၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်
အပိုင်း ၁၇
ရန်ဟုန်ရင်က သူတို့နှစ်ယောက်လုံးကို အကြောင်းပြချက်မရှိဘဲ သကြားလုံးပေးတဲ့အချိန်ကစလို့ လင်းရှောင်ယွဲ့က ဒီမိသားစုမှာ မကောင်းတဲ့လှုပ်ရှားမှုရှိနေမှန်းသိခဲ့သည်။
သူတို့ နှလုံးသားထဲ စေ့ဆော်မှုများနှင့် ထူထောင်ရန် ၎င်းတို့ အစီအစဉ်ကို စတင်ဖို့ အဆင်သင့် ဖြစ်နေသည်။
ဟုတ်ပါတယ်၊ ရန်ဟုန်ရင်က ရန်ယန်ကို ခေါ်သွားလိုက်တာနဲ့ ချန်ချိုင်ယွင်က နောက်က လိုက်လာခဲ့သည်။
ချန်ချိုင်ယွင်က အိပ်ယာခင်းတွေနဲ့ ရောက်ချလာသည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ ပြဿနာရှာနေတာ ထင်ရှားသည်။
လင်းရှောင်ယွဲ့ သူမကို မကြောက်ဘဲ သူမ ဖျော်ဖြေတာကို တိတ်တဆိတ် ကြည့်နေခဲ့သည်။
"လင်းရှောင်ယွဲ့၊ ဒီအခင်းကို လျှော်လိုက်!"
ချန်ချိုင်ယွင်က အခင်းကို လင်းရှောင်ယွဲ့ နောက်က ရေပုံးထဲ ပစ်ချလိုက်ပြီး အမိန့်ပေးစေခိုင်းတဲ့ လေသံဖြင့် ပြောခဲ့သည်။
လင်းရှောင်ယွဲ့ မဖြေခင် သူမ ချက်ချင်း နောက်ထပ်စာတစ်ကြောင်းထပ်ပြောခဲ့သည်။ "ဒါကို သေချာလျှော်ဖွတ်သန့်စင်ထား။ ငါနောက်မှ လာစစ်ဆေးမယ်။ မသန့်ရှင်းရင် ပြန်လျှော်ရမယ် !"
ချန်ချိုင်ယွင်က ပြဿနာကို နှိုးဆော်ဖို့ အကြောင်းပြချက် တမင်တကာ ရှာဖွေနေတာဖြစ်ကြောင်း လင်းရှောင်ယွဲ့ သိသည်။
ချန်ချိုင်ယွင်က သူမ အိမ်အလုပ်လုပ်တာ ငြင်းဆန်ဖို့ မျှော်လင့်ထားသည်။ ထိုအချိန်တွင် ချန်ချိုင်ယွင်၌ သူမနဲ့ ငြင်းခုံဖို့ လုံလောက်တဲ့ အကြောင်းပြချက် ရှိလိမ့်မည်...
ချန်ချိုင်ယွင်ရဲ့ အစီအစဉ်... လင်းရှောင်ယွဲ့က ၎င်းကို တစ်ချက်ကြည့်လိုက်သည်။
ဒါပေမယ့် ချန်ချိုင်ယွင်ရဲ့ အစီအစဥ်ထဲ လင်းရှောင်ယွဲ့ ခုန်ဆင်းနေဆဲဖြစ်သည်။
ပြောင်းဖူးမှုန့်ကို ကြိတ်ရင်း “ဒုတိယ အဒေါ်၊ ကျွန်မမှာ အလုပ်တွေ အများကြီး ကျန်သေးတယ်။ ဒီပြောင်းဖူးက ညအထိ ကြိတ်ဖို့ လုံလောက်တယ်။ ကျွန်မအတွက် နောက်ထပ် အလုပ်တွေ ထပ်ထည့်ဖို့ အဒေါ် ဘယ်လိုလုပ်နေရတာလဲ ”
"ငါပြောတာက ဘာဖြစ်နေလို့လဲ။ နင် အလုပ်လုပ်သင့်တာပဲလေ!"
