အပိုင်း ၉-၁၀
Viewers 22k

Chapter 9

{ သွားတိုက်ခြင်းဟာ ခက်ခဲသောစစ်ဆင်ရေး - ၂ }


​သန်းခေါင်ယံအချိန်လောက်တွင် ချန်းဟွမ်တစ်ယောက် အိပ်မက်ဆိုးတစ်ခုကြောင့် လန့်နိုးလာခဲ့သည်...


သူမသည် ကမ္ဘာကပ်ဘေးတစ်ခုအကြောင်း မြင်မက်ခဲ့ခြင်းဖြစ်လေ၏... အိမ်မက်ထဲတွင် မရေမတွက်နိုင်သောဥက္ကာခဲများက ကမ္ဘာမြေပြင်ပေါ်သို့ ကျရောက်လာပြီး မြေပြင်တစ်ခုကို ဖျက်စီးပစ်လို့နေလေတယ်... ထိုဥက္ကာခဲများမှာ တစ်ခုဟာ သူမအပေါ်သို့  ဆင်းသက်ခဲ့လာပြီး သူမသည် ထိုဥက္ကာခဲကြီးအောက်တွင် အသက်မရှူနိုင်ဘဲ အကူအညီတောင်းဖို့ပင် အင်အား မရှိတော့ပေ...


အိမ်မက်ထဲတွင် သူမရဲ့နောက်ဆုံးထွက်သက်မတိုင်ခင်၌ သူမဟာ အိမ်မက်မှ လန့်နိုးလာခဲ့ခြင်းဖြစ်လေသည်... သူမသည် ရုတ်တရက်ထထိုင်လိုက်ပြီးနောက် အသက်ဝဝရှုလိုက်ကာ သူမက သေချာဖက်အိပ်ခဲ့သော်ငြား ယခုတွင် ကုတင်ခြေရင်းတွင် သူမရဲ့ပေါင်ကို ခေါင်းအုံးလျက် အိပ်နေသောပေါက်စီလုံးလုံးလေးကို ကြည့်လိုက်မိလေ၏...


မနေ့ညက သူမတို့နှစ်ဦးဟာ ညဥ့်နက်မှ အိပ်ယာဝင်ခဲ့သည်ကြောင့် ခလောခလောဖြင့်ဟောက်ရင်း အိမ်မောကျနေသော ကလေးအား မနှိုးရန် ဆုံးဖြတ်လိုက်သည်...


သူမပေါင်ကို ခေါင်းအုံးလျက် အိပ်နေသောရှင်းရှင်းလေးကို ကြည့်လိုက်ချိန်တွင် ချန်းဟွမ်သည် သူမဟာ မိခင်တစ်ယောက်ဖြစ်နေပြီဟူသောအချက်ကို ပြန်တွေးဆမိလိုက်၏...


ချန်းဟွမ် အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီးနောက် နဖူးပေါ်မှ ချွေးစက်များကို သုတ်လိုက်လေတယ်...စောနက မက်ခဲ့သော အိမ်မက်ကို မအံ့သြတော့... သူမလို Singleတစ်ယောက်ဆီကိုမှ ကလေးတစ်ယောက်က မိုးပေါ်က ကျလာသလို ရောက်လာပြီး ယခုတွင် သူမဟာ မိခင်တစ်ယောက် ဖြစ်နေခဲ့လေပြီ...


ချွေးများရွှဲနေသောကြောင့် ယားယံသလို ခံစားလိုက်ရသည် ချန်းဟွမ် ကလေးလေးအား အိပ်ယာတစ်ဖက်တွင် ညင်သာစွာ ရွှေ့လိုက်ပြီး သူမကတော့ ရေချိူးခန်းဆီသို့ ထွက်လာခဲ့လိုက်သည်...


အချိန်တစ်ခုကြာပြီးနောက် ရှင်းရှင်းလေးနိုးလာချိန်တွင် သူသည် အခန်းထဲတွင် တစ်ဦးတည်းသာ ဖြစ်နေခဲ့လေ၏...


