Chapter 15
{ အိမ်စာတွေ လုပ်မယ်လို့ ကတိပေးတယ် - ၂ }
" မေမေ... "
ရှင်းရှင်းလေးက အမေဖြစ်သူဆွဲထားသောပုံလေးကို ကိုင်ကြည့်ပြီးနောက်တွင် ချန်းဟွမ်ကို မှီလိုက်ကာ ပုံထဲမှအခန်းတစ်ခန်းကို ညွှန်ပြရင်း " ဒီနေရာက သားနဲ့မေမေနဲ့ တူတူနေရမယ့် နေရာလား " ဟု မေးလာလေသည်...
" ဟုတ်တာပေါ့... အဲ့နေရာက မေမေနဲ့သားနဲ့ တူတူနေရမယ့်နေရာ... "
ထိုသို့ဆိုပြီးနောက် သူမက တခြားအခန်းငယ်လေးများကို ထောက်ပြပြီး
"ဒါက ဧည့်ခန်း၊ ဒါလေးက မီးဖိုချောင်၊ ပြီးတော့ ဒါက မေမေတို့ရဲ့စာကြည့်ခန်းလေးပေါ့... အဲ့အခန်းလေးထဲမှာ စာအုပ်တွေအများကြီး ထည့်ထားမယ်... သားသားလေးကလည်း အဲ့အခန်းထဲမှာ ဖတ်လို့ရပြီလေ... "
သူမကို မှီတွယ်ထားသောပေါက်စီဖြူလုံးလေးအား ပြန်ငုံ့ကြည့်လိုက်ကာ " ဒါတင်မကသေးဘူး... အဲ့အခန်းလေးထဲမှာ အိမ်စာတွေတောင် လုပ်လို့ရတယ်..."
ကလေးလေးသည် သူ့အမေစကားဆုံးသည်နှင့် ချက်ချင်းပင် ပြန်ဖြေရှာသည်... " သားကအိမ်စာလုပ်ရတာ ကြိုက်တယ် မေမေ... "
ချန်းဟွမ်သည် မကြာသေးမီက ပေါက်စီလေးအား စာသင်ပြီးချိန်တွင် တစ်ခါတစ်ရံ၌ အိမ်စာတချို့ပေးလေ့ရှိသည်... သူမက ၎င်းတို့ကို " အိမ်စာတာဝန်များ " ဟုခေါ်သော်လည်း အမှန်တကယ်တော့ ထိုအိမ်စာများဟာ ဂိမ်းများနှင့် ပိုတူလေသည်... ပေါက်စီလုံးလေးက အိမ်စာတို့ကို ပြီးမြောက်သွားသောအခါ ဆုလာဘ်များရရှိတာကြောင့် အိမ်စာတို့ကိုလွန်စွာနှစ်သက်ချေတယ်...
သူသည် ယခုနောက်ပိုင်းတွင် ကောင်းကောင်းစားခဲ့ပြီး အာဟာရလည်း ပြည့်ဝလာခဲ့သည်ကြောင့် ပေါက်စီလုံးလေးလိုဖောင်းဖောင်းလေးဖြစ်နေ၏...ထိုပါးဖောင်းဖောင်းနဲ့ပေါက်စီလုံးလေးဟာ စကားပြောတဲ့အခါ နှုတ်ခမ်းဆူဆူလေးဖြစ်နေတတ်ရုံတင်မက သူ့ပါးလုံးလုံးလေးတို့မှာ ပိုလို့ပင် ပြည့်ဖောင်းဖောင်းဖြစ်နေတတ်သေး၏...
ချန်းဟွမ် ထိုပါးဖောင်းဖောင်းလေးတို့ကို မြင်တိုင်း ဆွဲညှစ်ချင်စိတ်ကို ထိန်းမရတော့ချေ... ထို့ကြောင့် သူမ ပေါက်စီလုံးလေး၏ပါးကို ခပ်ဖွဖွဆွဲလိုက်ရင်းဖြင့် " တကယ်လား.. နောက်ပိုင်းကြရင် သားက အိမ်စာလုပ်ရတာကိုမကြိုက်တော့ရင် ဘယ်လိုလုပ်မလဲ? "
" အဲ့လိုဖြစ်မှာ မဟုတ်ပါဘူး... သားက အိမ်စာလုပ်ရတာ ကြိုက်တာ! တကယ်လို့ နောက်ပိုင်း သားက အိမ်စာတွေကို လုပ်ရတာမကြိုက်တော့ရင် မေမေက သားကို ရိုက်လို့ ရပါတယ်... " ( လက်ဝါးနဲ့ရိုက်တဲ့ပုံစံမျိုးကိုဆိုလို )
မူလချန်းဟွမ်သည် ရှောင်ရှောင်လေးအား အချိန်တော်တော်များများ လျစ်လျူရှုထားတတ်သည်... ထို့ကြောင့် သူမသည် ကလေးလေးအား ထိတွေ့ခြင်းလည်း သိပ်မရှိချေ...