ချန်ချိုင်ယွင်က ခါးထောက်ကာ “ဒီပြောင်းဖူးမှုန့်ကို ချထားပြီး ငါ့အိပ်ယာခင်းတွေကိုလျှော်လိုက်။ ညကျမှထိုင်ပြီး ပြောင်း ကြိတ်လို့ရတာပဲ။ အချိန်အများကြီးရှိသေးတယ်!"
မနက်ခင်း ပန်းကန်ဆေးဖို့ လင်းရှောင်ယွဲ့ ကို ခေါ်ခဲ့တဲ့ ရန်ချန်ယွီထက် သူမရဲ့ လေသံက အဆများစွာ ပိုပြင်းထန်သည်။
လင်းရှောင်ယွဲ့က လှည့်စားမှုတစ်ခုလို့ သိထားပေမယ့် သူမနောက်ကို လိုက်ဖို့ ငြင်းဆန်နေတုန်းပဲ။ "ဒုတိယအဒေါ်မှာ ကိုယ်လက်အင်္ဂါချို့ယွင်းနေလို့များလား။ မဟုတ်ရင် ကျွန်မမှာလည်း အလုပ်တွေများနေပြီး ညနေအထိ အလုပ်ရှုပ်နေလိမ့်မယ်။ ဒုတိယအဒေါ်က ပျင်းလွန်းလို့ မိသားစုအလုပ်တွေ မပြီးသေးတာလား"
“လူကြီးတွေက နင့်ကို အလုပ်လုပ်ခိုင်းရင် စကားတွေအများကြီးပြောမနေနဲ့ လုပ်လိုက်ပေါ့။ နင့်မှာ ဆုံးမပေးမယ့်သူ မရှိဘူး မဟုတ်လား"
ချန်ချိုင်ယွင်က နောက်ဆုံး ဒေါသထွက်ဖို့ ဤအခွင့်အရေးကို ရယူခဲ့သည်။ သူမ အံကြိတ်ကာ ဒေါသထွက်လာသည်။ သူမ အင်္ကျီလက်ကိုမတင်ကာ လင်းရှောင်ယွဲ့ နားရွက်ကို ဆွဲလိုက်သည်။
ဒေါသအရှိန်ကြောင့် လင်းရှောင်ယွဲ့ မတုံ့ပြန်နိုင်ခဲ့ပေ...
လင်းရှောင်ယွဲ့ နောက်ဆုံး တုံ့ပြန်လိုက်တဲ့အခါ သူမ အော်သံ မထွက်ခဲ့ပေ။ သူမ ချန်ချိုင်ယွင် ဆံပင်ကို နောက်ပြန်ဆွဲကိုင်လိုက်ပြီး အောက်ဆွဲချလိုက်သည်။
"အားးးးးးးးး-"
ဆန့်ကျင်ဘက်အနေနဲ့ ချန်ချိုင်ယွင်က ပထမဆုံး အော်ဟစ်ခဲ့ပြီး လင်းရှောင်ယွဲ့ နားရွက်ကို ဆွဲကိုင်နေသည့် လက်ကိုပင် လွှတ်ပေးခဲ့သည်။
လင်းရှောင်ယွဲ့ က သူမကို လွှတ်လိုက်ပြီဆိုတာ မြင်လိုက်ရုံနဲ့ ... သူမကို မြေပြင်ပေါ် တိုက်ရိုက်တွန်းချလိုက်သည်။
လက်ရဲ့လုပ်ဆောင်ချက်သည်လည်း သန့်ရှင်းပြတ်သားသည်ဟု ဆိုနိုင်သည်။
"နင်....နင် ခွေးမ! နင် အသက်ကြီးတဲ့သူတွေကိုတောင် ရိုက်ရဲတယ်! နင််မှာ အသိ တရားကိုမရှိဘူး!"
