Chapter 12
Viewers 119

အခန်း ၁၂ အလောင်းစစ်ဆေးခြင်း (အပိုင်း ၂)

  ကျွော့ချင်း ပြောလိုက်သည့်စကားကြောင့် အားလုံးက အလောင်းကို ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။ အမှန်တကယ်ပင် သူ့အဝတ်အစားများက သန့်ရှင်းသပ်ရပ်နေပြီး သူ့ဖိနပ်ကပင် အညစ်အကြေးကင်းစင်နေလေသည်။ နှိုင်းယှဥ်ကြည့်လျှင် သူ့ဆံပင်များက ဖရိုဖရဲဖြစ်နေပြီး ချည်နှောင်ထားသည့် ပုံစံကလည်း အနည်းငယ် ရှုပ်ပွနေခဲ့သည်။

ထောင်ထဲမှာ နှစ်လလောက်နေခဲ့ရတဲ့ အကျဉ်းသားတစ်ယောက်က အဝတ်အစားအသစ်တွေ ဘယ်လိုရနိုင်ခဲ့တာလဲ?

  ဝူကျစ်ကန်းက "မနေ့ညက စောင့်ကြည့်တဲ့သူ ဘယ်မှာလဲ?"

  အရပ်အမောင်းမြင့်သော ရုံးတော်အစောင့်ငယ်လေးက ရှေ့သို့ တိတ်တဆိတ် လာရပ်ကာ အသံတိုးတိုးနဲ့ “ဒီလက်အောက်ငယ်သားနဲ့ လျိုဝူပါ”

  "ဘာတွေ ဖြစ်နေတာလဲ? သူက ဘာလို့အဝတ်အစားအသစ်တွေ လဲထားတာလဲ?"

  ရုံးတော်အစေခံလေးက မဝံ့မရဲပြန်ဖြေလာခဲ့သည်။ "မနေ့ညက လင်းမိသားစုရဲ့အိမ်ထိန်း လီမင်က လင်းပါ့ခန်းဆီကို ရောက်လာခဲ့ပါတယ်၊ လင်းပါ့ခန်းက သူ ရေမချိုးရတာ ရက်တော်တော်ကြာနေပြီလို့ ပြောပြီး အဝတ်သစ်တစ်စုံပို့ပေးနိုင်မယ်လို့ မျှော်လင့်ထားတယ်၊  သူတို့သခင်နဲ့ ကျွန်ဆက်ဆံရေးက အရမ်းနက်ရှိုင်းပြီး သူက သန့်ရှင်းတဲ့ အဝတ်အစားတချို့ကို ယူလာတဲ့အတွက် ကျွန်တော်မျိုးတို့ သူ့ကို ဝင်ခွင့်ပြုလိုက်တယ်။ ဒါပေမယ့် သူက အမွှေးတိုင်တစ်ချောင်းကုန်ချိန်‌လောက်မှာ ပြန်ထွက်သွားခဲ့တာပါ" (အမွှေးတိုင်တစ်ချောင်းကုန်ချိန်‌- ၁၅မိနစ်ခန့်)

  အမွှေးတိုင်တစ်ချောင်းကုန်ချိန်? အဲ့အချိန်အတွင်း လူသတ်ဖို့က နည်းနည်းတော့ ခက်ခဲတယ်။

တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သည့် လို့ရှီးယန်က "လီမင် ထွက်သွားပြီးတဲ့ နောက်မှာ မင်းတို့ လင်းပါ့ခန်းကို စစ်ဆေးဖို့ ဝင်ခဲ့သေးလား? သူ အသက်ရှင်သေးလား?"

  လို့ရှီးယန်က ဒေါသထွက်မနေသော်လည်း ရုံးတော်အစေခံလေးက သူ့ကို မော့ပင်မကြည့်ရဲခဲ့ပေ။ သူက သူ့မျက်လုံးများကို အောက်စိုက်ထားပြီး မနေ့ညက ဖြစ်ပျက်ခဲ့သည့်အရာများကို ပြန်ပြောပြနေခဲ့သည်။