ရှင်းရှင်းလေးသည် လက်ဝါးဖြင့် ရိုက်ခံရခြင်းဟာ ဘယ်လိုပုံစံမျိုးမှန်းမသိပေမယ့် အောက်ထပ်မှ သူနှင့်ရွယ်တူကောင်လေးတစ်ယောက် အမြဲအရိုက်ခံရနေသည်ကို ခဏခဏကြားဖူးပေ၏... ထိုကလေးလေးသည် အချိန်တိုင်းနီးပါး အရိုက်ခံရတတ်ပြီးအချိန်အတော်ကြာအောင် ကျယ်လောင်စွာ အော်ဟစ်နေတတ်သေးသည်... ထိုသို့ အချိန်တိုင်း သနားစရာကောင်းလောက်အောင် ကျယ်ကျယ်လောင်လောင် ငြီးတွားနေခြင်းကို ကြားနေရသောရှင်းရှင်းလေးရဲ့စိတ်ထဲတွင် လက်ဝါးဖြင့်ရိုက်ခြင်းဟာ ကမ္ဘာပေါ်တွင်အဆိုးရွားဆုံး ပြစ်ဒဏ်ဟု သတ်မှတ်လိုက်ပုံပင်...
" ကောင်းပြီလေ... အဲ့ဒါ သားဘက်က စပြောတာနော်... "
ကလေးဘက်က ထိုသို့စပြောလာမှတော့ ချန်းဟွမ် ငြင်းဆန်နေစရာ မလိုပေ... သူမ ပုံဆွဲပြထားသောမှတ်စုစာအုပ်ထဲမှ စာရွက်တစ်ရွက်ကို ဆုတ်ဖြဲလိုက်ပြီး ထိုစာရွက်ပေါ်တွင် စာစရေးလိုက်သည်...
ကလေးလေးက သူ့အမေ နောက်ပုံတစ်ပုံထပ် ဆွဲတော့မည် အထင်ဖြင့် ခေါင်းငုံ့ကြည့်လိုက်ချိန်တွင်တော့ သူ မဖတ်တတ်သောစကားလုံးလေးများကိုသာ တွေ့လိုက်ရ၏...
ထိုစကားလုံးလေးများအား ကြည့်ရင်းဖြင့်သိချင်စိတ်များလာသည်ကြောင့် "မေမေ...ဒါက ဘာလေးတွေလဲဟင်... "
" သဘောတူစာချုပ်လေ... နောက်ပိုင်းကြရင် သားက သားကတိကို မေ့သွားမှာစိုးလို့ သဘောတူစာချုပ်ချုပ်ထားမလို့ပေါ့... "
ချန်းဟွမ်က သူမ လိုချင်သောအကြောင်းကို ရေးသားပြီးနောက်တွင် သူမနာမည်ကို ညာဖက်အောက်ထောင့်၌ လက်မှတ်ရေးထိုးလိုက်တော့၏... ထို့နောက် ဘောပင်အား ကလေးဆီသို့ ပေးလိုက်ပြီးနောက် သူ့လက်ကို ဆုပ်ကိုင်ကာ ကလေးလေးရဲ့နာမည်ကို စာရွက်ပေါ်တွင် ရေးဖို့ကူညီလိုက်သည်...
ကလေးလေးရဲ့လက်လေးက ပျော့ပျောင်းနေတာကြောင့် စကားလုံးရေးသားရာတွင် အရမ်းအားထည့်မိသွားမည်ကို စိတ်ပူနေရပြန်သည်...
