အပိုင်း ၇-၈
Viewers 22k

Chapter 7

{ ကြက်ဥနှစ်လုံး - ၂ }


ဝတ္ထုထဲတွင် ဇာတ်လိုက်သည် သူအလုပ်လုပ်နေစဉ် စိတ်အနှောင့်အယှက်လာပေးခြင်းအား မနှစ်သက်သူပင်...ဒါကြောင့်လည်း ဇာတ်လိုက်က ဇာတ်ရံဖြစ်တဲ့မူလချန်းဟွမ်ကို လုံးဝဂရုမစိုက်ဘဲ လုံခြုံရေးဖြင့် အပြင်သို့ မောင်းထုတ်ပစ်လိုက်လေတယ်...


ထိုကြောင့် မူလချန်းဟွမ်သည် ဇာတ်လိုက်နှင့် ဇာတ်လိုက်မ ကြားမှအချစ်ဇာတ်လမ်းဟာ အမှန်ဟု ယုံကြည်သွားတော့၏...ထိုချိန်တွင် မူလချန်းဟွမ်က ချမ်းသာကြွယ်ဝခြင်းရဲ့အရသာကို ခံစားခဲ့ပြီးပြီဖြစ်တာကြောင့် သူမရဲ့အရင်နေရာကို ပြန်မသွားချင်တော့ချေ... သူမသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက်တွင် နောက်ထပ်စိတ်ကူးတစ်ခုရလာခဲ့တော့တယ်...


ထိုအချိန်၌ ရှင်းချန်လေးက ငယ်ရွယ်လွန်းသေးပြီး ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်လွန်းသည်ဟု၍မရှိသေးပေ... မူလချန်းဟွမ်သည် ထိုအခြေအနေကို ရည်ရွယ်ချက်ရှိရှိ အသုံးချကာ ကေလးလေးအား ဖျားနာအောင် နည်းမျိုးစုံသုံးပြီးနောက် ဇာတ်လိုက်အား ကလေးဆီ လာလည်ရန် ​အမြဲတောင်းဆိုနေတော့သည်...


မူလချန်းဟွမ်သည် သူမသားအပေါ်  ချစ်မြတ်နိုးခြင်းမရှိဘဲ ကလေးအား သူမဘဝကောင်းစားရေးအတွက် အသုံးချခံပစ္စည်းတစ်ခုအဖြစ်သာ ဆက်လက်အသုံးချနေလေခဲ့လေ၏... ဇာတ်လိုက်ကို ကပ်တွယ်ထားနိုင်ရန်နှင့် ဇာတ်လိုက်က သူမ ရှိရာဆီအမြဲလာစေရန် ကလေးအား အမြဲတစေဖျားနာစေရန် ကြံစည်နေတတ်သေးသည်...


ကလေးက ငယ်ရွယ်နုနယ်လွန်းသေးတာကြောင့် အစပိုင်းသာမန်အအေးမိခြင်းမှတဆင့် ပြင်းထန်သောအဖျားရောဂါရသွားလေသည်... နောက်ပိုင်းတွင် ဇာတ်လိုက်က သူ့သားဖြစ်သူ တစ်ခုခုမှားနေပြီဟု သတိထားမိသွားသောအခါ ကလေးအား ဆေးရုံခေါ်သွားချိန်တွင်တော့ အရာရာဟာ နောက်ကျသွားခဲ့ပြီဖြစ်လေသည်... ကလေးရဲ့ကိုယ်တွင်းအင်္ဂါအားလုံးနီးပါးဟာ ချို့ယွင်းနေခဲ့ပြီဖြစ်ပြီး ခွဲစိတ်ကုတင်ပေါ်တွင်ပင် သေဆုံးသွားခဲ့၏...


