အပိုင်း ၅-၆
Viewers 20k

Chapter 5

{၀တ္ထုထဲသို့ ကူးပြောင်းလာခြင်း - ၃ }


ချန်းဟွမ် ရှင်းချန်လေးအား အိပ်ရာပေါ်တွင်တင်ကာ ခေါင်းခြောက်အောင်သုတ်ပေးပြီးချိန်နောက် ကလေးလေး၏ပါးကို အသာအယာညှစ်လိုက်ရင်း " ဒီမှာ ခဏနေခဲ့နော် ရှင်းရှင်းလေး... မေမေ ညစာသွားပြင်လိုက်အုံးမယ်... "


ကလေးလေးသည် သူ့အမေရဲ့စကားကို နားထောင်ပြီးနောက် မျက်ဝန်းတို့ တောက်ပလာခဲ့ကာ " သားက ရှင်းရှင်းလား.... "


မူလပိုင်ရှင်သည် ကလေးရဲ့နာမည်ကို ခေါ်ခဲပြီး အမြဲတမ်း " ဟဲ့ကောင်၊ နင် " စသောအခေါ်အဝေါ်တို့သာ သုံးခဲ့လေတယ်...


လက်ရှိချန်းဟွမ်ကတော့ မူလပိုင်ရှင်ကဲ့သို့ ကလေးအား " ဟဲ့ကောင်၊ နင် " စသည့်အခေါ်အဝေါ်များ မသုံးရန် ဆုံးဖြတ်ထားချေ၏... 


" ဟုတ်တာပေါ့... သားက ရှင်းရှင်းလေး... " ချန်းဟွမ်က ပြုံးလျက်ဖြင့် ပြန်ဖြေလိုက်၏...


သူမစကားကြောင့် စိတ်လှုပ်ရှားပျော်ရွှင်သွားသောကလေးလေးကို ကြည့်ရင်း သူမရဲ့တကယ့်ဘ၀မှတူမလေးကို သတိရမိသွားလေသည်... ထိုကလေးမလေးသည် ရှင်းရှင်းလေးနှင့် ရွယ်တူဖြစ်ကာ အိမ်တွင်ဗိုလ်လုပ်တတ်နေသောကလေးမလေးဖြစ်၏... သို့သော် ရှင်းရှင်းလေးမှာတော့ အိမ်ခေါ်နာမည်လေးတစ်ခု ရလိုက်သည်ကို အတော်လေးပျော်နေသည်..


ကလေးလေးက နောက်ထပ်သတ္တိမွေးရင်း အမေဖြစ်သူရဲ့ခါးကိုဖက်လိုက်ပြီး " မေမေ သားက ရှင်းရှင်း..."


" Omm... ဟုတ်တယ်... သားက ရှင်းရှင်း... " ချန်းဝှမ်သည် ကလေးရဲ့ခေါင်းလေးနှင့် သူမကို ဖက်ထားသောလက်လေးကို ခပ်ဖွဖွပုတ်ပေးလိုက်ရင်း ထိုသို့ပြန်ပြောလိုက်လေ၏...


 " အခု မေမေ ညစာသွားပြင်လိုက်အုံးမယ်နော်... ရှင်းရှင်းလေး ဗိုက်ဆာနေပြီမလား... "


ကဘေးလေးက သူ့ရဲ့ဗိုက်လုံးလုံးလေးအား ပွတ်ပြရင်း ခေါင်းတညိမ့်ညိမ့် လုပ်ပြလေသည်... ထို့နောက်တွင်တော့ ကလေးလေးသည် အမေဖြစ်သူကို ပြန်လွှတ်ပေးလိုက်ပြီး ရေချိုးခန်းသုံးပုဝါအား ခေါင်းအထိခြုံလိုက်ပြီး အိပ်ယာပေါ်၌ လှိမ့်နေတော့သည်...


" မျက်နှာသုတ်ပုဝါကို ခေါင်းအထိမခြုံထားနဲ့ သား... အသက်ရှုကြပ်နေလိမ့်မယ်... " ချန်းဟွမ်သည် ရှောင်ရှောင်လေးအား ထိုသို့မှာပြီးနောက် အခန်းထဲမှထွက်လာခဲ့လိုက်သည်...


