အပိုင်း ၁၀၃-၁၀၄
Viewers 5k

Chapter 103


ရှုကျုံးဟမ် အမိန့်ပေးပြီးနောက်၊ ကျန့်ဟိုင် သည် သေနတ်များနှင့် ခဲယမ်းမီးကျောက်များကို စတင်ဖြန့်ဝေလိုက်သည်။ စစ်ဆင်ရေးအတွက် တိကျသော အစီအစဉ်မရှိဟု ဆိုသော်လည်း အခြေခံစစ်ဆင်‌ရေး ပုံစံ တစ်ခုရှိသေးသည်။ ကျန့်ဟိုင် စီမံခန့်ခွဲပြီးနောက် အဖွဲ့သားများက စတင်အလုပ်လုပ်ကြသည်။ 


ဇွန်ဘီဘုရင် ကြောင့် နေရာတိုင်းတွင် ထိတ်လန့်တုန်လှုပ်ဖွယ် သွေးများ၊ ခန္ဓာကိုယ်အပိုင်းအစများ ပြန့်ကျဲနေကာ ယခုလည်း လက်ကျိုးနေသည့် လူတစ်ဦးကို မြေပြင်ပေါ်တွင် စားသောက်နေသည်။ ဇွန်ဘီဘုရင် သည် ဟင်းလင်းပြင်တွင် ရှိနေသည့်အတွက် သူတို့ အသာစီးရသွားလေသည်။ ပထမအချက်မှာ အဖွဲ့ဝင်များသည် ဇွန်ဘီဘုရင် နှင့် အဝေးတွင် နေ၍ ပစ်ခတ်နိုင်သည်။ ဒုတိယအချက်မှာ ပစ်မှတ်ကို ချိန်ရွယ်ပြီး ပစ်ခတ်ရန်လည်းအဆင်ပြေသည်။ လီနန်ရှန့် သည် ဇွန်ဘီဘုရင်ကို ငုံ့ကြည့်လိုက်ရာ ကျီကျောက်ယန် နှင့် ခပ်ဆင်ဆင်တူသည်ဟု ထင်မိသွားသည် သူ့ခန္ဓာကိုယ်သည် သာမန်ဇွန်ဘီများထက် များစွာကြီးမားသော်လည်း စွမ်းအားနှင့် အရှိန်က ကျီကျောက်ယန် နှင့် တူ၊မတူကို သူမသိပေ။ 


စစ်ဆင်ရေးအဖွဲ့၏ ပထမအဖွဲ့သည် ဇွန်ဘီဘုရင် ၏ ဦးခေါင်းကို ဦးစွာ ချိန်ရွယ်လိုက်ပြီး ပစ်ခတ်လိုက်ကြသော်လည်း ဇွန်ဘီဘုရင်က လက်ဖြင့်ကာထားလိုက်၍ ကျည်ဆန်များသည် လက်နှစ်ဖက်ကိုသာ ထိမှန်သွားသည်ကို တွေ့လိုက်ရသဖြင့် လူတိုင်း အံ့အားသင့်သွားကြသည်။ သူတို့ ဦးခေါင်းကို တစ်ချက်ထိလိုက်သော်လည်း တစ်ချက်တည်းဖြင့် ဖြုံဟန်မတူပေ။


 ပထမအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးသည် သူ့ရှေ့က မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီး ရေရွတ်လိုက်သည်။


 "ဒီဇွန်ဘီဘုရင်က လက်မောင်းနဲ့ ကျည်ဆံတွေကို ကာထားတယ်... သူ့လက်ကက မာလှချည်လား..  ကျည်တောင်မပေါက်ဘူး..." 


