အပိုင်း ၁၁-၁၂
Viewers 22k

Chapter 11

{ ဒီကလေးလေးက မင်းငယ်ငယ်တုန်းက ပုံစံနဲ့ မတူဘူးလား - ၂ }


ဒီနေ့အတွက်မနက်စာက ဂျုံယာဂုနဲ့ မှိုပေါင်မုန့်တို့ဖြစ်သည် ချန်းဟွမ် လိုအပ်သောပစ္စည်းအားလုံးကို သူမ နိုးတည်းက ဝယ်ထားခဲ့သည်...


ဂျုံယာဂုကို ပျစ်ပျစ်လေးဖြစ်အောင်အထိ ပြုတ်ထားတာကြောင့် မီးဖိုချောင်ထဲတွင် ယာဂုရနံ့လေး မွှေးပျံ့လို့နေချေ၏...မှိုပေါက်မုန့်လုပ်ရာတွင် အသီးအရွက်ဖျော်ရည်တို့ကို ပေါင်းထည့်ထားတာကြောင့်လည်း မုန့်တွေက အရောင်အသွေးစုံလင်လို့နေသည်... ပေါင်မုန့်အတွင်းသို့ ထည့်သောမှိုကိုလည်းအသားမှုန့်နှင့်တို့ကို ဦးစွာကြော်ထားသည်ကြောင့် ပေါင်မုန့်ကို စားလိုက်သည်နှင့်ခံတွင်းထဲသို့ စိမ့်ဝင်သွားစေသည်


သို့သော် ရှင်းရှင်းလေး၏အမြင်တွင် ပေါင်မုန့်က သေးငယ်လွန်းလို့နေ၏... မှိုပေါင်မုန့်လေးက သူ့အတွက် ၂ကိုက်စာမျှသာရှိသည်ကြောင့် တင်းတိမ်ပုံမရပေ...  ချန်းဟွမ်က ရှင်းရှင်းလေးအား ကလေးတစ်ယောက် ဗိုက်ဝအောင် စားနိုင်လောက်သည်အထိသာ ကျွေးပြီးနောက် ထပ်မကျွေးတော့ချေ...


စားပြီးနောက်တွင် ပေါက်စီလုံးလေးက ကြမ်းပြင်ပေါ်သို့ခုန်ဆင်းလိုက်ကာ ချန်းဟွမ်ကိို မှီလိုက်ရင်း သူ့ဗိုက်လုံးလုံးလေးအား ပွတ်ပြလိုက်သည်။


 " မေမေ... ပေါင်မုန့်တွေက အရမ်းစားလို့​ကောင်းတာပဲ "


" ဟုတ်တာပေါ့...မေမေ လုပ်ထားတာပဲ စားလို့ကောင်းမှာပေါ့... " ချန်းဟွမ်က သူ့ရဲ့အချက်အပြုတ်စွမ်းရည်နှင့်ပတ်သက်ပြီး ယုံကြည်ချက်ရှိပြီးသားပင်...


ပေါက်စီလုံးလေးက သူ ယခုစားလိုက်ရသောပေါင်မုန့်သည် သူ့မနေ့ညက စားခဲ့ရသော သူ့အတွက် ကမ္ဘာပေါ်တွင် အမွှေးအကြိုင်ဆုံးနဲ့အရသာရှိအစားအစာဖြစ်တဲ့ ခေါက်ဆွဲထက် ပိုပြီး အရသာရှိသည်ဟု တွေးနေမိသည်... ကလေးလေးက သူ့မိခင်ဖြစ်သူအား မှီထားရင်း " မေမေ... နေ့လည်စာကိုလည်း ပေါင်မုန့်တွေပဲ ထပ်စားကြမှာလားဟင်... " ဟု မျှော်လင့်တကြီး မေးလိုက်လေ၏...


