ဖခင်ယန်၏ စိတ်အခြေအနေမှာ အထူးရှုပ်ထွေးနေလေသည်။
လုကျင်းရှိူ့တွင် မသန်စွမ်းမှု ရှိသော်ငြား အထင်တော့ မသေးသင့်ချေ။ သူက အေးစက်ပြီး မယုံကြည်ရဘဲ သွားမရှုပ်သင့်ဟုပင် လူအများစုက ခံစားကြရသည်။
ဖခင်ယန်သည် သူ့ကို မစော်ကားရဲပေ။
ထို့ကြောင့် အိမ်တွင် ယန်ကျင်းဇီက သူဟာ “အပေါ်ထပ်”မှဟု အော်ဟစ်သောအခါ လုကျင်းရှိူ့ကို သူ သွားစော်ကားမည်အား ဖခင်ယန် စိုးရိမ်စိတ်ပူခဲ့သည်။ အကယ်၍ လုကျင်းရှိူ့ကသာ သူ့သားရဲ့ ပစ်မှတ်ထားမှုကို ရှာတွေ့သွားရင် သေချာပေါက် စိတ်ဆိုးလိမ့်မယ်!
ဖခင်ယန်သည် ယနေ့ လုကျင်းရှိူ့နှင့် တွေ့ဆုံပြီး သူ့သားနှင့် အတူရှိနေပါပြီဟု လုကျင်းရှိူ့ ဝန်ခံသည်ကို ကြားလိုက်ရသောအခါ သူ၏ ပထမဆုံးတုံ့ပြန်မှုမှာ သူ့သားက လုကျင်းရှိူ့ထံမှ ချော့မြှူခံရပြီး လုကျင်းရှိူ့ထံမှ ပြောင်စင်အောင် အစားခံရလောက်ပြီဟု တွေးမိခြင်းဖြစ်သည်။
သူ၏ ရူးမိုက်တုံးအသော သားမှာ လုကျင်းရှိူ့ထံတွင် အသေအစားခံရလောက်ပြီးဖြစ်ရာ ထို့ကြောင့် သူ့သားက လုကျင်းရှိူ့ကို ကူညီပြီး လုကျင်းရှိူ့ကို ပိုးပန်းချင်သည်ဟု ပြောရင်း မိသားစုရှေ့တွင် အပြစ်အားလုံးကို ယူခဲ့သည်။
မိဘတစ်ဦးအနေဖြင့် ဤအခြေအနေတွင် သက်တောင့်သက်သာရှိရန်မှာ မဖြစ်နိုင်ချေ။ ထို့ကြောင့် သူသည် ထိုအချိန်တွင် အနည်းငယ် စိတ်ဆိုးနေခဲ့၏။
သို့သော် သူ စိတ်ဆိုးချိန်တွင်ပင် လုကျင်းရှိူ့က သတိလစ်သွားခဲ့သည်။
ယခုမူ...
ဖခင်ယန် ရှော့ခ်ရသွားသည်။
ဒါဆို လုကျင်းရှိူ့က သူ့သားကို ပြောင်စင်အောင် စားတာ မဟုတ်ဘဲ သူ့သားက လုကျင်းရှိူ့ကို ပြောင်စင်အောင် စားထားတာလား?
ရိုးသားရမည်ဆိုလျှင် လူနှစ်ဦးက ညီတူညီမျှ ချစ်ကျွမ်းဝင်နေသရွေ့၊ သူ့သားက လုကျင်းရှိူ့ကဲ့သို့ ရည်းစားမျိုး ရှာနိုင်သည်မှာ သူ့သားက မြင့်မားသော အမွှေးတိုင်တစ်ချောင်းကို ပူဇော်ပြီးနောက် ကံကောင်းသွားသည်ဟုပင် သူ ခံစားရသည်။
ယခင်က သူ စိတ်ဆိုးသည်မှာ သူ့သားက လုကျင်းရှိူ့ဘက်ပါပြီး သူတို့ကို လိမ်ညာခဲ့သောကြောင့် ဖြစ်ကာ ယန်မိသားစု၏ အထောက်အပံ့ကို ရရှိရန်အတွက် လုကျင်းရှိူ့က သူ့သားကို ချော့မြှူထားမည်ကိုလည်း သူ စိတ်ပူနေခဲ့သည်။
သို့သော် ဤအခိုက်အတန့်တွင်မူ သူ လုံးဝ ဒေါသမထွက်တော့ပေ။
ပိုင်ဆိုင်မှုများမှာ ယန်မိသားစုထက် မလျော့ဟု လုကျင်းရှိူ့က သူ့ကို အစောက ဝန်ခံခဲ့သည်။ ယင်းကား ယန်က သူ့အတွက် လုံးဝ အရေးမကြီးဟု ဆိုလိုသည်။
ထို့အပြင် လုကျင်းရှိူ့က ဤပုံစံဖြင့်...
