အပိုင်း ၁၃-၁၄
Viewers 20k

Chapter 13

{ သွားကြစို့ - ၂ }


ပေါက်စီလုံးလေးက သူ့အမေလည်ပင်းကို လက်နှစ်ဖက်နှင့် ဖက်ထားရင်း "မေမေ ဒီနေ့နေ့လည်စာက ပေါင်မုန့်တွေပဲမလားဟင်... "


ချန်းဟွမ်က နေ့လည်စာ ဘာလုပ်စားရင်ကောင်းမလဲဟု စဥ်းစားနေစဥ်တွင် ကလေးဆီမှ ပေါင်မုန့်အကြောင်း ထပ်ကြားလိုက်ရသည်ကြောင့် မျက်ခုံးပင့်လိုက်မိသည်... "ပေါင်မုန့်ကို အရမ်းကြိုက်တာပဲလား သားသား "


 ပေါက်စီလုံးလေးက ချက်ချင်းပင်ခေါင်းပြန်ညိမ့်ပြလိုက်ကာ "ပေါင်မုန့်ကို အကြိုက်ဆုံးဘဲ! "


 ချန်းဟွမ် ရှောင်ရှောင်လေးအား ကြည့်လိုက်ရင်း ပြုံးလိုက်ပြီးနောက် " ဒါဆို မေမေ လုပ်ကျွေးမယ့် တခြားအစားအသောက်တွေကို မစားကြည့်ချင်ဘူးလား "ဟု ထပ်မေးလိုက်သည်..


အမေဖြစ်သူရဲ့ထိုအမေးကိုကြား ပြီးနောက်တွင်တော့ ကလေးက ချန်းဟွမ်ရဲ့လည်ပင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပြီး သူ့မေးစေ့လေးကို အမေဖြစ်သူရဲ့ပခုံးပေါ်တွင်တင်ထားလိုက်ရင်း တိုးတိုးလေး​ပြန်ပြောလေ၏...


" သားက ပေါင်မုန့်ကို အလိုချင်ဆုံးပဲ... "


" ဟုတ်ပါပြီ ဒါဆို မေမေက ပေါင်မုန့် ထပ်လုပ်ပေးမယ်နော်... " 


သူမ ပေါင်မုန့်ထပ်လုပ်ပေးဖို့ ချက်ချင်း သဘောတူလိုက်သည်...  သေးငယ်သော တောင်းဆိုမှုလေး တစ်ခုကို လိုက်လျောပေးဖို့ ပြဿနာမရှိပေ...


" ရေးးး မေမေက အကောင်းဆုံးပဲ " 


သူ့တောင်းဆိုမှုကို ချန်းဟွမ်က လက်ခံပြီးနောက်တွင် ကလေးလေးသည် ပျော်ရွှင်စွာဖြင့် ချန်းဟွမ်ပါးကို နမ်းလိုက်၏... " သားက မေမေကို အချစ်ဆုံးပဲ " ထိုသို့​ဆိုပြီးနောက် မျှော်လင့်ချက်တို့ပြည့်နေသောအကြည့်ဖြင့် ကြည့်နေပြန်၏...


မျှော်လင့်ခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ ကလေးလေးရဲ့အကြည့်ကို တွေ့လိုက်သောချန်းဟွမ် တုံ့ဆိုင်းမနေဘဲ ပေါက်စီလုံးလေးရဲ့ပါးပြင်ကို ပြန်နမ်းလိုက်သည်...


 " မေမေကလည်း မေမေ့ရဲ့ပေါင်ပေါင် လေးကို အချစ်ဆုံးပဲ... "


၃ရက်ကြာပြီးနောက်တွင်တော့ ချန်းဟွမ်သည် ကလေးလေးတောင်းဆိုမှုကို လက်ခံလိုက်မိသည့်အတွက် အနည်းငယ်နောင်တရမိသွားသည်...