" နေ့လည်စာကို ပေါင်မုန့် မစားဘူး သား... မေမေတို့ တခြားဟာ တစ်ခုခု စားကြမယ်လေ..." 


ချန်းဟွမ်သည် ထိုသို့ဆိုရင်း စားကြွင်းစားကျန်အားလုံးကို ရှင်းလိုက်သည်။... 


ကလေးက ချန်းဟွမ်နောက်သို့ တစ်ကောက်ကောက်လိုက်နေကာ သူ့အမေဖြစ်သူ ပန်းကန်ဆေးနေချိန်တွင် ဘေးမှရပ်နေသည် " နေ့လည်စာကို ဘာလို့ ပေါင်မုန့် မစားရတာလဲဟင်... "


" ဘာလို့လဲဆို​တော့ မနက်​စာအတွက်​ မုန့်​​ပေါင်မုန့်စား​ပြီး နေ့လည်​စာအတွက် ထမင်းစားရမှာမို့လို့ပေါ့... " 


ချန်းဟွမ်က ပန်းကန်များကို ဆေးပြီးနောက်တွင် လက်ကို ရေသုတ်လိုက်သည် သူမကို မော့ကြည့်နေသောပါးဖောင်းဖောင်းနှင့်ပေါက်စီလုံးလေးအား ငုံ့ကြည့်လိုက်ကာ ပါးကို ခပ်ဖွဖွဆွဲလိုက်သည်။ 


 “ ဒီနေ့ နေလည်စာကို မေမေတို့ အပြင်မှာ သွားစားရမယ်လေ... ပြီးတော့ သားအတွက်လည်း အဝတ်အစားအသစ်လေးတွေ ဝယ်ကြတာပေါ့... "


" သားအတွက်... " ရှင်းရှင်းလေးသည် အမေဖြစ်သူက သူ့အတွက် အဝတ်အစားအသစ်ဝယ်ပေးမည်ဟု ပြောလိုက်တဲ့အခါ  တအံ့တသြမော့ကြည့်လိုက်မိသည်။...


"ဟုတ်​တယ်... အမေ့ရဲ့ပေါင်ပေါင် လေးအတွက်​ အင်္ကျီအသစ်တွေ အများကြီးဝယ်​သွားကြမယ်နော်... "


ကလေးများသည် အဝတ်အစား ဝယ်ရခြင်းအတွက် သိပ်မပျော်တတ်သော်လည်း အိမ်ပြင်ထွက်ရမည်ဆိုလျှင်တော့ အလွန်ပျော်ရွှင်တတ်ကြ၏... သို့သော် ရှင်းရှင်းလေးကတော့ ဇီဇာကြောင်သူ မဟုတ်... သူ့ဘေးတွင် သူ့အမေသာရှိနေပါလျှင် ဘယ်ကို သွားရသွားရ ဘာပဲလုပ်ရလုပ်ရ ပျော်ရွှင်ပေသည်...


ထို့ကြောင့် အမေဖြစ်သူနှင့်အတူ အပြင်သွားရမည်ဟု သိလိုက်ချိန်တွင် ဝမ်းသာအားရ ခုန်လိုက်သည်...


" ဟုတ် မေမေ သွားကြမယ်... "


ကလေးလေးက စိတ်လှုပ်ရှားစွာ ကခုန်နေချိန်တွင် ချန်းဟွမ်က မိတ်ကပ်အနည်းငယ်လိမ်းရန် သူမအခန်းထဲသို့ ဝင်သွားလိုက်သည်...