လင်းရှောင်ယွဲ့က သတ္တိရှိရှိ လှုပ်ရှားဝံ့တာကြောင့် ချန်ချိုင်ယွင် အံ့အားသင့်သွားပြီး သူမမျက်နှာ လှည့်လာသည်နှင့်အမျှ သူမ ဒေါသဖြစ်လာသည်။
မြေပြင်ပေါ်ထိုင်ပြီး အော်ငေါက်ရင်း ဆံပင်တွေကရှုပ်ပွနေခဲ့သည်။
လင်းရှောင်ယွဲ့ ကတော့ ဘာကိုမှ မကြောက်ဘူး။ သူမ ပြန်ပြီး လှောင်ပြောင်လိုက်သည်။ " ဒေါ်လေး၊ ကျွန်မက ရှင်တို့မိသားစုဆီ ၁၉.၉ ယွမ်နဲ့ ရောင်းစားခံခဲ့ရတဲ့ မိန်းကလေးပါ။ ဒါကိုစဥ်းစားကြည့်လိုက်ဥိီး။ ကျွန်မအမေရဲ့မိသားစုက ဘယ်လောက်ဆင်းရဲတယ်ဆိုတာ ရှင်သိရလိမ့်မယ်။ ကောင်းမွန်တဲ့ ပြုစုပျိုးထောင်မှုကို ဘယ်သူကပေးနိုင်မလဲ။ ဟမ့်~*"
လင်းရှောင်ယွဲ့ ဟမ့် လို့လုပ်ပြီးရယ်လိုက်သည်။ "ကျွန်မက ရိုက်နှက်ရဲတယ်။ မိန်းမ မပြောနဲ့ ယောက်ျားကိုတောင် ရိုက်ရဲတယ်။ ဒုတိယအဒေါ် ကျွန်မရဲ့ သွန်သင်ဆုံးမခံရပုံအကြောင်း မပြောဖို့ မျှော်လင့်ပါတယ်။ ကျွန်မ မှာ သွန်သင်ဆုံးမမဲ့သူမရှိဘူး။ ကျိန်ဆဲဖို့ မကြောက်ဘူး၊ ရိုက်ဖို့လည်း မကြောက်ဘူး။ ကျွန်မကို အနိုင်ကျင့်တဲ့သူကို ပြန်အနိုင်ကျင့်ဖို့ပဲ ကျွန်မသိတယ်"
ဒီခေတ်မှာ အသက်ကြီးသူတွေက ဆူဆဲ လို့ရပေမယ့် ပြန်ပြီး ဆူဆဲလို့မရဘူး။
သင့်ရဲ့သားကို ကောင်းကောင်းသင်ပေးမထားရင် အဲ့တာက အဖေရဲ့အပြစ်။ မိန်းကလေးကို ပညာကောင်းကောင်းမသင်ပေးရင် မိခင်ရဲ့အပြစ်ပင်။
ထိုအချိန်တွင် လင်းရှောင်ယွဲ့ က သူမကို စျေးသက်သက်သာသာဖြင့် ရောင်းချပေးသည့် မိခင်တစ်ယောက်ရှိသည့်အတွက် ကျေးဇူးတင်မိသည်။
သူမရဲ့ စုတ်ပြတ်နေတဲ့ နောက်ခံက ကန့်သတ်ချက်ထက် ကျော်လွန်လုပ်ဆောင်ဖို့ ပံ့ပိုးပေးခဲ့သည်။
"နင်! နင် ခွေးမ! ဒီနေ့ နင့်ကို သင်ခန်းစာတစ်ခု သင်ပေးမှရမယ်!"
