အပိုင်း ၂၉-၃၀
Viewers 5k

Chapter 29


"မင်းက ဗီဇပြောင်းဇွန်ဘီ တစ်ကောင်ကို ဖမ်းထားတယ်လို့ ပရော်ဖက်ဆာတွေဆီက ကြားရတယ်..." 


ကျီဟုန်ယီ က ထမင်းပန်းကန်ထဲသို့ ဟင်းရွက်ကြော်ကို ထည့်လိုက်ရင်း ပြောလေသည်။ 


ကျီကျောက်ယန်သည် ပရော်ဖက်ဆာများက ဖခင်ဖြစ်သူထံ သတင်းပို့မည်ဟု မထင်မှတ်ထား၍ အံ့အားသင့်သွားသည်။


 " ဟုတ်ကဲ့.."


ကျီကျောက်ယန် ခန္ဓာကိုယ်ကို အလိုလို ကျုံ့ထား မိလေသည်။ 


“မင်းရဲ့ အလုပ်နဲ့ ပတ်သက်ပြီး ငါအမြဲတမ်း စိတ်ချမ်းသာခဲ့ရတယ်... ဒီတစ်ခါ မင်း ဘယ်လို‌ လုပ်….” 


စကားတစ်ဝက်မှာတင် ကျီဟုန်ယီ ရပ်ထားလိုက်ပြီး ထမင်းတစ်ဇွန်း စားလိုက်‌သည်။


ကျီကျောက်ယန် က ဖခင်ဖြစ်သူ၏ စကားကို ဆက်ကြားချင်လှပြီ ဖြစ်၍ စိုးရိမ်တကြီး မေးလိုက်သည်။


 "အဖေ... ဘာဖြစ်လို့လဲ..." 


“မင်းက စမ်းသပ်မှု ဘာသာရပ်ကို  ဖုံးကွယ်ထားတယ်ဆိုပြီး ပရော်ဖက်ဆာတွေ ငါ့ရုံးခန်းမှာ ပြဿနာလာရှာတယ်... ကျောက်ယန် မင်း ဇွန်ဘီကို ဖွက် ထားတာ ငါဘာမှ မပြောလိုပါဘူး...ဒါပေမယ့် မင်း အဲ့ဒီကိစ္စကို ဘယ်သူမှ မသိအောင် ဖုံးကွယ်ထား သင့်တာပေါ့...ဒါရိုက်တာရဲ့သားဖြစ်တဲ့ မင်းက အဲ့လိုလုပ်လို့ ဘယ်ဖြစ်ပါ့မလဲ... မင်းက ငါ့သားဆိုတာ လူတိုင်းသိတယ်... အဲ့ဒီ‌တော့ စမ်းသပ်မှု ဘာသာရပ်ကို ဖုံးကွယ်ထားတာ ငါကိုယ်တိုင်က မင်းကို ခွင့်ပြုထားတာလို့ ထင်ကြလိမ့်မယ်... CDC ရဲ့ ဒါရိုက်တာဟာ ကိုယ်ကျိုးစီးပွား အတွက် ရာထူးအာဏာကို အလွဲသုံးစား လုပ်နေတယ်... CDCက ဘယ်လိုကြီးလဲ...အဲ့ဒီလို ပြောကြတော့မှာပေါ့....မနက်ဖြန်ကျရင် ဓာတ်ခွဲခန်းထဲမှာ ဖွက်ထားတဲ့ ဇွန်ဘီကို သီးခြားခန်းကို ပြောင်းပေးလိုက်...."


ကျီဟုန်ယီက အမိန့်ပေးလိုက်ပြီး တူများကို စားပွဲပေါ် ချလိုက်သည်။ 


"စားပြီးရင် ပန်းကန်တွေ ဆေး..." 