မူလပိုင်ရှင်သည် သူမ ကလေးအတွက် မကောင်းနိုင်သော်လည်း  သူမကိုယ်သူမတော့ အလွန်ပြင်ပြင်ဆင်ဆင်နေသူပင်... သူမ၏ရုပ်ရည်နှင်ခန္ဓာကိုယ်အသွင်အပြင်ဟာ သူမရဲ့အရင်းအနှီးဖြစ်တာကြောင့် သူမကိုယ်သူမတော့ အတော်လေးဂရုစိုက်လှသည်... လက်ရှိတွင် သူမအသက်က ၂၄ဖြစ်သော်လည်း ၁၈နှစ် ၁၉နှစ်သာ ရှိပုံပေါ်၏... ထို့ကြောင့် သူမသားနှင့်အပြင်ထွက်လျှင်တောင် ရှင်းရှင်းလေးကို သူမရဲ့မောင်လေးဟုသာ လူတိုင်းက ထင်တတ်ကြပေသည်...


သူမတို့ယခုနေထိုင်နေသောနေရာက ကြမ်းတမ်းသည့်နယ်မြေဟု ဆိုရမည်ဖြစ်သော် သွားလာရအဆင်ပြေေပသည်... သူမတို့နေသောနေရာက မြေအောက်ရထားဘူတာရုံဘေးတွင် ရှိပြီး ၎င်းနေရာ၏ ဘူတာနှစ်ခုအကွာတွင် စီးပွားရေးရပ်ကွက်လိုနေရာမျိုးရှိလေသည်...


ချန်းဟွမ်က တိုက်ခန်းမှ မထွက်ခွာခင်တွင် အနီးနားပတ်ဝန်းကျင်ကို အနည်းငယ်ွကဲခတ်လေ့လာလိုက်သည်... သူမက ကလေးလေးကို ယခုအသစ်ဆောက်လုပ်ပြီးစီးသွားသောဈေးဝယ်စင်တာသို့ ခေါ်သွားပေမည်... ထိုစျေးဝယ်ဝင်တာရဲ့တတိယထပ်တွင် ကလေးပစ္စည်းစတိုးဆိုင်ရှိပြီး ယခုချိန်ဟာ၎င်းတို့ဖွင့်ပွဲကာလဖြစ်တာကြောင့် ပစ္စည်းအများစုကို စျေးချထားရောင်းနေကြဆဲပင်...


ပေါက်စီလုံးလေးက အပြင်ကို ယခုချိန်မှအပြင်ထွက်ခွင့်ရသည်ကြောင့် အတော်လေးစိတ်လှုပ်ရှားလို့နေချေ၏... ပေါက်စီလုံးလေးသည် ​အမေဖြစ်သူလက်တစ်ဖက်ကို သေချာဆွဲကိုင်ထားရင်း ဘေးဘီသို့ ငေးကြည့်နေတော့သည်...


Xxxxx


Chapter 12

{ သွားကြစို့ - ၁}


ကျန်းမင်ယွမ်တစ်ယောက် သူ့ဘေးမှအမျိုးသားတစ်ယောက်ညွှန်ပြသောနေရာကြည့်လိုက်ချိန်တွင် သူတို့ရှေ့တွင် များပြားလှသောလူအုပ်ကြီးကိုသာ တွေ့လိုက်ရသည်...


" ဘာလဲ... "


" ဟိုးမှာလေကွာ... ကောင်မလေးတစ်ယောက်ဘေးနားက အစိမ်းရောင်ဘောင်းဘီတိုဝတ်ထားတဲ့ ကလေးလေး... မင်းငယ်ငယ်တုန်းက အဲ့လိုပုံစံလေးပဲမလား... " 


ကျန်းမင်ယွမ်ဘေးမှအမျိုးသားက ရှင်းရှင်းလေးတို့ရှိသို့ နောက်တစ်ကြိမ်ညွှန်ပြရင်း ပြောလိုက်သည်... သို့သော် သူထပ်ပြလိုက်ချိန်တွင် ရှင်းရှင်းလေးတို့က လူအုပ်ကြားထဲတွင် ပျောက်သွားလေသည်...


" အယ်... ဘယ်ရောက်သွားတာလဲ..."  အနှီအမျိုးသားဟာ ထိုသို့ရေရွတ်လိုက်ပြီးနောက် ကျန်းမင်ယွမ်ဘက်သို့ ပြန်လှည့်ကြည့်ကာ... 