ဤဇွန်ဘီဘုရင်သည် အမှန်ပင် ဉာဏ်ရှိသည်ဟု လီနန်ရှန့် တိတ်တဆိတ် ကောက်ချက် ချလိုက်သည်။


ပထမအဖွဲ့သည် မတိုက်နိုင်သဖြင့် ချက်ချင်းဆိုသလို ဒုတိယအဖွဲ့ကို  အစားထိုးလိုက်သည်။ ဒုတိယအဖွဲ့သည် ဖောက်ခွဲရေးပစ္စည်းများကို သယ်ဆောင်လာခြင်း ဖြစ်သည်။ ကျန့်ဟိုင် က ပထမအဖွဲ့ကို ဖောက်ခွဲပစ္စည်းများ မပေးလိိုက်ရခြင်းမှာ တစ်ခါတည်းကုန်သွားမည် စိုး၍ဖြစ်သည်။ 


ပထမဆုံးပစ်လိုက်သော ဖောက်ခွဲရေးပစ္စည်းများက ဇွန်ဘီဘုရင်ကို ထိမှန်သွားပြီး သူ့အသားများ လောင်ကျွမ်းသွားကြသည်။ ဗုံးများ ပစ်လိုက်သော အဖွဲ့ဝင်များသည် ဇွန်ဘီဘုရင် မည်သို့ဖြစ်သွားသည်ကို မကြည့်ရဲဘဲ ဖြစ်နေကြသည်။ဖောက်ခွဲရေးပစ္စည်းများသည် ဇွန်ဘီဘုရင်၏ အပေါ်ယံအသားများကိုသာ လောင်ကျွမ်းစေခဲ့လေသည်။ 


အဖွဲ့သားများက နေရာတွင် ရပ်ပြီး စိတ်ပျက်စွာ ငြီးငြူလိုက်ကြသည်။


 "ချီးထုပ်ပဲ... ဘာလဲ...သံနဲ့လုပ်ထားတာလား..." 


စစ်ဆင်ရေးအဖွဲ့သည် ဒုတိယအကြိမ်ဖောက်ခွဲရေး ပစ္စည်းများကို ဇွန်ဘီဘုရင်အနားသို့ အလျင်အမြန် ပစ်ချလိုက်သော်လည်း ဇွန်ဘီဘုရင် က အမြန်ရှောင်ရှားလိုက်သည်။ ထို့အပြင် ဇွန်ဘီဘုရင် သည် အလွန်လျင်မြန်သော အရှိန်ဖြင့် ပြေးလာပြီးလှေကားထစ်ကို တက်လာနေသည်။ ဇွန်ဘီဘုရင်သာ အပေါ်ထပ် တက်သွားပါက ဖောက်ခွဲရေးပစ္စည်းများကို ပစ်၍ရမည် မဟုတ်ပေ။ ဖောက်ခွဲရေးပစ္စည်းများ ပစ်လိုက်ပါက အဆောက်အအုံကြီး တစ်ခုလုံး ပြိုကျသွားမည် ဖြစ်သည်။ ထိုအခါ ဇွန်ဘီဘုရင်  မသေဘဲ သူတို့သာ အဆောက်အအုံ ပိ၍သေသွားကြပေလိမ့်မည်။ 


"ဇွန်ဘီဘုရင်က အပေါ်ထပ်ကိုတက်နေပြီ....မြန်မြန်...သူ့ကို တားဖို့  နည်းလမ်းရှာ..."


အဖွဲ့နောက်တွင် ရပ်နေသည့် ကျန့်ဟိုင် က အဖွဲ့သားများကို အော်ပြောလိုက်သည်။ အပေါ်ထပ်ကို တက်လာသည့် ဇွန်ဘီဘုရင် ကြောင့် သူတို့လည်း ဘာမှ မလုပ်တတ်အောင် ဖြစ်နေလေသည်။ ထိုစဉ် လူတစ်ယောက်က ထအော်လိုက်သည်။ 


"ဖောက်ခွဲရေး ပစ္စည်းတွေကို ပစ်ချလိုက်..." 


အားလုံးသည် စိတ်ရှုပ်နေကြချိန် ဖြစ်၍ တစ်စုံတစ်ယောက်က ထအော်လိုက်သသောအခါ အကောင်းအဆိုး မဝေခွဲတတ်တော့ဘဲ ချက်ချင်းပင် ဖောက်ခွဲရေးပစ္စည်းများကို လှေကားပေါ်  ပစ်ချလိုက်ကြရာ လှေကား ပြိုကျသွားလေသည်။‌ အောက်ထပ်ရှိ လှေကားပြိုကျသွားသဖြင့်  အဆောက်အအုံတစ်ခုလုံး လှုပ်ခါစပြုလာသည်။


ကျန့်ဟိုင် သည် အခြေအနေပိုဆိုးလာပုံရသည်ကို သတိပြုမိပြီး ပြောလိုက်သည်။


 "ဖောက်ခွဲရေး ပစ္စည်းတွေကို ဘယ်သူပစ်ခိုင်းတာလဲ...အဆောက်အအုံကြီးကို ပေါက်ကွဲပြီး လူအားလုံးကို သေစေချင်နေတာလား...."


