အပိုင်း ၅၉-၆၀
Viewers 5k

Chapter 59


ယန်ဟန် ပါးစပ်ဟ၍ စကားပြောကြည့်ရာ မပြောနိုင်သေးဖြင့် လက်ဟန်ဖြင့်သာ ဟန်ခိုင်ကို ပြောလိုက်သည်။


 “ဟိတ်..ရှင်အဆင်ပြေရဲ့လား... အဲဒီလူက ရှင့်ကို ဇွန်ဘီဗိုင်းရပ်စ်ပိုး ထိုးသွင်းလိုက်တာကို ကျွန်မ သေချာမြင်လိုက်ရတယ်..." 


ဟန်ခိုင် က တည်ငြိမ်စွာ ခေါင်းညိတ်ပြပြီး ပြောလေသည်။


"အင်း..‌‌ပြေပါတယ်..ငါ့ခန္ဓာကိုယ်က ဇွန်ဘီ ဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိတယ်လေ..." 


“အိုး... အံ့ဩစရာကြီး...ဒါနဲ့ ကျွန်မအိပ်နေတာ ဘယ်လောက်ကြာပြီလဲ...." 


ဟန်ခိုင် သည် မျက်နှာကျက်ကို မော့ကြည့်ရင်း လက်ချိုးရေတွက်လိုက်သည်။


 "မနေ့က မနက်ကနေ ဒီနေ့မနက်ထိဆိုတော့... အနည်းဆုံး ၂၄ နာရီရှိပြီပေါ့..."


ယန်ဟန် သည် မကြာသေးမီက သူမ ခန္ဓာကိုယ်၏ ပုံမှန်မဟုတ်သော ဖြစ်စဉ်နှင့် ပတ်သက်၍ အလွန်ပင် ပဟေဠိဖြစ်ခဲ့ရသည်။ သူမ၏ မနက် ၁နာရီကျော်နေ‌သော်လည်း အိပ်ချင်စိတ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဟန်ခိုင် ကို အိမ်ပြန်ပို့ပေးနိုင်ခဲ့၏။


"မင်းဘာလို့ ကျွန်းကို ​​ရောက်​လာတာလဲ..."


 "မနေ့ညက ငါ့ကို ဘယ်လိုရှာတွေ့တာလဲ..."


"အဲ့အချိန်က မင်းအိပ်ရမယ့်အချိန်မဟုတ်လား..." 


"မင်းငါ့ကို အိမ်ထိ ဘယ်လို လိုက်ပို့ပေးခဲ့တာလဲ..." 


"ပြီးတော့ မင်း ဘာလို့ ရေတွေစိုနေတာလဲ..."


ဟန်ခိုင် သည် မေးခွန်းများကို ဆက်တိုက် မေးနေသဖြင့် ဤမေးခွန်းများသည် သူ့ရင်ထဲတွင် အကြာကြီး စွဲနေမှန်း သိသာသည်။ 


"ပြောရတာခက်တယ်... ရှင်းပြဖို့လည်း အချိန် တော်တော်ကြာလိမ့်မယ်.... အချိန်ရရင် နောက်မှ ရှင်းပြမယ်လေ... ကျွန်မ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုကို အရင် ပြောပြမယ်... ကျွန်မအိပ်မက်ထဲမှာ ကျီကျောက်ယန် က ဇွန်ဘီအုပ်စုကြီးကို ကျွန်းဆီခေါ် လာတာတွေ့လိုက်ရတယ်..."


"ကျီကျောက်ယန်..."


 "ဟုတ်တယ်... ကျီကျောက်ယန် က ဇွန်ဘီဖြစ်လာပြီး ယွင်ကျင့် မြို့မှာ ကြီးစိုးနေတယ်..."


 "ကျီကျောက်ယန် က ယွင်ကျင့် မြို့မှာ ဟုတ်လား..."


 "ရှင်မသိဘူးလား...ကျီကျောက်ယန် က အခု ယွင်ကျင့် မြို့မှာ ရှိနေတယ်... ယွင်ကျင့် မြို့ရဲ့ မူရင်း ဇွန်ဘီ ဘုရင်ကို သတ်ပစ်လိုက်ပြီး သူက ဇွန်ဘီ ဘုရင်အသစ် ဖြစ်သွားပြီလေ..." 


