Ch-7
Viewers 492

Ch-7 Unicode 


"အိုး... ဘာလို့ သူ့မိသားစုလဲ


"ကံဆိုးတာလား မဆိုးတာလားဟေ... မုဆိုးမအမေနဲ့ မုဆိုးဖိုဆိုရင် တခြားသူတွေရဲ့ အိမ်ရဲ့ ဖုန်းရွှေကို ပျက်စီးစေမယ်လို့ နင်တို့မထင်ကြဘူးလား


"ဗဟုသုတမရှိလိုက်တာဟယ်... ဒီလိုကိစ္စမျိုးတွေကို ရှောင်ရှားဖို့ အစပြုသင့်တယ်မလား


ချန်ချင့် ခေါင်းငုံ့ထားလျက် သူတို့စကားကို နားထောင်နေလျက်။ နောက်ဆုံးတွင် သူ တစ်ခုခုပြန်ပြောရန် ရဲဆေးတင်လိုက်ပြီး "ခင်ဗျားတို့"ဆိုသည့် စကားတစ်လုံးသာ ပြောရုံရှိသေး၊ အပြင်ဘက်မှ အသံတစ်သံက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားချေပြီ။ 


"နင်တို့က ဘယ်သူ့ကို ကံဆိုးကောင်လို့ ခေါ်နေတာလဲ!" 


စွင်းတာ့ညန်၏ အသံကျယ်ကြီးက အစည်းဝေးခန်းမထဲ၌ ပဲ့တင်ထပ်သွားရလျက်။ 


"နင်တို့ကိုယ်တိုင်ကဖြင့် ကံဆိုးနေတာများ... ဒါတောင် ပါးစပ်မဆေးဘဲ အပြင်ထွက်လာပြီး သူများကံကောင်းတာကို မနာလိုဖြစ်နေတယ်ပေါ့လေ... ဘယ်သူက ကံမကောင်းနေလဲဆိုတာ အရှင်းကြီး!" 


စွင်းတာ့ညန်က ချန်ချင့်အား သူမနောက်ကို ဆွဲလိုက်ပြီး 


"ငါတို့ ဘာမှမလှည့်စားထားဘူး... ငါတို့ ကံကောင်းတာကလဲ ချန်ချင့်ရဲ့ ကောင်းမှုကုသိုလ်တွေကြောင့်ပဲဟဲ့... တချို့လူတွေနဲ့မတူဘူးလေ... သူတို့မှာ ညစ်ပတ်တဲ့လက်တွေ၊ ညစ်ပတ်တဲ့နှလုံးသားတွေရှိကြတော့ မဲကောင်းကောင်း မဆွဲနိုင်ဘူးပေါ့!" 


"နင်!" 


စွင်းတာ့ညန်သည် ထိုသူတို့အား ထိပ်တိုက်တွေ့ရန် မကြောက်ရွံ့ပါပေ။ သူမ ကျိုးယွမ်ကိုသာ ကြည့်၍ 


"မင်း ထပ်ပြီး မဲနှိုက်ချင်လား


ကျိုးယွမ် ခေါင်းခါကာ ပြောလိုက်သည်။ 


"မလိုပါဘူး... ကျွန်တော် နောက်မှ အဒေါ်နဲ့ အသေးစိတ်ဆွေးနွေးပါအုံးမယ်


ကျိုးယွမ် ဤသို့ပြောလိုက်သည်ကို မြင်သည့်အခါ ရွာသူကြီးလည်း ဘာမှပြောစရာမရှိတော့။ အစည်းဝေးခန်းမထဲရှိ လူတွေအားလုံး တဖြည်းဖြည်း လူစုခွဲသွားကြလေပြီ။ ချန်ချင့်မှာတော့ စွန်းတာ့ညန် နောက်လိုက်သွားရင်း သူ့အားဆူနေတာကို နားထောင်နေရလေသည်။ 


"လူတွေက မင်းကို ကြိမ်းမောင်းနေကြတယ်လေ... မင်းက ရွှံ့ရုပ်လေးဖြစ်နေရင်တောင်မှ ကြမ်းတမ်းသင့်တယ်