ဝတ္ထုတွင် ထိုဇာတ်ကွက်သို့ ရောက်ချိန်မှာတော့ လက်ရှိချန်းဟွမ်က ထိုဝတ္ထုကို ဖတ်နေခြင်းအား ရပ်တံ့လိုက်တော့သည်... ဝတ္ထုကို ရေးသည့်သူက ဇာတ်လိုက်နဲ့ဇာတ်လိုက်မ ပေါင်းစည်းနိုင်ဖို့ရာအတွက် သူတို့နှစ်ဦးကြားရှိ အတားအဆီးအားလုံးကို ဖယ်ရှားပစ်ရန် လိုအပ်​မှန်း သူမ နားလည်သော်လည်း ဘာမှမသိသေးတဲ့ကလေးပုစိလေးကို ဒီလောက်ထိ လုပ်ရန် မလိုဟုပင် သူမ တွေးလိုက်မိသေးလေ၏...


သူမ ဖတ်ခဲ့ရသောဝတ္ထုရဲ့ဇာတ်ကြောင်းအရဆိုလျှင် မူလချန်းဟွမ်က ကလေးကိုခေါ်လာပြီး DNAစစ်ဆေးခြင်းအဖြေမထွက်လာခင်တွင်ပင် ဇာတ်လိုက်ရဲ့အမေက ရှင်းချန်လေးရဲ့မွေးရာပါအမှတ်အသားတစ်ခုတည်းကို ကြည့်ပြီး သူမရဲ့မြေးသေချာသည်ဟု ပြောခဲ့ပေသည်...


ဇာတ်လိုက်အမေရဲ့စကားအရ ရှင်းချန်လေးဟာ ဇာတ်လိုက်ရဲ့ကိုယ်ပွားလို ဇာတ်လိုက်နှင့် ချွတ်စွတ်သည့်အပြင် မွေးရာပါအမှတ်ပင် တူကြောင်း သူမ သိလိုက်ရချေ၏...


ချန်းဟွမ်အတွက်  ဝတ္ထုတစ်ခုထဲရှိ ဇာတ်ကောင်တစ်ယောက်အဖြစ်သို့ ကူးပြောင်းသွားခြင်းက ပြဿနာကြီးကြီးမားမားတော့ မရှိပေ... သူမတွင် ဘယ်အရာကိုမဆို ကိုယ့်ကိုယ်ကို အားကိုးတတ်သောစိတ် ရှိနေခြင်းကြောင့်ပင်...


မူလချန်းဟွမ်သည် အခြားသူများကိုမှီခိုသည့်အကျင့်ရှိသော်လည်း လက်ရှိချန်ူဟွမ်တွင် ထိုအကျင့်မျိုး မရှိချေ... လက်ရှိချန်းဟွမ်သည် သူမရဲ့ တကယ့်ဘဝတွင် ဘွဲ့ရပြီး ၅နှစ်အကြာ၌ ဘယ်သူ့အကူအညီမှမယူဘဲ သူမကိုယ်ပိုင်အိမ်တစ်လုံး ၀ယ်နိုင်ခဲ့သူပင်...


တကယ့်ဘဝတွင် သူမသည် သုတ်ပိုးဘဏ်အကူအညီဖြင့် သူမတစ်ယောက်တည်းကလေးယူဖို့ပင် စဉ်းစားခဲ့သေး၏... အခုတော့ သူမတွင် သားတစ်ယောက်ရှိနေပြီဖြစ်တာကြောင့် ထိုကိစ္စကို အကောင်အထည်ဖော်ရန် မလိုတော့ပေ...


ထိုအကြောင်းတို့အား တွေးရင်းဖြင့် သူမ အိုးအဖုံးကိုဖွင့်၍ အထဲသို့ ကြည့်လိုက်လေသည်...


သူမ လက်ထဲတွင် ပါဝင်ပစ္စည်းအနည်းငယ်သာရှိတာကြောင့် ကြက်ဥနှစ်လုံးပါသည့်ခေါက်ဆွဲပြုတ်တစ်ပွဲသာ လုပ်နိုင်ခဲ့လေသည်... သူမသည် တကယ့်ဘဝတွင် တစ်ယောက်တည်းချက်ပြုတ်စားသောက်ခဲ့ရသူပီပီ သူမ ချက်သမျှတွင် အရသာမ​ကောင်းသောအရာမရှိချေ...