ကျီကျောက်ယန် သည်  ထမင်းစားပွဲမှ ထထွက်သွားသော ဖခင်ကို စိတ်ရှုပ်ရှုပ်ဖြင့် ကြည့်နေမိလေသည်။


 ဟန်ခိုင်က ဓာတ်ခွဲခန်းမှ ပရော်ဖက်ဆာများသည် ကျီဟုန်ယီ ၏ ရုံးခန်းသို့ ချက်ချင်း သွားတိုင်ကြကြောင်း ရှောင်ချန် ဆီက ပြန်ကြားရသည်။ ကျီဟုန်ယီ သည် ပရော်ဖက်ဆာများထံမှ  အဖြစ်အပျက် အားလုံးကို ကြားသောအခါ မျက်နှာပျက်သွားပြီး ကျီကျောက်ယန်ကို အပြစ်ပေးလိမ့်မည် ဟု  ပြောဆိုနေကြသည်။


ကျီဟုန်ယီ ပေးသော အပြစ်ဒဏ်မှာ ကျီကျောက်ယန် ၏ လစာကို တစ်နှစ်စာ ဖြတ်တောက်ရန်နှင့် ဇွန်ဘီကို သီးခြားခန်းသို့ ချက်ချင်း လွှဲပြောင်းပေးရန် ဖြစ်သည်။ 


မနက်ပိုင်း အစည်းအဝေး မပြီးဆုံးမီ ကျီဟုန်ယီ က ထိုကိစ္စနှင့် ပတ်သတ်၍ စကားစ လိုက်လေသည်။


ထို့ကြောင့် အစည်းအဝေးမှာ မူလကတစ်နာရီ ကြာမြင့်မည် ဖြစ်သော်လည်း နောက်ထပ် နာရီဝက်ကျော် ကြာမြင့်ခဲ့ရသည်။ အားလုံးမှာ ပြဿနာရှာခဲ့မိသည့်အတွက် မျက်နှာမကောင်းကြဘဲ စောဒကတက်ထားသည့် သုတေသီများပါ မျက်နှာငယ်နေကြသည်။နောက်ဆုံးတွင် ဗီဇပြောင်းဇွန်ဘီကို ပြောင်းရွှေ့ခိုင်းမည့် အစီအစဉ်အား ရက်အတန်ကြာ ဆိုင်းငံ့ထားပြီး သုတေသီများမှာလည်း ထိုကိစ္စကို ကျေနပ်သွားကြ၍ ယန်ဟန်၏ အသက်အန္တာရာယ်အတွက် ဟန်ခိုင် ပို၍ပင် စိုးရိမ်လာမိသည်


ထိုနေ့ နံနက်စောစောတွင် ကျီကျောက်ယန်တစ်ယောက် ယန်ဟန် ၏ ခန္ဓာကိုယ်မှ အသားစများကို ယူဆောင်ရန် ပြင်ဆင်နေလေသည်။ ယမန်နေ့က ယန်ဟန်၏ အသားစများရှိ R ဗိုင်းရပ်စ်၏ တည်နေရာကို ခြေရာခံရန် အိုင်ဆိုတုပ် တံဆိပ်ကပ်နည်းကို အသုံးပြုခဲ့ရာ စမ်းသပ်မှု ရလဒ်မှာ မြင်ဖူးသလိုလို  ဖြစ်နေသည်ကို တွေ့ခဲ့ရသည်။


ဤစမ်းသပ်မှု ရလဒ်ကို မြင်ဖူးနေသည်ဟု ထင်ရခြင်း၏ အကြောင်းအရင်းမှာ တစ်ချိန်က ဟန်ခိုင် ၏ စမ်းသပ်မှု မှတ်တမ်းကို မြင်ဖူးထားသောကြောင့် ဖြစ်ကြောင်း သူ သတိရသွား၏။


ဟန်ခိုင် ၏ " စမ်းသပ်မှုဘာသာရပ် ၄၁၃-၂ " ၏ စမ်းသပ်မှတ်တမ်းသည် မနေ့က ရခဲ့သော စမ်းသပ်မှု ရလဒ်များနှင့် အလွန်ဆင်တူနေသည်။ 


ယန်ဟန်သည် ယခင်က ဟန်ခိုင် ၏အိမ်တွင် နေထိုင်ခဲ့သဖြင့် ဟန်ခိုင်က သူမ၏ အသားစများကို စမ်းသပ်ခဲ့ပြီး   “စမ်းသပ်မှု ဘာသာရပ် ၄၁၃-၂” 


ဟု  အမည်ပေးခဲ့ခြင်း ဖြစ်နေရော့သလား။


ဟန်ခိုင် ၏ အံဆွဲ အောက်ခြေတွင် စမ်းသပ်မှု မှတ်တမ်း နှစ်ခုရှိနေပြီး  တစ်ခုမှာ "စမ်းသပ်မှုဘာသာရပ် ၄၁၃-၂" ဖြစ်ပြီး ကျန်တစ်ခုမှာ "စမ်းသပ်မှု ဘာသာရပ် ၄၁၃-၁ " ဖြစ်လေသည်။ 