စွန်းတာ့ညန် အလွန်ဒေါသထွက်လွန်းလို့ ဘာမှမပြောနိုင်တော့ချေ။ 


ချန်ချင့် : "ကျွန်တော် ပြန်ပြောတော့မလို့ဘဲ... ဒါပေမဲ့ အမေရောက်လာတော့ ကျွန်တော် ဘာမှပြောစရာမလိုတော့ဘူးလေ


စွင်းတာ့ညန်သည် ချန်ချင့် ဘယ်လိုမျိုး ပြန်ဆူဆဲမလဲလို့ တွေးကြည့်နေမိလျက်။ 


အသံပျော့လေးနဲ့ အသုံးမဝင်တဲ့ 'ခင်ဗျားတို့ ဒီလိုမပြောပါနဲ့' ဆိုတဲ့ ဒီလိုစကားမျိုးတွေ ပြောတာထက် မပိုလောက်ပါဘူး... 


စွင်းတာ့ညန် : "ဒီလူတွေရဲ့ သဘောထားတွေက အနာဂတ်မှာ ပိုဆိုးလာမှာကို ငါကြောက်မိတယ်။ မင်း မကြမ်းပြထားရင် နောင်ကျ ငါ တစ်ခုခုဖြစ်သွားတဲ့အခါ မင်းဘယ်လိုလုပ်မတုန်း


ချန်ချင့်၏ အသက်ရှုသံ နှေးကွေးသွားလျက် အနည်းငယ် ပြာယာခတ်သွားပြီး 


"ဒီလိုတွေမပြောပါနဲ့ဗျာ


စွင်းတာ့ညန် သက်ပြင်းချ၍ စီးပွားရေးအကြောင်း စပြောတော့သည်။ 


"ငါတို့ ဒီအလုပ်ကို လက်ခံထားပြီးပြီဆိုတော့ ကောင်းကောင်းလုပ်ရမယ်... မင်းက နဂိုထဲက အလုပ်နဲ့ပတ်သက်ရင် တော်ပြီးသားဆိုတော့ ဘာမှပြောနေစရာမလိုဘူး... ဒါပေမဲ့ မင်းက အရမ်းသဘောလွယ်လွန်းတော့ သူများတွေဆီက အနိုင်ကျင့်ခံရနိုင်တယ်ကွယ်


စွင်းတာ့ညန် သူ့ကို ကြည့်ရင်း ချန်ချင့်လေးဟာ လူပွဲစားဆီမှာ သူ့ကိုယ်သူ မရောင်းခင် ဘယ်လိုမျိုးဆုံးဖြတ်ချက်ချခဲ့သလဲလို့ တွေးနေမိသည်။ 


သူတို့ အိမ်ပြန်ရောက်သည့်နောက် ဘာဆက်လုပ်ရမလဲလို့ ဆွေးနွေးခဲ့ကြသည်။ 


ယခု အခက်တွေ့နေရသည်မှာ မုန့်ထောင်းအတွက် သူတို့ တစ်ခုခုစီစဉ်ပေးချင်ပေမယ့် ကျိုးယွမ်ကလည်း အိမ်ပြင်ရန် အလျင်လိုနေပုံရသည်။ သူတို့ ဘာမှမပြောကြပေမဲ့ အရှုပ်အထွေးတွေဖြစ်မှာကို ကြောက်နေဆဲ။ 


စွင်းတာ့ညန် ခဏလောက်စဉ်းစားကြည့်ပြီးနောက် ပြောလာ၏။ 


"သူစိတ်ရှိလားလို့ အရင်မေးကြည့်ကြတာပေါ့


ချန်ချင့် ခေါင်းညိတ်ပြကာ ကျိုးယွမ်ကို ရှာရန် စွင်းတာ့ညန် ထွက်သွားသည်ကို ကြည့်နေလိုက်သည်။ စွင်းတာ့ညန်က သူ့အား သူမနှင့်အတူ မခေါ်သွားသလို သူကလည်း မလိုက်ချင်ပါပေ။ 


သို့ပေမဲ့ အပြောင်းအလဲမှာ အရမ်းမြန်မြန်ဆန်ဆန် ဖြစ်လာမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။ သူတို့ ဆက်သွယ်ထားသော လက်သမားဆရာသည် တစ်ယောက်ယောက်က ခေါင်းတလားထဲမှာ အက်ကွဲရာရှိနေ၍ ပြန်လာပေးသွားကြောင်း ပြောပြခဲ့သည်။ 


