အပိုင်း ၈၃-၈၄
Viewers 6k

Chapter 83


ယန်ဟန်သည် ဇွန်ဘီ အကုတ်ခံထားရသော်လည်း သူမမှာ အလွန်တည်ငြိမ်နေသဖြင့်  တံခါးစောင့် အံ့အားသင့်သွားရသည်။


 " မင်းတို့ နှစ်ယောက်ကို ဝင်ခွင့်မပြုနိုင်ဘူး..." 


ဟန်ခိုင် က ရှေ့သို့တိုးလိုက်ပြီး တံခါးစောင့်ကို ပြောလိုက်၏။


"လီနန်ရှန့် ကို ခေါ်ပေးပါ... ကျွန်တော်သူ့ကို ပြောစရာရှိလို့ပါ..." 


 "မင်းလည်း ဇွန်ဘီကိုက်ခံထားရတာလား..."


 "မကိုက်ခံရပါဘူး..." 


 တံခါးစောင့်မှာ ပို၍ပင် စိတ်ရှုပ်သွားရသည်။


 “သူမကို ဇွန်ဘီတစ်ကောင်က လက်သည်းနဲ့ ကုတ်ပစ်လိုက်တယ်...ဒါပေမယ့် မင်းက သူမနဲ့ အတူ လမ်းလျှောက်လာတယ် ဟုတ်လား... နောက်ခဏနေရင် သူမ ဇွန်ဘီ ဖြစ်လာလိမ့်မယ်..." 


ဟန်ခိုင် က တံခါးစောင့်သည် သဘောကောင်းသူဖြစ်‌ကြောင်း သိသော်လည်း အသေးစိတ် ရှင်းပြမနေတော့ပေ။


“အစ်ကို... လီနန်ရှန့် ကို ခေါ်ပေးပါလား...အရေးကြီးလို့ပါ..."


တံခါးစောင့်က ဤလူနှစ်ယောက်ကို ထူးဆန်းသည် ဟု တွေးမိလိုက်သည်။ တစ်ယောက်က ဇွန်ဘီ ကိုက်ခံရသော်လည်း ခြင်ကိုက်ခံရသကဲ့သို့ပင် တည်ငြိမ်နေပြီး ကျန်တစ်ယောက်မှာပို၍ပင် ဆန်းနေသေးသည်။အဖော်ဖြစ်သူက ဇွန်ဘီဗိုင်းရပ်စ် ကူးစက်ခံသော်လည်း အေးအေး ဆေးဆေး ‌စခန်းကို အတူတွဲ၍ ပြန်လာ၏။ သူတို့နှစ်ဦးစလုံးသည် သေခြင်းတရားကို တွေ့ကြုံဖူးသူများဖြစ်ကြောင်း သူ တွေးလိုက်မိသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် တံခါးစောင့်သည် သူတို့‌ တွေ့ချင်သည့်လူကို ခေါ်ပေးရန် ဆုံးဖြတ်လိုက်လေသည်။


 "မင်းတို့နှစ်ယောက် ဒီမှာစောင့်နေ... ငါခေါ်ပေးမယ်..." 


ထို့နောက် သူက လီနန်ရှန့် နှင့်အတူ ပြန်ထွက်လာသည်။ 


တံခါးဝမှာ ဟန်ခိုင် ရပ်နေသည်ကိုမြင်လျှင် လီနန်ရှန့် က တံခါးကိုဖွင့် ပေးရန် အမြန် လျှောက်သွားလိုက်သည်။ 


လီနန်ရှန့် တံခါးဖွင့်တော့မည်ကို တံခါးစောင့်က မြင်လိုက်သောအခါ သူက အမြန်တားထားလိုက်သည်။


 “အဲ့ဒီမိန်းကလေးကို ဇွန်ဘီက ကုတ်ထားတယ်... တံခါးဖွင့်လို့မရဘူး..." 


လီနန်ရှန့်  က ယန်ဟန်ကို ကြည့်လိုက်ရာ ယန်ဟန်၏ လက်မောင်းမှ သွေးထွက်နေသော ဒဏ်ရာကို တွေ့လိုက်ရသည်။


 "အားခိုင်... အဆင်ပြေရဲ့လား..." 