" CCTVကနေ ပြန်ကြည့်မလား မင်ယွမ်... အဲ့ကလေးလေးက မင်းရဲ့ပျောက်ဆုံးနေတဲ့သားလေး ဖြစ်နေရင်ဖြစ်နေမှာပေါ့ ဟားဟားဟား... " ထိုစကားဖြင့် စနောက်လိုက်၏...


ကျန်းမင်ယွမ်ဟာ သူ့ကို လာစနောက်နေသောအမျိုးသားအား တစ်ချက်ကြည့်ပြီးနောက်တွင် ဘာမျှထပ်မပြောတော့ဘဲ တစ်ခြားတစ်ဖက်သို့ လှည့်ထွက်သွားလေသည်... 

~~~~


တစ်ဖက်ရှိချန်းဟွမ်က သူမတို့ ဇာတ်လိုက်ဘေးမှ ဖြတ်လျှောက်လာမိသည်ကို သတိမထားမိပါချေ... သူမ ရှင်းရှင်းလေးအတွက် အဝတ်အစားဝယ်ရန် ကလေးပစ္စည်းဆိုင်ထဲသို့ ဝင်လာခဲ့ပြီး အေးအေးဆေးဆေး အဝတ်အစားရွေးနေခဲ့သေး၏... 


အသက်၄နှစ်အရွယ်ရှိပြီဖြစ်သော ရှင်းရှင်းလေးတွင် သူနှစ်သက်သောအဝတ်အစားပုံစံမျိုးရှိပြီးသားပင်... သို့သော်ကံမကောင်းစွာပဲ ကလေးလေးနှစ်သက်သောဖက်ရှင်မျိုးက အဘိုးအိုပေါက်စလေးပုံစံဖြင့် တူနေလေ၏... ထို့ကြောင့် ချန်းဟွမ်က ကလေးအတွက် သူမကိုယ်တိုင်သာ ရွေးချယ်နေခြင်းဖြစ်၏...


အဆင်​ပြေသည်က ရှင်းရှင်းလေးက သူလိုချင်တာကို မရသောအခါ ငိုယိုကာသောင်းကျန်းတတ်သောကလေး မဟုတ်ခြင်းပင်... သူရွေးလာသောအင်္ကျီလေးကို သူ့အမေက မဝယ်တဲ့အခါ နှုတ်ခမ်းသာဆူပြတတ်လေသည်...


ထို့နောက်တွင်တော့ ပေါက်စီလုံးလေးက သူအမေနောက်သို့ တကောက်ကောက်ဆက်လိုက်နေဆဲပင်... ကလေးအဝတ်အစားဆိုင်အတွင်းတွင် ယောက်ျားလေးအဝတ်အစားရော မိန်းကလေးအဝတ်အစားရောရှိနေပေ၏... ချန်းဟွမ်သည် ချစ်စရာကောင်းသောဂါဝန်လေးကို တွေ့တဲ့အခါ တစ်ချက်လှမ်းကြည့်မိလိုက်လေတယ်...


ကလေးက သူ့အမေ မိန်းကလေးအဝတ်များကို ကြည့်နေသည်ဟု ထင်သွားခဲ့ပြီး "မေမေ မေမေ "


" omm... ဘာဖြစ်လို့လဲ သား..." 


ချန်းဟွမ်က သားဖြစ်သူကို ငုံ့ကြည့်ရင်း ပြန်ထူးလိုက်သည်...


" မေမေကြည့်နေတာတွေက မိန်းကလေးတွေအတွက်လေ..." ပေါက်စီလုံးလေးက မျက်နှာတည်လေးဖြင့် လေးလေးနက်နက်ပြောလာလေ၏... " သားက ကောင်လေးလေ... "


ထိုချိန်တွင် ရှင်းရှင်းလေး ပြောနေသောစကားကို ကြားလိုက်သောအရောင်းမိန်းကလေးက မထိန်းနိုင်ဘဲ ရယ်မောကာ ချန်းဟွမ်အား ကြည့်ရင်း " ညီမရဲ့မောင်လေးက အရမ်းချစ်စရာကောင်းတာပဲနော်... " ဟု ပြောလိုက်သည်...