"ဇွန်ဘီဘုရင်..." 


ဟန်ခိုင် အံ့သြသွားရသည်။


"ဟုတ်တယ်.....သူက မူရင်း ဇွန်ဘီဘုရင် ကိုသတ်ပြီးတာနဲ့ ကျွန်မကို မြို့အနှံ့လိုက်ရှာတယ်...သူကျွန်မကို မှတ်မိနေတယ် ထင်တယ်... စစချင်း သူကျွန်မကိုတွေ့တော့ အရမ်းဒေါသထွက်ပြီး အပိုင်းပိုင်း ခုတ်ထစ်ပစ်တော့မလိုကြီး...” 


ဟန်ခိုင် သည် ယန်ဟန်၏ လက်ဟန်အမူအရာများကို ကြည့်ပြီး စိတ်ရှုပ်ထွေးသွားရသည်။


“သူတို့ ဒီကို ဘယ်လိုရောက်လာတာလဲ... မင်းလိုပဲ လှေလှော်ပြီး လာတာလား..." 


“ပင်လယ်က ခဲနေတဲ့အချိန်မှာ လာကြတာ.... ပင်လယ်ရေ ခဲသွားတဲ့အချိန်ကိုစောင့်ပြီး ဖြည်းဖြည်းချင်း လာနေကြတာ....” 


ပင်လယ်ရေ မျက်နှာပြင်သည် နှစ်စဉ်နှစ်တိုင်း ဆောင်းရာသီမှ နွေဦးအစအထိ တစ်လကျော်ကြာအောင် အေးခဲသွားတတ်သည်။ နှစ်စဉ်နှစ်တိုင်း ပင်လယ်ရေခဲမည့်ကာလ နီးကပ်လာသောအခါ မြို့တော်ဝန် စွန်းကျားရှီ က ကျွန်း၏ နယ်နိမိတ် လုံခြုံရေးကို အားကောင်းစေရန် တပ်ဖွဲ့အင်အား များ တို့ချဲ့စေလွှတ်လေသည်။ ၂၀၂၂ မှ ၂၀၂၅ ခုနှစ်အတွင်း ကျွန်းပေါ်မှ လူများ ပင်လယ်ရေခဲနေသော အချိန်ကာလကို ၃ ကြိမ်တိုင်တိုင် ဇွန်ဘီများရန်မှ ဘေးကင်းစွာ လွတ်မြောက်ခဲ့သည်။ 


လွန်ခဲ့သော ၃နှစ်အတွင်း၊  ၂၀၂၅ ဇန်နဝါရီလတွင် ဇွန်ဘီအနည်းငယ်သာ ကျွန်းနယ်နိမိတ်သို့ ရောက်လာခဲ့ပြီး စောင့်ကြပ်ကြည့်ရှုနေသော အစောင့်များသည် ထိုဇွန်ဘီများကို အောင်မြင်စွာ သတ်နိုင်ခဲ့သည်။ ၎င်းသည် ဇန်န၀ါရီလကုန်တွင်ဖြစ်ပြီး ရက်အနည်းငယ်အကြာ၊ ဖေဖော်ဝါရီအစောပိုင်းတွင် နွေဦးရာသီအစဖြစ်သဖြင့် ရေခဲများ တဖြည်းဖြည်း အရည်ပျော်လာမည် ဖြစ်သည်။ ရေခဲများ အရည်ပျော်ပြီးသည်နှင့် ကျွန်းပေါ်ရှိလူများသည် လာမည့်နှစ်အထိ မကြောင့်မကျ နေနိုင်မည် ဖြစ်လေသည်။


ယွင်ကျင့်မြို့နှင့် ကျွန်းကြားရှိ အကွာအဝေးသည် ကီလိုမီတာ ၂၀၀၀ ခန့်ရှိသည် ပင်လယ်ရေ အေးခဲသောကာလသည် တစ်လကျော်ရှိပြီး အလွန်ရှည်လျားလှပေသည်။အသိဥာဏ်မရှိသော ယွင်ကျင့် မြို့မှ ဇွန်ဘီများသည်  ပင်လယ်ရေခဲသွားသောအခါ ကျွန်းကို ရှာတွေ့နိုင်မည် မဟုတ်ပေ။


သို့သော် ဉာဏ်ရည် ဉာဏ်သွေးရှိသော ဇွန်ဘီဘုရင် တစ်ဉီးရှိလျှင် ကျန်ဇွန်ဘီအုပ်စုအား ကျွန်းဆီသို့ ခေါ်လာနိုင်ခြေ မြင့်မားလေသည်။


 "ကျီကျောက်ယန် က မင်းလိုပဲ စဉ်းစားတွေးခေါ်နိုင်လား...."


