၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်
အပိုင်း ၅
နံနက်စောစောက မိသားစုထဲက အရွယ်ရောက်ပြီးသူအားလုံး ထွက်သွားတာကို မြင်လိုက်ရတော့ ဝမ်ရှို့ယင် စိတ်သက်သာရာရသွားပြီး မြင်လိုက်တော့ သူမ ရန်ယန်ကို ထမင်းနည်းနည်းလောက် ကျွေးချင်ခဲ့သည်။
ရန်ယန်က အစာစားနေချိန် ရုတ်တရက် တစ်စုံတစ်ယောက် ရောက်လာမယ်လို့ သူမ မမျှော်လင့်ထားပေ။
ချန်ချိုင်ယွင်က မီးဖိုချောင်တံခါးဆီ လှမ်းအော်လိုက်ရုံသာမက ပွဲကောင်းတစ်ပွဲကို စောင့်မျှော်နေကြတဲ့ ပထမမိသားစုထဲက အမျိုးသမီးဖြစ်တဲ့ ရန်ချန်ယွီ၊ ရန်ဟုန်ရင်နဲ့ ရန်လျန်ဟွာတို့ကိုလည်း ခေါ်ခဲ့သည်။
ဒါက မလုံလောက်ဘူးလို့ ထင်ရသည်။ ချန်ချိုင်ယွင်က "အိုး အမေ၊ အမေ့ရဲ့ အဘိုးကြီးကို[1] ကြည့်ဖို့ ခေါ်လို့လည်းရတယ်နော်။ အမေ့ရဲ့ တတိယချွေးမ ဘာလုပ်ခဲ့လဲဆိုတာ ကြည့်ပါဦး!"
ထမင်းစားခန်းထဲမှာ ဝမ်ရှို့ယင်က ကြက်ဥတွေစားနေတဲ့ ရန်ယန်ကို အမြန်ရပ်ခိုင်းလိုက်သည်။ သူမမျက်နှာက စိမ်းနေပြီး အသံမထွက်နိုင်တာ ကြာလှပြီ။
ဝမ်ရှို့ယင် ဒီလိုလုပ်ခဲ့တာ ဒါပထမဆုံးအကြိမ်မဟုတ်တဲ့အတွက် သူမမှာ အပြစ်ရှိသလို အသိစိတ်တစ်ခုရှိသည်။
ဆန့်ကျင်ဘက်တွင် သူ့ဘေးနားရှိ လင်းရှောင်ယွဲ့က အပြစ်မရှိသလို စိတ်ချလက်ချနဲ့ မျက်နှာတည်တည် ပြန်ပြောလိုက်သည် - "ဒုတိယ အဒေါ်၊ ဘာတွေအော်နေတာလဲ၊ အဲဒါ အိုးထဲက ထွက်လာတဲ့ ဟင်းသက်သက်ပဲ၊ လူတွေကို မြည်းစမ်းကြည့်ဖို့ တောင်းဆိုနေတာလား။ ဘာလဲ အဒေါ်ချက်ထားတဲ့ အစားအစာကို မြည်းစမ်းကြည့်သင့်တယ် မဟုတ်ဘူးလား"
"ဟုတ်တယ်၊ မြည်းတာလေးပဲ "
ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ရဲ့ အကြောင်းပြချက်နောက် လျင်မြန်စွာ လိုက်ပြီး "ဒုတိယ ယောက်မ၊ အော်မနေနဲ့။ ဘာကိစ္စကြီးမလို့လဲ"
"ဟက်! မြည်းတယ်!"