 "ဝန်ကြီးချုပ်ကို တင်ပြပါတယ်။ လီမင် ရောက်လာတဲ့အချိန်က မိုးသက်မုန်တိုင်းတွေ အပြင်းထန်ဆုံး အချိန်ဖြစ်နေပြီး သစ်ပင်ရဲ့ အကိုင်းအခက်တွေ ကျိုးပဲ့ပြီး အချုပ်ခန်း တံခါး အပြင်ဘက်ကို ထိမှန်လာပါတယ်။ ကျွန်တော်မျိုးတို့က အကိုင်းအခက်တွေကို အဝေးကို ရွှေ့ဖို့ အလုပ်များနေခဲ့ပါတယ်။ ​​ခဏကြာတော့ လီမင်က ပြန်ထွက်လာပြီး ကျွန်တော်တို့ကို ကူညီပြီး ရွှေ့ပေးတယ်။ ပြီးတော့ သူ ပြန်ထွက်သွားတယ်။ အဲဒီတုန်းက အဝတ်တွေ ရေစိုလို့ အဝတ်ပြန်လဲခဲ့ကြပါတယ်။ ပြီးသွားတဲ့အချိန်မှာ ညဉ့်နက်နေတာကြောင့် အခန်းတွေကို လိုက်မစစ်ဆေးမိပါဘူး။ မကြာခင်က လူကြီးမင်းက အကျဉ်းသားကို ခေါ်ဖို့စေလွှတ်တဲ့အချိန်မှ ကျွန်တော်မျိုးတို့ သိလိုက်တာက… အဲဒီလူက၊ သေနေပြီ..."

“မင်းတို့.... လူမိုက်တစ်စု!"

ဝူကျစ်ကန်းက ထိုအစောင့်လေး၏ဦးထုပ်ကို သူ့လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။

ဒီလူယုတ်မာတွေက ဝန်ကြီးချုပ်ရှေ့မှာ သူ့ကို အရူးဖြစ်စေခဲ့တာ အမှန်ပဲ။ ဝန်ကြီးချုပ်က သူကို့ ဒီလို ထောင်ကြီးကြပ်ရေးမှူးတစ်ယောက်လို့ ထင်သွားခဲ့မယ်ဆိုရင် သူ့ရဲ့အရာရှိဦးထုပ်ကို သူ ဘယ်လို ထိန်းထားနိုင်တော့မှာလဲ?

  လို့ရှီးယန်က သူ့အမူအရာကို လုံးဝမကြည့်တော့ဘဲ "လီမင်ကို ခေါ်လိုက်"

လီမင်က လင်းပါ့ခန်းကို လာတွေ့တဲ့ နောက်ဆုံးလူဖြစ်ပြီး တခြားအရာတွေကိုလည်း သိထားနိုင်တယ်။

  "ဟုတ်ကဲ့​" ရုံးတော်အစေခံငယ်လေး​က အမြန် ပြေး​ထွက်​သွားခဲ့သည်​။

  မြေပြင်ပေါ်ရှိ အလောင်းက ထိုပုံစံအတိုင်း ဆန့်ဆန့်ကြီး လဲလျောင်းနေပြီး အနည်းငယ် ကြောက်စရာကောင်းသည့်ပုံပေါ်နေသည်။ ဝူကျစ်ကန်းက လို့ရှီးယန်ကို အလျင်အမြန် ချော့မော့ပြောဆိုလိုက်သည်။

"ဝန်ကြီးချုပ်လူကြီးမင်း၊ ဒီအလောင်းစစ်ဆေးတဲ့ ဖြစ်စဉ်က ပြီးသွားပါပြီ၊ အကျဥ်းထောင်ထဲမှာ မှောင်မဲနေတာကြောင့် သခင်ကြီးက အနားယူဖို့ ဧည့်ခန်းကို အရင်သွားသင့်ပါတယ်၊ ကံဆိုးမှုတွေကြောင့် မညစ်ညမ်းပါစေနဲ့”

  လို့ရှီးယန်က နောက်သို့ ပြန်လှည့်လိုက်ပြီး အလောင်းကို စိုက်ကြည့်နေဆဲဖြစ်သည့် ကျွော့ချင်းကို တွေ့သွားခဲ့သည်။ အချုပ်ခန်းထဲမှ ထွက်ခွာရန် ပြင်နေသည့် သူ့ခြေလှမ်းများက ရပ်တန့်သွားကာ သူက ရုတ်တရက် မေးမြန်းလိုက်သည်။

        "မင်း ဘာပြောချင်သေးလဲ?"

