Chapter 9
Viewers 117

  အခန်း ၉ ထိပ်တိုက်ရင်ဆိုင်မှုများ (အပိုင်း ၂)

  လို့ရှီးယန်က တိတ်ဆိတ်နေပြီး တခြားမည်သူကမှလည်း မည်သို့တုံ့ပြန်ရမည်ကို မသိကြပေ။ လူရာနှင့်ချီပြီး ရပ်နေသော ရွာဝင်ပေါက်တစ်ခုလုံးက တိတ်ဆိတ်နေပြီး အနည်းငယ် ထူးဆန်းနေသလို ခံစားရစေကာ လေထုက အကျဉ်းအကျပ်ထဲရောက်နေပုံပေါ်သည်။

ကျွော့ချင်းက လို့ရှီးယန်ကို ဘေးတိုက် ကြည့်လိုက်သော်လည်း သူက ပြုံးပြနေဆဲဖြစ်သည်။ သူ့မျက်လုံးကျဉ်းကျဉ်းလေးများက သူမကို အလွန်ဂရုစိုက်သောအကြည့်ဖြင့် စိုက်ကြည့်နေသည်။ ကံမကောင်းစွာဖြင့် ကျွော့ချင်းက သူ သူမကို မည်ကဲ့သို့ ကြည့်သည်ဖြစ်စေ  နူးညံ့သိမ်မွေ့မှုမရှိဘူးဟု ခံစားရစေပြီး သူမတစ်ကိုယ်လုံးကို ထုံကျင်နေလေသည်။

  ကောလဟာလတွေအရဆိုရင် သူက ကျောက်စိမ်းလို နူးညံ့သိမ်မွေ့ပြီး ထူးကဲတဲ့ အမူအရာတွေရှိတဲ့ ဝန်ကြီးချုပ်တစ်ယောက်လေ.... သူက ဒီလောက် အမြင်မကျဥ်းသင့်ဘူးမလား? 

 ကျွော့ချင်းက သူမဦးထုပ်အနားကို ထပ်ဆွဲချရင်း တိတ်တိတ်ဆိတ်ဆိတ် ပြန်ဆုတ်ခွာသွားသည်။

လူကြီးလူကောင်းတစ်ယောက်ဆိုရင် အန္တရာယ်ရှိတဲ့ နံရံအောက်မှာ ရပ်မနေသင့်ဘူးလေ...

သူမ၏ခြေဖဝါးများကို လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် ရုတ်တရတ် မိုးခြိမ်းသံတစ်ခုနှင့်အတူ လျှပ်စီးများလက်လာသည်။

ဒါက ခုနက သာယာနေတဲ့ နွေဦးရာသီလို့ ဘယ်သူက ပြောနိုင်ပါတော့မလဲ?

 ရုတ်​တရက် ​​လေ​တွေတိုက်လာ​​ပြီး ကြမ်းတမ်းသည့်လေက သစ်​ပင်များကို ယ်မ်းနွဲ့စေသောကြောင့် အားလုံး ထိတ်​လန့်​သွားကြသည်​။ ​ကျွော့ချင်းက ကောင်းကင်​ကို ​မော့ကြည့်​လိုက်ပြီး ​မှောင်မိုက်​​နေသည့် ​ကောင်းကင်တွင် ​တိမ်မည်းများ ပြည့်​​နေသည်ကို သူမ မြင်​လိုက်​ရသည်​။ ကျွော့ချင်းက အံသြသွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

 "မဖြစ်နိုင်ဘူး!"

သူမ သစ္စာဖောက်တဲ့စကားတွေ ဒါမှမဟုတ် မိုးနတ်မင်းက လက်မခံနိုင်တဲ့အရာတွေ ဘာမှ မပြောခဲ့ဘူးလေ။ ငါက လျှပ်စီးလက်ပြီး မိုးကြိုးပစ် ရလောက်အောင် ထိုက်တန်တာတစ်ခုခု ပြောမိလို့လား?

