အပိုင်း ၉၅-၉၆
Viewers 6k

Chapter 95


ကျိုးဝမ်လုံ သည် ကြမ်းပြင်ကို မှင်တက်စွာ ကြည့်နေ၍ ဟန်ခိုင် နှင့် လီနန်ရှန့် တို့ကို နားထောင်နေလေသည်။ သူတို့နှစ်ယောက်က ဇွန်ဘီဖမ်းမည့်အကြောင်း ပြောဆိုနေသည်ကို ကြားလိုက်ရပြီး ယန်ဟန် ပျောက်ဆုံးနေကြောင်း ဟန်ခိုင် ၏ စိုးရိမ်တကြီးပြောသံကိုလည်း ကြားလိုက်ရသည်။ 


ယနေ့မနက် ယန်ဟန် ကို သူမတွေ့သည်မှာ အံ့သြစရာ မဟုတ်ပေ။


သူနားထောင်လိုက်သည်နှင့် သူတို့နှစ်ယောက်က စကားပြောနေရာမှရုတ်တရက် ရပ်သွားကြသည်။ တစ်မိနစ်ခန့်အကြာတွင် ရုတ်တရက် သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေကြောင်းကို ခံစားလိုက်ရသည်။ သသက ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ရာ ဟန်ခိုင် ၏ မျက်လုံးများနှင့် ဆုံမိသွားရာ ထိတ်လန့်သွားပြီး လိပ်တစ်ကောင်ကဲ့သို့ ခေါင်းကို ချက်ချင်း ပြန်ငုံ့ကာ ကြမ်းပြင်ကို စိုက်ကြည့်လိုက်ပြန်သည်။


ဟန်ခိုင် သည် ကျိုးဝမ်လုံ ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာနေကာ လီနန်ရှန့် ကလည်း ဟန်ခိုင်  ကျိုးဝမ်လုံလီနန်ရှန့် ဆီသို့ လျှောက်သွားသည်ကို မြင်သောအခါ သူမသိသော်လည်း ချက်ချင်းထပြီး နောက်မှလိုက်လာလေသည်။


"ကျိုးဝမ်လုံ...ယန်ဟန် ဘယ်သွားလဲ မင်းသိလား..." 


ဟန်ခိုင် က ကျိုးဝမ်လုံ ၏ ဂုတ်ပိုး  စိုက်ကြည့်ရင်း အေးစက်စွာ မေးလိုက်သည်။ ကျိုးဝမ်လုံ က လျင်မြန်စွာ ခေါင်းမော့လိုက်ကာ ဘေးဘီကို လှည့်ပတ်ကြည့်လိုက်ပြီး တုန်တုန်ယင်ယင်ဖြင့် ဖြေလိုက်သည်။


 "အာ... ကျွန်တော်မသိဘူး..." 


"မသိဘူး...မင်းဘာလို့ စကား‌တွေထစ်နေတာလဲ...."


လီနန်ရှန့် က ဘေးနားတွင် ရပ်ကာ ပြောလိုက်သည်။


 "ကျွန်တော်...စိတ်​​တွေရှုပ်​​လာရင် ကျွန်တော်က စကားထစ်လာတော့တာပဲ..."


 "ဒါဆို မင်းက ဘာတွေစိတ်ရှုပ်နေတာလဲ...." 


ဟန်ခိုင် က မေးလိုက်သည်။ 


"ခင်ဗျားတို့နှစ်ယောက်က ကျွန်တော့်ကို ရာဇ၀တ်ကောင်တွေလို စစ်ဆေးမေးမြန်းနေတာလေ...ကျွန်တော်စိတ်မရှုပ်ရဘူးလား...." 


"မင်းဘာအမှားမှ မလုပ်ထားဘဲနဲ့ ဘာ​တွေ စိတ်ရှုပ်နေတာလဲ..." 