လီနန်ရှန့် မှာ ​​ဟန်ခိုင် အတွက် အလွန် စိုးရိမ်သွားရသည်။


 ဟန်ခိုင် က ခေါင်းခါလိုက်ပြီး ပြန်ဖြေလိုက်သည်။ 


"ရပါတယ်..."


 "အားခိုင်...ဘာဖြစ်တာလဲ...ဒီနေ့ အစ်ကိုတို့ အပြင်ထွက်ရမှာ မဟုတ်လား... အစ်ကိုတို့ နှစ်​​ယောက်​တည်း ဘာလို့ပြန်​လာတာလဲ...တခြားသူတွေကော..."


ဟန်ခိုင် သည် သံတံခါးအပြင်ဘက်တွင် ရပ်ကာ လီနန်ရှန့် အား အဖြစ်အပျက်အားလုံးကို ပြောပြလိုက်ရာ လီနန်ရှန့် မှာ လန့်ဖျပ်သွားရသည်။


 "အားခိုင်... မြန်မြန်လာ...ယန်ဟန် ဇွန်ဘီ ပြန်ဖြစ်သွားရင် အစ်ကို့ကို ဒုက္ခပေးလိမ့်မယ်..." 


 “ရပါတယ်...” 


ဟန်ခိုင် က စိတ်အေးလက်အေး ပြန်ဖြေလိုက်သည်။


 " ငါ့ကို သေနတ်တစ်လက် အမြန်ငှားပေး... ယန်ဟန်အတွက် ဆေးသွားရှာမလို့..."


 " ကျွန်တော် အစ်ကို့ကို သေနတ် ငှားလိုက်ရင်တောင် ဇွန်ဘီတွေ အများကြီးလာရင် အစ်ကို တိုက်နိုင်မှာ မဟုတ်ဘူး... အတူတူသွားရအောင်...ကျွန်တော် အစ်ကို့ကို ကာကွယ်မယ်..."


လီနန်ရှန့် က တံခါးသော့ခလောက် ဆီသို့ လက်လှမ်းလိုက်ပြန်သည်။


တံခါးစောင့်က ရပ်ပြီး သူတို့ပြောနေသည်ကို နားထောင်နေရင်း ခေါင်းမူးသွားရသည်။ လီနန်ရှန့် က တံခါးဖွင့်တော့မည်ကို သူမြင်သောအခါ လီနန်ရှန့်  လက်ကို အမြန်ဆွဲထားလိုက်ပြီး အော်ပြောလိုက်သည်။


 "မင်းဘာလုပ်နေတာလဲ..." 


လီနန်ရှန့် က သူ့ကို ပြန်ကြည့်လိုက်ရင်း ပြုံးကာ ပြောလိုက်သည်။


 "ကျွန်တော် သူတို့ကို မဝင်ခိုင်းပါဘူး...ကျွန်တော် အပြင်ထွက်မလို့..." 


တံခါးစောင့်မှာ သူတို့သုံးယောက်ကို အထူးအဆန်းပမာ ကြည့်နေတော့၏။


အပြင်တွင် အချိန်မရွေး ဇွန်ဘီ ဖြစ်သွားနိုင်သည့် မိန်းကလေးတစ်ယောက် ရှိနေ၍ လီနန်ရှန့် ကို အပြင်ထွက်ခွင့်မပြုနိုင်ပေ။ 


“ဒါလည်း မဖြစ်ဘူး... တံခါးဖွင့်လိုက်တာနဲ့ ဟိုမိန်းကလေးက ရုတ်တရက် ဝင်လာရင် ဘယ်လိုလုပ်မလဲ..." 


လီနန်ရှန့် က ဟန်ခိုင် ကိုပြောလိုက်သည်။


 "အားခိုင်...အစ်ကိုတို့ နှစ်ယောက်လုံး ဟိုဘက်ကို နည်းနည်း တိုးလိုက်..." 