အမှန်တကယ်မူ ခေါင်းတလားဟူသည် ရောင်းပြီးသွားပါက ပြန်ပေးလို့မရသော ကုန်ပစ္စည်းပင်။ သို့သော် ထိုမိသားစုဟာ လူဆိုးလူမိုက်တွေဖြစ်တာကြောင့် လက်သမားဆရာလည်း သူတို့ငွေကို ပြန်အမ်းရုံကလွဲပြီး ရွေးချယ်စရာမရှိခဲ့။ ခေါင်းတလားဝယ်ရန် အလျင်လိုနေသော ချန်ချင့်တို့ကို သူ တွေးမိသွား၍ သူတို့အား အမြန်ဆက်သွယ်လိုက်ခြင်းပင်။ 


နောက်နေ့မနက်စောစော၌ ချန်ချင့်နှင့် စွင်းတာ့ညန်တို့က လက်သမားဆရာဆီ အတူတူသွားကြည့်ခဲ့ရာ ခေါင်းတလားမှာ ချို့ယွင်းချက် အနည်းငယ်သာရှိသည်ကို တွေ့ရှိလိုက်ရ၏။ လက်သမားဆရာ၏ ခေါ်ဈေးမှာ မမြင့်တာကြောင့် စွင်းတာ့ညန်လည်း ဝယ်ရန် ဆုံးဖြတ်လိုက်တော့သည်။ 


ရုတ်တရက် ကိစ္စပေါ်သွားသည့်အခါ စွင်းတာ့ညန်လည်း နောက်တစ်နေ့မှာပဲ ကျိုးယွမ်နှင့် စကားပြောချင်ခဲ့သည်။ 


ဒါပေါ့... ကျိုးယွမ်ကတော့ စိတ်မရှိပါပေ။ ရက်သတ်မှတ်ပြီးပါက သူ့ကိုပါ အသိပေးဖို့ တောင်းဆိုခဲ့သေးသည်။ သူတို့ဟာ စစ်မြေပြင်မှာ အတူတူတိုက်ပွဲဝင်ခဲ့ကြတာကြောင့် မုန့်ထောင်း၏ နောက်ဆုံးခရီးအား သူလိုက်ပို့ချင်သည်မှာ သဘာဝကျလှ၏။ 


ဤသတင်းကို ချန်ချင့်အား ပြောပြပြီးသည့်နောက် သူလည်း သက်ပြင်းချနိုင်သွားလေပြီ။ ထို့နောက် သူတို့က တစ်ရက်ထဲမှာပင် ခပ်မြန်မြန် ရက်သတ်မှတ်လိုက်ကြပြီး လိုအပ်သည်များကို ဝယ်ခြမ်းပြင်ဆင်ရန် ပြန်သွားခဲ့ကြသည်။ 


ထုံးစံအရ ဤသတင်းမှာ ရွာထဲ ပျံ့သွားခဲ့ပြီး အပေါ်ယံတွင် ရွာသားများက ဝမ်းနည်းကြေကွဲကြောင်း ပြခဲ့ကြပေမယ့် အမှန်တကယ်တော့ သူတို့စိတ်ထဲမှာ ဒါဟာ ပိုက်ဆံတွေကို မီးရှို့ပစ်နေတာပဲလို့ တွေးနေကြသည်ပင်။ 


မုန့်ထောင်းရဲ့ အလောင်းတောင် မရှိတာလေ... ဒါတောင် ခေါင်းတလားဝယ်ဖို့ ငွေအကုန်အကျခံလိုက်သေးတယ်... ဒီတိုင်း ဈာပနပွဲတစ်ခုကျင်းပလိုက်ရုံပဲကို... (အဲဒီငွေတွေကို)စားလိုက်ရင်တောင် ဗိုက်ပြည့်ဦးမှာ... 