လီနန်ရှန့် က ပြောလိုက်လေ၏။ 


"ခင်ဗျားတို့နှစ်ယောက် ကျွန်တော့်ကိုကြိုးချည်မှာကို ကျွန်တော်ကြောက်တယ်....ကျွန်တော် ကြိုးချည်ခံရပြီးကတည်းက သတ္တိတွေ နည်းကုန်တာ...." 


ဟန်ခိုင် က လီနန်ရှန့် ကို တစ်ချက်ကြည့်လိုက်ရာ လီနန်ရှန့် ချက်ချင်း နားလည်သွားပြီး သူ့ဘေးက ကြိုးကိုယူကာ ကျိုးဝမ်လုံ ကို ကြိုးတုပ်ထားလိုက်သည်။ 


ကျိုးဝမ်လုံ က သူ့ကို ကြိုးတုပ်ထားတော့မည်ကို မြင်လျှင် ကမန်းကတန်းအော်ပြီး ပြောလိုက်သည်။


 "ဟေ့ကောင်တွေ ဘာလို့ ငါ့ကို ထပ်ချည်ထားတာလဲ...ပြောစရာရှိတိုင်း ဘာလို့ ကြိုးနဲ့ တုပ်နေရတာလဲ .... အိုး.. အသာလုပ်...အသာလုပ်ပါ...အရမ်းကြပ်နေပြီ..."


 "ယန်​ဟန်​ ဘယ်​သွားတာလဲ..." 


ကျိုးဝမ်လုံ ကိုကြိုးတုပ်ပြီးနောက် ဟန်ခိုင် က သူ့ကိုကြည့်ကာ မေးလိုက်သည်။ 


"သူမမှာ ခြေထောက်ပါတယ်လေ...ဘာလို့ ကျွန်တော့်ကို တစ်ချိန်လုံး မေးနေတာလဲ..."


 "မင်းမပြောရင် ဒီနေ့ မင်းကို ခွင့်မလွှတ်ဘူး....မင်းမပြောမချင်း သုံးလေးရက်လောက် ညလုံးပေါက် ကြိုးထားမယ်..." 


"ကျွန်တော် က ဘာပြောရမှာလဲ..."


 


လီနန်ရှန့် က သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်ပြန်သည်။


 "မင်းကို တစ်ခုခု မလုပ်မချင်း မင်းကပြောမှာမဟုတ်ဘူး...ငါ တစ်ကယ်လို့မင်းကို ကောင်းကောင်းကြီး ရိုက်ဆုံးမလိုက်ရင် ပြောမှာလား..." 


ကျိုးဝမ်လုံ က ရှုံ့မဲ့နေကာ ပြောလိုက်ပြန်သည်။


 "အစ်ကိုတို့... ယန်ဟန် ဘယ်သွားမှန်း ကျွန်တော် တစ်ကယ်မသိဘူး...ခင်ဗျားတို့ ကျွန်တော့်ကို ကြိုးနဲ့ချည်ပြီး ရိုက်သတ်ပြီး မေးရင်တောင် ကျွန်တော် တစ်ကယ်မသိဘူး...."


 "ကောင်းပြီ ဒါဆို မင်းကို နောက်တစ်ခု မေးမယ်... မင်းကို ဘယ်သူက ဒီကို ပို့လိုက်တာလဲ..." 


ကျိုးဝမ်လုံ ၏ မျက်နှာသည် ယခင်က မျက်နှာထားနှင့် ရုတ်ချည်း ကွာခြားသွားရလေသည်။ သူက မျက်လုံးကို မှိတ်လိုက်ပြီး ရေရွတ်လိုက်သည်။


 "ဒါ..." 


ကျိုးဝမ်လုံ က ပြောမည့်ဟန်ပြင်လိုက်သော်လည်း တုံ့ဆိုင်းသွားသည့်အတွက် လီနန်ရှန့် က ဘေ့စ်ဘောရိုက်တံကို မြှောက်ပြီး သူ့ကို ရွယ်ထားလိုက်သည်။ ကျိုးဝမ်လုံ သည် လီနန်ရှန့် က သူ့ကို ဘေ့စ်ဘောရိုက်တံဖြင့် ရိုက်တော့မည်ကို မြင်သောအခါ လှမ်းအော်လိုက်သည်။ 


"လျန့်ချောင်... လျန့်ချောင် ပါ... လျန့်ချောင် က အစ်ကို ဟန်ခိုင် ရဲ့ စမ်းသပ်မှု တိုးတက်လာတာကို ကျွန်တော့်ကို စောင့်ကြည့်ခိုင်းပြီး အချိန်မီ သတင်းပို့ခိုင်းတယ်..."