ဖခင်ယန်သည် သူ့စိတ်ထဲတွင် “f*ck” ဟုသာ ပြောနိုင်တော့သည်။
သူ့သားက အလွန်သန်မာသည်၊ လုကျင်းရှိူ့ကိုပင် အနိုင်ယူနိုင်သည်။
လုကျင်းရှိူ့၏ အသွင်ပုံစံကို ကြည့်ခြင်းအားဖြင့် ဤလူတွင် သူ့သားအတွက် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော ချစ်ခြင်းမေတ္တာများ သေချာပေါက် ရှိကြောင်း ပြောနိုင်သည်။
ဖခင်ယန်သည် မတ်မတ်ထိုင်ပြီး ကားမောင်းနေသော သူ့သားကို လေးစားစွာ ကြည့်လိုက်သည်။
သူ့သား၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေပြီး သာမန်ထက် ထူးခြားပုံမပေါ်ချေ။ ကလေးက အလွန်လည်း တုံးအပြီး အနည်းငယ် ရူးမိုက်သေးသည်။
ဘာလို့ လုကျင်းရှိူ့က သူ့သားကို ချစ်မိသွားတာလဲ?
သူ့သားက တုံးလို့လား?
ဉာဏ်ကောင်းသူတချို့က တုံးအသော လက်တွဲဖော် ရှာရသည်ကို နှစ်သက်သည်ဟု သူ ကြားဖူးထားသည်။
ဖခင်ယန်သည် သူ့သားကို မယုံနိုင်သော အကြည့်များနှင့် ကြည့်နေခဲ့ပြီး တစ်ခါတစ်ရံ လုကျင်းရှိူ့ကို လှမ်းကြည့်သောအခါများ၌မူ သူ့အကြည့်များတွင် ကြင်နာမှုများ ပြည့်နှက်နေသည်။
ရိုးရိုးသားသား ပြောရမည်ဆိုလျှင် သူသည် ဤကဲ့သို့သော ချွေးမမျိုးကို အလွန်စိတ်ကျေနပ်သည်...
ယန်ကျင်းဇီသည် လုကျင်းရှိူ့ကို ယန်မိသားစု မကြာခဏ သွားလေ့ရှိသော ပုဂ္ဂလိကဆေးရုံသို့ ခေါ်ဆောင်သွားသည်။
ဆေးရုံသို့ ရောက်သောအခါ လုကျင်းရှိူ့သည် များစွာသက်သာလာပြီဖြစ်ကာ မှိန်းမောစွာဖြင့် မျက်လုံးဖွင့်ကြည့်သည်။ သူ့ကို ကြည့်ခြင်းအားဖြင့် သူ့စိတ်ဟာ အပြည့်အဝ မနိုးကြားသေးမှန်း သိသာထင်ရှားသည်။
“ ကျင်းရှိူ့၊ ကိုယ်တို့ ဆေးရုံရောက်ပြီ။ ဆေးစစ်ရအောင်။ ” ယန်ကျင်းဇီက ပြောသည်။
လုကျင်းရှိူ့သည် စကားမပြောဘဲ ယန်ကျင်းဇီကို မှင်တက်စွာ လှမ်းကြည့်သည်။
သူ့စိတ်ထဲတွင် ဖရိုဖရဲဖြစ်နေပြီး သူသည် ဤအချိန်တွင် ဘာကိုမှ သတိမရနိုင်ပေ။ သူသည် ယန်ကျင်းဇီထံသို့ သူ့လက်ကိုသာ အလိုအလျောက် ဆန့်ထုတ်လိုက်သည်။