ထိုအခါ ပေါက်စီလုံးလေးသည် အိပ်ယာပေါ်တွင် ထထိုင်လိုက်ပြီးနောက် သူ့မျက်လုံးတို့ကို ပွတ်သပ်လိုက်ရင်း သူ့အမေရဲ့အိပ်ခန်းထဲတွင်သာ ရှိနေတာကို သတိထားမိပြီး အခန်းကို လှည့်ပတ်ကြည့်ကာ တခစ်ခစ်ရယ်မောတော့သည်...


ထိုစဥ် စားစရာတစ်ခုရဲ့ရနံ့က အခန်းတွင်းကို ဝင်ရောက်လာသော်လည်း ရှင်းရှင်းလေးသည် အဝတ်အစားမပါဘဲ အပြင်မထွက်ရဲပေ... ထိုပေါက်စီလုံးလေးဟာ သူ့ဗိုက်လုံးလုံးလေးကို ပွတ်ရင်း စားစရာရနံ့ကိုသာ ရှူနေခဲ့သည်...


ယခု ရနေသောစားစရာရနံ့ဟာ သူ့အမေက သူ့အတွက် ပြင်ပေးနေသောအစားအစာရဲ့ရနံ့သာဖြစ်ပါစေဟု ကလေးလေးက ကြိတ်ဆုတောင်းနေပုံရသည်...


မနေ့ညက အမေဖြစ်သူ ပြင်ပေးသည့် ခေါက်ဆွဲပြုတ်ဟာ ထိုကလေးလေးဘဝ၌ စားဖူးသမျှထဲတွင် အကောင်းဆုံးပင်... 


မနေ့ညမှ ခေါက်ဆွဲပြုတ်အရသာကို ပြန်သတိရမိချိန်၌ ရှင်းရှင်းလေးရဲ့ပါးစပ်ဘေးတွင် သရေတို့ တွဲခိုလာတော့သည်...


ပေါက်စီလုံးလေးက သူ့ပါးစပ်ဘေးက သရေတို့ကို သုတ်လိုက်ပြီးနောက် နူးညံ့စွာ ပြုံးလိုက်သေးသည်... ယနေ့မနက်တွင်လည်းသူ့အမေက သူ့အတွက် ခေါက်ဆွဲ ထပ်လုပ်ပေးစေချင်စေ၏...


ချန်းဟွမ်က အစားအသောက်တို့ ပြင်ဆင်ပြီးချိန်တွင် သူ့သားကိုနှိုးရန် အခန်းထဲသို့ ပြန်ဝင်လာတဲ့အခါ ရင်းရှင်းလေးက ရီစရာကောင်းသောအကြည့်ဖြင့် အိပ်ယာပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်...


" ဘာတွေတွေးနေတာလဲ... ပေါက်စီလေး


 " ချန်းဟွမ်သည် သူမအဝတ်အစားများကို ကိုင်ထားရင်း အထဲသို့ ဝင်လာခဲ့လေသည်... " သား နိုးနေတာကို ဘာလို့ မေမေ့ကို လှမ်းမခေါ်လိုက်တာလဲ... "


" မေမေ " ကလေးက အမေဖြစ်သူကို တွေ့တဲ့အခါ အမေဆီသို့ ပြေးလာခဲ့လေ၏... " မေမေ! "


 ချန်းဟွမ်က သူမအဝတ်အစားများကို ကုတင်ပေါ်တင်သို့ တင်လိုက်ပြီး ပေါက်စီလုံးလေးအား ပွေ့ဖက်လိုက်ကာ " ဘာဖြစ်လို့လဲ သား "


" မနေ့ညက ခေါက်ဆွဲ အရမ်းကောင်းတယ်! " ကလေးလေးဟာ ချန်းဟွမ်အား တောက်ပသောမျက်ဝန်းများဖြင့် ကြည့်လိုက်ရင်း ထိုသို့ဆိုလိုက်လေတယ်..." မေမေ အရမ်းတော်တာပဲ! " ကလေးလေးဟာ  ခေါက်ဆွဲ ထပ်စားချင်သည်ကို တိုက်ရိုက်မပြောဘဲ သွယ်ဝိုက်ပြီး ဆိုလိုက်ခြင်းဖြစ်၏... ကလေးလေးရဲ့အကြံအစည်လေးဟာ အမြဲချစ်စရာကောင်းလွန်းပေတယ်...