 "ဆက်ပြော..."


 


ဟန်ခိုင် က သူ့ကိုကြည့်ရင်းပြောသည်။ 


"မနေ့က... မနေ့ညက ကျွန်တော် လျန့်ချောင် အစ်ကို့ရဲ့ လူသားတွေမှာစမ်းသပ်ဖို့ ပြင်ဆင်ထားတာတွေအကြောင်း ပြောလိုက်တယ်...." 


" နောက်တော့ရော..."


" ဒီနေ့ အစ်ကို့ကို ဆက်စောင့်ကြည့်ဖို့ ပြောတယ်...."


 "ဒါပဲလား..." 


ဟန်ခိုင် က မျက်ခုံးပင့်ကာ ကျိုးဝမ်လုံ ကို စိုက်ကြည့်လိုက်သည်။ 


"ဒါပါပဲ..." 


"မင်းက ငါ့ကို လိမ်နေတာလား..."


လီနန်ရှန့် က သူ့လက်ထဲရှိ ဘေ့စ်ဘောရိုက်တံကို မြှောက်ပြီး ရွယ်ထားလိုက်ပြန်သည်။


ကျိုးဝမ်လုံ က တုန်ယင်စွာဖြင့် ထပ်ပြောပြန်သည်။ 


"ကျွန်တော် ဒါပဲ သိပါတယ် အစ်ကို..." 


"လျန့်ချောင် က ယန်ဟန် အကြောင်း တခြားဘာမှ မပြောခဲ့ဘူးလား..." 


 "လျန့်ချောင် က ကျွန်တော့်ကို ဘယ်ယုံပါ့မလဲ... သူက ကျွန်တော့်ကို အများကြီး မပြောတတ်ဘူး...ကျွန်တော်မေးရင်လည်း ဘာမှ ပြန်မပြောဘူး..." 


လျန့်ချောင် သည် အရာရာတိုင်းကို ကျိုးဝမ်လုံ ကို ဘယ်တော့မှ မပြောနိုင်လောက်အောင် သတိကြီးကြီးထားနေ၏။ ထို့ကြောင့် ယန်ဟန် ကိုရှာလိုပါက လျန့်ချောင် နှင့် ဖြေရှင်းရ‌ပေမည်။ 


"သူ့မေးလည်း ဘာမှ မသိဘူးထင်တယ် ...လျန့်ချောင် ဆီ သွားရအောင်..." 


နှစ်ယောက်သား ထွက်သွားတော့မည်ကို မြင်လိုက်ရလျှင် ကျိုးဝမ်လုံ က အလျင်စလို လှမ်းအော်လိုက်လေသည်။


"မသွားပါနဲ့ဦး...ကျွန်တော့်ကို အရင် ဖြည်‌ပေးပါ...."


ဟန်ခိုင် သည် တံခါးဆီသို့ လျှောက်သွားနေရင်း  ကျိုးဝမ်လုံ ကို လှည့်ပြောလိုက်သည်။


 "မင်း လျှောက်ပြောပစ်မှာစိုးလို့  ယန်ဟန် ကို ငါရှာတွေ့မှ မင်းကို ပြန်ဖြည်ပေးမယ်..."


 "မဟုတ်ဘူးလေ... သူမကို ရက်အတော်ကြာတဲ့အထိ မတွေ့ရင် ကျွန်တော့်ကို ဒီလိုမျိုးကြီး ကြိုးချည်ထားလို့ မရဘူးလေ..." 


