုက်ဆံရှိသော ခင်ပွန်းတစ်ယောက်ရှိခြင်းက-


နေပါဦး... သူက မကြာခင်အချိန်မှာ ခင်ပွန်းဟောင်းတစ်ယောက်ဖြစ်တော့မှာပဲ..


 'အလကားစားရသည့် နေ့လည်စာဆိုတာ မရှိဘူး' ဆိုသည့် ဆိုရိုးစကားကို သတိရမိသွားပြီးနောက် ယွမ်ရှ၏ ယစ်မူးနေသော အာရုံက အမြန်ပြန်သတိဝင်လာသည်။


စုန့်ထင်ရှန်းက သူမအား မျက်နှာသာပေးစရာမလိုပေ။သူမက လက်ရှိတွင် သူ့အား ငွေရေးကြေးရေးအရမှီခိုနေရသည်။ထို့ကြောင့် ဒီနေ့ သူ၏ထူးဆန်းသောအပြုအမူနောက်ကွယ်တွင် ဖုံးကွယ်ထားသောအရာရှိနေပေလိမ့်မည်။


 သူမ ဦးနှောက်အစား ခြေထောက်တွေကိုသုံးပြီးတွေးလျှင် ပင် အကြောင်းပြချက်ကဝမ်လေးနှင့်သေချာပောက် ပတ်သက်နေမည်ဆိုတာကို သိနိုင်သည်။


"မလိုတော့ပါဘူး ကျေးဇူးပါ ကျွန်မကားက အသစ်ဘဲရှိသေးတယ်လေ..."


ယွမ်ရှက အနည်းငယ်လောဘကြီးသောကြောင့် ထိုဖြားယောင်းမှုကို လက်မခံရန် သူမအတွက်ခက်ခဲသော်လည်း လုံလောက်သည်ထိပိုနေသည်ဟု ခံစားရသည်။

သူမက စျေးဝယ်ထွက်ပြီး စုန့်ထင်ရှန်းကို ရှင်းခိုင်းနေသည့်အပြင် ဇိမ်ခံကားဝယ်ခိုင်းလိုက်မည်ဆိုပါက အပြစ်ရှိသလို ခံစားရလိမ့်မည်ဖြစ်သည်။


ထို့အပြင် သူမ ပြောခဲ့သည်ကလည်း အမှန်ပင်ဖြစ်၏။

သူမ၏ကားသည်အလွန် သစ်သေးသည်။ အကြိမ်အနည်းငယ်ခန့်သာ မောင်းနှင်ခဲ့ဖူးသည်။ အခြားကားအသစ်ပြောင်းခြင်းသည် တကယ်ဖြုန်းတီးခြင်းဖြစ်သည်။ကားက အဆင်ပြေနေသရွေ့ သူမ အဆင်ပြေသည် ။သူမ လက်မထပ်မီအချိန်ကလည်း တစ်ပတ်ရစ်ကားကို စီးပြီးပျော်ရွှင်နေခဲ့ဖူးပေသည်။


စုန့်ထင်ရှန်းက တိတ်ဆိတ်နေလေ၏။

သူ သူမအတွက် ဘာဝယ်ပေးရမှန်းမသိပေ။ သူတွင် ယွမ်ရှ နှင့် လက်ထပ်ပြီးနောက် အချစ်ရေးနှင့်ပတ်သက်၍ အတွေ့ကြုံအများအပြားမရှိ...။

သူ့ကိုယ်သူ စီးပွားရေးလုပ်ငန်းတွင်သာ မြှုပ်နှံခဲ့သည်။သူတိူ့သည် အပြန်အလှန်လေးစားမှုရှိသော်လည်း အလှမ်းကွာသော အိမ်ထောင်ရေးဖြစ်သောကြောင့် ဇနီးသည် စိတ်ကျေနပ်စေရန် မည်သို့လုပ်ဆောင်ရမည်ကို မသိပေ။


သူမက နောက်ထပ် ကွန်ဒိုလဲမလိုချင်သလို သူမ၏ကားကိုလဲ အစားမထိုးချင်ပေ။


ဒီနေ့ သူက သူမအတွက် အဝတ်အစားများ ဖိနပ်များ ဝယ်ပေးခဲ့ပြီးပြီးဖြစ်သောကြောင့် စိန် လက်ဝတ်ရတနာများပေးရန် မေးတော့မည့်အချိန်တွင် ယွမ်ရှက တစ်စုံတစ်ခုကို အလျင်မအမြန်ပြောလိုက်သည်။


"အင်း....ကျွန်မ ချွေးတွေထွက်နေလို့ 

ရေချိုးချင်နေပြီ ဘာမှပြောစရာမရှိရင် ကျွန်မအခန်းထဲပြန်တော့မယ်..."