  မိုးခြိမ်းသံများ ထွက်ပေါ်လာပြီးနောက် မိုးက သည်းထန်စွာ ရွာသွန်းလာတော့သည်။

  "မိုးရွာနေပြီ--"

ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူတိုင်းက အရာအားလုံးကို မေ့ပျောက်သွားပြီး ကြီးမားသာ စိတ်ရှုပ်ထွေးများနှင့် အဆုံးသတ်သွားခဲ့သည်။

  ကျွော့ချင်းက ပရမ်းပတာအခြေအနေကို လျင်မြန်စွာ အသုံးချကာ ဆုတ်ခွာသွားခဲ့သော်လည်း  သူမ၏လက်က ရုတ်တရက် နာကျင်လာသည်။ သူမ၏လက်ကောက်ဝတ်ကို သန့်ရှင်းသွယ်လျသောလက်တစ်ဖက်က တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လာသောကြောင့် ကျွော့ချင်း မော့ကြည့်လိုက်ရာ လို့ရှီးယန်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။  မိုးသည်းထန်စွာ ရွာသွန်းမှုအောက်တွင် လူတိုင်းက ဒုက္ခရောက်နေကြသော်လည်း သူကတော့ ဂရုမစိုက်ပေ။ မိုးရေများကြောင့် ထူထပ်နေသော မြူခိုးများအောက်တွင် သူ့အသွင်အပြင်က မသဲမကွဲဖြစ်နေသော်လည်း ကျွော့ချင်းက ထိုမျက်လုံးကျည်းကျဉ်းလေးများထဲမှ အလင်းတန်းများကို ခံစားနေရဆဲဖြစ်သည်။

  မိုးက ပိုပိုသည်းလာပြီး ဝူစစ်က "ဝန်ကြီးချုပ်လူကြီးမင်း၊ ကျေးဇူးပြုပြီး ဒီကိုလာပြီး ဘိုးဘေးခန်းမမှာ မိုးခိုပါ!"

  လို့ရှီးယန်က ပြုံးပြ ခေါင်းညိတ်ကာ ကျွော့ချင်းကို ရွာဝင်ပေါက်မှ ဘိုးဘွားခန်းမအထိ ဆွဲခေါ်သွားခဲ့သည်။

  ကျွော့ချင်းက အရှုံးမပေးဘဲ သူမခွန်အားရှိသလောက် အကြိမ်ပေါင်းများစွာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့နေသည်။ သူ၏ နူးညံ့သိမ်မွေ့သော အသွင်အပြင်နှင့် မတူဘဲ သူ့လက်က သန်မာလွန်းလှလွန်းလှကာ သူမက ဤလက်ကို မလိုချင်ရင်လျှင်ပင် သူမ ထွက်ပြေးနိုင်တော့ပေ။

  လူငယ်လေးက ခဏလောက် ရုန်းကန်ပြီးနောက် သူ့နောက်မှ တိတ်တဆိတ် လိုက်လာသည်ကို သိလိုက်ရသောကြောင့် လို့ရှီးယန်က နောက်ပြန်လှည့်ကြည့်လိုက်ပြီး သူ့၏ပါးစပ်ထောင့်က အမှတ်တမဲ့ အနည်းငယ် ပင့်တက်လာသည်။

