အပိုင်း ၇၅-၇၆
Viewers 6k

Chapter 75


သူမ စကားကြောင့် ယန်ဟန် အော်ရယ်ပစ်ချင်သွားရသည်။


 “မင်းနာမည်ဘယ်လိုခေါ်လဲ... မင်းက အရမ်းချစ်စရာကောင်းတာပဲ..."


ယန်ဟန် က စိတ်မဆိုးဘဲ သူမကို ချီးကျူးလိုက်သဖြင့် လင်းကျင်းရှု မှာခြေဆောင့်လိုက်ပြီး ငြူစူစွာ ပြောလိုက်သည်။ 


"ချစ်ဖို့ကောင်းတယ်လို့ အစ်မမှာ ပြောခွင့်မရှိဘူး...." 


ယန်ဟန်က  ကလေးမလေးမှာ အလွန်ရယ်စရာကောင်းနေသဖြင့် သူမကို အေးဆေးစွာ ဆက်ပြောလိုက်သည်။


 “အိုး.... ဒေါသကလည်း ကြီးလိုက်တာ... မင်းရဲ့ အစ်ကို ဟန် က မင်းလို ဒေါသကြီးတဲ့ မိန်းကလေးတွေကို မကြိုက်ဘူး.." 


 "ဘာဖြစ်လို့လဲ.... အစ်ကိုဟန်နဲ့ အစ်မကရင်းနှီးလို့လား...အစ်ကိုဟန် က ဘယ်လိုမိန်းကလေးမျိုးကို ကြိုက်လဲ သိလား..." 


ယန်ဟန်က စဉ်းစားဟန်ဆောင်ကာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။


“အစ်မ သူ့ကို သိလာတာ လေးနှစ်ကျော်ပြီ...” 


ယန်ဟန် က ဟန်ခိုင်နှင့် အချိန်ကြာမြင့်စွာ ရင်းနှီးခဲ့သဖြင့် လင်းကျင်းရှု စိတ်မသက်မသာ ဖြစ်သွားရသည်။ 


 “အစ်မ… အစ်ကိုဟန်နဲ့ ဘယ်လိုလုပ်ပြီး သိတာ ကြာနေရတာလဲ..” 


"ငါ့မှာ နာမည်ရှိတယ်... ယန်ဟန် တဲ့..."


"ဟွန့်... အစ်မနာမည်ကို ညီမက ဘာလုပ်ရမှာလဲ..." 


"မင်း ငါ့နာမည်ကို မခေါ်ရင် မင်း အစ်ကို ဟန် ကြိုက်တဲ့ မိန်းကလေးမျိုးကို ငါမပြောပြတော့ဘူး..."


 “အစ်မ…” 


လင်းကျင်းရှု က သူမကို ခြိမ်းခြောက်လိုက်သည်နှင့် အသံပျော့သွားရသော်လည်း သူမက ဂရုမစိုက်စွာ ပြောလိုက်လေသည်။ 


“မပြောနဲ့...ညီမ ဂရုမစိုက်ဘူး...လီနန်ရှန့် ကိုမေးလိုက်မယ်.... လီနန်ရှန့် က အစ်ကို ဟန် နဲ့ အတူတူကြီးပြင်းလာခဲ့တာ...အစ်မက ခင်တာ လေးနှစ်ပဲရှိသေးတာလေ...လီနန်ရှန့် က အစ်ကိုဟန်အကြောင်းကို ပိုသိတယ်...” 


ထို့နောက် လင်းကျင်းရှု က “ဟွန့်” ဟု နှာခေါင်းရှုံလိုက်ပြီး လီနန်ရှန့် အခန်းသို့ ပြေးသွားလေသည်။ 


ယန်ဟန် သည် ထိုနေရာတွင် ရပ်နေပြီး ပြေးထွက်သွားသော လင်းကျင်းရှု ကို ကြည့်၍ ပြုံးလိုက်ပြီး သူမ အခန်းဆီသို့ လျှောက်မည်ပြုစဉ် သူမကို တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်လေ၏။ 


 "ယန်ဟန် လား...."