ချန်ချိုင်ယွင် ဒေါသထွက်သွားသည်။
သူမ မြေပြင်မှထကာ ခြံထဲက ဂေါ်ပြားကို ချက်ချင်းဆွဲယူပြီး ဒေါသတကြီးဖြင့် လင်းရှောင်ယွဲ့ ဆီ ပြေးသွားခဲ့သည်။
လင်းရှောင်ယွဲ့ လက်သီးများက ဂေါ်ပြားကို အနိုင်မယူနိုင်ဘဲ ချန်ချိုင်ယွင် လက်နက်ကိုင်ထားတာကို သူမမြင်တဲ့အခါ သူမကို တိုက်ခိုက်ဖို့ မလုပ်ရဲခဲ့ပေ။
ထို့ကြောင့် ဂေါ်ပြားကို မြင့်မြင့်ကိုင်ထားရင်း ချန်ချိုင်ယွင်နဲ့ လင်းရှောင်ယွဲ့တို့ ခြံဝင်းထဲ ပြေးလွှားဆော့ကစားခဲ့သည်။
ချန်ချိုင်ယွင်က "ခွေးမ အဲ့နေရာမှာရပ်စမ်း။ နင့်ကို မိရင် နင့်ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်!"လို့အော်ရင်း နောက်က လိုက်နေခဲ့သည်။
နောက်ဆုံးတွင် လင်းရှောင်ယွဲ့က ငယ်ရွယ်တဲ့သူဖြစ်သည်။ သူမ ခြေထောက်တွေက ချန်ချိုင်ယွင် ထက် အများကြီးမြန်သည်။ ချန်ချိုင်ယွင် သူမကို အမှီမလိုက်နိုင်ပေ။
ချန်ချိုင်ယွင်ကို တံမြက်စည်းနဲ့ ပြန်တိုက်ခိုက်ရမလားလို့ သူမ စဥ်းစားနေသည်။
ထိုအချိန်တွင် အိမ်ထဲက ရန်ချန်ယွီက ရုတ်တရက် အခန်းအပြင် ပြေးထွက်လာခဲ့သည်။
အချိန်မှန်လို့ ရန်ချန်ယွီက လင်းရှောင်ယွဲ့ ကို လှမ်းဆွဲလိုက်သည်။ သူမလင်းရှောင်ယွဲ့ ကို ရွှေ့ခွင့်မပြုပေ။
"ကြည့်လိုက် ငါနင့်ကိုရိုက်သတ်မလားဆိုတာ ကြည့်ထားလိုက် ခွေးမ!"
ချန်ချိုင်ယွင်က နောက်ဆုံးတွင် ဂေါ်ပြားနဲ့ ခေါင်းကို မရိုက်ရဲဘဲ ဂေါ်ပြားကို ကိုင်ထားပြီး လင်းရှောင်ယွဲ့ ပုခုံးဆီ တည့်တည့်တိုးလာခဲ့သည်။
လင်းရှောင်ယွဲ့က ရန်ချန်ယွီ လက်ထဲက ဘယ်လို ရုန်းကန်နေပါစေ မလွတ်မြောက်နိုင်ပေ။ ဂေါ်ပြားကိုတွေ့တော့ မျက်လုံးမှိတ်ပြီး အော်လိုက်သည်။ "ရန်ယန်၊ ကူညီပါဦး!"
အရမ်းနောက်ကျသွားပြီ။
ဂေါ်ပြားက သူမအပေါ်ကို ပြုတ်ကျခါနီးမှာ ချန်ချိုင်ယွင်ကို ရန်ယန်က ရိုက်လိုက်ပြီး တိုက်ရိုက်ပြုတ်ကျသွားခဲ့သည်။
စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ဒီအခြေအနေတွေက ဖြစ်ပျက်သွားခဲ့တယ်...
ချန်ချိုင်ယွင်က လင်းရှောင်ယွဲ့ ကို တိုက်ခိုက်ခါနီး ရန်ယန်က ခြံဝင်းထဲ ပြေးဝင်ကာ ချန်ချိုင်ယွင် ခေါင်းကို ရိုက်လိုက်ပြီး ချန်ချိုင်ယွင်က မြေပြင်ပေါ် လဲကျသွားခဲ့ကာ ဂေါ်ပြားလည်း မြေပေါ်ကျသွားသည်။
သူ အလွန်လျင်မြန်စွာ ရွေ့လျားသွားပြီး အခင်းဖြစ်ပွားရာနေရာရှိ အမျိုးသမီး သုံးဦးက တုံ့ပြန်ခြင်း မပြုနိုင်ခဲ့ပေ။
လင်းရှောင်ယွဲ့က ရန်ယန် သူမနားခြေလှမ်းများစွာလှမ်းလာတာကိုမြင်ပြီး ရန်ချန်ယွီ လက်ကို သူမဆီမှ အတင်းဖယ်ထုတ်လိုက်သည်။ သူက လင်းရှောင်ယွဲ့ ကို သူ့နောက် ဆွဲခေါ်လိုက်သည်။
ရန်ယန်က သူ့ 'သစ္စာမဲ့သော' အပြုအမူကို ချက်ချင်းပြန်လုပ်ခဲ့သည်..