သူက သူ့လက်မောင်းများနှင့် သူ့ကို ပွေ့ချီသည်။
ဖခင်ယန်သည် ပြုံးကာ နောက်မှလိုက်ပြီး သူ့သားကို ပြောလိုက်သည် : “ သတိထား၊ ကျင်းရှိူ့ကို မပြုတ်ကျစေနဲ့။ ”
သူ လုကျင်းရှိူ့ကို ပိုကြည့်လေလေ၊ သူ ပိုပြီး စိတ်တိုင်းကျလေလေပင်။
သူ၏ သန်မာသော ကိုယ်ရေးစွမ်းရည်ကို မဆိုနှင့်၊ သူ၏ ကိုယ်ရေးကိုယ်တာဘဝကလည်း သန့်ရှင်းသည်။ ထို့အပြင် သူ့သားကို ဂရုစိုက်နိုင်သောကြောင့် အသက်ပိုကြီးခြင်းက ပိုမိုကောင်းမွန်သည်။
သေသေချာချာ စဉ်းစားကြည့်လျှင် သူ့သားက ကလေးအရွယ်ကတည်းက ဒုက္ခမခံနိုင်ဘဲ ဒေါသစိတ်က ဆိုးရွားနိုင်သဖြင့် လုကျင်းရှိူ့နှင့် အတူရှိလျှင် သူ့သား ဒုက္ခမရောက်မည်မှာ သေချာသည်။
ဖခင်ယန်သည် ဖြည်းညှင်းစွာ သူ့သားနောက်လိုက်ပြီး ဆေးစစ်ရန် လုကျင်းရှိူ့ကို သူ့သား ခေါ်သွားသည်အား စောင့်ကြည့်နေခဲ့သည်။ လမ်းတွင် သူသည် သူ့ဇနီးကို ဖုန်းခေါ်ခဲ့ပြီး ဆေးရုံသို့ လူနာ စားရန် သင့်တော်သော စားစရာအချို့ ယူလာခိုင်းခဲ့၏။
ဆေးစစ်ရန်သွားသော လမ်းတွင် လုကျင်းရှိူ့သည် အသိဝင်လာသည်။
သူ နိုးလာပြီးနောက် သူသည် အမှန်တကယ် ဝမ်းနည်းနေခဲ့ပြီး သူ ဆေးရုံတွင် ရောက်နေကြောင်း သိလိုက်ရသောအခါ သူသည် အစ၌ စိတ်ရှုပ်ထွေးကာ နောက်တော့ စိတ်ပူမိသည်။
သူသည် လွန်ခဲ့သော လအနည်းငယ်က ခန္ဓာကိုယ်ဆေးစစ်ခဲ့ပြီး သူ၏ ခန္ဓာကိုယ်အခြေအနေက အလွန်ညံ့ဖျင်းနေသည်ဟု ရှာတွေ့ခဲ့သည်။ အခု ပိုဆိုးနေမှာလား? ရုတ်တရက် မေ့လဲတာက ရောဂါဖြစ်နိုင်လား?
သူသည် ဆေးရုံများကို နှစ်သက်သူ မဟုတ်သော်ငြား ဤအခိုက်အတန့်တွင် သူသည် အသက်ရှင်ချင်သောကြောင့် သူတို့ကို မငြင်းဆန်သော်လည်း သူ့ခန္ဓာကိုယ်က တစ်ခုခုမှားယွင်းနေပြီဟု သူတို့ ရှာဖွေတွေ့ရှိမည်ကို သူ စိုးရိမ်ပူပန်မိသည်။
ဖခင်ယန်အတွက်မူ...
