၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်
အပိုင်း ၆
ရန်ဖြစ်ပြီးနောက် ချန်ချိုင်ယွင်က ရန်လျန်ဟွာနဲ့ အိမ်ပြန်သွားခဲ့သည်။
တံခါးပိတ်သွားတာနဲ့ တပြိုင်နက် ရန်လျန်ဟွာက ချန်ချိုင်ယွင်ဆီ ပျော်ရွှင်စွာ ရောက်ရှိလာပြီး အရေးတကြီး မေးလိုက်သည်။ အမေ၊ တတိယအဒေါ်ကို စားဖိုမှူးရာထူးက ဖြုတ်လိုက်တယ်ဆိုရင် အဲ့တာ အမေ့နေရာဖြစ်လာမှာလား။ အဲဒီ့အချိန်ရောက်ရင် သမီးအတွက် ကြက်ဥတွေ သိမ်းပေးထားရမယ်နော် "
ချန်ချိုင်ယွင် မျက်နှာပေါ် ဘဝင်ခိုက်နေတဲ့ အကြည့်နဲလ မေးမော့ထားခဲ့သည်။ "ဒါက ငါပဲ ဖြစ်ရမှာပေါ့။ နင့်အဒေါ်ရဲ့ စရိုက်နဲ့ ငါကို ဘယ်လိုလုပ်ယှဥ်နိုင်မှာလဲ"
"အမေ၊ အမေ၊ အဲဒါ အရမ်းကောင်းတယ်!"
ရန်လျန်ဟွာ အရမ်းပျော်နေသည်။ "အခုချိန်ကစပြီး အမေက မီးဖိုချောင်ကို တာဝန်ယူရတော့မှာ ဆိုတော့ ထုတ်လုပ်ရေးအဖွဲ့မှာ အလုပ်လုပ်တဲ့ အခါကျရင် နေ့တိုင်း အလုပ်ပိုသက်သာအောင် ပြန်လာရမှာပေါ့နော် "
သူမ အလုပ်နည်းရုံသာမက အိမ်မှာလည်း ပိုစားလို့ရနိုင်သည်။
"စိတ်မပူနဲ့!"
ချန်ချိုင်ယွင်က ရန်လျန်ဟွာ ပခုံးကို ပုတ်လိုက်သည်။ "အငယ်ဆုံး ယောက်မကို ထုတ်ပယ်ထားသရွေ့ ဒီနေရာက ငါ့အတွက် သေချာတယ်"
ရန်လျန်ဟွာက ဝမ်းသာအားရနဲ့ "အမေ၊ အမေက အရမ်းတော်တာပဲ"
ဒီအစီအစဥ်အကြောင်း အမေနဲ့သမီး နှစ်ယောက် စကားပြောနေကြချိန်မှာ အဘွားကြီးရဲ့ အိပ်ခန်းရဲ့ တစ်ဖက်ခြမ်းမှာ ပထမမိသားစုဖြစ်တဲ့ ရန်ချန်ယွီနဲ့ ရန်ဟုန်ရင်တို့က အဘွားအိုနဲ့အတူ လိုက်သွားကြသည်။
ဤအမေနှင့်သမီး အတွဲက အဖွားရန် နားထဲ စတင်ပြီး လေတွေတိုက်ခတ်နေပြီဖြစ်သည်။
"အမေ၊ တတိယချွေးမကို ဒီကိစ္စနဲ့ပတ်သတ်ပြီး အမေ့စိတ်ထဲမှာ စဥ်းစားထားတာရှိလား"
ရန်ချန်ယွီက အဘွားအိုကို ကုတင်ပေါ် ထိုင်စေခဲ့ပြီး ရန်ဟုန်ရင်ကို စကားပြောခဲ့သည်။ "သွား အဖွားအတွက် ရေနွေးတစ်ခွက်ထည့်လာ"