ယန်ဟန် က စခန်းတံခါးမှ ခပ်လှမ်းလှမ်းသို့ လျှောက်လိုက်သောအခါ လီနန်ရှန့် က တံခါးစောင့်အား ပြောလိုက်သည်။


"အစ်ကို...ရပါတယ်...တံခါးဖွင့်လိုက်တာနဲ့ ဟိုမိန်းကလေးက ပြေးဝင်လာရင်တောင် အခု စခန်းနဲ့ဝေးသွားပြီလေ... အစ်ကို သူမကို ပစ်ဖို့ အချိန်ရပါသေးတယ်..." 


တံခါးစောင့်က အဝေးမှ ယန်ဟန်ကို ကြည့်လိုက်ပြီး ခဏမျှ စဉ်းစားလိုက်ပြီး လီနန်ရှန့် အား တံခါး ဖွင့်ပေးလိုက်သည်။ လီနန်ရှန့် ထွက်သွားပြီးနောက် သူက တံခါးကို အမြန်ပြန်ပိတ်လိုက်သည်။


လီနန်ရှန့် သည် ဟန်ခိုင် ၏ကိုယ်ရံတော် အဖြစ်လိုက်သွားခဲ့ပြီး ယန်ဟန်၏ ဒဏ်ရာကို ပတ်တီးစည်းရန်နှင့် အရောင်သက်သာစေသော ဆေးများရှာရန် ဆေးရုံသို့သွားလိုက်ပြီး ကိစ္စများအားလုံး ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။ သူတို့ သုံးယောက် စခန်းကို ပြန်ရောက်သောအခါ မှောင်နေပြီ ဖြစ်၍ ယန်ဟန်ကို ဇွန်ဘီ ကိုက်ခံရပြီးသည်မှာ ၁၀ နာရီ နီးပါး ကြာသွားပြီ ဖြစ်သည်။ 


ယေဘူယျအားဖြင့် သာမန်လူတစ်ဦးသည် R ဗိုင်းရပ်စ် ကူးစက်ခံရသောအခါ တစ်နာရီမှ ခြောက်နာရီ အတွင်း ဇွန်ဘီဖြစ်လာမည် ဖြစ်သည်။ အကြန့်ကြာဆုံးအချိန်မှာ ခြောက်နာရီဖြစ်ပြီး ယန်ဟန် သည် ခြောက်နာရီ ကျော်သွားခဲ့ပြီ ဖြစ်သော်လည်း သူမ မှာ ဇွန်ဘီမဖြစ်လာသေးပေ။ သူတို့သုံးယောက်သည် စခန်းတံခါးဆီသို့ လျှောက်သွားကြသော်လည်း တံခါးစောင့်က ဝင်ခွင့်မပြုဘဲ မေးမြန်းနေသေးသည်။


Xxxxxx


Chapter 84


ယန်ဟန်သည် ဇွန်ဘီအဖြစ် ပြောင်းလဲရမည့် ပုံမှန်အချိန်ကို ကျော်လွန်လာသဖြင့် ဇွန်ဘီ မဖြစ်နိုင်ချေ ၉၀% ဖြစ်နိုင်ချေရှိကြောင်း ဟန်ခိုင် က သူ့ကိုရှင်းပြသည့်အခါတွင်ပင် တံခါးစောင့်သည် ယန်ဟန်၏ခေါင်းကို သေနတ်ဖြင့် ချိန်ထားဆဲဖြစ်သည်။


 “သူမက ဇွန်ဘီ ဖြစ်မလာနိုင်ခြေ ၉၀% ရှိတယ်လို့ မင်းပြောတယ်နော်...ဒါပေမယ့် သူမမှာ ဇွန်ဘီဖြစ်နိုင်ခြေ ၁၀% ကျန်နေသေးတယ်...ဒါကြောင့် ငါဝင်ခွင့်မပြုနိုင်ဘူး .."


ဟန်ခိုင် သည် တံခါးစောင့်ကို အံ့အားသင့်သွားရပြီး တံခါးဝတွင် ရပ်နေကာ သူ ဘာပြောရမှန်းမသိ ဖြစ်နေသည်။


 "ရှင်တို့နှစ်ယောက် ဘာလို့အရင်မဝင်တာလဲ... ကျွန်မလက်က ဒဏ်ရာ သက်သာလာတဲ့အခါ သူတို့က ကျွန်မကို ဝင်ခွင့်ပေးမှာပါ...” 