သူတို့က အခြားသူများ၏ ထင်မြင်ယူဆချက်များကို ဂရုမစိုက်ဘဲ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့ရုံသာ။ 


နောက်နေ့မနက်စောစော၌ နှစ်ယောက်သား စျေးဝယ်ရန် မြို့သို့သွားခဲ့ကြသည်။ 


ဈာပနအခမ်းအနားပြင်ဆင်သူများသည် သူတို့အား ဟင်းသီးဟင်းရွက်များကို ကိုယ်တိုင်ဝယ်လို့ရကြောင်း၊ ထိုနေရာမှာ လုပ်အားပေးရုံသာဖြစ်ကြောင်း ပြောပြထားသဖြင့် စွင်းတာ့ညန်လည်း ချန်ချင့်ကို မြို့ထဲခေါ်သွားလိုက်သည်။ 


အဓိကမှာ ဝက်သားနည်းနည်းဝယ်ရန်ဖြစ်ပြီး ချန်ချင့်သည်လည်း အရိုးနည်းနည်းဝယ်ချင်မိသည်။ သူငယ်ငယ်တုန်းက သူ့အတွက် သူ့အဖေက မကြာခဏ ချက်ကျွေးခဲ့ဖူးတာကြောင့်ပင်။ သူတို့မိသားစုက နွမ်းပါးလွန်း၍ သူ့အဖေက သူ့အတွက် စွပ်ပြုတ်လုပ်ပေးရန် အရိုးတချို့ကို ဝယ်တတ်သည်။ ဘာပဲဖြစ်ဖြစ် အသားအရသာနည်းနည်းတော့ပါတယ်လေ... 


သူ့အမေက သားသတ်သမားအား ဈေးဆစ်နေပြီး တစ်ပြားတစ်ချပ်ဖိုးအတွက် အဖန်ဖန်ငြင်းခုံနေကြသည်ကို ကြည့်၍ ချန်ချင့် အနည်းငယ် အားကျမိလေသည်။ 


သူ့အဖို့ တစ်ခုခုဝယ်ရင် ဈေးကြီးသည်ဟု ထင်ပါက သူ ဝယ်တော့မည်မဟုတ်ပေ။ သူ ရွေးနေရုံသာဖြစ်ပြီး မဝယ်ချင်ပါက ဆိုင်ရှင်က ညည်းညူနေအုံးမှာဖြစ်ပြီး ထိုအခါ ချန်ချင့်၏ နားရွက်များ နီရဲလာကာ ထိုနေရာမှ အမြန်ထွက်လာမည်ဖြစ်သည်။ 


သူ့နောက်ကွယ်မှာ ပြောဆိုနေကြတာက အဆင်မပြေသော်ငြား ပိုက်ဆံများများသုံးမိပါက ပို၍အဆင်မပြေဖြစ်ရသည်။ သူသည် အရေးကြီးသည်နှင့် အရေးမကြီးသည်ကို ခွဲခြားနိုင်ပါသေးသည်။ 


အိုး... သူက သူ့အမေလောက် ထက်မြက်ရင်တော့ ပိုကောင်းတာပေါ့လေ... 


အခေါက်ခေါက်အခါခါ ငြင်းခုံပြီးသည့်နောက် စွင်းတာ့ညန်သည် သားသတ်သမားဆီမှ သေချာသန့်စင်ပြီးသော အရိုးကြီးလေးငါးချောင်းကို အောင်အောင်မြင်မြင် ရသွားခဲ့လေပြီ။ 


အပြန်လမ်း၌ သူတို့အိတ်များပြည့်နှက်နေပြီး အားလုံးကို ချန်ချင့် သယ်ထားခဲ့သည်။ ပုံမှန်ဆို သူတို့ နွားလှည်းစီးဖို့ တွန့်ဆုတ်နေတတ်ပေမယ့် လမ်းမှာ ကျိုးယွမ်နှင့် ထပ်ဆုံလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။ 


ဒီတစ်ခါလည်း ကျိုးယွမ်က ထပ်မေးလာသဖြင့် စွင်းတာ့ညန်သည် ချန်ချင့်အားခေါ်ကာ နွားလှည်းပေါ်တက်လိုက်တော့သည်။ 


ချန်ချင့် ခေါင်းငုံ့လျက် သူ့အိတ်ကပ်ထဲက ငွေနှစ်ပြားကို ထုတ်လိုက်သည်။ 


ထိုအခါ စွင်းတာ့ညန်နှင့် ကျိုးယွမ်တို့နှစ်ယောက်လုံး သူ့အား ကြည့်နေကြရာ ချန်ချင့်လည်း သူ့ခေါင်းလေးကို ပိုပိုငုံ့ထားလိုက်တော့သည်။