  ဘိုးဘေးခန်းမ ဟုခေါ်သည့်နေရာက ရွှံ့အုတ်များဖြင့် တည်ဆောက်ထားသော အခန်းကြီးတစ်ခန်းသာ  ဖြစ်သည်။ ပူဇော်ပစ္စည်းများတင်သည့်ပလ္လင် အနည်းငယ်နှင့် နံ့သာတိုင်များရှိနေသည့် အခန်းတစ်ခုသာဖြစ်သည်။ နံရံလေးဘက်လုံးက ပျက်စီးယိုယွင်းနေပြီး ခေါင်မိုးကြွေပြားများကြားမှ မိုးရေများက ရံဖန်ရံခါ ကျဆင်းလာသေးသည်။ မူလက ဤနေရာက သေးငယ်သည်ဟုထင်ရသော်လည်း လူများစွာရောက်လာသောကြောင့် အလွန်စည်ကားသည်ဟု ထင်နေရသည်။ ကံကောင်းထောက်မစွာဖြင့် လို့ရှီးယန်၏ "ဖြူမဲညီနောင်" သက်တော်စောင့်နှစ်ယောက်က ထိုနေရာတွင် ရပ်နေသဖြင့် ရွာသားများက သူတို့ကို မတွန်းဝံ့ဘဲ ပူဇော်ပစ္စည်းများတင်သည့်ပလ္လင် ရှိနေသည့်စားပွဲဘေးရှိ ထောင့်တစ်နေရာတွင် အနားယူနိုင်ခဲ့သည်။

 တစ်စုံတစ်ယောက်က သူမလက်အား တစ်ချိန်လုံး ဆုပ်ကိုင်ထားသည်ကို သည်းမခံနိုင်တော့သော  ကျွော့ချင်းက သူမ၏လက်ကို ခါယမ်းလိုက်သည်။ ထို့နောက် သူမက  စိတ်မရှည်စွာဖြင့် "ဝန်ကြီးချုပ်လူကြီးမင်း၊ ကျွန်တော့လက်ကို လွှတ်ပေးနိုင်မလား?!"

  သူမ၏ ရွံရှာနေသောအသံကို ကြားလိုက်ရချိန်တွင် မူလက သူမ၏လက်ကို ပြန်လွှတ်ပေးတော့မည့် လို့ရှီးယန်က သူမ၏လက်ကောက်ဝတ်ကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူက သူ၏ အမြဲလိုလို နူးညံ့သိမ်မွေ့နေသော လေသံဖြင့် "မင်းက တခြားသူရဲ့နာမည်ကို မေးခဲ့ပေမယ့် မင်းနာမည်ကိုတော့ မပြောဘူး။ မင်းကိုယ့်မင်း ယဉ်ကျေးသိမ်မွေ့တယ်လို့ပြောရင် နည်းနည်းလေး လွဲနေတော့မှာ မဟုတ်ဘူးလား?"

  အား~ နာတယ်!!

  ဒီလူက ရက်စက်လွန်းတယ်။ သူမလက်က ကွဲထွက်တော့မယ်။  

ကျွော့ချင်းက ဘာမှပြန်မပြောဘဲ ခေါင်းမာမာဖြင့် အံ့ကြိတ်လိုက်သည်။

  သူ့လက်ဖဝါးထဲတွင် ရှိနေသည့် လက်ကောက်ဝတ်လေးက အဆက်မပြတ် တုန်ခါနေသည်ကို ခံစားလိုက်ရသောကြောင့် လို့ရှီးယန်က သူ့လက်ကို ဖြေလျှော့ပေးလိုက်သည်။

        ဒီကောင်လေးရဲ့လက်တွေက ပိန်လွန်းတယ်။ သူ့လက်ကို မတော်တဆ ချိုးမိမှာကိုတောင် တကယ်ကြောက်သွားပြီ။

လို့ရှီးယန်က သူ့လက်ကို လွှတ်ပေးလိုက်ပြီး အေးအေးဆေးဆေး ထပ်မေးလိုက်သည်။

 "မင်းနာမည်"