လုကျင်းရှိူ့၏ တုတ်ကောက်မှာ စားသောက်ဆိုင်အခန်းထဲတွင် ပြုတ်ကျကျန်ခဲ့သည်။ သူသည် ယန်ကျင်းဇီ၏ အကူအညီဖြင့် စစ်ဆေးမှုအနည်းငယ်ကို ပြုလုပ်ပြီးနောက် လူနာဆောင်သို့ ပြန်သွားကာ လှဲနေသည်။
ဤအချိန်တွင် မိခင်ယန်က စားစရာယူကာ ရောက်လာခဲ့ပြီး ဖခင်ယန်က သွားကြိုသည်။
ဖခင်ယန်ကို တွေ့သော် မိခင်ယန်က နားမလည်နိုင်စွာ မေးမြန်းသည် : “ ဘာလို့ လုကျင်းရှိူ့က ဆေးရုံရောက်သွားတာလဲ? ဘာလို့ ငါက စားစရာလာပို့ရတာလဲ? ”
လုကျင်းရှိူ့က ဆေးရုံတက်တယ်၊ အဲ့တော့ ဒီမှာ အဖေယန်က စောင့်ကြည့်ပေးနေရင် အဆင်ပြေတာပဲ။ ဘာလို့ သူ(မ)က လာပြီး စားစရာပို့ရတာလဲ?
ဖခင်ယန်က ပြော၏ : “ မင်းရဲ့သားက သူ့ကို ဆေးရုံရောက်အောင် လုပ်ခဲ့တယ်လေ! ”
ဤဆေးစစ်ဆေးမှုမှာ အတော်လေး အသေးစိတ်ကျပြီး B-ultrasound က အရာရာကို စစ်ဆေးခဲ့သည်။
ဖခင်ယန်သည် လုကျင်းရှိူ့ “ထိခိုက်ထားသည်”ကို သတိပြုမိသည်။
ထို့အပြင် သူ့သားတွင် အားအင်များ ပြည့်ဝနေသေးသည်။ အစောက သူ့သားဟာ လုကျင်းရှိူ့ကို ပွေ့ချီပြီး အမြန်ပြေးနိုင်ခဲ့သည်။
သူ့ဇနီးက သူ့သားကို အလွန်ကောင်းမွန်စွာ ပျိုးထောင်ခဲ့၏။
“ ကျင်းဇီက လုကျင်းရှိူ့ကို ရိုက်လိုက်တာလား? ” မိခင်ယန် အံ့ဩသွားသည် : “ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ”
ဖခင်ယန် : “ ... ရန်ဖြစ်တာ မဟုတ်ဘူး။ ”
“ အဲ့ဒါဆို ဘယ်လိုဖြစ်တာလဲ? ” မိခင်ယန်က မေးသည်။
ဖခင်ယန်က ပြန်ဖြေသည် : “ မင်း တွေ့ရင် သိလိမ့်မယ်။ ”
ဖခင်ယန်သည် မိခင်ယန်ကို လူနာဆောင်ထဲသို့ ခေါ်သွားသည်။
မိခင်ယန်သည် ခုတင်ပေါ်တွင် လှဲနေသော လုကျင်းရှိူ့ကို ကြည့်လိုက်သည်။ အစ၌ သူ(မ) သိပ်မတွေ့သော်လည်း နောက်ပိုင်းတွင်...
လုကျင်းရှိူ့၏ ပါးစပ်နှင့် လည်ပင်း...
မိခင်ယန် : “ !!! ” သူ(မ)ရဲ့သားက လုကျင်းရှိူ့ကို အတင်းအကြပ်တော့ မလုပ်ခဲ့လောက်ဘူးမလား?
ဒါက လူကိုတောင် ဆေးရုံရောက်စေလာတယ်!
သို့သော် ဤသည်မှာလည်း အတော်လေး မမှန်သေးချေ။ အရင်က လုကျင်းရှိူ့ သူ(မ)ရဲ့ယောက်ျားကို တွေ့ဖို့ဖိတ်ခဲ့တယ်မလား? သူ(မ)ရဲ့သားကသာ တကယ် အမှားလုပ်ခဲ့ရင် ဘာလို့ လုကျင်းရှိူ့က သူ(မ)ရဲ့ယောက်ျားကို တွေ့ဖို့ဖိတ်မှာလဲ?