ချန်းဟွမ်သည် ပေါက်စီလုံးလေးရဲ့ပါးနှစ်ဖက်ကို ကိုင်လိုက်ရင်း ပြုံးလိုက်ကာ "မေမေက ဒီနေ့ နောက်တစ်မျိုး လုပ်ထားတယ်... ရှောင်ရှောင်လေး စားကြည့်မလား... "


" ဟုတ် မေမေ " ပေါက်စီလုံးလေးက ခေါင်းတညိမ့်ညိမ့်လုပ်ပြီး ကျယ်လောင်စွာ ပြန်ဖြေလိုက်လေသည်...


" ဒါဆို အရင်ဆုံး အဝတ်​​ဝတ်​မယ် သွားတိုက်မယ်... သွားတိုက်​ပြီးရင်​ မေမေတို့တူတူ မနက်စာ စားကြမယ်လေ ဟုတ်ပြီလား "


မူလချန်းဟွမ်က သားဖြစ်သူကို လုံးဝဂရုမစိုက်ချေ... သုံးလေးရက်နေမှ တစ်ကြိမ်သာ ရေချိုးပေးတတ်ပြီး သွားလည်း မတိုက်ပေးပေ...


ကလေးတိုင်းဟာ သွားတိုက်ရခြင်းကို မကြိုက်တာကြောင့် ကလေးသည်လည်း သူကိုယ်တိုင် သွားမတိုက်ဘဲ နေခဲ့သည်...


ရှင်းရှင်းလေးက ငယ်ရွယ်သေးသည်ကြောင့်သူ့သွားလေးများဟာ ကောင်းသေးပေ၏... သို့သော် ချန်းဟွမ်သည် ဝတ္ထုထဲတွင် ကလေးရဲ့ငယ်သွားတစ်ဝက်နီးပါး မရှိတော့တာကြောင့် ဇာတ်လိုက်ရဲ့မိခင်ဖြစ်သူ အမေကျန်းက မကျေနပ်ခဲ့သည့်ဇာက်ကွက်ကို ပြန်တွေးလိုက်မိလေသည်...


လက်ရှိချန်းဟွမ်သည် ဝတ္ထုထဲမှ ဇာတ်ကြောင်းလို ကလေးရဲ့အဖေကို ရှာဖွေဖို့ ရည်ရွယ်ချက်မရှိသော်လည်း ကလေးရဲ့တစ်ကိုယ်ရေးသန့်ရှင်းရေးကိုတော့ စိတ်ပူနေသည်...


သူမက ရှင်းရှင်းလေး မနိုးခင်၌ ကလေးသွားတိုက်တံနှင့် သွားတိုက်ဆေးကို ကုန်စုံဆိုင်တွင် သွားဝယ်ခဲ့ပေ၏... သူမသည် ယနေ့မှစပြီး ကလေးလေးရဲ့အကျင့်ဆိုးလေးများကို ပြုပြင်ပေးရန် ဆုံးဖြတ်ချက်ချထားပြီးသားပင်...


ရှင်းရှင်းလေးသည် မိခင်ဖြစ်သူဆီမှ သွားတိုက်မည့်ကိစ္စကို ကြားလိုက်ချိန်တွင် အနည်းငယ်လန့်သွားပုံပေါ်သော်လည်း စက္ကန့်ပိုင်းအကြာတွင်  " ဟုတ်ကဲ့ မေမေ "ဟု ပြန်ဖြေလိုက်သည်...


သူ့အမေ မနက်တိုင်း သွားတိုက်နေခြင်းကို မြင်တာကြောင့် ကလေးလေးသည် သူကိုယ်တိုင် သွားတိုက်ကြည့်ဖို့ စမ်းခဲ့ဖူး၏... သို့သော် သွားတိုက်ဆေးရဲ့ထူးဆန်းတဲ့ အရသာကြောင့် အတော်လေး စိတ်ပျက်သွားခဲ့ရသည်... ဒါပေသည့် ယခုတွင် မိခင်ဖြစ်သူက တောင်းဆိုလာတာကြောင့် ဒီထူးဆန်းတဲ့အရာတွေကို စားနိုင်ရန် ကြိုးစားမည်ဟု တွေးလိုက်သည်..