        လူငယ်တစ်ယောက်ကို ထိုသို့မေးနေခြင်းက အနည်းငယ် ရယ်စရာကောင်းသည်ဟု သတ်မှတ်နိုင်သော်လည်း  လို့ရှီးယန်က ဤလူငယ်လေးထံတွင် သူ့အတွက် ကွဲပြားသည့် အဖြေတစ်ခု ရှိနေကြောင်း အလိုလို သိနေခဲ့သည်။

  "ကျွန်တော်..." ကျွော့ချင်းက ခဏတာမျှ တုံ့ဆိုင်းသွားခဲ့သည်။ သို့သော်လည်း သေဆုံးသူ၏ သေဆုံးသွားရသည့်အကြောင်းရင်းက သံသယဖြစ်စရာဖြစ်နေသဖြင့် သူမက သူမ၏ပရော်ဖက်ရှင်နယ်ကျင့်ဝတ်နှင့် ကျင့်ဝတ်စည်းကမ်းကို မဆန့်ကျင်နိုင်ပေ။ ထို့ကြောင့် သူမ မတ်တပ်ထရပ်ကာ စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။

သူမက “ကျွန်တော် ဝင်ကြည့်ချင်တယ်”

  "ရိုင်းစိုင်းလိုက်တာ!" ဒီကောင်လေးက ထူးဆန်းနေတယ်။ သူက အခုလေးတင် ခန်းမထဲမှာ ဇာတ်ကွက်တစ်ခုကို လုပ်ဆောင်ထားပြီး အခုလည်း ဒီကိုတောင် လိုက်လာရဲသေးတယ်။

ဝူကျစ်ကန်းက သူ့ကို မောင်းထုတ်ပစ်ခါနီးမှာပင် လို့ရှီးယန်က စိတ်ကောင်းနှလုံးကောင်းရှိပုံဖြင့် ပြုံးလိုက်ပြီး "သူ့ကို အထဲ ဝင်ပါစေ.."

  လို့ရှီးယန် ပြောလိုက်သောကြောင့် ဝူကျစ်ကန်း မကျေနပ်လျှင်ပင် မကန့်ကွက်ရဲပေ။ နှစ်အတော်ကြာအောင် ဤရာထူးတွင် နေခဲ့ပြီးနောက် သူလည်း သဲလွန်စအချို့ကို မြင်နိုင်သေးသည်။

ဝန်ကြီးချူပ်က ဒီလူငယ်လေးကို မျက်နှာသာပေးနေတယ်...

        ကျွော့ချင်းက အချုပ်ခန်းထဲသို့ ဝင်ကာ အလောင်းဘေးတွင် ငုတ်တုတ်ထိုင်ချလိုက်ပြီး လည်ပင်းညှစ်ခံထားရသည့် အမှတ်အသားများကိုသာ ကြည့်နေလိုက်သည်။ ကျွော့ချင်းက သေဆုံးသူ၏ဆံပင်ထဲသို့ သူမ၏လက်ဆယ်ချောင်းကို ထိုးထည့်ကာ ဦးခေါင်းခွံကို သေသေချာချာ စစ်ဆေးလိုက်သည်။ ခဏအကြာတွင် သေဆုံးသွားသူ၏လည်ပင်းကို မတင်ကာ လည်ပင်း၏နောက်ဘက်သို့ ကြည့်လိုက်ပြန်သည်။ ၎င်းကို ကြည့်ပြီးနောက် ကျွော့ချင်းက ခေတ္တရပ်ပြီး သေဆုံးသွားသူ၏ ပါးစပ်ထောင့်ကို ဖိလိုက်ရာ သူ့နှုတ်ခမ်းထောင့်များမှ တံတွေးမျှင်များ ဖျတ်ခနဲ ထွက်လာသည်။

  သေချာပြီ... သူမ ထင်ထားသလိုပဲ..

 ကျွော့ချင်းက သေဆုံးသူရဲ့လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သော်လည်း ထိုလက်များက လုံးဝမကွေးနိုင်တော့ဘဲ ဒဏ်ရာဒဏ်ချက်များရှိနေခဲ့ကြောင်း သိသာထင်ရှားလာသည်။ အင်္ကျီလက်များကို ဆွဲလှန်လိုက်ရာ လက်မောင်းများတွင် အလောင်းအစက်အပြောက်များအပြင် ပြန့်ကျဲနေသော ပွန်းပဲ့ရာများနှင့် အမာရွတ်အချို့ရှိသော်လည်း ၎င်းတို့မှာ ဒဏ်ရာဟောင်းများကဲ့သို့ ဖြစ်နေသောကြောင့် နှိပ်စက်ညှဉ်းပန်းမှု အထောက်အထားများက မှန်ကန်နေပြီ ဖြစ်သည်။