သူမက ကလေး ဘာကြိုက်မှန်း သေချာမသိသေးသောကြောင့် ခေါက်ဆွဲပြုတ်ထဲမှ ကြက်ဥနှစ်လုံးကို တစ်ခုနှင့်တစ်ခုမတူအောင် ပြင်ဆင်ထားလေ၏...


နောက်ဆုံးတွင်တော့ ချန်းဟွမ်သည် ကြက်ဥနှစ်လုံးကို ခေါက်ဆွဲပြုတ်ရဲ့အပေါ်ယံလေးတွင် တင်လိုက်ပြီး ပန်းကန်ကို အိပ်ခန်းထဲသို့ယူလာတော့၏...


အခန်းထဲတွင်တော့ ကလေးသည် ဗိုက်တွင် မျက်နှာသုတ်ပုဝါကို အုပ်ထားရင်း တံခါးကို မျက်နှာချင်းကာ ထိုင်နေလေတယ်... ကလေးလေးသည် အမေဖြစ်သူ အခန်းထဲသို့ ပြန်ဝင်လာခြင်းကို တွေ့တဲ့အခါ ချက်ချင်းဆိုသလို ခုန်လိုက်တာ​ကြောင့် ဗိုက်ပေါ်မှပုဝါပေါ်ကိုကိုင်ဖို့တောင်မေ့သွားခဲ့ပြီး ကိုယ်တီးလုံးလေး ဖြစ်သွားရလေ၏...


" မေမေ! " အဝတ်မပါသောကိုယ်တီးလုံးလေး ရှင်းရှင်းသည် ချန်းဟွမ်ဆီသို့ပြေးလာပြီး ပန်းကန်ထဲရှိခေါက်ဆွဲထဲကို ငုံ့ကြည့်လိုက်ကာ  " အနံ့က မွှေးနေတာပဲ " ဟုပြောလာလေ၏...


" ရှင်းရှင်းလေး ဗိုက်ဆာနေပြီမလား... အခုစားလို့ရပြီနော်... "


ချန်းဟွမ်က ပန်းကန်ကို စားပွဲပေါ်တင်လိုက်ပြီး နေရာဖယ်လိုက်ပြီး ကလေးလေးကိုကောက်ချီလိုက်ကာ ကုလားထိုင်ပေါ်တင်လိုက်သည်...


" ကဲ... ဒီမှာထိုင်စား ဟုတ်ပြီလား... "


သူမက စားဖို့ပြောသော်ငြား ကလေးလေးသည် ဇွန်းကိုဆုပ်ကိုင်ကာ ခေါက်ဆွဲအနည်းငယ်ကို ခပ်လိုက်ပြီးနောက် ချန်းဟွမ်အား မော့ကြည့်လိုက်ရင်း  " မေမေ... စားလေ... "


 ချန်းဟွမ်က ကလေးလေးရဲ့ခေါင်းကို ခပ်ဖွဖွပုတ်လိုက်ပြီး " မေမေက စားပြီးပြီ... ရှင်းရှင်းလေးပဲ စား... "


မူလချန်းဟွမ်သည် ပွဲများသို့တက်ရောက်ခဲ့ပြီး စားခဲ့ပြီးပြီဖြစ်သော်လည်း အိမ်တွင် ကျန်နေခဲ့သောရှင်းချန်လေးမှာ ဘာမျှသေချာမစားရချေ... သူမ အိမ်ပြန်ရောက်ချိန်တိုင်း ကလေးကို ဒေါသထွက်ကာ ရည်ရွယ်ချက်ရှိရှိ ဘာမှမကျွေးဘဲ ထားတတ်၏...