သူ့လက်ကို မြှောက်လိုက်ပြီး ရန်ချန်ယွီကို ပါးရိုက်လိုက်ကာ ခြံဝင်းထဲ ပြတ်သားတဲ့ ပါးရိုက်သံက ထွက်ပေါ်လာခဲ့သည်။
ရန်ချန်ယွီလည်း ပါးရိုက်ခံရပြီး နဖူးကို ထိမှန်ကာ အော်ဟစ်ခဲ့သည်...
ရန်ယန်က သူ့လူကြီးတွေကို ရိုက်နှက်တယ်...
အဲဒါကို လူတွေကြားတဲ့အခါ သူတို့က အဲဒီအကြောင်းပြောပြီး ဟာသတစ်ခုအနေနဲ့ ပြောကြလိမ့်မယ်။
ရန်ယန်က ရူးနေပေမယ့် သူ့သဘောသဘာဝက ကြင်နာတတ်ပြီး ရိုးရှင်းကြောင်း တစ်ရွာလုံးသိတာကြောင့်ဖြစ်သည်။ ဒါပေမယ့် ထိုအချိန်တွင် ရန်ယန်က အသက်ကြီးတဲ့သူနှစ်ဦးကို ရိုက်ခဲ့ရုံသာမက ၎င်းတို့က အမျိုးသမီးနှစ်ဦးလည်းဖြစ်သည်။
ရန်ချန်ယွီနဲ့ ချန်ချိုင်ယွင်တို့က ရန်ယန်ရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး မြေပြင်ပေါ် လဲကျကာမထနိုင်တော့ပေ။
သူတို့အားလုံးက ရန်ယန်ကို မျက်ဝန်းထဲက မြင်နိုင်သည့် ကြောက်ရွံ့မှုနှင့်အတူ စိုက်ကြည့်နေကြသည်။
ရူးတဲ့သူတွေကို သူတို့ မကြောက်ပေမယ့် အရူးတွေ ဆိုးလာတာကိုတော့ သူတို့ ကြောက်ကြတယ်....
ရန်ယန်က အရပ်ရှည်သည်။ သူ့ ခွန်အားကလည်း မနည်းလှပေ။
ရှင်းနေသည်မှာ အိမ်ဝင်းအတွင်းရှိ အမျိုးသမီးနှစ်ဦးက ရန်ယန်ကို ရန်မဆွဝံ့ပေ။
အစထဲက ဤတတိယကိုယ်ခွဲက ကြမ်းတမ်းတယ်ဆိုတာ လင်းရှောင်ယွဲ့ သိသည်။ မူရင်းစာအုပ်မှာ သူက ရမ်းကားတဲ့ ဇာတ်ကောင်ပဲ။
သူပြစ်မှု ကျူးလွန်တာဖြစ်ဖြစ်၊ မကျူးလွန်တာဖြစ်ဖြစ် ဂရုမစိုက်ဘူး။ သူပျော်နေသရွေ့ ဘာမဆို လုပ်နိုင်သည်။
သူ့ကိုယ်ခွဲ နှစ်ခုအပြင်၊ ဤကမ္ဘာပေါ်တွင် သူ့ကို ကြောက်ရွံ့စေမည့်သူမရှိပေ။ ထို့ကြောင့် သူ့အသက်ကြီးသူများကို ရိုက်နှက်ခြင်းက ဤတတိယကိုယ်ခွဲအတွက် ကြီးကြီးမားမားကိစ္စမဟုတ်ပေ။
သူ တိုက်ခိုက်ချင်ရင် တိုက်ခိုက်ပစ်လိုက်မယ်။
ဒါပေမယ့်လည်း သူ့ဇနီး လင်းရှောင်ယွဲ့ က သူ့အရှုပ်အထွေးများကို ရှင်းထုတ်နေရဆဲဖြစ်သည်။ "ရှောင်ယန်၊ စိတ်မဆိုးပါနဲ့၊ အဒေါ်အကြီးဆုံးနဲ့ ဒုတိယအဒေါ်က ကျွန်မကို အနိုင်ကျင့်နေတာ မဟုတ်ပါဘူး။ သူတို့က ကျွန်မနဲ့ ကစားနေတာ၊ လူဆိုးတွေကို ရိုက်နှက်သင့်ပေမယ့် သူတို့က လူဆိုးတွေမဟုတ်ဘူး။ ရှင် သူတို့ကို ထပ်မရိုက်ရဘူးနော်။ အိုး!"