သူမ နောက်မှ ယောက်ျားသံတစ်ခု ထွက်ပေါ်လာပြီး သူမနာမည်ကို မသေချာဟန်ဖြင့် ခေါ်နေလေ၏။ ယန်ဟန်က နောက်လှည့်ကြည့်လိုက်ရာ သူမလည်း ထိတ်လန့်သွားရသည်။ ထိုသူမှာ သူမ၏မွေးစားဖခင် ဖြစ်သောကြောင့်ပင်။ 


"ရှောင်ဟန်...တကယ် ရှောင်ဟန်ပဲ..." 


 


ယန်ဟန်က စကားမဆိုဘဲ အသာ ကြည့်နေသည်။


 "ရှောင်ဟန် ...ဒီတစ်နှစ်လုံးလုံး ဘယ်ရောက်နေတာလဲ... ဇွန်ဘီဗိုင်းရပ်စ် စဖြစ်တုန်းက အဖေ သမီးကို လိုက်ရှာခဲ့တယ်...သမီးကို ရှာမတွေ့ခဲ့ဘူးလေ..."


 "ကျွန်မ ယွင်ကျင့်မြို့ မှာပဲ တစ်ယောက်တည်း နေနေတာပါ..."


ယန်ဟန်က လိမ်ညာပြောလိုက်သည်။ ဟွမ်ကျစ်ပင်း သည် သူမ ဇွန်ဘီဖြစ်လာကြောင်းကို မသိထားသဖြင့် ရှင်းပြမနေတော့ဘဲ လိမ်ညာလိုက်ခြင်း ဖြစ်၏။ 


ဟွမ်ကျစ်ပင်း သည် ယန်ဟန် ၏ စကားကိုကြားသောအခါ သူအံ့သြသွားရသည်။


 "သမီး ယွင်ကျင့်မြို့ မှာ တစ်ယောက်တည်းနေတာ သုံးနှစ် ရှိပြီဟုတ်လား...သမီး ကျွန်းကို ဘာလို့ မလိုက်လာတာလဲ... ဒီမြို့မှာ အသက်ရှင်ကျန်ရစ်သူတွေ ကျန်နေသေးမှာ စိုးလို့  သင်္ဘောဆိပ်ကို လှေတွေ ပုံမှန်ပို့ပေးတယ်လေ..."


"ယွင်ကျင့် မြို့မှာပဲ နေတာ ကောင်းပါတယ်... ပြီးတော့ အဖေလည်း ယွင်ကျင့် မြို့ကို ထွက်မပြေးခဲ့ဘူးမလား..." 


ဟွမ်ကျစ်ပင်း သည် ယန်ဟန် ၏ စကားများထဲမှ ဒေါသအရိပ်အငွေ့ကို သိသွားရသည်။ 


"ရှောင်ဟန်... နှစ်တွေ အတော်ကြာတဲ့အထိ အဖေ့ကို မုန်းနေသေးတာပဲ..."


"ကျွန်မကို အဲ့ဒီလို အသုံးချလို့ မရဘူး... ကျွန်မ…သေ... "


သူမ ပြောပစ်ချင်သည်မှာ-


"ကျွန်မ သေပြီးတာနဲ့ ဒီဇွန်ဘီကပ်ဆိုးကြီးဟာ အဖေ့ကြောင့် ဖြစ်ရတယ်ဆိုတာ သိလိုက်ရတယ်... "


သို့သော် ထိုသို့ပြောရန် မသင့်ဟု သူမသိလိုက်သည်။ သူမက ယွင်ကျင့် မြို့တွင် နေသည်ဟုသာ ပြောခဲ့ပြီး သူမသေဆုံးခဲ့သည်ကို မပြောခဲ့သဖြင့် ထိုသို့မပြောတော့ဘဲ ပြောင်းပြောလိုက်သည်။


" ကျွန်မညဗိုင်းရပ်စ်ကူးစက် ခံရပြီးတာနဲ့ ဒီဇွန်ဘီကပ်ဆိုးကြီးဟာ အဖေ့ကြောင့် ဖြစ်ခဲ့ရတယ် ဆိုတာ သမီးသိတယ်..." 