ကျိုးဝမ်လုံ သည် ဟန်ခိုင် ၏ ကျောကို ကြည့်၍ အော်ဟစ်လိုက်သော်လည်း တံခါးပိတ်သံသာ ကြားလိုက်ရတော့သည်။


ဟန်ခိုင် တို့နှစ်ယောက်သား လျန့်ချောင် ၏အခန်းသို့ လျှောက်သွားလိုက်ရာ အပြင်ဘက်မှ တံခါးကို သော့ခတ်ထားသည်ကို တွေ့လိုက်ရပြီး အခန်းထဲတွင် လူမရှိဟု ထင်ရသည်။ 


"ဘာလုပ်ကြမလဲ..." 


လီနန်ရှန့် က သော့ခတ်ထားသော တံခါးကို ကြည့်ကာ ဟန်ခိုင် ကို မေးလိုက်သည်။ 


"အရင်ဆုံး လှည့်ပတ်ရှာကြည့်ရအောင်... စခန်းက အရမ်းကြီးတယ်...သူ အပြင်ကိုလည်း ထွက်မပြေးလောက်ဘူး... သူ့အခန်းကို စောင့်ကြည့်သင့်ရင် ကြည့်ရမှာပဲ...သူအိပ်နေတာ ဖြစ်ရမယ်..." 


သူတို့နှစ်ယောက် စခန်းကို အကြိမ်ပေါင်းများစွာ လျှောက်ရှာခဲ့ကြသော်လည်း လျန့်ချောင် ၏ အရိပ်ကိုပင် မတွေ့ခဲ့ကြပေ။ 


"ဘာဖြစ်လို့ပါလိမ့်...ဒီလောက်ရှာတာတောင် မတွေ့ဘူးဆိုတော့ အခန်းတိုင်းလိုက်ရှာရ တော့မလို ဖြစ်နေပြီ...သူက စခန်းအပြင်ကို တစ်ကယ် ထွက်သွားတာလား..." 


လီနန်ရှန့် ကသက်ပြင်းချလိုက်ရင်း ပြောလိုက်သည်။ 


"ထူးဆန်းလိုက်တာ ယန်ဟန်လည်း မတွေ့ဘူး..." 


ဟန်ခိုင် သည် သူနှင့် တစ်ချိန်လုံး တွေ့နေရသောသူများမှာ ရုတ်တရက် ပျောက်သွားကြသဖြင့် တိုက်ဆိုင်မှုတစ်ခုဟု မထင်တော့ဘဲ စိတ်ပူလာရသည်။


 


"ဒါဆို မင်း လျန့်ချောင် ရဲ့ တံခါးကို သွားစောင့်နေလိုက်..."


Xxxxxx


Chapter 96


"ယန်ဟန် တစ်ခုခုဖြစ်မှာ ကြောက်တယ်..."


ဟန်ခိုင် ၏ မျက်လုံးများသည် စိုးရိမ်စိတ်များ ပြည့်နှက်နေလေသည်။ 


" မဟုတ်လောက်ပါဘူး...သူမက လျန့်ချောင် ကို ဘာမှ နစ်နာအောင် မလုပ်ခဲ့ဘူးလေ... လျန့်ချောင် က သူမကို မသတ်လောက်ပါဘူး....ပြီးတော့ လျန့်ချောင် ကလည်း CDCရဲ့ ပါမောက္ခ မဟုတ်လား... ယန်ဟန် ရဲ့ ကာကွယ်ဆေးက အခုမှ မျှော်လင့်လို့ပဲရသေးတာ...ရုပ်လုံးပေါ်သေးတာ မဟုတ်ဘူး...တစ်ကယ်လို့ ယန်ဟန် သာ သေသွားရင် ကာကွယ်ဆေးကို သုတေသနပြုဖို့ မျှော်လင့်ချက် မရှိတော့ဘူးလေ..." 