  သူ့၏အေးစက်သောအသံက တိုးလျသောတူရိယာအသံကဲ့သို့ နက်နဲစွာ ထွက်ပေါ်လာသည်။ ကျွော့ချင်းက သူမ၏ခေါင်းကို ညင်သာစွာမော့ပြီး လို့ရှီးယန်ကို ကြည့်လိုက်သည်။ သူ၏မျက်နှာသွင်ပြင်က ပို၍ပင် ချောမောလှပနေလေသည်။ ယခုအချိန်တွင် သူက မပြုံးတော့ဘဲ မျက်လုံးများက ကျဉ်းမြောင်းနေပြီး သူ့အပြုံးများလည်း ပျောက်ကွယ်နေခဲ့သည်။ သူက သူ့၏ပါးလွှာသော နှုတ်ခမ်းကို အနည်းငယ် ပင့်တင်ကာ မကောင်းဆိုးဝါးဆန်သည့် ဆွဲဆောင်မှုကို ထုတ်ဖော်ပြသနေခဲ့သည်။

လို့ရှီးယန်၏ မျက်လုံးများမှ အံ့အားသင့်စေသည့် အရိပ်အမြွက်ကို ရုတ်တရက် သတိပြုမိလိုက်မှ ကျွော့ချင်း၏အတွေးများက ပျောက်သွားသည်။

  သူမမျက်နှာ!

 ကျွော့ချင်းက လျင်မြန်စွာ ခေါင်းငုံ့လိုက်သော်လည်း လို့ရှီးယန်က သူမ၏ မေးစေ့ကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ မျက်နှာကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။ အချိန်ကိုက်ပင် လျှပ်စီးကြောင်းတစ်ခုက လင်းလက်သွားပြီး အလင်းရောင်အောက်မှ သူမ၏ ဖြူစင်သော ပါးပြင်ပေါ်တွင် နက်နဲသော အမာရွတ်နှစ်ခု ဖုံးလွှမ်းနေပုံက သူမ၏ရုပ်ရည်ကို မမြင်ရလုနီးပါးဖြစ်နေသည်။

  လို့ရှီးယန်၏ မျက်လုံးများက အနည်းငယ် တောက်ပလာခဲ့သည်။

ဒီလူငယ်လေးရဲ့မျက်နှာပေါ်မှာ ဒီလောက်ရက်စက်ကြမ်းကြုတ်တဲ့ အရိပ်အယောင်တွေကို ဘယ်သူကများ  ချန်ထားခဲ့ပါလိမ့်။

  ကျွော့ချင်းက ခေါင်းမငုံ့နိုင်တော့သောကြောင့် သူမ၏ခေါင်းပေါ်မှ စုတ်ပြတ်နေသော ဦးထုပ်ကို ထပ်ဆွဲချကာ ကျန်မျက်နှာတစ်ဖက်ကို သေသေချာချာ ဖုံးအုပ်လိုက်ပြီး သူမ၏ခြေထောက်ကို မြှောက်ကာ လို့ရှီးယန်၏ခြေထောက်ကို ပြင်းပြင်းထန်ထန် နင်းချလိုက်သည်။

"အမ်း~" လို့ရှီးယန်က စိတ်ပျက်စွာ နှာမှုတ်လိုက်ပြီး တစ်ခုခု တွေးနေစဥ် ကျွော့ချင်းက သူ့လက်ကို အလျင်အမြန် ရိုက်ဖယ်ရန် အခွင့်အရေးကို ယူကာ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။

  သူနှင့်ဝေးဝေးနေလိုက်ချိန်တွင် ဖိနှိပ်ခံနေရသည့် ခံစားချက်များက အနည်းငယ် လျော့ပါးသွားခဲ့သည်။ ကျွော့ချင်းက သူမ၏ဦးထုပ်ကို ထပ်ဆွဲချလိုက်ပြီး သူမ၏မျက်နှာကို အုပ်နေရင်းဖြင့် အံ့သြဟန်ဆောင်ကာ "ခင်ဗျားကို နင်းမိသွားတာလား? တောင်းပန်ပါတယ် ဝန်ကြီးချုပ်... မှောင်လွန်းလို့ ကျွန်တော် မမြင်လိုက်ဘူး”