ရှင်းရှင်းလေးက လက်ကိုင်ပြီးစာရေးခြင်းကို ပထမဆုံး ကြုံဖူးခြင်းဖြစ်တာကြောင့် အတော်လေး သဘောကျနေ၏... " မေမေ... သားလည်း ပုံဆွဲနေတာမလားဟင်..."
" ဒါက ပုံဆွဲတာ မဟုတ်ဘူး သားလေး... ဒါကို လက်မှတ်လို့ ခေါ်တယ်... ဒီစကားလုံးလေးတွေက သားရဲ့နာမည်က စကားလုံးလေးတွေပဲ... မေမေတို့က အကြောင်းအရာတစ်ခုခုကို သဘောတူတဲ့အခါ လက်မှတ်ထိုးပေးရတယ်လေ... "
ထိုစကားတို့ကို ပြောပြီးနောက်တွင်တော့ ချန်းဟွမ်ဟာ စာချုပ်ပါ အချက်အလက်တို့ကို သေချာပြန်ဖတ်ပြလိုက်သည်... စာချုပ်ထဲတွင် ပါသည်က ရှင်းရှင်းလေးက သူ့အိမ်စာတွေကို အချိန်မှီပြီးအောင်လုပ်ရမည်ဖြစ်ပြီး အချိန်မှီမပြီးဆုံးခဲ့လျှင်သော်လည်းကောင်း၊ အိမ်စာမလုပ်ချင်ဘူးဟု ပြောလာခဲ့လျှင်သော်လည်းကောင်း အပြစ်ပေးခံမည်ဖြစ်လေသည်...
အသက်၄နှစ်သာရှိသေးသော ရှင်းရှင်းလေးက စာချုပ်ပါအချက်အလက်တို့ကို သိပ်နားမလည်ပါချေ... သူ စိတ်ဝင်စားနေသောတစ်ခုတည်းသောအရာမှာ စာချုပ်ပေါ်မှသူ့နာမည်လေးပင်...
" မေမေ သားရဲ့နာမည်ကို ရေးထားတာက တကယ်လှတာပဲ... "
Xxxxx
Chapter 16
{ သားကို ပေးပါ မေမေ - ၁ }
ချန်းဟွမ်သည် ကလေးက စာရေးခြင်းကို စိတ်ဝင်စားနေမှန်း တွေ့လိုက်တဲ့အခါ အခြေခံစာရေးနည်းအနည်းငယ်ကို စတင်သင်ကြားပေးလိုက်သည်..
သူ့မ ရှင်းရှင်းလေးအား စာရေးနည်းအနည်းငယ်ကို ရေးပြခဲ့ပြီးနောက် လက်ကိုကိုင်ကာ အကြိမ်အနည်းငယ်ရေးပြလိုက်ပြန်သည်...
ကလေးလေးက အမေဖြစ်သူ ရေးပြသောစာရေးနည်းတို့ကို ကြိမ်ဖန်များစွာကြည့်ပြီးနောက်တွင်တော့ သူ နားလည်သွားပြီဟု ခံစားရပြီး သူကိုယ်တိုင် ရေးကြည့်ရန် အလျင်လိုလာလေတော့၏...
" ကောင်းပြီလေ... သား ကိုယ်တိုင် စမ်းရေးကြည့်ကြည့်ပေါ့... "
ချန်းဟွမ် သူ့လက်ကိုလွှတ်လိုက်ရင်း ပြောလိုက်သည်။
ေပါက်စီလုံးလေးက ဘောပင်ကို ကိုင်ကာ ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်... ထို့နောက် အမေဖြစ်သူက သူ့ကို ရေးပြခဲ့သည့်အတိုင်း အတိအကျပြန်ရေးလိုက်၏... ဘောပင်ထိပ်ဖျားက စာရွက်ကို ထိသွားပြီးနောက် ပထမဆုံးဆွဲချက်ကို ရေးလိုက်လေတော့သည်...
ထို့နောက်တွင်တော့ ရှင်းရှင်းလေးက ဝမ်းနည်းနေသောမျက်နှာဖြင့် အမေဖြစ်သူဘက်သို့ လှည့်ကြည့်လိုက်ကာ " မေမေ သား ရေးတာ မလှဘူး..."ဟု သနားစဖွယ်မျက်လုံးလေးများဖြင့် ပြောလာပြန်တယ်...
