အပိုင်း (၆၉)
Viewers 31k

part-69


ယွမ်ရှစိတ်ထဲမှနေ၍ သက်ပြင်းကြိတ်ချလိုက်သည်။ဤအိမ်ထောင်ရေးက စတင်သည့်အချိန်ထဲက မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ စုန့်ထင်ရှန်းသည် ဖခင်ကောင်းတယောက်ဖြစ်ကြောင်းကိုတော့ သံသယရှိစရာမလိုပေ။


ယနေ့ခေတ်လူ့ပတ်ဝန်းကျင်တွင် သားသမီးများကို တောင်တန်းများကဲ့သို့မားမားမတ်မတ်ရပ်တည်ပေးကာကာကွယ်ပေးသည့်ဖခင်မျိုးရှိသော်လဲ 

စုန့်ထင်ရှန်းကဲ့သို့ စေ့စေ့စပ်စပ်တွေးတောစဉ်းစားပေးမည့်ဖခင်မျိုးကတော့ရှားပါးပေမည်။


ဒီအိမ်ထောင်‌ရေးနှင့် ဒီမိသားစုတွင်စုန့်ထင်ရှန်းသည် ဆုံးဖြတ်နိုင်သည့်နေရာမျိုးတွင်ရှိနေသူဖြစ်သည်။‌ပြောရမည်ဆိုလျှင်တမိသားစုလုံးကို သူကသာရှာဖွေကျွေးမွေးနေခြင်းဖြစ်၏။အကယ်၍ဒီအချိန်တွင် မူလပိုင်ရှင်သာရှိနေသေးပါကသူမမည်သို့ဆုံးဖြတ်လိမ့်မည်နည်း။


သူမ သေချာပောက်ခေါင်းညိမ့်သဘောတူပေလိမ့်မည်။မည်သို့ပင်ဆိုစေယခုတောင်းဆိုမှုက သူမအတွက်အဆင်မပြေတဲ့အခြေအနေတခုမဟုတ်ပေ။


"တကယ်တော့လေ ရှင်ဒီနေ့ကျွန်မနဲ့စကားပြောမယ်ဆိုတာက ကွာရှင်းမဲ့အကြောင်းကိုပြောချင်တယ်လို့ကျွန်မထင်ခဲ့တာ..."


ယွမ်ရှ ညင်သာစွာပြုံးလိုက်သည်။


စုန့်ထင်ရှန်းမျက်မှောင်အနဲငယ်ကြုတ်.လိုက်မိသည်။

.

"မင်းက ကွာရှင်းချင်နေတာလား..."


ယွမ်ရှခေါင်းအသာခါယမ်းရင်းပြောလိုက်၏။


"ကျွန်မမှာ အဲ့လိုမျိုးပြင်းထန်တဲ့ဆုံးဖြတ်ချက်မျိုးမရှိပါဘူး...ကွာရှင်းတာပဲဖြစ်ဖြစ်ဒီတိုင်းအခြေနေတိုင်းဆက်သွားတာပဲဖြစ်ဖြစ် ကျွန်မအတွက်ဆိုးတဲ့အခြေအနေမျိုးလဲမဟုတ်ဘူးလေ..."


သူမကပျော်ရွှင်ကြည်နူးဖွယ်ကောင်းသည့်အချစ်ရေးမျိုးရှာဖွေရန်လဲစိတ်မဝင်စားပေ။ငယ်စဉ်ကလေးဘဝအအချိန်မှစ၍အရွယ်ရောက်သည့်အချိန်အထိ သူမရောက်သည့်နေရာတွင်သာပျော်အောင်နေချင်သည့်သဘောထားမျိုးရှိလေသည်။ယွမ်ရှစုန့်ထင်ရှန်းကို ကြည့်ပြီးဆက်ပြောလိုက်သည် 


"လွန်ခဲ့တဲ့လေးနှစ်လုံးလဲ ကျွန်မက ဘာထိန်းချုပ်မှုမှမရှိပဲနဲ့လွတ်လွတ်လပ်လပ်နေခဲ့ရတယ်...ဒီတော့ ရှင်ကရုတ်တရက်စကားပြောချင်တယ်လို့ပြောချင်တဲ့အခါကျတော့ ကျွန်မကရှင်ကွာရှင်းချင်တယ်လို့စဉ်းစားမိလိုက်တာ..."


"ကိုယ့်မှာကွာရှင်းဖို့ အတွေးရောရည်ရွယ်ချက်ရောမရှိဘူး..."


ယွမ်ရှ စုန့်ထင်ရှန်း၏စကားကိုခေါင်းညိမ့်ပြလိုက်ပြီး ဆက်ပြောလိုက်သည်။

.

"အခုတော့ ကျွန်မသိပါပြီ...အခုရှင်ပြောတဲ့တောင်းဆိုချက်နဲ့ပတ်သတ်ပြီး ကျွန်မစဉ်းစားနေစရာဘာအကြောင်းမှမရှိဘူးလေ...ဝမ်လေးကကျွန်မရဲ့သားပဲ သူ့အတွက်ဆိုရင် ကျွန်မလက်ခံနိုင်တဲ့အတိုင်းအတာတခုအတွင်းရှိနေသမျှ ကျွန်မပူးပေါင်းဆောင်ရွက်မှာပါ..."


စုန့်ထင်ရှန်းစိတ်သက်သာရာရသွားသည်။ ဒီနေ့၏ဆွေးနွေးပြောဆိုမှုကအောင်မြင်သွားပြီဖြစ်ပြီး သူရည်ရွယ်ရာကိုရရှိသွားလေပြီ။


"မင်းဘာလိုချင်လဲ..."