ယန်ဟန်က ခေါင်းညိတ်လိုက်သည်။


 “သူလည်း အကြောင်းတစ်ခုခုကြောင့် မျိုးပြောင်းသွားတာ သေချာတယ်... သူရဲ့ ခွန်အားနဲ့ အရှိန်က သာမန် ဇွန်ဘီ တွေထက် အများကြီး သာတယ်.... နောက်ဆုံး ဇွန်ဘီဘုရင် ဝမ်ဒူ ကိုတောင် သတ်ပစ်လိုက်တယ်...တခြား ဇွန်ဘီတွေကိုလည်း ပုရွက်ဆိတ်ကို လက်နဲ့ဖျစ်လိုက်သလိုအသာလေး သတ်ပစ်လိုက်နိုင်တယ်...” 


ဟန်ခိုင်  ဘာလုပ်ရမည်ကို တွေးနေမိသည်။


လက်ရှိနှစ်၏ ပင်လယ်ပြင်ခဲနေချိန်တွင်ဇွန်ဘီများသည် ကျွန်းပေါ်သို့ ရောက်လာမည်ဖြစ်၍ ကျွန်းပေါ်မှ လူတိုင်းကို ဘေးကင်းရာသို့ ပို့ဆောင်ရန် ကြိုတင်စီစဉ်ထားသင့်ကြောင်း လက်နက်ကိုင်တပ်ဖွဲ့၏ အကြီးအကဲထံ သူအကြောင်း ကြားသင့်ပေသည်။


ထိုသို့ ပြောလိုက်ပါက မည်သူမျှ သူ့စကားကို ယုံကြမည် မဟုတ်ပေ။အကယ်၍ ယုံကြလျှင်တောင် မည်သည့်နေရာသို့ ပြေးရမှန်း သိမှာမဟုတ်ပေ။ ကျွန်းထက် ပိုလုံခြုံသည့် နေရာရှိပါက လွန်ခဲ့သည့် သုံးနှစ်လုံးလုံး ကျွန်းပေါ်တွင် နေစရာအကြောင်းမရှိပေ။ယနေ့သည် ဒီဇင်ဘာ ၃ ရက်ဖြစ်ပြီး ဆောင်းရာသီ ရောက်ရန် ဆယ်ရက်သာ လိုတော့သည်။


ဒီဆယ်ရက်အတွင်း ငါဘာလုပ်ရမလဲ...


ဟန်ခိုင် က ထိုသို့စဉ်းစားလိုက်ပြီး


ယန်ဟန်ကို ပြောလိုက်၏။ 


“ဒီကိစ္စက ကိုင်တွယ်ရ မလွယ်ဘူး...ငါတို့ ရေရှည်အစီအစဥ် ဆွဲရမယ်....”


ယန်ဟန် စိုးရိမ်နေမိသည်။ သူမဖြစ်ချင်သည်မှာ ကျွန်းမှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားရန်ဖြစ်သည်။


 “ရေရှည် အစီအစဉ်တွေ ဘာတွေ လုပ်မနေပဲနဲ့ ဇွန်ဘီတွေမလာခင် ထွက်ပြေးကြရအောင်လေ.... "


" ငါတို့ ဘယ်လိုလုပ် လွတ်နိုင်မလဲ... ကျန်တဲ့ ဆယ်ရက်ကျော်အတွင်း ကျွန်းလိုနေရာမျိုးကို ရှာမရနိုင်ဘူးလေ... တစ်တိုင်းပြည်လုံး ဇွန်ဘီတွေနဲ့ ပြည့်နေတဲ့ဟာ...”