မိခင်ယန်သည် သူ(မ)၏ နူးညံ့ကြင်နာတတ်သော အမူအရာကို ထိန်းသိမ်းရန် ကြိုးစားလိုက်သည် : “ ကျင်းရှိူ့၊ မင်း နေမကောင်းဘူးလို့ ကြားရတော့ မင်းကို လာတွေ့တယ်။ ငါ စားဖို့တစ်ခုခု ယူလာတယ်။ မင်း စားချင်လား? ”
လုကျင်းရှိူ့က ပြောလာသည် : “ အဒေါ်... ”
“ စားမယ်။ ” လုကျင်းရှိူ့ သူ၏ စကားလုံးများကို အပြီးမသတ်နိုင်ခင် ယန်ကျင်းဇီက မတ်တပ်ထရပ်ကာ မိခင်ယန်၏လက်ထဲမှ စားစရာကို ယူသွားသည်။ ပြီးနောက် သူသည် မိခင်ယန် ယူလာသော စားစရာထဲတွင် ဆန်ပြုတ်ပါသည်ကို ရှာတွေ့ကာ ပို၍ပင် ပျော်ရွှင်သွား၏ : “ အမေ၊ ကျေးဇူးတင်ပါတယ်။ အမေက အရမ်းကြင်နာတတ်တာပဲ! ”
ယန်ကျင်းဇီသည် ဆန်ပြုတ်ကို အမြန်ထုတ်ပြီး ဇွန်းတစ်ချောင်းနှင့် တစ်ဇွန်းစာ အပြည့်ခပ်ကာ လုကျင်းရှိူ့၏ပါးစပ်နားသို့ ခွံ့လိုက်သည် : “ ကျင်းရှိူ့၊ မင်း ဒီနေ့လယ် ဘာမှမစားရသေးဘူး။ တစ်ခုခုစားဦး။ ”
လုကျင်းရှိူ့သည် အမူအရာမဲ့စွာ လှဲနေသော်ငြား သူ့ပါးစပ်နားသို့ ယန်ကျင်းဇီ ဆန်ပြုတ်ပို့သောအခါ သူ့ပါးစပ်ကို ဖွင့်ပေးသည်။
မိခင်ယန် : “ ... ” ကြည့်ရသည်မှာ သူ(မ)၏သားက မည်သူ့ကိုမှ ဖိအားမပေးခဲ့ပုံရသည်။
ဖခင်ယန်သည် သူ့ဇနီးကို ကြည့်ပြီး ခံစားရပိုမိုအဆင်ပြေသွားသည် — နောက်ဆုံးတော့ သူ့ကဲ့သို့ ထိတ်လန့်ကြောက်ရွံ့သွားသူတစ်ဦး ရှိပြီပင်။
နှစ်လုပ်စားပြီးနောက် လုကျင်းရှိူ့က ပြောသည် : “ ကျင်းဇီ၊ မင်းနဲ့ ဦးလေးယန်လည်း မစားရသေးဘူး။ မင်းတို့နှစ်ယောက်စလုံးလည်း စားသင့်တယ်။ ”
ဖခင်ယန်သည် မိခင်ယန်ကို စားစရာပိုယူလာရန် အထူးတလည် မှာကြားခဲ့ပြီး လူနာများ စားရန် သင့်တော်သော ဝက်နံရိုးဆန်ပြုတ်အပြင် တခြားသော စားစရာများစွာလည်း ရှိသည်။
လုကျင်းရှိူ့က ဆို၏ : “ ကျွန်တော့်ဘာသာ ကျွန်တော် လုပ်နိုင်ပါတယ်။ ”
“ သူ့ကို မင်းကိုဂရုစိုက်ခိုင်းလိုက်ပြီး မင်း ကောင်းကောင်းအနားယူလိုက်ပါ။ ” ဖခင်ယန်က ညင်သာစွာ ပြုံးပြသည်။
ယန်ကျင်းဇီ၏ဆန်ပြုတ်ဟာ လုကျင်းရှိူ့၏ပါးစပ်သို့ ခွံ့ကျွေးခံရပြန်သည်။
လုကျင်းရှိူ့ တိတ်တဆိတ်သာ ပါးစပ်ဖွင့်လိုက်သည်။
သူသည် ဖခင်ယန်၏ သဘောထား ပြောင်းလဲမှုကို သတိထားမိပြီးဖြစ်သည်။ အစပိုင်း၌ သူသည် အနည်းငယ် စိတ်ရှုပ်ထွေးနေသော်ငြား နောက်ပိုင်း၌ သူ အဖြေတွေ့သွားသည်။
စဉ်းစားပြီးနောက် သူ စိတ်သက်သာရာရသွား၏။
ဖခင်ယန်၏ သဘောထားကို ပိုမိုကောင်းမွန်သွားအောင် ပြောင်းလဲရန်မှာ အလွန်ရိုးရှင်းမှန်း သူသာ ကြိုသိခဲ့လျှင် သူသည် ယခင်က စိတ်လှုပ်ရှားနေခဲ့မည်မဟုတ်ချေ။