" စာစရေးတဲ့အခါ အမြဲတမ်းဒီလိုပါပဲ... မေမေ ငယ်ငယ်တုန်းကဆို ဘောပင်ဘယ်လိုကိုင်ရမှန်းတောင် သိတာမဟုတ်ဘူး... ရှင်းရှင်းလေးက မေမေထက် အများကြီးပိုတော်ပါတယ်..."
ချန်းဟွမ် ကလေးရဲ့ခေါင်းကို လက်ဖြင့် ခပ်ဖွဖွပုတ်ပေး၍ နှစ်သိမ့်လိုက်သည်။..
" မေမေလည်း ငယ်ငယ်က သားလိုပဲပေါ့? " ကလေးလေး တအံ့တသြဆိုလိုက်လေသည်... အမေဖြစ်သူက ခေါင်းတစ်ချက်ပြန်ညိမ့်ပြလိုက်သည်ကို မြင်လိုက်ရချိန်တွင်တော့ ကလေးလေးက သူ့ကိုယ်သူ မကျေမနပ်ဖြစ်နေခြင်းများ လုံး၀ပျောက်ကွယ်သွားတော့သည်... ထို့နောက်တွင်တော့ ပေါက်စီလုံးလေးဟာ အနည်းငယ် ရယ်မောလိုက်ရင်း ခေါင်းပြန်ငုံ့ကာ စာရေးရန် ထပ်ကြိုးစားပြန်၏...
ကလေးငယ်များတွင် ပျော့ပျောင်းတဲ့အရိုးများသာရှိသေးပြီး ကြွက်သားများကို ထိန်းချုပ်ရန် အဆင်မပြေသေးတဲ့အတွက် ပေါက်စီလုံးလေးရေးသောစကားလုံးလေးများက သေသပ်သည့်ပုံစံမပေါ်သေးချေ...
ရှင်းရှင်းလေးက အကြိမ်များစွာ လေ့ကျင့်ခဲ့သော်လည်း သူရဲ့လက်ရေးများဟာ ဖားတစ်ပိုင်းငါးတစ်ပိုင်းလေးလို ဖြစ်နေဆဲပင်... ဘောပင်ကိုင်ပုံမှာလည်း ပုံစံမမှန်သေးသည်ကြောင့် ပေါက်စီလုံးလေးရဲ့မျက်နှာပေါ်တွင် မှင်စက်များ ပေနေချေသည်...
ချန်းဟွမ်က ကလေးအား အကြာကြီး လေ့ကျင့်ခွင့်မပေးပေ... သူမသည် ပုံမှန်အိပ်ရာဝင်ချိန်ရောက်သောအခါ ဘောပင်နှင့် စာရွက်ကို ယူသိမ်းလိုက်လေသည်...
သူမ ကလေးအား မျက်နှာသစ်ပေး၊ ခြေလက်ဆေးပေးပြီးနောက် ကုတင်ပေါ်တင်ကာ စောင်ခြုံပေးလိုက်တော့၏... "နောက်ကျနေပြီ သားသား.. အိပ်ရတော့မယ်နော်... "
" ဟုတ်ကဲ့..." ကလေးလေးက စောင်ကို မေးစေ့အထိ ဆွဲတင်လိုက်ပြီး သူ့အမေကို ကြည့်ကာ " အချိန်မှန် အိပ်ရင်အရပ်ရှည်လာမှာလားဟင် "ဟု မေးပြန်၏...
" omm ပေါ့... အိပ်ချိန်အလုံအလောက်ရှိရင် အရပ်ရှည်လာမှာ..."
ချန်းဟွမ်ပြန်ဖြေပြီး ခေါင်းငုံ့ကာ ကေလးရဲ့နဖူးကို နမ်းလိုက်ပြီးသည်
" Good Night ရှင်းရှင်း "
ကလေးကလည်း အမေဖြစ်သူကို တစ်ဖန်ပြန်နမ်းလိုက်ရင်း " Good Night မေမေ "ဟု နှုတ်ဆက်ပြီးနောက် အိပ်မောကျသွားလေတော့သည်...
~~~~~~
နောက်တစ်နေ့တွင် သူမ ကလေးနှင့်အတူ စူပါမားကတ်တစ်ခုဆီသို့ သွားလ်ုက်သည်။
တိုက်ခန်းအသစ်တွင် မီးဖိုချောင်သုံးပစ္စည်းအတော်များများရှိနေပြီးသားပင်...