သူမသည် မီးဖိုချောင်ရှိရေခဲသေတ္တာထဲ၌ နှံ့စပ်အောင်ရှာဖွေသော်လည်း ခေါက်ဆွဲနဲ့ကြက်ဥအနည်းငယ်မျှလွဲ၍ တခြားစားစရာမတွေ့ခဲ့ချေ... ချက်စားဖို့ရာ ဟင်းသီးဟင်းရွက်နှင့် အသားတစ်ခုမှ ရှိမနေပေ...


ချက်ပြုတ်စားသောက်ရန် များများစားစားမရှိတာကြောင့်  ကြက်ဥနှစ်လုံးကို ကြော်ပြီး ခေါက်ဆွဲအနည်းငယ်ကို ပြုတ်ရန် စဥ်းစားလိုက်သည်... သူမသည် ခေါက်ဆွဲပြုတ်ရန် ရေဆူမည့်အချိန်ကို စောင့်ရင်းဖြင့် မူလပိုင်ရှင်၏မှတ်ဥာဏ်တို့ကို ပြန်လည်စုစည်းနိုင်ရန် ကြိုးစားကြည့်လိုက်၏...


သို့သော် ချန်းဟွမ်သည် လက်ရှိအခြေအနေ၏မှတ်ဥာဏ်တို့ကိုသာ ရေးရေးရာရာမှတ်မိပေတယ်...


မူလပိုင်ရှင်က မစ္စတာကျန်းဆိုသောသူနှင့် တစ်ညတာဖြတ်သန်းခဲ့ပြီးနောက် ဒေါ်လာငါးသိန်း ခြောက်သိန်းနီးပါးရရှိခဲ့လေ၏... သို့သော် ယခုအပိုင်းအခြားတွင် ကလေးမွေးရသည့်ကိစ္စ​အပါအဝင် အလုပ်မလုပ်ပဲ ထိုင်စားနေသည်ကများတာကြောင့် သူမရဲ့ဘဏ်ထဲ၌ ဒေါ်လာ၃သောင်းနှင့် ၄သောင်းကြားလောက်သာကျန်တော့၏... ဘဏ်ကတ်ရဲ့လျှို့ဝှက်နံပါတ်မှာ မစ္စတာကျန်းနှင့်တူတူနေခဲ့သည့်ရက်ပင်ဖြစ်သည်...


ထိုသို့သာဆိုလျှင် မူလပိုင်ရှင်ဟာ မစ္စတာကျန်းကို လက်လွှတ်ချင်သေးပုံမရပေ...


လက်ရှိချန်းဟွမ်ဆီ၌ ထိုနေ့ညမှမှတ်ဥာဏ်တို့မရှိချေ... ဒါ့ကြောင့်လည်း သူမဟာ မစ္စတာကျန်းဆိုသည့်သူ၏ရုပ်ရည်အသွင်အပြင်ကို မသိရပေ...


အိုးမှရေတို့ဆူပွက်လာချိန်တွင် သူမက ခေါက်ဆွဲတို့ကို ထည့်လိုက်ရင်း တခြားအကြောင်းအရင်းတို့ကို ဆက်စဥ်းစားလိုက်မိလေ၏...


မူလပိုင်ရှင်သည် လှပသောမိန်းကလေးဖြစ်သလို ကလေးမှာလည်း အတော်လေးချစ်စရာကောင်းလှ၏... သို့သော် ကလေးလေးက သူမနှင့် ရုပ်ချင်းသိပ်မဆင်လှချေ... ထို့ကြောင့် ရှင်းရှင်းလေးက နာမည်အပြည့်အစုံမသိရသေးသောမစ္စတာကျန်းနှင့် အတော်လေး တူနိုင်လောက်သည်...


ချန်းဟွမ်သည်ထိုသို့တွေးရင်းဖြင့် အဖေနဲ့သားက တော်တော်လေးတူနေမယ်ဆိုရင် မွေးရာပါအမှတ်ရော တူနိုင်လောက်လားဟု ဆက်စဥ်းစားလိုက်မိလေ၏... 


ဤသို့ဖြင့် စဥ်းစားရင်း စဥ်းစားရင်း ရုတ်တရက်ဆိုသလို သူမ သတိရသွားသည်က ' ချန်းဟွမ်၊ ကျန်းရှင်းချန်၊ လိပ်ပြာပုံမွေးရာပါအမှတ်!! '


ဒါတွေအားလုံးက သူမတကယ့်ဘဝမှာ ဖတ်ခဲ့ဖူးတဲ့ဝတ္ထုတစ်ခုနဲ့ အတော်လေးတူနေခြင်းကိုပေါ့...