ဝတ္ထုဇာတ်ကြောင်းတို့ကို ပြန်စဥ်းစားမိလေတိုင်း လက်ရှိချန်းဟ်မ်သည် ကလေးအပေါ်  ပို၍ပင် ဂရုဏာသက်မိ၏... သူမသည် တူနှစ်ချောင်းကိုကောက်ယူလိုက်ပြီး ကြက်ဥသေးသေးလေးကို ဖဲ့လိုက်ကာ ကလေးအားကျွေးလိုက်ရင်း " စားလို့ကောင်းလား? "


" ကောင်းတယ် မေမေ! "


ကလေးလေး သည် စားရင်း မျက်ရည်များပင် စီးကျလာခဲ့ပြီး မိခင်ဖြစ်သူဘက်သို့ လှည့်ကာ ပျော်ရွှင်စွာဖြင့် အရူးလေးတစ်ယောက်လို ပြုံးပြလာသည်...


" မေမေ... "


" အင်း ပြောလေ သားသား " ချန်းဟွမ်သည် ကလေးအား ခေါက်ဆွဲ ခွံ့ကျွေးရင်း ပြန်ထူးလိုက်လေသည်...


ရှင်းရှင်းက အမေဖြစ်သူအား ထပ်ပြုံးပြလိုက်ပြီး သူ့ပါးစပ်ထဲရှိခေါက်ဆွဲ​များကုန်သွားချိန်၌ နောက်တစ်ကြိမ်ထပ်ခေါ်ပြန်သည်... " မေမေ "


" မေမေ ဒီမှာရှိတယ် " 