မူလချန်းဟွမ်သည် ပုံမှန်အားဖြင့် ထမင်းမချက်ပေ... ထို့ကြောင့်လည်း လက်ရှိနေရာ၌ ထမင်းပေါင်းအိုးတစ်လုံးသာရှိပြီး ထိုထမင်းအိုးမှာလည်း အပူညီညီမျှမျှမထုတ်ပေးနိုင်တာကြောင့် သူမ ထမင်းချက်တိုင်း အင်မတန်စိတ်ညစ်ခဲ့ရပြန်၏... ထို့ကြောင့် လက်ရှိချန်းဟွမ်က မကြာခင်အိမ်ပြောင်းမှာနှင့်တူတူ မလိုအပ်သောအစုတ်အပြတ်အကုန်ပစ်ခဲ့ကာ လိုအပ်သော၊ အသုံးဝင်သေးသော၊ ကောင်းမွန်သေးသောပစ္စည်းတို့ကိုသာ အိမ်သစ်သို့ သယ်သွားရန် ဆုံးဖြတ်လိုက်တော့သည်...အခု သူမတို့သားအမိ ပြောင်းရွှေ့ရမည့်နေရာသစ်တွင် လက်ရှိအိမ်ထက်ပိုကြီးသောမီးဖိုချောင်ရှိတာကြောင့် ထိုမီးဖိုချောင်ထဲတွင် သူမ ထည့်ချင်တဲ့ပစ္စည်းအားလုံး ဝယ်ထည့်ပေတော့မည်...
ချန်းဟွမ်က မီးဖိုချောင်သုံးပစ္စည်းဆိုင်တွင် ရပ်လိုက်ပြီး သူမ စဥ်းစားလို့ရသမျှကို ဝယ်ယူလိုက်သည်... သူမ ဝယ်ယူသောပစ္စည်းများပြားတာကြောင့် ဈေးဝယ်လှည်းတစ်ခုလုံး ပြည့်ကျော်လုနီးပါးပင်...
သူမ လိုအပ်သောပစ္စည်းတို့ ဝယ်ပြီးချိန်တွင်တော့ ရှင်းရှင်းလေးအား ကလေးပစ္စည်းဆိုင်တန်းများဘက်သို့ ခေါ်သွားပြီး အရုပ်၊ စာရေးနည်းစာအုပ်နှင့် ပုံပြင်စာအုပ်တချို့ကို ဝယ်ခဲ့ပြန်သည်...
ကလေးအတွက် ဒီတစ်ကြိမ်က ပထမဆုံးအရုပ်ကို ပိုင်ဆိုင်ခွင့်ရခြင်းဖြစ်တာကြောင့် ငွေရှင်းကောင်တာ ရောက်သည့်အခါတွင် ပေါက်စီလုံးလေးက သူ့လက်ထဲမှ စူပါမင်းအရုပ်ကို အလွတ်မပေးချေ...
သူမတို့ ရောက်နေသောစူပါမားကတ်တွင် ပို့ဆောင်ရေးဝန်ဆောင်မှုများ( Deli)ရှိတာကြောင့် Deliအတွက် သူမတို့ရဲ့နေရာအသစ်လိပ်စာကို ရေးပေးခဲ့ပြီး သူမတို့ အိမ်နေရာသစ်ဆီသို့ ထွက်လာခဲ့လိုက်သည်...
အိမ်သစ်ရဲ့နေရာက အလွန်ကောင်းမွန်လှပေသည်... ထိုနေရာသည် တောက်ပပြီး နွေးထွေးလှ၏...အရင်က သူမတို့နေခဲ့ရသောအုံ့မှိုင်းနေသည့်နေရာထက် အဆများစွာ ပိုကောင်းလေသည်...