💕💕💕💕💕


Chapter 6

{ ကြက်ဥနှစ်လုံး - ၁ }


ချန်းဟ်မ်သည် ဝတ္ထုဖတ်ရခြင်းကို သိပ်မနှစ်သက်လှချေ... သို့သော် ဒီဝတ္ထုကိုတော့ သူမသူငယ်ချင်းတစ်ယောက်က ဖတ်ဖို့​အတင်းပြောလာတာကြောင့်တစ်ကြောင်း၊ အမျိုးသမီးဇာတ်ရံဟာ သူမနဲ့နာမည်ချင်းဆင်တူနေသောကြောင့်တစ်ကြောင်း၊ သူမနဲ့နာမည်တူသောဇာတ်ရံရဲ့ဘဝဘယ်လိုဖြစ်သွားမည်ကို သိချင်သောကြောင့်တစ်ကြောင်း ဖတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏...


ဝတ္ထုထဲမှ ဇာတ်လိုက်သည် ငယ်စဥ်ကပင် အဖေကို ဆုံးရှုံးခဲ့ရပြီး အသက်၂၀လောက်မှစကာ မိသားစုစီးပွားရေးကို တာဝန်ယူခဲ့ရချေ၏... သို့သော်ငြား သူဟာ ငယ်ရွယ်လွန်းသေးတာကြောင့် အသက်ကြီးပိုင်းများက သူ့အား ကန်ချချင်နေကြလေသည်...


ဇာတ်လိုက်သည် အစပိုင်းတွင်တော့ ဘယ်နေရာမှသုံးစားလို့မရသည့် ဒုတိယမျိုးဆက်မှမိန်းမလိုက်စားသူပုံစံမျိုးနေခဲ့ပြီး အရာအားလုံးအဆင်သင့်ဖြစ်ချိန်မှာတော့ အားလုံးကို ဆန့်ကျင့်ကာ သူကိုယ်တိုင် ကော်ပိုရေးရှင်းအင်ပါယာတစ်ခုကို တည်ထောင်လိုက်လေတယ်...


အသုံးမကျသောသူအဖြစ်ဟန်ဆောင်နေခဲ့ချိန်တွင်တောင် သူ့အား ဆန့်ကျင်နေချင်သူများ များပြားလှပေ၏... တချို့သည် သူ့ဆီသို့ မိန်းမများလွှတ်ကာ မြူဆွယ်ခိုင်းတတ်သလို၊ တချို့ဆိုလျှင် ဆေးခတ်တတ်သေးသည်...


ထိုအခြင်းအရာများကြောင့် ဇာတ်လိုက်သည် သူ့အမေရင်းကိုပင် ယုံကြည်မှုမရှိတော့ပေ...


ထိုအချိန်တွင် ဇာတ်လိုက်မက ဇာတ်လိုက်နားသို့ ရောက်လာခဲ့၏... ဝတ္ထုဇာတ်ကြောင်းအရ သူမသည် နုံအသော်လည်း မိုက်မဲသူ မဟုတ်၊ ကြင်နာတတ်သော်လည်း အရာရာကို မျက်ကွယ်ပြုသူ မဟုတ်၊ သူမဟာ ဇာတ်လိုက်ရဲ့အေးခဲနေတဲ့နှလုံးသားထဲသို့ တောမီးသဖွယ် ဝင်ရောက်လာခဲ့တော့သည်... 


ဇာတ်လိုက်နှစ်ဦးက သူတို့ကို ဆန့်ကျင်သောမိသားစုဝင်များ၊ အမျိုးသမီးဇာတ်ရံရဲ့ဝင်နှောက်ခြင်း၊ ဒုတိယဇာတ်လိုက်ရဲ့ ဇာတ်လိုက်မကို ရရန်ကြိုးစားခြင်းတို့ကို အတူတကွရင်ဆိုင်ကြရင်း ရိုးအီနေပြီဖြစ်သော ဇာတ်လိုက်နှင့်ဇာတ်လိုက်မတို့နှစ်ဦးရဲ့Happy Endingဖြစ်လာခဲ့လေသည်...


ထိုဝတ္ထုရဲ့ဗီလိန်ဇာတ်ရံမနာမည်မှာ ချန်းဟွမ်ပင်...