ရန်ယန် အမူအရာမှာ အန္တရာယ်ပြုမည့်လက္ခဏာရှိနေပြီး သူတို့နှစ်ဦးကို စိုက်ကြည့်နေသည်။ သိမ်းငှက်လို စူးရှတဲ့ မျက်လုံးများက ချန်ချိုင်ယွင်နဲ့ ရန်ချန်ယွီကို နှလုံးသားထဲအထိ တုန်လှုပ်ချောက်ချားနေအောင် ဖန်တီးပေးနေသည်။
ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်က ရန်ယန်ရဲ့မျက်နှာမှာ ဒီလိုအမူအရာမျိုး တစ်ခါမှမမြင်ဖူးလို့ပဲ။
ဒီအမူအရာက... အရူးနဲ့ လုံးဝမတူဘူး။ ယင်းအစား ၎င်းက အရူးတစ်ယောက်ထံမှ လာပုံရသည်။
"ရှောင်ယန်၊ စိတ်မဆိုးနဲ့တော့နော်။ ရှင့်အစ်မနဲ့ သကြားလုံးစားဖို့ ဘာလို့ မလိုက်သွားတာလဲ"
ကျွန်မတို့ အတူတူသွားပြီး သကြားလုံးသွားစားကြမလား" လင်းရှောင်ယွဲ့က ရန်ယန် အင်္ကျီကို ဆွဲကိုင်လိုက်ပြီး သူ့ကို ဆက်ချော့ခဲ့သည်။
နောက်တစ်စက္ကန့်တွင် ရန်ယန်က သူ့မဲမှောင်နေသည့်အမူအရာကို ရုတ်တရက် ဖယ်ရှားလိုက်သည်။ ပါးလွှာတဲ့ နှုတ်ခမ်းများက ထောင့်စေ့အောင်ပင့်ကာ ပြုံးလိုက်သည်။
လင်းရှောင်ယွဲ့ ရဲ့ လည်ပင်းကိုသိုင်းဖက်ရင်း "ဟုတ်တယ်၊ သကြားလုံးသွားယူရအောင်!"
သူ့အမူအရာက ခဏအတွင်း ပြောင်းလဲသွားပေမယ့် သူ့ပတ်ဝန်းကျင်ရှိ အရိပ်အယောင်က အားကောင်းနေသေးသည်။
ကြောက်စရာကြီး!
သူ့ခန္ဓာကိုယ်ထဲမှာ လင်းရှောင်ယွဲ့ က ဇာတ်လမ်းထဲက တကယ့်ဗီလိန်ရဲ့ အရိပ်အယောင်ကို ခံစားခဲ့ရသည်။
ဒီကိုယ်ခွဲက........ ချောလွန်းတယ်...!