ကလေးသည်လည်း အိမ်နေရာသစ်ကို မြင်မြင်ချင်း သဘောကျသွားခဲ့၏... သူ နေရာကို သေချာစစ်ဆေးရန် တစ်ခန်းပြီးတစ်ခန်း ဝင်ထွက်ကြည့်နေသေးသည်... အခန်းနေရာအားလုံးကို ကြည့်လိုက်ပြီးနောက်တွင်တော့ ပေါက်စီလုံးလေးက ချန်းဟွမ်ဆီသို့ ပြန်ပြေးလာပြီး တင်းတင်းကျပ်ကျပ် ဖက်လိုက်ကာ " မေမေ... ဒါက သားတို့အိမ်အသစ်ဆိုတာ သေချာလားဟင်... "
" သေချာတာပေါ့... ဒါက မေမေတို့နှစ်ယောက်ရဲ့အိမ်ပဲ...မေမေက ပိုက်ဆံအများကြီးပိုရှာနိုင်တဲ့အခါကြရင် ဒီနေရာထက်ပိုကြီးတဲ့နေရာကို ထပ်ပြောင်းကြမယ်နော်..."
" ဒီနေရာထက် ပိုကြီးတဲ့နေရာကို ထပ်ပြောင်းမယ် ဟုတ်လား မေမေ?! " ရှင်းရှင်းလေးက အံ့အားသင့်လွန်းတာကြောင့်ကျယ်လောင်စွာ မေးလိုက်မိသည်...
ထို့နောက်တွင် ပေါက်စီလေးက သူ့ရဲ့လက်တိုတိုလေး နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ပါးစပ်ကိုဖွင့်ကာ " ဒီလောက်ကြီးကြီး လိုချင်တယ်! မေမေ "
ရှင်းလေးက အစွမ်းကုန်ကြိုးစားခဲ့ပြီးသူရဲ့လက်တို့ကို ဆန့်ထုတ်လိုက်သော်ငြား
သည် အများဆုံး ၁ မီတာလောက်သာရှိ၏....
ပေါက်စီလုံးလေးရဲ့အမူအရာကို ကြည့်ပြီး ချန်းဝှမ်၏ နှုတ်ခမ်းထောင့်စွန်းများကော့တက်သွား၏
သူ ကလေးရဲ့ဆံပင်တို့ကို ပွတ်သပ်လိုက်ပေးလိုက်ကာ " ဟုတ်ပါပြီ... ဒါဆို သားသားလေးက အဲ့လောက်အရွယ်အိမ်ကြီးတစ်လုံးရဖို့အတွက် ကြိုးစားပြီးပိုက်ဆံစုရမယ်နော်...ဟုတ်ပြီလား... "
" ဟုတ်ကဲ့ မေမေ! "
ထိုနေရာသည် ကြင်စဦးလင်မယားအတွက် ရည်ရွယ်ထားသောကြောင့် အတွင်း၌ အိပ်ယာမပြင်ဆင်ရသေးချေ...သို့သော်လည်း အိမ်ရှင်ဖြစ်သူက ညနေ အိပ်ယာ လာပေးမယ်ဟုတော့ ပြောထားပေသည်...
သူမတို့ နေရာအသစ်ကို အသေအချာပြောင်းမလာရသေးတာကြောင့် ချန်းဟွမ် ထိုနေရာတွင် ကြာကြာမနေပါချေ... သူမ ရှင်းရှင်းလေးအား အခန်းတိုင်းသို့ လိုက်ပြပြီးနောက် စူပါမားကတ်ဆီမှ ပစ္စည်းများလာပို့ပြီးနောက်တွင် အိမ်ပြန်ရန် ဆုံးဖြတ်လိုက်၏...
ပေါက်စီလုံးလေးက နေရာသစ်ကို လုံး၀ သဘောကျနေပြီဖြစ်သောကြောင့်... ဒီနေရာမှ ထွက်သွားရမည်ကိုပင် ဝမ်းနည်းနေ၏...
ကလေးလေးက သူ့အမေလက် ဆုပ်ကိုင်လိုက်ရင်း တံခါးမပိတ်မီတွင် အတွင်းသို့ တစ်ချက်ပြန်ကြည့်ပြီးနောက် " မေမေတို့ သားတို့ မနက်ဖြန်ကြရင်တော့ တကယ်ဒီနေရာကို ပြောင်းလာမှာမလားဟင် " ဟု မေးခွန်းထုတ်လာတော့သည်...
" ဟုတ်တာပေါ့... မနက်ဖြန်ကြရင် ဒီနေရာကို ပြောင်းလာတော့မှာ "
💜💜💜💜💜💜💜💜💜