ကျိုးယွမ် မြင်းလှည်းမောင်းနှင်သည့်အရှိန်မှာ သိပ်မမြန်ဘဲ အလွန်တည်ငြိမ်လှသည်။ နွားလှည်းပေါ်၌ သူ့အိမ်ကို ပြင်ဆင်ရန်အတွက် မြို့မှသယ်လာခဲ့သော ပစ္စည်းတို့ဖြင့် ပြည့်နှက်နေလျက်။ 


စွင်းတာ့ညန်သည် ချန်ချင့်ဟာ စကားမများသူမှန်းသိ၍ သူမကိုယ်တိုင်ကပဲ ကျိုးယွမ်နှင့် စကားစမြည် စပြောလိုက်သည်။ 


"ဆောက်လုပ်ရေးက မကြာခင်စတော့မှာလား... အခန်းဘယ်နှစ်ခန်းဆောက်ဖို့ စီစဉ်ထားလဲ


ကျိုးယွမ် ပြန်ဖြေလိုက်၏ : "အခန်း၃ခန်း ၄ခန်းလောက်... မီးဖိုခန်း၊ အိပ်ခန်း ၂ခန်းရယ် ဧည့်ခန်းနဲ့ သန့်စင်ခန်းရယ်


စွင်းတာ့ညန် ခေါင်းညိတ်လျက် : "မင်းတစ်ယောက်ထဲအတွက်ဆို လုံလောက်ပါပြီ... မင်း နွားလှည်းဝယ်ထားတာလား


ကျိုးယွမ် မေးခွန်းအားလုံးကို ပြန်ဖြေခဲ့သည်။အဒေါ်ဟွားရှေ့မှာ သူစကားပြောသည်ထက် အများကြီး ပိုပြောခဲ့သည်ပင်။ 


"ဟုတ်တယ်... သွားလာဖို့ ဒါမှမဟုတ် လယ်လုပ်ဖို့အတွက်ဆို နွားလှည်းနဲ့ ပိုအဆင်ပြေမယ်လို့ ကျွန်တော်ထင်လို့


လှုပ်ယမ်းနေသော နွားလှည်းပေါ်၌ ချန်ချင့်လည်း သူတို့ပြောနေတာကို နားထောင်ရင်း စွင်းတာ့ညန်၏ ပခုံးကို မှီကာ အိပ်ပျော်သွားလေပြီ။ 


ကျိုးယွမ်က သူ့ကို လှည့်ကြည့်လိုက်ပြီး အဝေးကို အကြည့်ပြန်လွှဲလိုက်သည်။ 


စွင်းတာ့ညန် ပြောပြန်သည်: "ငါတို့မိသားစု အားချင့်ကလေ နည်းနည်းတသီးတသန့်နေတတ်တယ်ကွယ်... သူ့အပြုအမူတွေ တစ်ခုခုဆိုးရွားသွားခဲ့ရင် ကျေးဇူးပြုပြီး သည်းခံပေးပါအုံး


သူမက ချန်ချင့်၏ ပင်ကိုယ်စရိုက်အား ကောင်းကောင်းသိသည်မှာ သဘာဝပင်။ သူသည် ငြီးငွေ့ဖွယ်ကောင်းပြီး စကားပြောရတာကို မကြိုက်ဘဲ ကိစ္စကြီးများတွင် ရှေ့ထွက်ရမှာ အလွန်ကြောက်ရွံ့တတ်သလို တခါတရံ လေထုအခြေအနေကို ဘယ်လိုကြည့်ရမှန်း မသိပေ။ 


ကျိုးယွမ်က ချန်ချင့်အား တစ်ချက်ကြည့်လိုက်ပြန်သည်။ သူ့ကြည့်ရတာ ကောင်းကောင်းအိပ်ပျော်နေပုံရသည်။ 


"မဖြစ်ပါဘူး... အားလုံးက တစ်ရွာတည်းသားတွေပဲလေ


သူတို့အားလုံးဟာ စစ်မြေပြင်မှ ပြန်လာကြသူများဖြစ်ကြောင်း စွင်းတာ့ညန် သတိရလိုက်သည့်အခါ မုန့်ထောင်းအကြောင်း တစ်ခုခုသိချင်မိပြန်သည်။ 


xxx