ဒီအချိန်မှာ သူမက သူမရဲ့ သုံးလက်မမြင့်တဲ့ ဒေါက်မြင့်ဖိနပ်တွေကို အရမ်းလွမ်းနေပြီ။

  မမြင်ရဘူးတဲ့လား?! သူက ပိုအယောင်ဆောင်နိုင်​​သေးတယ်​။

  သို့သော်လည်း သူ့မျက်နှာပေါ်မှ ဒဏ်ရာများကို တွေးရင်း လို့ရှီးယန်က သူ့လက်ကို ရပ်တန့်လိုက်ပြီး အောက်သို့ ပြန်ချထားလိုက်သည်။

  လို့ရှီးယန် ရှေ့ဆက်မတိုးဘဲ ရပ်တန့်လိုက်သည်ကို မြင်လိုက်ချိန်တွင် ကျွော့ချင်းက သက်ပြင်းတစ်ချက်ချလိုက်သော်လည်း ချီထျန်းယုက ဝူစစ်ကို ပြောလာပြန်သည်။

"မင်းတို့က ဝန်ကြီးချုပ်ကို တွေ့ချင်တာမလား? အခု သူ ရောက်လာပြီလေ၊ မင်းတို့ လုယူခဲ့တဲ့ အလှလေးကို ပြန်လွှဲပေးသင့်ပြီမလား?!"

  ဝူစစ်က ခေါင်းကုတ်လိုက်ပြီး သူ့မျက်နှာတွင် ဘာမှန်းမသိနိုင်သည့် အမူအရာများ ဖုံးလွှမ်းလာခဲ့သည်။

သခင်မလေးကျွော့က သူတို့ကို  မပြောခိုင်းဘူးဆိုတော့ အခု သူ ဘာလုပ်သင့်လဲ?

  "လူက ဘယ်မှာလဲ!" ဝူစစ်၏နုံအအအမူအရာကို မြင်လိုက်ချိန်တွင် ချီထျန်းယုက "မင်း သူ(မ)ကို သတ်လိုက်တာလား?"

  ဝူစစ်က သူ့ခေါင်းကို ထပ်ခါတလဲလဲ ခါယမ်းရင်း စိုးရိမ်တကြီးဖြင့် "မဟုတ်ဘူး၊ မဟုတ်ပါဘူး... လုံးဝမဟုတ်ပါဘူး!!"

  "ဒါဆို ရောင်းစားလိုက်တာလား?"

  ဝူစစ်က "ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ!"

  "ဒါဆို လူက ဘယ်မှာလဲ?!"

  လူ……

 ဘိုးဘွားခန်းမထဲမှ ရွာသူရွာသားများက ထိုရုပ်ပုံကို တစ်ဖန် ရှာဖွေခဲ့ကြပြန်သည်။

  SHIT! ငါ့ကို နောက်တစ်ခါ ကြည့်ကြဦးမယ်! 

ကျွော့ချင်းတစ်ယောက် ကျိန်စာတိုက်လိုက်မိပြန်တော့သည်။

  “ဘုန်း”  ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ကျွော့ချင်းက ပူဇော်ပစ္စည်းများတင်သည့်စားပွဲကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ယိမ်းယိုင်နေပြီဖြစ်သော ပူဇော်ပစ္စည်းများတင်သည့်စားပွဲက အကြိမ်အနည်းငယ်ကြာအောင် ဘယ်ညာလှုပ်ခါသွားပြီးနောက်... ပြိုကျသွားခဲ့သည်။ ရွာသားများအားလုံးက ကျွော့ချင်းကို ထိတ်လန့်စွာ ငေးကြည့်နေကြပြီး လို့ရှီးယန်က သူ့မျက်ခုံးကို အနည်းငယ်ပင့်တင်လိုက်သည်။

သူက ဘာကို လှည့်စားဖို့ ကြိုးစားနေတာလဲ?