ဟန်ခိုင် စိုးရိမ်ပူပန်နေသည်ကို မြင်သောအခါ လီနန်ရှန့် လည်း အလွန်စိတ်မသက်မသာ ဖြစ်မိသောကြောင့် သူ့ကိုနှစ်သိမ့်ရန် အစွမ်းကုန် ကြိုးစားလိုက်သည်။


လီနန်ရှန့် ပြောလိုက်သည့်စကားတစ်ခွန်းက ဟန်ခိုင် ၏ အသိစိတ်ကို ပုတ်နှိုးလိုက်သကဲ့သို့  သူ့ကိုယ်သူ ရေရွတ်လိုက်သည်။


"ကာကွယ်ဆေးတွေ သုတေသနလုပ်ဖို့ မျှော်လင့်ချက်တွေ မရှိတော့ဘူး...ဟုလား...ယန်ဟန် ကာကွယ်ဆေးထုတ်မှာကို ဘယ်သူက တား‌ချင်နေတာလဲ..." 


လီနန်ရှန့် သည် ဟန်ခိုင် တိုးတိုးလေးဖြင့် ရေရွတ်နေသည်ကို မြင်သော်လည်း ဘာပြောနေမှန်း မသိသဖြင့် မေးလိုက်သည်။


 "ဟန်ခိုင်...ဘာပြောနေတာလဲ..." 


ဟန်ခိုင် က ခေါင်းကို မော့ကာ အသံကိုမြှင့်၍ ပြောလိုက်သည်။


"ဟွမ်ကျစ်ပင်း..."  


 "ဘယ်သူလဲ... ဟွမ်ကျစ်ပင်း က ဘယ်သူလဲ..."


လီနန်ရှန့် က မြေခွေးတစ်‌ကောင်၏ အကြည့်နှင့် မေးလိုက်သည်။


 "ယန်ဟန် ရဲ့ မွေးစားအဖေ ဟွမ်ကျစ်ပင်း ကသာ ဇွန်ဘီဗိုင်းရပ်စ်ပိုး ဖြစ်လာအောင် ဦးဆောင်ခဲ့တယ်ဆိုရင် သူက ကာကွယ်ဆေး တီထွင်တာကို ရပ်သွားအောင် ယန်ဟန် ကို လိုချင်နေမှာပဲ... ယန်ဟန် ပျောက်သွားတာ သူနဲ့ သက်ဆိုင်မှု ရှိရမယ်..."


လီနန်ရှန့် သည် နားမလည်ဘဲ  စိတ်ရှုပ်သွားရပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။


 "အားခိုင်...အစ်ကို ဘာပြောနေတာလဲ... ငါနားမလည်နိုင်တော့ဘူး..." 


"မင်းကို ငါ ဖြည်းဖြည်းချင်း ရှင်းပြပါ့မယ်...အခု ဟွမ်ကျစ်ပင်း ဆီကို အရင်သွားမယ်..."


ဟန်ခိုင် သည် ဟွမ်ကျစ်ပင်း ၏အခန်းကို သွားလိုက်ရာ တံခါးကိုအပြင်မှ သော့ခတ်ထားသည်ကို တွေ့ရလေသည်။


"ထူးဆန်းတယ်...ဘာလို့ ဟွမ်ကျစ်ပင်း က ဒီမှာ ရှိမနေတာလဲ..." 


ဒီနေ့ အဓိကလူတွေမှ ဘယ်လိုလုပ် ပျောက်သွားရတာလဲ...


ဘာများဖြစ်နေလို့လဲ... 


"နန်ရှန့်...မင်း ဟွမ်ကျစ်ပင်း တံခါးကို စောင့်ကြည့်နေ...ငါက လျန့်ချောင် တံခါးကို စောင့်ကြည့်မယ်... ဟွမ်ကျစ်ပင်း ကို မင်းမြင်ရင်  ဖမ်းထားလိုက်... ထွက်မပြေးစေနဲ့..."


 "ဟွမ်ကျစ်ပင်း ကို ကျွန်တော် မသိဘူး..."


 "လျန့်ချောင် ကို သိလား..." 


"လျန့်ချောင် ကိုတော့ မြင်ရင်မှတ်မိမယ် ထင်တယ်..."