သားအမိနှစ်ယောက် တစ်ယောက်က ခွံ့ကျွေးသည်ကို တစ်ယောက်က စားရင်း ပျော်ရွှင်နေကြလေ၏... ရှင်းရှင်းလေးသည် ခေါက်ဆွဲတစ်လုတ်စားပြီးတိုင်း " မေမေ "ဟုခေါ်ပြီး ချန်းဟွမ်ကလည်း စိတ်ရှည်ရှည်ဖြင့် ပြန်ထူးနေတတ်သည်...

~~~


ဤသို့ဖြင့် ခေါက်ဆွဲပန်းကန်လုံးရဲ့ တစ်ဝက်စားပြီးချိန်တွင် ကလေး ဗိုက်ပြည့်သွားလေပြီ... ထိုချိန်တွင် ရှင်းရှင်းလေးသည် ​ကုလာထိုင်းပေါ်မှ ကြမ်းပြင်ပေါ်သို့ ခုန်ဆင်းသွားပြီး ချန်းဟွမ်ရဲ့ခြေထောက်တစ်ဖက်ကို ပွေ့ဖက်ထားရင်း သူမကို မော့ကြည့်လိုက်ကာ


"မေမေ သားအရမ်းပျော်တယ် " 


💜💜💜💜💜


Chapter 8

{ သွားတိုက်ခြင်းက ခက်ခဲသောစစ်ဆင်ရေး - ၁ }


ညစာစားပြီးသောအခါ..


 ချန်းဟွမ်က အိပ်ယာမဝင်ခင်တွင် ရှင်းရှင်းလေးအား ခေတ္တစောင့်ခိုင်းထားပြီး သူမကတော့ ကလေးလေးအား ဝတ်ပေးရန် အဝတ်အစားရှာဖွေလိုက်သည်...


ရှင်းရှးင်းလေးရဲ့အခန်းက အတော်လေး ကျဥ်းမြောင်းပြီး အဝတ်ဗီဒိုတစ်လုံးဆန့်ဖို့ပင် မဖြစ်နိုင်တာကြောင့် ကလေးရဲ့အ၀တ်အားလုံးဟာ ကုတင်ပေါ်တွင်သာ ပြန့်ကျဲလို့နေချေ၏...


ချန်းဟွမ်သည် ဆိုးရွားလှသောအငွေ့အသက်တို့ကို သည်းခံထားရင်း အဝတ်အစားများအားလုံးကို ဆွဲထုတ်ခဲ့ကာ ရှင်းရှင်းလေးအား ဝတ်ပေးလို့ရမယ့်အဝတ်ကို ရှာနေခဲ့လေသည်...


အဝတ်အစားအများစုဟာ ဟောင်းနွမ်းညစ်ပတ်နေပြီးလေ၀င်လေထွက်မရှိသောအခန်းထဲတွင် ကျန်ခဲ့သောချွေးနံ့များနှင့် ဖုန့်မှုန့်အနံ့တို့က သူမကို မအီမသာဖြစ်စေ၏... အဝတ်အစားများစွာထဲမှ အနည်းငယ်မျှသာရေဖြင့်ဆေးထားပုံရပြီး ကျန်အားလုံးမှာတော့ လျှော်ဖွတ်ထားပုံမပေါ်ချေ...


 အဝတ်အစားအားလုံးကို မွှေနှောက်ရှာဖွေခဲ့ပြီး နောက်ဆုံးတွင်တော့ မသစ်တသစ်အ၀တ်တစ်ခုကို တွေ့သွားခဲ့သည်...ထို့နောက်တွင်တော့ သူမက ကျန်အဝတ်အစားအားလုံးကို အိတ်ထဲသို့ ထည့်လိုက်ပြီး လွှင့်ပစ်ရန် ဆုံးဖြတ်လိုက်၏... သူမ လက်ထဲတွင် ရွေးချယ်ထားသောတချို့ကိုတော့ တစ်ကြိမ်မျှပြန်လျှော်လိုက်သည်...


နွေရဲ့ညများက ပူနွေးတာကြောင့် လျှော်ထားသောအဝတ်များဟာ ညတွင်းချင်း ခြောက်သွားနိုင်၏... ထို့နောက်တွင်တော့ ချန်းဟွမ်တစ်ယောက် သူမလက်နှစ်ဖက်ကို ရေသုတ်လိုက်ပြီး မနက်ဖြန်မနက် ကလေးကို ကုန်တိုက်သို့ ခေါ်သွားကာ အဝတ်အစားတချို့ ဝယ်ပေးရန် စီစဥ်လိုက်တော့သည်...


ကလေးအတွက် အဝတ်အစားနည်းနည်းဝတ်ပြီးလျှင် သူမတို့နေရန် နေရာအသစ်တစ်ခုရှာရပေမည်... ယခုနေ,နေသောအခန်းမှာ အတော်လေး ကျဥ်းမြောင်းလွန်းသည့်အပြင် အိမ်နီးချင်းများကလည်း မကောင်းလှချေ...


