အပိုင်း (၇၁)
Viewers 31k

part-71


ဒူးရင်းသီးကြီးသုံးလုံးလုံးက မှည့်နေပြီဖြစ်သည်။


စုန့်ထင်ရှန်းက ဒူးရင်းသီးအနံ့ကိုမကြိုက်သောကြောင့်အမြဲတမ်းယဉ်ကျေးစွာဖြင့်စားရန်ရှောင်ဖယ်လေ့ရှိသည်။ရေခဲသေတ္တာထဲတွင် ဒူးရင်းသီးထည့်သိမ်းထားသည့်အခါတိုင်းတွင်သူ ရေခဲသေတ္တာကိုဖွင့်လိမ့်မည်မဟုတ်ပေ။


ယွမ်ရှနှင့် အိမ်အကူအန်တီတို့ ဒူးရင်းသီးများကိုတက်ညီလက်ညီခွဲလိုက်ပြီးသည်နှင့် 

အထဲတွင်စိတ်ကျေနပ်စရာကောင်းလောက်အောင်အမွှာများဖြင့်ပြည့်နေသည်ကိုတွေ့လိုက်ရသည်။ချက်ချင်းဆိုသလိုပင် အခန်းထဲ၌ယစ်မူးစရာမွှေးရနံ့များပြည့်နှက်သွားလေသည်။ခွဲထားပြီးသောဒူးရင်းသီးအမွှာများကို ရေခဲသေတ္တာထဲထည့်လိုက်ပြီးညစာစားပြီးလျှင်အချိုတည်းနိုင်အောင်အအေးခံထားလိုက်သည်။


ညစာစားပြီးနောက်အစာချေအောင် 

အချိန်ခဏကြာအောင်စောင့်ပြီးသွားသည့်နောက် ဝမ်လေး၏မျှော်လင့်စောင့်စားနေသောအကြည့်များအောက်မှာပင် ယွမ်ရှရေခဲသေတ္တာတံခါးကိုဖွင့်လိုက်သည်။ထို့နောက် ဝမ်လေးကိုအမွှာအသေးလေးပေးလိုက်ပြီးအိမ်အကူအန်တီအတွက်လဲ အမွှာကြီးများကိုဖယ်ပေးလိုက်သည်။သူမကိုယ်တိုင်အတွက်မူလုံးဝမမြည်းစမ်းကြည့်ခဲ့ပေ။


သူမ၏ဝိတ်လျော့ခြင်းကိုတင်းတင်းကြပ်ကြပ်သာဖက်တွယ်ထားရပေမည်။


ခဏအကြာ၌ယွမ်ရှက ဒူးရင်းသီးထည့်ထားသည့်ဖန်ပန်းကန်လုံးလေးကို ဝမ်လေးလက်ထဲထည့်ပေးလိုက်သည်။


"နားလည်မှုမလွဲသွားနဲ့နော် ဒါက သားစားဖို့မဟုတ်ဘူး..."


ဝမ်လေး"..."


"မာမား..."


"ဒါက သားပါပါးဖို့ ယူသွားပြီးတော့ သားပါပါးကိုပေးလိုက်..."


ယွမ်ရှခဏမျှစဉ်းစားလိုက်ပြီး ထပ်ပေါင်းပြောလိုက်သည်။


"တကယ်လို့ သားပါပါးကမစားချင်ဘူးလို့ပြောရင် သူ့ကိုဒီလိုပြောလိုက်...အစားအစာတွေက အလဟသဖြစ်သွားလိမ့်မယ်...ဒါကြောင့်မို့စားရမယ်..."


ဝမ်လေးကနှုတ်ခမ်းလေးဆူကာ ဆူပွပွပြောလာလေသည်။


"ပါပါးက ဒူးရင်းသီးကိုမစားချင်ဘူး ဒါပေမဲ့...သားကစားချင်တယ်လေ..."


ထိုကလေးပေါက်စကအလွန်ပင်အကောင်းကြိုက်တတ်လေသည်။ဒူးရင်းသီးက ရေခဲမုန့်နဲ့တူကြောင်းကောင်းစွာသိနေသည်။


မဟုတ်သေးဘူး ဒူးရင်းသီးကရေခဲမုန့်ထက်ပိုကောင်းတယ်...ပါပါးကမကြိုက်ပေမဲ့...သူကတော့အများကြီးကြိုက်တယ်...