ယန်ဟန် စိတ်လှုပ်ရှားသွားရသဖြင့် လေသံမှာ အနည်းငယ် ကျယ်သွားရသည်။


ဟွမ်ကျစ်ပင်း မှာ အလွန် ထိတ်လန့်သွားပြီး ပတ်ဝန်းကျင်တွင် လူတစ်ယောက်မှ မမြင်ရသောအခါမှ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ 


"ရှောင်ဟန် တိုးတိုး... " 


"ဘာလဲ...လုပ်တော့ လုပ်ရဲပေမယ့် ပြောတော့ မပြောရဲဘူး ဟုတ်လား.."


ထို့နောက် ယန်ဟန် ရုတ်တရတ် အတွေးတစ်ခုဝင်လာသည်။


ဟွမ်ကျစ်ပင်း သည် ဤမျှ ကြီးမားသော အကြံအစည်ကို တစ်ယောက်တည်း မပြုလုပ်နိုင်ပေ။ 


သူက အခြားသူများအတွက် အလုပ်လုပ်ပေးပြီး သူ့နောက်တွင် တစ်စုံတစ်ယောက် ရှိနေနိုင်သည်လား။ 


ဟွမ်ကျစ်ပင်း က စကားလမ်းကြောင်းလွှဲလိုက်သည်။


 "ရှောင်ဟန်... ဘာလို့ ဒီကိုရောက်လာရတာလဲ..." 


“ဒါတွေအားလုံးရဲ့အစက ကျွန်မနဲ့ သက်ဆိုင်တဲ့အတွက် ကမ္ဘာကြီးကို မူလအခြေအနေအတိုင်း ပြန်ဖြစ်သွားအောင် ကျွန်မ အစွမ်းကုန် ကြိုးစားသွားမှာပါ...” 


ထိုစကားကိုကြားပြီးနောက် ဟွမ်ကျစ်ပင်း က ရယ်မောလိုက်ပြီး ခေါင်းယမ်းလိုက်သည်။


 "သမီးရယ် မမိုက်စမ်းပါနဲ့...ကိုယ့်ကိုယ်ကို ကမ္ဘာကြီးရဲ့ ကယ်တင်ရှင်လို့ ထင်နေတာလား... ဘယ်လိုလုပ်ပြီး သမီး ကယ်တင်နိုင်မှာလဲ..." 


 "ဒါက အဖေလိုချင်တဲ့ ရလဒ်လား..." 


“တချို့အသေးအမွှား ကိစ္စလေးတွေ  ရှိနေပေမယ့် အဖေတို့ လိုချင်တဲ့ ရလဒ်တွေ ရလုနီးပါး ဖြစ်နေပါပြီ...”


 "အသေးအမွှား ကိစ္စလေးတွေ ဟုတ်လား..." 


ယန်ဟန်က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ 


"ရှောင်ယန်...သမီးက ငယ်သေးတော့ နားမလည်ဘူး...အခြေအနေ တစ်ခုလုံးအတွက် အဖေတို့ ဒါကို လုပ်နေရတာ..." 


“အခြေအနေ တစ်ခုလုံး...ဘာအခြေအနေ တစ်ခုလုံးလဲ...ဘယ်သူ့ အခြေအနေလဲ...အဖေရဲ့ အခြေအနေက  ကမ္ဘာကြီးကို ဘယ်လိုပုံစံဖြစ်အောင် လုပ်မှာလဲ..." 


ယန်ဟန်၏ လေသံက ရန်လိုစိတ်အပြည့် ရှိနေကြသည်။ ဟွမ်ကျစ်ပင်း သည် ယန်ဟန် နှင့် ငြင်းခုံမနေတော့ဘဲ သူ မတော်တဆ တစ်ခုခုပြောမိသွားမည်ကို စိုးရိမ်သဖြင့် သူမနှင့် စကားဆက် မပြောချင်တော့ပေ။