သူ အောက်ထပ်ရောက်နေသည့် ကိစ္စအတွက်မူ သူသည် ၎င်းမှာ ပြဿနာဟု မထင်မိပေ။
သူသည် ဤသည်ကို သဘောကျပြီး လူအများကို သူ မပြောနိုင်စရာ ဘာမှမရှိဘဲ သူ ဤသို့ဖြစ်သည်ကို သူ မရှက်ရွံ့သည်အား ထည့်ပြောစရာပင်မလိုချေ။
လုကျင်းရှိူ့သည် မိခင်ယန် ယူလာသော ဆန်ပြုတ်ကို တစ်ဝက်သာ စားခဲ့သည်။
ယန်ကျင်းဇီသည် သူ လှဲသည်ကို စောင့်ကြည့်ပြီး ကျန်သော ဆန်ပြုတ်ကို ဖခင်ယန်နှင့် မိခင်ယန်ထံသို့ သယ်သွားကာ စတင်စားသောက်သည်။
နောက်ဆုံးတော့ မိခင်ယန် မမေးဘဲ မနေနိုင်တော့ပေ : “ မင်းနဲ့ကျင်းရှိူ့... ”
“ သူ့ကို ကျွန်တော် လိုက်ခဲ့တာလေ! ” ယန်ကျင်းဇီက ပြုံးကာ သူ့အမေကို ကြည့်လိုက်သည် : “ အမေ၊ ကျွန်တော် အရမ်းအစွမ်းထက်တယ်မလား? ”
မိခင်ယန် : “ ... ” သူ(မ)ရဲ့သားက အရမ်းအစွမ်းထက်တယ်။
ဖခင်ယန်က စားပွဲကို လက်ညိုးနှင့်ခေါက်သည် : “ မင်း မနေ့က ဘာလို့ မပြောသွားတာလဲ? ”
ယန်ကျင်းဇီက သက်သေခိုင်၏ : “ မနေ့က နေ့ဘက်တုန်းက ကျွန်တော် မလိုက်နိုင်သေးဘူးလေ။ ”
ဖခင်ယန် : “ ... ”
ဖခင်ယန်သည် သူ့သား၏စကားက အမှန်လား၊ အမှားလား မသိသော်ငြား စိတ်ပူစရာတော့ မလိုပေ။
ထို့အပြင်... သူ့သားက မနေ့ကမှ လုကျင်းရှိူ့ကို လိုက်နိုင်သည်မှာလည်း တကယ် ဖြစ်နိုင်သည်။
အဆုံး၌မူ သူ့သားက တစ်ဖက်လူကို စတင်ပိုးပန်းသည်မှာ မကြာသေးချေ။ ထို့အပြင် လုကျင်းရှိူ့က ယနေ့ အလွန်သနားစရာကောင်းနေရာ သူ့တွင် ယခင်က အတွေ့အကြုံမရှိခဲ့သောကြောင့် ဖြစ်လောက်သည်။
ယန်ကျင်းဇီက ဆက်ပြော၏ : “ အဖေ၊ အမေ၊ အခု သိသွားကြပြီဆိုတော့... ကျွန်တော် မကြာခင် လက်ထပ်ချင်တယ်! လတစ်ဝက်ကြာရင် လုရှယ်ယာရှင်တွေ အစည်းအဝေး ရှိလိမ့်မယ်။ အစည်းအဝေးပြီးရင် ကျွန်တော် လုကျင်းရှိူ့နဲ့ လက်ထပ်မယ်၊ အဲ့လိုဆိုရင်ရော ဘယ်လိုလဲ? ”
“ အရမ်းစိတ်လောနေတာလား? ”
“ ညတာရှည်တစ်ညက အိပ်မက်တွေ အများကြီးကို ယူဆောင်လာတယ်*။ ” ယန်ကျင်းဇီက ဆက်ဆိုသည် : “ အချိန်ကျရင် အဖေတို့က လူတွေကို ဒါက မိသားစုနှစ်ခုရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက်ပါလို့ ပြောပြလိုက်ပါ။ ကျွန်တော် လုကျင်းရှိူ့နဲ့ လက်ထပ်တာက လူပြောင်းသွားတဲ့ လက်ထပ်ပွဲတစ်ခုပါပဲလို့... ” သူသည် ဖြည်းဖြည်းချင်း သွားရန် စီစဉ်ထားခဲ့သည်။ ဒါပေမယ့် သူ အခု တကယ် မစောင့်နိုင်တော့ဘူး!