အကယ်၍ "စမ်းသပ်ဘာသာရပ် ၄၁၃-၂ " သည် ယန်ဟန်ဖြစ်ပါက ၂၀၂၃ ခုနှစ်တွင် စစ်ထားသော "စမ်းသပ်ဘာသာရပ် အမှတ် ၄၁၃-၁ " မှာ မည်သူနည်း။


ကျီကျောက်ယန် ထိုမေးခွန်းကို စိတ်ထဲတွင် တွေးနေရင်း စမ်းသပ်ကိရိယာကို ယူကာ စင်္ကြံအဆုံးရှိ ဓာတ်ခွဲခန်းသို့ လျှောက်သွားလိုက်သည်။ ကျီကျောက်ယန်သည် ယန်ဟန်၏ အသားစများကို ယူလိုက်လျှင် သူမ ထွက်ပြေးမည် စိုး၍ သူမ မလှုပ်ရှားနိုင်အောင် ကြိုတင်၍ လျှပ်စစ်ဓာတ် လွှတ်ထားပြီး ဖြစ်သည်။ 


ထို့နောက် သူ စမ်းသပ်စင်တွင် ဗန်းအလွတ်ကိုချထားကာ ဇွန်ဘီ လှောင်အိမ်ထဲတွင် ထိုင်နေသော ယန်ဟန် ကိုကြည့်၍ ရေရွတ်လိုက်သည်။ 


"ဒီဓာတ်ခွဲခန်းမှာ ယွင်ကျင့် မြို့က ဖမ်းမိလာတဲ့ ဇွန်ဘီတွေ ဘယ်လောက်တောင် သေသွားပြီလဲ ငါမသိဘူး... ဒါပေမယ့် နောက်ထပ်သေမဲ့ အကောင်က မင်းပဲ ... အဖေက မင်းကို အားလုံးရှေ့မှာ သီးသန့်ခန်းထဲ ပြောင်းခိုင်းလိုက်တယ်...ငါက မင်းကို စမ်းသပ်လိုက်ပြီး တိကျတဲ့ အဖြေတစ်ခု ထွက်မလာဘဲနဲ့တော့ မပို့လိုက်နိုင်ဘူး...အားလုံးထက် ငါကပဲ အဖြေရှာနိုင်စေရမယ်.. ဒါပေမယ့် မင်းကို သီးသန့်ခန်းထဲ ရွှေ့ပေးဖို့က ငါ မလုပ်ချင်ဆုံးပဲ...  ဒါကြောင့် မင်းဆီက အသားစ အလုံအလောက် ယူထားမယ်..ပြီးရင် မင်းကို သတ်ပစ်ဖို့ ငါ စီစဉ်ထားတယ်... သူတို့က မင်းကို သီးသန့်ခန်းကိုပို့ဖို့ ပြောထားပေမယ့် မင်းကို အသက်ရှင်စေချင်တယ်လို့မှ မပြောတာ...” 


ယန်ဟန်သည် ကျီကျောက်ယန် ၏ စကားကို နားထောင်ပြီး မျက်လုံးပြူးဖြင့် စိုက်ကြည့်နေသည်။ 


"မင်းငါ့ကို နားလည်တယ် မလား..." 


ယန်ဟန်က သူ့ကို မလှုပ်မယှက် စိုက်ကြည့်နေဆဲ ဖြစ်၏။


 "ငါ အရမ်းသိချင်နေတယ်...မင်း ဟန်ခိုင်နဲ့ ဘယ်လို ‌စကားပြောခဲ့တာလဲ.."


" စိတ်ချင်းဆက်သွယ် ပြီးတော့လား... ဟားဟား..."


 


ယန်ဟန်က သူ့ကို လျစ်လျူရှု လိုက်သည်ကို မြင်လိုက်ရသဖြင့် နှုတ်ခမ်းတွန့်ရုံသာ ပြုံးလိုက်သည်။


“မင်းတကယ် စကားမပြော နိုင်တဲ့ပုံပဲ... ဗိုင်းရပ်စ်က မင်းရဲ့အသံကြိုးတွေ ဖျက်ဆီးလိုက်တာလား”


ကျီကျောက်ယန် သည် ယန်ဟန် နှင့် အချိန်အတော်ကြာ စကားပြောခဲ့သည်။ 


ထို့နောက် သူသည် စမ်းသပ်ကိရိယာများကို ဗန်းထဲတွင် သပ်သပ်ရပ်ရပ်ထည့်ထားလိုက်ပြီး လှောင်အိမ်ထဲမှ ယန်ဟန်ကို မလှုပ်နိုင်စေရန် ဇွန်ဘီလှောင်အိမ်၏ ခလုတ်တစ်ခုကို ဖွင့်လိုက်လေတော့သည်။


Xxxxxxx


Chapter 30


"မစ္စဟန်... မစ္စတာဟန်..."