"ဟုတ်တယ်..အားခိုင်...ယန်ဟန် ပြောတာ မှန်တယ်...ကျွန်တော်တို့ အရင်ဝင်ရအောင်..."


လီနန်ရှန့် က ကမန်းကတန်းပြောလိုက်သည်။


 “မဟုတ်ဘူး... မင်းတစ်ယောက်တည်း အပြင်မှာနေနေတာ အန္တရာယ်ရှိတယ်...” 


ဟန်ခိုင် က ငြင်းလိုက်သည်။ 


"ဒါဆို ကျွန်တော်တို့ ဘာလုပ်ရမလဲ... တံခါးစောင့်က ယန်ဟန်ကို ဝင်ခွင့်မပေးဘူးလေ..” 


လီနန်ရှန့် က မေးလိုက်သည်။ 


"နန်ရှန့်.... မင်း အရင်ဝင်သွားလိုက်...ယန်ဟန် နဲ့ အပြင်မှာ ငါနေပေးလိုက်မယ်..."


 "အစ်ကို မဝင်ရင် ကျွန်တော်လည်း ဘယ်လိုဝင်ရမှာလဲ... အပြင်မှာပဲ နှစ်ယောက်လုံး နေရအောင်..."


 ယန်ဟန်သည် ဟန်ခိုင် က သူမနှင့် အတူနေပေးမည်ဟု ကြားရသောအခါ အလွန်ဝမ်းသာ သွားသော်လည်း လီနန်ရှန့် လည်း ဆက်နေမည်ဟု ကြားလိုက်သောအခါ သူမ စိတ်ရှုပ်သွားရသည်။  လီနန်ရှန့် သည် အမှန်တစ်ကယ်ပင် ခေါင်းမာသူတစ်ယောက် ဖြစ်သည်။ 


"လီနန်ရှန့်...မင်းတာဝန်ချိန် ရှိတယ်မဟုတ်ဘူးလား.... မင်း ငါ့ကို တစ်နေ့လုံး ကူညီပေးပြီးပြီလေ...မင်းပြန်ပြီး အနားယူလိုက်..."


 "ရတယ်.....တခြားတစ်ယောက်နဲ့ တာဝန်ချိန်ပြောင်းလိုက်မယ်... အစ်ကိုတစ်ယောက်တည်း အပြင်မှာနေမယ်ဆိုရင် အရမ်းအန္တရာယ်များတယ်... ဇွန်ဘီရောက်လာရင် ဘယ်လိုလုပ်မလဲ..."


 " ငါ့ကို သေနတ် ထားခဲ့လိုက်..ဇွန်ဘီရောက်လာရင် ငါသတ်ပစ်လိုက်မယ်..."


 “ကျွန်တော့်ကို သုံးနှစ်အရွယ် ကလေးလို့ ထင်နေတာလား....အစ်ကို့ ညာဘက်လက်ကို ဒဏ်ရာရသွားရင် ဘယ်လိုလုပ် သေနတ်ပစ်နိုင်မှာလဲ...ပြီးတော့ အစ်ကိုနောက်တစ်ခါ ဇွန်ဘီဖြစ်လာရင်..." 


ဟန်ခိုင် က သူ့ကို စိုက်ကြည့်နေသဖြင့် ကျန်စကားများကို လီနန်ရှန့် မပြောဖြစ်တော့ပေ။ ခေါင်းမာသော မြည်းကလေး လီနန်ရှန့် မှာ ဟန်ခိုင် ကို ကာကွယ်မည်ဟု အသေအချာ ပြောနေသဖြင့် ယန်ဟန် က ဟန်ခိုင် အား အကူအညီတောင်းသည့်အနေဖြင့် လှည့်ကြည့်လိုက်ရာ ဟန်ခိုင် မှာလည်း သူမဆိုလိုသည့် အဓိပ္ပါယ်ကို နားလည်ပုံမရချေ။


ယန်ဟန် မှာ သက်ပြင်းသာ ချနေရတော့သည်။တစ်ယောက်မှာ ကြွက်သားများဖြင့် ခန္ဓာကိုယ်မှာ ကြံခိုင်သော်လည်း ခေါင်းမာသူဖြစ်ပြီး နောက်တစ်ယောက်မှာလည်း  သိပ္ပံနှင့် နည်းပညာ ဦးနှောက်ပိုင်ရှင် ငတုံးတစ်ယောက်ပင်။


 သူမ ဘာများ လုပ်နိုင်ပါ့မလဲလေ...