ယန်ဟန်က ခဏမျှ ငြိမ်သက်သွားပြီး ပြောလေသည်။


“ဒါဆို ဇွန်ဘီတွေ ကျွန်းဆီကို လာတော့မယ် ဆိုတာကို လူတိုင်းကို လိုက်ပြီး မြန်မြန်ပြောပါလား...အဲ့ဒါဆို ကြိုတင်ပြင်ဆင်ထားလို့ ရတာပေါ့... ”


Xxxxxxxx


Chapter 60


ကျွန်းပေါ်ရှိ လူတိုင်းကို ပြောပြပါက သူ့ကိုသာ အရူးဟု ထင်ကြပေလိမ့်မည်။  


ကံတရားဟုသာ ဆိုရပေတော့မည်။


ဟန်ခိုင် က ခေါင်းညိတ်လိုက်ရင်း ပြောလေသည်။


 "ငါ ဒီကိစ္စကို ကြည့်လုပ်လိုက်မှာမလို့ မင်း စိတ်မပူပါနဲ့...."


ယန်ဟန် က ထပ်မေးမည် စိုး၍ စကားလမ်းကြောင်းလွှဲလိုက်သည်။


 "မင်းဘာလို့ ကျွန်းကို ရုတ်တရက်ရောက်လာတာလဲ...." 


ယန်ဟန်က  ကျီကျောက်ယန် သည် ဇွန်ဘီဘုရင်ဖြစ်လာပြီး သူမကို သတ်ချင်နေ၍ ထွက်ပြေးလာသည့်အကြောင်းကို ဟန်ခိုင်အား အတိုချုံး ပြောပြလိုက်သည်။


ဟန်ခိုင် ကခေါင်းငုံ့နေပြီး  ဘာမှ မပြော‌ပေ။


ကျီကျောက်ယန် က ယန်ဟန် ကို ဘာလို့ သတ်ချင်နေရပါလိမ့်...


ယန်ဟန် က ကျီကျောက်ယန် ကို ကိုက်ခဲ့သဖြင့် သူမကို အမှတ်ရပြီး လိုက်သတ်နေခြင်း ဖြစ်နိုင်သည်။


 ‌'ဒါဆို သူကကျွန်းကိုလည်း မှတ်မိနေမလား...ဒါကြောင့် သူက ပင်လယ်ရေ ခဲနေတဲ့အချိန်မှာ ဇွန်ဘီတွေကို ကျွန်းဆီ ခေါ်သွားချင်နေတာလား....'


ဟန်ခိုင် ခေါင်းခါလိုက်သည်။ သူယခု အသုံးမဝင်သည့် ထင်မြင်ချက်များကို တွေးနေမည့်အစား ကျွန်းကိုရောက်လာမည့် ဇွန်ဘီများ အကြောင်းကို မြို့တော်ဝန်အား အမြန်ဆုံး ပြောပြရမည် ဖြစ်သည်။


နောက်နေ့မနက်စောစောတွင် ဟန်ခိုင် ဓာတ်ခွဲခန်းကို အရင်သွား၍ စမ်းသပ်ချက်များ အကြောင်းကို ကျန့်စစ်ချီ အား အတိုချုံးရှင်းပြပြီးနောက် မြို့တော်ဝန် စွန်းကျားရှီ နှင့် တွေ့ရန်အုပ်ချုပ်ရေး အဆောက်အဦးသို့ သွားလိုက်သည်။


သူ အုပ်ချုပ်ရေးအဆောက်အဦး သို့ ရောက်သောအခါ မြို့တော်ဝန်၏ လက်ထောက်ကိုသာ တွေ့လိုက်ရသည်။ မြို့တော်ဝန်က အစည်းအဝေးတစ်ခု တက်နေပြီး မအားလပ်ပါ ဟု လက်ထောက်က ပြောလေသည်။


ထို့ကြောင့် ဟန်ခိုင် က မြို့တော်ဝန် အစည်းအဝေးပြီးအောင် စင်္ကြံတွင် ထိုင်စောင့်နေလိုက်သည်။မြို့‌တော်ဝန်၏ အစည်းအဝေးသည် နှစ်နာရီ သို့မဟုတ် သုံးနာရီကြာလိမ့်မည် ဖြစ်သည်။ 


ဟန်ခိုင် သည် တစ်မနက်ခင်းလုံးနီးပါး စောင့်နေခဲ့ပြီး မကြာမီ  အတွင်းရေးမှူး ကျန်း က လာပြောလေသည်။


“မြို့တော်ဝန်က အစည်းအဝေး နောက်တစ်ခု ထပ်တက်ရမယ်... ပရော်ဖက်ဆာ ဟန် မှာ အရေးတကြီးကိစ္စရှိတယ် ဆိုရင် ကျွန်တော့်ကို အရင်ပြောလို့ရပါတယ်....." 