ကျန့်စစ်ချီ က စမ်းသပ်စင်ရှေ့တွင် ကြောင်စီစီ ထိုင်နေသော ဟန်ခိုင်ကို ခေါ်လိုက်သည်။ 


ဟန်ခိုင် က သတိပြန်ဝင်လာပြီး ပြောလိုက်သည်။


 "ဘာဖြစ်လို့လဲ..."


 "ရှင့်ရဲ့ အချိန်မှတ်နာရီက မြည်နေတယ်..." 


ကျန့်စစ်ချီ သည် ဓာတ်ခွဲခန်းခုံတန်းပေါ်ရှိ အချိန်မှတ်နာရီကို လက်ညှိုးထိုးပြပြီး ပြောလေသည်။


"ဓာတ်ခွဲခန်းကို ပိုးသတ်ဖို့ အချိန်မဟုတ်လား..." 


“အင်း... ဟုတ်တယ်...” 


ဟန်ခိုင် က အသံမြည်နေသည့် အချိန်မှတ်နာရီကို ချက်ချင်းပိတ်လိုက်သည်။ 


"ဆရာ ဟန်...လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး စိတ်နဲ့ ကိုယ်နဲ့ကို မကပ်ဘူး... ရှင် နေမကောင်းလို့လား..." 


“ နေမကောင်းဖြစ်နေတာ ဟုတ်မယ်” 


"မစ္စတာဟန် နေမကောင်းရင်လည်း ခွင့်ယူပြီး ပြန်နားလိုက်ပါလား...ကျွန်မ  ဓါတ်ခွဲခန်းကို ကြည့်ထားလိုက်ပါ့မယ်..."


"ရပါတယ် ငါ ရေချိုးခန်းထဲမှာမျက်နှာ သွားသစ်လိုက်ဦးမယ်..." 


ဟန်ခိုင်သည် ကုတ်အင်္ကျီဖြူကို ချွတ်ကာ ရေချိုးခန်းဆီသို့ လျှောက်သွားလိုက်သည်။ နှစ်ရက်လုံးလုံး ယန်ဟန် ကို သီးသန့်ခန်းထဲသို့ အမြန်ပြောင်းရန် စဉ်းစား အကြံထုတ်နေခြင်း ဖြစ်သည်။


အချိန်ဆွဲနေပါက ယန်ဟန် အသတ်ခံရမည်ကို ဟန်ခိုင် ကြောက်‌မိသည်။ ထို့ နောက် သူ ရေပိုက်ခေါင်းကို ဖွင့်ကာ မျက်နှာကို ရေအေးဖြင့် မျက်နှာသစ်လိုက်သော်လည်း စိတ်ထဲတွင် ကမောက်ကမ ဖြစ်နေဆဲဖြစ်ပြီး ဘာကိုမျှ မတွေးနိုင်တော့ပေ။ နောက်ဆုံးတွင် စင်္ကြံအဆုံးရှိ ပြတင်းပေါက်နား သွား၍  အပြင်ဘက်ရှိ ရှုခင်းများကို ငေးကြည့်နေမိသည်။ 


ဟန်ခိုင် ဓာတ်ခွဲခန်းသို့ ပြန်ရောက်သောအခါ ဓာတ်ခွဲခန်းထဲတွင် မည်သူမျှ ရှိမနေပေ။သုတေသီများမှာ စမ်းသပ်မှုကိုယ်စီနှင့် အလုပ်ရှုပ်နေခြင်း ဖြစ်နိုင်သည်။