"သကြားလုံးက ဘယ်မှာယူရမှာလဲ။ မြို့ရဲ့ထောက်ပံ့ရေးအိမ်မှာလား" လင်းရှောင်ယွဲ့ မေးလိုက်သည်။
ရန်ယန်က သူမကို ပြန်ပြုံးပြပြီး "မိန်းမ ငါ့ကို ခေါ်သွားပါ။ ငါ့မိန်းမပြောတာကို နားထောင်မယ်"
ဒါနဲ့ သူတို့နှစ်ယောက် အိမ်အပြင်ကို လမ်းလျှောက်ထွက်ရင်း စကားစမြည်ပြောကာ ရန်ချန်ယွီနဲ့ ချန်ချိုင်ယွင် တို့ကို ချန်ထားခဲ့သည်။
ချန်ချိုင်ယွင်က သူတို့နှစ်ဦး ထွက်သွားတာကို မြင်တဲ့အခါ သူမရဲ့နာကျင်နေတဲ့ ခါးကို ကိုင်ပြီး သူမ အသံထွက်လာကာ အော်လိုက်သည်။
"ယောက်မ.... ခဏလောက်ကူညီပါဦး... အိုး ဘုရားရေ ... ငါ့ရဲ့ခါး...."
ရန်ချန်ယွီက ချန်ချိုင်ယွင်ကို အလျင်အမြန်ကူညီခဲ့ပြီး သူမမျက်နှာက မှိုင်းနေသည့်အမူအရာတစ်ခုဖြစ်နေသည်။
"ဒီအရူးက ဘာထဖြစ်တာလဲ။ သူအရင်က အရမ်းရက်စက်တယ်ဆိုတာ ငါမသိခဲ့ဘူး!"
ချန်ချိုင်ယွင် နောက်ဆုံး သူမ အသက်ရှုသံအောက်တွင် ကျိန်ဆဲရင်း မတ်တတ်ထရပ်လိုက်သည်။ "တကယ်တော့ သူက သူ့လူကြီးတွေကို ရိုက်ဖို့တောင် သတ္တိရှိနေတာ။ ငါပြောမယ်။ ငါ ရန် မိသားစုမှာ နေတာကြာပြီ။ ငါ့မိသားစုက ငါ့ကို ဘယ်တုန်းကမှ မရိုက်ခဲ့ဖူးဘူး။ ဒါပေမယ့် ဒီအရူးက ဒီနေ့ ငါ့ကိုရိုက်ခဲ့တယ် "
ချန်ချိုင်ယွင်က သူမ နှလုံးသားထဲထိ ဒေါသအရမ်းထွက်နေသည်။
သူမသာ ခါးနာမနေဘဲ မတ်တပ်ရပ်နိုင်လျှင် ရန်ယန်ကို ပေါက်တူးဖြင့် သင်ခန်းစာပေးဖို့ ပြေးသွားပေလိမ့်မည်။
"ရန်ယန်ရဲ့လေထုက မူမမှန်ဘူး"
ရန်ချန်ယွီက ရန်ယန် ပါးရိုက်တာကိုခံရပြီးနောက် ပူလောင်နေတဲ့ သူမပါးပြင်ကို ပွတ်သပ်ရင်း "ငါတို့ သူနဲ့ အတူနေခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပေမယ့် သူ့မျက်နှာကို အခုမှ မမြင်ဖူးသလိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့ သူ့ကို မမြင်ဖူးဘူး။ ပြဿနာက လင်းရှောင်ယွဲ့ နဲ့ ပေါင်းလိမ်ထားတာရှိနေတယ်လို့ ငါ ထင်တယ်။ လင်းရှောင်ယွဲ့က မကောင်းဆိုးဝါး မှော်ပညာ တစ်ခုခုကို တတ်ထားတယ်လို့ ထင်လား"
"ဘယ်လိုသိမှာလဲ အိုး ငါ့ခါး..."
ချန်ချိုင်ယွင်က ကျိုးတော့မယ့် သူမခါးကို ထောက်လိုက်သည်။ “တတိယမိသားစုကို ငါ့ခါး ဒဏ်ရာရအောင်လုပ်လို့ ပိုက်ဆံပေးခိုင်းရမယ်"
ရန်ချန်ယွီ သက်ပြင်းချလိုက်သည်...
မကြာခင်မှာပဲ ရန်ချန်ယွီက "ဟေး ငါ့ရဲ့ ဟုန်ရင် ဘယ်မှာလဲ"
သူမစကားသံ ထွက်လာပြီးနောက် တံခါးအပြင်ဘက်မှာ ငိုသံတွေ ထွက်လာခဲ့တယ်..