သူမတို့သားအမိမှာ သုံးရက်ဆက်တိုက် ပေါင်မုန့်ဖြင့်သာ နှစ်ပါးသွားနေခဲ့ရသည်..


ပေါက်စီလုံးလေးဟာ အတော်လေး ဉာဏ်ကောင်း၏..ထမင်းစားခါနီးတိုင်း ချန်းဟွမ်နားသို့ တိုးကပ်ကာ ပေါင်မုန့်စားချင်တယ်ဟု ညည်းတွာလေ့ရှိပေသည်... ထို့နောက်တွင် ချန်းဟွမ်အား အနမ်းအနည်းငယ်ပေးကာ သူ့အတွက်ပေါင်မုန့်လုပ်ပေးဖို့ ပူဆာတတ်သေး၏...


ဤသို့ဖြင့် ပေါင်မုန့်ပဲ စားခဲ့ရသည်မှာ သုံးရက်.. သုံးရက်တောင် ရှိနေလေပြီ... ယခုတော့ သူမသည် ပေါင်မုန့်များကို ကြည့်ရုံဖြင့်ပင် မအီမသာ ဖြစ်သလို ခံစားနေရသည်..


 တစ်ဖက်တွင်မူ ကလေးက ပေါင်မုန့်တို့ကို စားရခြင်းအား ငြီးငွေ့လာပြီဟု အရိပ်အယောင်မပြဘဲ အကြိမ်တိုင်း ပို၍ပို၍တောင်းလာဆဲပင်...


ထို့ကြာင့် ချန်းဟွမ်ကနေ့ညစာစားပွဲ၌  ပေါင်မုန့် ထပ်မရတော့ကြောင်း အခိုင်အမာငြင်းဆိုလိုက်တော့သည်... 


ပေါက်စီလုံးလေးသည် ငြင်းပယ်ခံရပြီးနောက် ငိုခြင်း အော်ဟစ်သောင်းကျန်းခြင်းတို့ မလုပ်ပဲ ချောင်လေးတစ်ဖက်တွင် မတ်တပ်ရပ်နေရင်း သူ့မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် သနားစရာပုံစံကြည့်နေလေတော့၏... 


ထိုသနားစရာမြင်ကွင်းလေးကြောင့် ချန်းဟွမ်အလျှော့ပေးမိတော့မလိုဖြစ်သွားသော်လည်း ပေါင်မုန့်အကြောင်းစဥ်းစားရုံဖြင့် မအီမသာခံစားရပြန်တယ်...


ကေလးလေးသည် ဒီနေ့ညစာအတွက်ပေါင်မုန့်မရတော့တာကြောင့် တစ်နာရီနီးပါးလောက် ဝမ်းနည်းခဲ့ပြီးနောက်တွင်တော့ တစ်ဖန်အင်အားပြန်ပြည့်လာခဲ့သည်... 


ရှင်းရှင်းလေး၏ပန်းကန်ထဲတွင် အသားလုံးများရှိလို့နေသည်... အတွင်းပိုင်း၌ ဝက်သား၊ သစ်အယ်သီး၊ မုန်လာဥနီနှင့် ချန်းဟွမ်ကိုယ်တိုင်ပြုလုပ်ထားသောအိမ်လုပ်ေဆာ့စ်တို့ ပါဝင်သည်... 


ရှင်းရှင်းလေးက ထိုအသားလုံးလေးကို စားလိုက်ပြီးနောက်တွင်တော့ သူ့မျက်နှာတစ်ခုလုံး စိတ်ကျေနပ်မှုတို့ လွှမ်းမိုးသွားတော့သည်... 