  အရမ်းကောင်းတယ်၊ အခုတော့ အားလုံးက သူမကို ကြည့်နေကြတော့ ဒီလူမိုက်ရွာသားတွေ အခု ရှာနေတဲ့လူက သူမ ဆိုတာကို လို့ရှီးယန် သတိထားမိမှာ မဟုတ်ဘူး။ 

ရည်ရွယ်ရာက အောင်မြင်သွားခဲ့သော်လည်း စားပွဲ ရိုက်ချလိုက်သည့်အရှိန်က သူမကို သေသည်အထိ နာကျင်စေခဲ့သည်။

အရမ်းနာတယ်ဟ—@$$&@

ကျွော့ချင်းက သူမလက်ကို ဖြည်းညှင်းစွာ ပြန်ဆွဲယူလိုက်ပြီး သူမနောက်ကျောသို့ ပို့လိုက်ကာ ညင်သာစွာ ပွတ်ပေးနေရင်း အသက်ပြင်းပြင်းရှူကာ ကျယ်လောင်စွာ ပြန်ပြောလိုက်သည်။

"သူ(မ) အသက်ရှင်နေသေးတာ ဟုတ်ပါတယ်၊ ဝန်ကြီးချုပ်ကိုယ်စား ကျွန်တော်တို့ သူ(မ)ကို ကောင်းကောင်းဂရုစိုက်ပေးမယ်ဆိုတာကို ဝန်ကြီးချုပ်က စိတ်ချနိုင်ပါတယ်။ ဒီအမှုကို လူသိရှင်ကြားကြားနာပြီးရင် ဝန်ကြီးချုပ်အနေနဲ့ သူ(မ)ကို ပြန်တွေ့နိုင်ပါလိမ့်မယ်"

  "ဒါဆို မင်းပြောချင်တာက ဒီအမှုကို လူသိရှင်ကြား ပြန်မစစ်ဆေးပေးရင် အလှလေးကို ငါတို့ မြင်နိုင်မှာ မဟုတ်ဘူးပေါ့!"

မြေပြင်ပေါ်ရှိ သစ်သားအပိုင်းအစများကို ငုံ့ကြည့်နေသော ချီထျန်းယုက ပြဇာတ်ကောင်းကောင်းလေးကို ကြည့်နေရသလိုမျိုးပုံစံဖြင့် "ဝန်ကြီးချုပ်၊ တစ်စုံတယောက်က မင်းကို ခြိမ်းခြောက်နေတယ်"

  ဒီလူက ဘယ်သူလဲ?!

         ကျွော့ချင်းက ကမ္ဘာကြီး မငြိမ်မသက်မှုကို တားဆီးရန်အတွက်  တိတ်တဆိတ် အံကြိတ်ကာ အေးစက်စွာ ထပ်ပြောလိုက်သည်။

"ဒီသခင်လေးက ကျွန်တော့်ကို မှားယွင်းပြီး အပြစ်တင်နေတာပါ။ ကျွန်တော်က လက်တွေ့မကျတဲ့ ခြိမ်းခြောက်မှုမျိုးကို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး"

  လေသံက ကြီးကျယ်လှချီလားကွာ...

 ချီထျန်းယုတစ်ယောက် သက်ပြင်းရှည်ကြီးပင် မှုတ်ထုတ်လိုက်မိတော့သည်။

ဒီကောင်လေးက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်။

ချီထျန်းယုက ထိတ်လန့်သယောင်ယောင်ဖြင့် ခေါင်းကို ခါယမ်းနေရင်း "မင်း မခြိမ်းခြောက်ဘူးဆိုတာကိုက ခြိမ်းခြောက်နေတာပဲ မဟုတ်ဘူးလား? တော်ဝင်တရားရုံးက အရာရှိကို ခြိမ်းခြောက်တာက အရမ်းကြီးလေးတဲ့ ရာဇ၀တ်မှုနော်!"