ချန်ချိုင်ယွင်က ယောက္ခမနဲ့ ချွေးမတို့ရဲ့ အကြောင်းပြချက်ကို မဝယ်ခဲ့ပေ။ သူမ မီးဖိုချောင်ထဲ အမြန်ပြေးပြီး မီးဖိုဆီ သွားခဲ့သည်။ ရန်ယန်စားခဲ့တဲ့ ကြက်ဥပန်းကန်ကို ကောက်ယူပြီး လှည့်ကြည့်လိုက်သည်။ "ကြည့်လေ! ငါ့လက်ထဲမှာ သက်သေတွေရှိတယ်! နင် ကြက်ဥတွေကို ဘယ်သူမှ သတိမထားမိအောင် တမင်တကာ ရောမွှေထားတာ"
"ဒုတိယအဒေါ်၊ ဘာလို့ဒီလိုမျိုး ရည်ရွယ်ချက်ရှိရှိပြောနေရတာလဲ၊ ငါတို့ ရှောင်ရန်က နင့်ကိုအမှားလုပ်ခဲ့လို့လား"
လင်းရှောင်ယွဲ့ တိတ်တဆိတ်ပြောလိုက်သည်။ "ကြက်ဥတွေကို မြည်းစမ်းကြည့်ဖို့ကိစ္စပဲဟာ။ အဲဒါကို အတိအကျ ဖော်ထုတ်စရာလိုလို့လား"
"နင် ဘာတွေပြောနေတာလဲ။ ကြားဖြတ်နှောင့်ယှက်ဖို့ ဘယ်အချိန်က နင့်အလှည့်ရောက်လာတာလဲ" ချန်ချိုင်ယွင် ခေါင်းလှည့်ပြီး လင်းရှောင်ယွဲ့ကို စိုက်ကြည့်နေသည်။
ဤမိသားစုတွင် လင်းရှောင်ယွဲ့ နေရာက အားလုံးထဲ အနိမ့်ဆုံးဖြစ်ပြီး သူမကို ၁၉.၉ ယွမ်ဖြင့် ဝယ်ယူခဲ့တာဖြစ်သည်။
"မှန်တယ်!"
အငယ်ဖြစ်တဲ့ ရန်လျန်ဟွာက လင်းရှောင်ယွဲ့ကို အထင်အမြင်သေးပြီး "နင်က ဘယ်လိုဟာမျိုးလဲ။ ငါ့အမေကို ဘယ်လိုတောင် ပြန်ပြောရဲရတာလဲ"
တစ်ဖက်တွင် ရန်ဟုန်ရင်က ကြိုးကိုင်သူကို တိုက်ခိုက်ဖို့ အခြေအနေကို အခွင့်ကောင်းယူခဲ့သည်။ "ဒုတိယအဒေါ်၊ တတိယအဒေါ် ဒီလိုလုပ်တာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ဘူး။ ကြက်မကြီးက တစ်ခါတလေမှာ တစ်နေ့ကို ကြက်ဥနှစ်လုံးဥတာ ဒါပေမယ့် ကျွန်မတို့ တစ်ဥပဲစားရတယ်။ တတိယအဒေါ်က အဲ့တာကို တစ်စုံတစ်ယောက်ကို ကျွေးနေတာ ကျွန်မတို့အားလုံးသိနေတာပဲ "
"မဟုတ်ဘူး၊ မဟုတ်ဘူး။ တကယ် မြည်းကြည့်ရုံပါပဲ "
ဝမ်ရှို့ယင်က အပြစ်နည်းနည်းရှိသလို ခံစားရပေမယ့် သူ့ကိုယ်သူ ခုခံကာကွယ်ခဲ့သည်။ "ဒုတိယ ယောက်မ၊ အရသာစမ်းကြည့်ရုံနဲ့ ပတ်သက်ပြီး ဘာလို့ ဒီလောက်တုံ့ပြန်ရတာလဲ။ အားလုံးက မိသားစုတွေပဲဟာကို!"
ချန်ချိုင်ယွင်က နောက်ပြန်ဆုတ်ဖို့ ငြင်းဆန်ခဲ့သည်။ "ဘာကိုမြည်းကြည့်တာလဲ။ နင့်ရဲ့အသုံးမကျတဲ့သားအတွက် အလျော်ပေးဖို့ ငါတို့နင့်ကို ဟင်းချက်ဖို့ တာဝန်ပေးတယ်လေ။ လူတိုင်း အလုပ်ကြိုးစားကြတယ်။ ဒါပေမယ့် နင်ဘာလုပ်လဲ! ဟမ့်!"