ဝတ္ထုထဲတွင် ချန်းဟွမ်သည် ဇာတ်လိုက်နှင့်တစ်ညတာအတူဖြတ်သန်းခဲ့ရပြီး သူမတွင် ကိုယ်ဝန်ရှိသွားခဲ့ကာ ကလေးမွေးခဲ့ရသည်... ဒါပေမယ့်ထူးဆန်းတာက အဖေဖြစ်သူရဲ့တာဝန်တွေကို ထမ်းဆောင်ခိုင်းရန်အတွက် ဇာတ်လိုက်ကို မရှာဖွေခဲ့ချေ... သူမအလုပ်ရှင်နှင့်အတူ ပွဲတစ်ခုသို့ တက်ရောက်ရင်း ဇာတ်လိုက်ဆီသို့ ပြေးမဝင်ခင်အထိပေါ့... သူမသည် ထိုနေ့တွင် ဇာတ်လိုက်ကို မြင်လိုက်ပြီးနောက် သားဖြစ်သူနှင့်ပေးတွေ့ရန် စဥ်းစားလိုက်မိသည်...


ထိုချိန်တွင် ဇာတ်လိုက်ကလည်း မငယ်တော့သည်ကြောင့် ဇာတ်လိုက်ရဲ့အမေဟာ မြေးတစ်ဦး မွေးရန်ကြံစည်နေခြင်းဖြစ်သဖြင့် DNA စစ်ဆေးမှုရလဒ်ကို ရရှိယူပြီးနောက်တွင် ကျန်းရှင်းချန်လေးအား ခေါ်ထားလိုက်တော့၏...


သို့သော်ဇာတ်လိုက်ရဲ့အမေက ကလေးကိုစောင့်ရှောက်ခဲ့ပေမဲ့ သူမစိတ်ထဲတွင် အရိုးစွဲအမြစ်တွဲနေပြီဖြစ်သော အဆင့်အတန်းဆိုသောအရာကို လွန်စွာမက်မောချေ၏... သူမသည် ပုံမှန်မိသားစုမှလာသောဇာတ်လိုက်မကို ဂရုမစိုက်သလို၊ အိမ်ထောင်မပြုဘဲ ကလေးမွေးပေးခဲ့သောဇာတ်ရံချန်းဟွမ်ကိုလည်း သူမသားနှင့် အတူရှိရန် သဘောမတူပေ...


ဗီလိန်ဇာတ်ရံဖြစ်တဲ့မူလချန်းဟွမ်ရဲ့ပန်းတိုင်မှာ ဂုဏ်သတင်းရှိပြီး ချမ်းသာသောမိသားစုတစ်ခုမှ ဇနီးဖြစ်လာဖို့ပင်... သို့သော် သူမဟာ ဇာတ်လိုက်အမေရဲ့စိတ်ကို သိသွားချိန်တွင် ကလေးကို ခေါ်သွားခွင့်မပြုခဲ့ချေ...မူလချန်းဟွမ်သည် ဖခင်ဖြစ်သူကို လွမ်းနေသောကလေးအား ဆင်ခြေအဖြစ်အသုံးချကာ ဇာတ်လိုက်ရဲ့ရုံးသို့ ပုံမှန်သွားခဲ့လေ၏...


ထိုအချိန်၌ ဇာတ်လိုက်မက ဇာတ်လိုက်ပေါ်တွင် စိတ်ယိုင်နေပြီဖြစ်တာကြောင့် ထိုအဖြစ်တို့ကို မြင်တိုင်း ဝမ်းနည်းပူဆွေးရလေသည်...  


ဇာတ်လိုက်မကို ကြိတ်ကြွေနေရှာသောဒုတိယဇာတ်လိုက်က သူ့ရဲ့နတ်ဘုရားမလေး ဝမ်းနည်းပက်လက်ဖြစ်နေခြင်းကို မကြည့်ရက်တော့သည့်အဆုံး မူလချန်းဟွမ်က သူမသားနှင့်အတူ ဇာတ်လိုက်ကို လာတွေ့ချိန်တိုင်း ဇာတ်လိုက်က တစ်စုံတစ်ယောက်ကို ချစ်မိသွားချိန်မှာ ကြားမဝင်သင့်ကြောင်း ပြောလာတော့သည်... 


ထိုအခါ မူလချန်းဟွမ်က အလွန်ဒေါသထွက်သွားခဲ့ပြီး ဇာတ်လိုက်ရဲ့ရုံးခန်းထဲသို့ ဝင်ကာ အမှန်ဟုတ်မဟုတ် ရှာဖွေတော့၏...


🖤🖤🖤🖤