" အသားက အရမ်းအရသာရှိတယ် မေမေ! "


ချန်းဟွမ်က သူမရဲ့သားဖြစ်သူအား  ကြည့်လိုက်ရင်း " ဒါဆို ပေါင်မုန့်တွေကရော? "


က​လေး​လေးက သူ့အမေမေးလိုက်သည်ကို ချက်ချင်းပင် ပြန်ဖြေလိုက်လေ၏... "ပေါင်မုန့်တွေလည်း အရသာရှိတာပဲ "


ထို့နောက် ပေါက်စီလုံးလေးက ထိုင်ခုံပေါ်မှ ခုန်ချလိုက်ကာ အမေဖြစ်သူရှိရာသို့ လျှောက်လာခဲ့ပြီး " မေမေ လုပ်ပေးတဲ့ဟာ မှန်သမျှက ကမ္ဘာပေါ်မှာ အရသာအရှိဆုံးပဲ !"


" ဒါဆို သားက ကမ္ဘာပေါ်မှာ အရသာအရှိဆုံးဆိုတဲ့အစားအစာသိဖို့ အစားအစားဘယ်လောက်တောင်စားဖူးပြီလဲ 


 ချန်းဟွမ်က ပေါက်စီလုံးလေးရဲ့နှာခေါင်းကို ပုတ်ရင်း ပြောလိုက်သည်...


တကယ်တော့ ကလေးတွေဟာ ကမ္ဘာပေါ်ကသတ္တဝါအားလုံးထဲမှာ ချစ်စရာအကောင်းဆုံးပါပဲ...


ညစာစားပြီးနောက် ချန်းဟွမ်တစ်ယောက် ပန်းကန်ဆေးရန် မီးဖိုချောင်ထဲဝင်သွားချိန်တွင် ကလေးက ထုံးစံအတိုင်း အမေဖြစ်သူ နောက်သို့ လိုက်လာပြန်သည်...  ပေါက်စီလုံးလုံးလေးသည် မီးဖိုချောင်အဝင်ဝ၌ ရပ်နေရင်း ပန်းကန်ဆေးနေသောအမေဖြစ်သူအား ကျပန်းမေးခွန်းတချို့ မေးမြန်းနေ၏...


ချန်းဟွမ်သည် သူမစိတ်ထဲတွင် တွေးစရာ စဥ်းစားစရာတို့ ပြည့်နှက်နေတာကြောင့် ကလေး​မေးသမျှကို အများကြီးပြန်တုန့်ပြန်ခြင်း မရှိခဲ့ပေ... သန့်စင်ထားသော ပန်းကန်များကို နေရာတကျထားပြီးနောက် လက်ကို ခြောက်အောင်သုတ်လိုက်သည်။ထို့နောက် သူမ ကလေး ရှေ့တွင် ငုတ်တုတ်ထိုင်လိုက်ပြီး  " သား... မေမေ သားကို ပြောစရာတစ်ခုရှိတယ်... "


အမေဖြစ်သူရဲ့စကားကြောင့် ပေါက်စီလုံးလေးကအနည်းငယ် စိတ်လှုပ်ရှားမိသွား၏...  " ဘာ​အကြောင်း ပြောစရာရှိတာလဲဟင်... "


" အခု မေမေတို့ နေနေတဲ့တိုက်ခန်းက ကျဥ်းလွန်းတယ်... အဲ့ဒါကြောင့် ဒီနေရာထက်ပိုကြီးတဲ့နေရာကို ပြောင်းကြမယ်လေ... ရှင်းရှင်းလေးရော ဘယ်လိုထင်လဲ... "


ချန်းဟွမ်သည် သူမ ဒီဝတ္ထုထဲသို့ ကူးပြောင်းလာသည့်ပထမဆုံးနေ့တည်းက ​အိမ်ပြောင်းရန် စဥ်းစားထားခဲ့ခြင်းဖြစ်သည်... သူမ အင်တာနက်ပေါ်တွင် တိုက်ခန်းအချို့ကို ကြည့်ရှုခဲ့သည် ထိုနေရာများက ယခု သူမ နေနေသောနေရာထက် အဆများစွာ ပိုကောင်းသေးသည်...


သူမ ရက်အနည်းငယ်ကြာအောင် စဉ်းစားပြီး မနက်ဖြန်တွင် အိမ်ကို ကိုယ်တိုင်သွားကြည့်ပြီး ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်... သို့သော် သူမ ထိုအကြောင်းကို ကလေးအား အရင်ပြောပြချင်မိ၏... 


