အပိုင်း (၆၅)
Viewers 31k

part-65


ဝမ်လေးကို ဘယ်သူအုပ်ထိန်းခွင့်ရမည်ဆိုသည့်ကိစ္စနှင့်ပတ်သတ်၍ ယွမ်ရှက အလွန်ပင်တည်ငြိမ်နေလေသည်။ သဘာဝအားဖြင့်ကွာရှင်းပြီးသော စုံတွဲတစ်တွဲကအမိုးတစ်ခုထဲအောက်တွင်နေထိုင်၍ကလေးကိုအတူတကွပြုစုပျိုးထောင်ရန်မှာမဖြစ်နိုင်ပေ။


သူမတို့အတူရှိနေသည့်ကာလအတွင်း၌ စုန့်ထင်ရှန်းကဝမ်လေးကိုစောင့်ရှောက်ရန်အတွက်မည်မျှအားထုတ်ကြိုးပမ်းထားသည်ကိုသူမတွေ့ခဲ့ရသည်။

စိတ်ပိုင်းဆိုင်ရာဖြစ်စေ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ သူဂရုစိုက်မှုကတခြားသူများအားလုံးထက်သာလွန်ပေသည်။ထို့ကြောင့် စုန့်ထင်ရှန်းသာ ကလေးကိုအုပ်ထိန်းခွင့်ရဖို့အတွက် ရုံးတော်တွင်သူမနှင့်တိုက်ခိုက်ပါကသေချာပေါက်သူသာအနိုင်ရပေလိမ့်မည်။


ထို့အပြင် ဝမ်လေးသာစုန့်ထင်ရှန်းနှင့်နေပါကပို၍ကောင်းမွန်ပြီး ပို၍အဆင်ပြေလိမ့်မည်ဟုသူမယုံကြည်မိပေသည်။စုန့်ထင်ရှန်းကသူ့၏သားငယ်ကိုကောင်းကောင်းဂရုစိုက်လေရာ 

ထိုအုပ်ထိန်းမှုအတွက်သူမတိုက်ခိုက်လိုခြင်းမရှိပေ။ရှုထောင့်အမျိုးမျိုးမှနေ၍ မည်ကဲ့သို့လေ့လာသုံးသပ်ပါစေ စုန့်ထင်ရှန်းသည်သာမှန်ကန်သောရွေးချယ်မှုဖြစ်ပေလိမ့်မည်။


သူက ငယ်ရွယ်ပြီးအလားအလာကောင်းမွန်သောအောင်မြင်သည့်သူတယောက်ဖြစ်ကြောင်း သက်သေပြခဲ့ပြီးသားဖြစ်သည်။ထို့အပြင်သူကကလေးအပေါ်တွင်လဲ စိတ်ရှည်လေရာအနာဂတ်အတွက်ဝမ်လေးသာ သူ့၏အဖေနောက်ကိုလိုက်သွားပါကပို၍ကောင်းမွန်လိမ့်မည်။


သို့သော် စုန့်ထင်ရှန်းသာဝမ်လေးကိုအုပ်ထိန်းရန်မလိုလားပါက သူမကဝမ်းမြောက်ဝမ်းသာလက်ခံမည်သာဖြစ်သည်။တကယ်တမ်းတွင် သူမသည်လဲ ထိုပေါက်စီလုံးလေးအားချစ်ခင်နှစ်သက်ပြီး သူ့ကိုပြုစုပျိုးထောင်ရန်နှင့်သင်ကြားပေးရန်အတွက်အစွမ်းကုန်ကြိုးစားခဲ့ဖူးလေသည်။


ယွမ်ရှက ဒီကမ္ဘာတွင်အချိန်ကြာလာသည်နှင့်အမျှမူလကမ္ဘာကိုပြန်သွားနိုင်ရန်အခွင့်အ‌ရေးနဲပါးလေလေဆိုသည်ကိုသတိပြုမိခဲ့သည်။

သူမက မူလပိုင်ရှင်၏လုပ်ရပ်များကဆိုးရွားသည်ကိုသိထားပြီးပြီဖြစ်သော်လဲ သူမကူးပြောင်းလာပြီးထိုခန္ဓာကိုယ်ကိုအပိုင်ယူပြီးသည့်နောက် မူလပိုင်ရှင်၏တာဝန်ဝတ္တရားများကိုဆက်လက်ထမ်းဆောင်ရပေမည်။မူလပိုင်ရှင်၏မိဘများဖြစ်စေ သူမ၏ကလေးကိုဖြစ်စေယွမ်ရှဂရုစိုက်ရပေမည်။


စုန့်ထင်ရှန်းကတကယ်ပဲ ဝမ်လေးရဲ့အုပ်ထိန်းခွင့်ကိုမလိုချင်ဘူးလား...လွန်ခဲ့တဲ့နှစ်တွေတုန်းကဝမ်လေးနဲ့ရင်းနှီးမှုမရှိတဲ့ သူဆီမှာကလေးကိုထားခဲ့ဖို့ဆိုတာကအနဲဆုံးတော့ စိတ်မသက်မသာခံစားမိမယ်မဟုတ်ဘူးလား...ဒါက သူ့၏အကျင့်စရိုက်နဲ့မတူပဲ...