ဟန်ခိုင်၏ စိတ်အခြေအနေသည် စမ်းသပ်မှုများကို ဆက်မလုပ်နိုင်သဖြင့်  နန်ရှန့်ကို ဆွေးနွေးတိုင်ပင်ရန် ခေါ်မည်ဟု စိတ်ကူးလိုက်သည်။ ထို့နောက် သူက ထိုင်ခုံပေါ်ရှိ အင်္ကျီဖြူကို ခေါက်ပြီး အံဆွဲထဲသို့ ထည့်မည်ပြုစဉ်  သော့တစ်ချောင်းကို ထုပ်ထားသည့် စက္ကူဖြူထုပ်‌လေးကို အံဆွဲထဲတွင် တွေ့လိုက်ရသည်။  သော့သွားများပေါ်တွင် သိသာထင်ရှားသော ခြစ်ရာများ ရှိနေသဖြင့် အသစ်စက်စက်သော့ ဖြစ်ပုံရသည်။ထို့အပြင် သော့ခေါင်းပေါ်ရှိ စတစ်ကာမှ လည်း သစ်လွင်နေပြီး အခန်းနံပါတ် - ၇၁၂ ဟု စတစ်ကာတွင် ဘောပင်ဖြင့် ရေးထား လေသည်။ 


ထို စက္ကူဖြူပေါ်တွင် " ဂွမ်ယန်ဟန်၏ အခန်းသော့ " ဟု ရေးထားသဖြင့် ‌စက္ကူဖြူကို သေချာပြန်ကြည့်လိုက်သည်။ မည်သို့ပင် ဆိုစေ အမှန်တစ်ကယ် ထူးဆန်းနေတော့သည်။


 


ဟန်ခိုင် သော့နှင့် စာရွက်ဖြူကို ကိုင်ကာ အံ့အားသင့်သွားသည်။ သတ္တမထပ်သည် ကျီကျောက်ယန် ၏ ဓာတ်ခွဲခန်းဖြစ်သည်။


သော့ကို မည်သူက ထည့်ထားသနည်း။ သော့ပေးသောသူက ဟန်ခိုင် သော့လိုအပ်နေကြောင်း မည်သို့သိသနည်း။ ကျီကျောက်ယန် ဖမ်းထားသော ဇွန်ဘီကို ယန်ဟန် ဟုခေါ်ကြောင်း ထိုလူက မည်သို့သိသနည်း။ 


အထက်ပါ မေးခွန်းသုံးခုသည် ဟန်ခိုင်၏ စိတ်ထဲတွင် စွဲနေတော့သည်။ ကျီကျောက်ယန် က သူ့ကို လိမ်လည်လှည့်ဖြားဖို့ ထောင်ချောက်ဆင်ထား ခြင်းလည်း မဖြစ်နိုင်ပေ။သို့သော် ယန်ဟန်၏ အမည်ကိုသိပြီး သော့လိုအပ်ကြောင်းကို သိသူမှာလည်း ကျီကျောက်ယန်သာ ရှိသည်။


ထို့နောက် ဟန်ခိုင် ခေါင်းယမ်းလိုက်ပြန်သည်။ ကျီကျောက်ယန် ကလည်း ထိုသို့ လုပ်မည် မဟုတ်ပေ။ ဟန်ခိုင် သည် ဆက်မတွေးတော့ဘဲ သော့ နှင့် နာမည်ရေးထားသော စက္ကူဖြူကို အိတ်ကပ်ထဲ ထည့်ကာ ခွင့်တောင်းပြီး အိမ်ပြန်လာခဲ့သည်။ 


အိမ်အပြန်လမ်းတွင် သူသည် အရေးကြီး ကိစ္စများကို ဆွေးနွေးရန် လီနန်ရှန့် ထံ မက်ဆေ့ခ်ျ တစ်စောင် ပို့လိုက်သည်။ထို့နောက် သူအိမ်သို့ ပြန်ရောက်သောအခါ လီနန်ရှန့် သည် သူ့ အခန်း တံခါးဝတွင် စောင့်နေပြီဖြစ်သည်။


 လီနန်ရှန့်သည် ဟန်ခိုင်က လှေကားထစ်ကို ဖြည်းညှင်းစွာ လျှောက်လာသည်ကို မြင်ပြီး မေးလိုက်သည်။


 “အားခိုင်.. ဘာအရေးကြီး ကိစ္စရှိလို့လဲ...”  


ဟန်ခိုင် က သူ့ကို လှေကားထစ်ပေါ်မှ မော့ကြည့်ကာ ပြောလိုက်၏။


 "အိမ်ထဲ အရင်ဝင်ရအောင်..." 