ကလေးလေးက ဒီေနရာတွင် သူမွေးတည်းက သူနေခဲ့ရခြင်းဖြစ်ရာ... သူမ ရုတ်တရက် ပတ်ဝန်းကျင်အသစ်သို့ပြောင်းရွှေ့လိုက်ပါက ကလေးအတွက် ​အဆင်မပြေ ဖြစ်မည်ကို စိုးရိမ်နေမိသည်... 


ရှင်းရှင်းလေးသည် အသက်၄နှစ်သာရှိသေးပြီး ပြောင်းရွေ့ခြင်းအကြောင်း တိတိကျကျ နားမလည်သေးပေ... သို့သော် ချန်းဟွမ်က သူ့ကို အသေးစိတ်ရှင်းပြချိန်တွင်သူမစကားကို ဂရုတစိုက်နားထောင်ပြီးနောက်  "မေမေက သားကို ခေါ်သွားပေးမှာလားဟင် " ဟု မေးလိုက်သည်...


ချန်းဟွမ်က ချက်ချင်းပင် ခေါင်းညိမ့်ပြလိုက်ကာ " ခေါ်သွားမှာပေါ့... မေမေတို့နှစ်ယောက် အတူတူ သွားကြမယ်လေ... "


" ဟုတ်... ဒါဆိုလည်း အိမ်ပြောင်းကြမယ်လေ... "


 ကလေးက ထိုသို့ဆိုပြီးနောက်တွင် အ​မေဖြစ်သူရဲ့နားရွက်နားသို့ ကပ်ကာ ချိုမြိန်စွာပြောလိုက်သည်။


  " သားက မေမေနဲ့တူတူ နေနေရသ၍ အဆင်ပြေပါတယ်... "


❤️❤️❤️❤️❤️❤️❤️❤️❤️❤️


Chapter 14

{ အိမ်စာတွေ လုပ်မယ်လို့ ကတိပေးတယ် - ၁ }


အိမ်ပြောင်းရွှေ့ခြင်းက သေးငယ်တဲ့ကိစ္စတစ်ခုတော့ မဟုတ်ပေ...


ပထမဦးဆုံးအနေနဲ့  တိုက်ခန်းများကို သွားကြည့်ရန် လိုအပ်ပေသည်...အင်တာနက်တွင် သူမ နှစ်သက်သောနေရာအချို့ရှိခဲ့သော်လည် ထိုနေရာတို့ကို သူမမျက်လုံးဖြင့် သေချာစစ်ဆေးရန် လိုအပ်နေသေးသည်...


သို့သော် သူမက ကလေးအား ထိုနေရာများကို ကြည့်ရန် သူမနှင့်အတူ ခေါ်ဆောင်သွားရန် ခက်ခဲနေသလို  အိမ်တွင် ထားခဲ့ကာသူမ တစ်ယောက်တည်း သွားရန်လည်း အဆင်မပြေချေ...ထိုကြောင့် သူမက တစ်နေ့ကိုအနည်းဆုံး နှစ်နာရီလောက်သာ အပြင်ထွက်သွားပြီး ကျန်တဲ့အချိန်တွေကို ရှင်းရှင်းလေးနှင့်အတူတူ ဖြုန်းရန် စဥ်းစားလိုက်ရသည်... 


ကလေးလေးသည် အရင်ချိန်များက ဘာမှမသင်ကြားရသည်ကြောင့် တချို့အကြောင်းအရာတို့ကို သိပ်နားမလည်ပေ... ထို့ကြောင့်လည်း ချန်းဟွမ်က အချိန်အများစုတွင် ကလေးအား သင်ပြပေးတတ်၏...


အသုံးမဝင်သောဗဟုသုတဟူ၍ မရှိချေ... 