ရန်ဟုန်ရင်က နှာခေါင်းတရှုံ့ရှုံ့နဲ့ တံခါးဝသို့ ကြောက်စိတ်အနည်းငယ်ဖြင့် ဝင်လာခဲ့သည်။ ထိုအချိန်တွင် သူမက ရွှံ့များဖြင့်ပေကျံနေပြီး ဆံပင်တွေလည်း ညစ်ပတ်နေသည်။ သူမမျက်နှာက ရွှံ့တွေနဲ့ ဖုံးလွှမ်းနေပြီး သစ်တော်သီးပွင့်ပေါ်က မိုးရေစက်တွေလို ငိုနေသည်။
(TN: သစ်တော်သီးပွင့်ပေါ်မှ မိုးရေစက်များကဲ့သို့ မျက်ရည်များစွန်းထင်းနေသော အလှလေး)
"အမေ......အဲ့အရူးက သမီးကို ရိုက်ပြီး ရွှံ့ထဲပစ်ချတယ်.... အို့... အမေသမီးအတွက် တရားမျှတမှုရှာဖို့ ကူညီပေးရမယ် "
ရန်ဟုန်ရင်ကိုလည်း အနိုင်ကျင့်ခဲ့သည်။
ရန်ဟုန်ရင်လည်း ဘာကြောင့်မှန်းမသိပေမယ့် အစောကလေးတင်ပဲ သူမကို ရန်ယန်က ရုတ်တရက် ချုပ်နှောင်ပြီး ဖိထားသည်။
နောက်တော့ ရွှံ့ထဲ ပစ်ချခဲ့သည်!
သူမ အပြင်မထွက်ခင်ထိ အချိန်အတော်ကြာအောင် ရုန်းကန်ခဲ့ရသည်..
အရူး.....ငတုံး!
ရန်မိသားစုအိမ်မှာ ဒီနေ့ ကြီးကြီးမားမား တစ်ခုခုဖြစ်ပျက်ခဲ့သည်။
ဝမ်ရှို့ယင်နဲ့ သူ့ယောကျ်ား အိမ်ပြန်လာတာနဲ့ တခြားအိမ်နှစ်အိမ်ဆီက တိုင်ကြားစာတွေ လက်ခံရရှိခဲ့သည်။
သူတို့ထဲ ပါးစပ်များမှ မကောင်းဆိုးဝါး ရန်ယန် ပြန်လာကြောင်း ဝမ်ရှို့ယင် ကြားလိုက်ရသည်...
နောက်ပြီး အိမ်မှာဆို ပိုတောင်ဆိုးတဲ့ အခြေအနေရှိသေးသည်။
ရန်ယန်နဲ့ လင်းရှောင်ယွဲ့ တို့ နေ့ခင်းဘက် အပြင်ထွက်ပြီး ညနေဘက်ထိ ပြန်မလာသေးပေ။
ဝမ်ရှို့ယင်က မိသားစုနှစ်စုဆီမှ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပြီး လူနှစ်ယောက် ပြန်လာရင် လေးလေးနက်နက်တာဝန်ယူဖို့ သူတို့ လာမည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။
သူတို့ မမျှော်လင့်ခဲ့ကြဘူး...
ညနေ အရမ်းစောင်းနေပြီ.....
ပြီးတော့ သူတို့ နှစ်ယောက် ပြန်မလာသေးဘူး။
ပန်းကန်ဆေးသူ ဝမ်ရှို့ယင်က အိမ်ရှေ့တွင် ရပ်ကာ ဘေးပတ်ပတ်လည်ကို ကြည့်ပြီး သူတို့ နှစ်ယောက်ကို တွေ့ရန် စိတ်အားထက်သန်နေသည်။
တစ်ဖက်တွင် ရန်ယန်က ရွာထဲမှာ ပိုရူးမိုက်တဲ့အရာကိုလုပ်ဖို့ လင်းရှောင်ယွဲ့ ကို ဦးဆောင်ခဲ့သည်။