ရန်ဟုန်ရင်က ကပျာကယာနဲ့ နာခံပြီး ထွက်ပြေးသွားကာ ရေနွေးပူပူတစ်ခွက် ထည့်ခဲ့သည်။
အဖွားရန်က ရန်ဟုန်ရင် ယူလာတဲ့ ရေနွေးကို သောက်လိုက်သည်။ သူမမျက်လုံးတွေက ရှေ့ကိုမျှော်ကြည့်ကာ အနှေးလွန်း မမြန်လွန်းတဲ့အရှိန်နဲ့ စကားပြောခဲ့သည်။ "တတိယချွေးမက ဒီလိုလုပ်ဖို့ ဉာဏ်မမီဘူး။ အစကတော့ ရှောင်ယန်က ဦးနှောက်မကောင်းလို့ သူမကို စဥ်းစားထားတာ။ မီးဖိုချောင်ကို စောစောပြန်လာပြီး ရှောင်ယန်ကို ပြုစုစောင့်ရှောက်နိုင်ဖို့ သူမဆီအပ်ထားတာ။ ဒါပေမယ့် သူမရဲ့ သူခိုးအမူအရာက လူတိုင်းရဲ့ နှလုံးသားကို အေးခဲသွားစေနိုင်တယ်။ ဒုတိယချွေးမကလည်း ရန်လိုလွန်းတယ်။ ဒါကို ပြောင်းလဲပစ်ရမယ်"
" ဟုတ်တယ်၊ တတိယညီမက တကယ်ကို ဉာဏ်မမီဘူး"
ရန်ချန်ယွိက အဖွား ရန်ရဲ့ စကားနောက် လိုက်ပြီး "အမေ၊ တကယ်တော့ တတိယယောက်မက မရိုးသားဘူးလို့ ကျွန်မထင်တယ်။ ဒါပေမယ့် ခုနက ဒုတိယယောက်မက အရမ်းရက်စက်လွန်းတယ်။ ဒီကိစ္စကို လူသိရှင်ကြား ထုတ်ပြချင်တဲ့အတိုင်းပဲ အသံကျယ်နေတာ"
"ဟုတ်တယ်!"
အဘွားကြီး ရန်က ထပ်ဖြေခဲ့သည်။ "ငါ ဒုတိယချွေးမရဲ့ သဘောထားကို တစ်ခါတလေကျရင် မကြိုက်ဘူး။ ပြတ်ပြတ်သားသား ပြောရရင် နှစ်လုတ်စာလောက်ပဲယူရတဲ့ ကိစ္စကို။ စကားပြောနေတဲ့ပုံစံက ကြီးကြီးကျယ်ကျယ် အမြတ်ထုတ်ဖို့ လောဘကြီးနေတဲ့ပုံပဲ။ သူမ ဒါကိုမထုတ်ခဲ့ဘူးဆိုရင် ဒီကိစ္စကို ငါစိတ်မ၀င်စားဘူး"
ဒုတိယမိသားစုရဲ့ အကြီးဆုံးသားဖြစ်သူ ရန်ဟုန်ဝမ်က မြို့ပေါ်တွင် အလုပ်ရှာကာ မိသားစုတစ်စုကို စတင်ထူထောင်ခဲ့သည်။ သူက ရန် မိသားစုဆီ လစဉ် ငွေအနည်းငယ် ပို့ပေးသည်။
တကယ်တော့ သူက အဘွားရန်ရဲ့ မိသားစုမှာ အလားအလာ အရှိဆုံးလူဖြစ်သည်။
ချန်ချိုင်ယွင် ဒီအိမ်မှာ ဒီလောက် စကားတွေအများကြီးပြောနိုင်ရသည့်အကြောင်းရင်းမှာ ရန်ဟုန်ဝမ် ကြောင့်ဖြစ်သည်။