ချန်ချိုင်ယွင် ဒေါသတကြီးအော်ကာ မီးဖိုခုံပေါ် ကြက်ဥမွှေကြော် ပန်းကန်ကို တင်လိုက်သည်။ "နင် တော်တယ်။ နင်က လူတိုင်းရဲ့ အပင်ပန်းခံထားတဲ့ အားထုတ်ကြိုးပမ်းမှု နဲ့ နင့်ရဲ့သားနဲ့ချွေးမကို ကျွေးမွေးနေတာပဲ။ ငါပြောမယ် ကလေးတွေက နင် နင့်ရဲ့အသုံးမကျတဲ့သားနဲ့ချွေးမကို ကျွေးနေတာကို သူတို့မျက်လုံးတွေနဲ့မြင်ခဲ့တယ်။ ဒီကိစ္စကမပြီးသေးဘူး။ တရားမျှတမှုရဖို့ အမေ့ကိုခေါ်ခိုင်းရမယ်!"
တကယ်တော့ တောင်လိုပုံနေတဲ့ အိမ်အလုပ်တွေကြားထဲမှာ ဟင်းချက်တာက တကယ်ကောင်းတဲ့အလုပ်ပါ ဘာလို့လဲဆိုတော့ ပူပူနွေးနွေး အစားအစာတွေကို ခိုးစားလို့ရတဲ့ နည်းလမ်းတစ်ခုပင်။
ဒီခေတ်က လူတိုင်း ဗိုက်ပြည့်အောင်မစားနိုင်တဲ့ခေတ်။ အစားအသောက်က တခြားအရာတွေထက် ပိုအရေးကြီးသည်။
ရန် မိသားစုတွင် ဝမ်ရှို့ယင်က မီးဖိုချောင်ကို တာဝန်ယူထားသည်။ ရူးနေတဲ့ သားလေးတစ်ယောက်ရှိလို့ သူမကို စာနာမိတာကြောင့် သားဖြစ်သူကို ချက်ပြုတ်ကျွေးမွေးပြုစုဖို့ နေ့တိုင်း အစောကြီးထုတ်လုပ်ရေးအဖွဲ့ကနေ ပြန်လာခွင့်ပြုထားသည်။
ချန်ချိုင်ယွင်က နောက်ဆုံးတွင် ဤအရာကို ကိုင်ထားနိုင်ခဲ့သည်။ သူမ မီးဖိုချောင်တာဝန်ခံရာထူးကို ယှဉ်ပြိုင်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ရမည်ဟု အခိုင်အမာဆိုထားသည်။ ဒါပေမယ့်လည်း ဝမ်ရှို့ယင်က နှစ်သစ်ကူးအတွက် ပိုက်ဆံအနည်းငယ်ကို မျှဝေပေးဖို့ စီစဉ်ခဲ့သည်။
ရုတ်ရုတ်သဲသဲအသံကို ကြားလိုက်တဲ့အခါ ရန်မိသားစုရဲ့ အဘွားအိုက ပြေးဝင်လာခဲ့သည်။
"နင်တို့အားလုံး ဘာအတွက်ဒီမှာစုနေကြတာလဲ။ ဒုတိယချွေးမ ဘာအတွက် ဆူညံပူညံလုပ်နေတာလဲ " အဘွားအိုက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
အကြာကြီးတိတ်ဆိတ်နေတဲ့ ပထမချွေးမ ရန်ချန်ယွိက အဘွားကြီးဆီ ချက်ချင်းလှမ်းလာပြီး အဘွားကြီးကို ချက်ချင်း တွဲပေးလိုက်သည်။ "အမေ "
"အမေ၊ အမေ၊ ရောက်လာပြီလား "
ချန်ချိုင်ယွင် လွန်လွန်ကဲကဲ ဖြစ်ချင်စိတ်မရှိသဖြင့် ဝမ်ရှို့ယင်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကို ပြတ်ပြတ်သားသား ရှင်းပြခဲ့သည်။