[ ညတာရှည်တစ်ညက အိပ်မက်တွေ အများကြီးကို ယူဆောင်လာတယ် - ကြာရှည်သော အချိန်နှောင့်နှေးမှုများက ပြဿနာများစွာကို ဖြစ်ပေါ်စေသည်။ ]
သူ လုကျင်းရှိူ့ကို လက်ထပ်ဖို့ စိတ်လောနေပြီ!
သူ ထိုသို့ပြောရသည်မှာ... ဂုဏ်သတင်း ပိုမိုကောင်းမွန်စေရန်အတွက်ပင်။
ဖခင်ယန်က သဘောတူသည် : “ ကောင်းပြီ။ ”
“ အဖေက အရမ်းကောင်းတာပဲ! ” ယန်ကျင်းဇီက ဆက်ပြောသည် : “ နောက်လ ၁၈ ရက်က ရက်ကောင်းရက်မြတ်ပဲ။ ”
ဒါက မြန်လွန်းတယ်... အဖေယန်က မေးသည် : “ မင်း ဆွေးနွေးပြီးပြီလား? ”
ယန်ကျင်းဇီ လုကျင်းရှိူ့ကို ကြည့်လိုက်သည် : “ ကျင်းရှိူ့၊ ကိုယ်တို့ နောက်လ ၁၈ ရက်နေ့မှာ လက်ထပ်ကြမယ်ဆိုရင် အဆင်ပြေလား? ”
ယန်ကျင်းဇီ၏ပုံစံမှာ သနားစဖွယ်ဖြစ်နေပြီး လုကျင်းရှိူ့ သဘောမတူလျှင် ငိုတော့မည့်အတိုင်း...
လုကျင်းရှိူ့ သဘောတူလိုက်သည် : “ အဆင်ပြေတယ်။ ”
ယန်ကျင်းဇီက သူ့အဖေကို ပြန်ကြည့်သည် : “ ဆွေးနွေးပြီးပြီ။ ”
ဖခင်ယန် : “ ... ” ဒါက သူ သိထားတဲ့ လုကျင်းရှိူ့ လုံးဝ ဟုတ်မနေဘူး!
သူ့သားက ဘာမှမထူးခြားချေ။ ဘာလို့ လုကျင်းရှိူ့က သူ့သားကို စွဲလန်းသွားတာလဲ?