အားလုံးက နှုတ်ဆိတ်နေပြီး အော်လိုက်သူကလည်း အမှားကို ဝန်မခံခဲ့ပေ။ ကံကောင်းစွာဖြင့် ဤအဆောက်အအုံသည် တို့ဟူးဖြင့် လုပ်ထားခြင်း မဟုတ်၍ မကြာမီ အဆောက်အုံကြီးသည်  တဖြည်းဖြည်း တည်ငြိမ်လာပြီး မလှုပ်တော့ပေ။


အဆောက်အအုံကြီး ငြိမ်သွားသည်ကို လူတိုင်း တွေ့လိုက်ကြပြီး  သူတို့ ဝန်ပေါ့သွားရသော်လည်း လှေကားထစ်ပေါ်မှ ဇွန်ဘီဘုရင် မသေသေးသည့်အတွက် တုန်လှုပ်ချောက်ချား သွားရပြန်သည်။ 


ဇွန်ဘီဘုရင် သည် သူ့ကိုယ်ပေါ် ပိလာသော ကျောက်တုံးများကို ဖယ်ရှားလိုက်စဉ် ကြောက်မက်ဖွယ်ကောင်းသော အသံကြီးဖြင့်ထပ်ခါထပ်ခါ အော်ဟစ်ကာ သူတို့ဆီသို့ လျင်မြန်စွာ ပြေးလာသည်ကို လူတိုင်း တွေ့လိုက်ကြသည်။ 


ဖောက်ခွဲရေး ပစ္စည်းများကို အသုံးပြုခဲ့ပြီးဖြစ်၍ ကျည်ဆန်လည်း များစွာ မကျန်တော့ပေ။ ဇွန်ဘီဘုရင်၏ ကိုယ်ခန္ဓာသည် ကြေးနီတံတိုင်းနှင့် သံတံတိုင်း ကြီးကဲ့သို့ဖြစ်နေပြီး ကျည်ဆံများက သူ့ကို အယားပြေစေရုံသာ ရှိလိမ့်မည်။


 "ဆုတ်.. အားလုံး မြန်မြန် ပြန်ဆုတ်ကြ.." 


အဖွဲ့အနောက်မှာ ရပ်နေသည့် ကျန့်ဟိုင် က အားလုံးကို အော်ပြောပြီး ထွက်ပေါက်ကို အမြန်ပြေးသွားလိုက်သည်။သို့ရာတွင် အဖွဲ့ဝင်တိုင်း ပြန်မဆုတ်နိုင်ကြဘဲ တချို့တလေကို လက်လွှတ်ခဲ့ရပေသည်။ 


ဇွန်ဘီဘုရင်၏ လှုပ်ရှားမှုများသည် လျင်မြန်သောကြောင့် သူတို့အားလုံးကို သတ်ခြင်းသည် ပုရွက်ဆိတ်များကို ဖျစ်လိုက်သကဲ့သို့ လွယ်ကူပေသည်။ စစ်ဆင်ရေးအဖွဲ့မှ လူတစ်ဒါဇင်ခန့်သာ အဆောက်အအုံထဲမှ ဘေးကင်းစွာ လွတ်မြောက်ခဲ့ကြသည်။ 


လီနန်ရှန့် သည် ဟန်ခိုင် ၏အခန်းသို့  ပြေးကာ စခန်းမှ အမြန်ထွက်‌ပြေးရန် ပြောလိုက်လေသည်။ 


"စခန်းထဲမှာ ဒီဇွန်ဘီဘုရင် ရှိတယ်... စခန်းအပြင်ဘက်က ဒီမှာထက် ပိုလုံခြုံတယ်..."