သားအမိနှစ်ယောက်ဖြစ်တဲ့ ဝမ်ရှို့ယင်နဲ့ ရန်ယန်တို့ကို လက်ပူးလက်ကြပ်ဖမ်းမိခဲ့သည်။ ဒီအချိန်မှာတော့ သူတို့က ငြိမ်နေပြီး ဘာမှမပြောကြပေ။
လင်းရှောင်ယွဲ့ မှာ အပြစ်မရှိဘူး။ ပြီးတော့ သူမမျက်နှာပေါ်တွင် ဖြောင့်မတ်တဲ့ အမူအရာရှိနေသည်။
သူမမှာ ဘယ်တုန်းကမှ ကြောက်တဲ့လူမရှိခဲ့ပေ။
"အမေ၊ ကလေးတွေ ဒီလိုပြောလာတာ ဒါပထမဆုံး မဟုတ်ဘူး၊ အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ အမေ ဒီကိစ္စကို ကောင်းကောင်းဆုံးဖြတ်ပေးမှရမယ် "
ချန်ချိုင်ယွင်က အဘွားကြီးရဲ့ ပံ့ပိုးမှုကို အားကိုးပြီး ထိုအချိန်တွင် အလွန်ယုံကြည်မှု ရှိနေသည်။
"အမေ... ဒုတိယယောက်မ ပြောတာကအဲ့လို မဟုတ်ဘူး"
ဝမ်ရှို့ယင်က သူ့ကိုယ်သူ ကာကွယ်ခဲ့သည်။ သူမ လေသံက အလွန်အားနည်းသည်။ "ကျွန်မက ရန်ယန်မြည်းရအောင်လို့ လုပ်ထားတာပါ။ ရှောင်ယန်အများကြီးမစားပါဘူး "
"အဓိပ္ပါယ်မရှိဘူး! အဖွား၊ တတိယအဒေါ် လိမ်နေတာ"
ရန်လျန်ဟွာက သူမမိခင် ချန်ချိုင်ယွင်ရဲ့ အဖွဲ့ထဲ သဘာဝအတိုင်း ရှိနေသည်။ " ဟုန်ရင်က သမီးကိုပြောတယ် တတိယအဒေါ်က အဲ့အရူးစားဖို့ ကြက်ဥနို့ပေါင်း ပန်းကန်ကြီးကြီးတစ်လုံး ပေးနေတာကို တွေ့လိုက်ရတယ်တဲ့။ ကြက်မကြီးက နောက်ထပ်ကြက်ဥအပိုတစ်လုံးလည်းဥတယ်လို့ သူမကပြောတယ် "
ထိုအချိန်တွင် ပထမမိသားစုဖြစ်တဲ့ ရန်ချန်ယွိနဲ့ သူမသမီး ရန်ဟုန်ရင်တို့ စကားမပြောခဲ့ပေ။ ဘေးနားမှာ တိတ်တဆိတ် ရပ်နေကြသည်။
ဒုတိယမိသားစုက ပုစဉ်းရင်ကွဲတွေဖမ်းတဲ့ ရှိခိုးကောင်းတွေဆိုရင် ပထမမိသားစုက နောက်ဘက်မှာနေတဲ့ အဝါရောင်ငှက်တွေပဲ။
လင်းရှောင်ယွဲ့ အဲ့တာကို သဘောပေါက်သွားသည်။
မနေ့က စားနေတုန်း ရန်လျန်ဟွာက သူမကို စိုက်ကြည့်နေခဲ့တာ အံ့သြစရာ မဟုတ်တော့ပေ။ သူမကို စိုက်ကြည့်ရတဲ့ အကြောင်းရင်းက သူမ လှလွန်းတာကြောင့်လို့ ထင်ခဲ့တာ...
ကမ္ဘာ့ထိပ်တန်း ထင်ယောင်ထင်မှား ဆယ်ခုထဲက တစ်ခုပဲ။
"လာပါ။ အဲဒါက တူကို နည်းနည်းပါးပါး ရွှေ့တဲ့ကိစ္စပဲမလား။ အဲ့အတွက် ရန်ဖြစ်ရတာ တန်လို့လား!"