ပေါက်စီလုံးလေးရဲ့မျက်နှာဖောင်းဖောင်းလေးသည် အလွန် လေးနက်နေပုံရသည်... သူသည် ချန်းဟွမ်ရဲ့ရင်ဘတ်အတွင်း ခေါင်းတိုးဝင်လိုက်ရင်း သူအရင်က သွားမတိုက်တာကြောင့် သူ့အမေက သူ့အား မချစ်ခဲ့တာဖြစ်လိမ့်မည် ကလေးအတွေးလေးဖြင့် တွေးနေမိလေ၏...


ဒါ့ကြောင့် အခုမှစပြီး သွားပုံမှန်တိုက်ပါက  မိခင်ဖြစ်သူက သူ့ကို အမြဲချစ်နေမည်ဟုပင် တွေးနေလေသည်...


💧💧💧💧


Chapter 10

{ ဒီကလေးလေးက မင်းငယ်ငယ်တုန်းက ပုံစံနဲ့ မတူဘူးလား - ၁ }


ပေါက်စီလုံးလေးသည် အမေဖြစ်သူ သူ့ကို အမြဲချစ်နေစေရန်အတွက် လိမ်လိမ်မာမာနေမည်ဟု ဆုံးဖြတ်ထားပုံပင်... ကလေးက သူ့လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး သူကိုယ်တိုင် အဝတ်အစားဝတ်နိုင်ကြောင်းပြလိုက်သည်...


ချန်းဟွမ် လက်နှစ်ဖက်မြှောက်ထားသောပေါက်စီလုံးလုံးလေးအား ငုံ့ကြည့်ရင်း နူးညံ့စွာ ပြုံးလိုက်ပြီးနောက် ကလေးလေးအား သူ့အဝတ်အစားတို့ကို ပေးလိုက်ကာ “ ဟုတ်ပါပြီ... ဒါဆိုလည်း ကိုယ်တိုင် ဝတ်ထားနော် ”ဟုသာ ပြောလိုက်သည်...


ပေါက်စီလုံးလေးသည် သူကိုယ်တိုင် အဝတ်အစားဝတ်ရသည်မှာ ဒီတစ်ကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ... သူသည် အနည်းငယ် အတွေ့အကြုံရှိပြီးသားဖြစ်တာကြောင့် အခက်အခဲသိပ်မရှိလိုက်ချေ...


ထို့နောက်တွင်တော့ အတွင်းခံဘောင်းဘီလေးကို ကောက်ကိုင်လိုက်ပြီး သူရဲ့ခြေထောက်တစ်ဖက်ကို မြှောက်ကာ အပေါက်တစ်ခုထဲသို့ ထည့်လိုက်လေတယ်...


ချန်းဟွမ်သည် အိပ်ယာ ဘေးတစ်ဖက်တွင်ထိုင်နေရင်း ဘောင်းဘီအရှေ့အနောက်မှားဝတ်နေသောပေါက်စီလုံးလေးဟာ ကြည့်ကာ မရယ်မိအောင် ထိန်းနေခဲ့ရသည်... 


ရှင်းရှင်းေလးသည် သူ့အတွင်းခံဘောင်းဘီကို ဂုဏ်ယူစွာဝတ်လိုက်ပြီးနောက် မတ်တပ်ရပ်လိုက်ကာ ဘောင်းဘီကို ဆွဲတင်လိုက်ချိန်မှာတော့ တစ်ခုခုလွဲမှားနေမှန်း သတိထားလိုက်မိပေ၏...