အိမ်ထဲသို့ ရောက်လာသောအခါ ဟန်ခိုင်သည်  လီနန်ရှန့် ရေနွေးတစ်ခွက်ကို ငှဲ့ယူလာခဲ့သည်။


 " မင်းဆီက ငါငှားထားတဲ့ လှေ ဟိုမှာ အဆင်သင့် ရှိလား..." 


"ရှိတယ်...အစ်ကို့အတွက် သိမ်းထားပေးတယ်...ဘာဖြစ်လို့လဲ... အစ်ကို ဇွန်ဘီမကို ကယ်နိုင်မယ်ဆိုတာ သေချာရဲ့လား...."


 “ပြောရခက်ပေမယ့် ငါတို့ ကြိုးစားရမှာပဲ... တစ်ကယ်လို့ အောင်မြင်ရင် သူမကို ဒီညပဲ လွှတ်လိုက်မယ်...လမ်းမှာ ပြဿနာ တစ်ခုခု ဖြစ်မှာကိုတော့ စိုးရတယ်....ဒါကြောင့် သူမကို စမ်းသပ်အဆောက်အဦး ရဲ့အပြင်မှာ သွားစောင့်နေလိုက်... ” 


“ ဘယ်အချိန်ကျရင် စောင့်နေရမလဲ..." 


“CDC က လူတွေ မရှိတော့တဲ့ အထိ စောင့်ရမှာ.... မနက် ၁ နာရီ လောက်ဆို ရင် မင်းကို မက်ဆေ့ချ် ပို့လိုက်မယ်..." 


"သူမကို ဘယ်လို ကယ်တင်ကြမလဲ...ကျီကျောက်ယန် က သူမကို တစ်ယောက်တည်း သီးသန့် ဖမ်းထားတယ် မဟုတ်လား...."


“ငါ ဒီနှစ်ရက်လုံးလုံး စိတ်ပူနေမိတယ်... အစက ဒီနေ့ ဘာဆက်လုပ်မလဲ ဆိုတာကို မင်းနဲ့ ဆွေးနွေးဖို့ စီစဉ်ထားပေမယ့် ထူးဆန်းတဲ့ ကိစ္စတစ်ခု ဖြစ်သွားတယ်ကွာ..."


"ထူးဆန်းတာ ဟုတ်လား...ဘာဖြစ်လို့လဲ..." 


“သူမကို ထည့်ထားတဲ့ အခန်းသော့ကို ဘယ်သူ ပေးခဲ့တာလဲ မသိဘူး...” 


ဟန်ခိုင် က အိတ်ကပ်ထဲမှ စက္ကူဖြူကို ထုတ်ကာ ပြောလိုက်သည်။ လီနန်ရှန့် သော့နှင့်မှတ်စုကိုယူ၍ ၎င်းကိုကြည့်ကာ အံ့သြသွားသဖြင့် စာကြောင်းတစ်ကြောင်းတည်းသာပြောသည်


 "ထူးဆန်းလိုက်တာ..."


 "ဟုတ်တယ်..." 


"အစ်ကို့ကို တစ်ယောက်ယောက်ကတိတ်တိတ်လေး ကူညီနေတာ မဖြစ်နိုင်ဘူးလား...”


ဟန်ခိုင် သည် လီနန်ရှန့် ၏ စကားကို ကြားရသောအခါ ပြုံးမိလေသည်။ လီနန်ရှန့် သည် ရဲသင်တန်းကျောင်း နှင့် လက်နက်ကိုင် တပ်ဖွဲ့ဌာနတွင် နှစ်အတော်ကြာ တာဝန် ထမ်းဆောင်ခဲ့သော်လည်း သူသည် ခပ်ရိုးရိုးသာ တွေးခေါ်တတ်သူ ဖြစ်သည်။ 


မည်သူက သော့ကို ပေးခဲ့သည် ဆိုသည်ကို အချိန်ခဏ‌လေးနှင့် မဖော်နိုင်သည့်အတွက်  နန်ရှန့် နှင့် စကားစကို ဖြတ်လိုက်သည်။ 


 


ကျီကျောက်ယန် က ဟန်ခိုင် ကို ထောင်ချောက်ထဲ ဝင်လာစေရန် သွေးဆောင်ခြင်း ဆိုလျှင်တောင် သူ့တွင် လွတ်မြောက်ရန် နည်းလမ်း ရှိသေးသည်။


“ဖြစ်နိုင်တာပေါ့....” 


ဟန်ခိုင်က  လီနန်ရှန့် ကို  ဖြေလိုက်သည်။


Xxxxxx