ပထမမိသားစုရဲ့ အကြီးဆုံးသားမှာ အလွန်အားကိုးစရာမရှိပေ။ သူက အလုပ်မလုပ်သလို တစ်နှစ်ပတ်လုံး အိမ်မှာမနေဘူး။ နေ့တိုင်း အပြင်ထွက်ပြီး အပြင်မှာ အဆက်အသွယ် လုပ်ချင်တယ်တဲ့။ ဒီလိုနဲ့ သူအိမ်ပြန်မရောက်တာ တစ်လနီးပါးရှိနေပြီ။
ရန်ချန်ယွီက ယခုအခါ သူမကလေးငယ်များဖြစ်သော အသက် ၁၅ နှစ်အရွယ် ရန်ဟုန်ရင်နဲ့ ကျောင်းတက်နေဆဲဖြစ်သည့် ၈ နှစ်အရွယ်သားလေးတို့ကို ပြုစုပျိုးထောင်ပေးနေရသည်။
သူမရဲ့မိသားစုက ဒုတိယမိသားစုနဲ့မတူဘဲ ရန် မိသားစုဆီ ထောက်ပံ့ငွေကြေးက များများစားစားမရှိပေ။
ထို့ကြောင့် ရန်ချန်ယွီမှာ စင်ကြယ်တဲ့အကျင့် သီလရှိလျှင်ပင် အိမ်တွင် သူမစကားများက ချန်ချိုင်ယွင် လောက် အရေးမကြီးပေ။
"အမေ့ရဲ့ ဒုတိယချွေးမအတွက် စိတ်မဆိုးပါနဲ့ အမေ။ ဒုတိယညီမမှာ ဒီစရိုက်ရှိနေတာပဲ "
ကံကောင်းထောက်မစွာ၊ ရန်ချန်ယွီက ချန်ချိုင်ယွင်ထက် ပိုကျွမ်းကျင်ပြီး အဖွားရန်ကို ဘယ်လိုနှစ်သက်အောင်လုပ်ရမလဲကို သူမ သိသည်။
"ဒါ့အပြင် ဟုန်ဝမ်က မိသားစုအတွက် များစွာ အထောက်အကူ ပြုပေးတာပဲ။ ကျွန်မတို့ ဒုတိယယောက်မနဲ့ ပိုပြီးလိုက်လျောညီထွေရှိဖို့ အမှန်တကယ်လိုအပ်တယ် "
"အလိုလေး၊ အဲဒါ ဟုန်ဝမ် ကြောင့်ပဲ"
အဘွားကြီး ရန်က သက်ပြင်းချရင်း "ငါတို့မိသားစု ဘာအပြစ်တွေ ကျူးလွန်ခဲ့မိလဲ ငါမသိဘူး။ နင့်ရဲ့သားက မကောင်းဘူး၊ တတိယသား ကလေးကျတော့ ရူးနေတယ်။ ဟုန်ဝမ် တစ်ယောက်ပဲ ယုံကြည်လို့ရတယ်။ ငါ့ရဲ့ ဒုတိယချွေးမက သူ့သားအတွက် အရမ်းဂုဏ်ယူနိုင်တယ်။ နင့်ရဲ့သား ဒါမှမဟုတ် တတိယချွေးမရဲ့သားက နည်းနည်းပိုအသုံးဝင်တယ်ဆိုရင် နင်တို့နှစ်ယောက်စလုံးကို အိမ်ဦးစီးနေရာပေးလို့ရတယ်။ ဒါပေမယ့် တကယ်လို့ ဒုတိယချွေးမသာဆိုရင်...ငါအငြိမ်းစား မယူရဲဘူး"
သူတို့အငြိမ်းစားယူသွားခဲ့ရင် ဒုတိယချွေးမက အသက်ကြီးတဲ့သူကို မထောက်ပံ့မှာကို သူမကြောက်သည်။
"အမေ... အမေ့ စိတ်ထဲမှာ အစီအစဥ်တွေ ရှိနေတာ ကျွန်မ သိပါတယ်"