“သမီး ငယ်ငယ်လေးကတည်းက ခေါင်းမာခဲ့တယ်...အခု ကြီးလာတော့ ပိုပြီးတောင် ခေါင်းမာလာတယ်... ကိုယ်စ,ထားတဲ့အရာကို အပြီးသတ်အောင် လုပ်ပြီးမှ လွှတ်ချလိုက်တာ ကောင်းတယ်...သမီးခေါင်းမာနေလည်း အဖေဆက်ပြောရမှာပဲ.. ကာကွယ်ဆေး တီထွင်မယ့်ကိစ္စကို အဖေ အကြံပေးချင်တယ်...သိပ်ပြီး အစွဲအလမ်း ကြီးမနေပါနဲ့...အဲ့ဒီစွဲလမ်းမှုက သမီးကို ထိခိုက်စေမှာကို အဖေ စိုးရိမ်တယ်..."


ဟွမ်ကျစ်ပင်း က လေးနက်စွာပြောလိုက်သော်လည်း ယန်ဟန် က လျစ်လျူရှုလိုက်ပြီး မွေးစားဖခင်ဖြစ်သူက သူမ တစ်ယောက်ယောက်ကို ပြန်ပြောလိုက်မှာစိုးမှန်း သိလိုက်သည်။


 "စိတ်မပူပါနဲ့...အဖေလုပ်ထားတဲ့ ကိစ္စတွေကို ကျွန်မ မဖော်ထုတ်ပါဘူး... အနည်းဆုံးတော့ အဖေက ကျွန်မကို နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ခဲ့တယ်လေ..."


Xxxxxxx


Chapter 76


ဟွမ်ကျစ်ပင်း သည် ယန်ဟန် မှာ သူ့စကား၏ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း နားမလည်သည်ကို တွေ့လိုက်ရသော်လည်း သူက အတွင်းလူ တစ်ယောက်ဖြစ်၍ ယန်ဟန် နှင့် စကားပြောရန် အဆင်မပြေသဖြင့် “အင်း ထားပါတော့...” ဟု ပြောကာ လှည့်ထွက်လိုက်သည်။ 


အခန်းထဲပြန်ရောက်လျှင် ဟွမ်ကျစ်ပင်း  ကုတင်ဘေးတွင် ထိုင်ပြီး တွေးနေမိပြီး စိတ်မသက်မသာ ခံစားရသဖြင့် လျန့်ချောင် နှင့်တွေ့ရန် ထွက်လာခဲ့လေသည်။ ထို့နောက် လျန့်ချောင် ၏အခန်းသို့ ရောက်လျှင် ယန်ဟန်သည် ဗိုင်းရပ်စ် သုတေသနဌာနသို့ ရောက်ရှိလာပြီး ကာကွယ်ဆေး ထုတ်လုပ်ရန် စီစဉ်နေကြောင်း လျန့်ချောင် အား ပြောပြလိုက်သည်။


လျန့်ချောင် မှာ ဟွမ်ကျစ်ပင်း၏ စကားကြောင့် အချိန်အတော်ကြာ အံ့အားသင့်သွားပြီး ထိတ်လန့်တကြား ပြောလိုက်သည်။ 


 “မဖြစ်နိုင်ဘူး... ယန်ဟန် က ဇွန်ဘီ မဟုတ်ဘူးလား...သူမ ကျွန်တော်တို့စခန်းကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ..." 


ဟွမ်ကျစ်ပင်း က ခေါင်းခါလိုက်ပြီး လျန့်ချောင် မှာ သူ့စကား၏ ဆိုလိုရင်းကို နားမလည်သဖြင့် အပြစ်တင်လိုက်သည်


 "မင်း နားမလည်ဘူးလား...ယန်ဟန်က ဗိုင်းရပ်စ်ကို ကုသဖို့ ကာကွယ်ဆေးကို စပြီး သုတေသန ပြုတော့မယ်လို့ ပြောတယ်...သူမက အစကတည်းကဒီဇွန်ဘီ ဗိုင်းရပ်စ်ကို တီထွင်ခဲ့တဲ့သူလေ... ဗိုင်းရပ်စ်ကို ကုသဖို့ ကာကွယ်ဆေးကို တီထွင်ဖို့လည်း သူမအတွက် ခက်ခဲမှာမဟုတ်ဘူး...တကယ်လို့ သူမသာ ဒီအချိန်မှာ ကာကွယ်ဆေး တကယ်ထုတ်နိုင်ခဲ့မယ်ဆိုရင် နှစ်ပေါင်းများစွာ လုပ်ထားတဲ့ ငါ့တို့ရဲ့ ကြိုးစားအားထုတ်မှုတွေ အချည်းနှီးဖြစ်သွားမှာ မဟုတ်လား..."