 "အခု ဇွန်ဘီဘုရင် က ဒုတိယထပ်နဲ့ တတိယထပ်က လမ်းမှာ ပိတ်ထားတယ်...အောက်ထပ်ကို သွားရင် ကျွန်မတို့ အကုန်သေမှာ..."


လင်းကျင်းရှု က ပြန်ပြောလိုက်သည်။ 


"ဒါဆို မင်းဒီမှာနေရုံနဲ့ မသေဘူးလို့ ထင်နေတာလား..."


 " ဒီမှာနေတာ ပြေးတာထက်တော့ ပိုကောင်းတယ်လေ..." 


" လျန့်ချောင် အကြောင်းကို အစကတည်းက မင်း ပြောရင် အခြေအနေက အခုလောက် ဆိုးမှာ မဟုတ်ဘူး ... မင်း သတ်ခဲ့တဲ့လူ ဘယ်နှယောက်လဲဆိုတာ မင်းသိလား...စစ်ဆင်ရေး အဖွဲ့ထဲက လူတွေလည်း အတုန်းအရုံး သေကုန်ကြပြီ...."


လီနန်ရှန့် နှင့် လင်းကျင်းရှု တို့ ငြင်းခုံကြပြန်သည်။ 


"ကျွန်မမှာ နည်းလမ်းရှိတယ်...ကျွန်မ တို့ အသက်ကို ကယ်နိုင်မယ် ထင်တယ်..."


 ယန်ဟန်က လီနန်ရှန့် ကို ကြည့်ရင်း ပြောလိုက်သည်။ 


ထိုသို့ကြားလျှင် လီနန်ရှန့် က လင်းကျင်းရှု နှင့် ငြင်းခုန်နေသည်ကို ရပ်လိုက်ပြီး ပြောလိုက်သည်။


"ဘာလဲ...မြန်မြန်ပြော..." 


 "ဒါပေမယ့် ထိရောက်မှု ရှိ...မရှိ အာမမခံနိုင်ဘူး..." 


"အခုက အာမခံရမယ့် အချိန်မဟုတ်သေးဘူး... ငါတို့လည်း အခု ချောက်ကမ်းပါး အစွန်းမှာ ရပ်နေရတာ...." 


"ကာကွယ်ဆေးတွေ...ကျွန်မ တီထွင်ထားတဲ့ ကာကွယ်ဆေးတွေက အဆင်ပြေနိုင်တယ်..."


Xxxxxx


Chapter 104


ဘေးနားရှိ ဟန်ခိုင်သည် ရုတ်တရတ် သဘောပေါက်သွားပြီး ပြောလိုက်သည်။


"ဟုတ်တယ်...မင်းတီထွင်ထားတဲ့ ကာကွယ်ဆေးက ကြွက်တွေမှာ ထိရောက်မှုရှိတယ် ဒါပေမယ့် လူသားတွေမှာလည်း ထိရောက်နိုင်မယ်လို့ ငါထင်တယ်..." 


“ကာကွယ်ဆေးက လူတွေကို စမ်းသပ်တဲ့ အဆင့်ကို မရောက်သေးပေမယ့် စမ်းကြည့်ရုံပဲ...” 


"ပမာဏကရော ဘယ်လောက် ထိုးမလဲ..." 


"ဘေးကင်းအောင် ကာကွယ်ဆေး‌ ဓာတ်ကူပစ္စည်း ပမာဏကို များများ ထိုးလိုက်ရအောင်..."


ယန်ဟန် က လီနန်ရှန့်အား ပြောလိုက်သည်။


 "ရှင် မေ့ဆေးသေနတ်ကို ရှာပေးနိုင်မလား... ပြီးတော့ မေ့ဆေးသေနတ်ကို သုံးပြီးတော့ ဇွန်ဘီဘုရင်ရဲ့ ခန္ဓာကိုယ်ထဲကို ကာကွယ်ဆေးထိုးရမယ်..."


လီနန်ရှန့် က ခေါင်းညိတ်ပြီး ပြောလိုက်သည်ယ


"စိတ်မပူပါနဲ့...ငါ ရှာလိုက်မယ်..." 