ရန်ချန်ယွီက သူမလက်ဆန့်လိုက်ပြီး အဘွားကြီးရဲ့ ပခုံးပေါ် ညင်သာစွာ တင်လိုက်သည်။ "အမေ၊ အမေ ဘာကိုပဲဆုံးဖြတ်ပါစေ ကျွန်မအတွက် ကိစ္စမရှိဘူး။ ကျွန်မကလေး ကြီးပြင်းလာတဲ့အခါကျရင် အမေ့ကို သေသေချာချာ ချီးမြှောက်ထားမှာ "
"နင်၊ နင်က ဒုတိယချွေးမနဲ့ တတိယချွေးမထက် ပိုဉာဏ်ကောင်းတုန်းပဲ" အဘွားကြီး ရန်က ရေနွေးနွေးလေး တစ်ငုံသောက်လိုက်ပြီး စိတ်ထဲ ဆုံးဖြတ်ချက်ချလိုက်သည်။
ရန်ချန်ယွီနဲ့ ရန်ဟုန်ရင်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ရန်ဟုန်ရင်ရဲ့ နှုတ်ခမ်းထောင့်က တိတ်တဆိတ် ကော့တက်သွားပြီး စိတ်ထဲတွင် ကြည်နူးနေမိသည်။
နေ့လယ်စာစားချိန်ရောက်တော့ မိသားစုကြိီးတစ်စုလုံး စားပွဲဝိုင်းမှာ ဝိုင်းထိုင်ကြသည်။ ယောက်ျားတွေလည်း ပြန်လာကြပြီ။
ချန်ချိုင်ယွင်က ဝမ်ရှိူ့ယင်ကို ဖမ်းမိကြောင်း ဖော်ပြခဲ့သည်။
ညစာ စားပွဲတွင် ချန်ချိုင်ယွင်နဲ့ ရန်လျန်ဟွာတို့က ဝမ်ရှို့ယင်ရဲ့ မကောင်းတဲ့ အကျင့်တွေကို ဖော်ပြကာ အတူတူသောက်ခဲ့ကြသည်။
ဝမ်ရှို့ယင်က စကားမပြောဘဲ သူမ အစားအသောက်ကို ကောင်းစွာ မစားနိုင်တာကြောင့် သူမ ခေါင်းငုံ့ကာ တိတ်တိတ်ဆိတ်ဆိတ်နေခဲ့သည်။
လင်းရှောင်ယွဲ့က ချန်ချိုင်ယွင်နဲ့ ရန်လျန်ဟွာတို့ ပြောဆိုနေတာကို စောင့်ကြည့်နေစဥ် ရန်ယန်ကို အစာကျွေးရင်း အလုပ်ရှုပ်နေသည်။
(၆) နှစ်အရွယ် ကလေး ရန်ယန်တောင်မှ လက်ရှိအခြေအနေက မမှန်ဘူးဆိုတာ သိတယ်။
ဒါပေမယ့်လည်း လင်းရှောင်ယွဲ့က တူနဲ့ ကျွေးနေတဲ့အခါ ရန်ယန် နာခံစွာဖြင့်သာ စားနိုင်ခဲ့သည်။
တစ်မိသားစုလုံး အဲ့အကြောင်း သိကြသည်။
ဝမ်ရှို့ယင်ရဲ့ ခင်ပွန်း ရန်တယုံက အတော်လေး ယောက်ျားပီသပြီး ဇနီးနဲ့သားအတွက် မတ်တပ်ရပ်ပြီး အစပြုကာ စကားပြောလိုက်သည်။ "ဒုတိယမရီးက အဲ့တာက အရမ်းပြင်းထန်တယ်လို့ ပြောတဲ့အတွက် ခင်များအဲ့တာကို ဂရုစိုက်လို့ရတယ်။ ကျွန်တော်တို့ဆီက ပိုက်ဆံကို ဖြတ်ပြီး ခင်များကိုယ်တိုင် အဲ့တာကိုတိုင်းတာလို့ရတယ်"