အပြင်ဘက်ကောင်းကင်သည် အချိန်ကြာလာသည်နှင့်အမျှ မှောင်မည်းလာကာ လူသုံးယောက်မှာ နံရံနားတွင် သစ်သားတိုင်လုံးများကဲ့သို့ တန်းစီရပ်ကာ တစ်ဦးမှ စကားမပြောကြသဖြင့် အိုးတို့အမ်းတမ်း ဖြစ်နေရလေသည်။ သူတို့ သုံးယောက် အကြာကြီး နှုတ်ဆိတ်နေကြသဖြင့် ဟန်ခိုင် က ချီတုံချတုံဖြင့် စကားစလိုက်သည်။


"မင်းဒဏ်ရာက နာနေသေးလား...." 


ယန်ဟန်သည် ခဏလောက် မင်တက်သွားပြီးမှ ဟန်ခိုင် က သူမကို မေးနေမှန်း သိ၍ ပြန်ဖြေလိုက်သည်။


 “မနာပါဘူး...” 


“ကောင်းတာပေါ့..”


ဟန်ခိုင် က ထိုသို့မေးပြီးနောက် သူဘာပြန်ပြောရမှန်း မသိတော့ဘဲ တိတ်ဆိတ်သွားပြန်သည်။ 


"ကမ္ဘာကြီးက ပုံမှန်ပြန်ဖြစ်သွားရင် ....ကျွန်မတို့၂၀၂၀ ကိုပြန်ရောက်ပြီး ဇွန်ဘီဗိုင်းရပ်စ် ကူးစက်တာ မရှိဘူးဆိုရင် ရှင်ဘာကို အရင်လုပ်ချင်လဲ..." 


"ပထမအချက်..." 


ဟန်ခိုင် က ခဏမျှ စဉ်းစားပြီး ဖြေလိုက်သည်။


 “အမေ ချက်တဲ့ ထမင်းဟင်းစားမယ်...” 


"ကမ္ဘာကြီးဟာ ပုံမှန်ပြန်ဖြစ်နေပြီ ဆိုတာတောင်...ရှင်က စားဖို့ပဲ အားသန်နေတယ် ...ဟုတ်လား..." 


ယန်ဟန်က နောက်ပြောင်လိုက်သည်။


“အမေ ချက်တဲ့ ဟင်းတွေက အရသာရှိတယ်လေ...သူမချက်တဲ့ နံရိုးဟင်းနဲ့ ငါးဟင်းတွေက အရမ်းစားလို့ကောင်းတာ... နံရိုးဟင်းနဲ့ ငါးဟင်းတင် မကပါဘူး...တခြားဟင်းတွေကလည်း အရသာရှိတာပါပဲ...”


ဟန်ခိုင် က တံတွေးကို မျိုချလိုက်သည်။  


“ဒီလောက် ထူးချွန်တဲ့ ဇီဝဗေဒ ပရော်ဖက်ဆာ တစ်ယောက်က အစားသရဲ လေးဖြစ်‌နေမယ်လို့ ကျွန်မ မမျှော်လင့်ထားဘူး သိလား...”


ဟန်ခိုင် က သူ့ကို ယန်ဟန် က မထီမဲ့မြင်ပြုလိုက်သည်ဟု ခံစားခဲ့ရပြီး ဤအကြောင်းကို ဆက်ပြောရန်  ဝန်လေးနေသဖြင့် စကားလမ်းကြောင်းလွှဲလိုက်သည်။


“ဒါဆို မင်းဘာအရင် လုပ်ချင်တာလဲ...” 