"ဒါဆို ကျွန်မတို့ အုပ်စုနှစ်စု ခွဲလိုက်မယ်... ဟန်ခိုင် နဲ့ ကျွန်မက ကာကွယ်ဆေး ထိုးမယ်... ရှင်က သေနတ်ကို ရှာလိုက်.  " 


လီနန်ရှန့် က ယန်ဟန်အား OK လုပ်ပြကာ ထွက်သွားလိုက်သည်။ 


 "နန်ရှန့်.... မေ့ဆေးသေနတ် တွေ့ရင် ဓာတ်ခွဲခန်းကို လိုက်လာခဲ့..."


ဟန်ခိုင် ကပြောလိုက်ရာ  လီနန်ရှန့် ခေါင်းညိတ်လိုက်သည်။


လီနန်ရှန့် သည် မေ့ဆေးသေနတ် ကို ရှာတွေ့ပြီးနောက် ဟန်ခိုင် တို့နှင့် ဆုံရန် ဓာတ်ခွဲခန်းသို့ ချက်ချင်း ပြေးသွားခဲ့သည်။ ဓာတ်ခွဲခန်းတံခါးဝသို့ လှမ်းဝင်လိုက်သည်နှင့် လင်းကျင်းရှု သည် ဓာတ်ခွဲခန်း၏ ထောင့်စွန်းတွင် ကြောင်စီစီ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ လီနန်ရှန့် က လင်းကျင်းရှု တစ်ယောက်တည်း မနေဝံ့သဖြင့် ဟန်ခိုင်တို့နှင့်  ဓာတ်ခွဲခန်းသို့ လိုက်လာခဲ့ခြင်း ဖြစ်သည်ဟု ယူဆလိုက်သည်။ 


"မင်းဘာလို့ ဒီကိုရောက်နေတာလဲ..." 


လီနန်ရှန့် က မေးလိုက်သည်။ 


 " ရှင်နဲ့‌ဘာ‌ဆိုင်လို့လဲ..." 


လင်းကျင်းရှု က မော့မကြည့်ဘဲ ဖြေလိုက်သည်။ လီနန်ရှန့်  ဒေါသထွက်သွားသော်လည်း ယခုအချိန်သည် အရေးကြီးနေသဖြင့် သူမနှင့် ဆက်မပြောချင်တော့ဘဲ ဒေါသကိုမြိုသိပ်ထားလိုက်သည်။ မကြာမီ ဟန်ခိုင် နှင့် ယန်ဟန် တို့ ဓာတ်ခွဲခန်းထဲမှ ထွက်လာကြပြီး ယန်ဟန် က ပိုပိုလိုလို ကာကွယ်ဆေး ဓာတ်ကူပစ္စည်း ပမာဏ များစွာကို ယူလာခဲ့သည်။


“သွားကြရအောင်...ဒီတစ်ခါ အဆင်မပြေရင် တကယ့် အဆုံးပဲ...”


လီနန်ရှန့် က ကာကွယ်ဆေးကို ထဲသို့ ထည့်လိုက်ပြီး ဓာတ်ခွဲခန်းအဝင်ဝသို့ လျှောက်သွားကာ လင်းကျင်းရှု ကို လည်ပြန်ကြည့်၍ ပြောလိုက်သည်။


 "လင်းကျင်းရှု...မင်း ငါတို့နဲ့ မလိုက်ဘူးလား..."


 "ရှင်နဲ့အတူ မသေချင်ဘူး..."


 "လင်းကျင်းရှု... ငါမင်းကိုမေးမယ်... ငါတို့သေရင် မင်းလည်း ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မှာ မလို့လဲ..."


 "အခု ရှင်တို့နဲ့အတူ သေသွားတာထက် ပိုကောင်းတယ်...ရှင်တို့ ကံကောင်းပြီး ဇွန်ဘီဘုရင် ကိုသတ်နိုင်ရင် ကျွန်မလည်း အသက်ရှင်နိုင်တယ်...ဇွန်ဘီဘုရင် ကို မသတ်နိုင်ရင် ရှင့်ထက်အသက်နည်းနည်း ပိုရှည်နိုင်တယ်... ဒါကြောင့်...ကျွန်မ ဒီမှာနေတာ ပိုကောင်းတယ်..."


"မင်း အောင်မြင်ပါစေလို့ ဆုတောင်းပေးတယ်..." 