လျန့်ချောင် သည် အံ့အားသင့်သွားကာ ခဏမျှ စဉ်းစား၍ ပြောလိုက်သည်။


 “ဦးလေး ဒီအကြောင်းကို မသိဘူး ထင်တယ်... လွန်ခဲ့တဲ့တစ်လက ယန်ဟန်ကို ကျွန်းပေါ်မှာ ကျွန်တော်တွေ့ခဲ့တယ်... သူမက ဇွန်ဘီဖြစ်နေတာလေ... ကျီကျောက်ယန် က CDC ကို ခေါ်သွားပြီး ဇွန်ဘီလှောင်အိမ်ထဲမှာ သူမကို သော့ပိတ်ထားခဲ့တာဗျ..."


 "ဘာ..." 


ဟွမ်ကျစ်ပင်း သည် လျန့်ချောင် ကို အံ့သြတကြီး ကြည့်ပြီး မယုံကြည်နိုင်စွာ ကြည့်နေလေ၏။


" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..." 


"ကျွန်တော့်မျက်စိနဲ့ တပ်အပ် မြင်ခဲ့တာဗျ..." 


“မဖြစ်နိုင်ဘူး...ငါတွေ့ခဲ့တဲ့ ယန်ဟန်က လုံးဝ လူသားစစ်စစ်ကွ... ဇွန်ဘီတစ်‌ကောင်ကို သာမန်လူတစ်ယောက်လို့ ငါမျက်စိမှောက်စရာ အကြောင်းမရှိဘူး...  မဖြစ်နိုင်ဘူး...မဖြစ်နိုင်ဘူး...”


ဟွမ်ကျစ်ပင်း က လျန့်ချောင် ၏ စကားကို မယုံသဖြင့် "မဖြစ်နိုင်ဘူး" ဟုသာ ထပ်ခါတလဲလဲ ပြောနေတော့သည်။ 


 "ဦးလေး ပြောတာမှားတယ်လို့လည်း ကျွန်တော် မပြောပါဘူး... ဆိုလိုတာက၊ အရင် လ, တွေတုန်းက ကျွန်တော်တွေ့ခဲ့ရတဲ့ ယန်ဟန် က ဇွန်ဘီပဲ...ဦးလေးတွေ့တဲ့ ယန်ဟန် က သာမန်လူလေ...အဲ့ဒီတော့ ယန်ဟန်က ဇွန်ဘီတစ်ကောင် ကနေ သာမန်လူ အဖြစ် ပြောင်းသွားတာဗျ..."


 "အဲ့ဒါ ပိုပြီးတောင် မဖြစ်နိုင်သေးတယ်... ဇွန်ဘီ တစ်ကောင်က အကြောင်းပြချက်မရှိဘဲ ဘယ်လိုလုပ်ပြီး သာမန်လူတစ်ယောက် ဖြစ်လာနိုင်မှာလဲ...ပြီးတော့ သူမက ပြီးခဲ့တဲ့နှစ်တွေတုန်းက ယွင်ကျင့် မြို့မှာ နေတယ်လို့ ပြောတယ်..." 


"ဟုတ်ပါတယ်...ဇွန်ဘီ တစ်ကောင်က အကြောင်းပြချက်မရှိဘဲ သာမန်လူတစ်ယောက် မဖြစ်လာနိုင်ပါဘူး... ဒါပေမယ့် သူမမှာ ဗိုင်းရပ်စ်ကို ကုသနိုင်တဲ့ ကာကွယ်ဆေးရှိနေရင် ဘယ်လိုလုပ်မလဲ...." 