ယွမ်ရှဟန့်ခနဲတချက်နှာမှုတ်လိုက်ပြီးပြောလိုက်သည်


"ပေါင်ပေါင်က အခုဒူးရင်းသီးအများကြီးမစားထားဘူးဆိုရင် မာမားက ဒူးရင်းသီးကိတ်လုပ်ပေးမယ်...မနက်ဖြန်သား မူကြိုသွားတဲ့အခါကျရင်ယူသွားပြီးသူငယ်ချင်းတွေနဲ့ ဆရာမကိုကျွေးလို့ရတယ်လေ...ဒီလိုဆိုရင်ရောဘယ်လိုလဲ..."


သူမက အချိုပွဲပြုလုပ်ရသည်ကို တကယ့်ကိုကြိုက်နှစ်သက်ပေသည်။သို့သော်လဲ အရင်တုန်းကသူမပြုလုပ်နိုင်သည့် မုန့်ကအကန့်အသတ်နှင့်ရှိနေပေသည်။သို့သော် ယခုမူသူမကပရော်ဖက်ရှင်နယ်ဆရာဆီမှာသေချာကျနစွာသင်ယူပြီးနောက်သူမ၏အချိုပွဲများက ပို၍ကောင်းမွန်လာသည်။အနဲဆုံးတော့ဒူးရင်းအလွှာကိတ်နှင့် ဒူးရင်းအရသာကိတ်လိပ်တို့ကိုလုပ်ရာတွင်သူမအတွက်လုံးဝအခက်အခဲမရှိတော့ပေ။


ထိုစကားများကိုကြားလိုက်သည်နှင့် ဝမ်လေးကပျော်ရွှင်ကျေနပ်သွားလေသည်။သူက သူ့မားမားပြုလုပ်ပေးသောအချိုပွဲလေးများကို မူကြိုကျောင်းသို့ယူသွားပြီးသူငယ်ချင်းများနှင့်မျှဝေဖူးလေသည်။မနက်ဖြန်ထိုမုန့်များကိုကျောင်းသို့ယူသွားသည့်အချိန်၌ အားလုံး၏အာရုံများသူ့ဆီရောက်နေပြီးသူ့၏အမေကိုချီးမွမ်းပြောဆိုနေကြပုံ သူ့ကိုမြှောက်ပင့်ကပ်ဖားနေကြပုံများကိုစဉ်းစားလိုက်သည်။


ထို့နောက်ဒူးရင်းသီးပန်းကန်လုံးလေးကိုသေချာစွာကိုင်ပြီးအပေါ်ထပ်သို့ သုတ်သုတ်ပျာပျာတက်သွားလေတော့သည်။


ဝမ်လေးစာဖတ်ခန်းတံခါးဝဆီမရောက်သေးခင်ကပင်စုန့်ထင်ရှန်းက ဒူးရင်းသီးအနံ့ကိုရရှိပြီးဖြစ်သည်။သူအလုပ်လုပ်နေရာမှအကြည့်လွှဲလိုက်ပြီး တံခါးဝဆီကြည့်လိုက်သည့်အချိန်၌အလျင်စလိုပြေးဝင်လာသောကလေးလေးကို မြင်လိုက်ရသည်စက္ကန့်ပိုင်းအတွင်းမှာပင်သူ့သားလေးကဘေးသို့ရောက်လာလေသည်။


သူ့၏လက်ဝါးတုတ်တုတ်လေးများဖြင့် ကိုင်ထားသောဒူးရင်းသီးပန်းကန်ကိုထိုးပေးရင်းပြောလိုက်သည်။


"ဒါ ပါပါးဖို့..."


ဒါပေါ့ စုန့်ထင်ရှန်းကသေချာပေါက်ငြင်းပယ်ပေလိမ့်မည်။သူခေါင်းခါယမ်းရင်းပြောလိုက်သည်။


"ပါပါး မစားချင်ဘူး..."


မစားရသေးပဲ အနံ့ရရုံနဲ့တင်သူ့အတွက်လုံလောက်နေပေပြီ။


ဝမ်လေးက ဇွန်းအသေးလေးကိုသူ့ဆီသို့ထိုးပေးရင်းထပ်ပြောလိုက်သည်။


"မာမားကပြောလိုက်တယ်...တကယ်လို့ ပါပါးကမစားဘူးဆိုရင် အဲ့တာက အစားအစာတွေကိုဖြုန်းတီးတာပဲတဲ့..."