လီနန်ရှန့် ဒေါသထွက်ကာ နောက်ပြန်လှည့်မကြည့်ဘဲ ဓာတ်ခွဲခန်းမှ ထွက်လာခဲ့သည်။ ဟန်ခိုင် နှင့် ယန်ဟန်တို့သည်လည်း လင်းကျင်းရှု ကို လျစ်လျူရှုကာ လီနန်ရှန့် နောက်မှ လိုက်လာခဲ့သည်။ 


စတုတ္ထထပ်တွင် အသံဗလံများကြားရသောကြောင့်  ဇွန်ဘီဘုရင်  စတုတ္ထထပ်တွင် ရှိနေသည်ဟု လီနန်ရှန့်ခန့်မှန်းမိသည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူတို့ စတုတ္ထထပ်သို့ ဆင်းသွားသောအခါ ဇွန်ဘီဘုရင်သည် အခန်းတံခါးများကို တစ်ခန်းပြီးတစ်ခန်း ရိုက်ချိုးပစ်ကာ လူ လိုက်ရှာနေတော့သည်။ လီနန်ရှန့် သည် ဇွန်ဘီဘုရင်ကို မေ့ဆေးသေနတ်ဖြင့် သေချာမချိန်ဝံ့ဘဲ မပစ်ရဲပေ။တစ်ချက်မှာ ဇွန်ဘီဘုရင် ကို ထိတ်လန့် ကြောက်ရွံ့၍ ဖြစ်ပြီး နောက်တစ်ချက်မှာ ကာကွယ်ဆေး နှစ်ပုလင်းသာ ရှိသောကြောင့်ဖြစ်သည်။


လီနန်ရှန့် သည် အချိန်အတော်ကြာ ပုန်းနေပြီး အကောင်းဆုံးအခွင့်အရေးကို ချောင်းမြောင်းနေခဲ့သည်။ ဇွန်ဘီဘုရင် သည် အခန်းတစ်ခန်းထဲတွင် လူတစ်ယောက်ကို တွေ့ရှိသွားပြီး ကြမ်းပြင်ပေါ်တွင် ထိုင်လျက် ထိုလူကို  ကိုက်စားနေလေသည်။ လီနန်ရှန့် သည် ဇွန်ဘီဘုရင်၏ နောက်ကျောကို မေ့ဆေးသေနတ်ဖြင့် ချိန်ရွယ်ထားပြီး ကာကွယ်ဆေးကို ပစ်ထည့်လိုက်သည်။ ကာကွယ်ဆေးကို ဇွန်ဘီဘုရင် ၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်သော်လည်း သက်ရောက်မှုမှာ သူတို့ မျှော်လင့်ထားသလောက် မကောင်းမွန်ပေ။ ဇွန်ဘီဘုရင်သည် သူ့ကို ပစ်လိုက်သည့်ဘက်သို့ လှည့်ကြည့်လိုက်ရာ လီနန်ရှန့် တို့ သုံးယောက်ကို မြင်လျှင် တဟုန်ထိုး ပြေးလာလေသည်။ 


 "နန်ရှင်း...မြန်မြန်...သူ့ကိုယ်ထဲကို နောက်ထပ် ကာကွယ်ဆေး တစ်ပုလင်းထပ်ထိုးလိုက်ဦး.. "


ဇွန်ဘီဘုရင်၏ လှုပ်ရှားမှုမှာ ယခင်ကထက် သိသိသာသာ နှေးကွေးသွားသည်ကို လီနန်ရှန့် တွေ့ရသောကြောင့် ကာကွယ်ဆေးသည် အကျိုးသက်ရောက်မှု မရှိဟု ဆိုခြင်းမှာ လုံးဝမမှန်ကန်ကြောင်း တွေ့လိုက်ရသည်။