ဤတစ်ကြိမ်တော့ ဟွမ်ကျစ်ပင်း  ချက်ချင်း မချေပနိုင် ဖြစ်သွားရသည်။


 “သူမက ကမ္ဘာကြီးကို နဂိုအခြေအနေအတိုင်း ပြန်ဖြစ်အောင်လုပ်မယ်လို့ ပြောခဲ့တာ အံ့သြစရာမရှိဘူး...ယန်ဟန် အကြောင်းကို မသိဘူးလား... မ​သေချာရင်​​ ပြောမှာမဟုတ်ဘူး..."


“သူမက ဇွန်ဘီ ဖြစ်သွားတယ်ဆိုတော့ ဗိုင်းရပ်စ်ကို ကုသဖို့ ကာကွယ်ဆေး ဘယ်လိုလုပ် ရနိုင်မှာလဲ...ဇွန်ဘီ တစ်ကောင်က ကာကွယ်ဆေး တီထွင်နိုင်ပါ့မလား....”


ဤတစ်ကြိမ်တွင်တော့ လျန့်ချောင်  စိတ်ရှုပ်သွားရပြီး ပဟေဋ္ဌိဖြစ်သွားရသည်။


'သူမ ဘယ်လိုလုပ် သာမန်လူတစ်ယောက် ဖြစ်လာရတာလဲ...'


လျန့်ချောင် သည် ခေါင်းငုံ့ကာ စဉ်းစားနေရင်း ရုတ်တရက် ခေါင်းကို မော့လိုက်ပြီး ဟွမ်ကျစ်ပင်း ကို အော်ပြောလိုက်ရာ ဟွမ်ကျစ်ပင်း လန့်ရသွားသည်။


 “အိုး...မေ့နေလိုက်တာ...သူ့ကို ဘယ်မေ့ထားလို့ရမလဲ...." 


"မင်းဘာတွေ တွေးနေတာလဲကွာ...စိတ် ရှုပ်အောင် လာလုပ်နေတယ်...” 


“ဟန်ခိုင် ...” 


လျန့်ချောင် က စကားကို ရပ်လိုက်ပြီး အစမှအဆုံးအထိ သေချာထပ် စဉ်းစားနေပြန်သည်။


"ဘာလဲ... မြန်မြန်ပြော..”


 "ဟုတ်ပြီ မစ္စတာဟွမ်...သူမ ကျွန်းပေါ်မှာရှိနေတုန်းက ယန်ဟန် ကို ကျီကျောက်ယန် က ဖမ်းသွားတယ်... သူဖမ်းတဲ့ညကို အတိအကျ မမှတ်မိတော့ဘူး.... ဘာပဲဖြစ်ဖြစ် ဟန်ခိုင် နဲ့ သူ့သူငယ်ချင်း လီနန်ရှန့် တို့က ကျီကျောက်ယန် ရဲ့ ဓာတ်ခွဲခန်းထဲက ယန်ဟန် ကို ကယ်နိုင်ခဲ့တယ်...အဖြစ်အပျက်တွေက စိတ်ဝင်စားစရာပဲနော်... ဟန်ခိုင် က ယန်ဟန်ကို ကယ်တုန်းက ကျီကျောက်ယန်ရလည်း CDC ကို အမြန်လိုက်လာတယ်... ပြီးတော့ ကျီကျောက်ယန် က ဟန်ခိုင် ရဲ့ ခြေထောက်ကို သေနတ်နဲ့ပစ်လိုက်တယ်...အဲ့တော့ ယန်ဟန် က ကျီကျောက်ယန် ကို ကိုက်ပစ်လိုက်တယ်လေ...တစ်ကယ်တော့ ဇွန်ဘီတွေကို ကျွန်းကို ခေါ်လာတဲ့  ဇွန်ဘီခေါင်းဆောင်က ကျီကျောက်ယန် ပဲလေ...  သူမ ကျွန်းပေါ်မှာ ရှိတုန်းက ဟန်ခိုင် နဲ့ သူမတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ပုံမှန် မဟုတ်သလိုပဲ...ဒါကြောင့် ယန်ဟန်ဟာ ဇွန်ဘီကနေ သာမန်လူတစ်ယောက် ပြောင်းသွားတာဟာ ဟန်ခိုင် နဲ့ တစ်ခုခု ဆက်စပ်မှု ရှိရမယ်လို့ ကျွန်တော်ထင်တယ်..."