သူမတို့နှင့် တစ်လွှာတည်းတွင်ရှိသော မိသားစုတွင် နေ့တိုင်းနီးပါး အိမ်တွင်းအကြမ်းဖက်မှုဖြစ်ပြီး လင်မယားနှစ်ယောက်မှာ ၎င်းတို့ရဲ့ကွာရှင်းပြတ်စဲမှုအတွက် နေ့စဉ်ရန်သတ်နေကြလေတယ်... ဝတ္ထုထဲတွင် ထိုလင်မယားနှစ်ယောက် ရန်ထဖြစ်ကြတိုင်း ရှင်းရှင်းလေးက ရန်ဖြစ်သံများကို ကြားနေရပြီး အရမ်းကြောက်နေခဲ့ရချေသည်... မူလပိုင်ရှင်က ထိုကိစ္စတို့ဂရုမစိုက်ခဲ့ပေမယ့်  လက်ရှိချန်းဟွမ်ကတော့ ထိုကိစ္စကို မျက်ကွယ်ပြုထားမည် မဟုတ်ပေ... ယခုကဲ့သို့သောပတ်ဝန်းကျင်မျိုးဟာ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်လို့ ကောင်းသည့်နေရာမျိုး မဟုတ်ချေ...


ဖြစ်နိုင်လျှင် အနီးအနား၌ သူငယ်တန်းကျောင်းလေးရှိသည့်နေရာမျိုးကို ရှာကြည့်ချင်မိပေတယ်... ရှင်းရှင်းလေးက ယခုအသက် ၄နှစ်ရှိနေပြီ ဖြစ်ပြီး ကျောင်းစတက်ရတော့မည့်အရွယ်ပင်... ကလေးလေးရဲ့အနာဂါတ်အတွက် သင့်တော်တဲ့သူငယ်တန်းကျောင်းတစ်ခု ကိုရှာဖို့လည်း လိုအပ်ပြန်၏...


သို့သော်ငြား အတော်အသင့်ကောင်းမွန်သောသူငယ်တန်းကျောင်းများဟာ စျေးကြီးလှသည်... မူလပိုင်ရှင်ရဲ့ချွေတာခြင်းနည်းပါးမှုကို ပြန်စဥ်းစားကြည့်ရင်း ချန်းဟွမ်တစ်ယောက် သက်ပြင်းရှည်တစ်ခုချလိုက်မိလေတယ်...


သူမတို့က တကယ်ကို ဆင်းရဲလွန်းတာပဲ...


ချန်းဟွမ်သည် သူမ မည်မျှဆင်းရဲနေသည်ကို ရေချိုးခန်းထဲသို့ ဝင်သွားကာ စဥ်းစားလိုက်တိုင်း သွေးတက်သွားသလို ခံစားနေရချေသည်... သူမဟာ တစ်ညတည်းမှာပဲ ကိစ္စများစွာကို ရင်ဆိုင်ခဲ့ရပြီး မရပ်မနားလှုပ်ရှားခဲ့ရ၏... ထို့ကြောင့် ယခုတွင် သူမခေါင်းတို့ မူးနောက်လို့ နေခဲ့လေပြီ...ဒါကြောင့်လည်း ရေချိုးရင်းဖြင့် သူမရဲ့စိတ်တို့ကို တခဏလောက်အနားပေးရန် အခွင့်အရေးယူလိုက်၏... 


သူမ ရေချိုးပြီးသည်နှင့် တော်တော်လေး သက်သာရာရလာပြီဟုခံစားရလေသည်...  သူမဆံပင်တို့ကို ဆံပင်အခြောက်ခံစက်ဖြင့်ခြောက်သွေ့အောင်လုပ်ပြီးနောက် လိုအပ်သောပြင်ဆင်မှုတို့ လုပ်ပြီးချိန်တွင် အိပ်ခန်းထဲသို့ ပြန်ဝင်လာခဲ့၏...


အိပ်ခန်းထဲတွင်တော့ ကလေးက ယခုအထိ မအိပ်သေးချေ... ကလေးလေးက ကုတင်ပေါ်၌ထိုင်ရင်း တံခါးဘက်သို့မျက်နှာမူထား၏... သူမအခန်းထဲသို့ ဝင်လာနေသည်ကို မြင်သောအခါ သူမအား ' မေမေ 'ဟု ထပ်ခေါ်လာပြန်သည်...


" အယ် သားသား ဘာလို့မအိပ်သေးတာလဲ... " ချန်းဟွမ်က အခန်းထဲသို့ရောက်ချိန်တွင် လေအေးပေးစက်ကို နည်းနည်းမြှင့်လိုက်ပြီး ခေါင်းအုံးတို့ကိုညှိ သေချာစီလိုက်ကာ " သား စောစောအိပ်ဖို့လိုတယ်နော်...မဟုတ်ရင် အရပ်မရှည်ဘဲ နေလိမ့်မယ်... "