ကလေးလေးက အောက်သို့ ပြန်ငုံ့ကြည့်လိုက်ရာ ဘောင်းဘီအိတ်ကပ်သည် အတွင်းထဲသို့ ရောက်နေခြင်းအား တွေ့လိုက်ရလေသည်... ထို့နောက်တွင် သူ အမေဖြစ်သူအား အသာလေးခိုးကြည့်လိုက်သည်


.. ချန်းဟွမ်က ကုတင်ပေါ်မှစောင်များကို ခေါက်နေသည့်ပုံစံလုပ်ကာ မမြင်ချင်ယောင်ဆောင်နေလိုက်၏... ဘောင်းဘီအရှေ့အနောက်မှားဝတ်လိုက်သည်ကို သူ့အမေ မတွေ့လိုက်တာ သေချာသွားချိန်၌ ပေါက်စီလေးသည် ဘောင်းဘီကို အမြန်ပြန်ချွတ်ကာ အတည့်ဖြစ်အောင် ပြန်ပြင်ဝတ်လိုက်လေသည်...


အားလုံးသေချာဝတ်ပြီးသွားချိန်မှာတော့  အမေဖြစ်သူကို လှမ်းခေါ်လိုက်သည်...  " မေမေ... "


" Omm... ပြောလေ သား... " ချန်းဟွမ်သည် ထိုသို့​ဆိုရင်း လှည့်ကြည့်လိုက်ပြီးနောက် " ရှင်းရှင်းလေးက ကိုယ်တိုင်အင်္ကျီဝတ်တတ်နေပြီပဲ... တော်လိုက်တာနော်... "


" ခစ်ခစ် " ပေါက်စီလုံးလေးသည် အမေဖြစ်သူဆီမှ ချီးကျူးစကားကြားလိုက်ရချိန်တွင် ပျော်ရွှင်စွာ ခုန်လိုက်မိလေ၏...


ချန်းဟွမ် ကလေးအတွက် အဖြူရောင်တီရှပ်အင်္ကျီနှင့် အစိမ်းရောင်ဘောင်းဘီတိုတစ်ထည်ကို ရွေးထားခဲ့ခြင်းဖြစ်လေသည်... သူမသည် မနေ့ညက ထိုအဝတ်အစားတို့ကို သေချာေလျာ်ဖွတ်ခဲ့တာကြောင့် ထိုအဝတ်အစားတို့မှာ ဆပ်ပြာနံ့လေး သင်းလို့နေ၏...


ကလေးက လက်ထဲမှ တီရှပ်အင်္ကျီကို ကိုင်လျက် ရှေ့နောက် သေချာကြည့်လိုက်သည်... သို့သော် နေ့တစ်ဝက်လောက် ကြည့်မည်ဆိုရင်တောင် ထိုတီရှပ်အင်္ကျီရဲ့အရှေ့အနောက်ကို မခွဲတတ်သေးသောသောကြောင့် နှုတ်ခမ်းလေးဆူကာ ငိုမဲ့မဲ့ဖြစ်လာတော့သည်...


 ချန်းဟွမ် ထိုအခြေအနေကို ရိပ်စားမိသွားပြီး ကလေး နားသို့ လျှောက်ကာ " အင်္ကျီကိုတော့ မေမေ ကူဝတ်ပေးမယ်နော်..."


ရှင်းရှင်းလေးက ရှက်ရွံ့စွာဖြင့် " မေမေ သား ကိုယ်တိုင် လုပ်နိုင်ပါတယ် " ဟုဆိုလာခဲ့၏...


" သားသားက အဝတ်အစားကိုယ်တိုင် ဝတ်တတ်တယ်ဆိုတာ မေမေ သိပါတယ်... ဒါပေမယ့် သားက အခုမှကလေးပဲ ရှိသေးလေတယ်... " ချန်းဟွမ် ထိုသို့ဆိုရင်း ကလေးလေးဆီမှ တီရှပ်အင်္ကျီကို ယူကာ ခေါင်းအရင်စွတ်ပေးလိုက်ချေတယ်...