ချန်းဟွမ်က ရှင်းရှင်းလေးအား လူကြီးတွေကို ဘယ်လိုစကားပြောရမယ်... အပြင်မှာ လမ်းပျောက်သွားလျှင် ဘယ်သူရှာရမယ်... အိမ်မီးလောင်ရင် ဘာလုပ်ရမယ် စသဖြင့်သောအကြောင်းအရာတချို့ကို သင်ကြားပေးထားလေသည်...


ရှင်းရှင်းလေးပ ဉာဏ်ကောင်းတဲ့ကလေးတစ်ယောက်ဖြစ်တာကြောင့် အကြိမ်အနည်းငယ်ကြာလောက် ပြောပြ လုပ်ပြလိုက်သည်နှင့် အားလုံးကို မှတ်မိသွားသည်...  နောက်ပိုင်းတွင်တော့ ချန်းဟွသည် ကလေးက နံပါတ်များကို မှတ်ရာတွင် အတော်လေးကျွမ်းကျင်သည်ဟု သတိထားမိလာ၏... 


ရှင်းရှင်းလေးသည် နံပါတ်၁၁လုံးပါသောဖုန်းနံပါတ်ကို တစ်ကြိမ်တည်းကြည့်ပြီး အလွတ်မှတ်မိနေတတ်သည်... သူသည် ဒီဂျစ်တယ်နာရီကို အကြိမ်အနည်းငယ်ကြည့်ပြီးနောက်တွင် နာရီကြည့်နည်းကို သိသွားပြန်သည်... 


ဒီလိုအရည်အချင်းမျိုးတွေ​ကို တွေ့ရချိန်တွင် သူမ တအံ့တသြတော့ မဖြစ်သွားခဲ့ပေ... အဘယ့်ကြောင့်ဆိုသော် ဒီကလေးသည် ဇာတ်လိုက်ရဲ့သားဖြစ်နေသည်... ထို့ကြောင့် သူ့တွင် ဇာတ်လိုက်တစ်ယောက်လို ထူးချွန်သည့်အရည်အချင်းမျိုးရှိနေသည်က အထူးအဆန်းတော့ မဟုတ်ပေ...


ထိုညတွင် ကလေးလေးကို ရေချိုးေပးပြီးနောက်  " မေမေတို့ မနက်ဖြန် အိမ်ပြောင်းကြမယ် " ဟုပြောလိုက်တော့သည်...


ချန်းဟွမ် တိုက်ခန်းသစ်တစ်ခုရှာရင်း ရက်အနည်းငယ်ကြာသောအခါတွင် သူမတို့သားအမိအတွက် အဆင်ပြေနိုင်မည့်တိုက်ခန်းတစ်ခုကို ရှာတွေ့ခဲ့သည်...


သူမ ရွေးချယ်ထားသောတိုက်ခန်းက အသစ်ဖြစ်ပြီး အိမ်တွင်းပိုင်းပြုပြင်မွမ်းမံမှုလည်း ပြီးသွားပေပြီ... ထိုတိုက်ခန်းအား  မိဘနှစ်ပါးက သူတို့သား လက်ထပ်ပြီးနေနိုင်ရန် ပြင်ဆင်ထားကြခြင်းဖြစ်သည်... သို့သော် လက်မထပ်မီ တစ်ရက်အလိုတွင် စိတ်ချင်းမတိုက်ဆိုင်မှုတစ်ခုကြောင့် ထိုစုံတွဲဟာ ရန်ထဖြစ်ကြပြီးနောက် လမ်းခွဲသွားကြတော့သည်... ထိုကြောင့်လည်း ထိုစုံတွဲမှအမျိုးသားဖြစ်သူဟာ ဒေါသအရမ်းထွက်ခဲ့ပြီး နိုင်ငံရပ်ခြားသို့ ထွက်သွားခဲ့ကာ ယခုအတောအတွင်း ပြန်မလာနိုင်သေးချေ...