"ဒီကိစ္စက အမေ့ရဲ့ ဆုံးဖြတ်ချက်ထဲမှာ ပါတယ်။ မင်းမိသားစုဆီက ပိုက်ဆံကို ဖြတ်ဖို့ လိုအပ်တယ်လို့ ငါထင်တယ်။ ဒီအခြေအနေဆိုးကို လူတိုင်း သတိထားစေချင်တယ်" စကားပြော ပြီးနောက် ချန်ချိုင်ယွင်က ကြက်ဥတစ်လုံးကောက်ခဲ့သည်။
အဖွား ရန်က အမျိုးသမီးရေးရာ အပါအဝင် လူတိုင်းရဲ့ ငွေကြေးကို တာဝန်ခံထားသည်။
ထို့ကြောင့် အဘွားရန်က ဤကိစ္စအတွက် စီစဉ်ပေးနိုင်သည်။
"ဒီကိစ္စကို လူတိုင်းသိပြီးထားပြီပဲ။ တတိယမိသားစုရဲ့ နှစ်ကုန်ငွေ ၅ ယွမ်ကို နုတ်ယူမယ်။ တတိယချွေးမကို မီးဖိုချောင်ကနေ ထုတ်ပယ်ပြီး ပထမချွေးမကို မီးဖိုချောင်မှာလုပ်ဖို့ လွှဲပေးမယ်။ "
အဘွားကြီး ရန်က ထမင်းပန်းကန်ကို ယူပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။ "ဒီအစီအစဥ်ကို ကန့်ကွက်စရာမရှိဘူး မလား"
ရန်ချန်ယွီရဲ့ တွက်ချက်မှု အောင်မြင်သွားသည်။ သူမက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ "ကျွန်မမှာ ကန့်ကွက်စရာမရှိပါဘူး အမေ"
"ဟေး၊ ဘာလို့ ကျွန်မရဲ့ယောက်မက နေရာလွှဲယူရမှာလဲ"
ချန်ချိုင်ယွင်က အဖွားရန်ကို မယုံကြည်နိုင်စွာ ကြည့်ကာ အော်လိုက်သည်။ "အကြီးဆုံးချွေးမက ဘယ်လိုဖြစ်လို့လွှဲယူရတာလဲ၊ ကျွန်မနဲ့လုံးဝ မသက်ဆိုင်ဘူးလို့ ထင်လို့လား"
သူမ မယုံနိုင်ခဲ့ဘူး!
သူမက(ပထမချွေးမ) ထိုင်နေသူဖြစ်ပြီး၊ သူမက(ချန်ချိုင်ယွင်) ပြစ်မှုကို ဖမ်းမိသူဖြစ်ကာ စကားများရန်ဖြစ်ခဲ့တဲ့သူ၊ ၎င်းအတွက် ရန်ဖြစ်ခဲ့တဲ့သူလည်း ဖြစ်သည်။အဆုံးမှာ အဲ့နေရာကဘာလို့ အကြီးဆုံးယောက်မအတွက် ဖြစ်လာရတာလဲ။
ငါ တခြားသူ အတွက် မင်္ဂလာဝတ်စုံတွေ လုပ်ထားပေးသလိုပဲ။
"ဟုတ်တယ် အဖွား!"
ရန်လျန်ဟွာလည်း မယုံနိုင်လောက်အောင်ပင်။ "ကျွန်မအမေက ဒါကိုရှာတွေ့ခဲ့တာလေ!"