အဘွားအိုက မျက်မှောင်ကြုတ်လိုက်သည်။ ဒါပေမယ်လို့ ဒုတိယချွေးမကို ဒုက္ခဖြစ်စေခဲ့ပေမယ့် ဝမ်ရှို့ယင်ကိုတော့ ဒီတိုင်းလွတ်မထားဘူး။ "တတိယချွေးမ၊ ငါ့ကိုပြော။ နင် ဘာလို့ဒီလိုလုပ်တာလဲ၊ နင် စားဖို့မလောက်လို့လား"
"အမေ... ဒုတိယယောက်မ တကယ် အဲ့လိုပြောတာ မဟုတ်ဘူး....."
ဝမ်ရှို့ယင်က အိမ်ထောင်ဦးစီးရှေ့ အလွန်အားနည်းခဲ့ပြီး အဓိကအားဖြင့် သူတို့ တတိယမိသားစုမှာ ရန် မိသားစုတွင် အားနည်းတာကြောင့်ဖြစ်သည်။
ရန်ယန်က အခုအချိန်တွင် အမှားတစ်ခုခုလုပ်မိတဲ့ ခြောက်နှစ်အရွယ် ကလေးတစ်ယောက်လိုပင်။ စကားမပြောရဲဘဲ ဝမ်ရှို့ယင် နောက်မှာ ပုန်းနေခဲ့သည်။
လင်းရှောင်ယွဲ့ က သူတို့နှစ်ယောက်လုံး အားနည်းနေတာကို တွေ့လိုက်ရတော့ သူမ အရမ်းဒေါသထွက်သွားသည်။
ရန်ယန်က အခု ၆ နှစ်သားကလေးရဲ့ ပထမဆုံး ကိုယ်ခွဲဖြစ်နေသည်။ ဒါကို နားလည်နိုင်တယ်။ ဒါပေမယ့် ဝမ်ရှို့ယင်က ဒီလိုမျိုး ကျုံ့ကျုံ့လေးဖြစ်နေပြီ။ အနိုင်ကျင့်ခံရတယ်ဆိုတာ ထင်ရှားတယ် မဟုတ်ဘူးလား?
"အဘွား၊ လူကြီးတွေ၊ ကျွန်မ ကျွန်မရဲ့ယောက္ခမနဲ့ ကျွန်မယောကျ်ားအတွက် ဒီကိစ္စကို ရပ်တည်ပေးမယ် "
လင်းရှောင်ယွဲ့ ရှေ့ တိုးကာ အဘွားကြီး ရန်ကို ပြတ်သားတဲ့ မျက်လုံးနဲ့ကြည့်ပြီး ပြောခဲ့သည်ယ. "ကျွန်မက ဒီမှာ အိမ်ထောင်ကျတာ နှစ်ရက်ပဲ ရှိသေးပေမယ့် ဒီနှစ်ရက်အတွင်း ညစာ စားပွဲမှာ ကျွန်မရဲ့ ယောက္ခမတွေနဲ့ ကျွန်မရဲ့ယောကျ်ားတို့ ဘာအစားအသောက်ကောင်းကောင်းမှ မစားနိုင်ခဲ့ဘူးဆိုတာ သိသာတယ်။ ကျွန်မက တိုင်းတစ်ပါးဇနီးတစ်ယောက်အနေနဲ့ ကျွန်မအဲ့တာကို နားလည်နိုင်တယ်။ ဒါပေမယ့် သူတို့က ရန် မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းတွေပါ။ ဘာကြောင့် သူတို့ကြက်ဥလေးတစ်လုံးတောင်မှ စားပိုင်ခွင့်မရှိတာလဲ"
ချန်ချိုင်ယွင် မျက်လုံးက စူးရှလာပြီး လင်းရှောင်ယွဲ့ကို အလွန်ဒေါသထွက်သွားသည်။ "နင်က ငါတို့မိသားစု ဝယ်ထားတဲ့ မိန်းကလေးပဲ၊ တစ်ခုခုပြောဖို့ နင့်အလှည့်မကျသေးဘူး!"