  ကျွော့ချင်းက သေသေချာချာ ကြည့်ရှု့စစ်ဆေးနေခဲ့သော်လည်း ဝူကျစ်ကန်း၏မျက်လုံးထဲတွင်မှု လူငယ်လေးက ယုတ္တိကင်းမဲ့စွာ ပြသနာရှာနေပြီး မလိုအပ်ဘဲ ရှုပ်ထွေးစေရန် လျှို့ဝှက်ဆန်းကြယ်သော အရာများကို ဖန်းတီးနေသည်ဟု ထင်နေခဲ့သည်။

သူက ထိုလူငယ်လေးကို စောင့်ကြည့်ရန် စိတ်မဝင်စားတော့ဘဲ ”ဝန်ကြီးချုပ်၊ ကျွန်တော်မျိုးရဲ့အမြင်အရတော့ ဒါက ကိုယ့်ကိုယ်ကို သတ်သေကြောင်း သက်သေပြပြီးပြီမို့ လင်းပါ့ခန်းက ဒါကို ကြိုတင်ပြင်ဆင်ထားပြီး လီမင်ကို အဝတ်သန့်သန့်လေး ပို့ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါနိုင်တယ်။ သတ်သေဖို့ အဝတ်အစား.."

  လို့ရှီးယန်က ပေါ့ပေါ့ပါးပါး ပြုံးနေပြီး ဘာမှပြန်မပြောဘဲ သူ့မျက်လုံးများက ဝူကျစ်ကန်း၏စကားများကို ငြီးငွေ့‌နေပုံရကာ ကျွော့ချင်းကိုသာ အာရုံစိုက်နေခဲ့သည်။

  ကျွော့ချင်းက သူ့ကို စိတ်မပျက်စေဘဲ ပေါ့ပေါ့ပါးပါးဖြင့် "သတ်သေတာမဟုတ်ရင် ဘယ်လိုလုပ်မလဲ"

  သတ်သေတာ မဟုတ်ဘူးလား?

  လို့ရှီးယန်၏အပြုံးက ပို၍ပင် ကြီးမားလာသည်။

  ဝူကျစ်ကန်းက အံ့အားသင့်သွားပြီး ဝမ့်ပမ်ရှန့်က အော်ဟစ်လိုက်သည်။ "ရိုင်းစိုင်းလိုက်တာ!"

 ဒီကောင်လေးက ဘယ်ကလာတာလဲ? သူ့ရဲ့စစ်ဆေးမှု့ရလဒ်ကို မေးခွန်းထုတ်ရဲပြီး လူကြီးမင်းတွေနဲ့ ဝန်ကြီးချုပ်တွေရှေ့မှာ ဘာလို့ သူ့ကို အပြစ်တင်နေတာလဲ?!

      ဝမ့်ပမ်ရှန့်က အလောင်းဆီသို့ လျှောက်သွားကာ အလောင်း၏လည်ပင်းကို ညွှန်ပြလိုက်ရင်း ကျွော့ချင်းကို စိုက်ကြည့်ကာ အခိုင်အမာ ပြောလိုက်သည်။

 "လူတွေက သေပြီးမှ ကြိုးဆွဲချခံရရင် လည်ပင်းမှာ ခရမ်းရောင်အမှတ်အသားတွေအစား အဖြူရောင်တွေ ပေါ်လာလိမ့်မယ်။ အခု သေဆုံးသူရဲ့ ခြေလက်တွေက သဘာဝအတိုင်း ယိုယွင်းနေတယ်၊ သူ့ခြေဖဝါးမှာ မီးလောင်သလိုလို ကုတ်ကွေးရာတွေ ပေါ်နေတယ်၊ ဒါက သူ့ကိုယ်သူ ကြိုးဆွဲချတာဆိုတဲ့ အကောင်းဆုံး သက်သေပဲ။ နားမလည်ရင် မိုက်မဲတဲ့ စကားတွေလာ မပြောနဲ့”

  ကျွော့ချင်းက သူ့အော်သံကို လုံးဝ လျစ်လျူရှုလိုက်ပြီး ခေါင်းကို အနည်းငယ်ငုံ့ကာ "မျက်လုံးပြာနဲ့လူ လာဦး၊ ကျွန်တော့်ကို ကူညီပါ"

လက်ထောက်မရှိတဲ့ ဘဝကြီးက  တကယ်ကို ဒုက္ခများလွန်းတယ်။

  မျက်လုံးပြာနဲ့လူ? 