စုန့်ထင်ရှန်း"..."


သူဒူးရင်းသီးသုံးလုံးတောင် ဝယ်လာမိလို့ သူမက သူ့ကိုလှောင်ပြောင်နေတာလား...


"အစားအစာတွေကိုဖြုန်းတီးတာကအရမ်းကိုဆိုးတယ်နော်..."


ကလေးလေးကထပ်ပေါင်းပြောလိုက်ပြန်သည်။


"ပြီးတော့ ပါပါး ဒူးရင်းသီးကအရမ်းကောင်းတာ...ပါပါးနဲနဲစားကြည့်လိုက် တကယ်လို့မကောင်းဘူးဆိုရင် ပါပါးသားကိုတချက်ရိုက်နိုင်တယ်..."


သူ့သားတော်မောင်က အဓိကအချက်ကိုပြောသွားပြီးပြီမို့ ကလေးအတွက်စံပြဖခင်ကောင်းဖြစ်ချင်တဲ့စုန့်ထင်ရှန်းကသေခြင်းတရားကိုမတုန်မလှုပ်ရင်ဆိုင်ရမည့်သူလိုမျိုး ဇွန်းကိုလက်ခံရုံသာတတ်နိုင်တော့တယ်။ဝမ်လေး၏ဂရုတစိုက်အကဲခတ်နေသောအကြည့်များအောက်တွင် စုန့်ထင်ရှန်းတယောက်ဒူးရင်းသီးသေးသေးလေးခပ်လိုက်ပြီးကိုက်လိုက်သည်။


စုန့်ထင်ရှန်းကအပြင်ပန်းတွင်တည်ကြည်လေးနက်ခက်ထန်သောအမူအယာမျိုးရှိသော်လဲ တကယ်တမ်းတွင်သူကမုန့်အချိုများကိုကြိုက်နှစ်သက်လေသည်။သူကဟန်ကျိုးစတိုင် ဟင်းလျာများကိုအကြိုက်ဆုံးဖြစ်သည်။


(ဟန်ကျိုးသည် ၎င်းတို့၏အချိုပွဲမုန့်များကျော်ကြားသည့်မြို့ဖြစ်သည်။အထူးသဖြင့် ဟန်ကျိုး၏ကြာပန်းမုန့်ကအကျော်ကြားဆုံးဖြစ်သည်။)


ဒူးရင်းသီးသုံးလုံးကို သူကမသိနားမလည်စွာကြုံရာကျပန်းရွေးချယ်ခဲ့သော်လဲ အပြည့်အဝမှည့်နေပြီး အရသာကကောင်းမွန်လှသည်။ချိုမြသည့်အရသာကလျှာဖျားထဲစိမ့်ဝင်သွားပြီးခံတွင်းတခုလုံးကိုဖုံးလွှမ်းသွားလေသည်။ရေခဲမုန့်စားရသကဲ့သို့ပင်နူးညံ့အေးမြလှသည်။


ဒါကအစားသောက်တခု၏အရသာပျံနှံ့ပုံအဆင့်ဆင့်ပင်ဖြစ်သည်။


အစားသောက်တခုကိုသင်မကြိုက်နှစ်သက်ပါက အကြောင်းပြချက်မရှိ၎င်းကိုစားရန်ငြင်းဆိုပေလိမ့်မည်။သို့သော်လဲ သင်မြည်းစမ်းကြည့်ပြီးကြိုက်နှစ်သက်သွားပါကလဲ ယခင်ကသင်မကြိုက်ခဲ့သောအရာကိုပင်နှစ်သက်မြတ်နိုးဖွယ်ကောင်းသည်ဟုထင်မြင်လာပေလိမ့်မည်။အနဲဆုံးအနေဖြင့်စုန့်ထင်ရှန်းတယောက် ဒူးရင်းသီးကိုမြည်းကြည့်ပြီးနောက် သူ့၏အနံ့ကမခံမရပ်နိုင်စရာကောင်းသည်ဟုမခံစားရတော့ပေ။

xxxxxxxxxx