အပိုင်း (၇၂)
Viewers 31k

part-72


ယွမ်ရှက သူ့၏တာဝန်ကိုမြန်မြန်ဆန်ဆန်ပင်သွားလုပ်လိုက်သည်။သူမကဒူးရင်းသီးတစ်လုံးလုံးကို အသုံးပြုလိုက်ပြီး ဒူးရင်းကိတ်လိပ်အနဲငယ်ပြုလုပ်လိုက်သည်။တချို့လူများက ဒူးရင်းသီးကိုမကြိုက်ကြသလိုအိမ်တွင်လုပ်စားသည်ပဲဖြစ်သောကြောင့် သရက်သီးကိုအသုံးပြုပြီးသရက်သီးကိတ်လိပ်မျိုးလဲပြုလုပ်ကြပေသည်။


နောက်တနေ့တွင်သူမက ဝမ်လေးအတွက် နေ့လည်စာမုန့်ဗူးကိုပြင်ဆင်ပေးလိုက်သည်။ ဖန်အကြည်ဗူးလေးထဲတွင်ဒူးရင်းကိတ်လိပ်နှစ်ခုထည့်ထားပေးပြီး သူ့၏နေ့လည်စာအိတ်ထဲသို့ထည့်ပေးလိုက်သည်။ထို့နောက် ဂျပန်ဇာတ်ကားများထဲမှအိမ်ရှင်မများ၏ပုံကိုအတုခိုးလိုက်ပြီး စုန့်ထင်ရှန်းအပြင်ထွက်တော့မည့်အချိန်တွင်အလွန်ပင်လေးနက်သောအမူအယာမျိုးဖြင့်နေ့လည်စာအိတ်ကမ်းပေးလိုက်သည်။


"ဒါကို ရှင့်အလုပ်ကိုယူသွားလေ...ရေခဲသေတ္တာထဲထည့်ထားဖို့မမေ့နဲ့နော်..."


သူမ စုန့်ထင်ရှန်းငြင်းလိမ့်မည်ကို စိုးရိမ်စွာဖြင့်ထပ်ပေါင်းပြောလိုက်သည်။


"ရာသီဥတုကအရမ်းပူတယ်လေ...မြန်မြန်မစားဘူးဆိုရင် ဒူးရင်းသီးတွေမကောင်းဘူးဖြစ်သွားလိမ့်မယ်..."


စုန့်ထင်ရှန်းကနေ့လည်စာအိတ်ကို အလွယ်တကူပင်ယူလိုက်ပြီးမှ သူမည်မျှမြန်မြန်လက်ခံမိလိုက်သည်ကိုသတိပြုမိသွားသည်။သူအနဲငယ်ကိုးယို့ကားယားဖြစ်သွားပြီး ယွမ်ရှကိုခပ်တိုးတိုးပြန်ပြောလိုက်သည်။


"ကျေးဇူးတင်ပါတယ်..."


စုန့်ထင်ရှန်း၏အမူအယာကြောင့် ယွမ်ရှစိတ်ထဲမှ တိတ်တဆိတ်သက်ပြင်းချလိုက်မိသည်။


ကလေးလေးရဲ့ရှေ့မှာချစ်ခင်တဲ့စုံတွဲတွေလို သရုပ်ဆောင်ဖို့အစပြုပြောလာတာကသူပဲလေ...


မူလပိုင်ရှင်နှင့် စုန့်ထင်ရှန်းတို့ကလေးနှစ်ကြာအိမ်ထောင်ရေးတွင် သူစိမ်းကဲ့သို့သာနေထိုင်ခဲ့ကြခြင်းဖြစ်သည်။

အကယ်၍ဝမ်လေး၏အကျိုးအတွက်သာမဟုတ်ပါက သူ့ကိုထိုကဲ့သို့ခြေတလှမ်းတိုးလာခွင့်ပြုမည်မဟုတ်ပေ။


စုန့်ထင်ရှန်းကို ဒီနေ့ဒရိုင်ဘာ လာမကြိုသောကြောင့်သူကိုယ်တိုင်ပင်ကားမောင်းသွားလိုက်သည်။ယနေ့သည် လတစ်လရဲ့အစပြုရက်ဖြစ်သောကြောင့် ယွမ်ရှကိုအသုံးစရိတ်လွဲပေးရမည့်အချိန်လဲဖြစ်သည်။


ထို့ကြောင့်သူကားမောင်းသည်ကိုခဏရပ်လိုက်ကာ ယွမ်ရှ၏အကောင့်ထဲသို့ ယွမ်တသိန်းလွှဲပေးလိုက်သည်။