ထို့နောက်တွင်တော့ " ဒီနေရာကို လက်တစ်ဖက်ထည့်လိုက် သား... "


" ဟုတ်... "


ဤသို့ဖြင့် ​အဝတ်အစား ဝတ်ပြီးသွားချိန်တွင်တော့ ရှင်းရှင်းလေးဟာ ပထမစတွေ့တုန်းကလို သတ္တဝါရိုင်းလေးတစ်ကောင်နှင့် မတူတော့ဘဲ အရမ်းချစ်စရာကောင်းသောကောင်လေးတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့လေသည်...


" ကဲ ပြီးပြီ...အမေရဲ့သားလေးက အခုလိုကြတော့ အရမ်းကြည့်ကောင်းသွားတာပါပဲလား... "


ပေါက်စီလုံးသည် အဝတ်အစားဝတ်နေစဥ်၌ မီးဖိုချောင်ဆီမှ ထွက်လာသောအစားအသောက်ရနံ့ရရုံဖြင့် ဗိုက်အရမ်းဆာနေခဲ့ပြီဖြစ်လေ၏... ထို့ကြောင့်အဝတ်အစား ဝတ်ပြီးသည်နှင့် ရေချိုးခန်းမှ ဘေစင်ဆီသို့ အမြန်သွားပြီး " မေမေ မြန်မြန်လာ... သွားတိုက်ကြမယ်လေ... "


" ဟုတ်ပါပြီရှင်... လာပါပြီ "


ရှင်းရှင်းလေးက အသက် ၄ နှစ်ရှိပြီဖြစ်ပြီး အရပ်အမြင့်မှာ ၁မီတာခန့်သာရှိသေးသည်... သူ့အရပ်ဟာ ဘေစင်အမြင့်နှင့် ကွက်တိလောက် ဖြစ်နေခဲ့၏...


ချန်းဟွမ်က ခွေးခြေခုံအပုလေးပေါ်တွင် ရှောင်ရှောင်လေးအား မတ်တပ်ရပ်စေကာ သွားတိုက်တံတွင် သွားတိုက်ဆေးထည့်ပေးလိုက်ပြီးနောက် ကလေးလေးအား ပေးလိုက်လေသည်... 


ချန်းဟွမ် ကေလးအတွက် ဝယ်ပေးသောသွားတိုက်တံလေးသည် လက်ကိုင်တွင်ဖားရုပ်လေးပါသောကလေးသွားတိုက်တံလေးပင်... ပေါက်စီလုံးလေးက ထိုသို့သောသွားတိုက်တံမျိုးကို တစ်ခါမှမမြင်ဖူးခဲ့ဖူးချေ... ထို့ကြောင့် ထိုသွားတိုက်တံလေးကို ခေတ္တမျှ စိတ်ဝင်တစားကြည့်နေခဲ့မိလေတယ်...


ခဏလောက်အကြာတွင်တော့ ပေါက်စီလေးယာ သူ့ရဲ့သွားတိုက်ခြင်း စစ်ဆင်ရေးကို ပြန်လည် အာရုံပြန်စိုက်လိုက်တော့သည်...သူသည် ယခင်က မြင်ဖူးခဲ့သည့်အတိုင်း သွားတိုက်တံကို ပါးစပ်ထဲသို့ အရင်ထည့်လိုက်လေတယ်...


ကလေးသွားတိုက်ဆေးနှင့် လူကြီးသွားတိုက်ဆေးမှာ အတော်လေးကွဲပြားလှပေတယ်... လူကြီးသွားတိုက်ဆေးတို့မှာ ပူပြီး ဆိုးဝါးသော်လည်း ကလေးသွားတိုက်ဆေးတို့မှာ အသီးအနှံတို့၏ရနံ့နှင့်အရသာရှိတတ်ကြလေသည်... ရှောင်ရှောင်လေးသည် သူ့ပါးစပ်ထဲသို့ သွားတိုက်ဆေး ရောက်သွားချိန်တွင် ရှောင်ရှောင်လေးဟာ အနည်းငယ်အံ့သြသွားခဲ့ရသည်.. ထို့နောက်တွင် ပေါက်စီလေးက သွားတိုက်တံကို အားရပါးရ ကိုက်ဝါးလိုက်ရင်း " မေမေ ဒါက အရမ်းအရသာရှိတာပဲ... "


" ရှင်းရှင်းလေး... အဲ့ဒါ စားရတာ မဟုတ်ဘူးလေ... သား " ချန်းဟွမ်က စိုးရိမ်တကြီးဖြင့် ပြောလိုက်ပြီးနောက် ရှောင်ရှောင်လေးအား ရေတစ်ခွက်ပေးလိုက်ရင်း " ဒီရေနဲ့ ပလုတ်ကျင်းလိုက်နော်... မသောက်လိုက်ရဘူးနော် သားသား..."