ညစာ စားပွဲတွင် အမျိုးသမီးများ စကားများရန်ဖြစ်ကြပြီး မိသားစုများစွာမှ အမျိုးသားများက စကားလုံးဝမပြောကြပေ။
တာဝန်ခံရမယ့် ယောကျ်ားအတွက် ကိစ္စကမကြီးဘူး။
သူတို့ တိုက်ခိုက်ကြပါစေ။
လင်းရှောင်ယွဲ့နဲ့လည်း ဘာမှမဆိုင်ဘူး။
ထို့ကြောင့် ခွေးချင်းခွေးချင်း ရုတ်တရက် ကိုက်ကြတဲ့အခါ လင်းရှောင်ယွဲ့က ပြပွဲကောင်းကို ပိုအသက်ဝင်အောင် ကြည့်ခဲ့သည်။
သူမ အဝါရောင်ပေါက်စီကို ကိုက်လိုက်တာနဲ့ အဝါရောင်ပေါက်စီက အရသာကောင်းကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
မစ္စစ်ရန်က ဂေါ်ဖီထုပ်ကို တူနဲ့ညှပ်ပြီး ပါးစပ်ထဲထည့်ကာ ဖြည်းညှင်းစွာဝါးပြီး စကားပြောခဲ့သည်။ "ငါ ရှောင်ရန်ကို စိတ်ပူတဲ့အတွက် တတိယချွေးမကို ပြုစုခွင့်ပေးခဲ့တာ။ အခုလည်း အငယ်ဆုံးသားကို စိတ်ပူနေတဲ့ အကြီးဆုံးချွေးမကို ပေးလိုက်တာ။ သူမလည်း သူ့သားကို ဂရုစိုက်ဖို့လိုတယ်၊ ဒါမှ သူ့အတွက် အဆင်ပြေမှာ"
"မဟုတ်ဘူး၊ သူ့သား အငယ်ဆုံးက မရူးဘူးလေ!"
ချန်ချိုင်ယွင် အလွန်မကျေနပ်သဖြင့် စားပွဲပေါ်မှ တူများ ရိုက်ချိုးလိုက်သည်။ "သူ့သားအငယ်က ကျောင်းသွားနေတာ။ ဘာကိစ္စရှိမှာလဲ"
ရန်ချန်ယွီက အေးအေးဆေးဆေးပြောခဲ့သည်။ "ဒုတိယယောက်မ၊ ကျောင်းက မကြာခင် ပြီးတော့မှာ။ နောက်ပြီး ကျွန်မရဲ့အငယ်ဆုံးကလေးက ကျွန်မတို့ထက် စောပြီး ပြန်လာတတ်တယ်။ အခုချိန်ကစပြီး ထမင်းချက်ဖို့ စောစောပြန်လာရင် ကျွန်မ သူ့ကိုကျောင်းကြိုဖို့ အချိန်ပိုရနိုင်တယ်။ ဒါကတကယ်ပဲ အဆင်ပြေလိမ့်မယ်"
"ဒါဆို ငါတို့ အခု အလုပ်မလုပ်တော့ဘူး။ ဆောင်းဦး ရိတ်သိမ်းချိန်က ပြီးသွားပြီပဲ!"
ချန်ချိုင်ယွင် ဒေါသထွက်ပြီး ခင်ပွန်းဖြစ်သူကို တံတောင်နဲ့တွတ်လိုက်သည်။ "တလင်၊ တစ်ခုခုပြောဦး"
ရန်တလင်က အမျိုးသမီးတွေရဲ့ ကိစ္စရပ်တွေမှာ မပါဝင်ချင်ပေမယ့် သူ့ဇနီးသည်ရဲ့ အကျင့်စရိုက်က ပြင်းထန်တာကြောင့် တစ်စုံတစ်ခုကို ပြောခဲ့ရသည်။ "မီးဖိုချောင်ကို ထိန်းသိမ်းတာ၊ ဒါက ဘယ်လို ရှုပ်ထွေးနိုင်မလဲ။ မင်းတို့ နှစ်ယောက် အလှည့်ကျလုပ်လို့ရတယ်။ ရန်ဖြစ်နေကြတာကို ရပ်လိုက်တော့!"