ယွမ်ရှခေါင်းခါယမ်းရင်း သူမမမှန်းဆနိုင်သောအဖြေကိုဆက်လက်မတွေးရန်သာဆုံးဖြတ်လိုက်သည်။


မနက်ဖြန်သည် တနလ်ာနေ့ဖြစ်သောကြောင့် သူတို့မည်သို့ဆွေးနွေးဆုံးဖြတ်ကြမည်ဆိုသည်က မကြာခင်မှာပင်အဖြေပေါ်လာပေလိမ့်မည်။


တခြားတဖက်တွင် စုန့်ထင်ရှန်းက ဇနီးဖြစ်သူနှင့်လိုက်လျောညီထွေဖြစ်မည့်အစီအစဉ်ကျဆုံးခဲ့သောကြောင့်အလွန်ပင်တိတ်ဆိတ်ငြိမ်သက်နေမိသည်။


ဝမ်လေးသည်မူလက သူ့အမေနှင့်အတူ 

အိပ်ရန်ပြင်နေခြင်းဖြစ်သည်။သူ သူ့၏ခြေထောက်တိုတိုလေးများကိုအသာအယာကြွမြောက်၍အိပ်ခန်းထဲမှ ထွက်သွားရန်ချောင်းမြောင်းလိုက်သည်။သို့သော်လဲ စုန့်ထင်ရှန်းကသူ့ကိုကောက်ချီလိုက်ပြီးပေါင်ပေါ်တင်လိုက်သည် ထို့နောက်ပေါင်ပေါ်တင်ပြီးပြုံး၍မေးလိုက်သည်။


"ဒီညပါပါးနဲ့မအိပ်ချင်ဘူးလား..."


ဝမ်လေးကခေါင်းခါယမ်းလိုက်သည်။ရေချိုးပြီးစဖြစ်သောကြောင့် သူ့၏စိုစွတ်ပျော့ပျောင်းနေသောဆံပင်များကနဖူးလေးထက်၌ကပ်ငြိနေလေသည်။ထိုပုံစံလေးကအလွန်ပင်အပြစ်ကင်းစင်ပြီးချစ်စရာကောင်းလှပေသည်။သူက သူ့၏ပါပါးကိုမော့ကြည့်ကာမေးလိုက်သည်။


"ပါပါး မပျော်ဘူးလားဟင်..."


"မဟုတ်ပါဘူး..."


စုန့်ထင်ရှန်းသဘက်တခုကိုယူလိုက်ပြီး သူ့သား၏ဆံပင်များကိုခြောက်သွေ့အောင်သုတ်ပေးလိုက်သည်။


"ဝမ်လေး...သားရဲ့မာမားက ဘာတွေကိုကြိုက်နှစ်သက်လဲ..."


ဝမ်လေးကသူ့အဖေ၏မေးခွန်းကိုလေးလေးနက်နက်စဉ်းစားနေပြီး အတော်ကြာမှ လက်ဖောင်းဖောင်းတုတ်တုတ်လေးများဖြင့် သူ့ကိုယ်သူညွှန်လိုက်ပြီး သွားဖြူဖြူလေးများပေါ်အောင်ရီပြကာဖြေလိုက်သည်။


"သူကသားကို ကြိုက်တယ်..."


"ပါပါးပြောတာက သူကဘယ်လိုအရာတွေကိုကြိုက်နှစ်သက်လဲလို့မေးတာလေ..."


"သားကအရာဝတ္တုပစ္စည်းမဟုတ်ဘူး..."


ထိုကလေးဆန်သောစကားလေးများကြောင့် စုန့်ထင်ရှန်းရီမောလိုက်မိသည်။


"မာမားကအဝတ်အစားလှလှလေးတွေနဲ့ ဖိနပ်လှလှလေးတွေကိုကြိုက်တယ်..."


"ပြီးတော့ရော ဘာရှိသေးလဲ..."


"မာမားက ရေခဲမုန့်ကြိုက်တယ်...အင်း မာမားကကွတ်ကီးကိုလဲကြိုက်တယ်..."


"ဟမ်း...ပါပါးမေးတာက သားရဲ့မာမားဘာကြိုက်လဲလို့မေးတာနော် သားဘာကြိုက်လဲလို့မေးတာမဟုတ်ဘူး..."


ထိုမေးခွန်းကပေါက်စီလုံးလေးအတွက် တကယ့်ကိုစိန်ခေါ်မှုကြီးတရပ်ဖြစ်နေပေသည်။


"ဒီလိုဆိုရင်တော့ ပေါင်ပေါင်လဲမသိတော့ဘူး..."


အဖေနှင့်သားအတွဲကတပြိုင်နက် သက်ပြင်းချလိုက်ကြသည်။စုန့်ထင်ရှန်းက ဝမ်လေးနောက်ထပ် ဘာဆက်လုပ်မည်ကိုသိနေသည့်အတွက်ကြောင့်ထပ်ပေါင်းပြောလိုက်သည်။


"ပါပါးက ပေါင်ပေါင့်ကိုစမ်းသပ်နေတာနော်...ဒါကိုသားမားမားကို ပြန်ပြောစရာမလိုဘူး...တကယ်လို့ ပေါင်ပေါင်ကသာ မာမားဘာကြိုက်တတ်တယ်ဆိုတာမသိဘူးဆိုတဲ့အကြောင်း မာမားသာသိသွားမယ်ဆိုရင် သူမပျော်မရွှင်ဖြစ်သွားလိမ့်မယ်...ဟုတ်ပြီလား..."