"ကျွန်မက ရန် မိသားစုရဲ့ ဇနီးတစ်ယောက်ပါ။ ကျွန်မယောကျ်ားက ရန်ယန်။ ကျွန်မမှာ တစ်ခုခုပြောပိုင်ခွင့်ရှိတယ်!" လင်းရှောင်ယွဲ့က ငြင်းဆိုချက်ကို လက်မခံခဲ့ပေ။
"နင့်ကိုက အဲ့အရူးကို ပြုစုဖို့ ၀ယ်ထားတဲ့ မိန်းမပဲ!ကောင်းကောင်းမွန်မွန် ပြောရမယ်ဆိုရင် နင်က ဇနီးတစ်ယောက်ပဲ၊ ဒါပေမယ့် တကယ်တမ်းတော့ နင်က အရူးတစ်ယောက်ရဲ့ကျွန် " ရန်လျန်ဟွာက ချန်ချိုင်ယွင် အနားမှာ ရပ်ပြီး လှမ်းအော်ခဲ့သည်။
ရန်ယန်ရဲ့ ပထမဆုံး ပင်ကိုစရိုက်က အသက် ၆ နှစ်အရွယ် ကလေးဖြစ်တာကြောင့် သူ့မိသားစု အပါအဝင် တစ်ရွာလုံးက သူ့ကို အရူးအဖြစ် သတ်မှတ်ခဲ့ကြသည်။
လင်းရှောင်ယွဲ့က သူမရဲ့ယောကျ်ား ဒီလိုမျိုးကဲ့ရဲ့ခံလိုက်ရတဲ့ စကားကိုကြားတဲ့အခါ အလွန်စိတ်မကောင်းဖြစ်မိသည်။
ဘာကြောင့်လဲဆိုတော့ သူတို့က သူ့တတိယကိုယ်ခွဲကို မမြင်ဖူးတာကြောင့်ဖြစ်သည်။ သူက ကြီးစိုးပြီး မိုက်တယ်။
ဟမ့်၊ သူတို့က ကမ္ဘာကြီးကို မမြင်ဖူးတဲ့ ရေတွင်းထဲက ဖားတွေပဲ။
သူမကို ဆဲတော့မည့်အချိန်မှာ သူမဘေးမှ ရန်ယန်က ရုတ်တရက် ထရပ်လိုက်ပြီး ကလေးအသံနဲ့ ခွန်းတုံ့ပြန်ပြောလိုက်သည်။ "နင် အဓိပ္ပါယ်မရှိတာတွေပြောနေတာ။ ငါ့မိန်းမကို နင်ဆူပူကြိမ်းမောင်းစရာမလိုဘူး"
ဝမ်ရှို့ယင်က ဒါကို မြင်လိုက်ရပြီး လင်းရှောင်ယွဲ့ရဲ့ နှလုံးသားက တော်တော်လေး လှုပ်ရှားသွားသည်။ သတိပြန်ဝင်လာတော့ သူမလည်း သူ့အတွက် မတ်တပ်ထရပ်ပြီး ပြောလိုက်သည်။ "ဒါဆို လုံလောက်ပြီ၊ ကျွန်မရဲ့ ရှောင်ရန်ကို အရူးလို့ မခေါ်နဲ့၊ ကျွန်မ မိသားစုမှာ အလုပ်မလုပ်တဲ့ အဖွဲ့ဝင်ကတစ်ယောက်ပဲ ရှိတာ။ ကျွန်မတို့မိသားစုကို ညှစ်စရာ မလိုဘူး!"
"နင်တို့မိသားစုမှာ အလုပ်သမားနည်းတာကို နင်သိနေသေးတာပဲ!"