စုန့်ထင်ရှန်းက နောက်ထပ် မည်ကဲ့သို့ တန်ဖိုးကြီးသော ပစ္စည်းများ ပေးမည်ကို  မသိသောကြောင့် အခုပင် ထွက်သွားချင်ပေသည်။ သူ၏နောက်ထပ် ကမ်းလှမ်းချက်များကို ငြင်းပယ်နိုင်ရန် သေချာမှုမရှိတော့ပေ။


စုန့်ထင်ရှန်းကမျက်နှာမသာမယာဖြင့် တုံ့ပြန်လိုက်သည်။


 "အင်း ....ကောင်းပါပြီ"


ယွမ်ရှ အခန်းထဲပြန်ရောက်ပြီးနောက် အင်္ကျီတစ်ထည်ကိုယူကာ ရေချိုးခန်းထဲသို့ဝင်သွားသည်။ရေကျလာသည်နှင့် သူမသည် ရေပန်းအောက်တွင်ရပ်နေရင်း စုန့်ထင်ရှန်း၏အကြောင်းကို ဆက်လက်တွေးနေခဲ့သည်။


စုန့်ထင်ရှန်းက သူမအတွက် နက်ရှိုင်းသော ခံစားချက်များ ရုတ်တရက် ဖြစ်ပေါ်လာသည်ဟုတော့  မိုက်မဲစွာ တွေးနေမည်မဟုတ်ပေ။


သူမနှင့် စုန့်ထင်ရှန်းသည် အိမ်တစ်အိမ်ထဲတွင် 

လေးနှစ်ကြာသည့်အထိ ခံစားချက်များမဖြစ်ပေါ်ခဲ့လေရာ သူမအပေါ်ထားသော သူ၏ခံစားချက်များသည် အချိန်တို အတွင်း၌ ပြောင်းလဲသွားနိူင်စရာ အကြောင်းမရှိပေ။


စုန့်ထင်ရှန်းက မနက်ဖြန်တွင် ကွာရှင်းမည်ဆိုပါက သူမသည် အံ့သြမည်မဟုတ်သော်လည်း ယနေ့ သူ၏ လိုက်လျောလွန်းသော လုပ်ရပ်ကြောင့် အံ့သြသွားခဲ့ရသည်။


သူ၏လုပ်ရပ်က ဝမ်လေး၏ကောင်းကျိုးအတွက် ဖြစ်သည်ဆိူတာ သူမသိပေသည်။ 


ပုံမှန်အားဖြင့် ကွာရှင်းပြတ်စဲမည်ဆိုပါက ပိုင်ဆိုင်မှု ခွဲထုတ်ခြင်းနှင့် ကလေးအုပ်ထိန်းခြင်းတို့ စဉ်းစားရပေမည်။


သူတိူ့သည် ပိုင်ဆိုင်မှု ခွဲထုတ်ခြင်းတွင် သဘောထားကွဲလွဲမှုမရှိနိုင်ပေ။ ရှိခဲ့လျှင်တောင်မှ ထိုအကြောင်းကြောင့် သူက သူမကို နှိမ့်ချလိမ့်မည်မဟုတ်ပေ..။


ဒါပေမဲ့ ဝမ်လေးကို ဘယ်သူက အုပ်ထိန်းမှာလဲ...။ 


သူက ဝမ်လေးကို တတ်နိုင်သမျှ ငွေကြေးနှင့် ထိန်းထားချင်တယ်ဆိုပါက သူ့ကို ချုပ်နှောင်ထားရန် ပိုသင့်တော်သည်။ထိုကိစ္စအတွက် သူမကို သနားစရာအကြောင်းပြချက် နည်းပါသည်။ အပြင်လူများ၏အမြင်တွင်သူမသည် အရည်အချင်းမပြည့်မီသော မိခင်တစ်ယောက်ဖြစ်သည်။


သူက ဝမ်လေးကို အုပ်ထိန်းချင်တာမဟုတ်ဘူးလား....ဒါကြောင့် မနက်ဖြန်ကျရင် သဘောတူအောင်  ကြိုပြီး လာဘ်ထိုးထားချင်တာလား...


ဟမ်း...အဲ့လို ဖြစ်နိုင်တယ်....။