ထို့ကြောင့် လွတ်နေတဲ့တိုက်ခန်းကို ဒီတိုင်းထားလျှင် ဖြုန်းတီးရာကျမည်ဆိုတာကြောင့်မိဘနှစ်ပါးက ငှားဖို့ ဆုံးဖြတ်လိုက်လေ၏...


ထိုတိုက်ခန်းပတ်ဝန်းကျင်က သာယာပြီး အလွန်စိမ်းလန်းတဲ့အပြင် အသစ်တည်ဆောက်ထားခြင်းဖြစ်သေး၏...အနီးနားတွင်လည်း သူငယ်တန်းမှ အထက်တန်းကျောင်းအထိ တက်လို့ရသောကျောင်းလည်းရှိသေးသည်... ချန်းဟွမ်တစ်ယောက် မေးမြန်းကြည့်ရသလောက်ဆိုလျှင် ထိုဒေသရှိကျောင်းများမှာ တော်တော်ကောင်းမွန်ပေသည်... နောက်ပိုင်း အရာအားလုံးအဆင်ပြေသွားချိန်တွင် ရှင်းရှင်းလေးသည်လည်း ကျောင်းနီးနီးနားနားတတ်ခွင့်ရပေအုံးမည်... ထို့ကြောင့် သူမသည် ပိုက်ဆံအလုံအလောက် စုဆောင်းပြီးသည်နှင့် ထိုနေရာတွင် ဝယ်နေမည်ဟုပင် ဆုံးဖြတ်ထားသေးသည်... 


ကောင်းမွန်သောတိုက်ခန်းတစ်ခန်းသည် ငှားရမ်းခမှာလည်း မြင့်မားတတ်စမြဲပင်...တိုက်ခန်းလခအတွက် တစ်လလျှင်ဒေါ်လာငါးထောင်ဖြစ်ပြီး စပေါ်ငွေပါ ထည့်ပေါင်းလိုက်ပါက တစ်နှစ်စာဒေါ်လာတစ်သိန်းပင်...


ချန်းဟွမ်သည် စာချုပ်ချုပ်တုန်းက ပြတ်သားခဲ့သော်လည်း ဘဏ်စာအုပ်မှလက်ကျန်ငွေကိုတွေ့တဲ့အခါ အသည်းများပင် ကွဲသွားသည်ဟု ခံစားလိုက်ရသည်... သို့သော် သူမ ပိုက်ဆံအတွက် ဝမ်းနည်းပူဆွေးဖို့ အချိန်အများကြီး မဖြုန်းနိုင်ပေ...


 ဘယ်လိုပဲဖြစ်ဖြစ်သူမတို့ဟာ နေရာသစ်တစ်ခုသည်မှာ အမှန်ပဲလေ...


အခုအချိန်တွင်တော့ ရှင်းရှင်းလေးက သူ့အမေနဲ့အတော်လေးရင်းနှီးနေပြီဖြစ်ပြီး မိနစ်တိုင်း အမေဖြစ်သူနှင့် အတူနေနိုင်ပါစေဟု ဆုတောင်းနေတတ်သေးသည်... သူ့အမေ နေ့တိုင်း တိုက်ခန်းသွားရှာသည့်အချိန်တွင် ကလေး တစ်ယောက်တည်း နေခဲ့ရသည်... ပေါက်စီလေးအတွက် အိမ်ပြောင်းဖို့ကိစ္စနှင့်ပတ်သက်ပြီး  စိတ်လှုပ်ရှားမှု များများစားစားမရှိပါပဲ... သူ့အမေ၏အချိန်ယားကိုသာ ပို၍စိတ်ဝင်စားနေခဲ့သည်...


" အရမ်းကောင်းတာပေါ့...! ဒါဆို မမေက မနက်ဖြန်က စပြီး အပြင်မထွက်တော့ဘူးပေါ့နော်... ”ဟု ပြုံးလျက်ဆိုလိုက်ချေ၏...


" မဟုတ်ဘူး... သား... "


ထိုစကားကြောင့် ကလေးလေးသည် စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ပြီးနောက် 

" သားနားလည်ပါတယ်... လူကြီးတွေက အလုပ်များကြတာပဲလေ... "ဟု ဝမ်းနည်းနေသံဖြင့် ပြန်ပြောလိုက်၏...