လီနန်ရှန့် သည် ဇွန်ဘီဘုရင် ၏ ရင်ဘတ်ကို တတ်နိုင်သမျှ မြန်မြန် ချိန်ရွယ်လိုက်ပြီး ဇွန်ဘီဘုရင် ၏ ခန္ဓာကိုယ်ထဲသို့ နောက်ထပ် ကာကွယ်ဆေးကို ထိုးထည့်လိုက်သည်။ သို့ရာတွင် ဇွန်ဘီဘုရင်သည် သူ့အား ထိုးလိုက်သော ကာကွယ်ဆေးကို လျစ်လျူရှုကာ သူတို့ သုံးဦးဆီ တည့်တည့် ပြေးလာပြန်သဖြင့် သူတို့သုံးယောက်မှာ ကာကွယ်ဆေး ထိရောက်မှုရှိမရှိကို ဂရုမစိုက်အားဘဲ လှေကားဆီသို့ အလျင်အမြန် ပြေးသွားကြသည်။ 


သူတို့ မြေပြင်ပေါ်သို့ ပြေးထွက်သွားပြီး နောက်ကို လှည့်ကြည့်လိုက်ရာ ဇွန်ဘီ ဘုရင် မလိုက်လာကြောင်း သူတို့ တွေ့ရလေသည်။ ထို့နောက် စတုတ္ထထပ်ရှိ ဝရံတာမှ ဇွန်ဘီဘုရင်၏ အော်ဟစ်သံကို ဟန်ခိုင် ကြားလိုက်ရသည်။ ယန်ယန်သည် မြေပြင်ပြောင်ပေါ်တွင် မတ်တပ်ရပ်လိုက်ပြီး လှမ်းကြည့်လိုက်ရာ စတုတ္ထထပ်တွင် ဇွန်ဘီဘုရင် ရပ်နေသည်ကို တွေ့လိုက်ရသော်လည်း သူမ ဇွန်ဘီဘုရင် ၏ ဦးခေါင်းကိုသာ တွေ့ရလေသည်။ 


ဇွန်ဘီဘုရင်သည် ပါးစပ်ကိုဟထားလျက် တုန်လှုပ်သွားပုံ‌ပေါ်သည်။ သူ့မျက်နှာမှာ မျက်နှာသေဖြစ်နေသော်လည်း သူနာကျင်နေရပုံကို ယန်ဟန် အထင်းသားမြင်ရလေသည်။


 "ဟန်ခိုင်....ကာကွယ်ဆေးက နည်းနည်း အကျိုး သက်ရောက်ပုံရတယ်..." 


ဟန်ခိုင် သည် ထိုစကားကိုကြားသောအခါ ယန်ဟန် နားသို့ အမြန်သွားလိုက်ပြီး စတုတ္ထထပ်ရှိ ဇွန်ဘီဘုရင် ကို မျှော်ကြည့်လိုက်သည်။ ဟန်ခိုင် သည် ယန်ဟန်ထက် အရပ်မြင့်သောကြောင့် ခေါင်းကို မော့ကာ စတုတ္ထထပ်သို့ လှမ်းကြည့်လိုက်သည်နှင့် ဇွန်ဘီဘုရင် ၏ ဦးခေါင်းကို မြင်ရသည့်အပြင် ခန္ဓာကိုယ် အပေါ်ပိုင်းကိုလည်းမြင်နရလေသည်။


"ယန်ဟန်... ကာကွယ်ဆေးက တစ်ကယ်ထိရောက်တယ်...သူ့ခန္ဓာကိုယ်ပြောင်းလဲနေတယ်..." 


ဟန်ခိုင် က ယန်ဟန်ကို စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။ ဇွန်ဘီဘုရင်သည် ထိုနေရာတွင် ရပ်နေပြီး ခဏမျှ ဟိန်းဟောက်လိုက်ရာ သူ့အသံမှာ တဖြည်းဖြည်း သေးမျှင်းလာပြီး ပါးစပ်ကိုဟလျက်နှင့် ဘုန်းကနဲ လဲကျသွား လေတော့သည်။ ဇွန်ဘီဘုရင် လဲကျသွားပြီး သိပ်မကြာမီ စတုတ္ထထပ်ရှိ လူတစ်ယောက်၏အော်သံကို ရန်ဟန်တို့ ကြားလိုက်ရလေသည်။


  


"ဇွန်ဘီဘုရင် သေပြီ... ဇွန်ဘီဘုရင် သေပြီ..." 


သေပြီ...ဟုတ်လား..ဘယ်လိုဖြစ်ပြီးသေတာလဲ....


Xxxxxxx