မူလပိုင်ရှင်၏အကောင့်ထဲတွင် ယခုလွှဲပြောင်းမှုမတိုင်ခင်ထဲကငွေပမာဏအမြောက်အမြားရှိနေပြီးသားဖြစ်သည်။ယွမ်ရှကအကောင့်ထဲသို့ငွေဝင်လာကြောင် မက်ဆေ့သံကိုကြားလိုက်သည့်အချိန်၌ရုတ်တရက်အံ့ဩလန့်ဖြန့်သွားလေသည်။


သူမကူးပြောင်းလပြီးနောက် သူမ၏ဘဝကအရင်ကထက်ပင်ပို၍ဇိမ်ကျလာသည်။သို့သော်လဲ ယခုထိတိုင်အောင်မူလပိုင်ရှင်နေထိုင်ခဲ့သောဘဝပုံစံမျိုးနှင့်တော့မယှဉ်နိုင်သေးပေ။ယွမ်ရှ သူမ၏ဖုန်းကိုအနဲငယ်မှုန်ကုတ်ကုတ်ဖြင့်ကြည့်ပြီးစဉ်းစားလိုက်မိသည်။


စုန့်ထင်ရှန်းလို လူမျိုးကို ဘယ်လိုအမျိုးသမီးကများခုခံတွန်းလှန်နိုင်မှာတဲ့လဲ...သူကချမ်းသာတဲ့အပြင်ကို ရက်လဲရက်ရောသေးတယ်...ပြီးတော့ချောမောခန့်ညားတယ်...သူကတည်ငြိမ်ပြီးတော့စိတ်သဘောထားလဲကြီးတယ်...အခုလိုအခြေအနေမျိုးနဲ့သာဆက်သွားမယ်ဆိုရင်အဆုံးသတ်မှာသူမလဲသူ့အပေါ်ကိုကြွေဆင်းကျသွားတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်...


သို့သော်လဲ သူမကသူ့အပေါ်နှစ်သက်သွားရင်တောင်မှ စုန့်ထင်ရှန်းကသူမကိုပြန်ကြိုက်လိမ့်မည်မဟုတ်ပေ။မူလပိုင်ရှင်လို လိမ္မာပါးနပ်သောအမျိုးသမီးအပြင် သူ့ကိုရအောင်မယူနိုင်ခဲ့ပါကသူမအတွက်တော့ဖြစ်နိုင်စွမ်းမရှိပေ။


အကယ်၍သူမသာ စုန့်ထင်ရှန်းအပေါ်မှာကြွေဆင်းသွားပါကလဲ သူကဒီတိုင်းသာလက်ခံထားမည်ဖြစ်သည်။

၎င်းကလဲသူ့၏သားဝမ်လေးကြောင့်သာဖြစ်သည်။


သူမအရာရာအားလုံးကို ဂရုတစိုက်ပြန်လည်တွေးကြည့်သည့်အခါ၌ စုန့်ထင်ရှန်းပြုလုပ်သည့်အရာအားလုံးကဝမ်လေးအတွက်ကြီးသာဖြစ်သည်ဟု သတိပြုမိလိုက်သည်။


သူက သူမအတွက် မည်သည့်ခံစားချက်မျိုးမှမရှိပေ။ဒီလမ်းကြောင်းကိုလျောက်ပြီးရှေ့သို့သာဆက်သွားမည်ဆိုပါကသူမကိုသူမညှင်းပန်းနှိပ်စက်ခြင်းသာဖြစ်ပေလိမ့်မည်။


သူမထိုဇာတ်လမ်းကြောင်းကိုတွေးမိပြီးနောက် သူမကိုသူမစာနာသနားစိတ်ဖြင့် ဖယောင်းတိုင်ထွန်းပေးချင်စိတ်ပေါက်သွားသည်။


ယွမ်ရှက သူ့ကိုယ်သူအတွက်ခက်ခဲသောအချိန်များပေးမည်မဟုတ်ပဲစည်းမျဉ်းများအတိုင်းသာလိုက်နာမည်ဖြစ်သည်။


အခုလက်ရှိအချိန်မှာ သူမမှာငွေရှိတယ်၊လွတ်လဲလွတ်လပ်တယ်၊လှလဲလှပတယ် ပြီးတော့အောက်ခြေကနေထိပ်ဖျားထိတွက်ကြည့်လိုက်မယ်ဆိုရင်လဲဘဝရဲ့အောင်နိုင်သူတယောက်လိုမျိုးအဆင်တန်ဆာတွေနဲ့ပြည့်နှက်နေတယ်။


အဲ့ဒီတော့ ဘာလို့များသူမကဒီလိုခါးသီးတဲ့ဒရာမာဇာတ်လမ်းမျိုးမှာကပြအသုံးတော်ခံရမှာတဲ့လဲ...။

(စုန့်ထင်ရှန်းကိုတစ်ဖက်သတ်မကြိုက်ဘူးလို့ပြောတာ)