  "ခင်ဗျား!" ကျွော့ချင်း ဒေါသထွက်သွားခဲ့သည်။

  လို့ရှီးယန်က ရုတ်တရက် ရယ်မောလိုက်ပြီး "မနက်ဖြန် နေ့လည်မှာ ဒီဝန်ကြီးချုပ်က ယင်းထျန်းရုံးတော်မှာ အမှုတွဲတွေကို ပြန်စစ်ဆေးပြီး ဒီအမှုကို ပြန်စစ်ဆေးပေးမယ်။ နျိုကျားရွာက လူဆယ်ယောက်ကို တက်ရောက်ဖို့ အထူးခွင့်ပြုမယ်။ ဒီအမှုကို ပြန်စစ်ဆေးမယ် မစစ်ဆေးမယ်ကိုတော့  ဒီဝန်ကြီးချုပ်က ဖိုင်တွေကို စစ်ဆေးပြီး အကျဉ်းသားနဲ့တွေ့ဆုံပြီးမှ ဆုံးဖြတ်ချက်ချမယ်”

  "ကျေးဇူးတင်ပါတယ် ဝန်ကြီးချုပ်လူကြီးမင်း!" သတင်းကောင်းကို ကြားလိုက်ရသောကြောင့် ရွာသူရွာသားများက ကျေးဇူးတင်စကားဆိုရန် ချက်ချင်း ဒူးထောက်ထိုင်ချလိုက်သည်။ ကျွော့ချင်းကသာ ​​လို့ရှီးယန်ကို စဉ်းစဉ်းစားစား စိုက်ကြည့်နေသည့် တစ်ဦးတည်းသော သူတစ်ယောက်ဖြစ်နေခဲ့သည်။

ဒီလူက သူ ဘာပဲလုပ်လုပ် တခြားလူတွေကို စိတ်ရှုပ်အောင်လုပ်နိုင်ပုံရတယ်။

  အပြင်၌ မိုးပါးလာသည်ကို မြင်လိုက်ရသောကြောင့် လို့ရှီးယန်က သူ့စကားကို ရပ်ကာ ထွက်သွားရန် ပြင်ဆင်လိုက်သည်။ ချီထျန်းယုက လို့ရှီးယန်ကို မျက်မှောင်ကြုတ်ကြည့်နေရင်း "မင်းက အလှလေးကို တကယ်မလိုချင်ဘူးလား?"

  လို့ရှီးယန်က ကျွော့ချင်း၏ မျက်လုံးများကို ဖျက်ခနဲ ကြည့်ရင်း မသိမသာ ပြုံးကာ "ငါ့အတွက် သူ့ကို စောင့်ရှောက်ပေးပါ"

  ကျွော့ချင်းက အေးခဲမသွားအောင် မထိန်းနိုင်‌တော့ပေ။

သူ့အပြုံးတွေက လူတွေကို အမြဲတမ်း ထိတ်လန့်စေတယ်လေ။

 ဘိုးဘွားခန်းမဝင်ပေါက်ကို ရောက်သောအခါ၊ လို့ရှီးယန်က ရုတ်တရက် ရပ်လိုက်ပြီး ကျွော့ချင်းကို ပြန်ကြည့်ကာ "မင်း... မနက်ဖြန် လာရမယ်"

  "ဘာလို့လဲ"

သူမနဲ့ ဘာဆိုင်​လို့လဲ?

  "မင်း ပေါ်မလာရင် သူတို့လည်း ပေါ်လာလို့ရမှာ မဟုတ်ဘူး" ဟူသော စကားနှင့်အတူ လို့ရှီးယန်နှင့် သူ့အဖွဲ့က မိုးဖွဲများထဲသို့ လျင်မြန်စွာ ‌ပြေးဝင်ပျောက်ကွယ်သွားခဲ့သည်။

  "ဟေး--"

  ကျွော့ချင်းတစ်ယောက် စကားပင် မပြောနိုင်တော့ပေ။

ဒီမှာ ဘယ်သူက ဘယ်သူကို ခြိမ်းခြောက်နေတာလဲ?!

✍️✍️✍️