ယခု၌လေထုအခြေအနေကပို၍ ပေါ့ပါးသွားသည်။စုန့်ထင်ရှန်းအတွက်စိတ်ဖိစီးမှုရှိမနေတော့လေရာ သူ့၏မျက်နှာအမူအယာကပို၍သာမာန်ဆန်လာသည်။


"ပိုက်ဆံလား...‌နောက်ထပ်ကွန်ဒို ဒါမှမဟုတ် နောက်ထပ်ကား...မင်းဘာပဲလိုချင်လိုချင်ကိုယ်ပေးနိုင်တယ်..."


သူတို့ကအမည်ခံဇနီးမောင်နှံဖြစ်သော်လဲ ဒီနေရာ၌ထိုင်ပြီး အပေးအယူအကြောင်းဆွေးနွေးပြောဆိုနေပေသည်။


ယွမ်ရှသည် မူလကသူမဘာမှမလိုချင်ဟုပြောချင်ခဲ့သည်။သူမတွင်အလုံအလောက်ရှိနေပြီးသားဖြစ်သည်။


 သို့သော်လဲ စုန့်ထင်ရှန်း၏ညှိနှိုင်းဆွေးနွေးလိုသောအမူအယာနှင့် မူလပိုင်ရှင်၏အကျင့်စရိုက်အကြောင်းစဉ်းစားမိလိုက်ပြီးနောက် အကယ်၍သူမသာဘာမှမလိုချင်ပါဟုပြောလိုက်ပါက 

ထိုလူသည် ဒီယခုဆွေးနွေးပြောဆိုမှုမပြီးပြတ်ဟုထင်သွားပေလိမ့်မည်။ပြောရမည်ဆိုလျှင် သူကစီးပွားရေးသမားတယောက်ဖြစ်သည်။ ထို့အပြင်သူ့၏အိမ်ထောင်ရေးကလဲသူ့၏အမြင်အရပြောမည်ဆိုလျှင်စီးပွားရေးလုပ်ငန်းတခုလိုမျိုးဖြစ်နေပေသည်။ထိုအချက်များကိုစဉ်းစားပြီးနောက် ယွမ်ရှပြောလိုက်သည်။


"အခုလောလောဆယ် ကျွန်မမှာပိုက်ဆံလဲရှိတယ်...ကွန်ဒို၊ကား၊လက်ဝတ်ရတနာ အားလုံးရှိနေပြီးသားဆိုတော့အခုလောလောဆယ် ရှင်ကျွန်မကိုတခုခုစဉ်းစားစေချင်နေတာဆိုရင်တော့ ကျွန်မလိုချင်နေတာဘာမှထွက်လာမှာမဟုတ်ဘူး...ဒီလိုဆိုရင်ရောဘယ်လိုလဲ...ကျွန်မတခုခုလိုချင်တာရှိပြီဆိုရင် ရှင့်ကိုပြောလိုက်မယ်လေ..."


စုန့်ထင်ရှန်းက သူမကိုခဏမျှကြည့်နေပြီးမှနောက်ဆုံးတွင်သဘောတူလိုက်သည်။


သူတို့နှစ်ဦးသား နားလည်မှုရသွားပြီဖြစ်သောကြောင့်ဒီနေရာတွင်ဆက်ထိုင်၍စကားပြောနေစရာအကြောင်းမရှိတော့ပေ။ထို့ကြောင့် ပိုက်ဆံရှင်းလိုက်ပြီးနောက်ယွမ်ရှကို ဘာသာစကားသင်မည့်ဆရာမနှင့်တွေ့ဆုံမည့်နေရာတွင်ချပေးလိုက်ပြီး သူအလုပ်သို့ဆက်သွားလိုက်သည်။


ယွမ်ရှ၏ဘာသာစကားသင်ခန်းစာများကအလွန်ပင် သက်တောင့်သက်သာရှိလှသည်။သူမနှင့်ဆရာမတို့က ကော်ဖီဆိုင်သို့မဟုတ် မုန့်ဆိုင်တဆိုင်တွင်တွေ့ဆုံကြပြီးနောက် အဂ်လိပ်စကားဖြင့်စကားစမြည်ပြောဆိုကြသည်။တခါတရံ၌သူတို့နှစ်ဦးသား ရုပ်ရှင်သွားကြည့်ခြင်းသို့မဟုတ် window shopping(မဝယ်ပဲလျှောက်ပတ်ကြည့်) ထွက်ခြင်းမျိုးပြုလုပ်တတ်ကြသည်။


ဒါပေါ့ ...သွားလာမှုအတွင်းကုန်ကျမှုများကိုတော့ ယွမ်ရှကကုန်ကျခံရမည်ဖြစ်သည်။


သင်ယူမှုပုံစံနှင့် ပတ်ဝန်းကျင်အနေထားက သက်‌တောင့်သက်သာဖြစ်နေသောကြောင့်ဖြစ်နိုင်၏။ယွမ်ရှ၏အဂ်လိပ်စကားပြောဆိုခြင်းက ခက်ခဲမဆိုးဝါးတော့ပဲအလွန်လျင်မြန်စွာတိုးတက်လာသည်။


သူမ၏ တပတ်တာအချိန်ဇယားက ပြည့်ကြပ်နေသော်လဲ၎င်းက အချိန်ပြည့်အလုပ်လုပ်နေရသည်ထက်တော့ ပို၍လွယ်ကူပေသည်။

xxxxxxxxxx