“အတွင်းရေးမှူး ကျန်း... မကြာခင် ဆောင်းရာသီ ရောက်လာတော့မယ်... ဆောင်းရာသီ ရောက်ပြီးဆိုတာနဲ့  ကျွန်းပေါ်က အပူချိန်လည်း ကျသွားမယ်...ပြီးတော့ ပင်လယ်ရေကလည်း အေးခဲသွားမယ်လေ...အရင်နှစ်တွေကထက် ဆောင်းရာသီက ပိုကြာနိုင်တယ်...ယွင်ကျင့် မြို့ပေါ်က ဇွန်ဘီတွေ

ပင်လယ်ရေခဲနေတုန်း ကျွန်းပေါ်ကို ရောက်လာမှာ ကျွန်တော် စိုးရိမ်မိတယ်ဗျာ....”


ဟန်ခိုင် စကားပြောနေစဉ်အတွင်း အတွင်းရေးမှူး ကျန်း သည် အလျင်လိုနေပုံဖြင့် လက်ပတ်နာရီကို ကြည့်နေလေသည်။ ဟန်ခိုင် ၏စကားဆုံးသွားသွားချင်း သူက အလျင်စလို ပြောလိုက်လေသည်။


 "ပရော်ဖက်ဆာ ဟန်က ဒီကိစ္စကို အရမ်းစိုးရိမ်လွန်နေတာပဲ... မြို့တော်ဝန်က ကျွန်းနယ်နိမိတ်မှာအစောင့်တွေ တိုးပြီး ချထားဖို့ စီစဉ်နေပါပြီ...ဒီရက်ပိုင်း အစည်းအဝေးတွေကလည်း ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ကိစ္စပါပဲ... မြို့တော်ဝန်ဟာ ကျွန်းတစ်ခုလုံးပေါ်က အသက်တွေကို အလေးအနက်ထားတယ်ဆိုတာ ပရော်ဖက်ဆာ ဟန် စိတ်ချလက်ချ ယုံလိုက်ပါ..”


 “ကျွန်တော်သိပါတယ်...ကျွန်တော်ဆိုလိုတာက တပ်ဖွဲ့ဝင်တွေကို ကင်းပဲစောင့်ခိုင်းထားတာက မလုံခြုံနိုင်ဘူးလေ...ဒါကြောင့် ကျွန်းရဲ့နယ်စပ်က ရေခဲပြင်ပေါ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတာ ပိုကောင်းမယ်လို့ ထင်ပါတယ်....အဲ့ဒါဆို ဇွန်ဘီတွေ ရောက်လာရင် ဖောက်ခွဲရေးပစ္စည်းတွေကို မီးရှို့ပြီး ရေခဲတွေကို ဖောက်ခွဲပစ်နိုင်တယ်...အဲ့လိုဆို ကျွန်တော်တို့လည်း လုံခြုံတဲ့နေရာကို ရွှေ့ဖို့ အချိန်ပိုရနိုင်ပါတယ်....” 


“ပရော်ဖက်ဆာ ဟန် ရဲ့ အကြံက ကောင်းပေမယ့် မလိုအပ်ဘူးလို့ ထင်ပါတယ်...ကျွန်တော်တို့ ကျွန်းပေါ်မှာ သုံးနှစ်ကြာနေခဲ့တာတောင် မနှစ်ကမှ  ဇွန်ဘီ တချို့ပဲ ကျွန်းနားကို ချဉ်းကပ်လာခဲ့တာ...သူတို့ နွေဦးရာသီအစမှာ ကျွန်းနားကို ရောက်လာတော့ ကျွန်းနယ်နိမိတ်က အစောင့်တွေက ဇွန်ဘီတွေကို အချိန်မီ သတ်ပစ်နိုင်ခဲ့တယ်လေ... ပြီးတော့ ကျွန်းဟာ ယွင်ကျင့် မြို့ ကနေ ကီလိုမီတာ၂၀၀၀ ဝေးတယ်...ဇွန်ဘီတွေက ဦးနှောက်မရှိတဲ့ကောင်တွေဆိုတော့ ဘယ်လိုလာရမလဲ မသိနိုင်ပါဘူး.... အဲ့ဒီတော့ ပရော်ဖက်ဆာ ဟန် သိပ်ပြီး စိုးရိမ်မနေပါနဲ့..”