"ကောင်းပြီ...ဒါဆို မင်း လျန့်ချောင် ရဲ့အခန်းကိုသွားပြီး စောင့်နေလိုက်...ဟွမ်ကျစ်ပင်း ရဲ့တံခါးကို ငါစောင့်လိုက်မယ်..."


လီနန်ရှန့် က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းဆိုသလို  လျန့်ချောင် ၏အခန်းဆီသို့ လျှောက်သွားလိုက်သည်။ လီနန်ရှန့်  လှေကားထစ်ကို ဆင်းလိုက်သောအခါ လင်းကျင်းရှု ကို တွေ့လိုက်ရသည်။ လင်းကျင်းရှု သည် သူမနောက်ဆုံး ပြဿနာရှာပြီကတည်းက အချိန်အတော်ကြာ ဟန်ခိုင် ဆီသို့ မလာရဲခဲ့ပေ။


လင်းကျင်းရှု သည် လီနန်ရှန့် လှေကားထစ်မှ အမြန်ဆင်းလာသည်ကိုမြင်ပြီး မေးလိုက်သည်။


 "ဟန်ခိုင် ဘယ်မှာလဲ..." 


လီနန်ရှန့် သည် သူမကို ဂရုမစိုက်ချင်သော်လည်း ဟန်ခိုင် ဟုပြောလိုက်သဖြင့် ပြန်ဖြေလိုက်သည်။


 "ဟန်ခိုင် က အရမ်း အလုပ်ရှုပ်နေတယ်...မင်းနဲ့ စကားပြောဖို့ အချိန်မရှိဘူး... မင်း ဒက္ခပေးချင်ရင် တခြားတစ်ယောက်ကို လိုက်ရှာလိုက်....." 


လင်းကျင်းရှု က မျက်နှာထားပြောင်းသွားပြီး အေးစက်စွာ ပြောလိုက်သည်


 "ကျွန်မ သူ့ကို အရေးကြီးပြောစရာ ရှိလို့လိုက်ရှာနေတာ... " 


"မင်းမှာ ဘာများ အရေးကြီးကိစ္စ ရှိမှာလဲ...ငါလည်း အခု အရေးတကြီး ကိစ္စရှိနေတယ်..." 


လီနန်ရှန့် သည် သူမအား ပြောမနေတော့ဘဲ အောက်ထပ်သို့ ဆင်းသွားလိုက်သည်။ 


လီနန်ရှန့် ထွက်သွားသည်ကိုမြင်လျှင် လင်းကျင်းရှု က လှမ်းအော်လိုက်သည်။


"ယန်ဟန် ကို လူတယောက်က ဆွဲခေါ်သွားတာကို ကျွန်မမြင်လိုက်တယ်..." 


သူမစကားဆုံးသွားသည်နှင့် လီနန်ရှန့် က ချက်ချင်း နောက်ပြန်လှည့်လာပြီး  လင်းကျင်းရှု ဆီကို ပြေးလာလေသည်။


 "ယန်ဟန် ကို တွေ့တယ် ဟုတ်လား... ဟန်ခိုင် နဲ့ ငါ သူ့ကို ရှာနေတာ ကြာပြီ... အခု မှောင်လည်း မှောင်နေပြီဆိုတော့ ဟိုမှာ ဟန်ခိုင် ရူးမတတ်ဖြစ်နေပြီ..." 


 "ကျွန်မ အစ်ကိုဟန် နဲ့တွေ့ချင်တယ်..."


" ဟန်ခိုင် က အပေါ်ထပ်မှာ..." 


လီနန်ရှန့် က ရှေ့မှ ပြေးတက်လိုက်သည်။ လီနန်ရှန့် စင်္ကြံတွင် ပေါ်လာသည်နှင့် ဟန်ခိုင် က လှမ်းအော်လိုက်၏။


 "နန်ရှန့်...မင်းဘာလို့ ပြန်လာတာလဲ..." 


"အားခိုင်..အားခိုင်...ယန်ဟန် ဘယ်မှာလဲဆိုတာကို လင်းကျင်းရှု သိတယ်..." 