လျန့်ချောင် သည်  ကျီကျောက်ယန် ကို R ဗိုင်းရပ်စ်အသစ်ကို ထိုးသွင်းလိုက်သည့် အကြောင်းမှလွဲ၍ ထိုနေ့ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အားလုံးကို အတိုချုံးပြောလိုက်သည်။


 


"မင်းက ဘာလို့ ဒီလောက်တောင် သိနေရတာလဲ...အဲ့ဒီညက မင်းရော အဲ့ဒီမှာ ရှိနေခဲ့တာလား..." 


လျန့်ချောင် မှာ ဟွမ်ကျစ်ပင်း ထိုအကြောင်းကို ဘာမှမသိဟု သူထင်သောကြောင့် အေးဆေးစွာ ပြန်ပြောလိုက်သည်။


“ကျွန်တော်အဲဒီမှာ မရှိပါဘူး...ကျီကျောက်ယန် ရဲ့ အဖေ ကျီဟုန်ယီ ပြောတာကို ကျွန်တော် ကြားခဲ့တာ...”


ဟွမ်ကျစ်ပင်း က ဆက်ပြီး မေးမနေတော့ဘဲ ယန်ဟန်၏ ကာကွယ်ဆေးသုတေသန အတွက်သာ စိတ်ပူစပြုလာသည်။ 


"ယန်ဟန် က ဇွန်ဘီတစ်ကောင် ကနေ သာမန်လူ ဖြစ်သွားတယ်... ဒီတိုင်းသာတစ်ကယ်မှန်ရင် ကိုင်တွယ်ရခက်လိမ့်မယ်... ဇွန်ဘီတွေကို ပျောက်ကင်းအောင်ကုသဖို့ နမူနာတွေ ရှိလာတာနဲ့ ကာကွယ်ဆေးကို လေ့လာထုတ်ဖော်ဖို့ သူမအတွက် ပိုလွယ်သွားလိမ့်မယ်....ပြီးတော့ သူမက ဇွန်ဘီအားလုံးကို ကုသဖို့ ကာကွယ်ဆေးတွေကို ထုတ်ဖော်လိုက်ရင် ငါတို့လုပ်ထားသမျှတွေ အချည်းအနှီးဖြစ်မှာပဲ...” 


လျန့်ချောင် သည် ဟွမ်ကျစ်ပင်း စကားကို နားထောင်နေသော်လည်း တခြားကိစ္စများကို သူတွေးနေခဲ့သည်။ နောက်ဆုံးတွင် သူသည် R ဗိုင်းရပ်စ် အမျိုးအစားသစ်ကို တီထွင်ခဲ့ပြီး ဤဗိုင်းရပ်စ်သည် ကျီကျောက်ယန် အား သန်မာသော ဇွန်ဘီတစ်ကောင်ဖြစ်သွားခဲ့သည်။ ယန်ဟန်သည် R ဗိုင်းရပ်စ်ကို ကုသရန်နှင့် ဤဇွန်ဘီအားလုံးကို ကုသရန် ကာကွယ်ဆေးကို အမှန်တကယ် တီထွင်ခဲ့မည်ဆိုလျှင် သူ စိတ်ဆင်းရဲရမည် ဖြစ်၏။ 


"မစ္စတာ...ဟွမ်...စိတ်မပူပါနဲ့...ဒီကိစ္စကို ကျွန်တော် ကြည့်လုပ်လိုက်မယ်..."


ဟွမ်ကျစ်ပင်း က ခေါင်းညိတ်ပြီး ယုံကြည်စွာ ပြောလိုက်သည်။


 "အေးပါကွာ..မင်းကဘာလုပ်လုပ် ‌စေ့စပ်သေချာပါတယ်...မင်း ဒီကိစ္စကို ကိုင်တွယ်နိုင်မှာပါ..."


Xxxxxx