ချန်ချိုင်ယွင်က အင်တင်တင်နဲ့ပြောခဲ့သည်။ "နင်လူတိုင်းကို အခွင့်ကောင်းယူပြီး ငါရဲ့ဆီနဲ့ရေကို သီးသန့်ခိုးခဲ့တယ်!"
ချန်ချိုင်ယွင်က အဘွားကြီးဘက် လှည့်ကာ ဒေါသတကြီးပြောခဲ့သည်။ "အမေ၊ အမေဒါကို စဉ်းစားမှရမယ်။ နှစ်ကုန်ရင် ခွဲဝေရမဲ့ ပိုက်ဆံတွေ လျှော့မှရမယ်။ နောက်ပြီး စားဖိုမှူးအလုပ်က တတိယယောက်မကို ထပ် မပေးသင့်တော့ဘူး!"
"ဟုတ်တယ်!"
ရန်လျန်ဟွာက သူ့အမေကို ကူညီပြီး "အဘွား၊ ဒီအရူးက ဘာအလုပ်မှ မလုပ်ရဘဲ အိမ်မှာ ပုန်းပြီးစားသောက်နေတာ။ သမီးအစ်ကိုက မြိုမှာ အလုပ်တွေကြိုးစားလုပ်ပြီး ပိုက်ဆံတွေကို အိမ်ကိုပို့ပေးတယ်။ ပြီးတော့ ဒီအရူးကသူ့ဆီက ဝေစုကိုလည်းရသေးတယ်။ တကယ်မတန်ဘူး!"
ချန်ချိုင်ယွင်က အနီးကပ်လိုက်လာသည်။ "ဟုတ်တယ်၊ ကျွန်မသားက ကျွန်မတို့မိသားစုအတွက် ဝင်ငွေရှာဖို့ အပြင်မှာ အလုပ်လုပ်နေတာ။ သူက အဘိုးကြီးရဲ့ မိသားစုကို အခွင့်ကောင်းယူပြီး ဘာမှမလုပ်ဘဲ စားသောက်နေတာ။ ကျွန်မ ကံစီမံရာအတိုင်မလုပ်နိုင်ဘူး"
အမှန်မှာ ဒုတိယမိသားစုတွင် မြို့၌အလုပ်လုပ်ပြီး အိမ်ကို ပုံမှန်ပို့ပေးတဲ့ သားအကြီးဆုံးမှာ အဘွားကြီးကြောင့် မိသားစုကို ထောက်ပံ့တာဖြစ်သည်။
ထိုအရာက ချန်ချိုင်ယွင်ကို ရန် မိသားစုဆီ ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုနိုင်စေဖို့အတွက် လုံလောက်သည်။
အဘွားကြီးကလည်း သူတို့ပြောခဲ့တဲ့စကားကြောင့် သူတို့ကို ကူညီခဲ့ရသည်။ "တတိယချွေးမ၊ နင် ဒီကိစ္စကို ကောင်းကောင်းမလုပ်ခဲ့ဘူး။ နေ့လယ်စာစားရအောင်။ အိမ်ထောင်ဦးစီးကိုပဲ ဆုံးဖြတ်ခိုင်းလိုက်တော့ "
အဘွားကြီးက ဒီကိစ္စကို ဂရုမစိုက်ချင်ဘူး။ ပြောပြီးတော့ လှည့်ထွက်သွားခဲ့သည်။
"အမေ၊ ဖြေးဖြေး"
ပထမမိသားစုမှ ရန်ချန်ယွီက အဘွားကြီးကို ထွက်သွားတာကို ကူညီပေးခဲ့ပြီး ရန်ဟုန်ရင်သည်လည်း ၎င်းတို့နောက် လိုက်သွားခဲ့သည်။
ချန်ချိုင်ယွင်နဲ့ ရန်လျန်ဟွာတို့က ဝမ်ရှို့ယင်ကို ပြုံးဖြဲဖြဲလုပ်ပြပြီး မီးဖိုပေါ်က စားစရာအားလုံးကို ယူကာ ထွက်သွားကြသည်။