အရောင်းမိန်းကလေးက ကေလးလေးက ချန်းဟွမ် ကို မေမေ"ဟု ခေါ်လိုက်ခြင်းအား မကြားလိုက်ချေ... ထို့ပြင် သူမအမြင်တွင် သူတို့နှစ်ယောက်က မောင်နှမနှင့်တူနေခဲ့သည်...


အရောင်းမိန်းကလေးရဲ့စကားကြောင့် ရှင်းရှင်းလေးက သူ့အမေခြေထောက်ကို သေချာဖက်လိုက်ကာ "ဒါ သားမေမေ! "ဟု အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်... သူ့ပါးဖောင်းဖောင်းလေးပေါ်တွင် မျက်ရည်တို့စီးကျကာ တတွတ်တွတ်ရေရွတ်နေ၏


 “ သားရဲ့မမ မဟုတ်ဘူး... ဒါ သားမေမေ "


အရောင်းမိန်းကလေးက ချန်းဟွမ်နှင့်ရှင်းရှင်းလေးတို့ မောင်နှမ မဟုတ်ဘဲ သားအမိမှန်း သိလိုက်ချိန်တွင် အနည်းငယ်အံ့သြသွားခဲ့ပြီး " တောင်းပန်ပါတယ် အစ်မရယ်... အစ်မက အရမ်းငယ်တဲ့ပုံပေါ်တော့... အစ်မတို့သားအမိကို မောင်နှမတွေလို့ ထင်လိုက်မိတာ... "


" ရပါတယ်ရှင်..." 


ချန်းဟွမ် အရောင်းမိန်းကလေးအား ပြုံးပြပြီးနောက် ပေါက်စီလုံးလေးကို ငုံ့ကြည့်ကာ " ဒီက မမက မသိလို့ မှားပြောမိတာပါတဲ့... သားက မမကို ခွင့်လွှတ်ပေးလိုက်နော်..."


ကလေးက သူ့အမေ ခြေထောက်ကို ဖက်ထားရာမှ လွှတ်လိုက်ပြီး လက်ကို ဆွဲလိုက်၏... ထို့နောက် အရောင်းမိန်းကလေးဘက်သို့ ပြန်လှည့်လိုက်ပြီး " ဒါ သားမေမေ "ဟု ထပ်ပြောလိုက်ပြန်သည်... 


“ မမက အခုသိပြီးသွားပါပြီ ” 


အရောင်းမိန်းကလေးက ရှင်းရှင်းလေးရဲ့လက်လေးတစ်ဖက်ကို ကိုင်လိုက်ပြီး  "  စောနက မမ မှားသွားလို့ တောင်းပန်တယ်... မမကို ခွင့်လွှတ်နော်... "


ရှင်းရှင်းလေးသည် ယခုကဲ့သို့သော အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံတွေဖူးခြင်ဖြစ်သည်... ထို့ကြောင့် အမေဖြစ်သူကို တစ်ချက်ပြန်မော့ကြည့်လိုက်ပြီးနောက် " သား... မမကို ခွင့်လွှတ်ပါတယ်... " ဟု ပြောဖြေလိုက်လေ၏...


 ချန်းဟွမ်ကလည်း သားဖြစ်သူရဲ့ခေါင်းကို ခပ်ဖွဖွပုတ်ပေးလိုက်ပြီး ချော့မြူချီးကျူးလိုက်သည် " လိမ္မာလိုက်တာ... "