လီနန်ရှန့်  စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဟန်ခိုင် သည် သူ့နောက်မှ လိုက်လာသော လင်းကျင်းရှု ကို တွေ့လိုက်ရသည်။ ဟန်ခိုင် သည် လင်းကျင်းရှု ကို တစ်လှည့် လီနန်ရှန့် ကို တစ်လှည့် ကြည့်လိုက်ပြီး မေးလိုက်သည်။


 "နန်ရှန့်...ဘာကိစ္စရှိလို့လဲ..." 


"မသိဘူး....ကျွန်တော် အောက်ထပ်ကို ဆင်းသွားတော့ လင်းကျင်းရှု က ရုတ်တရက် ပြေးလာပြီး ယန်ဟန် ကို လူတစ်ယောက်က ဆွဲခေါ်သွားတာကို တွေ့လိုက်ရတယ်လို့ ပြောတယ်.." 


"ယန်ဟန် ကိုတွေ့တယ် ဟုတ်လား ...ဘယ်တုန်းကလဲ..."


လင်းကျင်းရှု သည် ဟန်ခိုင် က ယန်ဟန် ကို စိုးရိမ်ပူပန်နေသည်ကို တွေ့လိုက်ရသောအခါ သူမ မနာလိုစိတ်ဖြင့် ပူလောင်သွားရသော်လည်း အားတင်းကာ ပြောလိုက်သည်။


 "ဒီမနက်စောစော အိပ်ယာထပြီး လမ်းလျှောက်နေရင်း လူလတ်ပိုင်း တစ်ယောက်နဲ့ ယန်ဟန် စကားပြောနေတာကို တွေ့လိုက်ရတယ်...မကြာပါဘူး...လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ထပ်ရောက်လာ‌တယ်လေ...ပြီး‌တော့ နောက်မှ ရောက်လာတဲ့လူက ယန်ဟန် နောက်ကို တိတ်တိတ်လေးလာပြီး သတိမေ့သွားအောင် ရိုက်လိုက်တယ်..."


 "ဒါဆို ယန်ဟန်ကို ဘယ်ခေါ်သွားတာလဲ.." 


လင်းကျင်းရှု က လက်ညိုးထိုးပြပြီး ပြောလိုက်သည်။


 "စခန်းရဲ့ မြေအောက်ခန်းကို..." 


 "ဘာလဲ... စခန်းမှာ မြေအောက်ခန်းရှိတယ်ပေါ့.." 


လီနန်ရှန့် က အံ့သြတကြီး ပြောလိုက်လေသည်။ 


"စခန်းရဲ့ မြေအောက်ခန်း ဝင်ပေါက်က ဘယ်နားမှာလဲ သိလား..."


လင်းကျင်းရှု က ခေါင်းညိတ်လိုက်ပြီး


ပြောလေသည်။


 "လူနှစ်ယောက်က ယန်ဟန်ကို ခေါ်သွားလို့ ကျွန်မလည်း လိုက်ကြည့်တာ မြေအောက်ခန်းကို တွေ့လိုက်ရတယ်... နောက်တော့ သူတို့တွေ့သွားမှာ ကြောက်လို့ မြေအောက်ခန်း ထဲအထိတော့ ကျွန်မ ဆက်မလိုက်တော့ဘူး..." 


"ဒါဆို မင်း ငါတို့ကို အဲဒီမြေအောက်ခန်းကို လိုက်ပို့..." 


 "ကျွန်မနောက်ကို လိုက်ခဲ့..." 


လင်းကျင်းရှု သည် ဟန်ခိုင် နှင့် လီနန်ရှန့် တို့ကို မြေအောက်ခန်း ၀င်ပေါက်ဆီသို့ ခေါ်သွားခဲ့ပြီး သူမ၏ ဆုံးဖြတ်ချက် မှန်မမှန်ကို မဝေခွဲနိုင်ဖြစ်နေရလေသည်။


Xxxxxxx