ထမင်းစားပွဲက ခဏတာ တိတ်ဆိတ်ငြိမ်သက်သော လေထုထဲ ကျသွားခဲ့သည်။
ခဏကြာတော့ အဖွားရန်က နိဂုံးချုပ်ပေးဖို့စလာသည်။"အမျိုးသမီးတွေ ပြိုင်ဆိုင်ကြတယ်။ လာစမ်း တစ်လှည့်စီ လုပ်ကြည့်ရအောင်။ လတိုင်း တစ်ယောက်စီလုပ်ကြ။ နောက်ပြီး ဘက်လိုက်တာမရှိဘူး"
အဖွားကြီး ရန် စကားပြောပြီးနောက် ဒီကိစ္စက ပြေလည်သွားခဲ့သည်။
ချန်ချိုင်ယွင် မျက်လုံးတွေက လှည့်ပတ်ကာ လတွေကို ရေတွက်ပြီး ပြောခဲ့သည်။ "ဒါဆို ဒီလကို နင့်ကိုအရင်ပေးမယ်။ နောက်လက ငါလုပ်မယ်"
နောက်လက ဆောင်းရာသီဖြစ်မည်ဖြစ်ပြီး တပ်မဟာက ကောက်ပဲသီးနှံတွေ ဝေငှမယ့်လဆိုတာကို လူတိုင်းသတိပြုမိကြသည်။
အိမ်မှာ စားစရာအများဆုံးရတဲ့လလည်း ဖြစ်သည်။
ချန်ချိုင်ယွင်ရဲ့ တွက်ချက်မှုက အရမ်းကောင်းသည်။
လင်းရှောင်ယွဲ့က မူလက သေးငယ်တဲ့အရာတွေက နှင်းဘောလုံးလို ကြီးမားတဲ့အရာတွေအဖြစ် ပြောင်းလဲသွားနိုင်တယ်လို့ တွေးထင်ခဲ့ပေမယ့် မကြာခင် ပြီးဆုံးသွားလိမ့်မယ်လို့ သူမ မမျှော်လင့်ခဲ့ပေ။
သူတို့ ရန်ဖြစ်ခဲ့ကြတာ မဟုတ်ဘူး။ တကယ့်ကို စိတ်ပျက်စရာကြီး။
နေ့လယ်စာစားပြီးနောက် သူမတို့ အေးချမ်းသာယာတဲ့ နေ့ခင်းဘက်ဆီ ရောက်ရှိလာကြသည်။
လင်းရှောင်ယွဲ့က နေ့ခင်းဘက် တစ်ရေးမှမအိပ်တဲ့ ၆ နှစ်အရွယ် ရန်ယန်ကို ချော့မြူနေခဲ့သည်။
သူမ ကုတင်အစွန်းတွင် ထိုင်ကာ အိပ်ပျော်နေတဲ့ မျက်နှာကို ငုံ့ကြည့်နေခဲ့သည်။ လင်းရှောင်ယွဲ့က သူ အလွန်ဆွဲဆောင်မှုရှိတယ် ထင်တာကြောင့် သူ့ဆွဲဆောင်မှုရှိတဲ့ မျက်နှာသွင်ပြင်မှ သူမအကြည့်ကို ဝေးဝေးမသွားနိုင်ခဲ့ဘူးလို့ ထင်ခဲ့သည်။
သူက ဗီလိန်အားလုံးရဲ့ ဘုရင်ဖြစ်ခဲ့တာလား။
ကုတင်ဘေးမှာထိုင်နေတဲ့ လင်းရှောင်ယွဲ့ရဲ့ နှလုံးသားက အနည်းငယ် မျှော်လင့်ချက်ရှိခဲ့သည်...
နိုးထလာမယ့် ကိုယ်ခွဲက တတိယ ကိုယ်ခွဲဖြစ်ပါစေလို့ သူမ မျှော်လင့်ခဲ့သည်.....
အိမ်မှာ ဒီလိုအခြေအနေမျိုးနဲ့ အထူးသဖြင့် သူမနဲ့ စကားပြောဖို့ သေချာတဲ့ ကိုယ်ခွဲကို ရှာချင်ခဲ့သည်။
ထွက်လာတာက....
တတိယ ယောကျ်ားပဲ!