" မေမေတစ်ယောက်တည်း အလုပ်များမှာ မဟုတ်ဘူး ... သားလည်း အလုပ်များမှာပဲ..." 


ချန်းဟွမ်က ထိုသို့ပြောရင် ရှင်းရှင်းလေးအား ကုတင်ပေါ်တင်လိုက်ကာ အဲယားကွန်းဖွင့်လိုက်သည်... " 


နေရာသစ်မှာ မေမေတို့ လိုအပ်တာတွေ မရှိသေးဘူးလေ... အဲ့ဒါကြောင့် မနက်ဖြန်ကျန်တဲ့လိုအပ်တာတွေ သွားဝယ်ကြမယ် "


ထို့နောက်တွင်တော့ သူမဟာ တိုက်ခန်းအသစ်က ဘယ်လိုပုံစံရှိသည်ကို ရှင်းရှင်းလေးအား စာရွက်တစ်ရွက်ပေါ်တွင် ပုံဆွဲပြလိုက်သည်...


ချန်းဟွမ်သည် သူမ မူလဘဝတွင် ကျောင်းတက်နေချိန်တုန်းက ပုံဆွဲခြင်းဆိုင်ရာ သင်ခန်းစာအချို့ သင်ယူခဲ့ဖူးသည်... ကလေးတစ်ယောက်ကို ဆွဲပြဖို့ရာအထိတော့ သူမ ကျွမ်းကျင်ပေသည်...


ကလေးလေးက အမေဖြစ်သူပုံဆွဲမှု​ကိုကြည့်ရင်း ကုတင်ပေါ်တွင် လှဲချလိုက်ပြီး မင်သက်စွာကြည့်နေမိလေတယ်...


 " မေမေ အရမ်းတော်တာပဲ... "


" ဒါက ဘာမှမဟုတ်သေးပါဘူး "


 ချန်းဟွမ်က မျက်ခုံးတစ်ဖက်ပင့်လိုက်ရင်း သားဖြစ်သူရဲ့ချီးကျူးမှုကိုလက်ခံလိုက်သည်... သူမ ပုံဆွဲလို့ပြီးသွားချိန်တွင် ရှင်းရှင်း ရှေ့သို့ စာရွက်တစ်ရွက်ကို တွန်းပို့လိုက်၏...


" ဒါက မေမေတို့နေရာအသစ်ရဲ့ပုံံစံပဲ... အပြင်မှာက ဒီထက် ပိုလှတယ်... သားသားလေးရော နေရာသစ်ကို ကြိုက်ရဲ့လား? "


" ဟုတ်​ ကြိုက်တယ် မေမေ! " 


ရှင်းရှင်းလေးင မဆိုင်းမတွဘဲ အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက်လေသည်...


ပတ်ဝန်းကျင်အသစ်သည် မည်သို့မည်ပုံဖြစ်မည်ကို မသိသေးသောကြောင့် ကလေးငယ်များဟာ ကြောက်ရွံ့နေတတ်စမြဲပင်... သို့သော်ငြား သူဟာ သူ့အမေနဲ့အတူနေချင်ပြီး သူ့အမေက နေရာသစ်ကို ပြောင်းချင်တာကြောင့် ထိုနေရာသစ်သို့ လိုက်ရပေလိမ့်မည်... 


ယခုကဲ့သို့ စာရွက်တစ်ရွက်ပေါ်တွင် နေရာသစ်ရဲ့ပုံကို အမေဖြစ်သူက ဆွဲပြချိန်တွင်တော့ ကလေး၏ ကြောက်ရွံ့စိတ် အနည်းငယ် လျှော့ကျသွားတော့၏...


နေရာသစ်က သူတို့ယခုရှိနေသောနေရာထက်များစွာ ပိုကောင်းပေသည်...


Xxxxx