ထိုအဖြစ်အပျက်ပြီးနောက်တွင် ပေါက်စီလုံးလေးသည် ချန်းဟွမ်ကို ပို၍ပင် တွယ်ကပ်လာလေသည်... ထိုချိန်မှစကာ တစ်ယောက်ယောက်က သူတို့သားအမိကိုကြည့်နေသည်ကို တွေ့သည့်နှင့်  ဒါ သားမေမေဟု လိုက်ပြောတော့၏...


ချန်းဟွမ်အနေဖြင့် ကလေး ထိုသို့ပြုမူရခြင်းကို နားလည်ပေသည်... မူလပိုင်ရှင်က ကလေးလေးအား တစ်ချိန်လုံး လျစ်လျူရှုထားခဲ့တာကြောင့် ယခုရုတ်တရက်ဆိုသလိုဂရုစိုက်မှုရလိုက်ချိန်တွင် သူ့အမေကို သူ တတ်နိုင်သလောက် တင်းတင်းကျပ်ကျပ်ဆွဲထားချင်နေမိပုံပင်... 


ခေတ္တအကြာတွင် ချန်းဟွမ်က ရှင်းရှင်းလေးအတွက် အဝတ်အစားရွေးဖို့ ယောကျ်ားလေးအဝတ်အစားများရှိသည့်ဘက်သို့ ခေါ်သွားလိုက်သည်...


ကလေးတွေအတွက် အဝတ်အစားရွေးချယ်ရာတွင် ဝတ်စုံရဲ့ဒီဇိုင်းလှခြင်း မလှခြင်းက အဓိက မကျချေ... အရေးအကြီးဆုံးမှာ ဝတ်သည့်အခါ သက်တောင့်သက်သာဖြစ်ခြင်း မဖြစ်ခြင်းသာ ဖြစ်သည်...


ချန်းဟွမ်က ရှင်းရှင်းလေး နှင့်အဆင်ပြေစေမည့် အဝတ်အစားများကို သေချာကြိုးစားရှာဖွေလိုက်သည်...  တစ်နာရီကြာအောင် ရှာဖွေပြီးနောက် ဝတ်စုံသုံးစုံဝယ်နိုင်လိုက်သည်...  


ကလေးသည်လည်း ဒီနေ့အတွက် လမ်းလျှောက်ရလွန်းတာကြောင့် ပင်ပန်းလွန်းနေခဲ့လေပြီ...


ထို့ကြောင့်လည်း ချန်းဟွမ်က သူမတို့ရဲ့စျေးဝယ်ခရီးစဉ်ကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်တော့သည်... ဒါ့အပြင် သူမတို့ရှေ့ဆက် နေထိုင်စားသောက်ဖို့ရန်အတွက် စရိတ်ကိုလည်း ကန့်သတ်ထားရပေဦးမည်..


သူမရဲ့လက်ရှိအခြေအနေအရ ဘဏ်အကောင့်ထဲမှာ ကျန်ခဲ့တဲ့ငွေတွေကို တွေးလိုက်ချိန်တွင် ချန်းဟွမ် သက်ပြင်းတစ်ချက်သာချလိုက်မိသည်...


ဘဏ်အကောင့်မှငွေပမာဏအခြေအနေကြောင့် သူမ နေ့လည်စာကို အိမ်တွင်သာ စားရန် ဆုံးဖြတ်လိုက်ရတော့၏...ရှင်းရှင်းလေးသည်လည်း အိမ်တွင်သာ နေ့လည်စာစားကြမည်ကို သိလိုက်ရသောအခါ အလွန်ဝမ်းသာသွားခဲ့သည်...


အဘယ့်ကြောင့်ဆိုသော် သူ့အတွက် ကမ္ဘာပေါ်တွင် အကောင်းဆုံးအစားအစာမှာ သူ့အမေချက်ကျွေးသောအစားအစာများသာဖြစ်ပေ၏


...

🍞🍞🍞🍞