ခဏကြာတော့ မီးဖိုချောင်ထဲမှာ လူသုံးယောက်ပဲ ကျန်တော့သည်။
ရန်ယန်က သူအမှားလုပ်မိမှန်းသိပြီး ခေါင်းငုံ့ကာ "အမေ၊ မိန်းမ၊ တောင်းပန်ပါတယ်၊ ငါထပ်ပြီးဒုက္ခပေးမိပြီ "
"ရပါတယ် အဆင်ပြေပါတယ်။ ဒါအမေ့အပြစ်ပါ" ဝမ်ရှို့ယင်က ရန်ယန် ခေါင်းကို ထိလိုက်ပြီး သဘာဝအတိုင်း သူ့ကို အပြစ်မတင်နိုင်ခဲ့ပေ။
သူမတွင် သားလေးတစ်ယောက်သာ ရှိပြီး အသက် ၆ နှစ်အရွယ်တွင် သူစပြီးရူးခဲ့သည်။ သူ့သားက ရူးနေတယ်လို့လည်း သူမဝန်ခံမိသည်။
"အမေ၊ သူတို့ သိပ်အနိုင်ကျင့်တာပဲ"
လင်းရှောင်ယွဲ့ ဒေါသတကြီးနဲ့ "အဲ့တာက ရှောင်ယန် အလုပ်မလုပ်နိုင်လို့ မဟုတ်လား"
"ရပြီ၊ ဘာမှမပြောနဲ့တော့ " ဝမ်ရှို့ယင်က သူမသား ရူးနေတာကြောင့် သူမအဲ့တာကိုခံစားရတယ်ဆိုတာ ဝန်ခံခဲ့သည်။
ကောင်းတာက သူမ ဝယ်ခဲ့တဲ့ချွေးမက မဆိုးဘူး။ လင်းရှောင်ယွဲ့ က ရှောင်ယန် အပေါ်မှာ စိတ်ရင်းမှန်ထားပြီး ဝမ်ရှို့ယင် စိတ်ထဲ နှစ်သိမ့်မှုဖြစ်စေခဲ့သည်။
"အမေ၊ ကျွန်မ ဒီနှစ်ရက်လောက်မှာ မြင်တွေ့ခဲ့ဖူးပြီ။ သူတို့နဲ့ နေရတာ မွန်းကြပ်တယ်!"
လင်းရှောင်ယွဲ့က ရှေ့တိုးပြီး ပြောခဲ့သည်။ "အမေ၊ ကျွန်မတို့ ခွဲနေလို့ မရဘူးလား။ ခွဲပြီးရင် ကျွန်မတို့ချည်းပဲ နေကြရအောင်"
ဒီနည်းနဲ့ဆို သူမ ရန်ယန်ကိုခိုးကျွေးစရာ မလိုတော့ဘူး။
သူမမှာ ပိုပြီး သက်တောင့်သက်သာရှိတဲ့ နေ့ရက်တွေ ရှိလာလိမ့်မည်။
" အဓိပ္ပါယ်မရှိဘူး!"
ဝမ်ရှို့ယွင်က ငြင်းဆိုခဲ့သည်။ "နင့်မှာ ဒီလိုအကြံဥာဏ်မျိုး ဘယ်လိုရှိသွားတာလဲ။ မိသားစုကွဲကွာတာက ဘယ်လောက် ရှက်စရာကောင်းလိုက်လဲ!"
အထူးသဖြင့် သူတို့တတိယမိသားစုကွဲသွားလျှင် ရွာရှိဦးနှောက်မဲ့တဲ့ငတုံးများက ရယ်မောကြလိမ့်မည်။
အဲ့တာက ရန်ယန်ကို ဒုက္ခဖြစ်စေသည်။
ဝမ်ရှို့ယင်အတွက် သူမသားကို လှောင်ရယ်လိမ့်မယ်ဆိုတဲ့ အတွေးက မခံနိုင်စရာပေ။
..........
ရှင်းလင်းချက်
1 - အဘွားကြီး သို့မဟုတ် အဘိုးကြီး များအတွက် ယဉ်ကျေးသောအသုံးအနှုန်း