စကားပြောနေစဉ် ဆရာဝန် ရောက်ရှိလာသည်။
လုကျင်းရှိူ့သည် ဤအချိန်တွင် အပင်ပန်းလွန်ပြီး အဖျားရှိနေ၍ သတိလစ်သွားခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပဲ သူ့ကျန်းမာရေးက သိပ်မကောင်းဘဲ လူတစ်ကိုယ်လုံးက အပြည့်အဝ မကျန်းမာသော အခြေအနေ*တွင် လုံးဝ ရှိနေသည်။
[ အပြည့်အဝ မကျန်းမာသော အခြေအနေ - ရောဂါဝေဒနာအဖြစ် မဖြစ်ပေါ်မတိုးတက်သေးသော ခန္ဓာကိုယ်ထဲရှိ ဓာတ်မညီမျှမှု။ ]
ယန်ကျင်းဇီသည် ဤဆေးမှတ်တမ်းများကို ကြည့်ပြီး လုကျင်းရှိူ့ကို စိတ်အားထက်သန်စွာ ပြောသည် : “ ကျင်းရှိူ့၊ မင်း နေ့တိုင်း လေ့ကျင့်ခန်းနည်းနည်း လုပ်ရမယ်။ ရေပဲကူးပါ။ စစချင်း မင်း ငါးမိနစ်၊ ဆယ်မိနစ်လောက် ရေကူးလို့ရတယ်။ ပြီးမှ အချိန်ကို ဖြည်းဖြည်းချင်း တိုးကြမယ်... ”
လုကျင်းရှိူ့က သဘောတူသည် : “ အိုကေ ”
သဘောတူပြီးနောက် သူသည် စိတ်သက်သာရာရစွာ သက်ပြင်းချသည်။
ဤရက်ပိုင်းတွင် သူ့စိတ်အခြေအနေ ကောင်းမွန်နေကာ သူက အသက်ငယ်သေးသောကြောင့် ဖြစ်လောက်သည်၊ လက်ရှိဆေးမှတ်တမ်းက လွန်ခဲ့သော သုံးလမှ တစ်ခုထက် များစွာပိုကောင်းသည်... ကံကောင်းစွာဖြင့် ယန်ကျင်းဇီ တွေ့သည်မှာ လွန်ခဲ့သော သုံးလက ဆေးမှတ်တမ်း မဟုတ်ချေ။
ယန်ကျင်းဇီနှင့် အခြားသူများ ဆေးရုံတွင် ရှိနေကြစဉ် လုရွေ့ချွင်ဟာ လုကျင်းရှိူ့ သတိလစ်ပြီး ဆေးရုံရောက်သွားသော သတင်းကို ရရှိခဲ့သည်။
ဤပုဂ္ဂလိကဆေးရုံက လူနာ၏အတွင်းရေးကို အလွန်အလေးထားသည်။ သူသည် လုကျင်းရှိူ့၏ အခြေအနေ အသေးစိတ်ကို မရှာနိုင်သော်လည်း လုကျင်းရှိူ့က မေ့မျောနေပြီး ဖခင်ယန်နှင့် ယန်ကျင်းဇီက ဆေးရုံသို့ ပို့ပေးခဲ့သည်။ ၎င်းနှင့်ပတ်သက်ပြီး သူ စုံစမ်းပြီးပြီဖြစ်သည် – Goldfield ကို သူတို့ ဝင်ထွက်နေသည်အား မြင်ခဲ့သော လူအများအပြား ရှိသည်။
လုကျင်းရှိူ့က ဖခင်ယန်နှင့် တွေ့ဆုံစဉ် တကယ်ကြီး သတိလစ်သွားခဲ့သည်... ရှယ်ယာရှင်များ အစည်းအဝေးတွင် သူ လုကျင်းရှိူ့ကို အနိုင်ယူနိုင်ချေပိုများလာပြီဟု သူ ခံစားလိုက်ရသည်။
ဆေးရုံတွင် ဖခင်ယန်နှင့် မိခင်ယန်တို့က ပြန်သွားကြပြီဖြစ်ကာ ဆရာဝန်ကလည်း ထွက်သွားပြီဖြစ်သည်။
ယန်ကျင်းဇီသည် ဆေးရုံခုတင်ပေါ်သို့ တိုးဝင်ပြီး လုကျင်းရှိူ့ကို စကားပြောလိုက်သည် : “ ကိုယ် ဒီနေ့ မင်းကြောင့် လန့်သွားတယ်။ အနာဂတ်မှာ ကိုယ် သေချာပေါက် ပိုပြီးဂရုစိုက်ပါ့မယ်။ ဒီလို
ထပ်မလုပ်တော့ဘူး... ”
“ မလိုဘူး... ” လုကျင်းရှိူ့က ပြောသည်။ သူသည် သူ့ခန္ဓာကိုယ် ပိုမိုကောင်းမွန်လာစေရန် လေ့ကျင့်ရာတွင် အားစိုက်ထုတ်မည်ပင်။
ယန်ကျင်းဇီ : “ !!! ” လုကျင်းရှိူ့ ဆိုလိုတာက အနာဂတ်မှာ သူ့ကို ဒါဆက်လုပ်စေချင်တယ်လို့လား?
_____