ချန်းဟွမ် ကေလးလက်ထဲကို ရေခွက်မပေးခင်၌ သွားတိုက်တံကို ပြန်ယူလိုက်သည်... ထို့နောက်တွင်တော့ သူမဟာ ရှင်းရှင်းအား သွားစိပြလိုက်ကာ  " သား... ပါးစပ်ဟပြီး သွားကိုဒီလိုစိထားလိုက် "


သူမက လုပ်ပုံလုပ်နည်းကို ပြလိုက်တဲ့အခါ ရှင်းရှင်းလေးက သူမ လုပ်တဲ့အတိုင်း လိုက်လုပ်ရင်း သူ့ရဲ့ကလေးသွားလေးများကို ပြလာခဲ့တော့သည်...


ချန်းဟွမ်သည် သွားတိုက်ပုံအဆင့်ဆင့်ကို ​ေသေချာပြောပြရင်း ရှင်းရှင်းလေးအား သူမကိုယ်တိုင် သွားတိုက်ပေးလိုက်သည်...


ကလေးက ပလုတ်ကျင်းလိုက်ပြီးနောက်တွင် ချန်းဟွမ်က မျက်နှာသုတ်ပုဝါဖြင့် ကလေးလေးရဲ့မျက်နှာကို သုတ်ပေးလိုက်လေတယ်...


ကလေးလေးသည် ပါးစပ်ဖွင့်ထားရင်း သူ့သွားသေးသေးလေးများကို စိထားသေးသည်... ထို့နောက်တွင် " မေမေ... သွားတွေ အေးနေပြီ " ဟု ပြောလာသည်...


" အဲဒါက သား ပါးစပ်ထဲက ပိုးကောင်သေးသေးလေးတွေ ပျောက်သွားလို့လေ..." ချန်းဟွမ်က သူမရဲ့ပေါက်စီလုံးလေးအား ကုလားထိုင်ပေါ် တင်ပေးလိုက်ရင်း နူးညံ့စွာ ပြန်​ဖြေလိုက်ချေ၏... " ပိုးကောင်တွေ အရမ်းများနေရင် သားရဲ့သွားတွေ မဲပြီး ရုပ်ဆိုးသွားမှာ... ပြီးရင် သွားအရမ်းကိုက်တာတွေ ဘာတွေဖြစ်မှာလေ... အဲ့ဒါကြောင့် ရှင်းရှင်းလေးက မနက်တစ်ကြိမ် ညတစ်ကြိမ် သွားပုံမှန်တိုက်ရမယ်နော် ဟုတ်ပြီလား... "


ပေါက်စီလုံးလေးဟာ ပိုးကောင်တွေ ဟူသောစကားလုံးကြောင့် မျက်လုံးပြူး မျက်ဆံပြူးဖြစ်ကာ လန့်ဖျန့်သွားခဲ့ပြီးနောက် လက်တစ်ဖက်ဖြင့် သူ့ပါးစပ်ကို အုပ်လိုက်ကာ " ရှင်းရှင်းက ပိုးကောင်တွေကို မလိုချင်ဘူး မေမေ "


" ဟုတ်ပါပြီ... သားက နေ့တိုင်း သွားပုံမှန်တိုက်ရင် ပိုးကောင်တွေ မရှိတော့ဘူးပေါ့ " 


ချန်းဟွမ် ထိုသို့ဆိုရင်းဖြင့်ပေါက်စီလုံး လေးရဲ့ပန်းကန်ထဲသို့ ဂျုံယာဂု အနည်းငယ်ထည့်ပေးလိုက်သည်...


🍲🍲🍲🍲