“ရှေးလူကြီးတွေ ပြောခဲ့တဲ့ 'အမြော်အမြင်မရှိရင် ဒုက္ခတွေ့ရလိမ့်မယ် ' ဆိုသလိုပေါ့...  ကျွန်တော်ပြောတာက ကျွန်းပေါ်က လူတွေရဲ့ အသက်အတွက် အာမခံအလွှာတစ်ခု ထပ်တိုးဖို့ပါပဲ.... ပြီးတော့ ကျွန်းနယ်နိမိတ်မှာ ဖောက်ခွဲရေး ပစ္စည်းတွေ တပ်ဆင်ရတာ ဘာအခက်အခဲမှ မရှိနိုင်ပါဘူး... သတိဆိုတာ ပိုတယ်လို့ မရှိပါဘူးဗျာ..." 


အတွင်းရေးမှူးကျန်းက ဟန်ခိုင် စကားကြော ရှည်နေသည်ကို စိတ်မရှည်နိုင်တော့ဘဲ စကားစကို အမြန်ဖြတ်လိုက်သည်။


“ပရော်ဖက်ဆာ ဟန်... စိတ်မပူပါနဲ့... ခင်ဗျားရဲ့အကြံကို မြို့တော်ဝန်ကို ကျွန်တော် တင်ပြလိုက်ပါ့မယ်..." 


ထိုသို့ ပြောပြီးနောက် အတွင်းရေးမှူး ကျန်း သည် အလွန်စိုးရိမ်သော မျက်နှာထားဖြင့် လက်ပတ်နာရီကို ငုံ့ကြည့်လိုက်ပြန်သည်။ ဟန်ခိုင် သည် အတွင်းရေးမှူး ကျန်း အလျင်လိုနေပုံကို ရိပ်မိသွားသဖြင့် ပြောလိုက်သည်။


 “အတွင်းရေးမှူး ကျန်းက သွားစရာ ကိစ္စတစ်ခုခု ရှိနေလို့လား..."


 “ဟုတ်တယ်... ဒီရက်ပိုင်း အစည်းအဝေးတွေ အရမ်းများနေလို့... ရှေ့ရောနောက်ပါ စီစဉ်စရာတွေ အရမ်းများနေတယ်... ပရော်ဖက်ဆာ ဟန် ပြောစရာ မရှိတော့ရင် ကျွန်တော် သွားလိုက်ပါဦးမယ်...”


“ဒါဆိုလည်း ကျွန်တော်ပြောတဲ့ကိစ္စကို မြို့တော်ဝန်ကို ပြန်ပြောပြပေးပါ...ဖြစ်နိုင်ရင် ကျွန်တော် မြို့တော်ဝန် နဲ့ တွေ့ခွင့်ရရင် တွေ့ချင်ပါတယ်... ” 


အတွင်းရေးမှူး ကျန်းက ခေါင်းညိတ်လိုက်ပြီး စိတ်မရှည်ဟန်ဖြင့် ပြောလေ၏။


 “ကောင်းပါပြီ...ပရော်ဖက်ဆာ ဟန်ပြောတဲ့ ကိစ္စကို ကျွန်တော် ပြန်ပြောလိုက်ပါ့မယ်... မြို့တော်ဝန်က ပရော်ဖက်ဆာ ဟန် ကိုတွေ့ဖို့ အချိန်ရှိမလားဆိုတာကလည်း မြို့တော်ဝန်ပေါ်မှာပဲ မူတည်တယ်....ပြီးတော့ အဓိက ပွဲကြီးတစ်ခု ကျင်းပတော့မှာမလို့ မြို့တော်ဝန်လည်း အရမ်းအလုပ်များနေတယ်..." 


ဟန်ခိုင် သည် ထိုစကားကိုကြားပြီးနောက် ခဏကြာအောင် နှုတ်ဆိတ်နေလိုက်သည်။ အတွင်းရေးမှူး ကျန်း က သူ့ကို ထပ်ပြီး စကားပြောနေမည် စိုး၍ စကားစကို ဖြတ်၍ ထွက်သွားလေတော့သည်။


Xxxxxx