မော့ပိုင်က ခဏလောက် မှင်သက်သွားသော်လည်း နောက်ဆုံးတွင် အသိဝင်သွားပြီး ကျွော့ချင်းအနားတွင် ငုတ်တုတ်ထိုင်ချလိုက်ကာ ခန္ဓာကိုယ်ကို ညင်သာစွာ လှန်ပေးရန် သူမ၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပေးနေခဲ့သည်။

  လို့ရှီးယန်က မော့ပိုင် ထိုကောင်လေးကို အမှန်တကယ် ကူညီပေးလိမ့်မယ်ဟု မမျှော်လင့်ထားခဲ့ပေ။

ကျင်းစရဲ့အေးစက်တဲ့အသွင်အပြင်နဲ့ မတူတာက မော့ပိုင်ရဲ့အေးစက်မှုက သူ့ရဲ့နှလုံးသားထဲက ထွက်လာတာပါ။

  လို့ရှီးယန်က ကျွော့ချင်း၏ နောက်ကျောကို အာရုံစိုက်မှုအပြည့်ဖြင့် အေးအေးဆေးဆေး ကြည့်နေရင်း အချိန်ပေးထားသည်။

ဒီကောင်လေး ပြသလာမယ့်အရာကို သူ စောင့်မျှော်နေမိတယ်။

  အခြားသူများ၏ လျစ်လျူရှုခြင်းကို ခံနေရသော်လည်း သူက အမည်မသိလူတစ်ယောက် ဖြစ်နေဆဲပင်။ 

ဝမ့်ပမ်ရှန့်က ထိုအခြေအနေကို မည်သို့မျှသည်းမခံနိုင်ပေ။ သူက အသက်ကို ပြင်းပြင်းရှုလိုက်ပြီး အပြစ်တင်တော့မည့်အချိန်တွင် ကျွော့ချင်းက သေဆုံးသူရဲ့ နောက်ကျောကို ကြည့်ပြီး အေးအေးဆေးဆေး ပြန်မေးလိုက်သည်။

"တစ်ယောက်ယောက်က သတိမေ့သွားအောင် လည်ပင်းညှစ်ပြီးမှ ကြိုးနဲ့ဆွဲထားရင် ခန္ဓာကိုယ်မှာ တူညီတဲ့ လက်ရာခြေရာတွေ ရှိမှာလား?"

  ဒါ…” ဝမ့်ပမ်ရှန့် စကားမပြောနိုင်တော့ပေ။ ကျွော့ချင်းက သူ့ကို အကြာကြီး စဥ်းစားခွင့်မပေးဘဲ သူမက ခေါင်းကို အနည်းငယ်မော့လာပြီး အေးစက်စွာ ပြောလိုက်သည်။

 "ကျွန်တော် ခင်ဗျားကို မေးနေတာလေ ဟုတ်လား၊ မဟုတ်ဘူးလား!?"

  ဦးထုပ်အောက်မှ စူးရှသောအကြည့်တစ်ချက် ထွက်ပေါ်လာပြီး ဝမ့်ပမ်ရှန့်ကို အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။ ထို့နောက် တစ်ဖက်လူက ငယ်ရွယ်သူသာ ဖြစ်နေသည်ကို တွေးမိသွားသောကြောင့် သူ ဘာကို ထိတ်လန့်ရမလဲဟု တွေးလိုက်မိပြန်သည်။ သူက သူ့၏ထိတ်လန့်မှုကို ဖုံးကွယ်ရန် ချောင်းဟန့်လိုက်ပြီး  ကျယ်လောင်စွာဖြင့် "အင်း၊ ဖြစ်နိုင်တယ်၊ ဒါပေမယ့် ဒါတွေက မင်းရဲ့ ခန့်မှန်းချက်တွေပဲလေ၊ သူ အရင်ဆုံး လည်ပင်းညှစ်သတ်ခံရပြီးမှ ကြိုးဆွဲချခံရတယ်ဆိုတာ သက်သေပြဖို့ ဘာအထောက်အထားတွေ ရှိလဲ!"

  သက်သေအထောက်အထားတဲ့လား? 

ကျွော့ချင်းက ရယ်မောလိုက်ပြီး ရုတ်တရက် ထရပ်လိုက်သည်။

✍️✍️✍️