 “ကျွန်မ...ကျွန်မ ပထမဆုံးလုပ်ချင်တာက ဒစ်စနေး ဥယျာဉ် ကို တစ်နေကုန်သွားချင်တာ....ပြီးတော့ တန်းစီတဲ့ နေရာမှာလည်း ကြာကြာမစောင့်ချင်ဘူး...” 


ဟန်ခိုင် ကလည်း ယန်ဟန်၏ အမူအရာကို လိုက်လုပ်ကာ သူမကို မထီမဲ့မြင်ပြုလိုက်လေသည်။


“မင်းပြောတာက ငါပြောတာနဲ့ သိပ်မကွာပါဘူး....မင်းအသက်သုံးဆယ်ကျော်နေပြီ...ဒစ်စနေးကို သွားချင်တယ်ဆိုတော့..."


 "ဘာလဲ...ကျွန်မ ငယ်ငယ်က အဲဒီကို တစ်ခါမှ မသွားဖူးဘူး....” 


ယန်ဟန်က သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်ရာ ဟန်ခိုင် က လန့်သွားပုံဖြင့် ပြောလိုက်တော့သည်။ 


"ဟုတ်ပါပြီ... ဟုတ်ပါပြီ..." 


ဟန်ခိုင် နှင့် ယန်ဟန်တို့၏ စကားဝိုင်းလေးမှာ အလွန်ပင် စိုပြေနေတော့သည်။ လီနန်ရှန့် သည် ဘေးတွင်ရပ်ကာ ပြုံး၍ စကားပြောနေကြသော လူနှစ်ယောက်ကို ကြည့်ပြီး သူတို့နှင့် ခုနစ်မီတာ ရှစ်မီတာအကွာရှိ နံရံထောင့်သို့ တိတ်တဆိတ် လျှောက်လာကာ နံရဲကို ခေါင်းမှီထားလိုက်ပြီး တစ်ရေးတစ်မော ထိုင်၍ အိပ်လိုက်သည်။ 


******** 


မနက်ခင်းသို့ တဖြည်းဖြည်း ရောက်ရှိလာပြီး အလင်းရောင် အားကောင်းလာသောအခါ လီနန်ရှန့် နိုးလာခဲ့သည်။ သူက မတ်တပ်ထရပ်ပြီး တောင့်တင်းနေသော ကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်သည်။ သိပ်မကြာခင်မှာပင် စခန်းတွင် နေထိုင်ကြသည့် လူများကလည်း တစ်ယောက်ပြီး တစ်ယောက်ထလာကြပြီး အသံများ တဖြည်းဖြည်း ပိုကျယ်လာကြ၏။ 


ယန်ဟန်သည် စခန်းအတွင်းရှိ အသံဗလံများကြောင့် မနိုးသော်လည်း သူမ၏ လက်မောင်းတွင် ယားယံမှုကို ခံစားနေရသဖြင့် မျက်လုံးကိုဖွင့်ကြည့်လိုက်ရာ သူမမှာ ဟန်ခိုင် ၏ပခုံးကို မှီ၍ အိပ်နေခဲဲ့သည်ကို တွေ့လိုက်ရသည်။ သူမ က ခေါင်းကို ဟန်ခိုင် ၏ ပုခုံးပေါ်မှဖြည်းညှင်းစွာ ခွာလိုက်ပြီး သူမမျက်နှာမှာ နီမြန်းလာတော့သည်။


တစ်ကယ်တမ်းတွင် လီနန်ရှန့် မတ်တပ်ထရပ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည့် အခါကတည်းက ဟန်ခိုင် လန့်နိုးသွားပြီ ဖြစ်သည်။ သူနိုးလာသောအခါ ယန်ဟန်သည် သူ့ပခုံးပေါ်တွင် အိပ်ပျော်နေသေးသည်ကို မြင်လိုက်ရသောကြောင့် မလှုပ်ဝံ့ဘဲ မျက်လုံးမှိတ်ကာ ဆက်အိပ်နေလိုက်သည်။ 


ဟန်ခိုင်မှာ မျက်လုံးကို မှိတ်ထားလိုက်ပြီး သိပ်မကြာခင်မှာပင် သူ့မျက်နှာမှာ တဖြည်းဖြည်း ပူနွေးလာရတော့သည်။


Xxxxxx