" မေမေ " ကလေးလေးက သူ့ရဲ့မျက်လုံးတို့ တောက်ပစွာဖြင့် " သားက မေမေတူတူနဲ့အိပ်ရမှာလားဟင်..."


" ဟုတ်တာပေါ့... သားက မေမေနဲ့တူတူအိပ်ရမှာ... ​​သားလေးက အခုမှကလေးလေးပဲရှိသေးတာ... တစ်ယောက်တည်း အိပ်လို့မရသေးဘူးလေ... " ချန်းဟွမ်သည် ကလေးလေးကို အိပ်ယာပေါ်တွင် လှဲခိုင်းလိုက်ကာသူ့အပေါ်တွင် စောင်ပါးပါးလေး တစ်ထည်ခြုံထားပေးလိုက်၏...


" ဒါပေမယ့် သားက အမြဲတမ်း တစ်ယောက်တည်း အိပ်ခဲ့တာလေ... " ကလေးက ကုတင်ပေါ်တွင် လှဲချလိုက်ပြီး နှုတ်ခမ်းဆူလိုက်ရင်း ထိုစကားတို့ကို ဆိုလိုက်ချေတယ်...


" အတိတ်ကအတိတ်ပဲ... အခုကစပြီး သားက မေမေနဲ့တူတူ အိပ်ရမယ်... " 


ကလေးက အရမ်းငယ်လွန်းသေးသည်... ညလယ်ပိုင်း အိမ်သာသွားချိန်မှာ တစ်ယောက်တည်း ရေချိုးခန်းထဲမှာ ချော်လဲနေလျှင် ဘာလို့လုပ်ပါ့မလဲ...


သူမ ကလေးလေးအတွက် တွေးကြည့်ရုံဖြင့် စိုးရိမ်စရာတွေအများကြီးရှိသည်ဟုခံစားနေရပေ၏... နောက်ဆုံးတွင်တော့ သူမသည်လည်း အိပ်ယာပေါ်လှဲလိုက်ရင်း မီးပိတ်လိုက်ကာ ကလေးလေးဘက်သို့ ပြန်လှိမ့်လိုက်ပြီး " သား အသက်ကြီးလာမှမတစ်ယောက်တည်းအိပ်ရမယ်... ဟုတ်ပြီလား..." 


" ဒါဆို သားက ဘယ်အချိန်မှ အသက်ကြီးလာမှာလဲဟင်... "


" အလယ်တန်းကျောင်း စတက်တဲ့အချိန်လောက်ပေါ့... "


ထို့နောက်တွင် နူးညံ့သောခန္ဓာကိုယ်လေးတစ်ခုက သူမရဲ့လက်မောင်းကို သူတစ်ယောက်တည်းပိုင်သည့်ကိုယ်ပိုင်ပစ္စည်းတစ်ခုသဖွယ် ဖက်ထားလိုက်လေ၏... " အဲ့လိုသာဆိုရင် သား အသက်မကြီးချင်ဘူး မေမေ... သားက မေမေနဲ့အမြဲအတူအိပ်ချင်တာ "


" အရူးလေး..."


ချန်းဟွမ်က စနောက်လိုက်ကာ ပြုံးပြီးရှင်းရှင်းလေးရဲ့ခေါင်းကိုပွတ်ပေးလိုက်သည်.. ထို့နောက်တွင်တော့ သူမ၏လက်မောင်းကို ရှင်းရှင်းလေး ဖက်ထားခြင်းမှ ဆွဲထုတ်လိုက်ပြီး သူမရဲ့လက်မောင်းထဲသို့ ကလေးလေးအား ဆွဲထည့်ဖက်လိုက်တော့သည်...


ကလေးတစ်ယောက်ရဲ့ကိုယ်အပူချိန်က လူကြီးတစ်ယောက်ထက်ပိုမြင့်ပေ၏...ထို့ကြောင့် ချန်းဟွမ်ဟာ အပူပေးစက်လေးတစ်ခုကို ပွေ့ဖက်ထားရသလိုခံစားနေရလေ၏... သို့သော် လေအေးပေးစက် ဖွင့်ထားတာကြောင့် ထိုအပူချိန်ကိုခံနိုင်ရည်ရှိနေသေးသည်...


သူမသည် အောက်ကိုငုံ့ကြည့်လိုက်ကာ ကလေးရဲ့ခေါင်းပေါ်တွင် အနမ်းတစ်ခု ခြွေလိုက်ပြီး " အခုအိပ်တော့နော်... Good night ပေါက်စီလေး... "


" Good night မေမေ "


💜💜💜💜